Showing posts with label မင်္ဂလာ. Show all posts
Showing posts with label မင်္ဂလာ. Show all posts

Monday, April 30, 2012

ခန္တီမင်္ဂလာ ( သည်းခံခြင်းမင်္ဂလာ)


သည်းခံလျှင် နိဗ္ဗာန် ၊
မခံသာ မှန်ပါသည့် ဤတရား၊  ခံသာလျှင် သံသရာကြော မျှောလိမ့်အများ။
(စွန်းလွန်းဆရာတော်)

မိမိရဲ့ ရင်သွေးငယ်များက ..မိမိအားပုတ်ခတ်နေသည်ကို ကျေနပ်စွာ သည်းခံနိုင်သကဲ့သို့ သူများတကာ ဆဲရေးတိုင်းထွာ ပုတ်ခတ်လာခြင်းကို လက်တုန့်မပြန် ကျေနပ်စွာ သည်းခံနိုင်ခြင်းကို “ခန္တိမင်္ဂလာ” ဟုခေါ်ပါတယ်။ တစ်ယောက်နှင့် တစ်ယောက် သည်းခံ၊ခွင့်လွှတ်တတ်ခြင်းသည် ကြီးပွားကြောင်း တရားဖြစ်၍ သာယာအေးချမ်းသော မိသားစု၊ တိုးတတ်သော တိုင်းနိုင်းငံများတွင် တစ်ယောက်နှင့် တစ်ယောက်၊  တစ်ဖွဲ့နှင့် တစ်ဖွဲ့ သည်းခံ၊ခွင့်လွတ်တောင်းပန်သော စနစ်ကို ကျင့်သုံးကြသည်ကို   လေ့လာ တွေ့ရှိရပါတယ်။

ဒီတခါတော့ ငါမနိုင်လို့ သည်းခံလိုက်မည် ကြုံလာလျှင် ပြန်ဆော်မည်ဟု စိတ်ထားမျိုးဖြင့်   အောက်သီးအောက်သက် သည်းခံလိုက်ရခြင်းသည် ခန္တိအစစ်မဟုတ်။


သိကြားမင်းရဲ့ ခန္တီမင်္ဂလာ
တခါက တာဝတိံသာ အသုရာစစ်ပွဲမှာ တာဝတိံသာနတ်တို့က နိုင်လို့ ဖမ်းလာသော ဝေပစိတ္တိ အသုရာကို သုဓမ္မာစရပ်မှာ တုပ်နှောင်ထားပါတယ်။ သကြားမင်းကို သုဓမ္မာသဘင်မှာ ဝင်တိုင်း၊ ထွက်တိုင်း ဝေပစိတ္တိ အသုရာက  မကြားဝံ့မနာသာ အမျိုးမျိုး ဆဲရေးပါတယ်။ ဆဲရေးတိုင်းထွာသမျှအားလုံးကို သိကြားမင်းက လက်တုန့်မပြန် သည်းခံတော်မူပါတယ်။

ဤအချင်းအရာကို တွေ့နေမြင်နေရတဲ့ မာတလိနတ်သားက သကြားမင်းကို “ဤကဲ့သို သည်းခံနေသည်မှာ ဝေပစိတ္တအသုရာကို ကြောက်နေလို့လား ၊ ပြန်လည်လက်တုန့် မပြန်နိုင်အောင် အင်အားမရှိလို့လား” လို့ မေးပါတယ်။ ထိုအခါ သကြားမင်း က “ မာတလိ.. ငါသည် ကြောက်လို့လည်း မဟုတ်..၊ အင်အားမရှိလို့ လည်းမဟုတ်.. ငါကဲ့သို့သော ပညာရှိသည် သူလို လူမိုက်နှင့် ဖက်ပြိုင်နေလို့ ဘာမှအကျိုးမရှိ” လို့ဖြေဆို၏။ တဖန်မာတလိက. “သကြားမင်း လူမိုက်တို့မည်သည် ထိုက်ထိုက် တန်တန်  ပြစ်ဒဏ်ဖြင့် မနှိပ်ကွပ်နိုင်က.. သာ၍ ကဲလာနိုင်သောကြောင့် ပညာရှိုတို့မည်သည် လူမိုက်ကို ပြင်းပြင် ထန်ထန် အပြစ်ပေးသင့်ကြောင်း” ဆိုပြန်၏။ သကြားမင်းက.. “မာတလိ.. သူတပါး အမျက်ထွက်သည်ကို သိ၍  မိမိမှ အမျက်မထွက် ငြိမ်သက်နေခြင်းဟာ လူမိုက်အား ဆုံးမခြင်းမဟုတ်လား” လိုဆို၏။  မာတလိက မကျေနပ်၍.. “  သကြားမင်း.. ဤကဲ့သို့ သည်းခံနေခြင်းဟာ အပြစ်ရှိ၏၊ လူမိုက်က ငါ့ကို ကြောင်လို့ လက်တုန့် မပြန်ခြင်းလို့ ထင်ပြီး ပြေနေသော နွားများကို နွားများက ဖိလိုက်တတ်သကဲ့သို့  ရန်သူကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်လို့” ဆို၏။

 အဆုံးမှာ သိကြားမင်းက.. အကျယ် တဝင့် တရားပြသည်မှာ  “ငါကြောက်၍ သည်းခံ သည်ဟု ထင်လိုထင် ၊ မထင်လိုနေ၊ ခန္တီထက်သာလွန်သော ကောင်းကျိုးကို ငါမမြင်၊ လောက၌ အားနည်းသူသာလျှင် အမြဲသည်းခံတတ်ရာ၊ အားရှိသူဖြစ်လျှက် သည်းခံခြင်းမျိုးကို အမြတ်ဆုံး”ဟု ပညာရှိတို့ဆိုကြ၏။  အားရှိသူမှ လက်တုန့်ပြန်ခြင်းမှာ လူမိုက်အားမျိုးဖြစ်၍ အားမဟုတ်သည်ကို အားထုတ်ခြင်းဖြစ်၏။  

 သည်းခံတရား စောင့်ထိမ်းခြင်းဖြင့် အားထုတ်ခြင်းကိုသာ မြင့်မြတ်သော အားထုတ်ခြင်းဟု ဆို၏ “ ကိုယ့်အာ အမျက်ထွက် သူကို ပြန်စိတ်ဆိုးသူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်ပါတယ်။  စိတ်ဆိုးသူကို ပြန်မဆိုးသည်မှာ အောင်နိုင်ခဲ့သော စစ်ပွဲကို အောင်နိုင်သူမည်၏။  တချို့လူဗာလများက  မိမိ၊သူတပါး အကျိုးစီးပွားအတွက် သည်းခံလိုက်ခြင်းကို အလကား သတ္တိမရှိသူဟု မှတ်လို့ကြ၏။ သကြားမင်း၏ သည်းခံ စွမ်းရည်မှာ လောကရေး ဓမ္မရေးမှာ မှတ်သားထိုက်ပေစွ။

ခန္တီတရားမရှိသူများ၌ အပြစ်ငါးပါး
၁) လူမုန်းခံရခြင်း
၂) ရန်များခြင်း
၃) အပြစ်များခြင်း
၎) တွေတွေ ဝေဝေသေရခြင်း
၅) သေသော် အပါယ်သို့ရောက်ရခြင်း။  ( ဗုဒ္ဓ)

