Thursday, February 21, 2013

ရွေးချယ်ခွင့်...


ကျနော်  ၄-တန်းတက်တုန်းက တစ်နေ့သောအခါ ဆရာမက အတန်းထဲမှာ အခုလိုကြေညာလိုက်တယ်။

"တပည့်တို့ ၊ တိုများအတန်းထဲက ဥာဏ်ကြီးရှင် တစ်ယောက်ကို ဂုဏ်ပြုကြရအောင်။ သူဟာ တကယ့်မွေး ရာပါ ပါရမီရှင် အစစ်ဖြစ်ပြီး  အိုင်ကျုလည်း အရမ်းမြင့်တယ်ကွယ်" တဲ့။

ဒီနောက် ဆရာမက ကျနော့် အချစ်ဆုံးသူငယ်ချင်း အင်ဒရူးကို ပွဲထုတ်လိုက်ပါတော့တယ်။

အင်ဒရူးဟာ အတန်ထဲမှာ စာအတော်ဆုံးဖြစ်သလို ၊ သူကိုသင်ပေးရတဲ့အတွက်လည်း ဆရာမ ဂုဏ်ယူနေပုံပဲ။

အဲဒီအချိန်အထိ " ပုရွက်ဆိတ်ကလေး အင်ဒီ" လို့ ကျနော်တို့ နာမည်ပေးထားတဲ့ အင်ဒရူးဟာ ခပ်ငယ်ငယ် ချာတိတ်လေးပဲ ရှိပါသေးရဲ့။ သူ့ကို ပုရွက်ဆိတ်လို့ ခေါ်ရတာလည်း သူက သေးသေးသွယ်သွယင်းလေနှင့် ဖားပြုတ် မျက်လုံးပြူကြီးလို စာကြည့် မျက်မှန်အထူကြီး တပ်ထားလို့ပါပဲ။ ခုတော့ ကျနော်တို့ သူ့ကို " ဦးနှောက်ကောင်းတဲ့ ပုရွဲဆိတ် အင်ဒီ" လို့ ပြောင်းခေါ်ခဲ့ရကြပါပြီး။

ညီးညီနိုင် ဘာသာပြန်တဲ့ Rich Kid Smart Kid စားအုပ်မှာပါတဲ့ စာသား အချို့ကို ဖတ်မိတော့။ လွန်ခဲ့တဲ့ ၁၀-နှစ်ဆီက နိုင်ငံခြား သာသနာပြု အရွယ်ချယ်ခံ သူငယ်ချင်းတွေဆီ  အတွေးကရောက်သွားတယ်။ သင်တန်းကာလပြီး ပြည်ပ သာသနာပြုလွှတ်ဖို့ ရွေးချယ်ကြဆိုတော့ အထက်က ဆရာမလိုပဲ အတန်းထဲမှာ စာတော်တဲ့ ၊ဆရာ့စကာ မသွေမတိမ်းလိုက်နာတဲ့ ပုရွက်ဆိတ်အင်ဒရှု ရွေးသလို့ပဲ အိုင်ကျုမြင်သူ  ၇-ပါးကို ရွေးလိုက်တယ်ဆိုပါတော့ဗျာ။

မကြာပါဘူး  ထိုင်ဝမ်ကို ပညာသင်သွားတဲ့ အိုင်ကျုမြင့် အဖွဲ့မှ တစ်ပါးဟာ အာရုံကြော ရောဂါလိုလို ၊ မသန်းမစွမ်းရောဂါ လိုလိုနဲ့  ပညာသင်ကောလိပ်တောင် မရောက်ပဲ ဆေးကုဖို့ အိပ်ပြန်ခဲ့ရတယ်။

အိုင်ကြူမြင့်တဲ့ ပုရွက်ဆိတ်ကလေး အင်းဒီအကြောင်းကို ဆက်ပြောရရင်... ။  အတန်းထဲမှာ ကျောင်းသား တစ်ယောက်က ဆရာမကို  အိုင်ကြူဆိုတာ ဘာလဲလို့ လက်ဝါထောင်မေးတယ်။

