စာရေးသူ.. နွေ၊မိုး၊ ဆောင်း ရာသီမရွေး နံက်အိပ်ရာထ ကော်ဖီသောက်ပြီး ကျန်းမာရေးအတွက် လမ် လျှောက်လေ့ရှိပါတယ်။
လမ်းလျှောက်နေကြ ပန်းခြံက ကြီးကြီးမားမားကြီးမဟုတ်ပေမဲ့၊ ရေကန်၊ပန်းမန်၊ ကလေးများကစားကွင်းနဲ့ ရေကံပေါ် လမ်းဖြတ်လျှောက်ဖို့ သစ်သားတံတားလေးနဲ့မို့ ကဗျာဆန်ဆန် ပန်းခြံကလေးပါ။
ကနေဒါရဲ့ ဆောင်းရာသီဟာ အေးလွန်းလို့ ဆောင်းရာသီမှာ ပန်းအလှများ ပွင့်လေ့၊ ပွင့်ထမရှိပဲ၊ အရိုးပြိင်းပြိုင်းထနေတဲ့ ပန်းပင်၊ သစ်ပင်များကို အရုပ်ဆိုး အကျည်းတန်စွား တွေ့ရ၊ မြင်ရတတ်ပါတယ်။ ပန်းခြံထဲကို လမ်းလျှောက်လာကြတဲ့ လူများကလည်း သက်ကြီး၊ရွယ်အိုတွေနဲ့ ၊ အအေးလွန်းကဲတဲ့ရာသီရဲ့ နှိပ်စက်ဒဏ်ကြောင့် ပန်းခြံတစ်ခုလုံး. တိတ်ဆိတ်ညိမ်သက် အိပ်မောကျနေသလိုပါပဲ။
တနေ့သော ဆောင်းတွင်း နံက်ခင်းမှာတော့.. တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပန်းခြံထဲကို လမ်းလျှောက်ရင်း စာရေးသူကို သံလိုက်တုံး တစ်တုံးက .. သံတိုသံစားလေးများယူငင်ဆွဲယူလိုက်သလို...၊ အင်မတန်လှပတဲ့.. မိန်ကလေးတစ်ယောက်က .. ယောက်ျားပျိုတို့ကို ညှို့ယူလိုက် သလို့ စာရေးသူရဲ့ ခြေလှမ်းများကို တုန့်ဆိုင်းသွားအောင် အရာတစ်ခုက ညှို့ယူလိုက်ပါတယ်။
" မွေးလိုက်တာ.. ဘာရနံ့ပါလိမ့်.. ရေခဲအမှတ်ရောက်အောင် အေးတဲ့ ဆောင်ရာသီမှာ ဒီပန်းခြံထဲ ဘာပန်းများ ပွင့်နေပါလိမ့်..." စာရေးသူ အတွေနဲ့ အမွေးနံ့ရသော သစ်ပင်ဆီဆိုသို့ မဆိုင်းမတွ၊ အလိုလို ခြေဦးပြန်လှည့်ခဲ့မိပါတယ်။
အမွေးရနံ့ကို နှစ်နှစ်ရှိုက်ရှိုက်ရှုခြိုက်ရင်း.. ဆောင်းရာသီရဲ့ အအေဒဏ် တစ်ခဏလောက်မေ့ ပျောက်သွားသလိုပါပဲ။
" ထူးဆန်းလိုက်နာ .. အအေးဒဏ်ကို အန်ုတုလို့ ... ဒီပန်းပင်က.. ပန်းပွင့်တွေက မွေးလိုက်တာ"
ကနေဒါလို့နိုင်ငံမှာ အင်မတန်မွေးပေ့ဆိုတဲ့ စပါယ်ပန်းတောင် အအေးဒဏ်ကြောင့် အမွေးရနံ့ မရတတ်ပါဘူး။ ဆောင်းကုန်ခါနီးမှာ ပွင့်လေ့ပွင့်ထရှိထဲ ကျူလစ်ပန်းများလည်း အလှအပနဲ့သာ လောကကိုအလှဆင်ပြီး အနံ့ကတော့ သိပ်မရှိလှပါဘူး။
ထူဆန်းတဲ့ သဘာဝရဲ့မွေးရနံ့ကို ရတော့ စာရေးသူ ဘာပန်းပင်လည်းဆိုတာ စူစမ်းလိုစိတ် ပေါ်လာပါတယ်။