ဝေဒေဟိကာ
တချို့သည်းခံနိုင်သည်ဟု ဆိုသော်လည်း အရာရာပြည့်စုံနေ၍ အမြတ်မထွက်ဖြစ်၏ ၊ ပြဿနာနှင့် ရင်ဆိုင်တွေ့ ရသောအခါ သည်းခံလိုစိတ်မရှိကြ။ အရေးကြီးသည်မှာ တရားသဘောပေါက်၍   ကောင်း၊ဆိုနှစ်တန်ပေါ်မှာ သည်းခံနိုင်ဖို့ အရေးကြီး၏။ 

ရှေးက သာဝတ္ထိပြည်မှာ ဝေဒေဟိကာ အမည်ရှိသော အိမ်ရှင်မ တစ်ယောက်ရှိ၏။ အကျင့်ကောင်းသူ၊ နှိမ့်ချတတ်သူ၊ တည်ငြိမ်သူ၊ အေးဆေးသူအဖြစ် ဂုဏ်သတင်းမှာ ကျော်ကြား၏။  ထိုအိမ်ရှင်မ၌ အလုပ် ကျွမ်းကျင်၍ မပျင်းမရိ ဝတ္တရားကျေပွန်သော ကာဠီမည်သော ကျွန်မတစ်ယောက်ရှိ၏။ ကာဠီက “ ငါ့အရှင်မ ကောင်းတသင်းမှာ အပြောများလျှက်ရှိ၏။  ငါ့အရှင်မ တကယ်ပဲ ဒေါသမရှိသလား ၊ ငါက ကောင်းနေလို့ သူကောင်းနေခြင်းဖြစ်နေသလား” ဟု စုံစမ်းရန်အကြံဖြစ်၏။  နောက်တစ်နေ့ နေမြင့်မှ အိပ်ရာကထ၏။ “ ဟဲ .. ကျွန်မ ဘာ့ကြောင့် အိပ်ရာထ နေမြင့်သလဲ” ဟုမေးသော် “ဘာမှ မဖြစ်ပါ အရှင်မ” ဟု ပြော၏။ ဝေဒေဟိကာ စိတ်ဆိုး၍ မျက်မှောင်ကြုတ်၏။  ထိုအခါ ကာဠီိက “ငါ့သခင်မ စိတ်ဆိုးတတ်ပါတယ် ငါကောင်းလို့ သူကောင်းနေတာပါ” ဟု အမှတ်ပြု၏။ နောက်တနေ့ ထပ်မံစုံစမ်းလို့၍ ထိုထက် နေမြင့်အောင် အိပ်ပြန်၏။ ထိုအခါ မျက်မှောင်ကြုတ်ရုံတင်မကတော့ပဲ ပါးစပ်က ရေးရွတ်ကြိမ်းမောင်းသည်အထိ ဆို၏။ နောက်တနေ့  ထိုထက် ပိုနေမြင့်အောင်အိပ်ပြန်ရာ ထိုအခါ ပါးစပ်ပါမက လက်ပင်ပါလာတော့ပြီး တံခါးမင်းတုပ်နှင့် ခေါင်းကို ရိုက်ခွဲရာ ကာဠီခေါင်းကွဲရှာလေသည်။ 

ကာဠီလည်း သွေးတွေယိုနေသော ခေါင်းကွဲဖြင့် အိမ်နီချင်းတွေထံ လျှောင်ကာ ကြည့်စမ်းပါ အကျင့်ကောင်းလှ သည်ဆိုတဲ့ သခင်မရဲ့လုပ်ပုံ ၊ တစ်ယောက်တည်းသော ကျွန်မကို အိပ်ရာထ နေမြင့်အောင် အိပ်ရကောင်းလား ဆိုပြီး တံခါးမင်းတုပ်နှင့် ရိုက်ခွဲတယ်”ဟု ကဲ့ရဲ့အောင်ပြော၏။ ထိုအခါကျမှ ဝေဒေဟိကာ ကြမ်းတန်းသည် မာန်မာနကြီးသည်  ဆူပူတတ်သည်ဟု မကောင်းသတင်ထွက်ပြန်၏။ ထိုကြောင့် ဓမ္မနှင့်မယှဉ်သော သည်းခံခြင်းတရား သည်လည်း   ဖောက်ပြန်တတ်ကြောင်း  သာဓကပင်ဖြစ်၏။ 

ထိုကြောင့် သည်းခံခြင်းတရားသည် မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လမ်းစဉ်ဖြစ်၍ ၊ သည်းခံခြင်းတရားကိုကျင့်သုံးခြင်း ဖြင့်ဘဝမှ မလိုလားအပ်သော ဆိုးကျိုးများမှ ဝေးကွာနိုင်ပါသည်။

သည်းခံခြင်းဖြင့် ဘဝအောင်မြင့်မှု ရကြပါစေ

ပရိတ်ကြီးနိဿယသစ် ၊ သပြေကန်ဆရာတော်

Friday, April 27, 2012

SOVACASATA MANGALA - To be amenable to words of reason



A good advice is learning something that is beneficial for someone to get out of danger and problem. It could be a “word of reason” that is more valuable than a precious gift. At times, it may be just like a bitter medicine, hard to swallow for a person particularly when it is against his wish and desire. It becomes a crucial decision for him when this good advice or word of reason, though it is true and beneficial, is contradicting his opinion. Only the wise is amenable to such decisions. 

It is a human nature to have wish and desire (Lobha) and attachment to it (Tanha). But one has to differentiate of these desires and attachments are right or wrong, harmful or harmless. Having them on wrong and harmful things can be the cause of danger to self or others. If the person has mindfulness to realize the mistake, and the will power to stop these feelings, problem will not arise.

For a person in such situation, there is a real need for word of reason or good advice from someone to prevent him from getting into problems and dangers. It is usually the friends and mentors who will don this taking the risk of rejection and anger. Only true friends will do this. A friend in need is a friend indeed.
To be amendable to reason is the quality of a wise who, who will take it seriously, foresee the danger, evaluate the situation and calculate the risk when he hears the word of reason. The wise has the knowledge and ability to analyze things in a correct way. Even the learned lacking in wisdom cannot do it easily when the force of desire is stronger than the power of reasoning. This is how great people fall from grace and fail in their lives.

Inability to listen to reason is mostly due to conceit and arrogance ( Mana) that makes a person blind to the reason, stuck in his ego. He may even go against it deliberately fuelled by his conceit. They will collect little sympathy or pity from others on such foolish deed. Therefore, to be amenable to word of reason and good advice is blessing. 

Wednesday, April 25, 2012

သောဝစဿတာမင်္ဂလာ



“ မြွေတို့အား နို့တိုက်ခြင်းမှာ အဆိပ်ပွားရုံသာ ၊ လူမိုက်တို့အတွက် ညွှန်ကြား ဆုံးမချက်မှာ စိတ်ဆိုးဖို့ရာသာ ငြိမ်းဖို့ မဖြစ်နိုင် ( နီတိ)

မိဘ၊ ဆရာသမားတွေက.ဖြစ်စေ အကျိုးလိုလားလို့ ပြောဆိုဆုံးမသူကဖြစ်စေ.. လိုလိုလားလား လက်ခံကျင့်သုံး တတ်သူဟာ သောဝစဿတာ မင်္ဂလာနဲ့ပြည့်စုံသူဖြစ်ပါတယ်။ ဆိုဆုံးလွယ်သူဖြစ်ဖို့.. ကိုယ့်ကိုယ်ကိုနှိမ်ချခြင်းဆိုတဲ့  “နိဝါတမင်္ဂလာ” ဆက်စပ်နေပါတယ်။ 


