Showing posts with label ပွဲတော်များ. Show all posts
Showing posts with label ပွဲတော်များ. Show all posts

Wednesday, November 4, 2015

6th Annual Khathina civara offering Ceremony

မြန်မာဗုဒ္ဓဘာသာအသင်း၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
 ဆဋ္ဌမအကြိမ်မြောက်ကထိန်သင်္ကန်းကပ်လှူပွဲ
မ,တည်အလှူရှင်များနှင့် ကြိုတင်လှူဒါန်းထားကြသောအလျူရှင်များ

ကိုသက်နိုင် ၊ မလာမိသားစု ပဒေသာပင်နှင့်အာဟာရဒါနအလှူ ( မုန့်ဟင်းခါး)
ကိုလင်း မမေမိသားစု ပဒေသာပင်နှင့်သံဃာ့ဒါန ၊အာဟာရဒါန ( ဒံပေါက်)
ကိုထွန်းကျော်သူ+  မနန်းခင်မေသူ ပဒေသာပင်နှင့်သံဃာ့ဒါန အာဟာရဒါန
 ကိုစံလင်း+ မသန်းသန်းစိုးမိသားစု ပဒေသာပင်နှင့်သံဃာ့ဒါန ၊အာဟာရဒါန
ကိုရဲထွဋ်+ မငယ်မိသားစု  ပဒေသာပင်နှင့်သံဃာ့ဒါန ၊အာဟာရဒါန
မလှနုရင်သမီးသွန်းမရခိုင်မိသားစု ပဒေသာပင်နှင့်သံဃာ့ဒါန ၊အာဟာရဒါန
ဗုဒ္ဓရံသီမိသားစု ပဒေသာပင် -  ၄၀၀
ကနေဒါစင်တာဖောင်ဒေးရှင်း ပဒေသာပင် ၅၀၀
ဦးစိန်ထွန်းမိသားစု  ကထိန်သင်္ကန်း (၁၀) စုံ
ကိုတင်နွယ် +မလေးလေးနွယ်မိသားစုကထိန်သင်္ကန်း (၅) စုံ
တိုရန်တို လာအိုမိသားစု ၅-စုံ
ကိုညွန့်အာင် + မသန်းသန်းချိုမိသားစု ကထိန်သင်္ကန်း (၂) စုံ
ကိုသန်းထိုက် +မနန်းခင်နှင်းလှိုင်မိသားစု  ကထိန်သင်္ကန်း (၂) စုံ
ဦးသာဒွန်း+ဒေါ်သောင်းကြည်မိသားစု ကထိန်သင်္ကန်း (၂) စုံ
ဦးစိုးသန်း+မဆွေဆွေသန်းမိသားစု (၂) စုံ
ကိုဖိုးချို +မနန်းကြည်မိသားစု (၂) စုံ
ကိုအေးလွင်မိသားစု ကထိန်သင်္ကန်း (၁) စုံ
ကိုကုလားကြီးမိသားစု ကထိန်သင်္ကန်း (၂) စုံ
ကိုကျော်လွင် +မအေးအေးမြင့်မိသားစု ကထိန်သင်္ကန်း (၂) စုံ
ဦးပီတာ +ဒေါ်မေလင်းမိသားစု  ကထိန်သင်္ကန်း (၁) စုံ
Elizabeth Chew family ကထိန်သင်္ကန်း (၁) စုံ
ကိုအောင်မြင့် ( ကိုဘီရှော့) တစ်စုံ
ကိုမြင့်သူ ၂-စုံ
ကိုကျော်စိုး+ မသိတာ ပဒေသာပင်၊ကထိန်သင်္ကန်း ၂စုံ
ကိုဝင်းထွဋ် + ဇနီးမခင်ခင်နွဲ့ သားလီခွန်းစိုး တိုရန်တို တစ်စုံ
မောင်လှဝင်း အိန္ဒြာနေဝင်း သမီး ခင်ချမ်းမြေ့မိသားစု တစ်စုံ
ကိုကျော်ကျော်+မစန်းစန်းဝင်းမိသားစု  ၅-စုံ
ကိုမင်းသိန်း +မနှင်းမား သမီး Calley M Thein  ၁-စုံ
ကထိန်သင်္ကန်းကပ်လှူလိုသူများ $50ဖြင့် ကုသိုလ်ဒါပြုနိုင်ကြပါပြီ

Tuesday, October 13, 2015

BBS, BC နှစ်ပတ်လည်အစီအရင်ခံစာ -၂





ဝမ်းသာကြည်နှုးမိခြင်း -၅

မြန်မာဗုဒ္ဓဘာသာအသင်း ၊ ဗန်ကူဘား၏  ၂၀၁၅-ခုနှစ်ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများ၊ အများ အကျိုးပြုလုပ်ငန်းများကို ဗန်ကူးဘားရှိ အခြားအသင်းအဖွဲ့များနှင့် စုပေါင်း၍ အတူ ကူညီလှူဒါန်းခဲ့သည်မှာ ကနေဒီယန်ဒေါ်လာ တစ်သိန်းခွဲကျော် ရှိပါသည်။
၁)  သီတဂူ ဓမ္မသဘင်
၂)  နီပေါမြေဂလျှင် ကယ်ဆယ်ရေး
၃)  Tapestry Foundation ဗန်ကူဘား ပြည်သူ့ဆေးရုံ
၎)   Buddhist Global Recife
၅)  Buddharamsi Bursay Award
၆) ဘီစီပြည်နယ်ရှိ ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ (၁၁) ဖွဲ့
၇)  မြန်မာပြည် ရေဘေးကယ်ဆယ်ရေး
စသည်ဖြင့် လှူဒါန်းနိုင်ခဲ့သည်မှာ  အထူးပင် ဝမ်းသာ ကြည်နှုးမိပါသည်။