ဆရာမက အိုင်ကြူ ( Intelligence Quotient ) စားလို့ရတဲ့ ဥာဏ်စွမ်းရည်ကို ခေါ်တာလို့ ရှင်းပြတယ်။
ကျောင်းသာက ဆရာမရှင်းပြတာကို နာမလည်းသေးကြောင့်း ပြောတော့ ။ " မင်းတို့ ..ငါပြေားထားသာပဲ.. စကားလုံ အနက်မသိရင် ကိုယ့်ဘာသာကို ရှာလို့ ၊ သွား အဘိဓာန်ကို ရှာကြည့်လို့" ဆရာမက ပြောလိုက်တယ်။

ကျောင်းသားလေးလည်း အဘိဓာန်ကို ယူလာပြီး အတန်းထဲမှာ အိုင်ကြူရဲ့ အနက်ဖွင့်ဆိုချက်ကို အကျယ်ကြီးဖက်လိုက်တယ်။
" IQ = စားလို့ရတဲ့ ဥာဏ်စွမ်းရည်၊ လူတစ်ယောက် အပေါ် စံချိန်မီ ဆန်းစစ်ချက်အရ သတ်မှတ်လိုက်တဲ့ အသိဥာဉ်ရဲ့ အသက်ကို သူမွေးသက္ကရာဇ်အရ ရောက်ရှိနေတဲ့ လက်ရှိအသက်နှင့်စား ၁၀၀ နှင့် မြှောက်လို့ရတဲ့ ဥာဏ်ရည်အဆင့် ဖော်ပြချက် ကိန်းဂဏန်း" တဲ့။

စာဖတ်ပြတဲ့ ကျောင်းသားလေးက ဆရာမကို မော့ကြည့်ရင်း ကျနော် သဘောမပေါက်သေးဘူးဆိုတော့ ဆရာမက စိတ်ရှုပ်ရှုပ်နဲ့ မျက်မှောက်ကုတ်ခါ..  " မင်းဘယ်နားလည် ပါ့မလဲ။ မင်းနားလည် ချင်စိတ်မှာ မရှိတာကို ။ မင်းတကယ်နားလည်ချင်ရင် မင်းကိုယ်တိုင် သုတေသနလုပ် လေ့လာရုံပဲရှိတယ်" တဲ့။

ကျောင်းသားက မကျေနပ်တာနဲ့ ဆရာမပဲ ဒါက အရေးကြီးတယ်ဆို။ အရေးကြီးတာမှန်ရင် အဓိပ္ပါယ်ကို နားလည်အောင် ရှင်းပြပြီး ၊ ဘာကြောင့် အရေးကြီးတယ်ဆိုတာ ပြောပြရမှာပေါ့။ လို့စောဒက တတ်တယ်။

ကြည့်ရတာ ဆရာမကိုယ်တိုင် IQ ရဲ့အဓိပ္ပါယ်ကို ကောင်းကောင်း နာလည်ပုံမရပါဘူး။

ဒီလိုပြောတော့ ဥာဏ်ကြီးရှင် ပုရွက်ဆိတ်ကလေး အင်ဒီက... ကျနော်ကို တစ်တန်းလုံး ရှင်းပြပါဟုဆိုကာ အတန်း ရှေ့ထွက်ပြီး စာသင်ကျောက်သင်ပုန်းပေါ်မှာ... ခုလိုပြခဲ့တယ်။

အသိဥာဏ်ဆိုင်ရာ.......         အသက် ၁၈ ×  ၁၀၀                         =     ၁၈၀ IQ
လက်ရှိအသက်                                ၁၀

" လူတွေက ကျနော်ကို ဥာဏ်ကြီးရှင်လို့" လို့ ခေါ်ကြတဲ့ အကြောင်းက ကျနော်ဟာ လက်ရှိ အသက်အားဖြင့် ၁၀ နှစ်သာ ရှိသေးပေမယ့်၊ ဆန်းစစ်ချက်အရ ၁၈နှစ်အရွယ် လူတစ်ယောက်ရဲ့ အသိဥာဏ်မျိုး ရှိနေတယ်လို့ အမှတ်ပေးကြပါတယ်"