မြတ်စွာဘုရား ဓမ္မပဒပါဠိတော်မှာ … “အပြစ်ပြဆိုဆုံးမလာသူကို ရွှေအိုးကြီး ဖော်ထုတ်ပေးသလို လက်ခံရမည်။  မိမိအားနှိမ်ပြောသူ ပညာရှိမျိုးကို ဆည်းကပ်ရမည်။ ထိုပညာရှိမျိုးကို ဆည်းကပ်သူမှာ ယုတ်ညံ့သူမဖြစ်နိုင် မြင့်မြတ်သူသာဖြစ်ရမည်” ဟုဟောတော်မူပါသည်။ 

နိတိဆရာတို့ကလည်း “ ချစ်ဖွယ်သောစကား ပြောကြားတတ်သူများကို အမြဲရလွယ်၏။ မနှစ်ဖွယ် အကျိုးရှိသော စကားကို ပြောတတ်သူ နားထောင်တတ်သူကား ရခဲ့လှ၏။ လောက၌ မနှစ်ဖွယ်ဖြစ်သော်လည်း အကျိုးဖြစ်စေမည့် စကားမျိုးကို ပြောတတ်သူကား မိတ်ဆွေ အစစ်ဖြစ်၏။ တခြာသူမှာ မိတ်ဆွေ အမည်ခံရုံမျှသာ” ဟုဆိုသည်။ 

အရှင်ရာဟုလာသည် သဲကိုလက်ဖြင်ဆုပ်၍ “ ဤသဲလုံးနှင့်အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင်ကောင်းလေစွ” ဟု တောင်းတတော်မူဖူး၏။ 

နတ်တဦးက ဆုံးမတာကို နာခံသူ..

ရှေးက ရဟန်းတပါး ဆွမ်းခံပြန် ရေကန်ထဲဆင်း ရေချိုးစဉ် ကြာပန်းရနံ့ကို  အမှတ်တမဲ့ နမ်းရှုမိ၏။ ထိုခိုက်.. နတ်တဦးက “အရှင်… သူများမပေးပဲ ကြာပန်းရနံကို နှမ်းနေသည်မှာ ခိုးခြင်း တမျိုးဖြစ် နံ့သာသူခိုးဖြစ်ကြောင်း ပြစ်တင်ပြောဆို၏။ ထိုအခါ ရဟန်းက.. “ကြာစွယ်တွေတူး ၊ ကြာပန်းတွချိုးနေသူကို ထိုသို့မပြောပဲ မချိုးမဖဲ့ အဝေးမှနေ အနံ့ခံရုံသာ ခံနေသာ ငါကို ဘာကြောင့် အနံ့သူခိုး” ဟုခေါ်ရကြောင်း မေး၏။ 

အရှင်ဘုရား..“ကြေညှော်ပေးနေသော အထိန်းသည် လက်နှီးကဲ့သို့ အပြစ်တွေများနေသူကို အပြစ်မပြောလို။   အရှင်ကား..အပြစ်ကင်းသူ.. စင်ကြယ်ခြင်းကို လိုလားသူဖြစ်၍ သားမြီးဖျားလောက်သော အနည်ငယ်သော အပြစ်ကို တိမ်တိုက်ကြီးလောက် ထင်နေသူဖြစ်သည်” ဟုနတ်ကဆို၏။
ရဟန်းတော်လေးသည်.. “ သင်ကား ငါကိုအကျိုးလို၍ ကြင်နာသူဖြစ်၏ နောက် သည်လိုအပြစ်မျိုးမြင် လျှင် ပြောပါ” ဟု ဖိတ်၏။ နတ်ကလည်း ရဟန်းကလေး ငါ့ကို ပြောမည့်သူ ဆုံးမမည့်သူ ရှိတာပဲဟု   မေ့မေ့ လျှောလျှော့ နေမည်စိုး၍ “ တပည့်တော်ကား အရှင့်ကိုမှီ၍ အသက်မွေးသူလည်းမဟုတ်၊ သုဂတိရောက် ကြောင်းတရားတို့ကို အရှင်သာ သိအောင်ကြိုးစားပါ” ဟု ဆိုလျှက်ကွယ်ပျောက် သွားလေသည်။ 

အဆုံးအမ မလိုလားသူ..

တချို့ အကျိုးလို၍ ဆုံးမသော်လည်း လူမိုက်များကား အဆုံးအမကို အကောင်းမထင် ဆုံးမသူကိုပင် ရန်ပြုတတ်ကြ၏။ ရှေးက မိုးလေကြောင့် တုန်တုန်ခိုက်ခိုက်ဖြစ်နေသော မျောက်ကို ဘုရားလောင်း သိင်္ဂိလ ငှက်က..“ သင်ကား လူလိုပင် လက်၊ခြေ၊၊ ခေါင်းရှိနေလျှက် အိမ်မရှိသည်မှာ ဘာကြောင့်လည်း” ဟုမေး၏။  “လူလို လက်၊ခြေ၊ခေါင်းရှိသော်လည်း ငါ့မှာပညာမရှိ”ဟုဆို၏။  ထိုအခါ ဘုရားလောင်းက “ စိတ်မတည် ပေါ့လျှော့သူ၊ မိတ်ဆွေပြစ်မှားသူ၊ သီလမရှိသူကား မချမ်းသာနိုင် ၊ မိမိအကျင့် အစွမ်းထုတ်ကာ အအေးဒဏ်၊ လေဒဏ် ကာကွယ်နိုင်သော အိမ်ကိုဆောက်ပါ”ဟု ကောင်းရာကောင်းကြောင်းပြောပြ၏။
သို့သော်.. ပညာမဲ့မျောက်ကား  အကောင်းမထင် “ငါ့ကိုပြောရကောင်းလား” ဟု သင်ပင်ထက်တက်ကာ အသိုက်ဖျက်ဆီး၍ ဘုရားလောင်းငှက်ထွက်ပြေးရဘူးသည်။ 


လှေးထိုးသမားတစ်ယောက်ရဲ့ အပြုအမှု..

ရှေးက  အဝါရိယပိတာ အမည်ရှိသော ဒေါသကြီးသော လှေသမား တစ်ယောက်ရှိ၏။ သူသည်..လှေစီးခကို တဖက်ကမ်းရောက်မှ တောင်းလေ့ရှိရာ လှည်စီးခရီးသည်တွေနှင့် အမြဲရန်ဖြစ်လေ့ရှိ၏။ တနေ့ ဘုရားလောင်း ရသေ့ သူ့လှေဖြင့်ကူးခဲ့ရာ တဖက်ကမ်းရောက်သော် လှေခတောင်း၏။  ထိုအခါက ဘုရားလောင်းက  “ မကူးမီ သည်ဖက်ကမ်းထဲက လှေခ တောင်းဖို့အကြောင်း ၊ လူမည်သည် မကူမီ စိတ်တမျိုး  ကူးပြီး နောက် တဖက်ကမ်းရောက်တော့ တစ်တမျိုးဖြစ်ကြောင်း နှင့် ရွာမှာဖြစ်စေ. .တောမှာဖြစ်စေ..ကုန်းမှာဖြစ်စေ.. ရေမှာဖြစ်စေ.ဒေါသမထွက်ဖို့ ၊စိတ်မဆိုးဖို့ ဆုံးမ၏။ ” 

 ထိုအခါ.. လှေထိုးသမားက .. “ဒါလှေခလား”ဟုမေးသော်ဘုရားလောင်းက “ငါ့မှာ လှေခမပါ ၊ ငါပေးနိုင်တာ ဒီတရားပဲ”ဟု အမိန့်ရှိသော် လှေခမပါဘဲ စီးရကောင်းလာဆိုပြီး ဘုရားလောင်းကို တွန်းလှဲ၍ စီးပြီး မျက်နှာကိုထိုးတော့၏။ ထမင်းပို့လာသော သူ့ဇနီးကမြင်၍ “ဘုရင် ဆရာဖြစ်သဖြင့် ဤသို့ မပြုထိုက်ကြောင်း” ပြောသော်  “ဇနီးကိုပင် ဝင်ပြောရကောင်းလား”ဟု ရိုက်နှက်ရာ ထမင်းကွက်လည်း ကွဲ ၊ မယားလည်း ကိုယ်ဝန်ပျက်ရ၏။ လူမိုက်လည်း မင်းပြစ် မင်းဒဏ်စသင့်ရ၏။ 

