Showing posts with label Canada Centre. Show all posts

Wednesday, September 30, 2015
ကျေးလက်တိုင်းမှာကနေဒါစင်တာ
ဝမ်းမြောက်ကြည်းနှုးရပါတယ်
===================
ဒေါ်အောင်ဆန်းစုကြည် စကားနှင့်ပြောရရင် “ဘယ်အရာမဆို သေသေးလေးက စပါတယ်”
“တရုတ်စကားပုံမှာလည်း ရှိပါတယ် မိုင်းတစ်သောင်းခရီးကို ခြေတလှမ်းမှ စရတယ်”တဲ့
ခုလည်း စာရေးသူတို့ရဲ့ ကနေဒါစင်တာဖောင်ဒေးရှင်းရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို
အသေးစားဖြစ်တဲ့ ကျေးလက်ဒေသက စတင်လိုက်ပါတယ်။
ခုစတင်လိုက်တဲ့ ကျောက်ပန်းတောင်းမြို့နယ် သနပ္ပင်ရွာဆိုတာ အလွန်ဝေလံ ခေါင်းပါပြီး
လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊ မိုးခေါင်ရေခြားတဲ့ မြန်မာပြည်အလယ်ပိုင်းရဲ့ အပူးပိုင်စုံဖြစ်ပါတယ်။
သီတဂူဆရာတော်ဘုရားကြီး ၊ စာရေးသူကျောင်းမှာ တရားဟော လာစဉ်က မှတ်မှတ်သားသား စကားတခွန်ထားခဲ့ပါတယ်။
လူတွေအများစုက.. “ရေကြည်ရာ မျက်နုရာကို ရှာကြတယ်”
တကယ်လုပ်ရမှာက …
ရေ မကြည်တာကိုရေ ကြည်အောင် ၊မြက် မနုသေးတာကို မြက် နုအောင်လုပ်ရမယ်ဟု မိန့်ပါတယ်။
ဆရာတော်ကြီးစကားအရဆိုရင်… ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့က
ရေ မကြည်တဲ့ ကျေးလက်ဒေသတွေကို ရေ ကြည်အောင်လုပ်လိုက်ခြင်းပါ။
စာရေးသူတို့ ငယ်ခါက.. ဒီကျေးရွာလေးဟာ သောက်ရေခြားပါးတယ်။ မိုးရာသီမှာ ကန်ရေသောက်ရသော်လည်း နွေရာသီမှာ ချောင်းနဘေးက လက်ယက်တွင် (သို့) ရေငင်ယူရတဲ့ တွင်းရေးကို သောက်ရပါတယ်။
ဒီတွင်းရေရဖို့ကလည်း လူတွေများတာဆိုတော့ ရေရအောင် တခါတလေ ညဥ့်နက်အောင်
ထိုင်စောင့်ရတတ်ပါတယ်။
ခုတော့ နည်းပညာတွေ တိုးတက်လာတော့ အဝိစီတွင်းရေ ဖြင့် ရေရှားပါမှုကို တဖက်တလှမ်းက ဖြည့်စွက် နိုင်ပါပြီ။
မှတ်ပါသေးတယ် …၊ စာရေးသူတို့ ငယ်ခါက ချောင်းထဲမှာ ရေချိုးရတာ
ချောင်းဆိုတာဟာလည်း တရွားလုံးက ချိုးတဲ့ရေပါ..၊
တချို့နေရာတွေမှာ မိုးတွင်းရေးများလို့ ချောင်းလာတဲ့ အခါ ကျောက်ခဲတွေ ပါလာတာမို့ ချောင်းမြောင်းတွေထဲမှာ
ကျောက်ခဲများနှင့် ပြည့်နှက်နေပါတယ်။
စာရေးသူကိုယ်တိုင် ကလေးဘဝက ၊ ဒီလို ကျောက်ခဲတွေနှင့်ပြည်နှက်နေတဲ့ ချောင်းထဲမှာ ဒိုင်ပင် ထိုး ရေကစားခဲ့လို့ ခေါင်းပေါက်ခဲ့ဖူးပါတယ်။
ဒီလို စက်ရေတွင်းတွေပေါ်လာတော့ အနာဂတ် လူငယ်များအတွက် အန္တရာယ်ကင်း ဥာဏ်ပညာပွင့်လင်းပြီး အနာဂတ် မြန်မာ နိုင်ငံ အတွက် ကောင်းမြတ်တဲ့ အစဉ်အလာဖြစ်လာမှာပါ။
စာရေးသူတို့ ငယ်ခါက ဘုန်းကြီးကျောင်းအောက် သဲပေါ်မှာ စာသင်ခဲ့ရပေမယ့် ၊ ခုတော့ ကနေဒါစင်တာဖောင်းရှင်း၏ပံ့ပိုးမှု ၊ ရပ်သူ/ရွာသာများ၏ ပံ့ပိုးမှု ဖြင့် မူလတန်းကျောင်းဆောင် သစ်တစ်ခုတော့ ပေါ်ထွက်လာပါပြီ။
ကနေဒါစင်တာ တည်ရှိရာ သနပ်ပင်ရွာ၏ အဓိက ကျန်ရှိနေသော လုပ်စရာမှာ
လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်ပါတယ်။
ကုန်ကျစရိတ်များသော ကွန်ကရစ်လမ်းမကြီး မခင်းနိုင်သေးပေမယ့်
မိုးရွာလို့ ဖြစ်နေတဲ့ ချိုင့်တွေနေရာမှာ ကျောက်ကြီးများ ခင်းထားခြင်း
ကျောက်ကြီးများပေါ်မှာ ကားများအလွယ်တကူ မောင်းနိုင်ရန်
ကျောက်သေးများ ဖြည့်ပေးခြင်း
မိုးတွင်း ရေးတိုက်စားသော နေရာများတွင်
ရေပွန်များ ထည့်ကာ တံတားအဖြစ် တည်ဆောက်ပေးခြင်း
ကျဉ်းသောနေရာ၊အလွန်နိမ့်သောနေရာ၊ မြင့်သောနေရာတွေမှ
စက်ကြီးများဖြင့် မြေညှိခြင်း စသော လုပ်ဆောင်စရာများ ရှိပါသေးတယ်။
ဒီလမ်းခင်းကိစ္စကိုလည်း ကနေဒါစင်တာမှ ဦးဆောင်ပြီး ရပ်သူ/ရွာသားများ
နှင့်ပူးပေါင်းလုပ်ဖို့ ပြင်ဆင်နေပါတယ်။
သကြားမင်း ဦးမာဃကဲ့သို့ လမ်းဒါန ကုသိုလ်လုပ်သူများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။
ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များနှင့် တိုင်ပင်၍
ကျောက်ကြီး ကားတစ်စီ - ဘယ်လောက်
ကျောက်သေး ကားတစ်စီ -ဘယ်လောက်
မြေထိုးစက် တစ်ရက် ငှားက ဘယ်လောက်
ရေပွန်က ဘယ်လောက်
ဘီလပ်မြေက တစ်အိတ်ဘယ်လောက် စသည်ဖြင့် ကုန်စရိတ် အသေးစိတ် ထွက်လာဖို့ ရှိပါတယ်။
မိမိတို့ အနေဖြင့် ကျေးလက်ဒေသဖွင့်ဖြိုးရေး ၊ လမ်းပန်ဆက်သွယ်ကောင်းမွန်ရေး အတွက် အတူပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ကျေးလက်တိုင်းမှာ ကနေဒါစင်တာ
ဒီလို ကျေးလက်ဖွင့်ဖြိုးရေး လုပ်ငန်းကို ဒီနယ် တစ်ဝိုက်မှာ လုပ်မှာ မဟုတ်ပါဘူး ပြည်တွင်း/ ပြည်ပ အဖွဲ့ဝင်များ
အလှူရှင်းများနှစ်စုပေါင်းပြီး အားကောင်းရင် အားကောင်းသလောက်
ကျေးလက်တိုင်းမှာ ကနေဒါစင်တာ
ရှိနေမှာဖြစ်ကြောင်း ဝမ်းမြောက်ကြည်နှုးဖွယ် တင်ပြလိုက်ရပါတယ်။