အမှန်တကယ်တော့ စာရေးသူဟာ ပန်းရဲအလှအပကို ခံစားတတ်သော်လည်း အသေးစိတ် ပန်းပင်အမည်များကို မှတ်သားလေ့ မရှိပါဘူး။ ဒီတခါတော့ ထူးထူးဆန်းဆန်း ပန်းပင်နားကပ်ပြီး ချိတ်ဆွဲထားတဲ့ အမည်ကို ဖတ်ကြည့်လိုက်မိတော့
"Amur Maple"
ဆိုတဲ့ အမည်ရေးထားတာကို တွေ့ရပါတယ်။ စာရေးသူရဲ့စိတ်ထဲမှာလည်း ဒီနာမည်ကို အထပ်ထပ် ရွတ်ဆိုနေမိတယ်။ နောက်အောက်တစ်ကျောင်းကို ဆက်ဖတ်ကြည့်တော့ ဂျပန်ပြည်မှာလာသော
ဂျပန်အမျိုးအစားမေဘယ်လ်ပင်တဲ့။
များသောအားဖြင့် စာရေသူ တွေ့ဘူးတဲ့ ဂျပန်မေဘယ်လ်ပင်များဟာ ရွက်လှပင်များသာဖြစ်ပါတယ်။ ဒီအမူရမေဘယ်လ် ကတော့ ထူးထူးခြားခြား အမွေးရနံ့ရလိုက်တော့.. စာရေးသူရဲ့စိတ်ထဲမှာ စွဲသွားသလိုပါပဲ။
စာရေးသူ အမုမေဘယ်လ် ပန်းအကြောင်းတွေးရင်းဖြင့် လမ်းတစ်လျှောက်မှာ.. လွန်းခဲ့တဲ့ ရှစ်နှစ်လောက် ကျောင်းအတူ တက်ခဲ့တဲ့ ဂျပန်မလေး တစ်ယောက် အတွေးထဲတိုးဝင်လာပြန်တယ်။
၂၀၀၄-ခုနှစ်လယ်လောက်က York University မှာ ကိုးရီယာ၊ ဂျပန်းစတဲ့ နိုင်ငံပေါင်းစုံ ကျောင်းသားများ နဲ့အတူ ESL တက်ရပါတယ်။
ကျောင်းသား/ ကျောင်းသူလေးများဟာ ငယ်ရွယ်သူတွေမို့ တက်တက်ကြွကြွရှိပြီး အားအင်အပြည့် အလှအပအပြည့်နဲ့ပါ။
စာရေးသုတို့ စာသင်ခန်းမှာ ကျောင်းသားက ၁၅ ယောက်ခန့်ရှိပါတယ်။ စာသင်တဲ့အခါမှာ ဆရာမက အုပ်စုဖွဲ့သင်လေ့ရှိပါတယ်။ စာရေးသူတို့ အုပ်စုမှာတော့ ဂျပန်းကမလေး မကြာခဏ ပါဝင်လာတတ်ပါတယ်။
၃-လခန့်ကြာတော့ သင်းတန်းသားအားလုံး ရင်းရင်းနှီးနှီး တကယ့်သူငယ်ချင်း၊ မိတ်ဆွေဖြစ်သွားကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားလို့၊ တစ်ယောက်လိုအပ်ချက် တစ်ယောက်ကူညီရင်းနဲ့ ညီအကို၊ မောင်းနှမတွေလိုလဲ ဖြစ်သွားကြပါတယ်။
သင်တန်းကြီး ပြီးဆုံးတော့ တစ်ကျောင်းလုံး နေ့လည်စာ စားပွဲနဲ့ ကျောင်းးဆင်းပွဲလုပ်ပါတယ်။ အဲဒီတော့ စာရေးသူနဲ့ အခင်ဆုံး သူငယ်ချင်း ဂျပန်မလေးက . မျက်ရည်တွေ တွင်တွင်းစီးကျပြီး .. Note ရေးထားတဲ့ စာအုပ်ကလေး တစ်အုပ် စာရေးသူထံ လာပေးပါတယ်။
လမ်းလျှောက်ရင်း မွေးရနံ့သင်းတဲ့ အမုရမေဘယ်လ်ပန်းကို စဉ်စားရင်း အလိုလို အတွေးထဲပေါ်လာတာက..
