Showing posts with label ပဋ္ဌာန်းတရားတော်. Show all posts
Showing posts with label ပဋ္ဌာန်းတရားတော်. Show all posts

Thursday, June 11, 2015

အနတ္တလက္ခသုတ်မြန်မာပြန်

အနတ္တလက္ခဏသုတ် မြန်မာပြန်
- အနတ္တလက္ခဏသုတ် အမွှန်း -

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။
- အနတ္တလက္ခဏသုတ် နိဒါန်း -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟုမိန့်တော်မူ၏။ 
အသျှင်ဘုရားဟုထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားေ
လျှာက်ထားကြ ကုန်၏။

- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

Thursday, February 10, 2011

ကင်းပေမယ့် မကွာသေးပါ (အဝိဂတပစ္စယော)

မိဘတွေဟာ သား၊ သမီးတွေအပေါ်ထားတဲ့ ချစ်မေတ္တာဟာ နှောင်ကျိုးကင်းပါတယ်လို့ ဝိဂတပစ္စည်းမှာ ပြေားခဲ့ပါတယ်။ မိဘမေတ္တာဟာ ဖြူစင်သန့်ရှင်း နှောင်ဖွဲ့ကင်းပေမယ့် မိဘတွေရဲ့ အရှိန်အဝါတွေ၊ အထောက်အပံ့တွေက သား၊သမီးတိုင်း မကင်းကွာကြပါဘူး။ ဥမာတစ်ခုက.. သမုဒ္ဒရာကြီးက .. ငါးတွေ၊ လိပ်တွေကို အသက်ရှင်အောင် မကင်းကွာသော အဝိဂတသဘောနဲ့ ကျေးဇူးပြုပါတယ်။

အတ္ထိပစ္စယောနဲ့ အဝိဂတပစ္စယောတို့ရဲ့ စိတ်၊ စေတသိက်တရားကိုယ် သဘေားတွေတူကြပါတယ်။

* အတ္ထိ= ဥပါဒ်၊ ဌီ၊ ဘင် ( ဖြစ်၊တည်၊ ပျက်) ရှိစဉ်မှာ ကျေးဇူးပြုတယ်။

* အဝိဂတ= ဥပါဒ်၊ ဌီ ၊ဘင် ၊ မကင်းကွာခင်မှာ ကျေးဇူးပြုတယ်။

ဘားထူးလဲဆိုတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက…

အတ္ထိသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ ၊ဘင် ရှိနေစဉ်ခဏမှာ ကျေးဇူးပြုတယ်။

အဝိဂတသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ၊ ဘင် မကင်းမချုပ်ပျောက်ခင်ခဏမှာ ကျေးဇူးပြုတယ်ဟု မိန့်တော်မူပါတယ်။

ဥပမာ။ ၊။ လူကြီးတွေ အရှိန်အဝါရှိစဉ်က ပတ်ဝန်းကျင်က သူရဲ့ သား၊သမီးများကို လေးလေးစားစားရှိတာဟာ အတ္ထိပစ္စယောရဲ့ သဘော၊ လူကြီးတွေအရှိန်အဝါကျ အသက်တွေကြီးလာတဲ့အခါ သူ့ရဲ့သား၊သမီးများကို ပတ်ဝန်းကျင်က မရိုမသေလုပ်တဲ့အခါ .. ဟေ! ငါ.. မသေသေးဘူး ငါ့သား၊ သမီးတွေကို မနှိပ်စက်နဲ့၊ မစော်ကားနဲ့လို့ ပြောတဲ့သဘောက အဝိဂတပစ္စယောသဘောပါပဲ။

ပဋ္ဌာန်ပစ္စည်းများ တူရာတူရာတွဲကြည့်ရအောင်..

* စိတ်၊စေသိတ်တွေအတူတကွဖြစ်၍ +ရှိနေခြင်းး = သဟဇာ+ အတ္ထိ။
* စိတ်၊စေတသိတ်တွေ အတူတကွ + မကင်းရာ၊မကင်းကြောင်းဖြစ်ခြင်း = သဟဇာတ + အဝိဂတ။
* ရှေးမှကြိုတင်ဖြစ်ကြတဲ့ ဥပါဒ်၊ဌီ၊ ဘင် စိတ္တခဏများလည်း+ ရှိနေစဉ်ဖြစ်ခြင်း = ပုရေဇာတ + အတ္ထိ။
* ရှေးမှကြိုတင်ဖြစ်တဲ့ စိတ္တခဏများ + မကင်းမကွာကျေးဇူးပြုခြင် = ပုရေဇာတ + အဝိဂတ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ + ရှိနေစဉ်မှာ ကျေးဇူုးုပြုခြင်း = ပစ္ဆာဇာတ+ အတ္ထိ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ + မကင်းမကွာအတူဖြစ်ခြင်း = ပစ္ဆာဇာတ+ အဝိဂတ။
* ရုပ်အဟာရများဖြစ်တဲ့ အဆီသြဇာတို့သည်+ စိတ္တခဏများရှိနေစဉ်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ+အတ္ထိ၊
* အဆီသြဇာတို့သည် စိတ္တခဏများ+ မကင်းမကွား မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ + အဝိဂတ။
* ရုပ်ဣနြေ္ဒတို့+ ရုပ်သက်ထင်ရှားရှိစဉ်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အတ္ထိ။
* ရုပ်ဣနြေ္ဒတို့ + ရုပ်သက် မကင်းမကွာ မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အဝိဂတ စသည်ဖြင့် တူရာတူရာလေးတွေကို တွဲ၍မှတ်နိုင်ပါတယ်။

ဘာကြောင့် မြတ်ဗုဒ္ဓ ပဋ္ဌာန်း(၂၄) ပစ္စည်းကိုဟောရလဲဆိုရင် ပုဂ္ဂိုလ်၊ သတ္တဝါတွေဟာ အကြောင်းကြောင့် အကျိုးတရားတွေဖြစ်ပေါ်လာရတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ သူငါ မရှိဘူးဆိုတာ သိစေချင်လို့ပါ။

ဒါကြောင့် မိမိတို့မှာ တွေ့ကြုံခံစားနေရတဲ့ ကောင်းကျိုး ၊ ဆိုးပြစ်များသည် မူလအရင်းခံသည် အကြောင်းကြောင့်ဖြစ်ပါတယ်၊ ဒီအကြောင်းတရားတွေဖြတ်တောက်လိုက်ရင် ကောင်းကျိုး၊ ဆိုးပြစ်များလည်းဖြစ်တော့မှာမဟုတ်ပါ။

မြင်းခြင်းဆိုတဲ့ အကြောင်းတရားတစ်ခုကို လေ့လာကြည်ရအောင်…

ကိုယ်သဘောကျတဲ့သူ၊ လှပတဲ့ ရူပါရုံ မြင်ရသူမှာ စိတ်ချမ်းသာမယ်၊ ပျော်ရွှင်ရပါမယ်။

ကိုယ်သဘောမကျတဲ့သူ၊ မလှပတဲ့ အာရုံတွေ မြင်တွေရရင်တော့ စိတ်ဆင်းရဲရမယ်ပေါ့၊

ဒီလိုမြင်ခြင်းဖြစ်ဖို့အတွက် အကြောင်းတရား လေးချက်ပြည့်စုံရပါတယ်။

၁၊ မျက်ကြည်လွှာဆိုတဲ့ မျက်စိ၊

၂၊ ရူပါရုံဆိုတဲ့ အဆင်း

၃၊ အလင်းရောင်

၎၊ နှလုံးသွင်းမှု ဤအကြောင်းလေးချက် ပြည့်စုံမှ မြင်ခြင်းဖြစ်ရပါတယ်။

ပဋ္ဌာန်းတရားတော်က သိပ်နက်နဲတဲ့အတွက် ဒီလောက်ပဲ အတိုချုပ် မှတ်ခဲ့ရအောင်.. မိမိတို့ တွေ့ကြုံခံစားနေရတဲ့ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းများ ကင်းရအောင် ပဋ္ဌာန်းဒေသနာတော် လမ်းညွှန်ချက်ဖြင့် ပူးဆွေး၊ ငိုကြွေးခြင်းများကို ဖြစ်စေတဲ့ အကြောင်းကိုဖြတ်ပါလေ။

