တပိုတွဲလပြည့်နေဟာ မြန်မာရိုးရာ ထမနဲပွဲနှင့် စပ်ဆပ်နေသလို...၊ မြတ်ဗုဒ္ဓသာသနာနှင့်လည်း ဆက်စပ်နေပါတယ်။
အကြောင်းမှာ တပိုတွဲလပြည့်နေသည်..
၁) ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့
၂)ရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန် ဧတဒဂ်ရတော်မူသောနေ့
၃)အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိတ်သတ်တို့စုဝေးမိသောနေ့
၎) ဘုရားရှင်တိုင် သြဝါဒ ပါတိမောက် ပြတော်မူသောနေ့
မှတ်ဖွယ်... ဘုရားရှင်တို့၏ အဆုံးအမနှင့် သိက္ခာပုဒ်များကို သြဝါဒ ပါတိမောက်ဟုခေါ်သည်။
၅) ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပိုတွဲ လပြည့်နေ့တွင် ကဿပညီနောင် ရှစ်ထောင်၊ ရှင်သာရိပုတ္တရာ၊ ရှင်မဟာ မောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ တိုအား မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ၊ဖြူအောင်စိတ်ကိုထား အစရှိသောဂါထာသုံးပုဒ်ဖြင့် သြဝါဒ ပါတိမောက် ပြတော်မူသည်။
No comments:
Post a Comment