မေတ္တာမွေးရနံ့ပါလား...။
"ပန်းတို့ရဲ့ ရနံ့သည်... လေအောက်သို့သာ ပေးစွမ်းနိုင်၍ သူတော်ကောင်းတို့ရဲ့ မေတ္တာမွေးရနံရနံ့ကတော့ လေအောက်၊ လေညာ သူရဲ့ မေတ္တာဓာတ်ပျံ့နှံ့ရာ ၊ မေတ္တာစက်ကွင်းရှိသသည့်နေရာအထိ ပျံ့နှံ့သွားလေ၏"
တွေးလက်စ အတွေးက မေတ္တာရနံ့ဆီးအလိုလို ရောက်သွားရင်း သီဟိုဠ်ခေတ်က မေတ္တာရနံ့သင်းခဲ့တဲ့ ဝိသာခ မထေရ်ဆီ ရောက်သွားပြန်တယ်။
ရှေးရှေးတုန်းက သီဟိုဠ်ကျွန်းမှာ မေတ္တာရနံ့မွေးတဲ့ ' ဝိသာခ' ဆိုတဲ့ ရဟန္တာတစ်ပါးရှိခဲ့ဘူးတယ်။ အမှန်တကယ်တော့ သူက အန္ဒိယပြည် ပါဋလိပုတ်မြို့သားပါ။
အဲဒီတုန်းက သီရီလင်္ကာမှာ စေတီပုထိုးတွေဟာ ပန်းကုံးတွေလို စိတန်းနေကြတယ်၊ ဘာသာရေး ပွဲလမ်းသဘင်များးက တစ်ကျွန်းလုံး ခြိမ့်ခြိမ့်သဲ အမြဲစည်ကားနေကြတယ်၊ သီဟိုဠ်ကျွန်းတစ်ခုလုံး သင်္ကန်းရောင်း ရွေရောင်ဖုံးလွမ်းနေကြတယ်။ ရာသီဥတုကလည်း မျှတပြီး အစားအသောက်ကလည်း ပေါများသတဲ့။
ဒီလို သာသနာရောင်ဝါလင်းကြောင်း ကြားသိရတော့ ဝိသာခက ပစ္စည်းဥစ္စာများကို သား၊မယားကို အပ်နှင်းလို့ ခရီးစရိတ်အတွက် သင်္ဘောခ တစ်ကျပ်သာ ယူဆောင်ပြီး သိရီလင်္ကာကို ခရီးထွက်ခဲ့ပါသတဲ့။ သင်္ဘောဆိပ်ရောက်သော်လည်း သင်္ဘောပတ်နဲ့ မကြုံလို့ ဆိတ်ကပ်မှာ တစ်ခန်းစောင်းဆိုင်းရပါတယ်။ ဒီအချိန်ကလေးမှာပဲ ဝိသာခက စီးပွားရေးကျွမ်းကျင်လို့ ပါလာတဲ့ တစ်ကျပ်ကို အရင်းပြုလို့ အရောင်းအဝယ်လုပ်တာ တစ်ထောဖြစ်သွားပါတယ်။
သင်္ဘောဆိုက်ရောက်လို့ သီရီလင်္ကာကို အရောက်သွားပြီးလျှငိ မဟာဝီဟာရကျောင်းတိုက်ကို အရောက်သွားခဲ့ပါတယ်။ သံဃာတော်များခွင့်ပြုချက် ရဟန်းပြု သိမ်ဝင်စဉ် လမ်းမှ ပါလာသော အသပြာတစ်ထောင် ခါးပိုက်မှ ပြုတ်ကျလာပါသတဲ့။ သံဃာတော်များက ငွေသပြာမှန်သိလို့ အပ်စပ်အောင် စီစဉ်ခိုင်တော့ ဝိသာခက .. သိမ်ပြင်ရောက်နေတဲ့ ပရိတ်သတ်တွေကို " အိမ်ပြန်လက်ဆောင်ယူသွားကြ"ဟုဆိုကာ မေတ္တာဖြင့် အပြာငွေတစ်ထောင်ကို စွန့်ကြဲလိုက်ပါသတဲ့။
