Showing posts with label ဓမ္မသင်တန်း အတွေ့အကြုံ. Show all posts
Showing posts with label ဓမ္မသင်တန်း အတွေ့အကြုံ. Show all posts

Wednesday, October 1, 2014

BUDDHARAMSI BURSARY

Dear all;
This is reminder for Thadingyunt Festival and the ceremony of honour  to BBS, BC Youths.

This year, there were 16 contestants for the Burmese Buddhist and culture  (Dhamma School)  examination sponsored by BBS, BC.

Out of the 16 contestants one was the exemplary prize, and the three others were prizes for outstanding achievements. All the contestants (Dhamma students)  will be awarded certificates and $ 100 dollar on the 5 October,  Paying respect to Seniors day.

Moreover the five Youths of the BBS, BC  members who are presently attending College or University will be awarded certificates and  honour $ 500 dollar prizes for their outstanding  active in Society, diligence and achievements in education.

 The following students won the outstanding student awards for 2014.
( Buddharamsi Bursary)

1 Lin Htut Oo
2. Shwe Sinn Hla
3. Gordon Shen
4 Pho Khwa
5. Timothy Kong

Note: Pathana Chanting will start at 9:00 am Saturday ( October 4, 2014) , Please  come to chant or listen to non- stop Pathan Chanting.

Sunday, September 28, 2014

ပညာထူးချွန် ဂုဏ်ပြုပွဲ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
အလှူတကာတို့တွင် တရားအလှူသည် အမွန်မြတ်ဆုံး
*************************************
စာရေးသူ ကလေးဘဝက  ဝိနယာနုဂ္ဂဟ စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်၍ မြင်ခြံမြို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားလမ်း တစ်လျှောက် ထီးဖြူတော်မိုး၍ အပူဇော်ခံ ကြွရောက်တော်မူပုံကို ယနေ့ထက်တိုင်မြင်ယောင်နေဆဲဖြစ်သည်။

မှတ်မှတ်ရရ အလတ်တန်းနှစ်ကဖြစ်သည် ၊ မြင်းခြံတစ်မြို့လုံးဆိုင်ရာ ၊ ဝိနာနုဂ္ဂဟအသင်းစာမေးပွဲမှာ အမှတ်အများဆုံးဖြင့် အောင်မြင်၍ ၊ စာပြန်ပွဲ အသင်းလူကြီးများမှ ၊ ထီးဖြူမိုး၍ ပူဇော်ခြင်းဖြစ်သည်။

ဤကဲ့သို့ ကိုရင်လေးဘဝက… ၊ ဆရာတော်များ ဒကာ၊ဒကာမများက  ချီးမြှောက်အားပေးမှုကြောင့် ယခုလို ပြည်ပတိုင်းပြည်တွင် ၊ သာသနာ့တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။

ထိုစဉ်က ၊ ကိုရင်ငယ်များကို သေခီယ၊ ဝိနည်း၊သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာများကို အာဂုံ ၊ နုတ်တက် ပြန်ဆိုစေ၍ ၊ အောင်လတ်မှတ်များ၊ ဆုငွေများ လှူဒါန်းကာ ၊ အသင်းတွင် ဦးဆောင်ကြသော  ပုဂ္ဂိုလ်များအား ကြည်ညိုလေးစား မိခဲ့သည်။

ဤဝိနယာနုဂ္ဂဟအသင်းကြီးကို ကမ္ဘာကျော် မူလတိပိဋက မင်းကွန်းဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသ တည်ထောင် ထားခြင်းဖြစ်သည်။ ဆရာတော်သည် မြင်းခြံသားဖြစ်၍  ၊မြင်းခြံမှ သံဃာတော်များ လိုအပ်ချက်ကို ကောင်းကောင်းသိသော ဆရာတော်ဖြစ်သည်  စာပြန်အသင်းအဖွဲ့များ၊ ဆွမ်းလောင်းအသင်းများတည်ထောင်ကာ ၊ မွေးရပ်ဇာတိမြေ ကို ကျေးဇူး ဆပ်ခြင်းဖြစ်သည်။

စားရေသူသည် ငယ်စဉ်ကတည်းက    တိပိဋကဆရာတော် ၊ ဦးဝိစိတ္တာသာရာဘိဝံသကဲ့သို့  မျိုးဆက်သစ်များ အတွက် ပညာရေးဆိုင်ရာ ထောက်ပံ့ရေးအကူအညီများ ပြုလုပ်လိုစိတ် တဖွားဖွားဖြစ်ပေါ်ခဲ့သည်။

သို့အတွက်ကြောင့် ကနေဒါနိုင်ငံ၊တိုရန်တိုမြို့ ၊မဟာဓမ္မိကကျောင်းမှာ သတင်းသုံစဉ်ကတည်းက ကလေးငယ်များအား ၊  နွေရာသီ ဓမ္မသင်တန်းများပေးလေ့ရှိပြီး ၊ သင်တန်းပြီးဆုံးသောအခါ စာမေးပွဲ စစ်၍ ကလေးငယ်များအား ဆုများချီးမြှင်းပေးခဲ့သည်။

ဗန်ကူးဘား ၊ ဗုဒ္ဓရံသီကျောင်းထိုင်ဆရာတော်ဖြစ်လာသောအခါ နှစ်စဉ်နှစ်တိုင်း ကလေးငယ်များအတွက် ဓမ္မသင်တန်းများ ပေးပြီး သင်တန်းပြီးဆုံးသောအခါ စံပြကျောင်းသားဆု၊ ထူးချွန်ဆုစသော  ဆုများကို ချီးမြှင်းလာသည်မှာ ငါးနှစ်သို့ တိုင်ခဲ့လေပြီ။

ယခုနှစ်တွင် ထူးထူးခြားခြား ၊ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားရောက် ၊မြန်မာမိသားစုများမှ ပညာထူးချွန်စွာ ကောလိပ်၊တက္ကသိုလ် တို့တွင် ဆက်လက်ပညာဆီးပူးကြသော မျိုးဆက်သစ်လူငယ်များအား  ပညာထူးချွန်ဆုများ ပေးရန် စီစဉ်လျှက် ရှိပါသည်။

ဗန်ကူးဘားမြို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် သက်တမ်းအားဖြင့် နုနယ်သေးသော်လည်း ၊ အမျိုး၊ဘာသာ၊ သာသနာ အတွက် လုပ်ဆောင်ချက်မျာသည် တစ်နှစ်ထက် တစ်နှစ်ထူးကဲစွာ ဆောင်ရွက်လျှက် ရှိပါသည်။

ဗန်ကူးဘားရောက် ၊ဗုဒ္ဓဘာသာသာမိသားစုများ အရေးအတွက်အားဖြင့် နည်းပါးသော်လည်း၊ သာသနာ အတွက် ၊ အမျိုး၊ဘာသာအတွက် စိတ်ဓာတ်များက  တောင့်တင်းခိုင်မာလျှက်ရှိသည်။

အလှူရှင်များကလည်း အလှူဒကာတို့တွင် ၊ ပညာရေးအလှူသည် အမြတ်ဆုံးဟု ခံကာ ၊ ယုံကြည်ချက်များဖြင့် ကူညီထောက်ပံကြသည်ကို  မျက်ဝါးထင်ထင်တွေ့မြင်ရသောကြောင့် ဦးဆောင်ဆရာတော်အနေဖြင့် ၊ အထူးပင် ကျေးဇူးတင် ကြည်နှုးဝမ်းမြောက်မိပါသည်။

ယခုနှစ် သတင်းကျွတ်ပွဲတော် ၊သက်ကြီးပူဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲ၊ ပညာရည်ချွန်ထူးချွန်ဆုပေးပွဲ၊ အသံမစဲမဟာပဋ္ဌာန်ရွတ်ဖတ်ပူဇော်ပွဲ အတွက် ခန့်မှန်း ရာထားငွေမှာ ဒေါ်လာ ခြောက်ထောင်
 ( ၆၀၀၀) ဖြစ်သည်။
သို့ပါသောကြောင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၊ မြန်မာဗုဒ္ဓဘာသာအသင်းကို ကူညီထောက်ပံ့ လှူဒါန်းကြသော ရပ်ဝေး ၊ရပ်နီးမှ အလှူရှင်များအား ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ရပါသည်။

ပညာထူးချွန်ဂုဏ်ပြုပွဲ


ယနေ့ မြန်မာဗုဒ္ဒဘာသာအသင်းမှ ဦးဆောင်ကျင်းပသော ၊ ဗုဒ္ဓဘာသာ ယဉ်းကျေးမှု စာမေးပွဲတွင် ကလေးငယ်ပေါင်း ၁၆ ယောက်ပါဝင်ဖြေဆိုခဲ့ပါသည်။

ထို (၁၆) ယောက်မှ စံပြဆု (၁) ဆု ၊ထူးချွန်ဆု (၃) နှင့် ပါဝင်ဖြေဆိုသူ ကျောင်းသားများအာ ဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ကို အောက်တိုဘာလ (၅) ရက် ဘိုးဘွားများ ပူဇော်ပွဲတွင် ချီးမြှင်းသွားမည်ဖြစ်ပါသည်။

ထိုပြင် မြန်မာဗုဒ္ဓဘာသာအသင်းဝင်မိသားစုများမှ တက္ကသိုလ် / ကောလိပ်သို့ ပညာဆက်လက်သင်ကြားနေသော ကျောင်းသား (၅) ယောက်အား ပညာထူးချွန်ဂုဏ်ပြုလွှာနှင့် ဆုငွေများ ပေးအပ်သွားမည်ဖြစ်ပါသည်။

၂၀၁၄- ပညာာသင်နှစ် ပညာထူးချွန် ဂုဏ်ပြုခံရသူများ
၁) လင်းထွဋ်ဦး
၂)ရွှေစင်လှ
၃)Gorden Shen
၎) ဖိုးခွါး
၅) TIMOTHY KONG

Tuesday, April 8, 2014

မွန်မြတ်တဲ့ လျှပ်တပြက် ကုသိုလ်

မြတ်စွာဘုရား သာဝတ္တိပြည်ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေစဉ်အခါက ဒကာဒကာမတွေဟာဥပုသ်နေ့ရောက်ပြီဆိုရင်မနက်ပိုင်းမှာ အဝတ်ဖြူလေးတွေဝတ်ပြီး ဘုရားကျောင်းကိုသွားလေ့ရှိပါတယ်။ ကျောင်းရောက်တဲ့အခါ ကိုယ်တတ်နိုင်သလောက် ဆွမ်းဒါနပြုပြီး နေ့လည်ပိုင်းမှာတော့ ကိုယ်နဲ့အကျွမ်းဝင်ရာ ကိုယ်ကြည်ညိုရာ ရဟန်းတွေဆီသွားပြီး ဆည်းကပ်ကြပါတယ်။

ညနေချမ်းရောက်လာရင်တော့ တရားပွဲကျင်းပလေ့ရှိကြပါတယ်။ အလှည့်ကျ ရဟန်းတော်တွေက တရားဟောကြပါတယ်။ တရားဟောချိန်ရောက်ပြီဆိုရင်တော့ တရားပွဲရှိရာကို သွားနာကြပါတယ်။

တစ်နေ့ညနေမှာတော့ တရားဟောနေရင်းနဲ့ မှောင်သွားပါတယ်။ မှောင်သွားတာကို သတိထားမိတဲ့အမျိုးသမီးလေးတစ်ယောက်က “ဒီအချိန်မှာဆီမီးထွန်းရမယ့်အချိန်ပဲ” လို့ တွေးလိုက်ပါတယ်။ ဒါကြောင့်အိမ်ကဆီမီးကိုယူပြီး တရားဟောပလ္လင်ရှေ့မှာ ထွန်းပေးထားလိုက်ပါတယ်။ အမျိုးသမီးလေးက လှူထားတဲ့ဆီမီးလေးကိုကြည့်ပြီး ဝမ်းမြောက်လို့မဆုံးဖြစ်နေပါတယ်။တရားဆုံးတဲ့အခါမှာတော့ဝမ်းသာကျေနပ်စိတ်နဲ့ပဲ အိမ်ကိုပြန်ခဲ့ပါတယ်။ အမျိုးသမီးလေးက သူလှူလိုက်ရတဲ့ ဆီမီးအလှူလေးကို မေ့လို့မရတော့ပါဘူး။

တစ်နေ့မှာတော့ ရောဂါတစ်ခုနဲ့ပဲ ပြုခဲ့တဲ့ဆီမီးကုသိုလ်လေးကို အာရုံပြုပြီးသေလွန်သွားပါတယ်။ သေလွန်သွားတော့ တာဝတိံသာနတ်ပြည်မှာ ဇောတိရသ နတ်သမီးရယ်လို့ သွားဖြစ်ပါတယ်။ ဇောတိရသနတ်သမီးလေးရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ ဆီမီးလှူရတဲ့ကုသိုလ်ကြောင့် တခြားနတ်တွေထက် ပိုတောက်ပနေတယ်လို့ ဆိုပါတယ်။