Monday, September 14, 2015
DHAMMA EXAM ON OCTOBER 18
All Dhamma friends and Families.
Burmese Buddhist Society, BC announce the Dhamma
Examination on Recitation of Buddha Dhamma Vandana on October 18, 2015
We, religious leaders and parents have
responsibility to hand over Budhha teaching to our new generations.
Even your kids haven't chance to attend this summer
school but you can now teach Buddha Vandana as guideline at home and your kids can participate
Dhamma Examination on October 18, 2015
Please follow attached for Dhamma examination
When -October 18, 2015 ( 1:00pm -2:00pm)
Where : Buddharamsi Temple
Who : Every Buddhist Families in B.C
Monday, August 3, 2015
ကနေဒါစင်တာ၏ မြန်မာရေဘေး လှုဒါန်းမှု
ယနေ့ နံက် (၁၁) နာရီ # ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များ သည် ၊ မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန်
၈၈- ပွင့်လင်း လူ့အဖွဲ့အစည်းသို့ ကနေဒါမိသားစုမှ ပဏာမ လှူဒါန်းငွေ
သိန်း (၂၀) သွားရောက်လှူဒါန်းခဲ့ပါသည်။
ကနေဒါမှ အလှူရှင်းများဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ။။
မြန်မာပြည်သူများ သဘာဝဘေးအန္တရာယ်မှ အမြန်ကင်းဝေးပါစေ..
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်ဒေးရှင်း
မြန်မာရေဘေးအတွက် ကလေးအတွေး
ခု တစ်လော စာရေးသူတစ်ယောက် အချိန်တိုင်းလိုလို ကွန်ပျုတာနှင့် အလုပ်ရှုပ်နေတတ်သည်။ နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ..၊ ကလေးငယ်များလည်း ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာ သင်တန်း ကြောင့် ကျောင်းမှာ တနေကုန် ဘုန်းကြီးကျောင်းမှာ ရှိနေသည်။
နွေရာသီ ကလေးငယ်များ ၊ မြန်မာစာသင်တန်း သင်ပေးသည်ဆိုသော်လည် ၊ ကလေးများ စိတ်မလွင့်ရုံ ၊ မြန်မာ့ဘုန်းတော်ကြီးကျောင်း ယဉ်ကျေးမှု ဓလေ့ထုံစံများ သိရုံသာ ၊ စာသင်ရင်း ပျော်ရင်းပါးရင်း
ဘုန်း ကြီးကျောင်းမှာ တနေကုန် နေစေသည်။
ခုလို နွေရာသီ ရက်ရှည်ကျောင်းပိတ်ရက်မှာ ကလေးမိဘများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ပေါ်ပေါက်လာခြင်းမှာ
ပြည်ပရောက် မြန်မာမိဘများအတွက် အခွင့်ထူးကြီးပင်ဖြစ်သည်။
ကလေးများ စိတ်မလေလွင့်အောင် ထိမ်းထားပေးနိုင်သည်၊ သို့မဟုတ်က .. မီးကောင်ပေါက်အရွယ် သူငယ်ချင်းများနှင့် လျှောက်လည်တတ်ကြသည်။
နွေရာသီမှာ ကလေးများအတွက် အခြား အကသင်တန်း၊ ရေးကူးသင်းတန်း၊ ဘာသာစကားသင်တန်း၊ တေးဂီတ သင်တန်း ၊ စသည်ဖြင့် သင်တန်းများစွားလည်းရှိပါသည်။ ထိုသင်တန်းများက အခကြေးငွေပေးရတတ်ပြီး ၊ ဘုန်းတော်ကြီးကျောင်လို တစ်နေကုန်တာဝန်မယူ ၊ကလေးများသင်တန်းပီးအောင် မိဘက ထိုင်စောင့် နေရတတ်သည်။
ခါတိုင်းနှစ် နွေရာသီ သင်းတန်းမှာ ၊ ကလေးများအား သင်တန်းပြီး လျှင် ဆော့ကစားစေသည်။ မိမိ ကြိုက်သက်ရာ အပြင်မျက်ခင်းပြင်မှာ ဆော့ကစားစေခြင်း၊ ကျောင်းတွင်းမှာ ကွန်ပျူတာဂိမ်း ဆော့ကစား စေခြင်း စသည်များပါဝင်သည်။
စကားစပ်၍ သင်ကြားမှု အပိုင်းကို ပြောပါဦးမည်…၊
ကလေးများ စာသည်ဆိုသော်လည်း၊ အဓိက … ဆရာ/ကျောင်းသား အတူ သင်ကြားသော စနစ်ကို ကျင့်သုံးပါသည်။ မြန်မာစာသင်သည်ဆိုသော်လည်း …၊ ကလေးများအတွက် အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်တော်များကို ကလေးများကိုယ်တိုင် လေ့လာစေပြီး ၊ ကလေးများ မသိ၍ မေးလာသော မြန်မာ ဝေါဟာရကိုသာ စာရေးသူက အကူအညီပေးပါသည်။
ဤသို့ သင်ကြားခြင်းဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ..၊ မြန်မာစာကိုလေ့လာရင်း..၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု ကိုလည်း သင်ကြားပေပြီးဖြစ်ပါသည်။
ခဏအားလပ်ချိန်…
စာရေးသူ ကွန်ပျူတာ တစ်လုံးဖြင့် အလုပ်ရှုပ်နေခိုက် .. တပည့်ကလေးတစ်ယောက်က
“ဘုန်းဘုန်း တပည့်တော် ကွန်ပျုတာ ဂိမ်းကစားလို့ရလား”
ခါတိုင်းဆို .. သင်တန်းပြီးချိန်မှာ ကလေးများကို ကွန်ပျူတာပေးဆော့တတ်ပါသည်။
“မရးဘူး.. ငါအလုပ်တွေရှုပ်နေတယ်”
“ဘာတွေလဲ ခဏလောက်တော့ ကွန်ပျုတာ ဂိမ်း ကစားပါရစေနော်”
“နိုး ..းနို… နိုး”
ဒီလိုစကားပြောရင်း တပည့်က အနီးနာကပ်လာပြီး စာရေးသူ ကြည်နေ့သော မြန်မာနိုင်ငံက ရေးဘေး ဒုက္ခနေသော လူ၊တိရစ္ဆာန်ဓာတ်ပုံတွေကို တွေ့သွားပါသည်။
ကျွဲများ ခေါင်းလောက်သာပေါ်ပြီး ရေးကူနေရပုံ
ခွေးကလေးများ အိမ်ခေါင်မိုးရောက်နေပုံ
ဝက်ကလေးများ ..ဘေးလွတ်ရာ သယ်ဆောင်နေပုံတွေကို သူ အထူး စိတ်ဝင်စားစွာ ကြည့်နေသည်။
ပြီးနောက် တပည့်က
“ဘုန်းဘုန်း အဲဒါ ဘာဖြစ်တာလဲ” တဲ့
အေး..အဲဒါ တို့မြန်မာပြည်မှာ မိုးတွေ …ရွာလွန်းလွန်းလို့.. တောင်ကျရေးတွေများ၊ ဆည်တွေရေလျှံပြီး ကျေးရွာက လူတွေ ဒုက္ခရောက်နေတာ
အဲဒါ .. ကနေဒါရောက်နေတဲ့ မြန်မာတွေက စုပေါင်းပြီး ကူညီလို့ရအောင်လို့ အင်တာနက်မျာ ဒီပုံတွေကို မျှဝေပေးနေတာ
“အင်း… အဲဒါဆို ရွာက ခလေးတွေကော ဒုက္ခရောက်မှာပေါ့နော်…”
“အင်းပေါ့..ရေးကြီးတယ်ဆိုမှာတော့ ကလေး၊လူကြီး အဘိုး၊အဘွား တိရိစ္ဆာန် သတ္တဝါအားလုံး ဒုက္ခရောက် ကျတာပေါ့ “
“အဲဒါဆို ဘုန်းဘုန်း တပည့်တော်လို အရွယ် ကလေးတွေကော ပါမှာပေါ့နော်”
ပါတာပေါ့ .. မွေးကင်းစကလေးတွေကောပေါ့.. ၊ခုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံစရာ နေရာအဖြစ် ခဏတည်းခိုနေကြပါတယ်။
တပည့်နှင့် မြန်မာပြည်က ခလေးငယ်တွေ ဒုက္ခရောက်ကြောင်း စကားပြောရင်း.. တပည့်လေးက..
တပည့်တော်မွေးနေမှာ အမေဝယ်ပေးထားတဲ့ အဝတ်အစားတွေရှိတယ် ၊ အဲဒါတွေကို မြန်မာပြည်က ရေဘေး သင့် ကလေးတွေအတွက် ပေးလှူလို့ရမလား
စာရေးသူမှပြုံးလျှက် ..ဘာပြောရမှန်းမသိဖြစ်သွားတယ်.. ခဏလောက်စဉ်စားပြီး…တပည့်ရေ ..အဝတ်အစားတွေက ၊ ကနေဒါက ပို့ရတာ သိပ်ဝေးတယ်၊မြန်မာပြည်တွင်းမှာလည်း ပရဟိတအဖွဲ့ တွေက ၊အဝတ်အစား၊စားသောက်စရာ၊ ရေစသည်တွေကို အလှူပေးနေတယ်။
ခု ငါတို့ လောလောဆယ် ကောက်ခံနေတာက သူတို့ ရေရှည်အသုံးပြုဖို့အတွက် အလှူငွေ ကောက်ခံ နေတာ
“ဟုတ်လား ဘုန်းဘုန်း ဘယ်လောက်လှူရမှာလဲ”
ဘယ်လောက်ရယ် မဟုတ်ပါဘူး နောက်တစ်ပတ် ဈေးရောက်ပွဲမှာ မုန့်ဝယ်စားလည်းရတယ်။
တတ်စွမ်းသမျှ မုန့်ဖိုးထဲ ၅-ဒေါ်လာ ၁၀-ဒေါ်လာလည်း လှူလို့ရတယ်။
အဲဒီလို စကားပြောပြီး တပည့်တစ်ယောက် ကွန်ပျုတာ ဆော့ဖို့ ခွင့်မတောင်းတော့ပဲ အပြင်မှာပဲ
အခြားကလေးများနှင့် အတူသွားဆော့နေပါတော့သည်။
နောက်တစ်နေ… နေ့လည် တစ်နာရီ..
တပည့်အယောက် ဘုန်းကြီးကျောင်းကို အစောကြီးရောက်နေသည်။
ဘုန်းကြီးကျောင်းကို ရောက်ရောက်ချင်း ဘုရားဦးချကာ
စာရေးသူဆိရောက်လာတယ်။ တပည့်က စာအိပ်လေး တစ်ခုကို လက်နှစ်ဖက် သေးချာ ကိုင်ပြီး ဘုန်းဘုန်းကို လာကပ်သည်။
“အဲဒါဘာလဲ “
“အဲဒါ မြန်မာပြည်ရေးဘေး ကယ်ဆယ်ရေးအတွက်ပါဘုရား “
“မင်းက ဘယ်ကရတာလဲ”
“တပည့်တော် မွေးနေ့တုန်းက အမေက ပေးထားတဲ့ ငွေကို စုထားတာပါ့ဘုရား”
တပည့်နှင့် စကားပြောရင် စာအိပ်ကလေးကို ဖောက်ကြည့်လိုက်တော့
၂၅- ဒေါ်လာ
သာဓု… သာဓု…သာဓု…
ကနေဒီယန် ၂၅- ဒေါ်လာဟာ ကနေဒါမှာ
အများကြီး အသုံးမဝင်ပေမယ့်… လောလောဆယ် ရေးဘေးဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အတွက်တော့  အဓီက လိုအပ်နေတဲ့ ထမင်းတနပ်စာ ၊ သောက်ရေတစ်ဗူး ၊ အဝတ်တစ်ထည်စာ
အကူအညီဖြစ်သွားပါတယ်ဆိုတာကို တွေးတေား ကြည်နှုးမိရင်း…
ဗုဒ္ဓရံသီဆရာတော်၊ ဗန်ကူးဘား
Wednesday, July 22, 2015
ကနေဒါစင်တာ၏ပရိဟိတ
ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်...
ကနေဒါရောက် မြန်မာများ ၊ မိမိမွေးရပ်မြေကို ကျေးဇူးဆပ်သောအားဖြင့် (သို့) တင်းခဲ့ဖူးသော ကျေးဇူးကို ..တုန်ပြန်သောအားဖြင့်...၊ ကနေဒါစင်တာဖောင်ဒေးရှင်း ဖွဲ့စည်းကာ ..၂၀၁၄-ခုနှစ်က စတင်၍ ပြည်တွင်း ၊ပညာရေး၊ ကျန်းမာရေး ချို့တဲ့သော ကျေးလက်ဒေသများကို ကူညီထောက်ပြံ့ခင်းကို ပြုလုပ်ခဲ့ပါသည်။
စည်းလုံးညီးညွတ်မှု ၊ ဒကာ/ဒကာများ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်
တစ်နှစ် အတွင်းမှာပင်