အကြောင်းကောင်း၍ အကျိုးကောင်းကြပါစေ….။

Wednesday, February 9, 2011

နှောင်ကြိုးကင်းတဲ့ ချစ်မေတ္တာ ( ဝိဂတပစ္စယော)

ဝိဂတဆိုတဲ့ပါဠိက ကင်းကင်းရှင်းရှင်းလို့ အဓိပ္ပါယ်ရပါတယ်။
အနန္တရ၊ သမနန္တရ ၊ နတ္တိ ၊ ဝိဂတတို့ရဲ့ စိတ်၊စေတသိတ်သဘောသွားတွေကတော့ အတူတူပါပဲ၊ စွမ်းရည် သတ္တိတွေကွဲပြားလို့ အမည်လေးမျိုးနဲ့ မြတ်စွာဘုရား ထပ်ဟောရခြင်းဖြစ်ပါတယ်။

ဥမာလေးတွေ ဦးစွာ စဉ်းစားကြရအောင်.. များသေားအားဖြင့် မိဘတွေဟာ သားသမီးတွေပေါ်မှာထားတဲ့ ချစ်မေတ္တာနဲ့ သားသမီးတွေအပေါ်ကူညီထောက်ပံ့ ကျေးဇူးပြုနေခြင်းဟာ နှောင်ကြိုးကင်းပါတယ်။ ကိုယ့်သား၊သမီးကို တော်စေချင် ၊ တတ်စေချင်တဲ့ မျှောင့်လင့်ချက် မျိုးတော့ရှိတာပေါ့၊ ဘယ်လို ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ အနှောင်အဖွဲ့ကတော့ကင်းပါတယ်။ ကိုယ်သားသမီး အချိန်တန် အရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ သာသာယာယာရှိသွားရင် မိဘတွေက ကင်းကင်းရှင်းရှင်းပဲ ဥပေက္ခာသဘောနဲ့ ပီတိဖြစ်ရပါတယ်။

ထိုအတူပါပဲ ပဋ္ဌာန်းသဘောအရ ရှေးရှေးကဖြစ်တဲ့ စိတ်၊ စေသိက်တွေကလည်း နောက်နောက် စိတ်၊စေသိက်တွေကို ကင်းကင်းရှင်းရှင်းပဲ ဆက်လက်ဖြစ်ဖို့ကျေးဇူးပြုခြင်းကို ဝိဂတပစ္စယော ဟုဟောတော်မူပါတယ်။
နေရောင်ကင်းပျောက်မှ လရောက်ထွက်လာရခြင်းကိုလေ့လာခြင်းအားဖြင့်လည်း ဝိဂတပစ္စည်းရဲ့ အဓိပ္ပါယ်ကို သဘောပေါက်နိုင်ပါတယ်။

မြတ်စွာဘုရားက စိတ်၊ စေတသိက်တွေဟာ ရုပ်နဲ့နာမ်တို့ ပေါင်းဆုံမိတဲ့အခါမှာ မြင်သိစိတ် စသည်တို့ဖြစ်ပေါ်လာတယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်၊စေတသိက်များလည်း ကြာရှည်စွာ မတည်ပဲ ခဏချုပ်သွားရတယ်ဆိုတဲ့ သဘောကို သိခြင်းအားဖြင့် စိတ် ၊ ဝိညာဉ်လေးတွေက အမြဲရှိနေတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ၊ စိတ်တွေဟာ ဖြစ်ပြီးရင်ပြီးတာပဲ၊ အသစ် အသစ်တွေထပ်ဖြစ်နေတာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့၊ သူ၊ငါ ဖန်ဆင်းလို့ဖြစ်ရတယ်ဆိုတဲ့ ဖန်ဆင်းရှင် မရှိပါဘူးဆိုတာကို ကင်းကင်းရှင်ရှင် သိစေချင်းပါ။
စိတ်ဖြစ်စဉ်လေးတွေကို အသေးစိတ်လေ့လာကြည့်ရအောင်..
မြင်စိတ်တခုဖြစ်စဉ်မှာ.. ဝီထိအစဉ်အတန်းလေးတွေက
၁၊ အတိတဘဝင် = သာမန်ဖြစ်တည်နေတဲ့ ဘဝရအစိတ်အပိုင်းကနေ စတင်ပြီး
၂၊ ဘဝဂစလန ဘဝင်တုန်လှုပ်မှု
၃၊ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်ပြတ်မှု
၎၊ စူးစမ်းဆင်ခြင်တဲ့ = အာဝဇ္ဇန်း
၅၊ စက္ခုဝိညာဉ် = မြင်သိစိတ်
၆၊ သမ္ပဋိစ္ဆိုင်း = လက်ခံခြင်း။
၇၊ သန္တီရဏ = စုံးစမ်းခြင်း၊
၈၊ ဝုဋ္ဌော= ဆုံးဖြစ်ချက်ချခြင်း
၉၊ ဇော= မိမိဘဝပေးအလေ့အကျင့်အားလျှော်စွာ
ကောင်း / မကောင်း အာရုံ၏အရသာကို ခံစားတဲ့ ဇော (၇) ကြိမ် နဲ့
၁၀၊ တဒါရုံ = အချိန်သတ်လိုက်တဲ့ စိတ်တွေ ချုပ်ပျောက်ကင်းသွားပြီးမှ
ဘဝင်= ဘဝအစိတ်အပိုင်ဖြစ်တဲ့ ငြိမ်သက်တဲ့ စိတ်ကလေးပြန်ဖြစ်သွားပါတယ်။

ဝိဂတပစ္စယော ပဋ္ဌာန်းသဘောကို နာလည်၍ စိတ်၊စေတသိက်တွေဟာ သူ့သဘောအတိုင်း ဖြစ်နေတဲ့ စိတ္တနိယာမများဖြစ်ကြောင်းသဘောပေါက်ကြပါစေ။

အာရုံများကြောင့် ( အာရမ္မဏပစ္စယော)

မြင် ကြား နံ စား ထိတွေ့စရာ အာရုံများကြောင့် မြင်မှု ၊ ကြားမှု၊ နံမှု ၊ စားမှု ၊ ထိမှု ၊ တွေးမှုဟူသော အကျိုးတရားများဖြစ်ပေါ်လာခြင်းကို အာရမ္မဏပစ္စယော ဟုဟောတော်မူပါတယ်။

လှပတဲ့ရူပါ ၊ သာယာတဲ့အသံ၊ ချစ်သူရဲ့ မွေးရနံ့၊ ကောင်းတဲ့အရသာ၊ သာယာတဲ့ အတွေ့၊ ပျော်ရွှင်ဖွယ်ရာ အတွေးများ လူတိုင်းနှစ်သက်ကြမှာပါ။ ဒါတွေအတွက်ပဲ နေဝင်နေထွက် ဘဝကို ပေးဆပ်နေရပါတယ်။ မိမိစိတ်တိုင်းကျ သက်နှစ် ပျော်မွေ့ဖွယ်ရာများ ပိုင်ဆိုင်ရတော့ ကျေးနပ်စရာပါပဲ။

တစ်ခါတစ်ရံမှာ မျှော်လင့်မထားတဲ့ ချစ်စရာ ရူပါမှ မုန်းစရာ ၊ သာယာဖွယ် ချစ်သူအသံမှ စိတ်ညစ်စရာ၊ မွေးလွန်းသောပန်းမှ ပုတ်ရနံ့ စတဲ့ စိတ်ညစ်စရာတွေ တွေ့ဘူးကြမှာပါ။

ကောင်း၊ ကောင်းမကောင်းဆိုတာ မိမိရဲ့ခံယူမှုပေါ်မှာ အခြေခံပါတယ်။
ဒါကြောင့် ထာဝရပျော်ရွင်ဖို့ ကောင်း၊ မကောင်း အာရုံအားးလုံးကို အကောင်မြင်ဖြင့်ကြည့်ကြပါစို့။

ခေါင်းဆောင် (အဓိပတိပစ္စယော)