တစ်ရက်မှာ အရှင်မဟာမောဂ္ဂလာန် တာဝတိံသာနတ်ပြည်ကိုကြွလာပါတယ်။ အရောင်အဝါတောက်ပမှု သူများထက်သာလွန်နေတဲ့ ဇောတိရသနတ်သမီးလေးကို တွေ့ရတော့ “ဘယ်ကုသိုလ်ကြောင့် အရောင်အဝါတွေတင့်တယ်တောက်ပနေတာလဲ”လို့မေးပါတယ်။ဇောတိရသနတ်သမီးလေးက “တရားပွဲတစ်ခုမှာ ဆီမီး လှူရတဲ့ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်မှာဖြစ်ပြီး အရောင်အဝါတောက်ပနေရတာပါ”လို့ ပြန်လျှောက်ပြပါတယ်။

အရှင်မဟာမောဂ္ဂလာန်က ဇောတိရသနတ်သမီးလေးရဲ့ အဖြေစကားဆုံးတော့ ဒါနအကြောင်းကစပြီး တရားဟောပြပေးပါတယ်။ ဟောရင်းနဲ့နတ်သမီးလေး ကြည်လင်ခိုင်ခံ့တဲ့စိတ် ဖြစ်လာတဲ့အခါမှာတော့ သစ္စာလေးပါးကိုဆက်ဟောပြပေးပါတယ်။ တရားအဆုံးမှာတော့ ဇောတိရသနတ်သမီးလေးနဲ့အတူ အခြံအရံအားလုံး သောတာပတ္တိဖိုလ်တည်သွားခဲ့ပါတယ်။ (ဝိမာနဝတ္ထုအဋ္ဌကထာ- စာမျက်နှာ-၄၄)

*****************
ပြီးခဲ့တဲ့ တနင်္ဂနွေက ..၊ နောက်တစ်ပတ် ၊ မြန်မာနှစ်သစ်ကူးပွဲတော်မှာ ဓမ္မမိတ်ဆွေတွေ ဘုန်းကြီးကျောင်းအလာ စိတ်ကြည်နှုးစေဖို့ ကျောင်းဒကာတွေ ကျောင်းမှာ သန့်ရှင်းရေးလုပ်ဖို့ရောက်လာကြတယ်။ စုံစုံလင်လင်ပါပဲ။ မထင်မှတ်ပဲ ကျောင်းဒကာတွေ လျှပ်တစ်ပြက် ကျောင်းသန့်ရှင်းရေး ကုသိုလ်ထူးကို ရလိုက်တယ်။ ပြည်ပတိုင်းပြည်မှာ ၊ ပွဲတစ်ခု ၊ ကုသိုလ်တစ်ခုလုပ်ဖို့အတွက် အချိန်းတွေ အများကြီးပေး ရတယ်၊ ငွေကြေးတွေ အကုန်ကျခံရတယ်။ နောက်ဆုံးရည်မှန်းချက်ကတော့ ကုသိုလ်တစ်ခုရဖိုပါပဲ။

သန်းရှင်းရေးကုသိုလ်ကို လူတိုင်းမလုပ်လိုကြပါဘူး၊ စိတ်၊စေတနာ ထက်သန်မှ လုပ်ဖြစ်တာပါ။ ကျောင်းသန့်ရှင်းရေး လုပ်သွားတဲ့ ဒကာတို့လည်း အထက်ကဖော်ပြတဲ့ ဇောတိရသနတ်သမီးလို မမျှော်လင့်ဘဲ လျှပ်တပြက် ရလိုက်တဲ့ကုသိုလ်လေးပါ။

ဒီသန့်ရှင်းကုသိုလ်ကိုလည်း မွန်မွန်မြတ်မြတ် ပြတ်ပြတ်သားသား တန်ဖိုးထားလုပ်သွားတာပါ။

ဒီလို သန်းရှင်းရေးလုပ်ခြင်းကြောင့် အကျိုးငါမျိုးရတယ်လို့လည်း မြတ်စွာဘုရားဟောထားပါတယ်။
တံမြက်လှည်းခြင်း အကျိုး ၅-ပါးကတော့

(၁) သကစိတ္တံ ပသီဒတိ- မိမိစိတ်ကြည်လင်တယ်။
(၂) ပရစိတ္တံ ပသီဒတိ- သူတစ်ပါးစိတ်ကို ကြည်လင်စေတယ်
(၃) ဒေ၀တာ အတ္တမနာ-နတ်တို့နှစ်သက်ဝမ်းမြောက်တယ်။
(၄) ပါသာဒိက သံဝတ္တနိကံ ပုညံ ဥပစိနာတိ- ကြည်လင်ဖွယ်ကိုဖြစ်စေတတ် သောကြောင့်
ကောင်းမှုကုသိုလ်ဆည်းပူးသည်ဖြစ်တယ်။
(၅) သုဂတိံ သဂ္ဂလောကံ ဥပ္ပဇ္ဇတိ- သေသည်၏အခြားမဲ့၌ သုဂတိနတ်ရွာလားစေတတ်တယ်။

သန်းရှင်းရေး ကုသိုလ်လုပ်ခဲ့ဖူးတဲ့ဗုဒ္ဓရဲ့ မျက်နှာတော်ဟာ မြင်ရသူတိုင်း ရင်သပ်ရှုမောလောက်အောင် အလွန်တင့်တယ်ပြီး ကြည်ညိုဖွယ် ကောင်းလှပါတယ်။

ဒါ့ကြောင့် ကျောင်းဒကာတို့ရဲ့ လျှပ်တပြက် သန့်ရှင်းရေး ကုသိုလ်ဟာ ၊ သူတပါးကိုလည်း စိတ်ကြည်နှုးစေ၊ မိမိကိုယ်လည်း စိတ်ရွှင်လန်းစေတဲ့ အပြင် ၊တမလွန်ဘဝမှာလည်း ဇောတိက နတ်းသမီလေးလို့ ရုပ်ရေးချောမောလှပစေတဲ့ လျှပ်တပြက် အဖိုးမဖြတ်နိုင်တဲ့ ကုသို်လ်ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

Monday, March 24, 2014

ဗုဒ္ဓသည် ကုလားလူမျိုးလား

ကြာတော့ကြာပါပြီ။ ဘုရားရှင်ဟာ ဘာလူမျိုးလဲဆိုပြီးတော့ အခြေခံဗုဒ္ဓဘာသာသင်တန်းမှာ တစ်ယောက်က မေးထားတာတွေ့မိတယ်။ အကြောင်းမညီညွတ်တာနဲ့ ဖြေမပေးမိလိုက်ဘူး။ အခုမှပဲ အကြောင်းညီညွတ်ပြီး ဒီမေးခွန်းကို ဖြေဖို့သတိရလာလို့ ဖြေပေးလိုက်ပါတယ်

 ဗုဒ္ဓဘုရားရှင်ရဲ့ လက်ထက်တော်မှာ ဘုရားရှင်ရဲ့ မျိုးနွယ်တွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို စိုးမိုးအုပ်ချုပ်ပြီး အခြေတကျ နေထိုင်ကြပေမယ့် ဘိုးဘေးဖြစ်ကြတဲ့ မူလမျိုးနွယ်တွေကတော့ အိန္ဒိယဇာတိတွေမဟုတ်ကြပါဘူး။ အာရှတိုက်ရဲ့ အနောက်တောင်ဘက်ယွန်းယွန်းမှာ ကော့ကေးရှတောင်တန်း ဆိုတာရှိပါတယ်။ ပထ၀ီဝင် အနေအထားအရဆိုရင် အာရှတိုက်နဲ့ ဥရောပတိုက်အကြားမှာ တည်ရှိတာပါ။

 အဆိုပါ ကော့ကေးရှတောင်တန်းတစ်ဝိုက်ရဲ့ ကုန်းမြေမြင့်ဒေသတွေဟာ ဘုရားရှင်ရဲ့ မျိုးနွယ်များ နေထိုင်ကြရာ မူလဒေသရင်းဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မျိုးနွယ်တွေရဲ့ အသားအရောင်က ၀ါဝင်းတဲ့ အရောင်ဖြစ်ပါတယ်။ အရပ်အမောင်း ကောင်းမွန်ပြီး ကိုယ်ခန္ဒာဖွဲ့စည်းပုံက တောင့်တင်းခိုင်မာပါတယ်။ ဘုရားရှင်ရဲ့ အမျိုးအနွယ်တွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ရဲ့ ဦးခေါင်းပုံသဏ္ဍာန်ဟာ အခြားလူများနဲ့ မတူညီပါဘူး။ ဘုရားရှင်မျိုးနွယ်တွေရဲ့ ဦးခေါင်းဟာ အထက်ဆီသို့ ချွန်တက်နေပါတယ်။ သူတို့တွေဟာ ဥာဏ်လည်းအင်မတန် ကောင်းမွန်ကြပါတယ်။ ဒါကြောင့် သူတို့မျိုးနွယ်ဟာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးလို့ ယူဆပြီးတော့ ``အာရိယာန်း=Aryans´´ဆိုတဲ့ နာမည်ကို မိမိတို့ဘာသာ မှည့်ခဲ့ကြပါတယ်။

 အာရိယာန်းလူမျိုးတွေဟာ မူလအစက တစ်နေရာမှာ အတည်တကျနေကြတာ မဟုတ်ပါဘူး။ ကျွဲနွားများဖြင့် ရေကြည်ရာမြက်နုရာ ပြောင်းရွေ့နေထိုင်ကြပါတယ်။ သူတို့တွေဟာ မြေကောင်းမွန်တဲ့နေရာများကို ရှာဖွေပြီးတော့ ဂျုံးစပါးစိုက်ပြီး အသက်မွေးခဲ့ကြပါတယ်။ မျိုးနွယ်ဝင်တွေသေဆုံးတဲ့အခါမှာ မီးရှို့ပြီးတော့ အရိုးပြာကို အုတ်ဂူတည်ကြပါတယ်။ ဒီအတိုင်း မြေမမြှုပ်ကြပါဘူး။ သူတို့တွေဟာ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းကြရင်းနဲ့ ခိုင်ဘာတောင်ကြားလမ်းကနေ အိန္ဒိယပြည်ထဲကို ၀င်ရောက်ခဲ့ကြပါတယ်။ တချို့မျိုးနွယ်တွေကတော့ ဥရောပဘက်ကို ရောက်သွားကြပါတယ်။ ဂျာမနီလူမျိုးတွေဟာ ဥရောပတိုက်ဘက်ကို ၀င်ရောက်ခဲ့ကြတဲ့ အာရိယာန်းလူမျိုးများဖြစ်တယ်လို့ သမိုင်းဆရာများက ယူဆကြပါတယ်။

 အိန္ဒိယပြည်မှာ မူလနေထိုင်ကြတဲ့ မျိုးနွယ်စုတွေက ဒြာဗီးဒီးယန်းလူမျိုးများ ဖြစ်ကြပါတယ်။ သူတို့တွေဟာ အသားအရေမဲနက်ပြီးတော့ ကိုယ်လုံးကိုယ်ထည် သေးကွေးပါတယ်။ အရပ်လည်းပုပါတယ်။ ဒြာဗီးဒီးယန်းလူမျိုးတွေဟာ မူလက အိန္ဒိယပြည်အနောက်မြောက်ပိုင်း အိန္ဒုမြစ်ဝှမ်းတစ်လျှောက် (ယခုအခါဆိုရင် အနောက်ပါကစ္စတန်တစ်ဝိုက်)မှာ နေထိုင်ကြပါတယ်။ ဒြာဗီးဒီးယန်းလူမျိုးတွေဟာ ခိုင်ဘာတောင်ကြာလမ်းကနေ ၀င်ရောက်လာတဲ့ အာရိယာန်းလူမျိုးတွေနဲ့ နယ်မြေလုစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြပါတယ်။ အာရိယာန်းလူမျိုးတွေဟာ ဒြာဗီးဒီးယန်းလူမျိုးတွေထက် လက်ရုံးရည် နှလုံးရည်က ပိုကောင်းနေတော့ ဒြာဗီးဒီးယန်းတွေဟာ စစ်ရှုံးပြီး ဂင်္ဂါမြစ်ဝှမ်းဘက်ကို ဆုတ်ခွါခဲ့ကြရပါတယ်။ အဲဒီအခါမှာ အာရိယာန်းတွေဟာ နောက်ကနေ လိုက်ပြီးတိုက်ခိုက်ကြပါတယ်။ လက်ရဖမ်းဆီးမိတဲ့ ဒြာဗီးဒီးယန်းတွေကို ကျွန်အဖြစ် ခိုင်းစေခဲ့ကြပါတယ်။