အာယုဒါန ( ဆေးဝါးအလှူ)
ပညာဒါန ( ကျေးလက် ပညာရေးအလှူ)
နွေရာသီ အင်္ဂလိပ်စာသင်တန်းနှင့် စာရေး ကိရိယာ ထောက်ပံ့မှုများ
အာဟာရဒါန ( ကျေးလက်ကလေးငယ်များ အာဟာရအလှူ)
ဓမ္မဒါန ( တရားအလှူ) တို့ကို ပေးလှူနိုင်ခဲ့ပါသည်။
*ကနေဒါစင်တာ တည်ဆောက်မည့် မြေနေရာ၌ အုတ်တံတိုင်းများ ကာရံခြင်း ပြုလုပ်နိုင်ခဲ့ပါသည်။
*၂၀၁၄- နှစ်တွင် ပြည်တွင်းပညာထူးချွန်းဆု ၃-ယောက် ချီးမြှင်းနိုင်ခဲ့ပါသည်။
*၂၀၁၅-ခုနှစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ကနေဒါစင်တာ အဖွဲ့ဝင်များ၏ သားသမီးများအား ထူးချွန်ဆု (၂၀) ဦးကို ပေးအပ်ရန် စီစဉ်လျှက်ရှိပါသည်။
အထူးကြည်နူးစရာကောင်းသည်မှာ...
၂၀၁၅-ခုပညာသင်နှစ် ....၊
**မန္တလေးဆေးတက္ကသိုလ်သို့ ဆက်လက်ပညာဆည်းပူးမည့်
မောင်ဆန်းမင်းထွန်း (ကျောက်ပန်းတောင်းမြို့နယ် ၊ပျဉ်မကြီးရွာ) အား
ဘွဲ့ရသည်အထိ ကနေဒါစင်တာဖောင်ဒေးရှင်းမိသားစုမှ တာဝန်ယူပါမည်
** မန္တလေး နည်းပညာတက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြားမည့်
မရီမွန်းနှင်း (မုန်တောင်းရွာသစ်၊မင်းဘူးမြို့နယ်) အား ဘွဲ့ရသည်အထိ ကနေဒါစင်တာ ဖောင်ဒေးရှင်းမှ တာဝန်ယူပါမည်။
ကနေဒါစင်တာမိသားစုများ ဝမ်မြောက်နုမော်သာဓုခေါ်နိုင်ကြပါစေ...
ဦးဆောင်ဆရာတော်