ခေါင်းဆောင်ကောင်း
ပြင်းပြတဲ့ ဆန္ဒ၊ ထက်သန်းတဲ့ ဝီရိယ စိတ်စွမ်းအင် ၊ စဉ်းစားဆင်ခြင်တတ်တဲ့ ပညာတွေဟာ အောင်မြင်မှု အတွက် ခေါင်းဆောင်ကောင်းတွေပါ။ ကျရှုံးနေသလား လဲရာမှထလို့ ဒီခေါင်းဆောင်တွေကို မွန်းမံသင်းတန်းပေးပြီး နည်းဗျူဟာသစ်များနဲ့ တိုက်ပွဲဝင်ရပါမယ်။

အကောင်းစာ အပျံစား အာရုံများကို အဓိပတိအာရုံများဟုခေါ်ပါတယ်။ ထိုအဓိပတိအာရုံများကို အကြောင်းပြု၍ စိတ်ကောင်း ၊ စိတ်ဆိုး ဖြစ်ပွားမှုများကို (အာရမ္မဏ) အဓိပတိပစ္စယော ဟုဟောတော်မူပါတယ်။

ခေါင်းရှောင်

များသေားအားဖြင့် သုံးစာမရတဲ့ ဖက်မှာတော့ ထန်သန်မှုတွေရှိတတ်ကြပါတယ်

ဘာတဲ့ ... ချစ်သူအတွက်ဆိုရင် . ဧဝရတ်တောင်ကိုတတ်၊ မီးပင်လယ်ကိုလည်ဖြတ် ဘဝကိုပေးဆပ်မယ်ဆိုတဲ့လူတွေကများသား

ဘဝအောင်မြင်ရေးအတွက် ကိုယ်ပိုင်စိတ်စွမ်းအင်တွေကို ထက်သန်အောင်ကြိုးစားကြပါစို့

ဣနြေ္ဒရှိရှိနေကြရအောင် (ဣန္ဒြိယပစ္စယော)

“ မိန်းကလေးတို့ ဣနြေ္ဒ ရွှေပေးလို့မရ”လို့ ရှေးဆိုရိုးစကား ကြားဖူးပါတယ်။ ယခုခေတ်တော့ ဒါမျိုးတော့ ရိုးသွားပြီးထင်ပါရဲ့။ ဣနြေ္ဒဆိုတဲ့ ပါဠိဝေါဟာရဟာ မြန်မာတွေနဲ့ တော်တော်လေးရင်းနှီးပြီးသားပါ။ ပိုပြီးတိကျအောင်လို့ အဓိပ္ပါယ်ထပ် ပြောရရင်.. ဣနြေ္ဒဆိုတာ - အစိုးရခြင်း၊ ထိမ်းသိမ်းနိုင်ခြင်း၊ ပိုင်ပိုင် နိုင်နိုင်လုပ်နိုင်ခြင်းလို့ဆိုလိုပါတယ်။

နိုင်ငံတစ်ခုမှာ ဝန်ကြီးဌာနအလိုက် ဆိုင်ရာတာဝန်များကို ပိုင်ပိုင်နိုင်နိုင် ထိမ်းထိမ်းသိမ်းသိမ်း အစိုးတရ ကောင်းစွာ လုပ်ဆောင်နေကြသလို မိမိတို့ခန္ဓာကိုယ်မှာလည်း မျက်စိ နား နှာ လျှာ ကိုယ် ရုပ်သက် ဟူသော ရုပ်ဣနြေ္ဒများနှင့် စိတ် ဝေဒနာ သဒ္ဓါ စသော နာမ် ဣနြေ္ဒများက ဆိုင်ရာ မြင် ကြား နံစား ထိခြင်း စသော အာရုံများကို နိုကြား ရှင်သန်ထက်မြတ်လာအောင် အစိုးရသောအားဖြင့် ထောက်ပံ့ကူညီခြင်းကို ဣန္ဒြိယပစ္စယော ဟုဟောတော်မူပါတယ်။

ခေတ်မှီ ဖွံဖြိုးတိုးတတ်တဲ့ နိုင်ငံများ၌ ဝန်ကြီးဌာနတိုင်းမှာ မိမိဆိုင်ရာတာဝန်များကို အစိုးတရ ပိုင်ပိုင်နိုင်နိုင် လုပ်ပိုင်ခွင့်ရှိပါတယ်။ အခြားဝန်ကြီးဌာနက အာဏာ ၊ ပါဝါပြပြီးလာရောက်စွဲဖက်နိုင်ခွင့်မရှိပါ။

ထို့အတူပါပဲ မိမိတို့ ခန္ဓာကိုယ်မှာလည်း

မျက်စိက ကြည့်ခြင်းအလုပ်၊

နားက ကြားခြင်းအလုပ် စသည် ဆိုင်ရာတာဝန်များကို အစိုးတရ ထောက်ပံ့နေပါတယ်။

သို့မဟုတ်ပါဘဲ

မျက်စိက ဣနြေ္ဒမဲ့၍ မမြင်ဘဲ မြင်သည်ဟု ပြောဆိုခြင်း။

နားက ဣနြေ္ဒမဲ့၍ မကြားပါပဲ ကြားသည်ဟုပြောဆိုခြင်း။

ကိုယ်က ဣနြေ္ဒမဲ့၍ ရာဇာဝတ်မှု မျိုးစုံး ကျူးလွန်ခြင်း။

သဒ္ဓါက ဣနြေ္ဒလွန်ကဲ၍ အလွဲအမှားယုံတတ်ခြင်း။

ပညာက ဣနြေ္ဒလွန်ကဲ၍ ဝေဖန်၊ လေကန်၍ စိတ်ကောင်းရှိပြီးရော့ဟုတွေးကာ ဘာဆို..ဘာမှ မလုပ်ခြင်း စသည့်ဆိုးကျိုးများဖြစ်တတ်ပါတယ်။

ဒါကြောင့် ဣနြေ္ဒများထိမ်းထိမ်းသိမ်သိမ်းဖြင့် ဘဝငြိမ်းချမ်းရေဆီသို့ ချီတက်ကြပါစို့…..။

မဝေးလှသော…….ငြီမ်းချမ်းသောကမ္ဘာသစ်ကြီးဆီ

Tuesday, February 8, 2011

နှောင်ကြိုးကင်းတဲ့ ချစ်မေတ္တာ ( ဝိဂတပစ္စယော)

ဝိဂတဆိုတဲ့ပါဠိက ကင်းကင်းရှင်းရှင်းလို့ အဓိပ္ပါယ်ရပါတယ်။ အနန္တရ၊ သမနန္တရ ၊ နတ္တိ ၊ ဝိဂတတို့ရဲ့ စိတ်၊စေတသိတ်သဘောသွားတွေက အတူတူပါပဲ၊ စွမ်းရည် သတ္တိတွေ ကွဲပြားလို့ အမည်လေးမျိုးနဲ့ မြတ်စွာဘုရား ထပ်ဟောရခြင်းဖြစ်ပါတယ်။

ဥမာလေးတွေ ဦးစွာ စဉ်းစားကြရအောင်.. များသေားအားဖြင့် မိဘတွေဟာ သားသမီးတွေပေါ်မှာထားတဲ့ ချစ်မေတ္တာနဲ့ သားသမီးတွေအပေါ်ကူညီထောက်ပံ့နေတာဟာ နှောင်ကြိုးကင်းပါတယ်။ ကိုယ့်သား၊သမီးကို တော်စေချင် ၊ တတ်စေချင်တဲ့ မျှော်လင့်ချက် မျိုးတော့ရှိတာပေါ့၊ ဘယ်လို ပြန်လည်ပေးဆပ်ရမယ်ဆိုတဲ့ အနှောင်အဖွဲ့ကတော့ကင်းပါတယ်။ ကိုယ်သားသမီး အချိန်တန် အရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ သာသာယာယာရှိသွားရင် မိဘတွေက ကင်းကင်းရှင်းရှင်းပဲ ဥပေက္ခာသဘောနဲ့ ပီတိဖြစ်ရပါတယ်။

ထို့အတူပါပဲ ပဋ္ဌာန်းသဘောအရ ရှေးရှေးကဖြစ်တဲ့ စိတ်၊ စေသိက်တွေကလည်း နောက်နောက် စိတ်၊စေသိက်တွေကို ကင်းကင်းရှင်းရှင်းနဲ့ပဲ ဆက်လက်ဖြစ်ဖို့ကျေးဇူးပြုခြင်းကို ဝိဂတပစ္စယော ဟုဟောတော်မူပါတယ်။