ဝမ်းသာကြည်နှုးမိခြင်း - ၆

ဘီစီပြည်နယ်ရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီး စုစုစည်းစည်း  တနေရာတည်းမှာ စုပေါင်း၍ ဗုဒ္ဓနေ့ပွဲတော်
ကျင်းပနိုင်ခြင်းကြောင့်  အောင်မြင်မှု ရလာဒ်များအဖြစ်  အသွေးအရောင် နောက်ခံ ယဉ်ကျေးမှု မတူသော်လည်း One Buddha Many Tradition - ကိုခံယူကာ အတူတကွ တရားထိုင်ခြင်း
လစဉ်လတိုင်း  တစ်ကျောင်းတည်းတွင် အတူတကွ တရားဓမ္မများ ပွားများ အားထုတ်ခြင်းများကိုပြုလုပ်နိုင်ခဲ့သည်။

ဝမ်းသာကြည်နှုးမိခြင်း -၇

မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ တည်ရှိရာ ဗုဒ္ဓရံသီကျောင်းတော်ကြီးသည်း ယခုလောလောဆယ် တစ်ထပ်ကျောင်း အဖြစ်သေးငယ်သော်လည်း  နောင်အနာဂတ်တွင် ၊ ပြည်တွင်း/ပြည်ပ ဗုဒ္ဓသာသနာ ဖြန့်ဖြူးရာ ဋ္ဌာနဖြစ်လာရန် ကျောင်းတော်ကြီးကြီးဆောက်ဖို့ ရည်ရှည်  စီမံကိန်းများ အစီအစဉ်ချ ဆောက်ရွက် လျှက်ရှိပါသည်။

လောလောဆယ်  ကိုယ့်လိုအပ်ချက်ကို အဓီက မထားသေပဲ ၊ အမိမြန်မာပြည်ကြီးအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် ၊   ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့တည်ထောင်၍  နိုင်ငံတကာရောက်
 ပြည်တွင်း/ ပြည်ပ အလှူရှင်များနှင့် စုပေါင်းကာ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး အလှူများကို စတင်ဆောင်ရွက် လာသည်မှာ တစ်နှစ်အတွင်း တော်တော် ခရီးပေါက်မြောက်လာခဲ့ပါသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး အစီအစဉ်တကျ ဆောင်ရွက်လာသည်မှာ နိုင်ငံတကာရောက် ဒကာ/ဒကာမများနှင့်စုပေါင်း ဆောင်ရွက်လာသည်မှာ
၁) မူလတန်းကျောင်းဆောင်သစ်-သနပ္ပင်ရွာ
၂) ကျေးလက် ရေရရှိရေး -သနပ်ပင်ရွာ
၃) Buddharamsi  Bursary  Award – အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ
၎) ကနေဒါစင်တာ အဆောက်အဦးနှင့် အုတ်တံတိုင်းများ
၅) ကျေးလက်ကျန်းမာရေး
၆) ကျေးလက်ပညာရေးများကို ကူညီထောက်ပံလာနိုင်ခဲ့ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း ပြည်တွင်း/ပြည်ပ သာသနာပြုလုပ်ငန်းများနှင့် အများအကျိုးပြုလုပ်ငန်းများကိုလည်း
အားလုံး အတူပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်အပ်ပါသည်။
ဆက်ရန် -၃

Monday, July 6, 2015

A SPECIAL THANKS

Dear individual waso robes donors and sponsor,
We,  Burmese Buddhist Society, BC,  delighted to connecting with donors like you who share our  common commitment to Buddha Sasana in Vancouver. 

It's uplifting to see kindness action. Thanks you to   6th annual waso event  sponsor KO Henry Win ( Realtor) family and individual donors  generous donation $4000.00 to support  Buddharamsi Temple.

We deeply grateful for your thoughtful support of  those in  care at  BBS, BC . You can learn more BBS's Program like  Dhamma School ( Sunday School)  for Kids and  Weekly Vipassana Meditation on Saturday   for  everyone.

Once again, thank you for your generous support of BBS, BC
Please share the moment of Photo and how we raise fund for Society yesterday.


Thursday, June 11, 2015

BUDDHIST NOVIE ORDINATION CEREMONY



You and your family and all Dhamma friends are cordially invited to attend 6th union of offering WASO robes ceremony and Buddhist Novice ordination ceremony which will be jointly held by the Burmese Buddhist Society, BC and  the donors and sponsor  according to the following schedule.

Where:  BUDDHARAMSI TEMPLE
            6700 NO 4 RD, RICHMOND, BC V6Y 2S9
When:  July 4/5 2015

July 4 (Saturday)  4:00p.m- 7:00p.m)
Buddhist – Ordination Ceremony 


July 5, (Sunday)
10:00 A.M                   chanting together Dhammacakkapavattana Sutta and
11:15 A.M                   offering of alms food to Buddha and Sangha
11; 30 A.M                  Lunch for participants sponsored by Henry Win (Realtor)

12:30 P.M                    Offering Woaso robe, Observation of Five Precepts
                                    Preaching of Dhamma and the sharing of Merits

We would appreciated donate one set of Waso robe for $50 and bring food for Sangha

Sunday, March 22, 2015

THANK YOU ( MARCH 22)

Thank you all for coming out and contribution to Buddharamsi Canada  Food fair , we truly appreciate all of your enthusiasm and support!
Today, we  make it together contribution $3000.00 dollar  to Burmese Buddhist Society and Canadian Centre Foundation.

Welcome  to all  get involved in your community  and become future leadership potential !

Thursday, March 12, 2015

MYANMAR FOOD FAIR ( MARCH 22)

Dear all

Vancouver weather is getting better and awesome in spring !
On the glorious occasion! we, BBS, BC and Canada Centre Foundation is organizing having fun together and raising fund to support for the rural Mynmar Education Health.
We are asking you join us Myanmar Food Fair Festival on the day.
There will be sell a ll sorts of interesting Burmese food that you can't find in Vancouver (unless you know a Burmese family who has invited you to one of their meals).
Ma Sandar from Sandar Thi Restaurant will sell coconut noddle , Ma Moe Moe from Wahh Tee Restaurant will sell Delicious dishes and other fundraisers will sell Deep fried and grilled things galore, Monhinga,( rice noddles-fish-vegetable suop) dan bauk hta minn (curried rice) etc..
Everything will prepare for the Burmese palate, Great food...and super cheap.