တစ်တန်လုံးက ငြိမ်ပြီး အင်ဒရူးပြောတာကို ကျေညက်အောင် လေ့လာမှတ်သားနေတယ်ပေါဗျာ။

ဒီအချိန်မှာ ကျောင်းသားတစ်ယောက်ပဲ.. " တစ်နည်းအားဖြင့် ပြောရရင်.. မင်းတို့အသက်တွေ ကြီးလာလို့ သင်ယူမှုနှင့် ဥာဏ်စွမ်းရည်တွေ တိုးတက်မလာဘူးဆိုရင် မင်းတို့ရဲ့ အိုင်ကြူလည်း ကျဆင်းသွားမှာပေါ့"  ဟု ဝင်ပြောလိုက်တော့ ။

ဥာဏ်ကြီးရှင်က.. ဒါလည်း ငါပြောမလို့ပဲ ဒီနေ့ ငါဥာဏ်ကြီးရှင် ဖြစ်နေပေမယ့် အသိဥာဏ်တွေ ဆက်လက် မမြှင့်တင်ရင် ညီမျှခြင်းထုတ်တဲ့ အောက်ရောက်သွားမှာပါ။

သူငယ်ချင်း ကျောင်းသားက... " ဒါဆို မင်းဟာ ဒီနေ့ ဥာဏ်ကြီးရှင် ဖြစ်မေယ့်၊ မနန်ဖန်ကြရင်  ငတုံး၊ ငထိုင်း ဖြစ်သွားမှာပေါ့"ဟု ခပ်နောက်နောက်ပြောလိုက်တော့။

အင်ဒရူးက ... ရယ်စရာကောင်းသေး... မင်းထင်သလို ငါဖြစ်မယ်ထင်လား ၊ ငါ့ကိုယ် ငါသိတယ်ကွဲတဲ့။

သူငယ်ချင်းကျောင်းသားက... ငါ့ကိုလည်း ကျောင်းထွက်တဲ့နေ့လိုက်ကြည့်ပေါ့ကွာ မင်းနဲ့ငါ ဘေ့စ်ဘောကွင်းထဲမှာ ပြန်တွေ့ကြမယ်။ အဲဒီတော့မှ ဘယ်သူက အိုင်ကြု ပိုမြင့်သလဲဆိုတာ သိမှာပဲ"

တကယ့်တော့ စာတော်တယ်ဆိုတဲ့ အင်းဒရူးဟာ... စာတော်ပေမဲ့ အတန်းထဲမှာ မသန်မစွမ်းဖြစ်နေလို့ ပုရွက်ဆိတ်ကလေး အင်ဒီလို့တောင် နောက်ပြောင်နေတာ ကျောင်းသားတိုင်းအသိပါ။ ဘေ့စ် ဘောကွင်းမှာ ဘယ်ဘောလုံးဖမ်းနိုင်ပါ့မလဲ..။

ဒီအိုင်ကြူအကြောင်းကို ဖတ်ရင်း...  ပြီခဲ့တဲ့ ဆယ်နှစ်က အိုင်ကြူအမြင့်ဆုံးဆိုပြီး  ဆရာရွေးချယ်လိုက်တဲ့ တပည့်တွေဟာ... အိုင်ကြူတွေဆက်မြင့်တက်မလာပဲ၊ နောက်ဆုတ်သွားတာကိုပဲ တွေ့ရတယ်ဗျာ။ အဲဒီတုန်းက ကျနော်ဟာ အိုင်ကြူမြင့်တဲ့ထဲမှာ မပါခဲ့ပါဘူး။

အဓိကတော့.. အိုင်ကြူထက်.. နေရာဒေသနဲ့ ကိုက်ညီတဲ့ အသုံဝင်သူ၊ အင်ဝင်ကွင်ကျ ဖြစ်တဲ့သူကို ရွေချယ်တာ အသင့်တော်ဆုံးပါ။ ကျောင်းမှာ စာတော်သူတိုင်း ၊ ခေါင်းဆောင်းကောင်း မဖြစ်နိုင်သလို ၊ အရာရာကို စွမ်းဆောင်နိုင်သူ မဖြစ်နိုင်ပါဘူး။
လူဆိုတာ သူ့နေရာနဲ့သူ .. အသုံးကျနေတာပဲလေ။



No comments:

Followers

My Blog List