ဤ အမျက်ဖြေတရားမှာ ဘုရင့်ကိုဟောစဉ်က အခွန်တသိန်းထွက်သော ရွာကြီး ပေးအပ်ချီးမြှောက် ခံရသော်လည်း  လူမိုက်သော်ဟောသောအခါ လက်သီးဒဏ်ရလေ၏။
                                                                                                (သပြေကန်ပရိတ်ကြီးနိဿယသစ်မှ)

Monday, April 9, 2012

သမဏ ဒဿနမင်္ဂလာ

Chance to see a person who has tamed mental defilement
ရဟန်းသံဃာ ဖူးမျှော်ပါ
 
ကိလေသာတွေ ကင်းစင်ပြီး ဖြုစင်သူကို ရဟန္တာ ( သမဏ ) ခေါ်ပြီး ၊ ကိလေသာတွေကင်စင်ဖို့ ကြိုးစား အားထုတ်နေသူကိုတော့ အရိယာနွယ်ဝင် ( သမဏ) သူတော်စဉ်လို့ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။  ရဟန္တာ အရှင်မြတ်တွေမှာ ကိလောသာတွေကို ပယ်ရှင်းပြီး မြင့်မြတ်တဲ့စိတ်ထားတွေ ၊ ဈာန်သမာဓီတွေ၊ ဝိပဿနာ ဘာဝနာတွေနဲ့ အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို အာရုံပြုကာ ငြိမ်းချမ်းမှုဖြင့် ဘဝကိုကုန် လွန်စေပါတယ်။ မြတ်ဗုဒ္ဓကတော့ ဝါသနာနှင့်တကွကိလေသားတွေကို ပယ်ထားပြီးဖြစ်လို့ အထူးခြားဆုံး အရိယာ ( သမဏ ) ဖြစ်ပါတယ်။ အားလုံးသော အရိယာသူတော်စဉ် ( သမဏ) တွေဟာ ဒီဘဝခန္ဓာ ချုပ်ငြိမ်းရင်တော့ ဘဝအသစ် တဖန်မဖြစ်တော့ပဲ အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရရှိရောက်ရှိ သွားကြမှာပါ။

အရိယာနွယ်ဝင်သူတော်စဉ်လို့ခေါ်တဲ့ သောတာပန် ၊ သကဒါဂါမ် ၊အနာဂါမ် ပုဂ္ဂိုလ်တွေမှာ တဏှာ ၊မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာစတဲ ကိလေသာတွေကို  တဆင့်ခြင်း ပယ်သတ်နေလို့ အရိယာလမ်းကြောင်း ပေါ်                    ရောက်ရှိနေပြီးသံသရာမှာ အများဆုံး ၇-ဘဝသာ ပြန်လည်မွေး၊သေ ရမှာဖြစ်ပြီ၊ ကိလေသာတွေ      အမြစ်ပြတ်ရင့်တော    နိဗ္ဗာန်ကို ရရှိ ရောက်ရှိသွားကြမှာပါ။

မြတ်ဗုဒ္ဓကိုယ်တော်တိုင် သုမေဓာအလောင်းတော်ဘဝကတည်းက မိမိတယောက်တည်း ဘဝသံသရာကို ကူးမြောက်သွားနိုင်သော်လည်း သတ္တဝါတွေကို  သံသရာဝဋ်ဒုက္ခမှ ကင်တင်ချင်းလို့ သဗ္ဗညုဘုရားအဖြစ်ကို ပါရမီဖြည့်ကာ သတ္တဝါတွေ ကယ်တင်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ အရိယာသူတော် စဉ်တွေလည်း မြတ်ဗုဒ္ဓရဲ့ညွန်ကြားချက်များဖြင့် စိတ်ဓာတ်ဖြူစင်ရေး ၊ စိတ်ဓာတ်မြင့်မားရေးတို့ကို ကြိုးစားအားထုတ် နေပါတယ်။ အရိယာတွေဟာ ကိစ္စများလှတဲ့ လူအသိုင်းအဝိုင်းမှ ကင်းကင်းရှင်းရှင်း    နေလေ့ရှိပြီး တခါတရံမှာ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ လိုအပ်မယ်ဆိုရင်  မေတ္တာတရားဖြင့် သတ္တဝါတွေကို ကူညီစောင့်ရှောက် လေ့ရှိပါတယ်။

 အရိယာသူတော်စဉ်တွေမှာ ဘဝလွှတ်မြောက်ရေး လမ်းစဉ်မှာ အတွေ့ကြုံရင်ကျက် သူများဖြစ် ပြီး။ စိတ်ဓာတ်မြင့်မားရေး သာမာန်ပုထုဇဉ်လူများအတွက် သူတို့လမ်းညွှန်ချက် ၊ဟောပြောချက်များဟာ သိပ်ပြီး တန်ဖိုးကြီးမားပါတယ်။

အရိယာသူတော်စဉ်တွေက သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုကို ဘယ်တော့မှ လူထုအကြားမှာ ထင်ပေါ် ကြော်ကြားအောင်လုပ်လေ့ လုပ်ထမရှိပါဘူး။ သူတို့ကိုကြည်လိုက်မယ်ဆိုရင် သာမန်လူတွေမှာ   တွေ့မြင်ရ ဖို့ခက်တဲ့ တည်ငြိမ်အေးချမ်းမှုတွေ၊ မေတ္တာတွေကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒါကြောင့် အရိယာသူတော်စဉ်ကို အခွင့်အခါသင့်သလို့ ဖူးမြင်ပြီး ဘဝလမ်းညွှန်ချက်များ ၊သူတို့ရဲ့စိတ်နေ သဘေားထားများ၊ သူတို့ရဲ့ ဘဝလက်ခံယုံကြည်ချက်များ။  ကြိုးစား အားထုတ်ပုံများကို လေ့လာမှတ်သာ ကျင့်ကြံ ပွားများနိုင်ပါတယ်။ အရိယာသူတော်စဉ်တွေဟာ  မြတ်စွာဘုရားဟောကြားတဲ့ တရားတော် တွေနဲ့
အတူနေထိုင်နေကြတဲ့ စံပြပုဂ္ဂိုလ်များဖြစ်ပါတယ်။

ဗုဒ္ဓစာပေမှာ  သမဏဣနြေ္ဒကိုဆောင်တဲ့ နိရောဓသာမဏေလေးရဲ့ လမ်းညွှန်မှုကြောင့် သီရိဓမ္မာသောက မင်းကြီးကို ဘဝအပြောင်လဲကြိး ပြောင်းလဲစေခဲ့ပါတယ်။ သီရိဓမ္မသောကမင်းကြီးဟာ သမဏဂုဏ်ကို မဆောင်တဲ့ ပုရဗိုဇ်ရဟန်းတွေကို နန်းတော်မှာ နေတိုင်းလှူဒါန်နေရတာ သူရဲ့စိတ်ထဲမှာ ပြည့်ပြည့်ဝဝ   အေးချမ်းမှုကိုမရခဲ့ ပါဘူး။
သီရိဓမ္မာသောကမင်းကြီး ရဟန်းသံဃာတွေအတွက် တွေးမိတိုင်း ဣနြေ္ဒမရတဲ့ ပရဗိုရ်ရဟန်းတွေကိုပဲ   တွေမိးပါတယ်။ တနေ့မှာတော့ နန်းတွင်း စင်္ကြလျှောက်ရင်း နန်းတွင်းလေသာပြတင်းမှ အရွယ်နှင့် မလိုက်အောင် သမဏဣနြေ္ဒကိုဆောင်တဲ့ ခုနစ်နှစ်အရွယ် နိရောဓသာမဏေလေးကို ဖူးတွေ့ရလို့ ထူးခြားတဲ့ စိတ်ထဲမှာ အေးချမ်းမှုကိုခံစားရပါတယ်။