Welcome to
Place - 6700 NO 4 ROAD, RICHMOND
Date&Time March 22/ (Sun) 11:am - 2: pm

Sunday, December 14, 2014

2014-နှစ်ပတ်လည်အစီအရင်ခံစာ


မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ဓမ္မမိတ်ဆွေများနှင့်အတူ ပြည်ပတိုင်းပြည်မှာ မျိုးဆက်သစ်များ  ဘာသာပျောက်မသွားစေဖို့၊  ပြည်ပတိုင်းပြည်မှာ မိမိတို့၏ ဗုဒ္ဓဘာသာတရားများ နှလုံးသားမှာ ဆက်လက်တည်တံ့စေဖို့ ဆရာ/ ဒကာလက်တွဲ ပူးပေါင်းဆောက်ရွက်လာသည်မှာ  ၅-နှစ်သို့ပင် တိုင်ခဲ့လေပြီ…၊
၅- နှစ် အတိုင်းအတာ၏ မှတ်တမ်းစာအုပ်ကို ပြန်လှန်ကြည့်လိုက်သော် မိမိတို့ စုပေါင်းညီညာစွာဖြင့်   ပြည်တွင်း၊ပြည်ပ  အမျိုးဘာသာ၊သာသနာအတွက် လှူဒါန်းမှု၊ကောင်းမှုအသီးသီးမှာ  ကနေဒီယန်ဒေါ်လာ  ၄-သိန်းနီးပါးအထိရှိသွားပြီ ဖြစ်ပါသည်။
 
၂၀၁၄-ခုနှစ်
လှူဒါန်းမှု အသီးသီးကို သာဓုခေါ်နိုင်ရန် ပြန်လည်တင်ပြရသော်…
ဇန္နဝါရီလတွင်နှစ်သစ်ကူးဆုတောင်းပွဲနှင့်ဖော်ဖော်ဝါရီလတွင် ၊ မြန်မာရိုးရာ ထမနဲပွဲများကို ကျင်းပပြုလုပ်ခါ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

မတ်လတွင်
 ပျော်ပျော်ပါးပါး မြန်မာပြည်အလွမ်းပြှေနိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်ခဲ့ပြီး၊ ဧပြီလတွင်  မြန်မာတို့၏ ရိုးရာမပျက် ၊ သင်္ကြန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

 မေလတွင် ထူးထူးခြားခြားကဆုန်လပြည့်ဗုဒ္ဓနေ့၌  မြတ်ဗုဒ္ဓတစ်ထောင်ပုံတော်တို့အား 
၁) ဆီမီးတစ်ထောာင်
၂) ပန်းတစ်ထောင်
၃) သစ်သီးတစ်ထောင်
၎) ပန်းတစ်ထောင်
၅) အလှူတော်ငွေနဝကမ္မတစ်ထောင်တို့ဖြင့် စုပေါင်း ပူဇော်ခြင်းအခမ်းအနားကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
 
 ထိုမေလအတွင်းမှာပင် ၊ ထိုင်းနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်  ကနေဒါနိုင်ငံသို့ ရောက်ရှိလာ၍   မြန်မာဗုဒ္ဓဘာသာအသင်းတည်ရှိရာသို့ဖိတ်ကြားကာ ၊ ဗန်ကူးဘားရောက်
 မြန်မာမိသားစုများနှင့် တွေ့ဆုံပေးခဲ့ပါသည်။ 

 ဒေါက်တာစင်သီယာမောင်နှင့်အဖွဲ့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခါ ..  မယ်တော်ဆေးခန်းရံပုံငွေ အတွက်ယူဆောင်လာသသော  တီရှပ်များ ဝယ်ယူအားပေးခဲ့ကြပါသည်။

ဇွန်လတွင်
 ကနေဒါနိုင်ငံ၊ ဝင်နီပတ်မြို့တွင် အောင်မင်းခေါင်ဆရာတော် တည်ထားခဲ့သော ကမ္ဘာအေးစေတီ ထီတော်ပျက်စီး နေ သဖြင့် ၊ ထိုင်းဝမ်ဆရာတော်နှင့်တူတကွ  စက်စကာတွန်၊ဝင်းနီပတ်၊ တိုရန်တို ။ဗန်ကူးဘားရှိ မြန်မာများစုပေါင်းကာ ထီးတော် အသစ်တင်လှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
 
ဇူလှိုင်လတွင်
ဗန်ကူးဘားရောက်မြန်မာမိသားစုများ စုပေါင်းရှင်ပြုပွဲကျင်ပရာ ကိုရင် (၃)ပါး သာသနာဘောင်သို့ သွတ်သွင်းနိုင် ခဲ့ပါသည်။ ယခုဆိုရင် .. ဝါဆိုလက ကိုရင်ဝတ်ခဲ့သော ကိုဝင်အောင်ခေါ် ကိုရင်ကြီး ဥတ္တမသည် ၊ ဗုဒ္ဓရံသီဆရာတော်အား ကူညီရင်း  သာသနာ့တာဝန်ကို ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။

လာမည့်နှစ်များတွင် ရှင်ပြုလိုသော မိသားစုများ  မိမိတတ်အား သဒ္ဓါတရားဖြင့် ရှင်ပြုနိုင်ပြီး သင်္ကန်းပရိက္ခာကို  အသင်းနှင့်အလှူရှင်များ စီစဉ်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါသည်။


နွေရာသီကျောင်းပိတ်ရက်တွင် ၊ ကလေးငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှုများ သင်ကြာပေးပြီး
ဗုဒ္ဓဘာသာယဉ်းကျေးမှု၊စာမေးပွဲကျင်းပပေးရာ ၁၅ ယောက်ပါဝင် ဖြေဆိုခဲ့ပါသည်။ ထို ၁၅-ယောက်တွင် ၄-ယောက်ကို ထူးချွန်ဆုပေးပြီး ၊သင်းတန်းသားများအားလုံးအား သင်တန်းဆင်လက်မှတ်နှင့် ငွေဆုပေးများ ပေးအပ်ခဲ့ပါသည်။
 အောက်တိုဘာလတွင်
ထူးထူးခြားခြား  ပြည်တွင်း/ ပြည်ပသာသနာပြုဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ  ကနေဒါနိုင်ငံသို့ ဓမ္မဒူတခရီးကြွလာခိုက် ၊ မြန်မာဗုဒ္ဓဘာသာအသင်းတည်ရာ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌  ညနေဆီးဆာတရားပွဲကျင်းပပေးနိုင်ခဲ့ပါသည်။
ဗန်ကူးဘားရောက်မြန်မာမိသားစုများနှင့်မြန်မာဗုဒ္ဓဘာသာအသင်း၏ ဓမ္မပူဇာအဖြစ်အားလုံးစုစုပေါင်း လှူဒါန်းငွေမှာ  ၇-ထောင်ကျော်ဖြစ်ပါသည်။

ထိုအပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးပူးဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲအပြင် ဒီနှစ်တွင် ထူးထူးခြားခြား တဆင့်တက်၍ ၊ ဗန်ကူးဘားရောက် မြန်မာမိသားစုများမှ စာတော်သောကလေးများနှင့်မြန်မာဗုဒ္ဓဘာသာအသင်းအား လုပ်အားပေးဖူးသော တက္ကသိုလ်/ကောလိပ်ကောင်းသားများအား ဗုဒ္ဓရံသီပညာသင်ဆုပေးကို ပေးနိုင်ခဲ့ပါသည်။
သက်ကြီးပူးဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲ၊ ဗုဒ္ဓရံသီပညာသင်ဆုချီးမြှင်းပွဲအတွက် လှူဒါန်းငွေမှာ  ငါးထောင်နီးပါးဖြစ်သည်။
 

အောက်တိုဘာလကုန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပရာ အမေရိကန်နိုင်ငံ၊ အော်ရိဂွန်ပြည်နယ်၊ ပေါ့လန်မြို့မှ သီရိမင်္ဂလာကျောင်းဆရာတော်ကိုပင့်၍ ကထိန်တရားချီးမြှင်းစေခဲ့ပါသည်။ ထိုကထိန်ပွဲတွင် အားလုံးစုစုပေါင်း လှူဒါန်းငွေမှာ တစ်သောင်းကျော်ဖြစ်ပါသည်။

 နိုဝင်္ဘာလတွင် ဗုဒ္ဓရံသီဆရာတော် မယ်တော်ကြီးဆုံးပါသွားသဖြင့် မယ်တော်ကြီး ရက်လည်ဆွမ်းကို ၊ ဗုဒ္ဓရံသီ ကျောင်း၌ ပြုလုပ်ခဲ့ပါသည်။   မယ်တော်ကြီး၏ တလပြည့်ရက်ဆွမ်းတနားရာပွဲတွင် ညီအကိုမောင်နှမများမှ မယ်တော်ကြီးဆန္ဒအတို်င်းမယ်တော်ကြီးထားခဲ့သောမြေနေရာနှင့်အိမ်ကို ၊
 အမျိုး၊ဘာသာ၊သာသနာအတွက် လှူဒါန်းခဲ့ပါသည်။

မယ်တော်ကြီး လှူဒါန်းခဲ့သော မြေနေရာတွင်  ကနေဒါရောက်မြန်မာများ၏ သမိုင်းမှတ်တိုင်အဖြစ် “ ကနေဒါစင်တာ” တည်ဆောက်ရန် မြန်မာဗုဒ္ဓဘာသင်းမှ  တာဝန်ခံများနှင့် ဗုဒ္ဓရံသီဆရာတော်တို့ ပူးပေါင်းလုပ်ဆောင်နေပါပြီ။
လောလောဆယ်  ထိုကနေဒါစင်တာဖြစ်မြောက်ရေးအတွက် လှူဒါန်းငွေ  ၂၅-သိန်းကျော် လက်ခံရရှိပြီးဖြစ်ပါသည်။

ကနေဒါစင်တာ ပန္နက်မချခင်တွင် ၊ ကျေးလတ်ဒေသ ကျန်းမာရေးအတွက် ဆေးဝါးများ တသိန်းကျော်ဖိုး လှူဒါန်းခဲ့ပြီး ၊ ကျောင်းပိတ်ရက်တွင် ကျေးလတ်ဒေသ မျိုးဆက်သစ်လူငယ်များတွက် အင်္ဂလိပ်စာသင်တန်းနှင့် အထွေထွေ ဗဟုသုတ သင်တန်း ဖွင့်ရန် စိစဉ်နေပြီပါပြီ ၊ စေတနာဝန်ထမ်းများ၊ ကုသိုလ်ပါဝင်လိုသူများကိုလည်း  လက်ကမ်း ကြိုးဆိုပါသည်။

အချုပ်ဆိုရသော်… ၊မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ သာသနာပြုသက်တမ်း တိုးတောင်းလှသော်လည်း ၊ ဆရာ/ဒကာလက်တွဲကာ တက်ညီလက်ညီ ပူတွဲဆောင်ရွက်မှု၏ အောင်မြင်မှုမှာ အံ့ဖွယ်ရာပင်ဖြစ်ပါသည်။

နောင်အနာဂတ်နှစ်များမှာလည်း ယခုကဲ့သို့  ဆရာဒကာလက်တွဲညီကာ တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့်  ၊ မိမိတို့ရည်မှန်းချက်များ အောင်မြင်မှာဖြစ်ပြီး ..၊ ချမ်းသာရာအစစ် မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း အတူတက်လှမ်းနိုင်မှာ ဖြစ်ကြောင်း
၂၀၁၄-ခုနှစ် အစီအရင်ခံစာကို တင်ပြအပ်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း

Thursday, November 27, 2014

2015 BOARD OF DIRECTORS



Dear Dhamma Friends:
 

 We officially announced the following board members for 2015

· The Burmese Buddhist Society, BC (BBS, BC) is a non-profit organization based in Vancouver, British Columbia.

Formed to connect and support Buddhist Education communities in B.C. that learn and practice in the Theravada tradition, we provide access to teachings through classes, sitting groups, study groups and retreats, and build SANGHAS through community events, volunteer work and compassionate action.