နေရောင်ကင်းပျောက်မှ လရောက်ထွက်လာရခြင်းကိုလေ့လာခြင်းအားဖြင့်လည်း ဝိဂတပစ္စည်းရဲ့ အဓိပ္ပါယ်ကို သဘောပေါက်နိုင်ပါတယ်။

မြတ်စွာဘုရားက စိတ်၊ စေတသိက်တွေဟာ ရုပ်နဲ့နာမ်တို့ ပေါင်းဆုံမိတဲ့အခါမှာ မြင်သိစိတ် စသည်တို့ဖြစ်ပေါ်လာတယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်၊စေတသိက်များလည်း ကြာရှည်စွာ မတည်ပဲ ကင်းကင်းရှင်းရှင်း ခဏချုပ်သွားရတယ်ဆိုတဲ့ သဘောကို သိခြင်းအားဖြင့် စိတ် ၊ ဝိညာဉ်လေးတွေက အမြဲရှိနေတယ်ဆိုတဲ့ သဿတဒိဋ္ဌိ ၊ စိတ်တွေဟာ ဖြစ်ပြီးရင်ပြီးတာပဲ၊ အသစ် အသစ်တွေထပ်ဖြစ်နေတာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့၊ သူ၊ငါ ဖန်ဆင်းလို့ဖြစ်ရတယ်ဆိုတဲ့ ဖန်ဆင်းရှင် မရှိပါဘူးဆိုတာကို ကင်းကင်းရှင်ရှင် သိစေခြင်းပါ။

စိတ်ဖြစ်စဉ်လေးတွေကို အသေးစိတ် လေ့လာကြည့်ရအောင်..

မြင်စိတ်တခုဖြစ်စဉ်မှာ.. ဝီထိအစဉ်အတန်းလေးတွေက

၁၊ အတီတဘဝင် = သာမန်ဖြစ်တည်နေတဲ့ ဘဝရဲ့အစိတ်အပိုင်းကနေ စတင်ပြီး

၂၊ ဘဝင်္ဂစလန ဘဝင်တုန်လှုပ်မှု

၃၊ ဘဝင်္ဂုပစ္ဆေဒ = ဘဝင်ပြတ်မှု

၎၊ အာဝဇ္ဇန်း= စူးစမ်းဆင်ခြင်မှု

၅၊ စက္ခုဝိညာဉ် = မြင်သိစိတ်

၆၊ သမ္ပဋိစ္ဆိုင်း = လက်ခံခြင်း။

၇၊ သန္တီရဏ = စုံးစမ်းခြင်း၊

၈၊ ဝုဋ္ဌော= ဆုံးဖြတ်ချက်ချခြင်း

၉၊ ဇော= မိမိဘဝပေးအလေ့အကျင့်အားလျှော်စွာ

ကောင်း / မကောင်း အာရုံ၏အရသာကို ခံစားတဲ့ ဇော (၇) ကြိမ် နဲ့

၁၀၊ တဒါရုံ = အချိန်သတ်လိုက်တဲ့ စိတ်တွေ(၂) ကြိမ်ဖြစ်ပြီး ချုပ်ပျောက်ကင်းသွားပြီးမှ

ဘဝင်= ဘဝအစိတ်အပိုင်းဖြစ်တဲ့ ငြိမ်သက်တဲ့ စိတ်ပြန်ဖြစ်ရပါတယ်။

ဝိဂတပစ္စယော ပဋ္ဌာန်းသဘောကို နာလည်၍ စိတ်၊စေတသိက်တွေဟာ သူ့သဘောအတိုင်း ဖြစ်နေတဲ့ စိတ္တနိယာမများဖြစ်ကြောင်းသဘောပေါက်ကြပါစေ။

ကင်းပေမယ့် မကွာသေးပါ (အဝိဂတပစ္စယော)

မိဘတွေဟာ သား၊ သမီးတွေအပေါ်ထားတဲ့ ချစ်မေတ္တာဟာ နှောင်ကျိုးကင်းပါတယ်လို့ ဝိဂတပစ္စည်းမှာ ပြေားခဲ့ပါတယ်။ မိဘမေတ္တာဟာ ဖြူစင်သန့်ရှင်း နှောင်ဖွဲ့ကင်းပေမယ့် မိဘတွေရဲ့ အရှိန်အဝါတွေ၊ အထောက်အပံ့တွေက သား၊သမီးတိုင်း မကင်းကွာကြပါဘူး။ ဥမာတစ်ခုက.. သမုဒ္ဒရာကြီးက .. ငါးတွေ၊ လိပ်တွေကို အသက်ရှင်အောင် မကင်းကွာသော အဝိဂတသဘောနဲ့ ကျေးဇူးပြုပါတယ်။

အတ္ထိပစ္စယောနဲ့ အဝိဂတပစ္စယောတို့ရဲ့ စိတ်၊ စေတသိက်တရားကိုယ် သဘေားတွေတူကြပါတယ်။

* အတ္ထိ= ဥပါဒ်၊ ဌီ၊ ဘင် ( ဖြစ်၊တည်၊ ပျက်) ရှိစဉ်မှာ ကျေးဇူးပြုတယ်။

* အဝိဂတ= ဥပါဒ်၊ ဌီ ၊ဘင် ၊ မကင်းကွာခင်မှာ ကျေးဇူးပြုတယ်။

ဘားထူးလဲဆိုတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက…

အတ္ထိသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ ၊ဘင် ရှိနေစဉ်ခဏမှာ ကျေးဇူးပြုတယ်။

အဝိဂတသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ၊ ဘင် မကင်းမချုပ်ပျောက်ခင်ခဏမှာ ကျေးဇူးပြုတယ်ဟု မိန့်တော်မူပါတယ်။

ဥပမာ။ ၊။ လူကြီးတွေ အရှိန်အဝါရှိစဉ်က ပတ်ဝန်းကျင်က သူရဲ့ သား၊သမီးများကို လေးလေးစားစားရှိတာဟာ အတ္ထိပစ္စယောရဲ့ သဘော၊ လူကြီးတွေအရှိန်အဝါကျ အသက်တွေကြီးလာတဲ့အခါ သူ့ရဲ့သား၊သမီးများကို ပတ်ဝန်းကျင်က မရိုမသေလုပ်တဲ့အခါ .. ဟေ! ငါ.. မသေသေးဘူး ငါ့သား၊ သမီးတွေကို မနှိပ်စက်နဲ့၊ မစော်ကားနဲ့လို့ ပြောတဲ့သဘောက အဝိဂတပစ္စယောသဘောပါပဲ။

ပဋ္ဌာန်ပစ္စည်းများ တူရာတူရာတွဲကြည့်ရအောင်..

* စိတ်၊စေသိတ်တွေအတူတကွဖြစ်၍ +ရှိနေခြင်းး = သဟဇာ+ အတ္ထိ။
* စိတ်၊စေတသိတ်တွေ အတူတကွ + မကင်းရာ၊မကင်းကြောင်းဖြစ်ခြင်း = သဟဇာတ + အဝိဂတ။
* ရှေးမှကြိုတင်ဖြစ်ကြတဲ့ ဥပါဒ်၊ဌီ၊ ဘင် စိတ္တခဏများလည်း+ ရှိနေစဉ်ဖြစ်ခြင်း = ပုရေဇာတ + အတ္ထိ။
* ရှေးမှကြိုတင်ဖြစ်တဲ့ စိတ္တခဏများ + မကင်းမကွာကျေးဇူးပြုခြင် = ပုရေဇာတ + အဝိဂတ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ + ရှိနေစဉ်မှာ ကျေးဇူုးုပြုခြင်း = ပစ္ဆာဇာတ+ အတ္ထိ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ + မကင်းမကွာအတူဖြစ်ခြင်း = ပစ္ဆာဇာတ+ အဝိဂတ။
* ရုပ်အဟာရများဖြစ်တဲ့ အဆီသြဇာတို့သည်+ စိတ္တခဏများရှိနေစဉ်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ+အတ္ထိ၊
* အဆီသြဇာတို့သည် စိတ္တခဏများ+ မကင်းမကွား မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ + အဝိဂတ။
* ရုပ်ဣနြေ္ဒတို့+ ရုပ်သက်ထင်ရှားရှိစဉ်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အတ္ထိ။
* ရုပ်ဣနြေ္ဒတို့ + ရုပ်သက် မကင်းမကွာ မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အဝိဂတ စသည်ဖြင့် တူရာတူရာလေးတွေကို တွဲ၍မှတ်နိုင်ပါတယ်။