Wednesday, July 15, 2015
ကျေးလက်ပညာရေးထူးချွန်ကျောင်းသား
မရီမွန်နှင်းသည် ၊ ၂၀၁၅-ခုနှစ်တွင် ၄-ဘာသာ ဂုဏ်ထူး
အမှတ် ၄၉၂-မှတ်ဖြင့် အောင်မြင်သည် ၊မန္တလေး စက်မှုတက္ကသိုလ်သို့ တက်ရန် စိတ်ဝင်စားသည်
ကနေဒါစင်တာဖောင်းဒေးရှင်း၏ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်းတွင်
ပညာရေးကို ကူညီထောက်ပံ့ရန် ပြည်တွင်းအဖွဲ့ဝင်များမှ တင်ပြလာသော ကျောင်းသူ တစ်ယောက်ဖြစ်သည်။
မရီမွန်နှင်း ကို 1.6.1999 ခုနှစ် မင်းဘူးမြို့နယ် မုန်တောင် ရွာသစ်တွင်
မွေးဖွားခဲ့ပါသည်။ ဖခင်ဦးကျော်နိုင်နှင့် မိခင် ဒေါ်ဝင်းကြည် တို့မှ
မွေးဖွားခဲ့သော်လည်း မိခင်နှင့် အဒေါ်ဖြစ်သူ ဆရာလေး ဒေါ်ရူပဝတီ၏
စောင့်ရှောက်မှုဖြင့် သာကြီးပြင်းခဲ့သူဖြစ်ပါသည်။
ဖခင်ဖြစ်သူမှာ မိခင်ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကွာရှင်းခဲ့ခြင်းကြောင့် ဖခင်မေတ္တာ ငတ်မွတ်ခဲ့ရသူဖြစ်ပါသည်။ မိခင်ဖြစ်သူမှာလည်း မွေးရာပါ မျက်လုံးတစ်ဖက်ချို့တဲ့ပြီး ကျန်းမာရေး မကောင်းသောကြောင့် အမဖြစ်သူ ဆရာလေး
ဒေါ်ရူပဝတီမှကြည့်ရှုစာင့်ရှောက်ထားပါသည်။
မူလတန်းပညာကိုအမှတ်(၄)ရှမ်းစုရပ်မှာသင်ကြားခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းပညာကို မင်းဘူး အထက (၁) ကျောင်းမှာသင်ကြားခဲ့ပါသည်။သီလရှင်ကျောင်းဝေယျာဝစ္စ မိခင်နှင့်အဒေါ်ဆရာလေး၏ဝေယျာဝစ္စများ ကိုလုပါကိုင်ရင်း ကျောင်းစာကိုကြိုးစားခဲ့ရာနှစ်စဉ်အဆင့် ၅ အတွင်းရရှိခဲ့ပါသည်။
အနာဂတ်တွင် နိုင်ငံတော်နှင့်သာသနာတော်ကြီးကို ကူညီစောင့်ရှောင်နိုင်သော
အင်ဂျင်နီယာဆရာမတစ်ယောက်ဖြစ်ရန် မှန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်းဒေရှင်း
ဆက်သွယ်ရန် ပြည်တွင်း မဝင်းဝင်းချို 09 5030 245
ပြည်ပ 1+604 781 1294 (Viber) ကနေဒါ
တိုက်ရိုက်ဆက်သွယ်ရန်ဖုန်း 09 40155 6308
**************
ဝမ်မြောက်ဖွယ်သတင်း
မန္တလေး စက်မှုတက္ကသိုလ်ကို တက်ရောက်မည့် ၊ မရီမွန်နှင်းကို ကနေဒါနိုင်ငံ ၊တိုရန်တိုမြို့ ဒေါ်ထွေးမိသားစုမှ ကျောင်းပြီးသည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။
ထူးချွန်ကျောင်းသား မရီမွန်းနှင်းနှင့် အတူပါ ပုံမှာ ..မရီမွန်နှင်းအား ကျောင်းအစအဆုံး စပွန်ဆာလုပ်မည့် ဒေါ်ထွေးနှင့်မြေးမလေးဖြစ်ပါတယ်။
ကနေဒါစင်တာမိသားစုများ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ

ကနေဒါစင်တာဖောင်ဒေးရှင်းကျေးလက်ပညာရေး
မရီမွန်နှင်းသည် ၊ ၂၀၁၅-ခုနှစ်တွင် ၄-ဘာသာ ဂုဏ်ထူး
အမှတ် ၄၉၂-မှတ်ဖြင့် အောင်မြင်သည် ၊မန္တလေး စက်မှုတက္ကသိုလ်သို့ တက်ရန် စိတ်ဝင်စားသည်
ကနေဒါစင်တာဖောင်းဒေးရှင်း၏ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်းတွင်
ပညာရေးကို ကူညီထောက်ပံ့ရန် ပြည်တွင်းအဖွဲ့ဝင်များမှ တင်ပြလာသော ကျောင်းသူ တစ်ယောက်ဖြစ်သည်။
အမှတ် ၄၉၂-မှတ်ဖြင့် အောင်မြင်သည် ၊မန္တလေး စက်မှုတက္ကသိုလ်သို့ တက်ရန် စိတ်ဝင်စားသည်
ကနေဒါစင်တာဖောင်းဒေးရှင်း၏ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်းတွင်
ပညာရေးကို ကူညီထောက်ပံ့ရန် ပြည်တွင်းအဖွဲ့ဝင်များမှ တင်ပြလာသော ကျောင်းသူ တစ်ယောက်ဖြစ်သည်။
မရီမွန်နှင်း ကို 1.6.1999 ခုနှစ် မင်းဘူးမြို့နယ် မုန်တောင် ရွာသစ်တွင်
မွေးဖွားခဲ့ပါသည်။ ဖခင်ဦးကျော်နိုင်နှင့် မိခင် ဒေါ်ဝင်းကြည် တို့မှ
မွေးဖွားခဲ့သော်လည်း မိခင်နှင့် အဒေါ်ဖြစ်သူ ဆရာလေး ဒေါ်ရူပဝတီ၏
စောင့်ရှောက်မှုဖြင့် သာကြီးပြင်းခဲ့သူဖြစ်ပါသည်။
ဖခင်ဖြစ်သူမှာ မိခင်ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကွာရှင်းခဲ့ခြင်းကြောင့် ဖခင်မေတ္တာ ငတ်မွတ်ခဲ့ရသူဖြစ်ပါသည်။ မိခင်ဖြစ်သူမှာလည်း မွေးရာပါ မျက်လုံးတစ်ဖက်ချို့တဲ့ပြီး ကျန်းမာရေး မကောင်းသောကြောင့် အမဖြစ်သူ ဆရာလေး
ဒေါ်ရူပဝတီမှကြည့်ရှုစာင့်ရှောက်ထားပါသည်။
မူလတန်းပညာကိုအမှတ်(၄)ရှမ်းစုရပ်မှာသင်ကြားခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းပညာကို မင်းဘူး အထက (၁) ကျောင်းမှာသင်ကြားခဲ့ပါသည်။သီလရှင်ကျောင်းဝေယျာဝစ္စ မိခင်နှင့်အဒေါ်ဆရာလေး၏ဝေယျာဝစ္စများ ကိုလုပါကိုင်ရင်း ကျောင်းစာကိုကြိုးစားခဲ့ရာနှစ်စဉ်အဆင့် ၅ အတွင်းရရှိခဲ့ပါသည်။
အနာဂတ်တွင် နိုင်ငံတော်နှင့်သာသနာတော်ကြီးကို ကူညီစောင့်ရှောင်နိုင်သော
အင်ဂျင်နီယာဆရာမတစ်ယောက်ဖြစ်ရန် မှန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်းဒေရှင်း
ဆက်သွယ်ရန် ပြည်တွင်း မဝင်းဝင်းချို 09 5030 245
ပြည်ပ 1+604 781 1294 (Viber) ကနေဒါ
တိုက်ရိုက်ဆက်သွယ်ရန်ဖုန်း 09 40155 6308
ဖခင်ဖြစ်သူမှာ မိခင်ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကွာရှင်းခဲ့ခြင်းကြောင့် ဖခင်မေတ္တာ ငတ်မွတ်ခဲ့ရသူဖြစ်ပါသည်။ မိခင်ဖြစ်သူမှာလည်း မွေးရာပါ မျက်လုံးတစ်ဖက်ချို့တဲ့ပြီး ကျန်းမာရေး မကောင်းသောကြောင့် အမဖြစ်သူ ဆရာလေး
ဒေါ်ရူပဝတီမှကြည့်ရှုစာင့်ရှောက်ထားပါသည်။
မူလတန်းပညာကိုအမှတ်(၄)ရှမ်းစုရပ်မှာသင်ကြားခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းပညာကို မင်းဘူး အထက (၁) ကျောင်းမှာသင်ကြားခဲ့ပါသည်။သီလရှင်ကျောင်းဝေယျာဝစ္စ မိခင်နှင့်အဒေါ်ဆရာလေး၏ဝေယျာဝစ္စများ ကိုလုပါကိုင်ရင်း ကျောင်းစာကိုကြိုးစားခဲ့ရာနှစ်စဉ်အဆင့် ၅ အတွင်းရရှိခဲ့ပါသည်။
အနာဂတ်တွင် နိုင်ငံတော်နှင့်သာသနာတော်ကြီးကို ကူညီစောင့်ရှောင်နိုင်သော
အင်ဂျင်နီယာဆရာမတစ်ယောက်ဖြစ်ရန် မှန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်းဒေရှင်း
ဆက်သွယ်ရန် ပြည်တွင်း မဝင်းဝင်းချို 09 5030 245
ပြည်ပ 1+604 781 1294 (Viber) ကနေဒါ
တိုက်ရိုက်ဆက်သွယ်ရန်ဖုန်း 09 40155 6308
Thursday, July 9, 2015
အရေးကြီးသတင်း
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ ကနေဒါစင်တာဖောင်းဒေးရှင်း၏ အဓိက အမာခံ ကျောင်းအမကြီး ဒေါ်ထွေးမှ ၂၀၁၅-ခုတွင် ထူးချွန်စွာအောင်မြင်သော ၊ အင်ဂျင်နီယာ ၊ ဆေးတက္ကသိုလ်များသို့ သွားရန်အခက်အခဲရှိနေသောကနေဒါစင်တာ အဖွဲ့ဝင်မိသားစုများမှ ကလေးတစ်ယောက်အား
ကျောင်းပြီးသည့်အထိ ကျောင်းထားပေးပါမည်။
နယ်က ကျောင်းသား ဦးစားပေးပါမည်
ဆက်သွယ်ရန် မဝင်းဝင်းချို ( ရန်ကုန်) ၀၉၅၀၃၀ ၂၄၅
ဗုဒ္ဓရံသီဆရာတော် viber ဖုန်း (၆၀၄) ၇၈၁ - ၁၂၉၄ ( ကနေဒါ)
သို့ စုံးစမ်းနိုင်ပါသည်။