We invite you to join us exploring the Buddha’s teachings on insight, generosity and kindness; and in awakening the body, mind in formal meditation practice and in the challenge of daily life.
· Mission
We build strong Kids, strong Families and a strong community

2015 BOARD OF DIRECTORS

President                                         Thomas Kong
Vice-President (Internal Affairs)          Ko  Myint  Oo
Vice-President (External Affairs)          Kyaw Moe Han
General Secretary                             Ko Hla Pe
Assistant Secretary                             Sai Htaik
Assistant Secretary                             Nyunt Aung
News& information/ Public Relations       Ashin Ghosaka
Treasurer                                           Tracy Kong
Assistant Treasurer                             Pan Ei Phyu
Internal Auditor                                 Judith Su
General Manager                                 Thet Naing Oo
General Manager                                 Ko San Lin

HONORARY ADVISERS

1) Venerable Sayadaws   2) Ko Ko Lay
3) Dr. Soa Yan Naing   4) Nan Nan Kay Kay   5) U John

We believe that all Boards and members are working together for Buddha’s SASANA and Our Society.
 You are not  the label in the board of directors but we all have responsibility to promote Buddha’s SASANA and our news generation.
Welcome you all join us exploring   The Buddha’s Noble Journey - 2015 and ever.
 In Metta
BBS, BC

Tuesday, November 18, 2014

စနေဓမ္မစကြာဝတ်အဖွဲ့

စနေဓမ္မစကြာဝတ်အသင်းရည်ရွယ်ချက်
********************************
“ စည်းလုံးခြင်းသည် အင်းအား”  ဖြစ်သလို တရားတော်များကိုလည်း စုပေါင်းရွတ်ဆိုပွားများ အားထုတ်ခြင်းဖြင့် ဓမ္မစွမ်းအားကို တိုးပွားစေမည်။

“တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏” ဆိုသကဲ့သို့ မိမိ၏ ဓမ္မ၌ ပျင်းရိသောစိတ်ကို စုပေါင်းအားဖြင့် ဓမ္မလမ်းကြောင်းပေါ်သို့ တက်ရောက်နိုင်မည်။

တိုင်းတပါးတွင် အလုပ်၌ ပင်ပန်းနွမ်းနယ်သမျှ ဓမ္မ၌မွေ့လျှော်၊ ဓမ္မ၌ပျော်၍ ၊ ဓမ္မမိတ်ဆွေ အချင်းချင်း ဓမ္မစွမ်းအားများကို မျှဝေခြင်းဖြင့်  အချင်းချင်း ပိုမို ရင်းနှီးမှုများ  နားလည်မှုများ ရလာစေမည်။

တရားတော်များကို ရွတ်ဆိုပူဇော်၊နာကြားခြင်းမှ တဆင့် “လောကအသုံးချတရား” အဖြစ် လိုက်နာ ကျင့် သုံးမည်။

မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာ ဓမ္မစကြာဖြင့် မြတ်ဗုဒ္ဓအား အပတ်စဉ် စနေနေ့တိုင်း ပူဇော်ပြီး  အဖိုးတန်ရတနာ တရားဒေသနာများကို မပျောက်ကွယ်အောင်  မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း၍ ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်မည်။

ထိုမျှတဆင့် မိမိပတ်ဝန်းကျင်၊မိတ်ဆွေ သားသမီးများထံ စစ်မှန်သော ဓမ္မကို မျှဝေမည်။

ဓမ္မစကြာဒေသနာကို စုပေါင်းရွတ်ဆို ပူဇော်ခြင်းဖြင့်  ၊ လောကီ၊ကုတ္တရာ အဖြားဖြာပြည့်စုံ၍ မဂ်၊ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်ရွယ်သည်။

သို့ပါသောကြောင့် စနေနေ့တိုင်း ညနေ (၅) နာရီတွင်  ဗန်ကူးဘားရောက် ဗုဒ္ဓဘာသာမိသားစုများ  ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်၍ ဓမ္မစကြားဒေသနာကို ပူဇော်ခြင်းဖြင့် “ဓမ္မစွမ်းအားများ”ကို တိုးပွားစေအံ့။

ဗုဒ္ဓရံသီဆရာတော်

Tuesday, November 11, 2014

လပတ်အစည်းအဝေး ( နိုဝင်္ဘာလ)

မြန်မာဗုဒ္ဓဘာသာအသင်း၊လပတ်အစည်းအဝေး
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ Richmond, BC
နိုဝင်္ဘာလ(၉)ရက် ၂၀၁၄ တနင်္ဂနွေ ၂း၀၀နာရီ - ၄း၀၀နာရီ
-----------------------------------------------------------------------
၁) နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အစည်းအဝေးစတင်ရန်
၂) နာယကဆရာတော်ဘုရားကြီး၏ သြဝါဒ
၃) အလုပ်အမှုဆောင်များနှင့်တာဝန်
၎) ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးရှင်းတမ်းနှင့် official tax receipts များ ထုတ်ပေးရန်
၅) ၂၀၁၅ -နှစ်ပွဲတော်များ နှင့် လပတ်ဆွမ်းအလှူရှင် အပြောင်းအလဲ
၆) စနေဝတ်အဖွဲ့နှင့်၊ Sunday Dhamma School
၇) အထွေထွေ
ဂ) ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုဖြင့် အစည်းအဝေးအဆုံးသတ်ရန်
တက်ရောက်သူများ
၁) ဆရာတော် ဦးဃောသက ၂)ကိုရင်ကြီး ဥတ္တမ
၃) ဦးစိန်ထွန်း ၄) ကိုကျော်မိုးဟန်
၅) ကိုမြင့်ဦး ၆) ကိုတင်နွယ်
၇) မလေးလေးနွယ် ၈) မအေးလွင်မိုး
၉) မမိုးမိုး ၁၀) ကိုညွန့်အောင်
၁၁) မသန်းချို ၁၂) ကိုစန်းလင်း
၁၃) ဦးဂျွန် ၁၄) ကိုကျော်စိုး
၁၅) မခင်လေးမူ