ဘာကြောင့် မြတ်ဗုဒ္ဓ ပဋ္ဌာန်း(၂၄) ပစ္စည်းကိုဟောရလဲဆိုရင် ပုဂ္ဂိုလ်၊ သတ္တဝါတွေဟာ အကြောင်းကြောင့် အကျိုးတရားတွေဖြစ်ပေါ်လာရတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ သူငါ မရှိဘူးဆိုတာ သိစေချင်လို့ပါ။

ဒါကြောင့် မိမိတို့မှာ တွေ့ကြုံခံစားနေရတဲ့ ကောင်းကျိုး ၊ ဆိုးပြစ်များသည် မူလအရင်းခံသည် အကြောင်းကြောင့်ဖြစ်ပါတယ်၊ ဒီအကြောင်းတရားတွေဖြတ်တောက်လိုက်ရင် ကောင်းကျိုး၊ ဆိုးပြစ်များလည်းဖြစ်တော့မှာမဟုတ်ပါ။

မြင်းခြင်းဆိုတဲ့ အကြောင်းတရားတစ်ခုကို လေ့လာကြည်ရအောင်…

ကိုယ်သဘောကျတဲ့သူ၊ လှပတဲ့ ရူပါရုံ မြင်ရသူမှာ စိတ်ချမ်းသာမယ်၊ ပျော်ရွှင်ရပါမယ်။

ကိုယ်သဘောမကျတဲ့သူ၊ မလှပတဲ့ အာရုံတွေ မြင်တွေရရင်တော့ စိတ်ဆင်းရဲရမယ်ပေါ့၊

ဒီလိုမြင်ခြင်းဖြစ်ဖို့အတွက် အကြောင်းတရား လေးချက်ပြည့်စုံရပါတယ်။

၁၊ မျက်ကြည်လွှာဆိုတဲ့ မျက်စိ၊

၂၊ ရူပါရုံဆိုတဲ့ အဆင်း

၃၊ အလင်းရောင်

၎၊ နှလုံးသွင်းမှု ဤအကြောင်းလေးချက် ပြည့်စုံမှ မြင်ခြင်းဖြစ်ရပါတယ်။

ပဋ္ဌာန်းတရားတော်က သိပ်နက်နဲတဲ့အတွက် ဒီလောက်ပဲ အတိုချုပ် မှတ်ခဲ့ရအောင်.. မိမိတို့ တွေ့ကြုံခံစားနေရတဲ့ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းများ ကင်းရအောင် ပဋ္ဌာန်းဒေသနာတော် လမ်းညွှန်ချက်ဖြင့် ပူးဆွေး၊ ငိုကြွေးခြင်းများကို ဖြစ်စေတဲ့ အကြောင်းကိုဖြတ်ပါလေ။

အကြောင်းကောင်း၍ အကျိုးကောင်းကြပါစေ….။

မယှဉ်ပေမယ့် ကြင်နာပါ ( ဝိပ္ပယုတ္တပစ္စယော)

ယနေ့ခေတ် သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရ “ကမ္ဘာကြီးဟာ(Global warming) ပူနွေးလာပြီး ရေခဲတောင်များ ပြိုဆင်းကာ ပင်လယ်ရေများ မြင့်တက်လာ၍ ရေကြီးခြင်း စတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်တယ်”ဟု ခန့်မှန်းနေကြပါတယ်။ ဘာကြောင့်လည်းလို့ အကြောင်းတရားရှာတော့ အကြင်နာကင်းမဲ့သော စိပွားရေးသမားများတို့၏ စက်ရုံကြီးများမှ ထွက်သော Carbon dioxide များလေထုထဲမှာ များနေလို့ပါတဲ့၊ ဒါကြောင့် လူသားများနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ A greenhouse လိုဖြစ်နေပါပြီ။ လူသားတွေဟာ မှီရာ တည်ရာဖြစ်တဲ့ ကမ္ဘာမြေကြီးမှာ တည်နေရပြီး လူသားများသာယာလှပစေဖို့အတွက် သဘာဝစွမ်းအားတွေက မယှဉ်သော ( ဝိပ္ပယုတ္တ) သဘောဖြင့် ကျေးဇူးပြုနေကြပါတယ်။ လူလောက သာယာ လှပစေချင်ရင် ကမ္ဘာမြေကြီးကိုလည်း ကြင်နာတတ်ဖို့လိုပါတယ်။ ကမ္ဘာမြေကြီးနှင့်လူသားလောကဟာ သီးခြား သပ်သပ်စီ ဖြစ်နေပေမယ့် အပြန်အလှန်ကျေးဇူးပြုနေပါတယ်။

မှီရာဝတ္ထုရုပ်များကို တည်မှီကာ အာရုံများကို အာရုံပြု၍ နာမ်တရားတို့ဖြစ်ခြင်း၊ နာမ်တရားတို့ စွမ်းအားကြောင့် ရုပ်တရားများက တည်တံ့ခိုင်မာခြင်းများကို ဝိပ္ပယုတ္တပစ္စယောဟု ဟောတော်မူပါတယ်။

သက်ရှိလောက၌ မျက်စိ နှား နာ လျှာ ကိုယ် ဟဒယဝတ္ထု ဟူသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာ အစိတ်အပိုင်းများကို အမှီပြု၍ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ တွေးစရာဟူသော အာရုံ ရုပ်နာမ်တရားတို့ကို အာရုံပြုကာ စိတ် စေတသိတ်ဟူသော နာမ်ခန္ဓာ အသိတို့ဖြစ်ပေါ်လာရပါတယ်။ ထိုနာမ်ခန္ဓာတို့၏ စွမ်းအားကြောင့်ပင် ရုပ်တရားတို့ မပြိုမလဲ တောင့်တင်းခိုင်မာ အင်အားရှိ သန်မာကြပါတယ်။ ထိုကဲ့သို ရုပ်တရားနှင့် နာမ်တရား တပါးနှင့် တပါး အမှီသဟဲပြုကာ ဖြစ်တည်နေကြသော်လည်း ရုပ်သဘောနှင့် နာမ်းသဘောဟာ ရောစပ်ခြင်းမရှိပါ၊ ရုပ်က ရုပ်သပ်သပ် နာမ်က နာမ်သပ်သပ်ဖြစ်ပါတယ်။ သဘာဝမတူသော တရားနှစ်မျိုးတို့ အပြန်အလှန် ကျေးဇူးပြုကာ အကြောင်းအကျိုးဖြစ်နေကြခြင်းသာဖြစ်ပါတယ်။

လျပ်စစ်မီးကဲသို့ ဖိုဓာတ် ၊ မဓာတ်တို့ပေါင်းစပ်မှ အလင်းရောင်ထွက်လာခြင်းသည် သီးခြား သပ်သပ်စီဖြစ်နေသော ဓာတ်နှစ်ခု ပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုလိုက်ခြင်းဖြစ်ပါတယ်။

မျက်စိဖြင့် ကြည့်၍ မြင်သည် ဟူရာဝယ် မျက်စိသည် ရူပါရုံ အဆင်းဓာတ်ခိုက်မှု အာရုံထင်မှုကို လက်ခံသော အခံဓာတ်သာဖြစ်၍ မမြင်နိုင်ပါ။ ထိုမျက်စိကိုမှီ၍ ဖြစ်သော မြင်သိစိတ်ကသာ မြင်နိုင်ပါသည်။ မျက်စိရှိတိုင်း မမြင်နိုင်။ မျက်စိက သပ်သပ်၊ မြင်သည်က သပ်သပ်ဖြစ်သည်။ ကြည့်မြင်သည့်အလုပ်ကို နှစ်မျိုးတွဲ၍ လုပ်ကြသော်လည်း ထိုနှစ်မျိုးက ရောစပ်မသွားပါ။ သီးခြားစီသာဖြစ်ပါတယ်။