Friday, June 26, 2015
ANOTHER DREAM FOR YOUTH
မြန်မာနိုင်ငံ ၊ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်း ကနေဒါစင်ဖောင်ဒေးရှင်း သို့ အဖွဲ့ဝင်ကာ လှူဒါန်းကြသော အလှူရှင်များ ၊ နိုင်ငံတကာမှ လှူဒါန်းကြသော အလှူရှင်များ ၊ ပရဟိတအကျိုးကို အားကြိုးမာန်တက် ကူညီဆောင်ရွက်ကြသောပြည်တွင်း/ပြည်ပ ကနေဒါစင်တာ အလုပ်အမှုဆောင်များ အထူပင်ကျေးဇူးတင်ရှိပါသည်။
၂၀၁၅-ခုနှစ် ပညာရည်ချွန်ဆုပေးပွဲတွင် မြန်မာနိုင်ငံ တဝှမ်းရှိ ၊ ကနေဒါစင်တာ အဖွဲ့ဝင်များမှ ပညာရည်ချွန် ကျောင်းသား (၂၀) အား ပေးအပ်သွားမှာဖြစ်ပါသည်။
လောလောဆယ် ၊ ကျေးလက်ဒေသဖွင့်ဖြိုးရေး စတင်ဆောင်ရွက်နေသော သနပ်ပင်ရွာမှ တက္ကသိုလ်တန်းဝင် ကျောင်းသာများနှင့် မူ/လယ်/အထက်တန်း ကျောင်းသားကိုတော့ဖြင့် ထောက်ပံ့ကြေးပေါ်မူတည်၍
ကူညီသွားမည်ဖြစ်ပါသည်။
၂၀၁၅-ခုနှစ် မြန်မာနိုင်ငံတဝှမ်းရှိ ပညာရည်ချွန်ကျောင်းသားများကို ရန်ကုန်မြို့တော်ကြီး၌ အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြဟ်ပြီး ထူးချွန် ကျောင်းသား တစ်ဦးကို (၁၀၀၀၀၀) တစ်သိန်းကျပ် ဆုချီးမြှင်ရန် ခန့်မှန်းထားပါသည်။
ဒုတိယ ခြေလှမ်းသစ်အနေဖြင့် .. ၊ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ ပညာထူုးချွန်သော လူငယ်များအား ၊ ရွေးချယ်၍ဖြစ်စေ ၊ သတ်မှတ်၍ ဖြစ်စေ ပြည်ပနိုင်ငံများသို့
စေလွှတ်ပညာသင်စေရန် အစီအစဉ်သစ်များ ဆောင်ရွက် လျှက်ရှိပါသည်။ ဤခြေလှမ်းသစ်ကို ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ အကြံကောင်း အဥာဏ်ကောင်းများ ပေးနိုင်ပါသည်။
ကနေဒါစင်တာဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များကို စိတ်ဝင်များသော အဖွဲ့ဝင်
သစ်များကိုလည်း လက်ခံလျှက်ရှိပါသည်။
အသေးစိတ် အချက်အလက်များကို မဝင်းဝင်းချို ( ရန်ကုန်) ၀၉ ၅၀၃၀ ၂၄၅ ကနေဒါစင်တာ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ ဆက်သွယ် နိုင်ပါသည်။
ဗုဒ္ဓရံသီဆရာတော် ( ကနေဒါ)
ကနေဒါစင်တာဖောင်ဒေးရှင်း
Wednesday, June 10, 2015
ကနေဒါစင်တာပညာထူးချွန်ဆုပေးပွဲ
ကနေဒါစင်တာဖောင်ဒေးရှင်း၏ ၂၀၁၅-ခုနှစ် ပညာထူးချွန်း ဆုပေးပွဲ အခမ်းအနားကို
ရန်ကုန်တွင် ကျင်းပမည် ၊ 2015- တက္ကသိုလ်တန်းဝင် ထူးချွန်စွာ အောင်မြင်သော
အသင်းဝင်မိဘများ ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ
ဆက်သွယ်နိုင်ပါသည်။
ကနေဒါစင်တာဖောင်းဒေးရှင်း ၊ကျေးလက်ဒေသဖွင့်ဖြိုးရေးလုပ်ငန်းမျာကို အတူတကွ ပူပေါင်း လုပ်ဆောင်လိုသော ၊ပြည်တွင်း ပြည်ပအသင်းဝင်လိုသောမိတ်ဆွေများလည်း ဆက်သွယ်နိုင်ပါသည်
ပြည်တွင်း မဝင်းဝင်းချို ၊ရန်ကုန် ( 95 9 5030 245)
ပြည်ပ ဗုဒ္ဓရံသီဆရာတော်၊ ကနေဒါ ( 1+ 604 207 0068)

Wednesday, May 13, 2015
စိတ်ခွန်အား စာစုများ
Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ
ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..
ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..
သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။
အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်....
၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။
၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။
၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။
၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။
၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။
၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။
၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။
၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။
၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။
၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။
၁၁။မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။
၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။
၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်.
..စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။
၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။
၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။
၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။
၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။
၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။
၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။
၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။
၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်....တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့... တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား...လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