သာမဏေလေးကို နန်းတော်မှာပင့်ပြီးဆွမ်းလှူဒါန်းပြီးနောက် မင်းကြီးရဲ့လျှော်ထားမေးမြန်းချက်ကြောင့်

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနောပဒံ
အပ္ပမတ္တာ နမီယန္တိ၊ ယေပမတ္တာ ယထာမတာ။

မမေ့လျှော့ခြင်းဟာ မသေခြင်းရဲ့ အကြောင်းဖြစ်တယ်။
မေ့လျှော့ခြင်းဟာ သေခြင်းရဲ့အကြောင်းဖြစ်တယ်။
မမေ့မလျှော့ နေသူတို့ဟာ ဘယ်တော့မှ မသေဘူး။
မေ့လျှော့နေသူတို့ဟာ အသက်ရှင်နေပေမယ့် သေနေတယ် စတဲ့။

သာမဏေလေးရဲ့ တပိုင်းတစ မြတ်ဗုဒ္ဓတရားကို ကြားရတော့ အသောကမင်းကြီး ဥာဏ်အလင်းပွင့် သွားပြီး  မြတ်ဗုဒ္ဓသာသနာသမိုင်းမှာ ထင်းရှားတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။

သင်္ဂါလောဝါးသုတ်မှား ရဟန်းတော်များနှင့်ဒကာ/ဒကာမများဆက်ဆံရေးကို မြတ်ဗုဒ္ဓ ညွှန်ကြားထားပါ တယ်။

ရဟန်းတော်များမှ…
၁. ဒကာတွေ မသင့်တင့်တာ ပြုမှုပြောဆိုနေရင် ဆုံးမတားမြစ်ရမယ်။
၂. ဒါန၊သီလ၊ဘာဝနာ တတ်နိုင်သလောက်ပွားများဖို့ တိုက်တွန်းရမယ်။
၃. ဒကာတွေ စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာဖြစ်စေဖို့ မေတ္တာပွားရမယ်။
၎. မကြားဘူးသေးတဲ့တရားတွေ ဟောပြောရမယ်။
၅. ကြားဘူးပြီးသော တရားများကိုလည်း သံသယ ကင်းရှင်းအောင် ဟောပြောရမယ်။
၆. နတ်ပြည်ရောက်ကြောင်း တရားတွေကိုလည်း ညွှန်ပြရမယ်တဲ့။

ဒကာများမှလည်း
၁. ရဟန်းတွေကို မေတ္တာပါတဲ့ အပြုအမှုကိုပြုမှုရမယ်။
၂. မေတ္တာနဲ့ပြောဆိုရမယ်။
၃.မေတ္တာပါတဲ့အတွေးကို တွေးရမယ်။
၎.တတ်နိုင်ရင် ပစ္စည်းလေပါး လှူဒါန်းဖို့ ဖိတ်ခေါ်ရမယ်။
၅. တတ်နိုင်သမျှ ပစ္စည်လေးပါးဖြင့် ထောက်ပံ့လှူဒါန်းရမယ်ဟု ညွှန်ကြားထာပါတယ်။

အရိယာသူတော်စဉ်တွေကို ဖူးမြင်ပြီး ကုသိုလ်တရားများပွားများခြင်း ၊ အရိယာသမဏများထံမှ ဆုံးမစကား များ ကြားနာခြင်းဖြင့် သမဏ ဒဿနမင်္ဂလာဖြစ်နိုင်ကြပါစေ..။

Tuesday, March 20, 2012

ကာလေန ဓမ္မသာဂစ္ဆာ မင်္ဂလာ

ဆွေးနွေးတိုင်ပင်ခြင်းသည် ကြီးပွားအောင်မြင်ရေးတရားဖြစ်သည်..

စိတ်တွေဓာတ်ကျတဲ့အခါ.. စိတ်တွေပျံ့လွင်တဲ့အခါ.. ယုံမှားသံသယဖြစ်တဲ့အခါ.. တခါတရံ မိမိနှင့် ဆွေးနွေးတိုင်ပင်ဖော် အလုပ်အားလပ်တဲ့အခါမှာ.. တရားဆွေးနွေးတိုင်ပင်ခြင်းဟာ မင်္ဂလာလို့ မြတ်စွာဘုရားဟောတော်မူပါတယ်။
ဆွေးနွေးတိုင်ပင်တာဟာ အကျိုးများလွန်းလို့ … လောကုတ္တရာ တရားဓမ္မတွေသာ မဟုတ်ပဲ လောကီကြီးပွားရေး၊ စီးပွားရေးမှာလည်း အခွင့်အခါသင့်တိုင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆွေးနွေးတိုင်ပင်ခြင်းသည် မင်္ဂလာ


နေမဝင်အင်ပါယာကြီးဖြစ်ခဲ့တဲ့ United Kingdom လို့ခေါ်တဲ့တိုင်းပြည်မှာ ဘုရင်မကြီး ဘုရင်ခံ အုပ်ချုပ်ရေစနစ်မှ အနားယူပြီးနောက် ၁၉၅၁ နှစ် Prime Minister  Winston Churchill လက်ထက် မှစ၍ ယခုလက်ရှိ ဝန်းကြီးချုပ် David Cameron တိုင်အောင် ဝန်ကြီးချုပ် ၁၂ ယောက်ထိ အပတ်စဉ်တိုင်း တိုင်းရေးပြည်ရေး ဘုရင်မကြီးနှင့် ဆွေးနွေးတိုင်ပင်ရပါသေးတယ်။တကယ်လို့ ဘုရင်မကြီးဖြစ်စေ.. ဝန်ကြီးချုပ်ဖြစ်စေ .. အလုပ်ရှုပ်နေမယ်ဆိုရင် တယ်လီဖုန်းနဲ့  တိုင်းရေး ပြည်ရေး ဆွေးနွေးတိုင်ပင်လေ့ရှိပါတယ်။

နိုင်ငံသေးပေမယ့် ကမ္ဘာမှာ တိုးတက်ဖွင့်ဖြိုးမှုမှာ ထိပ်းကပြေးနေတဲ့ စင်္ကာပူနိုင်ငံမှာလည်း ဝန်ကြီးချုပ် တိုင်းဟာ တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း လီကွန်ယုနဲ့ အပတ်စဉ်တိုင်း တိုင်းရေး ပြည်ရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်လေ့ရှိပါတယ်။
United States လို့ခေါ်တဲ့ အမေရိကမှလည်း သမ္မတ သို့မဟုတ် သမ္မတ သတင်းစာရှင်းလင်းရေး အဖွဲ့တွေနဲ့ အပတ်တိုင်းလိုလို သတင်းစာရှင်းလင်းပွဲလုပ်ကြရပါတယ်။