နာယကဆရာတော်ဘုရားကြီး သြဝါဒ
*******************************
ထိုင်ဝမ်၊ကနေဒါ ဆရာတော်ဘုရားကြီး ဦးစီတည်ထောင်ထားသော ကျောင်းများတွင် ကျောင်းရှိ သီတင်းသုံနေထိုင်ကြသည့် သံဃာတော်များ နေ့စဉ်ဆောင်ရွက်ရမည် အချိန်ဇယာကို တင်ပြ၍ ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌လည်း ထိုစည်းမျဉ်းအတိုင်း သံဃာတော်များ လိုက်နာရန်နှင့် ကျောင်းတွင် ချိပ်ဆွဲထားမည်ဖြစ်သည်။
ဆရာတော်ဘုရားသည် ထိုင်ဝမ်၊မြန်မာနိုင်ငံတို့၌ ဘုရားစေတီ တည်ထားခြင်းကိစ္စဖြင့် အလုပ်များနေ၍ ဒီနှစ် မကြွရောက်ဖြစ်တော့ပဲ၊ နောက်နှစ်များတွင် (၂) ပတ်ခန့်လာရောက်သတင်း သုံးမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

၂၀၁၅- ခုနှစ်တွင် မြန်မာနိုင်ငံမှ ဓမ္မကထိက ဒယ်အိုးဆရာတော်နှင့် အခြားဓမ္မကထိကများလည်း ကြွရန်ရှိပါသည်။

အလုပ်အမှုဆောင်များ
********************
၂၀၁၅-ခုနှစ် အလုပ်အမှုဆောင်မျာတွင် ကိုမြင့်ဦး၊ ကိုတင်နွယ်၊ ကိုစံလင်းတို့အား ပါဝင်ဖြည့်စွက်ထားပြီး ၊ ၂၀၁၅-ခုနှစ် ၊မြန်မာဗုဒ္ဓဘာသာအသင်း သာသနာပြုလုပ်ငန်းများအတွက် အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်။

မှတ်ချတ်။ ။၂၀၁၅- အလုပ်အမှုဆောင်များကို ပူတွဲစာတွင် ကြည့်နိုင်ပါသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးရှင်းတမ်းကို ဗုဒ္ဓရံသီ Web နှင့် ကျောင်းတွင် ကပ်ထားမည်ဖြစ်ပြီး၊ အလှူရှင်းများအ တွက် official tax receipts များကိုလည်း နှစ်မကုန် ထုတ်ပေးရန်ဆုံးဖြတ်။

ဆွမ်းအလှူရှင် အပြောင်းအလဲ
*****************************
ဆွမ်းဒကာများသည် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း စတည်ကတည်းက တပတ်(၁) ရက် ဆွမ်းလှူဒါန်းခဲ့ရာ ၂၀၁၅-ခုနှစ်တွင် ၊ ဆွမ်းအလှူရှင်များ သက်သက်သာသာဖြစ်စေရန် ၊ တစ်လ (၁) ရက် အဖြစ် ပြောင်းလဲတာဝန်ယူရန် နာယက ဆရာတော်များမှ အကြံပြုလာပါသည်။
မနော်မူး၊ မခင်လေးမူတို့မှ အလုပ်များ၍ ဆွမ်းမချက်နိုင်သော ဒကာများအတွက် ဆွမ်းပဒေသာပင် စိုက်ထူး၍ ဒကာတစ်ယောက်ယောက်မှ ချက်ကပ်လှူဒါန်းကလည်း အဆင်ပြေနိုင်ကြောင်း အကြံပြုလာပါသည်။
အားလုံးမှ အလှူရှင်များ ဖိတ်ခေါ်၍ ရရှိလာသော အခြေအနေအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်။

ဗုဒ္ဓရံသီကျောင်းဆောင်သစ်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေ ရှာပွဲ
**************************************************************

အဖွဲ့ဝင်များမှ ၊ ဗုဒ္ဓရံသီ ကျောင်းဆောင်သစ်ဖြစ်မြောက်ရန် မြန်မာနိုင်ငံမှ ဇာတ်မင်းသား ဖိုးချစ်နှင့် လူရွန်တော် ဒိန်ဒေါင်းနှင့်ခင်လှိုင်တို့ ခေါ်ရန် တင်ပြလာခြင်းကို
ဇွန် တစ်လလုံးနှင့် ဇူလှိုင် ဒုတိယပတ် နောက်ပိုင်းတို့တွင် ဖြစ်နိုင်ကြောင်း ၊ မင်းသားများ ဗီဇာရ၍ ပွဲဖြစ်မြောက်ပါက ၊ ဗန်ကူးဘား၊ တိုရန်တို၊စက်စကာတွန်း တစ်ဝိုက်တွင် ကပြဖို့ စီစဉ်ရန် တင်ပြ။
ထိုပွဲဖြစ်မြောက်ဖို့အတွက် ခန့်မှန်း မတည် ကုန်ကြငွေ တစ်သောင်း ($10000)

စနေဝတ်အဖွဲ့နှင့် Sunday School
**********************************
နာယကဆရာတော်များ ညွှန်ကြားချက်ဖြင့် စနေနေ့ တိုင်း ညနေ (၅) နာရီ စုပေါင်း ဓမ္မစကြာရွတ်ဆိုပူဇော်ရန်နှင့် ကလေးများအတွက် Sunday School ဖွင့်ရန် တင်ပြလာပါသည်။
စနေဝတ်အသင်းစိတ်ဝင်စားသူများနှင့်ကလေးများအတွက် Sunday School စိတ်ဝင်စားသူများ ဆရာတော်ထံတွင် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ဆုံးဖြတ်။

၂၀၁၅- ပွဲတော်များ
********************
၂၀၁၅-ခုနှစ်တွက် ပွဲတော်ရက်များ ရွေချယ်၊သတ်မှတ်ကြပြီး ၊ ၂၀၁၅- ပြက္ခဒိန်ထုန်မည်ဖြစ်သည်၊ ဦးဂျွန်မှ ကျောင်းမှ ထုတ်ဝေသော ပြက္ခဒိန်တွင် စီးပွားလုပ်ငန်းရှင်များ၏ ဆက်သွယ်ရန် လိပ်စာကိုလည်း ထည့်ရိုက်ရန်နှင့် ၊ သီတဂူဆရာတော်ဘုရား ဗန်ကူးဘား မြို့သို့ ကြွရောက်တောမူလာခြင်းကို ဂုဏ်ပြုသော အားဖြင့် ဆရာတော်ဘုရားပုံဖြင့် ပြက္ခဒိန်ထုတ်ရန်ဆုံးဖြတ်