“ချဉ်စပ်ဟင်း” ကဲ့သို့ အချဉ်နှင့်အစပ် ပေါင်းစပ်ပြီး ဟင်းတစ်ခွက်ဖြစ်လာသော်လည်း အရသာမှာ ချဉ်တာက သပ်သပ်၊ စပ်တာက သပ်သပ်ဖြစ်၍ ရောတော့ ရောသည် အစပ်တည်းဖြစ်မသွားခြင်းကို ဝိပ္ပယုတ္တပစ္စယော ဟု ဟောတော်မူပါတယ်။
ဝိပ္ပယုတ္တပစ္စယော ကို သဘောပေါက်၍ ကိုယ်နှင့် စရိုက်ခြင်း မတူသော်လည်း လုပ်ငန်းတူ လုပ်တဲ့အခါမှာ မရောမယှက် သပ်သပ်စီ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပါစေ..။

မိမိအလုပ်မှာ ဈာန်ဝင်စားပါ (ဈာနပစ္စယော)

များသောအားဖြင့် လူတွေဟာ မြေလျှိုး မိုးပျံခြင်းကိုသာ ‘ဈာန်’ ဟု အမှတ်မှား တတ်ကြပါတယ်။ ဈာန်ဆိုတာ မိမိဆိုင်ရာ ကိစ္စမှာ စူးစူး စိုက်စိုက် စိတ်ပါဝင်စားစွာ ပြုလုပ်ခြင်းဖြစ်ပါတယ်။

“ဝိတက္က ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ” ဟူသော ဈာန်အင်္ဂါများဖြင့်  ဆိုင်ရာကိစ္စတခုကို စူးစူး စိုက်စိုက် ပြုလုပ်ခြင်းကြောင့် ထိုဈာန်စိတ်များနှင့် အတူ အပေါင်းအဖော် စိတ် စေတသိတ်များ ဖြစ်ကြသည်ကို ဈာနပစ္စယော ဟု ဟောတော်မူပါတယ်။

တရားပဲထိုင်ထိုင်၊ မိမိဆိုင်ရာ အလုပ်ပဲ လုပ်လုပ် စူးစူး စိုက်စိုက် လုပ်ဖို့ အရေးကြီးပါတယ်။ သို့မဟုတ်ပါပဲ အရူးတစ်ယောက်လို ထမင်းစားနေရာမှ ပြီးအောင်မစားပဲ သီချင်းထဆိုသလို   တရားထိုင် ဘုရားရှိခိုးနေရာမှ တောင်တွေး မြောက်တွေးရင်တော့ မိမိကိုယ်မိမိ အရူးတစ်ယောက် ဖြစ်နေပြီးဟု သတိပေးပါတော့။

လူစိတ်ဟာ  ထိမ်းရ သိမ်းရခက်ပါတယ်။  တချိန်တည်းမှာပင် အာရုံမျိုးစုံ တွေးတော နေတတ်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ ဟောတော်မူတဲ့အတိုင်း အလုပ်တခု လုပ်မယ်ဆိုရင်.. ကြံစည်ခြင်း (ဝိတက်) အဖန်ဖန် သုံးသပ် ဆင်ခြင်ခြင်း (ဝိစာရ) ကျေနပ် နှစ်သက်ခြင်း (ပီတိ) ပျော်ရွှင်မှု ခံစားရခြင်း (သုခဝေဒနာ) အလုပ်ထဲမှာ မိမိစိတ်ကို မြှုပ်နှံထားခြင်း (ဧကဂ္ဂတာ) ဟူဟော ဈာန်တရားများ  ပါဝင်လာအောင်  လုပ်ဆောင်ရမယ်။ ဒါဆိုရင် မိမိရည်မှန်းချက် အောင်မြင်မယ်၊ လိုရာကိစ္စကို  အချိန်တိုတွင်းမှာ ပြီးနိုင်ပါတယ်။

“ယခုပြီးမှာ ယခုလုပ် ၊ နောင်မှပြီးမှာ နောက်မှလုပ်”ဟူသော ဆိုရိုးစကားတိုင်း အလုပ်တွေကို ရောထွေးပြီး တပြိုင်နက် မလုပ်ပါနှင့်၊ တခုချင်းလုပ်ပါ၊ ယခုပြီးဖိုလိုသော အရာကို ယခုချက်းလုပ်လုပ်ပါ၊ နောင်မှ လုပ်စရာ လိုသောအရာကို နောင်မှပဲ အေးအေးဆေးလုပ်ပါ၊  မိမိစိတ်ကိုလည်း မိမိလုပ်ရာ အာရုံမှာ ဈာန်ဝင်စားနိုင်အောင်ကြိုးစားပါ၊ ကနဦးစမှာတော့ ခက်ခဲသယောင် ရှိပါလိမ့်မယ် အလေ့အကျင့် ဖြစ်သွားရင်တော့ တည်ငြိမ်ရင့်ကျက်တဲ့ လူသားတယောက်ဖြစ်လာမှာပါ။

တည်ငြိမ်ရင့်ကျက်သော လူတစ်ယောက်ဖြစ်လာဖို့ ဈာန်ဝင်စားကြပါစို့

Thursday, January 13, 2011

ကင်းပေမယ့် မကွာသေးပါ ( အဝိဂတပစ္စယော)

မိဘတွေဟာ သား၊ သမီးတွေအပေါ်ထားတဲ့ ချစ်မေတ္တာဟာ နှောင်ကျိုးကင်းပါတယ်လို့ ဝိဂတပစ္စည်းမှာ ပြောခဲ့ပါတယ်။ မိဘမေတ္တာဟာ ဖြူစင်သန့်ရှင်း နှောင်ဖွဲ့ကင်းပေမယ့် မိဘတွေရဲ့ အရှိန်အဝါတွေ၊ အထောက်အပံတွေက သား၊သမီးတိုင်း မကင်းကွာကြပါဘူး။ ဥမာတစ်ခုက.. သမုဒ္ဒရာကြီးက .. ငါးတွေ၊ လိပ်တွေကို အသက်ရှင်အောင် မကင်းကွာသော အဝိဂတသဘောနဲ့ ကျေးဇူးပြုပါတယ်။

အတ္ထိပစ္စယောနဲ့ အဝိဂတပစ္စယောတို့ရဲ့ စိတ်၊ စေတသိက်တရားကိုယ် သဘေားတွေတူကြပါတယ်။

* အတ္ထိ= ဥပါဒ်၊ ဌီ၊ ဘင် ( ဖြစ်၊တည်၊ ပျက်) ရှိစဉ်မှာ ကျေးဇူးပြုတယ်။

* အဝိဂတ= ဥပါဒ်၊ ဌီ ၊ဘင် ၊ မကင်းကွာခင်မှာ ကျေးဇူးပြုတယ်။

ဘားထူးလဲဆိုတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက…

အတ္ထိသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ ၊ဘင် ရှိနေစဉ်ခဏမှာ ကျေးဇူးပြုတယ်။

အဝိဂတသဘောက စိတ်ဖြစ်စဉ် ဥပါဒ်၊ ဌီ၊ ဘင် မကင်းမချုပ်ပျောက်ခင်ခဏမှာ ကျေးဇူးပြုတယ်ဟု မိန့်တော်မူပါတယ်။

ဥပမာ။ ၊။ လူကြီးတွေ အရှိန်အဝါရှိစဉ်က ပတ်ဝန်းကျင်က သူရဲ့ သား၊သမီးများကို လေးလေးစားစားရှိတာဟာ အတ္ထိပစ္စယောရဲ့ သဘော၊ လူကြီးတွေအရှိန်အဝါကျ အသက်တွေကြီးလာတဲ့အခါ သူ့ရဲ့သား၊သမီးများကို ပတ်ဝန်းကျင်က မရိုမသေလုပ်တဲ့အခါ .. ဟေ! ငါ.. မသေသေးဘူး ငါ့သား၊ သမီးတွေကို မနှိပ်စက်နဲ့၊ မစော်ကားနဲ့လို့ ပြောတဲ့သဘောက အဝိဂတပစ္စယောသဘောပါပဲ။

ပဋ္ဌာန်ပစ္စည်းများ တူရာတူရာတွဲကြည့်ရအောင်..