ဒါကြောင့်ဆွေးနွေးတိုင်ပင်ခြင်းကို တရားဓမ္မဆိုင်ရာသာမက တိုင်းရေးပြည်ရေး ကြီးပွားရေးတွေမှာ လည်း တိုင်းပေးလေ ကောင်းလေပါပဲ။ ထိုကဲ့သို့ ဆွေးနွေးတိုင်ပင်ခြင်းဟာ ဗဟုသုတတိုးပွားစေတယ်၊ သူ့ အမြင် ကိုယ့်အမြင် ဖလှယ်ရာ ရောက်တယ်၊ ပြဿနာတွေကို အတူတကွ ဖြေရှင်းနိုင်ပါတယ်။

မြတ်စွာဘုရား သတ်တော်ထင်ရှားရှိစဉ်က ဟောကြားခဲ့တဲ့ တရားတော်တွေဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သူရဲ့ကိုယ်ပွား ထားရှိခဲ့တာပါ။ ဒါကြောင့် မထေရ်ကြီး အရှင်မဟာကဿပကို အမှူးပြု၍ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့နှင့်အတူ ငါးရာသောရဟန္တာအရှင်မြတ်တို့ စုပေါင်းပြီး ဆွေးနွေးတိုင်ပင် ကာ ပထမသင်္ဂါယနာတင်ခဲ့ကြပါတယ်။

ပထသံဂါယနာမှာ သံဃာတော်တွေဟာ တရားတော်တွေကို ဆွေးနွေးတိုင်ပင်ပြီးနုတ်နဲ့ အာဂုံရွတ်ဆို လာခဲ့ကြာတ ယခုခြောက်ကြိမ်မြောက်အထိပါပဲ။  ဒီလိုမကြာမကြာ ဆွေးနွေးတိုင်ပင်ခဲ့ကြလို့ သမိုင်း အထောက်အထားတွေကို ဗုဒ္ဓဘာသာမှာသာ တိတိကျကျဖော်ပြနိုင်ပါတယ်။

မြတ်စွာဘုရားဟောကြာတဲ့ တရားတော်တွေဟာ ခက်ခဲနက်နဲလို့ သာမန်လူမဆိုထားဘိ၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေမှာတောင် သိရ၊ နာလည်းရခက်ခဲပါတယ်။ မှတ်တမ်းတင်ထားတဲ့ တရားတော် တွေကလည်း  ပါဠိတွေဖြစ်နေပါတယ်။ ဒါကြောင့်တရားတော်တွေ ကို သေသေချာချာ နာလည်ဖို့  ပါဠိ တတ်ကျွမ်းတဲ့ဆရာ ၊ ရှင်းလင်ပြသနိုင်တဲ့ ဆရာများနဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်။

ဆွေးနွေးတိုင်ပင်ခြင်သည်း အချင်း အငြင်းပွားဖို့မဟုတ်

ရှေးပဝေသဏီကတည်းက တရားတော်တွေအပေါ်မှာ အတွေးအခေါ် အယူအဆတွေ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက .. သူဟောကြားထားတဲ့ တရားတော်တွေကို ဆွေးနွေး တိုင်ပင် မေးမြန်းပြီး သံသယကင်းမှ ယုံကြည်လိုက်နာဖို့ အမြဲတိုက်တွန်းလေ့ရှိပါတယ်။

တရားတော်တွေကို ဆွေးနွေးတိုင်ပင်ခြင်းဖြင့် တရားတော်တွေကို ရှင်းရှင်းလင်းလင်းနားလည်မယ်၊ ဝီရိယ၊ သတိ၊ သမာဓိများတိုးပွားပြီး ကြိုးစားအားထုတ်ရေးမှာ များစွာ အထောက်အကူပြုနိုင်ပါတယ်။

ဆွေးနွေးတိုင်ပင်ခြင်းကို.. အငြင်းပွားမှုနဲ့ အဆုံးသတ်ခြင်းဟာလည်း ကောင်းသော ဆွေးနွေးခြင်း မဟုတ်ပါဘူး။ ဆွေးနွေးခြင်းဖြင့် ..ပေါ်ပေါက်လာတဲ့ ပြဿနာကို အတူတကွလေ့လာခြင်း ၊ ပြဿနာရဲ့ အတိမ်အနက် အခက်အခဲတွေကို အတူတကွ ရှာဖွေပြီး အတူတကွ စုပေါင်းဖြေရှင်းရမှာဖြစ်ပါတယ်။  ဆွေးနွေးတိုင်ပင်ခြင်းမှ အကျိုးအမြတ် ကောင်းမြတ်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လားခြင်းဟာ မဂ်လာပါ။

Wednesday, March 14, 2012

"ငါ" ကို စာလုံးသေးနဲ့ ရေးကြစို့


      ရှေးက ရွာတစ်ရွာတွင် ဘုန်းကြီးတစ်ပါး ကျောင်းထိုင်သည်၊ ကျောင်း ဒကာက နေ့စဉ် ဆွမ်းကွမ်း တာဝန်ယူသည်။ ကျောင်းဒကာသမီး ဘုန်းကြီးကျောင်း ဆွမ်းပို့သွားသည်။ ကျောင်းရောက် ဆွမ်းကပ်ပြီး ဘုန်းကြီးနှင့်  နုတ်ဆက် စကားပြောကြသည်။ ကျောင်းးဒကာသမီးမှ   ကျောင်းထိုင်း ဘုနုးကြီးအား   မေးပါသည်။ 

‘ကျောင်းကြီးက ကောင်းလိုက်တာ ဘယ်သူကျောင်းလဲဘုရား’
“ငါ့ကျောင်းပေါ့ .. ငါဆောက်ထားတာ”
“ကျောင်းထဲမှာရှိတဲ့ ရေကန်ကလည်း  ရေပန်းတွေ ဝေဝေဆာလို့ လှလိုက်တာ ဘယ်သူလုပ်ထား တာလဲ ဘုရား”။
“ငါ့ ရေကန်ပေါ့ .. ငါတူးထားတာ”
“ပန်းခြံကလည်း  ပန်းမျိုးစုံ..လှလည်းလှ ၊ ဘယ်သူပန်းခြံပါလဲ”
“ငါ့ ပန်းခြံပေါ့ ၊ ငါစိုက်ထားတာ။”
“ဘုန်းကြီး .. ဘာလို့ ဘုန်းကြီးဝတ်တာလဲဘုရား”
“နိဗ္ဗာန် ရချင်လို့ပေါ့”
“နိဗ္ဗာန်လိုချင်လိုရင် ငါ ကိုမကြိုက်နဲ့”

ထိုသို့ပြောပြီး ကျောင်းဒကာသမီး ပြန်သွားသည်။ ဘုန်းကြီး စိတ်ဆိုးပြီး ကျန်ရစ်သည်။

 နောက်တစ်နေ့ ကျောင်းဒကာကြီး ကျောင်းရောက်လာသောအခါ .. ထိုအကြောင်းကို တိုင်တန်းသည်။ ကျောင်းဒကာ ကြီးသည် အိမ်းရောက်တော့ သမီးကို အကျိုးအကြောင်း   မေးကြည့်သောအခါ.. သမီး က ရှင်ပြ၏။ 

“ အဖေတို့ ဘုန်းကြီး နိဗ္ဗာန်လိုချင်လို့ ဘုန်းကြီးဝတ်တယ်ပြောတယ် ။ ဒါပေမယ့် သူပြောသမျှ စကားလုံးတိုင်းက “ငါ” ချည်းပဲ ၊  ငါ့ကျောင်း၊ ငါ့ရေကန်၊ ငါပန်းခြံ ဘာညာနဲ့  ဒီလောက် “ငါ” စွဲ ပြင်းထန်းနေရင် ဘယ်လိုလုပ် နိဗ္ဗာန်ရနိုင်မလဲ ။ ဒါကြောင့် သမီးက.. နိဗ္ဗာန်လိုချင်ရင်  “ငါ” ကို မကြိုက်နဲ့လို ပြောခဲ့တာ ဖေဖ”။