 အဲဒီကစပြီး အာရိယာန်းလူမျိုးတွေဟာ အိန္ဒိယမြောက်ပိုင်းတစ်ဝိုက်မှာ အခြေတကျနေထိုင်ခဲ့ကြတော့တယ်။ နှစ်တွေကြာလာတော့ အိန္ဒိယနိုင်ငံရဲ့ တိုင်းရင်းသားစာရင်းဝင် ဖြစ်ခဲ့တယ်ပေါ့။ မြန်မာပြည်မှာ ပေါက်ပြီး မြန်မာမှာ နေထိုင်တိုင်း ဗမာလူမျိုးမဖြစ်နိုင်သလို အိန္ဒိယမှာမွေးဖွားပြီး အိန္ဒိယမှာနေထိုင်တိုင်းလည်း ကုလာလူမျိုးမဟုတ်ပါဘူး။

ကဲ..ဒီလောက်ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာာ ကုလားလူမျိုးမဟုတ်ဘူးဆိုတာ ဆုံးဖြတ်တတ်လောက်ပြီ။
မိုးသု(မန္တလေး)

ဘာပဲဖြစ်ဖြစ်၊ ကံဟုယုံကြည်သူ( ကမ္မကဿတာဒိဋ္ဌိ)

မေး။ ။``တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက `ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ´ယုံကြည်ထားကြပါတယ်။ ဘုန်းကြိးတွေကလည်း အဲလိုပဲ ဟောကြပါတယ်။´
`` ဒါပေမဲ့ တပည့်တော် ဗြဟ္မဇာလသုတ်မြန်မာပြန်ဖတ်တော့ `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´
 ရှေးရှေးဘ၀က ပြုခဲ့သော ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´
ဟု အယူရှိနေခြင်းသည် `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´လို့ ဖတ်ရပါတယ်´´

``ဒါဆိုရင် ကံ-ကံရဲ့အကျိုးကို ယုံကြည်တာဟာ ဘုရားအလိုကျ မဟုတ်ဘူးလားဘုရား´´တဲ့။

တကယ်က အဲဒီဒကာလေးက စာကိုသေချာမဖတ်လို့ပါ။ ဘုရားရှင်ဟောထားတာက ရှင်းရှင်းလေးပါ။ ဦးဇင်းက ဥပမာလေးတစ်ခု ထုတ်ပေးပါ့မယ်။

အနာရောဂါတို့သည်-----
၁။ သည်းခြေကြောင့်ဖြစ်သော အနာရောဂါ။
၂။ သလိပ်ကြောင့်ဖြစ်သော အနာရောဂါ။
၃။ လေကြောင့်ဖြစ်သော အနာရောဂါ။
၎။ သည်းခြေ သလိပ် လေသုံးမျိုး ပေါင်းစုံ၍ကျရောက်မှုကြောင့် ဖြစ်သောအနာရောဂါ။
၅။ ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သော အနာရောဂါ။
၆။ ခန္ဒာကိုယ် မညီမညွတ် မမျှမတသောကြောင့်ဖြစ်သော အနာရောဂါ။
၇။ လုံးလအားထုတ်ပြုလုပ်ခြင်းကြောင့် ဖြစ်သော အနာရောဂါ။
၈။ ကံ၏အကျိုးကြောင့်ဖြစ်သော အနာရောဂါ။ လို့ အနာရောဂါဖြစ်ရခြင်းရဲ့အကြောင်းရင်း ရှစ်မျိုးရှိပါတယ်။

`အနာရောဂါမှန်သမျှအားလုံးသည် ရှေးကံကြောင့်ချည်းသာ ဖြစ်ရသည်ဟု ယူခြင်းကို `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´လို့ခေါ်တယ်´´ဒါက သာသနာပက တိတ္ထိတွေရဲက အယူအဆတစ်မျိုးပေါ့။

`အနာရောဂါတို့သည် သက်ဆိုင်ရာ အကြောင်း တရားတို့ကြောင့် ဖြစ်ကြသည်ဟု အမှန်အတိုင်းသိမြင်ခြင်းသည် `ကမ္မဿကတသမ္မာဒိဋ္ဌိ´လို့ခေါ်တယ်´´ ဒါကတော့ ဘုရားရှင်ရဲ့ အယူဝါဒတော်အမှန်ပေါ့။

စာရှု့သူများ ရှင်းကြရဲ့လားမသိဘူး။ ( `ချမ်းသာခြင်း ဆင်းရဲခြင်း အလယ်အလတ်ဖြစ်ခြင်း အနာရောဂါကင်းရှင်းခြင်း
 အနာရောဂါထူထပ်ခြင်း စသဖြင့် ဒီဘ၀မှာဖြစ်နေသမျှ `အရာအားလုံးသည်´ ရှေးရှေးဘ၀က ပြုခဲ့သော
 ကောင်းမှု မကောင်းမှုတို့ကြောင့် ဖြစ်ရ၏´ ဟု အယူရှိနေခြင်းသည် `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´ဖြစ်သည်´´)

ဒီဘ၀ဖြစ်သမျှ `အရာအားလုံးဟာ´
 ရှေးကံကြောင့်ချည်းပဲ ဖြစ်ရတယ်လို့ ရှေးကံကိုအားလုံးပုံချလိုက်တာက `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´နော်။

ဒီဘ၀မှာဖြစ်တဲ့ `အကြောင်းတရား´တွေဟာ သက်ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်ရတယ်လို့ (ရှေးကံကိုချည်းပဲ ပုံမချပဲ) မှန်မှန်ကန်ကန် မြင်တတ်တာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။

ဆိုပါတော့ ကိုယ့်ဘာသာ မစူးစမ်းမဆင်ခြင်ပဲ တွေ့ကရာ ပြည့်တန်ဆာမနဲ့အိပ်လို့ HIVဖြစ်ရတာကို ရှေးကံကြောင့် ဖြစ်ရတယ်လို့ ယူမိရင် အဲဒါဟာ `ပုဗ္ဗေကတဟေတုဒိဋ္ဌိ´၊ အော်..ဘာကြောင့် ဒီရောဂါဖြစ်ရတယ်လို့ မှန်မှန်ကန်ကန် သိမြင်ပြီး (ဖြစ်သမျှအားလုံးကို ရှေးကံကြောင့်ပဲလို့) ရှေးကံကိုပုံမချတာက `ကမ္မဿကတသမ္မာဒိဋ္ဌိ´နော်။

ဒီလောက်ဆိုရင်တော့ `ပုဗ္ဗေကတဟေတုဒိဋ္ဌိနဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိ´နှစ်ခုတို့ရဲ့ ကွဲပြားခြားနားချက်ကို မှန်မှန်ကန်ကန် သိလောက်ပါပြီလို့ ထင်ပါတယ်။

ကံ-ကံရဲ့အကျိုးတရားတို့ကို ဗုဒ္ဓဘုရားရှင်တော်ရဲ့ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် သိမြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
............................................အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

Tuesday, March 11, 2014

ရှင်အရဟံနှင့်အနော်ရထာမင်းကြီး

                                                                                             
မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။
မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။
မင်းကြီး။ ။သမ္မာသမ္ဗုဒ္ဓဘုရား အမျိုးအနွယ်တည်ကား အဘယ်သို့သောဂုဏ်၊ အဘယ်သို့သော အကျင့်ရှိ ပေသနည်း။
မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍ မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို ပယ်သတ်ပေး နိုင်သောအကျင့် ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်…
မင်းကြီး။ ။ မင်းကြီးလည်း အားရ၀မ်းသာ တော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား တစ်စိတ်တစ်ဒေသမျှ ဟောကြားတော် မူပါလို့ တောင်းပန်လျှောက် ထားသည်တွင်…
မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓ သာမဏေ ဟောသကဲ့သို့ ) ဒါန သီလ ဘာဝနာ တရားတို့၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော် မူလေသည်။
မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာ ရှိသနည်း။ တရားတော်ကား မည်မျှများ ပါသနည်း။အရှင်မှ တစ်ပါး အခြားသော ရဟန်းတပည့် သံဃာများ ရှိပါသေး သလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။
မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ (၈၄၀၀၀) ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင် ရှိလေသည်။ ငါမှတစ်ပါး အခြား ရဟန်းတော် များစွာလည်း ရှိပေသည်။
မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှ တစ်ပါးအခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား လေသည်။
နေပြည်တော် အရှေ့ဘက် အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည် ရေကိုထမ်း၊ မိဖုရားသည် ဆွမ်းကိုရွက်ကာ နေ့စဉ်သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည် များကိုလည်း လျှောက်ထားမေးမြန်း လေသည်။
အရည်းကြီး တို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့် အရည်းကြီးတို့သည် ရှင်အရဟံကို ရန်ငြိုးထား ကြလေသည်။ မင်းကြီးကလည်း အရည်းကြီး တို့လက်မှ ကာကွယ်ပေးရန် ဆင်ခြင်ပြီး အရည်းကြီး သုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်း စေလေသည်။
ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူ တို့ကိုလည်း ရဟန်းပဉ္စင်း ပြုပေးပြီး သာသနာ တော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍ သာသနာကို သန့်ရှင်းစေလေသည်။
အနော်ရထာ မင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင် လိမ္မာသော အမတ်တစ်ဦးကို တန်စိုးလက်ဆောင် များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်၊ မွေတော်များကို ပင့်ဆောင်ခိုင်း လိုက်လေသည်။
ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော် မူလေသည်။
ထို့ကြောင့်ကိုယ်တော်တိုင် ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်း ရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊ မြင်းရှစ်သိန်း၊သူရဲကောင်းကုဋေရှစ်ဆယ် တို့နှင့် ချီတက်လေသည်။
ရေကြောင်းစစ်ဦး ပဲခူး သို့ရောက်၍ ပုဂံက လှေတပ်မကုန်သေး၊ ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ် မကုန်သေးချေ။ ထိုစစ်ရေး ချီလာသော သတင်းကို မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။
ထို့ကြောင့် အနော်ရထာ မင်းကြီးသည် ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်းအောင်မြင်မှုကို မရခဲ့ချေ။ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို ဖုတ်ကင်၍ စားသောကုလားငယ်၏ဦးခေါင်း၊ ပေါင်၊ လက် တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း သိရလေလျှင် အနော်ရထာ မင်းကြီးသည် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။
ထို့နောက် သထုံပြည်ကို အောင်မြင်ကာ သထုံမင်း အဆက်ဆက် ရတနာ ပန်းတောင်းတွင် ထား၍ကိုးကွယ်သော ဓာတ်တော်၊ မွေတော်များ၊ ပိဋကတ် သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ(၃၂)စီးတွင် တင်၍ပင့်ဆောင် လာခဲ့လေသည်။
မနူဟာမင်းကြီး နှင့်တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ် တစ်ထောင် တို့ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။
ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာ မင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြ ရရှာသော ခေတ်အဆက်ဆက် မင်းပြု အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။
ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန် ပြုလေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ် ကြလေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ ဂူတည်ထား ကိုးကွယ်လေသည်။
ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော် ကြလေသည်။
(ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)။
မြန်မာပြည်သူပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြု လုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေလေတော့သည်။
အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားပြုစုသော သာသနာ လင်္ကာရစာတမ်း သုံးကျမ်းတွဲ။
THE HISTORY OF THE BUDDHIST’S RELIGION စာအုပ်နှင့် ။
ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော ရဟန္တာများ စာအုပ်မှ မှီးငြိမ်းပြီးအတိုချုံးကာ ဖော်ပြလိုက်ပါသည်။
ဓမ္မစေတီဆရာတော် ဦးကောသလ္လ Page မှ
ပြန်လည်ကူးယူ မျှဝေ ပူဇော်ပါသည်။
မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက် ရှိ ပြန်ပွားလာအောင် ဆောင် ရွက်တော်မူကြသော ရှင် အရဟံ မထေရ်မြတ်နှင့် အနော်ရထာမင်းကြီးတို့၏ ကျေးဇူးကား ကြီးမားလှပါပေသည်။

Wednesday, March 5, 2014

ဆရာတော်ဦးဥတ္တမနှင့်ခုံတော်မောင်ကျဘမ်းစကားစစ်ထိုးပွဲ

တစ်ခါသော် တောင်တွင်းတောရ ဆရာတော် ရှင်ဥတ္တမသည် စာသင်ဘက်ဖြစ်သော ရှင်သီလဝံသကိုယ်တော်
စစ်ကိုင်း ထူပါရုံဘုရားအနီးရှိ ရတနာ့ဗိမာန်ကျောင်းတွင် သီတင်းသုံးနေကြောင်းကိုကြားသိသဖြင့်
ကိုယ်တော်နှစ်ပါး တွေ့ဆုံရင်း သံဃာတော်များကို ထိးပါးပြောဆိုမိသော ခုံတော်မောင်ကျဘမ်းကို ဆိုဆုံးမရန် ကြွတော်မူလာခဲ့ပါသည်။