Tuesday, May 12, 2015
ဆရားတော်ဘုရားကြီးများထုံး နှလုံးမှု၍
၁၉၉၆-ခုနှစ်ဝန်းကျင်လောက်က စာသင်ခဲ့ရတဲ့.. ရန်ကုန် ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများဟာ မင်းကွန်းတိပိဋက
မှတ်တမ်းများ အရသိရပါတယ်။
အဲဒီတုန်းက ဆရာတော်ဟာ တိုင်းကြီး (၇)ခုနှင့် ပြည်နယ် (၇) ခုကို
ကိုယ်တိုင်ကြွရောက် အလှူခံပြီး ၊ အနာဂတ်မျိုးဆက်သစ်များအတွက် ၊ တက္ကသိုလ်ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
တိပိဋက မင်းကွန်းဆရာတော်ကြီးကောင်းမှုကြောင့် ရန်ကုန်သာသနာတက္ကသိုလ်မှာ
သံဃာနေသုံးထပ်ဆောင် (၁၄) ဆောင်
သုံးထပ်စာသင်ဆောင် (၃) ဆောင်
ဆရာများနေသုံးထပ်ဆောင် (၃) ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
မန္တလေး သာသနာ့တက္ကသိုလ်မှာရှိတဲ့ ကျောင်းဆောင်းများဟာလည်း ဆရာတော် ဦးဆောင်ပြီး ဆောက်လုပ်ခဲ့တဲ့ ကျောင်းဆောင်များဖြစ်ပါတယ်။
စာရေးသူဟာ ရန်ကုန်သာသနာ့ တက္ကသိုလ် ကချင်ဆောင်မှာနေခဲ့ရပြီး ..၊ မင်းကွန်ဆရာတော်ဘုရားဆောက်လုပ်လှူဒါန်းတဲ့ အဆောင်မှာ
ပထမဆုံးနေခဲ့ရတဲ့ စာသင်သားပါ
အဲဒီတုန်းက တချို့ဆောင်တွေဆိုရင် မပြီးသေးပါဘူး
ခုတော့လည်းတော်တော်များများ ပြီးသွားကြပါပြီ…၊
မင်းကွန်းဆရာတော်ဘုရားကြီးကို ကျေးဇူးဆပ်သောအားဖြင့်လည်းကောင်း
မင်းကွန်းဆရာတော်ဘုရားကြီးထုံးကို နှလုံးမှု၍လည်းကောင်း …
စာရေးသူလည်း ပြည်ပတိုင်းပြည်ရောက်နေသော်လည်း ၊
ဆရာတော်ဘုရားကြီးတို့ခေတ်ကလို့… တိုင်း/ပြည်နယ်ကို ၊ကိုယ်တိုင်ကြွရောက် စည်းရုံးရေး တရား ဟောစရာ မလိုပဲ အင်တာနက် ၊ Facebook viber messenger စတဲ့ လူမှုကွန်ယက်တတို့မှ စည်းရုံးရေးတရားဓမ္မများ ဟောပြောကာ …
ဆင်းရဲနောက်ကျ ကျန်ခဲ့သော အမိမြန်မာပြည်အတွက်
ဗဟုသုတ ပညာရေး ကျန်းမာရေး နောက်ကျ ကျန်းခဲ့သော မျိုးဆက်သစ်များအတွက်
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေးကို ဦးဆောင်ပြီးလုပ်နေပါပြီ..၊
အဲဒါကြောင့် ကမ္ဘာတဝှမ်းရှိ တပည့်ဒကာ/ဒကာများမ .. မိမိတို့ရဲ့ အမျိုး/ဘာသာ/သာသနာကို ပြန်လည် ထွန်း တောက်လာစေရန် အားလုံး ဝိုင်းဝန်းကြဖို့ တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံကျေးလက်ဒေသဖွင့်ဖြိုးရေးဦးဆောင်ဆရာတော် ၊ကနေဒါ
ven.ghosaka@gmail.com
Monday, April 27, 2015
ကနေဒါစင်တာ
ကနေဒါစင်တာတည်ရှိရာသနပ်ပင်ကျေးရွာနှင့်ပတ်ဝန်းကျင်ရှိကျေရွာများပြမြေပုံကြမ်းဖြစ်ပါသည်။
သနပ်ပင်ကျေးရွာတွင်အိမ်ခြေပေါင်း(၁၆၂)အိမ်။
လူဦးရေကျားမပေါင်(၈၄၄)ဦးခန့်ရှိပါသည်။စာကြည့်တိုက်ကိုကနေဒါစင်တာဝန်ူးအတွင်းတွင်ဖွင့်လှစ်ထားရှိပါသည်။ပရိဘောဂနှင့်စာအုတ်များလိုအပ်လျှက်ရှိပါသည်။
မူကြိုကျောင်းသားဦးရေမှာကျား(၉)ဦး မ(၁၆)
ဦး ပေါင်း(၂၅)ဦး။မူလတန်းကျောင်းသားဦးရေ မှာကျား(၃၅)ဦး မ(၄၄)ဦး ပေါင်း(၇၉)ဦး။
အလယ်တန်းကျောင်းသားဦးရေမှာကျား(၁၃)မ(၂၉)ဦး ပေါင်း(၄၂)ဦးရှိပါသည်။
ကနေဒါစင်တာသည် မော်တော်ကားလမ်းနှင့် (၅)မိုင်ခန့်ကွာဝေးပါသည်။
ကျောက်ကြမ်းခင်းပြီးလမ်းများပေါ်တွင်မြေသားများဖို့ရန်လိုနေပါသည်။ေ
မြေလမ်းပေါ်တွင်လဲကျောက်ကြမ်းများခင်းပြီးမြေသားများဖို့ရန်လိုနေသေးသဖြင့် သွားလာမှုခက်ခဲလျှက်ရှိပါသည်။ကျောက်ပန်း တောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင် ကျေးလက်ဒေသဖွံဖြိုးရေးရုံးသိုလမ်းများပြုပြင်ပေးနိုင်ရန်မြေပုံကြမ်းနှင့်တကွစာရွက်စာတမ်းများ
တင်ပြထားပြီဖြစ်ပါသည်။
ကနေဒါစင်တာတည်ဆောက်ရန်ခန့်မှန်းကန်ကျစရိတ်မှုာသိန်း(၅၀၀)ကျပ်ခန့်ကုန်ကျမည် ဟုခန့်မှန်းထားရှိပါသည်။လိုအပ်နေသည်များကိုလဲပါဝင်လှူဒါန်း ကူညီနိုင်ပါရန်ဖိတ်ခေါ် အပ်ပါသည်။
ကနေဒါစင်တာအလုပ်အမှုဆောင်အဖွဲ့
သနပ်ပင်ကျေးရွာ
ဦးသိန်းဝင်း(ဥက္ကဌ)
09 4027 38525
ဦးအောင်ကြည်စိုး(အတွင်းရေးမှူး)
09 334 61073
ဒေါ်ဝင်းဝင်းချို(ရန်ကုန်)
09 5030245
09 798469724
ဦးဟန်ညွန့်(ရန်ကုန်)
09 73182822
09 420059406်

Friday, April 24, 2015
Mission to Nation !
I see, the rural people are horrible but they are very simple and humble.
I see , the rural people are poor but they are very rich in simple, kindness, helping.
I see, the rural people are uneducated but they are deserved to human standard.
I see, the rural people are poor in health but they are deserved to healthiness.
I hope, we can do something for them.
I hope, we can change the country with them.
I hope , we can change together a better a country.
This hope is an anchor for my country.