* စိတ်၊စေသိတ်တွေအတူတကွဖြစ်ခြင်း = သဟဇာ+ အတ္ထိ။
* စိတ်၊စေတသိတ်တွေ အတူတကွ မကင်းရာ၊မကင်းကြောင်းဖြစ်ခြင်း = သဟဇာတ + အဝိဂတ။
* ရှေးမှကြိုတင်ဖြစ်ကြတဲ့ ဥပါဒ်၊ဌီ၊ ဘင် စိတ္တခဏများလည်း ရှိနေစဉ်ဖြစ်ခြင်း = ပုရေဇာတ + အတ္ထိ။
* ရှေးမှကြိုတင်ဖြစ်တဲ့ စိတ္တခဏများ မကင်းမကွာကျေးဇူးပြုခြင် = ပုရေဇာတ + အဝိဂတ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ ရှိနေစဉ်မှာ ကျေးဇူုးုပြုခြင်း = ပစ္ဆာဇာတ+ အတ္ထိ၊
* နောက်မှဖြစ်တဲ့ စိတ္တခဏများ မကင်းမကွာအတူဖြစ်ခြင်း = ပစ္ဆာဇာတ+ အဝိဂတ။
* ရုပ်အဟာရများဖြစ်တဲ့ အဆီသြဇာတို့သည် စိတ္တခဏများရှိနေစဉ်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ+အတ္ထိ၊
*အဆီသြဇာတို့သည် စိတ္တခဏများ မကင်းမကွား မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ရုပ်အာဟာရ + အဝိဂတ။
*ရုပ်ဣနြေ္ဒတို့ ရုပ်သက်ထင်ရှားရှိစဉ်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အတ္ထိ
*ရုပ်ဣနြေ္ဒတို့ ရုပ်သက် မကင်းမကွာ မချုပ်ပျောက်ခင်မှာ ကျေးဇူးပြုခြင်း = ဣန္ဒြိယ + အဝိဂတ
စသည်ဖြင့် တူရာတူရာလေးတွေကို တွဲ၍မှတ်နိုင်ပါတယ်။

ဘာကြောင့် မြတ်ဗုဒ္ဓ ပဋ္ဌာန်း(၂၄) ပစ္စည်းကိုဟောရလဲဆိုရင် ပုဂ္ဂိုလ်၊ သတ္တဝါတွေဟာ အကြောင်းကြောင့် အကျိုးတရားတွေဖြစ်ပေါ်လာရတယ်။ ပုဂ္ဂိုလ်၊ သတ္တဝါ သူငါ မရှိဘူးဆိုတာ သိစေချင်လို့ပါ။
ဒါကြောင့် မိမိတို့မှာ တွေ့ကြုံခံစားနေရတဲ့ ကောင်းကျိုး ၊ ဆိုးပြစ်များသည် မူလအရင်းခံသည် အကြောင်းကြောင့်ဖြစ်ပါတယ်၊ ဒီအကြောင်းတရားတွေဖြတ်တောက်လိုက်ရင် ကောင်းကျိုး၊ ဆိုးပြစ်များလည်းဖြစ်တော့မှာမဟုတ်ပါ။

မြင်းခြင်းဆိုတဲ့ အကြောင်းတရားတစ်ခုကို လေ့လာကြည်ရအောင်…
ကိုယ်သဘောကျတဲ့သူ၊ လှပတဲ့ ရူပါရုံ မြင်ရသူမှာ စိတ်ချမ်းသာမယ်၊ ပျော်ရွှင်ရပါမယ်။
ကိုယ်သဘောမကျတဲ့သူ၊ မလှပတဲ့ အာရုံတွေ မြင်တွေရရင်တော့ စိတ်ဆင်းရဲရမယ်ပေါ့၊
ဒီလိုမြင်ခြင်းဖြစ်ဖို့အတွက် အကြောင်းတရား လေးချက်ပြည့်စုံရပါတယ်။
၁၊ မျက်ကြည်လွှာဆိုတဲ့ မျက်စိ၊
၂၊ ရူပါရုံဆိုတဲ့ အဆင်း
၃၊ အလင်းရောင်
၎၊ နှလုံးသွင်းမှု ဤအကြောင်းလေးချက် ပြည့်စုံမှ မြင်ခြင်းဖြစ်ရပါတယ်။

ပဋ္ဌာန်းတရားတော်က သိပ်နက်နဲတဲ့အတွက် ဒီလောက်ပဲ အတိုချုပ် မှတ်ခဲ့ရအောင်.. မိမိတို့ တွေ့ကြုံခံစားနေရတဲ့ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းများ ကင်းရအောင် ပဋ္ဌာန်းဒေသနာတော် လမ်းညွှန်ချက်ဖြင့် ပူးဆွေး၊ ငိုကြွေးခြင်းများကို ဖြစ်စေတဲ့ အကြောင်းကိုဖြတ်ပါလေ။

အကြောင်းကောင်း၍ အကျိုးကောင်းကြပါစေ….။

Monday, December 27, 2010

နောက်မှဖြစ်၍ ကျေးဇူးပြုခြင်း ( ပစ္ဆာတပစ္စယော)

မင်းဟာ .. ငါ့ရဲ့နောက်ဆုံး ရည်းစားဆိုပေမယ့်  အချစ်ဆုံးမို့ လက်ထပ်ခဲ့တာပါ… အသက်ထက်ဆုံး… သံသရာ ဆုံးသည့်တိုင်အောင် မင်ဟာ .. ငါရဲ့ အချစ်ဆုံးဖြစ်နေမှာပါ .. ဒါဟာ နောက်ဆုံး ငါရဲ့နှလုံးသားရဲ့ဆုံးဖြစ်ချက်ပါပဲ။
နောက်ဆုံးဆိုပေမယ့်.. အထင်မသေးပါနဲ့နော်.. “ နောက်ဆုံးပိတ် အိပ်နဲ့လွယ်” ဆိုသလို့  တစ်ခါတရံမှာ ဆုကြီး လာဒ်ကြီးတွေ ရတတ်ပါသေးတယ်။

နောက်မှ ဖြစ်တဲ့ စိတ်၊ စေတသိတ်တွေက.. ရှေးရှေးကဖြစ်တဲ့ ရုပ်တွေကို ကူညီထောက်ပံ့ခြင်းကို ‘ပစ္ဆာဇာတပစ္စယော’ လို့ဟောတော်မူပါတယ်။

လူငယ်များ အားကျဖွယ်….
နောက်မှဖြစ်တဲ့စိတ်ဓာတ်တွေက .. ဘဝကို အမြင့်မားဆုံးရောက်အောင် ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုတဲ့ သာဓကထုတ်ပြပါရစေ..
အေဗရာဟမ်လင်ကွန်း ..  သူ့ကို လူတိုင်းသိကျမှာပါ။ သူဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ ငွေဝယ်ကျွန် စနစ်ကိုဖြတ်သိမ်းနိုင်ခဲ့တဲ့ သမ္မတတယောက်ပါ။
သူဟာ ဘဝအစမှာ ဘာဆိုဘာမှမရှိ ကျောင်းတက်ရန် ဘုန်းကြီးကျောင်း တန်းကျောင်းဆိုတာ မကြားဘူး။ သူမွေးဖွားတာက ရွာလို့တောင် သတ်မှတ်လို့မရတဲ့  အခေါင်အဖြား ချောင်ကြားထဲမှာ၊
လူပျိုပေါက်အရွယ်မှ စာသင်ခဲ့ရ သို့သော် ဆယ့်နှစ်လတောင် မပြည့်ခဲ့၊
ဒါပေမဲ့ ပစ္ဆာဇာတပစ္စည်းအကျိုးဆက် နောက်မှ မွေးဖွားပေါ်ပေါက်လာသော အထောက်အပံများကား..
သူမှာ အရည်အချင်းတွေ စိတ်ဓာတ်တွေ ရှိသည်၊
စိတ်ကောင်း နှလုံးကောင်းရှိသည်၊
မည်သူကိုမှ ရန်ညိုးမထားတတ်၊
ပုံတိုပတ်စများဖြင့် ခင်မင်ဖွယ် စကားပြောတတ်သည်၊
စာဖတ်ဝါသနာကြီးသည်။
အတန်းပညာမရှိသော်လည်း ကိုယ်တိုင်ရှာ ပညာဖြင့် ဘဝကိုမြှင့်တင်သည်၊
ရည်မှန်းချက်ကြီးသည်၊
စူးစိုက်မှု၊ စိတ်ရှည်သီးခံမှု၊ ဖြောင့်မတ်တည်ကြည်မှု စသော နောက်မှ မွေးဖွားလာသော ပစ္ဆာဇာပစ္စည်း အကျိုးဆက်များက အမေရိကံနိုင်ငံရဲ့ ‘သမ္မတအေဗရာဟမ်လင်ကွန်း’ အဖြစ်ကို တင်ပို့ပေးခဲ့သည်။