ထိုစဉ်က တောင်တွင်းကြီးမှ စစ်ကိုင်းသို့လာရာတွင် အဝ ကိုရောက်သည်။ ထိုမှ ဧရာဝတီမြစ်ကိုဖြတ်လျက် စစ်ကိုင်းသို့ရောက်ပါသည်။
 ရောက်လင့်ပြီဖြစ်သောကြောင့် စစ်ကိုင်းသို့မကူးခင် အဝ
တွင် ဆွမ်းစားမည်ဟု ကြံသော် အသိအကျွမ်း ဒါယိကာ ဒါယိကာမ မရှိသည်ကြောင့် ဆွမ်းခံရန် သင့်ရာအရပ်သို့ ကြွတော်မူပါသည်။

ထိုအရပ်မှာ ပြင်စည်တန်းရပ်ဖြစ်ရကား ခုံတော်မောင်ကျဘမ်း ဓမ္မာရုံသို့ တံမြက်စည်း တစ်ဘက် ပန်းတစ်ဖက်ဖြင့် သွားသောအချိန်နှင့် အသင့်တွေ့လေ၏။ ရှင်ဥတ္တမသည် ဤအရပ်ကို မ
ရောက်ဖူးသဖြင့် အမည်မသိသကဲ့သို့ နာမည်သာသိသော ခုံတော်မောင်ကျဘမ်း ကိုလည်း မသိချေ။

သို့ကြောင့်မေးမြန်းရာ အရပ်ကို ပြင်စည်တန်းရပ်ဟုခေါ်ကြောင်းနှင့် အနှီပါပုဂ္ဂိုလ်မှာ နာမည်ကျော် ခုံတော်မောင်ကျဘမ်း ဖြစ်ကြောင်း လျှောက်ကြလေသည်။ရှင်ဥတ္တမလည်း ဝမ်းသာအားရဖြင့် တရားလည်းဟောအံ့ ဆွမ်းလည်းခံ အံ့ တစ်ခါဖြင့် နှစ်မျိုးထူးသည် ဟု မှတ်ယူကာ
 မောင်ကျဘမ်း သွားသော ဓမ္မာရုံ တစ်နေရာတွင် သီတင်းသုံးလျက်နေ
လေသည်။မောင်ကျဘမ်း ဘုရားဦးချအပြီး လှည့်ကြည့်ရာ သစ်ခေါက်ဆိုးမြန်းလျက် ပရိက္ခရာရှစ်ပါးစုံ
စွာ တောင်ဝှေးတစ်ချောင်း ပါသေးသည်ကိုမြင်လျှင် တောမှီရသေ့တို့သည် ပညာအရာတွင် မကောင်းအံ့ဟု အထင်သေးကာ ရှိမခိုး ဦးမချပါ။ခုံတော်မောင်ကျဘမ်းက “ဦးပဉ္ဇင်း ဘယ်ကလာလို့ ဘယ်သွားမလဲ” ဟုမေးသည်။

ထိုအခါရှင်ဥတ္တမကျော်က “တောင်တွင်းကြီးမှ စစ်ကိုင်းကြွမည် ဆွမ်းမစားရသေးသဖြင့် ဆွမ်းတစ်နပ် အ
လှူခံပါသည် ဒကာ” ဟုဖြေလတ်လျှင်........
ခုံတော်မောင်ကျဘမ်းက “ဦးပဉ္ဇင်းနှယ် သာသနာဘုန်းမီးနေလ တောက်နေချိန်မှာ ဘယ်
အိမ်ကို ပါးရိုက် ကပ်ခိုင်း ကပ်ခိုင်း ဆွမ်းတစ်နပ် ရလေတယ်” ဟုပြောလေသည်။ ရှင်ဥတ္တမကျော်
လည်း တစ်စုံတစ်ရာမမိန့်ပဲ ဓမ္မာရုံတွင်းမှ ကြွသွားလေ၏။
ထိုမှတစ်ဖန် ရှင်ဥတ္တမကျော်သည် မောင်ကျဘမ်း အိမ်သို့ကြွသွားပြီးလျင် မောင်ကျဘမ်း
မိန်းမအား ပါးရိုက်၍ ဟဲ့ဒကာမ ဆွမ်းတစ်အုပ်ချက် ကပ်လော့ ဟု အခိုင်း၏။ ထိုမိန်းမလည်း ငိုယို
လျက် ကျဘမ်းကိုတလေလျှင် မောင်ကျဘမ်း အပြေးရောက်လာပြီး အဘယ်ကြောင့် ရိုက်ပါသနည်း
ဟု အမေးရှိလေသည်။

ရှင်ဥတ္တမက “ဒကာ သင်ဆိုအတိုင်း ဘုန်းမီးနေလတောက်သော သာသနာတော် အချိန်တွင်
ပါးရိုက်၍ ဆွမ်းကပ်ခိုင်းသည်။ တစ်ဘက်သားကို ဆင်းရဲနှိပ်စက် မပြုရသော ပညတ်ချက်ကို သိ
သော်လည်း ငါရိုက်ခြင်းမမည် သင်ရိုက်ခြင်းသာမည်၏” ဟုဆိုလေလျှင် သူ့စကားနှင့်သူပတ်၍ ခုံတော်မောင်ကျဘမ်း ယမ်းပုံမီးကျ ဒေါသထွက်လေသည်။ ပညာရှိသလောက် မာန်မာနလည်း
ထောင်လွှားသော မောင်ကျဘမ်း သည် ဆွဲမည် ရမ်းမည် ပြုသဖြင့် အရပ်က တားရလေ၏။

မောင်ကျဘမ်းလည်း မတတ်သာသည့်အဆုံး ဆွမ်းချက်သည် မိန်းမကို မကျက်သေးဘူးလားနင့်လင်ကြီးကို မြန်မြန်ကပ်ဟု မကြာခဏ ဆိုလတ်၏။ ရှင်ဥတ္တမကျော်လည်း ဆိတ်ဆိတ်နေပြီးလျှင်
ဆွမ်းပွဲသိမ်းမှ မောင်ကျဘမ်း မိန်းမလက်ကိုဆွဲ၍ နင့်လင်က ငါ့ကိုပေးနှင့်ပြီ လိုက်ခဲ့တော့ဟု ခေါ်လေသည်။
သူ့မိန်းမကို ဆွဲကြောင်းမြင်လျှင် မောင်ကျဘမ်း ဒေါသမထိန်းနိုင်ပဲ စိတ်လွတ်လက်ရ လုပ်မည်ပြင်သောကြောင့် အရပ်က အဆီးတားကာ၊ ရှင်ဥတ္တမကျော်ကိုလည်း သင့်ရာသို့ကြွရန် တောင်း
ပန်လျှောက်ထားကြတော့မှသာ ဆက်လက်ကြွချီတော် မူလေသည်။

ပညာရှိတို့နှင့် အပွဲပွဲနွှဲ လာပြီးအနိုင်ရကာမှ ရှင်ဥတ္တမကျော်ကို အညံ့ခံလိုက်ရခြင်းကြောင်းကို ခံပြင်းကာ မကျေနပ်နိုင်သော မောင်ကျဘမ်းသည်လူအုပ်အတွင်းမှထွက်လျက်သာသနာပိုင်ထံအပြေးသွားလျှောက်လေသည်။
သာသနာပိုင်လည်း ခေါင်းမီးတောက်လျက် သံဃာအချို့နှင့် စာရေးတို့အား အဝမြို့တွင်းရှင်ဥတ္တမကျော် ကိုရှာဖွေကာ ပင့်ဆောင်ခဲ့ပါရန် လျှောက်ထားလေသည်။

ရှင်ဥတ္တမကျော်လည်း ကျောင်းသို့ရောက်လျင် မောင်ကျဘမ်းကိုမြင်သော် ပြုံးတော်မူသည်
ထို့နောက် တိုင်းကြားချက်ကို သာသနာပိုင်ထံမှ နာခံ၍ ဖြစ်ကြောင်းကုန်စင်ကို ပြန်လျှောက်ကာ
ဒကာတော်မောင်ကျဘမ်း ဆိုသည့်အတိုင်း ပါးရိုက် ဆွမ်းစား၍ သူလှူသည့် မိန်းမကို အလှူခံရခြင်း
ဖြစ်သည် တပည့်တော်စိတ်မှဖြစ်သော ကာယကံ ဝစီကံ မနောကံ ကံသုံးပါးမရှိ ဟု တင်လေသည်။

သာသနာပိုင်လည်း မာနထောင်သော မောင်ကျဘမ်းကို နိုင်မည့်သူတော့ လာချေပြီ မကျေနပ်က သုဓမ္မာသို့တက် ဟု မိန့်တော်မူသည်။သို့ဖြင့် သံဃာတော်များ ဆွေးနွေးရာသဘင် သုဓမ္မာသို့
ရှင်ဥတ္တမကျော်နှင့် ရှင်သီလဝံသ တို့သည် နောက်လိုက်နောက်ပါ သံဃာများဖြင့် လည်းကောင်း
မောင်ကျဘမ်းသည် သက်သေနီးချင်းများဖြင့် လည်းကောင်း တက်ရောက်လာကြလေသည်။

- အခွင့်မရပဲ ရဟန်းချဉ်းနင်းဝင်ရောက်ခြင်း။
- မာတုဂါမ မျက်နှာကိုပုတ်ကာ မစားအပ်သော အစားကိုစားခြင်း။
- ရဟန်းတို့သည် ရိုက်မည်ဟုမိုးရုံမျှဖြင့် အာပတ်သင့်သည်ဟု ဘုရားရှင်မိန့်ခဲ့ပါလျက်
ရှင်ဥတ္တမ ကျုးလွန်ခြင်း။
- ဓမ္မသတ်အရာတွင် ပုတ်ခတ်ခြင်းဆယ်ပါးအတွက် ဒဏ်ရှိကြောင်း။
- ရာဇသတ်ကြောင်းတွင် မောင်ကျဘမ်းမယားမှန်း သိလျက် လက်ကိုဆွဲခြင်း၊ အိမ်ရှင်ယောင်္ကျားမရှိခိုက် ဝင်ရောက်ခြင်း၊ အိမ်ခန်းတံခါးတွင်း ကျော်လျက်ဝင်ရောက်ခြင်း၊ ကာမဂုဏ်
မြောက်သော ဟဲ့ နင်ငါ့မယားဖြစ်ချေပြီဟု ဆိုခြင်း၊ မယားခိုး အင်္ဂါ လေးရပ်နှင့်လည်း ညီကြောင်း
ကို စာပေကျမ်း အကိုးအကားဖြင့် စာရေးသားလျှောက်တင် ခဲ့သည်။

ရှင်ဥတ္တမက နှုတ်တိုက် ချေပသည်မှာ==
- ကျဘမ်းအိမ်ဝင်ခြင်းသည် စကား၌ ဘယ်အိမ်မဆို ဟုပါသောကြောင့် သူ့အိမ်ကြောင်း သိရကာ ဝင်ရသဖြင့် အပြစ်မရှိ။

- အိမ်ဝင်းအတွင်း ဝင်ရောက်ခြင်းမှာ ငါဝင်ပါရစေဟု ရဟန်းတို့ခွင့်ပန်ခြင်း ထုံးစံ ဘုရားရှင်လက်ထက်တည်းကမရှိ၊ ပညတ်တော်မမူ။ ပညတ်ခဲ့သည်မှာ အကြောင်းမဲ့ကာလတွင်မဝင်ရဖြစ်သည်။

- မနုဿိတ ဒဿမတွဲတွင် မြတ်သောသူ ကြီးသောသူ တို့သည် မိန်းမအားလည်းကောင်းလူငယ်အားလည်းကောင်း
 ရိုကျိုးရန်အကြောင်း ဖြင့်ရိုက်၍ ဆုံးမခွင့်ရှိသည် ထို့ကြောင့် အပြစ်မရှိ။
- မနုဿိတ ဓမ္မသတ် တွင် သီလရှိသူ ငယ်ရွယ်သူ အိုမင်းသူ ရောဂါနှိပ်စက်ခံရသူ အသားမစားရသူ ရူးသွပ်သူ
မင်းဧကရာဇ်တို့ သတ်သော်လည်း မင်းမှု မထိုက်ရာဟု ပါသဖြင့် အပြစ်မရှိ။

- ပရိတ်သတ်ရှေ့တွင် နင့်လင်ဟု ဆိုသဖြင့် သူကိုယ်တိုင် အာလယ ပြတ်ကြောင်း ပြောဆို
ဟန်ရှိ၍ ကျောင်းသားလူငယ်ကို ဆွဲဘိ သကဲ့သို့ ဆွဲသွားရာ အပြစ်မရှိ။