ဝိသာခရဟန်းဖြစ်ပြီး တရားထုတ်ရာမှာ မကြားခင်ပဲ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
ထို့နောက် ဝိသာခ မထေရ်ဟာ တစ်ကျောင်းကို လေးလစီ သီတင်းသုံးပြီး နောက်တစ်ကျောင်းကို ပြောင်း သတင်းသုံးလေ့ရှိပါတယ်။ စိတ္တပါလတောင်၌လည်း လေးလပြည်လို့ သပိတ်သင်္ကန်း ယူဆောင် ကာ နောက်တစ်ကျောင်းပြောင်းမယ်လုပ်တော့ သပြေပင်စောင့်နတ်က စင်္ကြံဦး ကျောက်ဖျာပေါ်မှာ ရပ်လျက် ငိုပါသတဲ့။
ငိုရခြင်းအကြောင်းကတော့ မေတ္တာတရားပြည့်ဝတဲ့ မထေရ်တစ်ပါး သူတို့နေရာမှာ ဖဲခွါသွားမှာစိုးလိုပါ။ စိတ္တပါလတောင်မှာ မထေရ်ကြီးရှိခိုက် တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းရှိကြတယ်။ မထေရ်ကြီး တနေရာ ပြောင်းသွားရင် နတ်အပေါင်းတို့ အရင်ကလို ခိုက်ရာဒေါသဖြစ်ကာ အမုန်းပွားကြမှာကို စိုးလိုပါလို့ သပြေပင်စောင့်က ငိုကာ လျှောက်ထားပါတယ်။
ဝိသာခ မထေရ်လည်း သတ္တဝါကျိုးကို မျှော်ကိုးလို့ စိတ္တပါလတောင်မှာ ပရိနိဗ္ဗာန်စံသည့်အထိ သီတင်းသုံးသွားခဲ့ပါတယ်။
သြော် "မေတ္တာပန်းပွင့်များကား.. နတ်များ အချင်းချင်း ချစ်ခင်အောင် စွမ်းဆောင်နိုင်ပေစွတကား
မေတ္တာပန်းပွင့်များက နတ်တို့၏ ခိုက်ရန်ဒေါသ အငြင်းပွားမှုမှ ကင်းအောင် စွမ်းဆောင်နိုင်ပေစွတကား"ဟု
ဒီဝတ္ထုဇာတ်လမ်းလေး တွေးမိရင်း .. ငါ့ရဲ့မေတ္တာစွမ်းအင်ကြောင့် ဂျပန်းမလေးလည်း ခွဲခွါခါနီး မျက်ရည်တွေ စီးကျတယ် ထင်ပါရဲ့ဟု တွေးကာ.. သူရေးပေး သွားတဲ့ စာပိုဒ်လေးတွေကို စိတ်ထဲမှာ အလိုလို ရေးရွတ်မိလာတယ်
" အရှင်ရဲ့ မေတ္တာကို ( Kindness) ကို့ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။ အိမ်ထောင်ကျလို့ ကလေးရလာခဲ့ရင်.. အရှင်ထံ ပထဆုံး ရောက်အောင်လာခဲ့မယ်နော်" တဲ့။
အတွေးများဖြင့် ... ဆောင်းတွင်းရဲ့ အအေးဒဏ်ကို အန်တုကာ လမ်းလျှောက်နေ့လိုက်တာ.. ပန်းခြံပတ်လမ်းကို ဘယ်နှစ်ခေါက် ပတ်မိသွားမှန်းတောင်မသိ..။ ရင်းထဲမှာတော့ နွေးထွေးသွားသလိုပဲ။

No comments:
Post a Comment