ပစ္စည်းဟူသည် မရှိသေး မဖြစ်သေးသော အကျိုးတရားများကို ရှိအောင်ဖြစ်အောင် ကျေးဇူးပြုခြင်း၊ ရှိပြီးသား ၊ ဖြစ်ပြီးသားကို တည်တံ့ခိုင်မာအောင် ထောက်ပံ့ကူညီသောအားဖြင့် ကျေးဇူးပြုခြင်းဟု နှစ်မျိုးရှိရာတွင် ပစ္ဆာဇာတပစ္စည်းသည် ထောက်ပံ့ကူညီသော အမျိုးအစားးဖြစ်ပါတယ်။

‘စိတ်ပျိုတော့ ကိုယ်နု’ ဟူသောစကားရှိပါတယ်။ စိတ်ဓာတ်နုပျိုလတ်ဆက်ပါက အသက်အရွယ်ကြီးရင့်စေကာမူ ရုပ်မကျပဲ နုပျို၍ “ မအိုသေးတဲ့သူ အပျိုလေးနဲ့တူ “ ဟုဆိုရလောက်အောင် နုပျိုတတ်ပါတယ်။

 “စိတ်ထောင်းတော့ ကိုယ်ကြေ” ဟူသော စကားလည်းရှိပြန်ပါတယ်။ ကင်ဆာ ရောဂါရှိနေမှန်း မသိသေးသော သူသည် မသိခင်က ဘာမှမဖြစ်သလိုပင်၊ သိပြီဆိုလျှင်ကား စိတ်ဓာတ်ကျကာ အကောင်းပကတိမှ ချက်ချင်းပင် လူနာကြီးလုံးလုံးဖြစ်သွားတတ်ပါတယ်။

တတ်သောစိတ်က ရုပ်ခန္ဓာတတ်ကြွအောင် ကျေးဇူးပြု၍  ကျသောစိတ်က ရုပ်ခန္ဓာချည့်နဲ့အောင် ကျေးဇူးပြုခြင်းကို သဘောပေါက်ကာ ပစ္ဆာဇာတ ပစ္စည်းကို ကောင်စွားအသုံချ၍ … စိတ်ရွှင်လန်း၍ ပန်းကလေးများလို့ ကိုယ်လည်း လန်းကြပါစေ။

Friday, December 24, 2010

အားကြီးသောမှီရာ ( ဥပနိဿယပစ္စယော)

ချစ်ကြသူနှစ်ဦးတို့  ချစ်ကျွမ်းတဝင် ချစ်လမ်းစဉ်နဲ့  ချစ်ဗိမာန်တည်ဆောက်ဖို့အတွက် နေနှင့်လ ရွှေနှင့်မြပမာ ရွှေလက်တွဲ ခိုင်မြဲဖို့ရာ အားကြီးသော မှီရာ ( ဥပနိဿပစ္စည်း) တွေလိုအပ်ပါတယ်။
အားကြီးတဲ့ မှီရာက ဘာတွေလဲဆိုတော့ ယုံကြည်မှုဆိုတဲ့ (သဒ္ဓါ) စောင့်ထိမ်းမှုဆိုတဲ့ (သီလ) စတဲ့သူတော်ကောင်းတရားတွေရယ်၊ မိဘ၊ဆရာသမားတွေ၊ စိပွားရေးအဆင်ပြေလည်မှုတွေ စတာတွေပါ။
နိဿယပစ္စည်   စိတ်တွေ ရုပ်တွေရဲ့ မှီရာတည်ရာကို ဟောပြီးလို့ ယခု ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ စသော စိတ်နေသဘောတရားများ နှင့် သစ်ပင် တောတောင် ရေမြေစသော သက်မဲ့ရုပ်ဝတ္ထုများနဲ့ မိဘ၊ဆရာသမားစသော သက်ရှိပုဂ္ဂိုလ်းများဟားလည်း အားကြီးသော မှီရာ ဖြစ်ကြောင်းဆက်လက်ဟောကြားခြင်းပါ။
အားကြီးတဲ့ အမှီကောင်းရရင်တော့ ဘဝမှာ ပျော်ရွှင်ရမယ်၊ ကြီးပွားအောင်မြင်မယ်၊ အမှီမှား (သို့) အားကြီးသောမှီရာမဟုတ်ရင်တော့…။ အကွဲအပြဲဇာတ်လမ်းတွေ၊ ဆုတ်ယုတ်ပျက်စီးမှုတွေနဲ့ ကြုံတွေ့ရပါမယ်။

ရာသီဥတုမှန်လျှင် သီပင် စားပင်များ  မှန်ကန်စွာဖြစ်ထွန်း၍ စာဝတ်နေရေးအဆင်ပြေပါမယ်။
ခေတ်ပေါ် အသစ်အဆန်များ သုံးတတ်လျှင် လောကလူသားများအတွက် အကောင်းဥပနိဿပစ္စည်းဖြစ်ပေမယ့် အသုံးမတတ်လျှင် အာရုံတွေ ထွေပြား သောကများသော အဆိုးဥပနိဿယပစ္စည်းဖြစ်တတ်ပါတယ်။
အာရုံတွေ ထွေပြား ပင်ပန်းနွမ်းနယ်မှု ကင်းကြစေဖို့ အဆိုး/ အကောင်း အားကြီးသောမှီရာ  ကွဲကွဲပြားပြား ခွဲခွဲခြားခြား နာလည်သဘောပေါက်ကြပါစေ..။
ထိုအတူ လင့်ဝတ်၊ မယားဝတ် မိဘဝတ်၊ သားသမီဝတ်၊ ဆရာသမားဝတ်၊ တပည့်ဝတ္တရားများ ကျေးပွန်၍ တယောက်နှင့် တယောက် ကောင်းသောဥပနိဿပစ္စည်းများဖြစ်ကြပါစေ…။ အားကြီသောမှီရာ (ဥပနိဿယ)  သည် တခါတရံ စိတ်ထားမတတ်က  ကုသိုလ်လုပ်နေရင်းက  အကုသိုလ်တတ်ပါသေးတယ်။  ဥပမာ .. ငါသာ လှူဒါးန်းနိုင်တယ်ဆိုတဲ့ မာနများ၊  ငါလို ဘယ်သူလှူနိုင်သလဲဆိုတဲ့ ဒိဋ္ဌိအကုသိုလ်များ။
တစ်ခါတရံ အကုသိုလ် အကြောင်းပြုပြီး ကုသိုလ်ဖြစ်ဖို့ ထောက်ပံကူညီတတ်ပါသေးတယ်၊   ဥပမာ.. ချစ်ကြသူနှစ်ဦး ဘုရားမှာဆုံတွေ့ကြ၍ ဘုရားရှိုခိုးခြင်း၊ ပန်းလှူဒါန်းခြင်း စသည်ကုသိုလ်များဖြစ်တတ်ပါတယ်။
လူသားများ  မိမိပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတော တောင်ရေမြေ ၊ သိပ္ပံပညာတွေကို အကောင်းဥပနိဿယ အဖြစ်အသုံးချနိုင်ကြပါစေ…။

အာရုံတွေ (အာရမ္မဏပစ္စယော)

Followers

My Blog List