Mission to Nation
Mission to Nation!

Monday, March 30, 2015
CANADA CENTRE FOUNDATION PROJECT
Canada
Centre Foundation was founded in 2014 by a group of Burmese Canadian to
provide Education and Health living in remote areas in Myanmar.
Currently started in Tha-nat-pin village Kyauk-pan-daung township . In
this remote area many of the children couldn't attend school regularly
or orphaned as the result of chaotic Education and Healthcare system.
Canada Centre Foundation is currently sponsoring three- years project to establish a sustainable educational system that can generate income to maintain the institution and support the children being schooled there.
The goals during the three of of the project (1) to establish Canada Centre in That-nat-pin village.(2) to repair road and bridge on the way of that-nat pin village.(3) Support Education and Healthcare.

Saturday, March 28, 2015
ကနေဒါစင်တာအုတ်တံတိုင်းအလှူရှင်များ
ကနေဒါနိုင်ငံမြို့နယ်တိုင်း ၊ရပ်ကွက်တိုင်းလိုလိုမှာ Community Centre လို့ခေါ်တဲ့ Public - စုဝေးရာ ၊ ပညားရေး၊ကျန်းမာရေး၊ အလုပ်အကိုင် ၊ စတဲ့ information စုံတဲ့ စုရပ် တစ်ခုရှိပါတယ်။
ကနေဒါကိုရောက်နေတဲ့ ဦးဆောင်ဆရာတော်အနေနှင့် Community Centre ကို သဘောကျလို့ မိခင်ကြီးထားခဲ့တဲ့ အိမ်နှင့်မြေကို ကျေးရွာလူတွေသာရေးနာရေး အသုံးပြုဖို့ " ကနေဒါစင်တာ" အမည်ပေးကာ ၊ စင်တာတစ်ခုကို ဦးဆောင် ဆောက်နေပါတယ်။
ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာများလည်း အားပေးကြပါတယ်။
လောလောဆယ် ၊ စင်တာဖောင်ဒေးရှင်းမချခင်မှာ စင်တာတည်ဆောက်မည့်နေရာ အုတ်တံတိုင်းများ ခတ်နေပါတယ်။
(၁၀) ပေးလတ်လည် အုတ်တံတိုင်း တကွက်ကို ငါးသောင်းကျပ် ( $50 ) ဖြင့် မိမိတို့နာမည်ဖြင့်လည်ကောင်း ၊ ကွယ်လွန်သူ ကျေးဇူးရှင်မိဘများ ရည်စူး၍လည်းကောင်း
လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Thursday, March 19, 2015
Calling for a membership
With our main goal of development and planning support programs to improve the education, health and general help to the rural communities in Myanmar, we are planning to provide effective initiatives in a short amount of time to bring value to the communities. We are currently asking for membership support from within the country as well as from abroad would like to encourage you to join us.
Provide support to improve the education and health of the rural communities in Myanmar.
Deliver the improvement support for education and health directly in person to the rural communities
Donate financial support directly to those initiatives.
What are the benefits of Membership?
1) Working together with community spirit and support of fellow human beings with love and compassion resulting in both improved secular and spiritual goodwill and Kusalakama.
2) Get a change to attend annual “Buddharamsi Bursary Award” ceremony who is outstanding education ad community service.
Note: The award of Bursary applies to commendations from an accredited educational institution. It also applies to those who have passed the entrance exams to Collage or Universities.
3) To be able to participate in the newly accessible International Exchange Student program organized by Burmese Buddhist Society, BC
For those patrons who would like to provide support and would like to participate, please fill out the attached form and return it by email to: ven.ghosaka@gmail.com
For patrons living abroad, the Membership fee is $100
For patrons residing in Myanmar, the Membership fee is Kyat -1000 one time and Kyat 100 by monthly.
From Myanmar,
please contact Ma Win Win Cho at 9503-0245
From abroad,
please contact 604-207-0068 (Canada)
- Mission:
Provide support to improve the education and health of the rural communities in Myanmar.
- Plan:

Good News
To improve the traveling and communication to Myanmar from those patrons living abroad, plans are being put in place to open an office in Yangon with local organizers focusing on the goals and mission of the Canada Centre.
For more information or questions, please call (604) 207 0068 / (604) 781 1294
Or email ven.ghosaka@gmail.com
Canada Centre Foundation, Canada, Myanmar
Tha nut pin Village, Kyut Pa Down, Mandalay Province

Tuesday, March 17, 2015
Mission of Canada Centre Foundation !
Last Sunday, we received a phone call from the Canada Centre Coordinator Ko Han Nyunt from Yangon.
He had passed on the news that due to the support efforts coordinated and delivered through the Canada Centre Foundation, Ma Nyunt Than from the village of Thanut Pin, who has been suffering from renal complications has greatly improved and has actually returned to her family at the village.
For those communities that have little education and access to health in the rural areas, our ability to provide support from afar and overseas through the Canada Centre has brought great joy and accomplishment to us.
Even though our individual contributions are small on their own, as each individual vapor mist come together to create a beautiful rainbow, our collective efforts will create great improvements to these communities and we can all take joy in our small contributions.
Ma Nyunt Than, who is mentioned earlier, did not have access to the Hospital services to improve on her renal condition relating to a Liver disease. As a result, she had been resulting to the traditional medicines but her conditions had been deteriorating to critical phases. Her suffering had been great due to this declining condition.
Attempts to take her to the Hospitals in Yangon had been thought of but could not happen due to the lack of financial support.
Earlier in 2015, when delegations from the Canada Centre were visiting to the communities, their focused planning and commitment to improve the education and access to health have resulted in the direct contribution to the improvement of the healthcare for people like Ma Nyunt Than.
A sum of five thousand ( 500,000) Kyat was administered to focus on helping Ma Nyunt Than at the time when she was needing the care the most and effective care was able to be provided in Yangon. Her return to the wellbeing and subsequent discharge and return to the community is one of the great success stories of the effectiveness of the Centre.
To all the patrons from within and abroad who have been and continuing to support the efforts of the Canada Centre, we would like to share this great news story with all of you and would like to Thank you for your great deeds.
May Buddha blessing upon all!

Subscribe to:
Posts (Atom)