ဆရာတော်ကြီးများလည်း လောကီ လောကုတ်ကျမ်းဂန်တို့နှင့် ညှိနှိုင်းကြပြီးလျှင်၊ ယခင်
ပုတ်ခတ်ဖူးသကဲ့သို့ ယခုလည်း ကျမ်းဂန်တတ်သိ၍ သာသနာတော်ကို စောင့်ရှောက်ပါသော ဝိနည်း
တော်ကို ထိန်းသိမ်းပါသော ရှင်ဥတ္တမ ကို လီစယ် စွပ်စွဲ သကဲ့သို့ ဖြစ်သည်။ သာသနာတော်ကို ညှိုး
ငယ်အောင် လုပ်သည်နှင့်တူ၍ ထိုသို့ သဘောပိုက်ရတော့မည် ဟုတိုင်ပင်ပြီးလျှင်၊ အဝရှိ သံဃာတော်များ
 ကိုအကြောင်းကြားစေ၊ မောင်ကျဘမ်း တို့မိသားစု လှူဒါန်းသမျှကို သပိတ်မှောက်ကြစေ သာသနာတော်ကို အကြည်အညို မရှိသူ တို့အလှူကို မယူ ဟု အမိန့်ချမှတ်လေသည်။

ထိုတော့မှ မောင်ကျဘမ်းလည်း မျက်ရည်ဖြိုင်ဖြိုင်ကျလျက် တောင်းပန်မည် ကျေးအေးပါ
တော့ ဟု ခွင့်လွှတ်တော်မူပါရန် မိမိကို သပိတ်မမှောက်ပါရန် မာန်စွယ်ချိုး ဝန်ချတောင်းပန်လေတော့သည်။
{Posted on September 1, 2013 by မီးနတ် in Knowledge မှ ကူးယူ၍ ပြင်ဆင်ရေးသားပူဇော်
ပါသည်။}

Tuesday, February 25, 2014

ပြစ်တင်ဝေဖန်ခြင်းနှင့်သွန်သင်ပြသဆုံးမခြင်း ခြားနားချက်

ခုတလော အင်တာနက်စာမျက်နှာတွေမှာ ရဟန်းတော်များကို ၊ ဝေဖန်ကောင်းတယ်၊ တချို့က မဝေဖန်ကောင်းဘူး စသည်ဖြင့် အငြင်းပွားဖွယ်ရာ အကျိုးမရှိတဲ့ စာတွေဖတ်နေရတယ်။

စာပေဗဟုသုနည်းပါးတဲ့ သူတွေက ဒီစာလေးလောက်ကို ဖတ်ပြီး ၊ လူတွေ့တိုင်း ရဟန်းသံဃာအချို့ရဲ့ အပြစ်ကိုပြကာ   လူလောကမှာ အသိမ်းအဖျင်း လိုက်ပြောနေရင်..အလိုလို အကုသိုလ်ပွားနေသလိုပဲ။

တကယ်.. ရဟန်းသံဃာတော်တွေ ကောင်းစေချင်တယ်ဆိုရင် ..မိမိလက်လှမ်းမှီတဲ့ ကျောင်းတိုက်တွေ ၊ ရဟန်းငယ်တွေကို တွေ့ဆုံကာ လမ်းညွှန်ပြသနိုင်ပါတယ်။

လောကမှာ အရာဝတ္ထုတိုင်း အစစ်ရှိရင် အတုရှိတတ်သလို ..သာသနာမှာလည်း ရဟန်းမျိုးစုံရှိနိုင်တယ်။ ဒါကိုလည်း သဘောပေါက်ရမယ်..။

ရဟန်းတော်များကို အမြဲတမ်း ချီးမွမ်းထောမနာနေရမယ်လို့မဆိုလိုပါဘူး၊ မကောင်းတာရှိရင် ဆရာ၊ဒကာလက်တွဲပြီး အတူဖြေရှင်းနိုင်ပါတယ်။

လောကမှာ လူရှိနေသ၍ ကဲ့ရဲ့ခြင်း၊ ဝေဖန်ခြင်း၊ ပြစ်တင်ခြင်းများလည်း ရှိဦးမှာဖြစ်တယ်။
မြတ်စွာဘုရားတောင် အဝေဖန်ခံရတယ်၊ကဲ့ရဲ့ခံရတယ်။ သာမန်ပုထုဇဉ်ရဟန်းမျာကတော့ မပြောနဲ့တော့။

သာသနာကောင်းကျိုးအတွက် ရဟန်းတော်တွေကို ပြုပြင်ချင်တယ်ဆိုရင် ဘုရားလက်ထက်က ကျောင်းအမ ဝိသာခါတို့လို့ တည့်တည့်ပြော ၊ အပြင်မှာ မဝေဖန်နဲ့။စာရေးသူတို့ ငယ်စဉ် ကိုရင်ဘဝကလည်း
 ကျောင်းအမကြီးက ကိုရင်လေးတွေ သင်္ကန်ဝတ်တာ မညီရင်၊ အန္တရာယ်ဖြစ်လောက်အောင် ဆော့နေရင် ပြောဆိုဆုံးမတာပဲ။

ရဟန်းက စကားပြောမှားလို့ ၊ မကြည်ညိုချင်ရင် .. စိတ္တသူကြွယ်လို့ အဲဒီရဟန်းရှေ့မှာ အပြစ်ကိုပြ .. ၊ လမ်းညွှန်ပြ ..
အပြင်မှာ မဝေဖန်နဲ့ ၊ သူတစ်ပါးကို လက်မတို့နဲ့။

ဘုရားလက်ထက်ကလည်း ဘုရား၊တရား၊သံဃာကို ကဲ့ရဲ့တဲ့သူရှိခဲ့ဖူးတယ်။
ပိဋကတ်တော်တွေမှာ သေချာမှတ်တမ်းတင်ထားတယ်။  ဒကာတို့လည်း ၊ သမိုင်းမှာ ရဟန်းကို ပြစ်တင် ဝေဖန်သူလို့ မှတ်တမ်းမကျန်ရစ်စေနဲ့ ၊ ပြောချင်ရင် ၊ ပြုပြင်ချင်ရင် ရဟန်းရှေ့မှာ သေချာသွားပြောပါ..။

အခါတပါးမှာ မြတ်စွာဘုရားနောက်ပါ ရဟန်းများနှင့်အတူ ရာဇဂြိုဟ်ပြည် နာဠန္ဒာမြို့ကို ကြွတော်မူတယ်။  သုပ္ပိယပရိဗိုလည်း တပည့် ဗြဟ္မဒတ္တနဲ့အတူ နာဠန္တမြို့ကိုသွားကြတယ်။

ခရီးသွားအချင်းချင်း သုပ္ပိယက ဘုရား၊တရား၊သံဃာတွေရဲ့ အပြစ်ကို တလမ်းလုံး မြတ်စွာဘုရားနဲ့ တပည့်ရဟန်းတွေ မခံသာအောင် ပြောနေတယ်။  တပည့်ဖြစ်သူကတော့ စိတ်ကောင်းရှိသူဖြစ် ၊ ရတနာသုံးပါရဲ့ ဂုဏ်ကျေးဇူးကိုပဲ ချီးမွမ်းပြောဆိုနေတယ်။

မြတ်စွာဘုရားနှင့်ရဟန်းသံဃာတွေက လမ်းခရီးမှာ မင်းကွန် (မင်းတို့နေဖို့ဆောက်လုပ်ထားတဲ့) သရက်ဥယျာဉ်းမှာ ခဏနားကြတယ်။
သုပ္ပိယနှင့်တပည့်ကလည်း ထိုမင်းကွန်မှာပဲ ခဏနားကြတယ်။ ဆရာတပည့်နှစ်ယောက် ဆရာက  ၊ ဘုရားနှင့်သံဃာတော်တွေကို ကဲ့ရဲ့ပြစ်တင်၊တပည့်က ဘုရားနှင့်သံဠဃာတော်တွေကို ချီးမွမ်းစကား ဆိုရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်စကားများကြတယ်။

ဒီလိုနဲ့ လမ်းခရီးတစ်လျှောက် သုပ္ပိယရဲ့ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတွေကို ပြင်တင်ဝေဖန် ကဲ့ရဲ့သံကြားရတော့ ရဟန်းတွေက သည်းမခံနိုင်တော့ မြတ်စွာဘုရားကို လျှောက်ထားကြတယ်။

ဒီတော့ ဗုဒ္ဓက ..
ရဟန်းတို့.. သူတစ်ပါးက ငါ့၏ အပြစ်ကိုဖြစ်စေ၊တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ကဲ့ရဲ့ပြစ်တင် ဝေဖန်ရာ၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာမယာဖြစ်ခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြနှင့်..။

ရဟန်းတို့ ငါ၏အပြစ်ကိုဖြစ်စေ၊ တရားတော်၏အပြစ်ကိုဖြစ်စေ..၊ သံဃာတော်၏ အပြစ်ကိုဖြစ်စေ  ပြစ်တင်ဝေဖန်ရာ၌ သင်တို့အမျက်ထွက်ပြီး စိတ်မချမ်းမသာဖြစ်ကြလျှင် သင်တို့သာ အန္တရာယ်ဖြစ်ရာ၏။

ရဟန်းတို့ သူတို့သည် ငါ၏အပြစ်ကိုဖြစ်စေ…တရားတော်၏ အပြစ်ကိုဖြစ်စေ..၊ သံဃာတော်၏ အပြစ်ကိုဖြစ်စေ ပြစ်တင်ဝေဖန်ရာ၌ သင်တို့အမျက်ထွက်ပြီး နှလုံးမသာမယာဖြစ်ခဲ့လျှင် သူတစ်ပါး၏
စကားကောင်း ၊စကားဆိုးကို မသိနိုင်ပါ။

ရဟန်းတို့ သူတစ်ပါးက ပြစ်တင်ဝေဖန်ရာ၌ “ ဤ စကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်းမမှန်၊  စင်စစ် ဤအပြစ်သည်  ငါတို့မှာထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်းသင်တို့ဖြေရှင်းကြပါလေ..။  (ဗြဟ္မဇာလသုတ်)

Sunday, February 2, 2014

အသက်ရှုနည်း အတတ်ပညာ

“သင် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင် နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိ ကျကျ ထပ်ပြီး မေးပါဦးမယ်။

“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား”


ဒီလို မေးရင်တော့ အနည်းငယ် စဉ်းစား သွားပါလိမ့်မယ်။ ပြီးမှာ အသက်ရှူတာ နည်းစနစ်လို့သေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အသက်အပြည့်အ၀ ရှူပြီး ကိုယ်ခန္ဓာ နွမ်းနယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေတဲ့ နည်းစနစ် အမှန် တကယ်ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သူတွေ အနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြထားတဲ့ အချိန်မကုန် မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ တင်ပြထားချက်တွေကို အခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။

ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာ ပြေပျောက်စေနိုင်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန် ငွေမကုန်တဲ့ အပြင် အင်မတန်ရိုးရှင်း လွယ်ကူတဲ့ အတွက် မည်သူမဆို ဆောင်းပါးလေးကို ဖတ်ပြီး လုပ်ဆောင်လိုက်ပါ။

လူ့ခန္ဓာကိုယ်ဟာ အဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေ မွေးဖွားရင်း၊ ဆဲလ်အဟောင်းတွေ သေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာ အဟာရကို ဦးစားပေး စားသုံးတတ်ကြပါတယ်။ အဟာရ ဖြစ်စေမယ့် အစားအစာကို ရွေးချယ် စားသုံးကြတာ အများစုပါ။ သို့ပေမယ့် အဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင်ဖို့ လိုပါတယ်။ သို့မှသာ အဟာရနဲ့ အောက်စီဂျင် အပြန်အလှန် အကျိုးပြု ထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ် ဖြစ်လာမှာပါ။

လူတွေဟာ သွားလာ လှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အသက်ရှူတဲ့အခါမှာတော့ အပြည့်အ၀ မရှူကြပါဘူး။ အသက် အပြည့်အ၀ မရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အပြည့်အ၀ မရပေဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ် လုပ်နေမယ်၊ အသက်လည်း အပြည့်အ၀ မရှူနိုင် ဖြစ်နေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ သွေးထဲဝင်ရောက်လာပြီး လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင် နည်းပါးသွားတာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာရတော့တာပဲ။ အဲဒီမှာ ဘာဖြစ်မှန်း မသိဘူး ဆရာရယ် ဆိုပြီး ဆရာဝန်ထံ သွားပြရတော့တာပဲ။ ဒီလို ဖြစ်ရတာဟာ အောက်စီဂျင် မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့ အချိန်မှာပဲ အသက်ကို ပြည့်ပြည့်၀၀ ရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အ၀ အသက်ရှူတာ မရှိသလောက်ပါ။

အထူးသဖြင့် အားကစား မလုပ်ဘဲ တခြားအလုပ်တွေ လုပ်ကိုင်နေချိန်မှ လူ့ အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ကြပါတယ်။ အားကစား လုပ်နေသူ တွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ် ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင်နှုန်းက နေ ၉၅ ရာခိုင်နှုန်းလောက် အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်းတာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကို စားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေ ပြန်လည်ထုတ်လွှတ်ပေးနေတာပါ။