ဤပုံပြင်လို ငါစွဲဖို့ အားထုတ်နေကြသော ဘုန်းကြီးများ ကိုယ်တိုင်က တငါငါ ဖြစ်နေကြသဖြင့် လူတွေဆိုလျှင်ကား ပြောဖွယ် မလိုတော့ပေ။ လောကကြီးတစ်ခုလုံး  ငါစွဲတွေ သိပ်ပြင်ထန်းလွန်၏။ 

တငါငါ  ဖြစ်နေကြသည်။ ငါ ..တော်သည် ၊ငါ. . တတ်သည်၊  ငါ .. မြင်သည်၊ ငါ ..ပညာတတ်သည်၊ ငါ.. အထက်တန်းကြသည်၊ ငါ.. ငွေရှိသည်၊ ငါ..အိမ်ရှိသည်၊ ငါ..ကားရှိသည်၊ ငါ့အိမ်က..  သူ့အိမ်ထက် ကြီးသည်၊ လှသည်၊ ငါ့ကားက သူ့ကားထက်ကောင်းသည် ၊ ဈေးကြီးသည်။ ငါက ဘယ်နိုင်ငံရောက်ဖူးသည် စသည်ဖြင့် ငါချင်း  ယှဉ်ကြ ပြိုင်ကြ၏၊  အချို့က မိဘနှင့် ခြေရာတိုင်းသည်၊ အချို့က ဆရာနှင် ပခုံးခြင်းယှဉ်သည်၊  မိဘဆရာကိုပင် ယှဉ်ပြီ ဆိုတော့ ပတ်ဝန်းကျင်ကို လူပင် မထင်တော့။

လောက၌ ငါစွဲပြင်းထန်၍ ငါကြီးလျှင် ကြီးသလောက် ဒုက္ခရောက်ကြရ၏ ၊ ဟစ်တလာသည် ငါစွဲကြီး ခဲ့သဖြင့် ဂျူးတွေ သန်းနှင့်ချီ အစုလိုက် အပြုံလိုက် အသတ်ခံရ၏ ၊ အရင်းရှင်တို့ ငါကြီးမှု့ကြောင့် ကျွန်များ ဆင်းရဲတွင်းနက်ခဲ့ရ၏။  ကွန်မြူနစ်တို့၏ ငါ အစွဲကြီးမှုကြောင့် အချို့နိုင်ငံ ၊အချို့ လူမျိုးများ ဒုက္ခပင်လယ်ဝေခဲ့ရ၏။ ဆိုရှယ်လစ်တို့၏ ငါကြီးမှုကြောင့် အချို့နိုင်ငံ မွဲပြာကျခဲ့ရ၏၊  ကုန်ကုန်ပြောရလျှင် အချို့ဘာသာရေး ဆရာတို့၏ ငါကြီးမှုကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့ဘူး၏။ တွေးရဲစရာ မရှိလောက်အောင်ပင် ကြောက်စရာကောင်းသော “ငါ” ပေတကား။

ငါ.. ဟူသောမာန်သည် အတော်ခက်၏ ။ အယုတ် ၊ အလတ်၊ အမြတ် လူတန်းစား အားလုံးမှ ဖြစ်တတ်၏၊ ရာထူး ဂုဏ်သိရ် စည်းစိမ် ပညာ စသည် ယုတ်နှိမ့်သူကလည်း ငါမာန်ဖြစ်တတ်၏၊  “လောကမှာ ငါလုပ်မှ ငါစားရတာ  သူတို့ရှိတော့ကော ငါက ဘာဂရုစိုက်မှာတုန်း” ဟု အန်မတုနိုင်သော်လည်း ငါမာန်းပြု လျှက်ပင် ရှိ၏။

ရာထူးစသည် လူလတ်တန်းစားကလည်း ငါမာန်ရှိ၏၊ “ သူတို့လောက်တော့ ငါလည်းရှိတာပဲ။ ဇီးကွက်   လောက်တော့ ငှက်တိုင်းလှရဲ့”ဟု သူများနှင့် ပခုံယှဉ်ကြ၏။ 

ရားထူးစသည် သူများထက်သာလွန်သူ အထက်တန်းစား လူတန်းစာကလည် ငါမာန်ရှိသည် “ ငါလိုလူ ဇမ္ဗူရှိသေးလား”ဟု ဆောင့်ကြွားကြွား ခက်ထောင်ထောင် မာန်စောင်၏ ။  ထိုကဲ့သို့ မာန်ထောင်သူများ အနက် အင်္ဂလိပ်လူမျိုးများ အင်္ဂလိပ်စာတတ်သူများက သူများထက် ငါပိုကြီးသည်ဟုထင်၏။ အဘယ်ေ ကြာင့်ဆိုသော် “ငါ” ဟူသော “I” ကို အမြဲတမ်းစာလုံး ကြီးကြီးနှင့်ရေးကြသည် မဟုတ်ပါလား။

ငါမာန်ကို တတ်နိုင်သမျှ ချိုးနှိမ်သင်၏၊ ငါမာန်ရှိလျှင် လူကျင့်ဝတ် အခြေခံ မင်္ဂလာတရား ပျက်ပြား၏။ အထူးသဖြင့် နိဝါတာမင်္ဂလာပျက်၏။ 


  မှန်ပါသည်။

 ငါ..မာန်ရှိနေသူသည် အဘယ်မှာလျှင် မိမိကိုယ်မိမိ နှိမ့်ချနိုင်ပါမည်နည်း။ နိဝါတမင်္ဂလာပျက်လျှင် ဂါရဝမင်္ဂလာလည်း ပျက်စီးတော့၏ ။ မိမိကိုယ်ကို မနှိမ်ချ သူသည် အဘယ်မှာလျှင် သူတစ်ပါးကို ရိုသေနိုင်ပါအံ့နည်း။ ထိုမင်္ဂလာနှစ်ပါး မရှိလျှင် မိမိအပေါ် ဂုဏ်ကျေးဇူးများသော ဆရာသမားကို ပင်လျှင် ပခုံးချင်းယှဉ်မည်ဖြစ်၍  ပညာရှိကို မှီဝဲ ဆည်းကပ်ခြင် ဟူသော  ပဏ္ဍိတာနဉ္စ သေဝနာဟူသော မင်္ဂလာ အဘယ်မှာရှိတော့အံနည်း။ ဤသို့ စသည်ဖြင့် အခြား မင်္ဂလာများလည်း ပျက်စီးစရာ ဖြစ်လာတော့သည်။

          မာန်ရှိသူတို့၏ မာန်မာန တကပုံကလည်း အမျိုးမျိုးအစားစားဖြစ်၏။ တချို့က ဇာတိမာန် တက်သည်၊ အမျိုးကောင်းခြင်းအတွက် မာန်မာတက်ခြင်းကိုဆိုလိုပါသည်။ ယခုခေတ်မှာ အတော်အတန် အမျိုးကောင်း သူတွေရှိပါသည်။ သို့သော် မာန်တက်လောက်အောင် ဟန်ကြီးပန်ကြီးလုပ်   လောက်အောင်၊   ခြေဖြား       ထောက်လောက်အောင်  အမျိုးကောင်းသည်တော့ မဟုတ်နိုင်ပါ။ အမျိုးကောင်းသည်ပင်ဆိုဦးတော့ အမျိုးမြတ်သူက မာန်မာန မတက်ဘဲ ညက်ညက်ညောညော အပြော ချိုကာ အရာရာမှာ လိုက်လျှောပါမူ ၊ အောက်တန်းကျသူတို့က ပိုမိုချစ်ခင် ကြည်ညိုလေးစားကြပေလိမ့်မည်။ သို့ဖြစ်၍ ဇာတိမာန် မတက်ဖြစ်အောင် သတိဆောင်သင့်ပါသည်။