ပွဲတော်ရက်များ ပူးတွဲပါကြည့်ရန်

အထက်ပါဆွေးနွေးချက်များကို အစည်းအဝေးတက်ရောက်သူများ အားလုံးသဘောတူ၍ ညနေ (၄) နာရီတွင် အစည်းအဝေးပြီးဆုံး။

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၊မြန်မာဗုဒ္ဓဘာသာအသင်း
၂၀၁၅- နှစ်ပတ်လည် ပွဲတော်များ
ပွဲတော် နေ့ရက် အလှူရှင်
________________________________________
၁။ နှစ်သစ်ကူးပွဲတော် Jan 01(Thu) ဦးစိန်ထွန်း၊ မြန်မာမုန့်ဟင်းခါးအလှူ

၂။ထမနဲပွဲတော် Feb 01(SUN) စုပေါင်းအလှူ

၃။ နိဗ္ဗာန်ဈေးပွဲတော် March22 (SUN) စုပေါင်းအလှူ

၎။ မြန်မာနှစ်သစ်ကူးပွဲတော် April12 (SUN) အလှူရှင်ဖိတ်ခေါ်

၅။ ဗုဒ္ဓနေ့ပွဲတော် May02 (SAT) အလှူရှင်ဖိတ်ခေါ်

၆။ နှိဗ္ဗာန်ဈေးပွဲတော် June0107(SUN) စုပေါင်းအလှူ

၇။ဝါဆိုသင်္ကန်းကပ်ပွဲတော် July 5 (SUN) အလှူရှင်ဖိတ်ခေါ်

၈။ နှိဗ္ဗာန်ဈေးပွဲတော် AUG09 (SUN) စုပေါင်းအလှူ

၉။ စုပေါင်းတရားထိုင် Sept 5, 7, 6

၁၀) ပဋ္ဌာန်းပွဲ၊ OCT 24, 25 အလှူရှင်ဖိတ်ခေါ်
သက်ကြီးပူဇော်ပွဲနှင့်ဆုပေးပွဲ

၁၁) ဘုံကထိန်ပွဲတော် NOV08 အလှူရှင်ဖိတ်ခေါ်

Sunday, October 26, 2014

THANKS TO ALL

Thanks  to all of   your wonderful contribution 5th  Union of Khathina Robe Offering Ceremony.
Today We have donated   $ 10500  to Society.

We would like to say "THANKS"  Venerable Sayadaw U Sirainda ( USA)  all  EC members , volunteers , supporters and staffs for creating the most beautiful Myanmar Buddhist Traditional Khathina event.

Please share your wonderful moments with us and others.

Buddha bless you all

Monday, October 6, 2014

Thanks and Congratulation!



I am deeply honored and grateful to as a co-founder of Buddharamsi Bursary Educational Award program. We, BBS, BC are committed to carry on the legacy of those who pioneered this extraordinary event.
BBS, BC was established over five years ago with a vision to support Burmese Buddhist culture all immigrants from Burma to settle in British Columbia. 

Obviously, It had not been a smooth sailing, but with persistent, dedication by many past and present Executive Committee members together with community support, we survived many storms along the way. This does not mean we can now sit back and enjoy our achievements of the past. We are now more than committed to look into the future. The future is our youths and Our Youths’ education. Education is the best we can support to secure their future. Buddharamsi Bursary is just a small token for our children to grow prosper in Canada, or anywhere in the world for that matter, saying that your community is behind you.

I would like to express my immense gratitude to all sponsors for their generous donations without which this Award would be impossible.  My heartfelt thanks are due to all members of BBS, BC Executive Committee as well as all members donating their precious time and effort to participated in this important task.
Finally, “Congratulations” to all the winners of the year’s “Buddharamsi Bursary Award” and I wish them all the best and every success in their future endeavors.

Buddharamsi Saydaw
Buddharamsi Bursary Foundation




မြန်မာဗုဒ္ဓဘာသာအသင်း၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့အောင်မြင်စွာ ပြီးဆုံးခြင်း
ကျေးဇူးတင်လွှာ
·         ဆဋ္ဌအသံမစဲ (၂၄)နာရီ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ
·         ဓမ္မသင်တန်းသားများ သင်တန်းဆင်းပွဲ
·         ဘိုးဘွားများ ပူဇော်ပွဲ
·         ပညာထူးချွန် ဂုဏ်ပြုပွဲ
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့ရှိ ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ၁၃၇၆-ခု  သီတင်းကျွတ်လဆန်း (၁၂) ရက် ၊ တနင်္ဂနွေနေ့၌ သီတင်ကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်  ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။

ရဟန်းသံဃာနည်းပါးသောပြည်ပတိုင်းပြည်တွင် ထိုကဲ့သို့  (၂၄)နာရီအသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပရန်မှာ လွယ်ကူးသော ကိစ္စမဟုတ်ပါ။ သို့သော်လည်း  စိတ်အား သဒ္ဓါအား ထက်သန်ကြသော ဗန်ကူးဘားရောက် ၊ ဗုဒ္ဓဘာသာမြန်မာမိသားစုများ၏  အားသွန်ခွန်စိုက် အားထုတ်မှုကြောင့်  ဆဋ္ဌမအကြိမ်မြောက် မဟာပဋ္ဌာန်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အသံမစဲ မဟာပဋ္ဌာန်းပွဲသို့ လာရောက်ရွတ်ဖတ်ပူဇော်ကြသော ပဋ္ဌာနဘာဏကများ၊ ကျောင်းတွင် ညအိပ်ကာ ၊ အိပ်ရေးပျက်ခံ ရွတ်ဖတ်ပူဇော်ကြသော ပဋ္ဌာနဘာဏကများအား  အထူးကျေးဇူးပါကြောင်း ဖော်ပြအပ်ပါသည်။