အခု ဆက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေအပြည့်အ၀ ရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက် ရရင်ပဲ အဆင်ပြေပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက်လှန်လှဲအိပ်ရင်း ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်းဆုံးကတော့ လက်တင်ပါတဲ့ ကုလားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံး လက်တင်ပါတဲ့ ကုလားထိုင် ပေါ်မှာ လေ့ကျင့်ဖို့ အတွက် အရင်ပြောပါမယ်။

လက်တင်ပါ ကုလားထိုင်ပေါ် သက်သောင့်သက် အရှိဆုံး အနေအထား အတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကို တန်းပေါ် တင်၊ ခြေထောက် တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကို နောက်မှီ တန်းပေါ် အနည်းငယ် မော့ပြီးတင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကို ရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက် နည်းနည်း ဒီဘက် နည်းနည်း လှုပ်ပေးပြီး အသက်ရှူ လေ့ကျင့်ခန်း စပါ့မယ်။ ထူးထူး ဆန်းဆန်းကြီး မဟုတ်ပါ။ လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်း ရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင် ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ် လေတစက်မှ ထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်း ပြန်မထုတ်သေးဘဲ ခေတ္တ အောင့်ထားပါ။
 အောင့်နိုင်သလောက် အောင့်ထားပါ။ လုံးဝ မအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင် တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့ အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့ အချိန်တွေ ညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့ အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့်ရေတွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့ အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ် တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင် လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။

ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့် ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကို သာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီး အချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မယ် မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန် တွေ ညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။ အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲ ဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်း ခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်း အလွန်ပေါ့ပါး အလွန်လန်းဆန်းသွား လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။

အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယ ဖော်ပြမယ့် အနေအထားကို အသုံးပြုနိုင်ပါတယ်။ ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမျှ မသုံးပါနဲ့။ ခန္ဓာကိုယ်ကို စန့်နိုင်ဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်က ပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာကြံ့ခိုင်ရေးနဲ့ အသက်ပြည့်ပြည့်၀၀ ရှူပြီး အားအင်ပြည့်လျှမ်း စိတ်ရွှင်လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ် ဆိုတာ အာမခံ တင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့ သူတွေ ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ် ဆိုရင်တော့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာ မရှိဘူး မဟုတ်လား။

http://myawadynews.blogspot.com/2013/09/blog-post_1405.html
You might also like:

Tuesday, July 9, 2013

SUMMER SCHOOL

Dear all Buddhist fellows,
You have responsibility to hand over Buddha's teaching and moral culture  to  your new generation. Please spend Summer time your kids learning Buddha’s teaching and adventure insight meditation. That will be save your future and  save the world.

It will start at 9 AM until 5:30 PM.   Summer school program  will include loving kindness meditation, Vipassana Meditation,  teaching of Myanmar  language, offering lunch to Buddha, Sangas  and cartoon movies of Buddha followed by discussion, Myanmar Buddhist Cultures so on  supervised by Sayardaw and volunteers. Please feel free to give any suggestion or comment below or send personal messages to us.

Started this  Friday 9AM to 5:30PM
We know that some students are in Summer school that is why at the beginning there will be a few students. Hope we’ll be more students in after summer school.
Lunch will proved by Burmese Buddhist Society, BC
--

Monday, June 24, 2013

နိဗ္ဗာန်ဈေးအကျိုးကျေးဇူး

ပြီးခဲ့တဲ့ တနင်္ဂနွေက နေမင်းကြီးသည်  အရှေ့ဂေါယာကျွန်းမှ မပူလွန်း၊မအေးလွန်း ပေါ်ထွန်းကာ နေချည်နုမျှ တောက်ပလျှက်ရှိသည်။  လူတွေကလည်း  တစ်ပတ်တွင် ငါးရက်တာမျှ  အလုပ်ပင်ပန်းခြင်းကို  အေးအေးဆေးဆေး ပျော်ပျော်ပါးပါး အနားယူရန် တာစူလျှက် ရှိသည်။

 ရာသိတုကလည်း၊ သယာရှိလျှက်သောကြောင့် ပြည်ပရောက် မြန်မာမိသားစုများ အမိမြန်မာလွမ်းပြေ  ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးပွဲတော်သို့  ဝင်လာမစဲ တဖွဲဖွဲရောက်လာကြသည်။

ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးပွဲတော်ကလည်း စားသောက်စရာ စုံလင်လှသည်၊ မုန့်ဟင်းခါး၊ ဒါန်ပေါက်၊ မန္တလေးနန်းကြီး၊ ဘယာကြော်၊ မုန့်ဖတ်ထုပ်၊ ကောက်ညှင်းထုပ်၊ ဗူသီးကြော်  စသည်ဖြင့် အမျိုးအမည်စုံလှသည်။ ဤသို့အမျိုးစုံတာက တစ်ကြောင်း၊ လှူလည်း လှူ စားလည်းစား ကုသိုလ်ရသောကြောင့် ဗန်ကူးဘာရောက်မြန်မာများ နိဗ္ဗာန်ဈေးကို အထူးစိတ်ဝင်စားကြသည်။

စာရေးသူကိုယ်လည်း အများနည်းတူ နိဗ္ဗာန်ဈေးအလှူကို နိဗ္ဗာန်ဈေးရက် မရောက်ခင်ကတည်းက လှူရန်အထူးစိတ်အား ထန်သန်နေသည်။ ထို့ကြောင့် “ ငါ.. ဒီတစ်ခေါက်နိဗ္ဗာန်မှာ မြန်မာဗုဒ္ဓဘာသာအသင်းကြီးအတွက် ခါတိုင်းကဲ့သို့ စံချိန်မှီအောင် လှူဒါန်းမည်ဟု အဓိဌာန်ထားလိုက်သည်။  လှူမည်ဟု ဆုံးဖြတ်လိုက်သောအခါ သဒ္ဓါစိတ်များလည်း တဖွားဖွားဖြစ်ပေါ်၍ နေသည်။ သဒ္ဓါစိတ်များ ဖြစ်ပေါ်၍နေသောကြောင့် စိတ်ထဲမှာလည်း တစ်ယောက်ထည်း ပျော်ရွှင်နေသည်၊ တက်ကြွနေသည်။  သဒ္ဓါစိတ်က ရုပ်ကိုအထူးကြည်လင်စေသည်ဆိုသော အဘိဓမ္မာသဘေားကိုလည်း စာတွေ့အပြင်ကိုယ်တွေခံစား လိုက်ရခြင်း ဖြစ်သည်။

ပြည်ပတိုင်းပြည်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများသည် ၊ လစဉ်ပေးငွေများ ရှိနေ၍  ပွဲတော်များ ကျင်းပကာ ဘဏ္ဍာငွေရှာရသည်။  မြန်မာဗုဒ္ဓဘာသာအသင်းဦးဆောင်းသော ဗုဒ္ဓရံသီမြန်မာဘုန်းတော်ကြီးကျောင်းလည်း လစဉ်ပေးငွေ  $ 3000 နီးပါးရှိ၍ ဤကဲ့သို့ ပွဲတော်များဖြင့် ဘဏ္ဍာငွေကိုရှာရသည်။  အသင်း၏ဘဏ္ဍာငွေ အဝင်/အထွက်ကို သိနေသော စာရေးသူက  လိုအပ်ချက်ကို အထူး ဖြည့်ဆီးလိုသောကြောင့် အထူးလှူးဒါန်းချင်
စိတ်ဖြစ်နေခြင်းဖြစ်သည်။

နိဗ္ဗာန်ဈေး မရောက်ခင် တစ်ပတ်လောက်အလိုတွင် ကျောင်းတွင် ဒကာတစ်ယောက်
 ရောက်လာပြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်က လွတ်လိုက်လို့ဟုဆိုကာ ဒေါ်လာ ငါးရာကို လာရောက်လှူဒါန်းသွားသည်။ စာရေးသူ အံဩမဆုံးဖြစ်ရသည်။ မိမိလှူလိုသော ငါးရာကို တစ်ယောက်ယောက်က လာရောက် ပါရမီဖြည့်ဆီးသွားခြင်းကြောင့်ဖြစ်သည်။

နိဗ္ဗာန်ဈေးအားလုံးရောက်ချပြီးနောက် စာရင်းရှင်းလိုက်သောအခါ ၊ ကျင်းပနေကြပွဲတိုင်း စံချိန်မီဖို့က ငါးရာလောက်သာ လိုတော့သည်။  စာရေးသူ မှန်းချက်နှင့်အကိုက်ပါလားဟု
 တွေးတောမိခါ၊  စာရေးသူအား လာရောက်လှူဒါန်းသော ငါးရာကို  နိဗ္ဗာန်ဈေးအဖြစ် ပါဝင်လှူ ဒါန်းလိုက်သည်။

နိဗ္ဗာန်ဈေးကား သတ်မှတ်သော အချိန်မရောက်ခင် တစ်နာရီအလိုပြီးဆုံးသွား၍
 ဈေးရောင်း/ဈေးဝယ်များအားလုံး ပစ္စည်းသိမ်းပြီး ပြန်ကုန်ပြီး၊ စာရေးသူတစ်ယောက်သာ
 ကျောင်းတွင် ကျန်ခဲ့သည်။ ထိုအခိုက် မိသားစု တစ်စုရောက်လာသည်။ နှိဗ္ဗာန်ဈေးသို့ လာရောက်ခြင်းဖြစ်သည်။ စားသောက်စရာများက ဘာမှမရှိတော့  ။   ထိုမိသားစုမှ  အိပ်မက် မက်ဟုဆိုကာ စာရေးသူအား ကိုယ်တိုင်သုံးရန်  (သို့) မဟုတ်က စာရေးသူမိဘများအား
 ထောက်ပံ့ရန်ဟု ဆိုကာ ဒေါ်လာငါးရာကို လာရောက်လှူးဒါန်းသွားပါသည်။

စားရေးသူ အလှူရှင်းများ ပြန်သွားသောအခါ.. ဩော်… နိဗ္ဗာန်းဈေးအလှူ အကျိုးကျေးဇူးက ချက်ခြင်းလက်ငင်း အကျိုးပေးပါလားဟု တွေးမိ၍ ဤဆောင်းပါးကို ရေးလိုက်ရပါသည်။

မနေ့က ဗုဒ္ဓရံသီ နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်ကြသော နိဗ္ဗာန်ဈေးအလှူရှင်းများအာလုံးလည်း  ကျန်းကျန်းမာမာဖြင့် အလှူအကျိုး၊ အမျိုးမျိုး ရရှိခံစားစံစားနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သလိုက်ရပါသည်။    .ဗုဒ္ဓရံသီဆရာတော်

Friday, May 24, 2013

ဗုဒ္ဓဟု ဝန်ခံခြင်း...

တစ်နေ့သောအခါ..
ကောသလမင်း ယုံမှားခြင်းဖြင့်
မြတ်ဗုဒ္ဓထံ ချဉ်းကပ်၍လာ..။
အရှင်ဂေါတမ.. သင်ဟာစင်စစ်
“သဗ္ဗညုဗုဒ္ဓ ဖြစ်ပါသလားဟု
မေး လျှောက်၍လာ…။

    ထိုသောအခါ..
မြတ်ဗုဒ္ဓမှ အရားအာလုံး သိမ်းကြုံးသိမြင်  ခေါ်တွင်သဗ္ဗညု
အမှန်ပဲဟု ရဲရဲစကား မိန့်ကြားလိုက်တာ...။

ဗုဒ္ဓစကား ကြားသောအခါ...။
ဘုရင်ကောသလ  စောဒကတတ်လာ
သင့်ထက်သက်ကြီး ဗြဟ္မာကြီးများမှာ
ဗုဒ္ဓစကား မမိန့်ကြားပါ။
အသက်ရွယ်ငယ်သေး သင်. ဒီအရွယ်လေးမှာ
အဘယ်ကြောင့်များ ဗုဒ္ဓဟုဝန်ခံတာ။

    အို...ကောသလ..
မင်းသားကိုလည်း ငယ်သေးဟုဆိုကာ အထင်မသေးသင့်ပါ။
မြွေများကိုလည်း ငယ်သေးဟုဆိုကာ အထင်မသေးသင့်ပါ။
မီးများကိုလည်း နည်းသေးဟုဆိုကာ အထင်မသေးသင့်ပါ။
ရဟန်းကိုလည်း ငယ်သေးဟုဆိုကာ အထင်အသေးသင့်ပါ။

    ရဲရဲတောက်
ဗုဒ္ဓစကား ကြားရသောအခါ
ကောသလမင်း ဥာဏ်မြင်လင်းကာ
ရတနာသုံးပါ ယုံမှားကင်းကွာ