          စည်းစိမ်ဥစ္စာရှိသူတို့က ဓနမာန်တတ်ကြသည် တချို့ပစ္စည်းပေါများပေမယ့် ပစ္စည်းနည်းပါး သူနှင့်အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါးများ သည်ကား မဟုတ်ကြပါ။  ပစ္စည်းရှိသူတို့အနေနှင့် ဆင်းရဲ့သားတို့အပေါ်မှာ သဘောထားကြီးကြီးထား ၍ သနားကြင်နာ ဂရုဏာသက်မည်ဆိုလျှင် သာ၍ပင်ဂုဏ်ရှိပါ၏။ ဓနရှင်တို့၏ ရွှင်ပြုံးသော မျက်နှာ ချိုသာသော စကားလုံးများသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး မမြိုက်ဆေး တစ်မျိုးပင် ဖြစ်ပါ၏။ 

ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ ရရှိသော ပစ္စည်းဥစ္စာများကို နောက်သံသရာ မျိုးနွယ် အောက်ကျဖို့အကြောင်း မကောင်းသောမာန မဖြစ်ကြဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍  ဓနမာန်ကို ချိုးနှိမ်သင့်ပါသည်။

စာပေတတ်ကျွမ်းသူ ၊ အသက်မွေးဝမ်းကြောင်း ပညာတတ်ကျွမ်းတို့မှာ ပညာမာန်မာနရှိတတ်၏။ ပညာတတ်လျှင် မိမိမပညာဖြင့် သင့်၊မသင့် တော် မတော် ချိန်ဆ၍ သူများအကျိုးလည်ဆောင်ကာ မိမိအကျိုးလည်း အောင်နိုင်သည်ကို ရည်မှန်းပြီး လူလောက ကောင်းကျိုးကိုသာ ထမ်းဆောင်သင့် ပါလျှက် ပညာကို အကြောင်းပြုကာ မာန်တက်နေမည်ဆိုပါလျှင် စင်စစ် ရှက်ဖွယ်ဖြစ်ပါသည်။ မိမိမှာ အကြောင်းမညီညွတ်၍ ပညာမသင်ကြားရသူများ အပေါ်  မောက်မားဝါကြွား နေမည့်အစား သနားကြင်နာ ကရုဏာသက်၍ တစ်ဆင့်သင်ပြ ပေးသောအားဖြင့် ပညာမာန်ကို ချိုးနှိမ်သင့်ပါသည်။ 

ရုပ်ရည်အဆင်း လှပခြင်းကို အကြောင်းပြု၍ အလှမာန် တတ်တတ်ကြ၏၊။ တကယ်တော့ “ရုပ်ရေ အဆင်းလှပခြင်းကာ ၊ အိုမင်းနောက်ဆုံးရှိခြေ၏” ဆိုသည့်အတိုင်း အလှသည် ထာဝရ မဟုတ် “ တစ်နေ့နေ့ရယ်နဲ့ တရွေ့ရွေ့ ယွင်းယို ၊ နောက်ကိုတော့ ပြန်မပျိုသည် ၊ ရှေကိုသာ အိုမြဲ” ဖြစ်ပါ၏။  သို့ဖြစ်၍ ဒေါသကင်းစင် စိတ်ကြည်လင်၍ တခဏတာ လှပနေခြင်းအပေါ် အလှမာန်တက် မနေသင့် ကြပေ။ 

မာန်မာနကြီးသဖြင့် သာကီဝင်တွေ ထီကျိုးစည်းပေါင် နိုင်ငံပျောက် လူမျိုးပြုန်းခဲ့ရသည်ကိုသံဝေဂ ရသင့်ပါ၏။ ငါမာန်သည် လောကီလူသား မဆိုထားနှင့် ဈာန်အဘိညာဉ် တန်ခိုးရှင် အနုရုဒ္ဓါ ကိုယ် တော်မြတ်ကိုပင် အထက်မဂ်ရဖို့အရေးမှာ ငါမာန်ကာ အဆီးအတား အနှောက်အယှက် ဖြစ်ခဲ့သေး၏။ ငါဈာန်ရသည်၊ ငါအဘိည်ာဉ်ရသည် ဟုပြောရာ၌ပင် မာန်ပါသော  “ငါ” ကိဖြုတ်၍ ဆက်လက် အားထုတ်ရန် အရှင်သာရိပုတ္တရာ ဆွေးနွေးပြသည့်အတိုင်း ငါစွဲကင်း အားထုတ်မှ အထက်တရားကို ရရှိသွားခဲ့ပါသည်။ 

        ငါ မာန်ကြီးသူအနေဖြင့်  အရှင်သာရိပုတ္တရာ၏ ငါမာန်မရှိပုံကိုလည်း  လေ့လာ ကြည်ညို အတုယူ         သင့်ပါ၏။    ရှင်သာရိပုတ္တရာသည်လက်ျာရံ ပထမအဂ္ဂသာဝက ဥာဏ် ပညာအကြီးဆုံး မြတ်စွာဘုရား၏ ညာလက်ရုံး တပည့်ကြီးဖြစ်တော်မူ၏။ သို့ပေမယ့် တစ်နေ့မှာ သင်္ကန်းစွန်း မညီညာ၍ ညွှန်ပြ   လျှောက်ထားသော  ခုနစ်နှစ်အရွယ် သာမဏေငယ်ကို         ‘နောင်လည်း ခုလိုအဆင်မပြေတာမြင်    တွေ့လျှင် ပြောဆိုညွှန်ပြပါရန် ပန်ကြား၍ သာမဏေ ငယ်လေးများကအစ ဘယ်သူဘဲဖြစ်ဖြစ် အပြစ် ကိုညွှန်ပြကာ ဆိုဆုံးမလျှင် ကျေးဇူးတင်ပါမည့် အကြောင်း ပြောဆိုလိုက်နာ ကျင့်သုံးသွားပါ၏။ 

ဘုရားရှင်ကိုလည်း အတုယူ အားကျသင့်ပါ၏။  ဘုးရားရှင် ဘုရာဖြစ်ပြီးစအချိန်တွင် “ ဆရာမရှိဘဲ နေလျှင် မသင့်တော်ပေ ငါသိထားသည့် တရားဓမ္မကို ဆရာတင် အလေးအမြတ်ပြု၍ ငါနေမည်” ဟု တရားတော်ကို ဆရာတင်၍ တရားတော်အတိုင်း နေထိုင်ကျင့်သုံးသွားပါ၏။ 

အချုပ်ဆိုရသော် - ဓနရှင်၊ ပညာရှင်များအနေဖြင့် တိုးတောင်းလှသည့် ဘဝတသက်တာမှာ ဓနမာန် ၊ ပညာမာန်ဖြင့်  ငါ..ငါ..ငါ..ဟု ငါစွဲဖြင့် အများအမြင်ကပ်အောင် ဝါကြွား နှလုံးလေပင့် ဘဝင်မြင့်သည့် စိတ်ထားမျိုးမထားဘဲ၊ မိမိ၏ဓန မိမိ၏ပညာများကို အများအကျိုးရှိအောင် ကျိုးစားသင့်ပေသည်။
ဆရာတော်ဦးနန္ဒသီရီ ဆောင်းပါးဖြစ်ပါသည်။

Followers

My Blog List