ဓမ္မသင်တန်းဆင်းပွဲ
ဘဝအခြေအနေရ.. တိုင်းတစ်ပါတွင် ဘဝရပ်တည်ကြရသော မြန်မာဗုဒ္ဓဘာသာများအဖို့ ၊ မိမိရင်သွေးငယ်များအား ဘာသာစကား၊ ယဉ်ကျေးမှု၊ အမျိုးဘာသာ၊သာသနာကို  လက်ဆင့်ကမ်းရန်မှာ လွယ်ကူးသော ကိစ္စမဟုတ်ပါ။
သို့သော်ငြားလည်း မြန်မာဗုဒ္ဓဘာသာအသင်းလူကြီးများ ဦးဆောင်မှု၊ ဆရာတော်ကြီး အားထုတ်မှုဖြင့်  နှစ်စဉ် နှစ်တိုင်း ကလေးငယ်များ သင်တန်းပေးလာခဲ့သည်မှာ  ငါးနှစ်သို့ပင်တိုင်ခဲ့လေပြီ။
ဤသို့ဆိုခြင်းအားဖြင့်  မျိုးဆက်သစ် ရင်သွေးငယ်များအတွက် မိဘ၊ဆရာ လုပ်ဆောင်ရန် တာဝန်ကျေပွန်ပြီဟု မဆိုလိုပါ..၊ လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်ပါသည်။
ယခုနှစ် စာပြန်ပွဲတွင် ကလေးငယ်ပေါင်း ၁၆ ယောက် ပါဝင်ဖြေဆိုခဲ့ပါသည်။
  • စံပြကျောင်းသားအဖြစ် - ၁
  • အထူးအောင် -                ၃
  • ရိုးရိုးအောင် -            ၁၃ ယောက် ရွေးချယ်ခဲ့ပါသည်။
ဓမ္မသင်တန်းဆင်းပွဲအတွက် ၊ နှစ်စဉ် လှူးဒါန်းထောက်ပံ့သော ဦးထွန်းမြင့် ဒေါ်ကေသီဦးမိသားစုမှ    ဓမ္မသင်တန်းသားများဆု၊ ဗုဒ္ဓရံသီပညာသင်ဆု နှင့် ဆုတံဆိပ်များ အပါအဝင်  ၆၅၈ ဒေါ်လာ ပါဝင် ကုသိုလ်ယူပါသည်။
ဦးထွန်းမြင့် +ဒေါ်ကေသီဦးမိသားစုအားလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ယခုနှစ်တွင်  အစီအစီဉ်အသစ်အနေဖြင့်  တက္ကသိုလ်/ ကောလိပ်သို့ ပညာဆက်လက် သင်ကြားနေသော လူငယ်များအတွက် ဗုဒ္ဓရံသီ ပညာသင်ဆု ချီးမြှင့်ခဲ့ရာ ၊ လူငယ် (၄) ယောက်ကို ရွေးချယ်ခဲ့ပါသည်။

1)TIMOTHY KONG                Medicial  Science  ( 1st year ) U B C
2) Gordon Shieh                      Computer Science 2nd year)  Simon Freaser University
3) Htut Lin                               Visual College Art Design
                                                3D Modeling & Design  (2nd  Year )
4) Sin Tun Shwe                      computer science, Langara College (2nd year)

ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင်…၊ မြန်မာဗုဒ္ဓဘာသာအသင်းမိသားစုများမှ ပညာတော် ထူးချွန်းသူများ၊ ကောလိပ်/ တက္ကသိုလ်သို့ဆက်လက် ပညာနေသူများတွင် မြန်မာဗုဒ္ဓဘာသာအသင်းသို့ တစ်နှစ် (၃) ကြိမ်ထက်မနည်း လုပ်အားပေးဆောင်ရွက်ဖူးသော လူငယ်များကို အဓိကထား ရွေးချယ်ပါသည်။

ဒီနှစ်တွင်  ပညာသင်ဆုငွေအဖြစ်   ကျောင်းသားတစ်ယောက်အတွက် ဒေါ်လာ ၅၀၀ ချီးမြှင့်ပါသည်။

အဘိဓမ္မာအခါတော်နေ့ သက်ကြီးများပူဇော်ပွဲ ၊ ဆုပေးပွဲ၊ ဂုဏ်ပြုပွဲ ကုန်ကျစရိတ်မှာ
ပညာထူးချွန်ဆု                     ၄ × ၅၀  =     ၂၀၀၀
ဘိုးဘွားများပူဇော်                  ၁၅ × ၅၀  =    ၇၅၀
အထူးဆု၊စံပြဆု                    ၄ × ၁၀၀  =    ၄၀၀
နှစ်သိမ့်ဆု                           ၁၂× ၅၀   =    ၆၀၀
ကျန်ကလေးငယ်များ                                  ၂၀၀

စုစုပေါင်း လှူဒါန်းငွေ                                  ၃၉၅၀

ပဋ္ဌာန်း ကန့်တောပွဲများ ၊ ဘိုးဘွားများအတွက် မုန့်ပုံးများနှင့် ဗုဒ္ဓရံသီပညာသင်ဆုအတွက် ဒေါ်လာ ၁၀၀၀ ကို  မြန်မာဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ  ဦးစိန်ထွန်း + ဒေါ်ခင်လေးမူမိသားစုမှ လှူဒါန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်မှ ၁၅၀၀ ဒေါ်လာ မ, တည် လှူဒါန်းပါသည်။
ဆုပေးပွဲနေ့၌ လာရောက်ကြသော ဓမ္မမိတ်ဆွေများမှလည်း အသီးသီးပါဝင်လှူဒါန်းကြပါသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအတွက်  စတုဒီသာအလှူအဖြစ်
  • ကိုသက်+မမာလာမိသားစုမှ မြန်မာ ထမင်းဟင်း
  • ကိုကျော်စိုးမှ ခေါက်ဆွဲကြော်
  • ကိုညွန့်အောင် +မသန်းချိုမိသားစုမှ မော်လမြိုင် မုန့်ဟင်းခါး
  • ကိုစံလင်း+မသန်းသန်းစိုးမှ ဖာလူဒါ၊ လက်ဘက်ရည်
  • ကိုကျော်မိုးဟန်+ မဖြူလဲမင်းမိသားစုမှ အချိုပွဲအစုံ ပါဝင်လှူဒါန်းကြပါသည်။

နိဂုံးချုပ်အနေအားဖြင့် သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ပွဲတော်သို့ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံ အထူးကျေးဇူးတင်ပါကြောင်းနှင့် အောက်တိုဘာ (၂၆) ရက် ကထိန်ပွဲသို့လည်း လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


Followers

My Blog List