ဗုဒ္ဓဟု အထူးယုံကြည်တာ။

ကောသလသံယုတ် ၊ ဒဟရသုတ်ကိုရေးဖွဲ့ပါသည်။

Friday, May 17, 2013

လိပ်ပြာ


'ဂျေ၊မီ၊ ဆင် ' ဆိုသည်မှာ ဆွစ် လူမျိုး စာပေပညာရှင်တစ်ယောက်ဖြစ်သည်။' မရိုးသောနည်းဖြင့်
ရသော ငွေးကြေးသည် အရင်းကြီးသလောက် အမြတ်နည်းသော်လည်း လိပ်ပြာသန့်လည်ရခြင်းကား အမြတ်ကြီးသလောက် အရင်းနည်းလှသည်' ဟူသော စကားကို လူတိုင်း လိုက်နာကျင့်သုံးနိုင်ရန် ခက်ခဲလှသော် လည်း လူတိုင်းကြိုက်ကြမည်ဟု ထင်မိသည်။ မိမိကိုယ်တိုင်က မရိုးမဖြောင့်စေကာမူ ရိုးဖြောင့်သူများနှင့်သာ ပေါင်းသင်းဆက်ဆံမှု ပြုလိုသည်မှာ လောကဓမ္မတာဟုဆိုရပေတော့မည်။

လိပ်ပြာသန့်ရခြင်း၊စိတ်လုံရခြင်းကို ကျွန်တော် အလွန်တန်ဖိုးထားမိသည်။ အထူးသဖြင့် ငွေးရေးကြေးရေးနှင့် ပတ်သတ်လာလျှင် ပိုပြီးတန်းဖိုးထားမိသည်။ ကိုယ်မရသင့် မရထိုက်သော ငွေကြေးကို တစ်ပြာ တစ်ချပ်မျှ မယူမိအောင် ကျွန်တော် သတိထားသည်။ တင်းတင်းကျပ်ကျပ် သီလစောင့်သည်။ ကျွန်တော့်ဘဝ ကုသိုလ်ကံ  လည်းကောင်းသည်ဟု ဆိုရမည်ထင်သည်။ ကျောင်းဆရာ၊ စာရေးဆရာအလုပ်နှင့် အသက်မွေးခွင့်ရသည်။  ထိုအလုပ်နှစ်မျိုးလုံးကလည်း ကျွန်တော့်အားသင့်တင့်လျှောက်ပတ်စွာ နေထိုင်စားသောက်နိုင်လောက်အောင်
စောင့်ရှောက်သည်။ ကျောင်းဆရာဘဝတွင် ချို့ချို့ငဲ့ငဲ့နေရသည့် အခါများရှိခဲ့ဖူးပါသည်။ အိမ်ရှင်မ၏ ရွှေတိုငွေ စများကို ပြေးပြေးပြီး ပေါင်နှံခဲ့ရသည့် ကာလများကို အတော်ကြာကြာ ကြုံခဲ့ဖူးပါသည်။ သို့သော် သီလကျိုး ပေါက်သွားလောက်သည်အထိ တစ်ခါမျှ ကျပ်တည်းကျဉ်းမြောင်းခြင်းမဖြစ်ခဲ့။

မိသားတစ်စုလုံး အငတ်ငတ်အပြတ်ပြတ် ဖြစ်နေသောကြောင့် သိလပျက်ရသည်ကို နားလည်ရန် လွယ်ကူပါသည်။  သို့သော် ကျွန်တော်လောက် မကျပ်တည်း။ မကျဉ်းမြောင်းပါပဲလျက် မိမိလိပ်ပြာကို နင်းခြေပြီး သိက္ခာကိုငွေကြေးနှင့် လဲပစ်လိုက်သူများကို တွေ့လိုက်မိသောအခါ အံ့ဩခြင်း မဖြစ်မိသော်လည်း ထိုထိုသော သူတို့၏ သီလကျိုးပျက်ရခြင်း အကြောင်းကို စဉ်းစားကြည့်မိသည်။ ဘာကြောင့် ဒီလိုဖြစ်သွားရသလဲ ဆိုတာမျိုး ကို တွေနေမိတတ်ပါသည်။

ကျွန်တော် တွေးမိသလောက်မှာ မိသားစုများအနက်က အိမ်ဦးနက်ကဖြစ်စေ၊ အိမ်ရှင်မကဖြစ်စေ၊ သို့မဟုတ် မိသားစုဝင် တစ်ယောက်နှစ်ယောက်ကဖြစ်စေ ဂုဏ်တုဂုဏ်ပြိုင် ပကာသနကို လိုက်စားလွန်းခြင်း၊ အစားအသောက် အနေအထိုင် လောလီခြင်းတို့ကြောင့် ဖြစ်လာတတ်သည်ဟုထင်ပါသည်။ အများဆုံးတွေ့သည် မှာ ထိုသို့သော သီလပျက်မှုများသာဖြစ်ပါသည်။  ငယိစဉ်က ဘာသာရေးအဆုံးအမ နည်းပါးခဲ့သောကြောင့်  သီလဆိုသည်ကိုပင် နှလုံးသားတွင် အရာမထင်ခဲ့သော သူများလည်းရှိနိုင်ပါသည်။ သို့သော် ဘုရား၊ကျောင်းကံ
 ကြေးစည်သံများကြားတွင် ကြီးပျင်းလာခဲ့ရသော သူများသည်ပင်လည်း 'လိပ်ပြာပျောက်' သွားသည်ကို
 တွေ့ရ သောအခါ ပဓာနအချက် ကျွန်တော် အထက်တွင် ဆိုခဲ့သည်အတိုင်း ဂုဏ်တုဂုဏ်ပြိုင် ပကာသနကို မတွန်းလှန်နိုင်ခြင်း၊ အစားအသောက်တွင် လော်လီခြင်းတို့ကြောင့် သီလကျိုးပေါက်ရသည်က အများဆုံးဖြစ်သည်ဟု ထင်မိပါသည်။

မိသားစုဝင်အနက် ' အိမ်ရှင်မ' သည် အလွန်အရေးပါသည်ဟုလည်း ထင်မိပြန်သည်။ အိမ်ရှင်မ၏ ပကာသန မက်မောမှုကြောင့် ပျက်စီးသွားရသည့် သီလတွေကို တွေ့လိုက်ရသောအခါ  ကျွန်တော့ ဇနီးကို အလွန်ကျေးဇူး
တင်မိသည်။ သူသည် ကျွန်တော့်ကို လိပ်ပြာငယ်အောင် မလုပ်ခဲ့။  မရိုးမသားရသော ငွေးကြေးသည် အရင်း အနှီးကြီးသလောက်  အကျိုးအမြတ်နည်းသည်ဟူသော စကားကို ကျွန်တော် အထပ်ထပ် သုံးသပ်ကြည့်မိသည်။
ထိုကဲ့သို မဟုတ်တမ်းတရားတွေနှင့် ငွေကြေးတွေ အတောမသတ်ရှာဖွေ၍ စည်းစိမ်ကြီးနှင့် ခဏတစ်ဖြုတ်  ဟန်ဟန်ပန်ပန်နေလိုက်ပြီး ရှောင်တခင်ဆိုသလို ထောင်တွင် အနားယူလိုက်ကြတာတွေကိုလည်း တွေ့ဖူးပြီ၊  တမလွန်သို့ ခရီးရှည်ထွက်သွားရတာတွေကိုလည်း တွေ့ဖူးပြီ။ သူရှာတာတွေကို သူဘယ်လောက် ခံစားရသလဲ ဟု တွေးဆ ချိန်စက်လိုက်မိသောအခါ အရင်းအနှီးကြီးသလောက် အမြတ်နည်လှချေတကားဟု အောက်မေ့လိုက် မိသည်။ ထိုအခါမျိုးတွင်...

Great is he who enjoys his earthenware as if it were plate, and not less great is the man to whom all his plate is no more than earthenware.

'မိမိစားနေသော မြေခွက်ကို ကြွေပန်းကန်ဟု သဘောထာနိုင်သူသည်ကား ကြီးမြင့်သောသူတည်း။ မိမိစားနေသော ကြွေပန်းကန်ကို မြေခွက်နှင့်အထူးဟု သဘောထားနိုင်သူလည်း ကြီးမြတ်သူပင်တည်း' ဟူသော  စကားလေးကို သတိရမိတတ်သည်။

ထမင်းကို မြေစလောင်းဖုံးတွင် ထည့်စားနေရပါလျက် မြိန်ယှက်ချမ်မြေ့နေသောသူကား ' လိပ်ပြာသန့်' နေသာသူ သာဖြစ်နိုင်ပေလိမ့်မည်။ ရွှေပန်းကန်၊ရွှေခွက်နှင့် စားနေရစေဦးတော့ လိပ်ပြာမလုံနိုင်သော သူတို့ကား အတွင်းစိတ်တွင် ကျီလန့်စာစားသာ ဖြစ်နေပေလိမ့်မည်။ ( ဆရာအောင်သင်း)

Sunday, May 12, 2013

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမာထံသို့ အိပ်ဖွင့်ပေးစာ




နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားထံ ပေးပို့ထားသော 
              မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ လျှောက်ထားလွှာ

                                                                                                         နေ့စွဲ မေလ ရက် ၂၀၁၃
                                                                                                                             Date: May 9, 2013

ဘုန်းတော်ကြီးမြတ်တော်မူလှသည့် အရှင်ဒလိုင်းလားမားဘုရား

Dear His Holiness Dalai Lama

တိဗက်မြေတွင် တရားမျှတခြင်း ကင်းမဲ့မှုကို ခုခံတိုက်ပွဲဝင်နေကြသည့် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် အတူတကွ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ငြိမ်းချမ်းစွာ ကျင့်သုံးဆောက်တည်နေကြသော မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား မှားယွင်းစွာ ရှုံ့ချထားသည့် အရှင်ဘုရား၏ မကြာမြင့်မီက မှတ်ချက်စကား များကို ဖတ်ရှုရသည့်အတွက် တပည့်တော်တို့ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းများသည် များစွာမှပင် ၀မ်းနည်းကြရပါသည် ဘုရား။

ရည်ညွှန်းချက် ဓမ္မသာလ၊ အိပ်ခ်ျပီ၊ အိန္ဒိယနိုင်ငံ၊ ၂၂ ဧပြီ ၂၀၁၃ ၊မေရီလန်း တက္ကသိုလ်၌ ပရိသတ်တစ်စု အား ပြောကြားသည့် မှတ်ချက်စကား၊ မေ ၂၀၁၃။

We, Burmese Buddhist Monks, are very sad to read your recent comments about wrongly condemning fellow peaceful Burmese Buddhist Monks who stood firmly together with Tibetan Buddhists in fighting against the injustice in Tibet land.
Reference: Dharamsala, HP, India, 22 April 2013, comment to an audience at the University of Maryland, 7 May 2013.

တပည့်တော်တို့ ထင်မှတ်သည်မှာ အရှင်ဘုရားသည် လူပုဂ္ဂိုလ် အဖွဲ့အစည်း အချို့ နှင့် တစ်ဘက် သတ် ရေးသားထုတ်ပြန်ထားသည့် အစွန်းရောက်များနှင့် အခွင့်အရေးသမားများ၏ လှည့်ဖြားလိမ်ညာ ထားသော ၀ါဒဖြန့်မှုများ အပေါ်တွင် အခြေပြုထားသည့် သတင်းမီဒီယာ အစီရင်ခံချက်များက လမ်းလွှဲလိုက်အောင် ပြုခြင်းကို ခံရတော်မူလေသည်ဟူ၍ ဖြစ်ပါသည် ဘုရား။

We think you are misled by some people / groups and one sided media reports based on fabricated propaganda of extremists and opportunists.

အရှင်ဘုရားသည် ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာထားခြင်းတို့နှင့် စပ်လျဉ်း၍ ဗုဒ္ဓရှင်တော်ဘုရားက တပည့်တော်တို့အား သွန်သင်ဆုံးမတော်သော တရားတော်များနှင့် ပတ်သက်၍ ဖော်ပြတော်မူရာတွင် လုံးဝဥဿုံ မှန်ကန်ပါသည် ဘုရား။ တပည့်တော်တို့သည် လူမျိုး ဘာသာ မရွေး လူသားများ အဖြစ် မည်သည့် အကြမ်းဖက်မှုကို မဆို ပြစ်တင်ဝေဘန်ရမည်ဖြစ်ပြီး မည်သည့် ပဋိပက္ခအတွက် မဆို ငြိမ်းချမ်းသော ဖြေရှင်းချက် ရရှိရေးကို အားပေးလုပ်ဆောင်ရမည် ဖြစ်ပါသည် ဘုရား။

You were absolutely correct in mentioning about what Buddha taught us about forgiveness, tolerance, compassion.We, as human beings regardless of race & religion, must denounce any kinds of violence, and promote peaceful solution for any conflicts.

မြန်မာနိုင်ငံသည် (၁၃၅)မျိုးသော တိုင်းရင်းသား လူမျိုးနွယ် အုပ်စုများဖြင့် အာရှတိုက်တွင် တိုင်းရင်းသား မျိုးနွယ်စု အများဆုံး နေထိုင်လျှက်ရှိသော နိုင်ငံများ အနက် တစ်ခုဖြစ်ပါသည် ဘုရား။ သမိုင်းကြောင်း အရ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု အုပ်စုများ အကြား အပြန်အလှန်လေးစား မှုဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သည့် စိတ်ရှည်သည်းခံတတ်သော နိုင်ငံတစ်ခု ဖြစ်ပါသည် ဘုရား။ သက်တမ်း ၂၀၀၀ ကျော်ရှိပြီဖြစ်သော ဆူးလေစေတီတော်၊ သက်တမ်း ရာကျော်ရှိသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဗလီဝတ်ကျောင်းတို့သည် ရန်ကုန်မြို့တော်ခန်းမ နှင့်အတူ (မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်) ရန်ကုန်မြို့ထဲ အရပ်၏ ဗဟိုတွင် ဘေးချင်းယှဉ်လျှက် တည်ရှိနေပါသည် ဘုရား။ ဟိန္ဒူဘာသာရေး ဘုရားကျောင်း တစ်ခုသည်လည်း ရန်ကုန်မြို့ထဲ အရပ်၌ ထို သမိုင်းဝင် ဘာသာရေး အဆောက်အအုံများအနီးတွင် ထီးထီးမားမား ရှိနေပါသည် ဘုရား။

Burma is a most diverse multi ethnic country in Asia with 135 indigenous ethnic groups. Historically Burma is a tolerant country with different faith groups live peacefully side by side with mutual respect. Over 2,000 years old historic Sule Pagoda, over century old Christian Church& Mosque are existing side by side in middle of downtown Rangoon (Burma’s largest city) alongside with Rangoon City Hall. A Hindu Temple is also standing near these historic religious buildings in downtown Rangoon.

မကြာသေးမီက ဖြစ်ပွားခဲ့သော ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသည့် လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုကို (ပြည်တွင်း နှင့် ပြည်ပ မှ) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ ရန်သူများ၊ အခွင့်အရေးသမားများနှင့် အစွန်းရောက်သမားများက သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။ တပည့်တော်တို့သည် အကြမ်းဖက်မှု ပုံစံပေါင်းစုံကို ပြစ်တင်ရှုံချပြီး အပြန်အလှန် ယုံကြည်မှု နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို ထောက်ခံ အားပေးကြပါသည် ဘုရား။

Recent senseless communal violence in Burma was incited by the enemies of democratic reform process, opportunists and extremists (domestic and abroad). We denounce all kinds of violence and encourage building the mutual trust and peaceful society.

မူစလင်နှင့် ဗုဒ္ဓဘာသာ အသိုက်အ၀န်း နှစ်ခုလုံးသည် ကြောင်းကျိုးဆီလျော်မှု ကင်းမဲ့လှသော အကြမ်းဖက်မှု အတွင်း၌ သေကြေဒဏ်ရာ ရရှိမှုများနှင့် ဥစ္စာပစ္စည်း ပျက်စီးမှုများကို ခံစားခဲ့ရသည် ဘုရား။

Both Muslims and Buddhists communities suffered casualties and property damages during senseless violence.

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဘင်္ဂလီ မူစလင် အမျိုးသား တစ်စုက ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အုပ်စုလိုက် မတရား သားမယားပြုကျင့်ပြီး သတ်ဖြတ်ပစ်ခဲ့ခြင်းဖြင့် အကြမ်းဖက်မှု စတင်ခဲ့ပါသည် ဘုရား။ (လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများ၊ ရှေ့နေများ၊ သမိုင်းပညာရှင်များနှင့် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်) လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က စုစုပေါင်း (၃၄၇)ဦး သေဆုံးခဲ့ပြီး (၄၁၁)ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နှစ်ဖက်စလုံးမှ သတင်းပို့သည့်အတိုင်း တင်ပြအစီရင်ခံခဲ့ပါသည် ဘုရား။ သေကြေဒဏ်ရာ ရရှိသူများအနက် ၆၀%မှာ မူစလင်များဖြစ်ပြီး ၄၀%မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည် ဘုရား။ (သေကြေဒဏ်ရာရရှိသူများ အချိုးအစားနှင့် အလားတူစွာ) အိမ်ပေါင်း ၇၇၀၀ ကျော် ပျက်စီးခဲ့ရပါသည် ဘုရား။ ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းနှင့် ဗလီ (၃၂)လုံးတို့ကို မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လူအုပ်များက ဖျက်ဆီးခဲ့ကြပါသည် ဘုရား။

Last year, violence in Western Burma started with a Buddhist girl was gang raped& killed by a group of Bengali Muslim men.The Independent Investigation Commission (consists of human right activists, lawyers, historians and religious leaders including Islam, Christian, Hindu and Buddhist) reported that total 347 were killed and 411 were injured as reported by both sides. 60% of causalities were Muslims and 40% were Buddhists. Over 7,700 houses were destroyed (similar ratio as causalities). Furthermore, 24 Buddhist Monasteries and 32 Mosques were destroyed by mobs in Western Burma.

ရွှေဆိုင်တစ်ဆိုင်၌ ဆိုင်ရှင်နှင့် ရွှေလာရောင်းသူတို့အကြား အငြင်းပွားမှုဖြစ်ပွားပြီး မြန်မာဗုဒ္ဓဘာသာ ဇနီးမောင်နှံကို ဘင်္ဂလီလူမျိုး မူစလင် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့က ကိုယ်ထိလက်ရောက် စော်ကား တိုက်ခိုက်မှုကြောင့် ဖြစ်ပွားလာသော မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထိလာမြို့မှ နောက်ဆုံး အကြမ်းဖက်မှု ကို နောက်ပိုင်းတွင် ဗလီတစ်ခုအတွင်း၌ မူစလင်လူအုပ်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား ရက်စက်စွာ သတ်ဖြတ်ခြင်းက အရှိန်မြင့်တက်လာအောင် ဖြစ်စေခဲ့ပါသည် ဘုရား။

Latest violence in Central Burma town of Meikthila started with an argument at Gold Shop owner & seller and physical assault to Burmese Buddhist couple by Bengali Muslim owners & staff; later fueled by a brutal killing of a Buddhist Monk by Muslim mob inside a mosque.

ဗုဒ္ဓဘာသာ ရဟန်းများသည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အကြမ်းဖက်မှုများတွင် အသက်ဘေး ဒုက္ခခံစားရသူများ အထဲတွင် ပါဝင်နေသော်လည်း မူစလင် ဘာသာရေးခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ လူ့အသိုက်အ၀န်းတို့အကြား အကြမ်းဖက်မှုအတွင်းတွင် ထိခိုက်ရမှု မရှိသည်ကို သတိပြုတော်မူပါ ဘုရား။ တပည့်တော်သည် အရှင်ဘုရား လေ့လာကြည့်နိုင်ရန် နှင့် စဉ်းစားတော်မူနိုင်ရန် အတွက် မကြာသေးမီက ဖြစ်ပျက်မှုများမှ ဓာတ်ပုံအချို့ကို ပို့ပေးလိုက်ပါသည် ဘုရား။

Please note that although Buddhist monks were among victims of the violence in central & western Burma, none of Muslim religious leaders were hurt during communal violence. I am forwarding a few photos from recent incidents for your info and consideration.

စင်စစ်တွင် မူစလင်ဆန့်ကျင်ရေး ဘုန်းကြီးဟု ခေါ်ဆိုခြင်းခံနေရသော ဦးဝီရသူ အပါအ၀င် ဦးဆောင် ဦးရွက် ပြုသည့် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မြန်မာဗုဒ္ဓဘာသာ ဒေသခံများသည် မူစလင်များကို ကာကွယ်ပေးခဲ့ကြပြီး လက်နက်ကိုင် လူအုပ်များအတွင်း ပိတ်မိနေသော မူစလင် ရာပေါင်းများစွာအား ကယ်ထုတ်ခြင်းကိုပင် ပြုခဲ့ကြပါသည်ဘုရား။ သူတို့သည် မူစလင်များကို ဘေးလွတ်ရာသို့ ကယ်ဆယ် ခေါ်ဆောင်လာကြပြီးလျှင် ယနေ့တိုင်အောင် အစာရေစာ ထောက်ပံ့မှုများ ပြုလျှက် ရှိပါသည်ဘုရား။ အချို့သော မူစလင်များကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံခွင့်ကိုပင် ပေးထားပါသည်ဘုရား။ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် (ရန်ကုန်မြို့အနီးရှိ) ဥက္ကံမြို့တွင် နောက်ဆုံးပေါ်ပေါက်လာသည့် မူစလင် ဘေးဒုက္ခခံစားရသူများကို အစားအစာနှင့် အခြား အထောက်အကူများ ပေးလျှက်ရှိပြီး အချို့ကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ခိုလှုံခွင့်ပေးလျှက် ဗုဒ္ဓဘာသာ ရဟန်းတော်များက ကာကွယ် စောင့်ရှောက်နေကြပါသည် ဘုရား။

In fact, leading Burmese Buddhist monks including so called anti-Muslim monk U Withura and local Burmese Buddhist residents protected Muslims, they even rescued several hundred Muslims trapped by armed mobs. They brought rescued Muslims to safety and providing the food & water until today. Some Muslims were even provided shelters at the Buddhist Monasteries. Buddhist Monks are providing food and other assistance to latest Muslim victims in Okkan (near Rangoon); some were sheltered in a Buddhist monastery and protected by Buddhist monks.

တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူမျိုးများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာအောင် နေထိုင်လျှက်ရှိနေကြရာ အများအပြားမှာ ကံမကောင်း အကြောင်းမလှစွာဖြင့် သူတို့၏ ကိုယ်ပိုင် ဇာတိမြေတွင် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုး မူစလင်များကြောင့် (တိဗက်မြေတွင် တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်များနှင့် တရုတ် ကွန်မြူနစ်များ ကဲ့သို့ အလားတူ အနေအထား မျိုးဖြင့်) ဘေးဒုက္ခ ကြုံတွေ့ ခံစားရသူများ ဖြစ်လျှက် ရှိနေကြပါသည် ဘုရား။ ယခုအခါတွင် ရိုဟင်ဂျာများဟု ဆိုကြသော ဘင်္ဂလီ မူစလင်များသည် (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသည့်) မြန်မာနိုင်ငံ အနောက်ပိုင်း မြို့နယ်များတွင် လူဦးရေ၏ ၉၅% ရှိနေပြီး မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင်များမှာ ယခုအခါ စုစုပေါင်း လူဦးရေ၏ %ထက် နည်းပါးလျှက် ရှိနေပါသည် ဘုရား။

Indigenous Buddhists ethnic people are living in the Western Burma for thousands of years, unfortunately many were victims at their own home land by invading Bengali Muslims (similar to Tibetan Buddhists and Chinese Communists in Tibet land). Now, Bengali Muslims so called Rohingya represents 95% of the population in Western Burma townships (border with Bangladesh); native Buddhists are now less than 5% of the total population.

တပည့်တော်တို့သည် အရှင်ဘုရား၏ မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဆန့်ကျင်သော မှတ်ချက် စကားများသည် မှန်ကန်မှုမရှိဘဲ မျှတမှုကင်းမဲ့ကာ အကြောင်းယုတ္တိမခိုင်မာကြောင်း တွေ့ရှိရပါသည် ဘုရား။ တပည့်တော်တို့သည် ဘုန်းတော်ကြီးမားတော်မူသော အရှင်ဘုရား ကိုယ်တိုင်ထံမှ ထိုသို့သော မှန်ကန်မှု မရှိသည့် သတင်းများနှင့် မှတ်ချက်စကားများ ထွက်လာသည်ကို ဖတ်ရှုရခြင်းကြောင့် အလွန်အမင်း ၀မ်းနည်း နာကြင်ရပါသည် ဘုရား။

We found that your comments against Burmese Buddhist Monks are incorrect, unfair and unjust. We are very sad and painful to read those incorrect news and comments especially from the His Holiness.

မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များအား ရှုံချပြစ်တင်ထားသည့် အရှင်ဘုရား၏ မှတ်ချက်စကားများ ကို ပြန်လည်ရုပ်သိမ်းတော် မူပေးပါရန် တပည့်တော်တို့က တလေးတစား မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

We respectfully would like to request you to withdraw your comments on denouncing the Burmese Buddhist Monks.

အရှင်ဘုရား အနေဖြင့် ထပ်လောင်းသိလိုသော သတင်းအချက်အလက်များ ရှိပါက တပည့်တော်ထံသို့ အချိန်အခါမရွေး ဆက်သွယ်တော်မူပါဘုရား။

Please feel free to contact me if you require additional information.
ရိုသေလေးမြတ်စွာဖြင့်
Respectfully,
အရှင် ကောဝိဒ

ဥက္ကဌဆရာတော်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး (ကနေဒါနိုင်ငံ)
နယူးယောက်မြို့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အစည်းအရုံး ဌာနချုပ်၏ ဒုတိယ ဥက္ကဌဟောင်း

Followers

My Blog List