Showing posts with label စာဥထံပေးစာ. Show all posts
Showing posts with label စာဥထံပေးစာ. Show all posts

Thursday, October 1, 2015

မျှဝေခြင်းအတတ်ပညာ

မျှဝေခြင်းအတတ်ပညာအစ..
---------------------------------------
ဒီနေ့ ကျောင်းနာက ပန်းခြံထဲမှာ လမ်းလျှောက်ဖြစ်တယ်။
လမ်းလျှောက်ရင်း ပန်းခြံထဲက  မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ထိုင်ပြီး သတင်းစာ
ဖတ်နေခိုက် ကနေဒီယန်သားအမိနှစ်ယောက် မိမိထိုင်တဲ့ ထိုင်ခုံနားကို  အတူထိုင်ဖို့ရောက်လာတယ်။

ထိုင်ခုံမှာ လာထိုင်တယ်ဆိုတော့ စာရေးသူက အပြုံမျက်နှာနဲ့ ကြိုဆိုလိုက်ပြီး ကောင်းသော နံက်ခင်းပါလို့နှုတ်ဆက်လိုက်တယ်။
သမီးလေ ထိုင်ခုံပေါ် တက်ထိုင်းဖို့ ကြိုးစားနေတယ်၊ အမေလည်း ကလေးကို  ကိုယ့်စွမ်းအားသုံး တတ်စေဖို့ကလေးကို ကြိုးစားခိုင်းထားတယ်၊ ပထမခုံ  တက် မရတော့ နောက်တခုံပေါ်ကို ထိုင်နိုင်ဖို့ ကြိုးစားနေတယ်
ဒီလို နဲ့ စားရေးသူထိုင်တဲ့ဝိုင်းမှာ ကလေးရယ်၊ အမေရယ် ၊မိမိရယ် မျက်နှာချင်းဆိုင် ဝိုင်းတစ်ဝိုင်းဖြစ်သွားတယ်။

အမေက.. သူယူလာတဲ့ ငှက်ပျောသီးတစ်လုံးကို ကလေးအား အခွံခွါကျွေးနေတယ်။
ငှက်ပျောသီး စားတုန်း တဝက်လောက်ရောက်တော့ ၊ အမေက သမီးငယ်အား  စာရေးသူကို မျှစားဖို့ တိုက်တွန်း နေတယ် ကလေးက မပေးဘူး ၊ စဉ်စားနေတယ် ၊ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံကြိမ်အထိ စားရေးသူနှင် မျှစားဖို့ သင်ပေးနေတယ်။
သိတယ်မဟုတ်လာ ကလေးက အစားမတ်တယ်လေ  စာရေးသူကို ပေးဖို့ တွန့်ဆုတ်နေတယ်။

ဒီတော့ အမေက နောက်နည်းစနစ် တခုထပ်သုံးလိုက်တယ်
ငါကို ပေးစာလေးဆိုပြီး သမီးဆီကို လက်ဖြန့်တောင်းလိုက်တယ်။
သမီးက အမေဆိုတော့ မငြင်းတော့ပဲ ၊  ငှက်ပျောသီးတစ်ဝက်ကို ပေးစားလိုက်တယ်။
အမေက သမီးပေးတဲ့ ငှက်ပျောသီး တစ်ဝက်ကို စားပစ်လိုက်တယ်။
နောက်ပြီး သမီးကို ကျေးဇူးပဲ လို့ပြောလိုက်တယ်။

ကလေးဆိုတာ အစားသိပ်မက်တယ် သိတယ်မဟုတ်လား ၊ ငှက်ပျောသီး ကုန်းသွားတော့ အမေယူလာတဲ့ ပေါင်မုန့် နှင့် သီဟိုစေ့ လေးတွေ ထည့်လားတဲ့ ဗူးကို အတင်းဖွင့်နေတယ် ၊
 သူထပ်စားချင်ပြီလေ..၊
ဖွင့်မရဘူး နောက်ဆုံး အမေက ဖွင့်ပေးလိုက်တယ်။
သူပထမ ပေါင်မုန့်ကို စားနေတယ်  အမေက ထပ်ပြီး ကလေးကို  မျှဝေစားဖို့ သင်ပေးနေပြန်တယ်  စာရေးသူကို ပေးစားဖို့ ၊သမီးပေးလိုက်လို့ အထပ်ထပ်ပြောနေတယ်
သမီးက မပေးဘူး ဆက်စားနေတယ်။

ပေါင်မုန့် ကုန်သွားတော့  သီဟိုစေ့တွေကို ဆက်စားနေပြန်တယ်
အမေက ထပ်ပြီး စာရေးသူကို ပေးစားဖို့ သင်ပေးနေပြန်တယ်။
ဒီတော့ စာရေးသူလည်း ကလေးကို ပေးကမ်းခြင်းပညာကို သင်ပေးချင်လို့ ကလေးရှေ့မှာ လက်ဖျန့်လိုက်တယ် အမေသင်ပေး မိမိကလည်းသူ့ရှေ့မှာ လက်ဖျန့်လိုက်တော့  သူ့ဗူးထဲမှာ ရှိတဲ့ သီဟိုစေ့ အသေးလေး တခြမ်း ပဲကို စာရေးသူအားပေး ကျွေးလိုက်တယ်။
ကလေးအမေလည်း ၀မ်းသာသွားတယ် သူ့သမီးဟာ ပေးကမ်းခြင်း အတတ်ကို တက်မြောက်သွားလို့ပေါ့။

ဒီကလေး သီဟိုစေ့ တခြမ်းပဲ မိမိအားပေးလိုက်လို့ ဘာအကျိုးတွေခံစားသလဲ
၁) လက်ငင်း စားရေးသူကိုယ်တိုင် သူပေးတာကို မစားပဲ .ကျေးဇူးစကားဆိုကာသူကို ပြန်ပေးလိုက်တယ် သူပဲ စားရတယ်

၂) ငါ့သမီးဟာ လိမ်မာလိုက်တာဆိုပြီး အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေ တိုးပွားသွားတယ်

၃) ကမ္ဘာမြေကြီးဟာ မျှဝေသုံးစွဲ ရမယ်ဆိုတာ သဘောပေါက်သွားမယ်

သမီးလေး အသက်ဘယ်လောက်လည်း မေးကြည့်တော့ ၂-နှစ်လောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ ကလေး မွေးမြုးခြင်းအတက်ပညာကို အသိပညာခြင်း ဖလှယ်ခဲ့ပါတယ်။
ဗုဒ္ဓရံသီဆရာတော်
ကျေးလက်ဒေသဖွင့်ဖြိုးရေး


Saturday, June 27, 2015

အောင်မြင်သော ခေါင်းဆောင်မှု လျှိုဝှက်ချက်များ

အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ။

မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင် လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ် လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာ ကြခြင်းသာ ဖြစ်သည်။
မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့် သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

 ခေါင်းဆောင်ဖြစ်လာမှုနှင့် ပတ်သက်ပြီး Nature လား၊ Nurture လား ဆိုသည့် မေးခွန်းကို အမြဲ မေးလေ့ရှိကြသည်။ nature ကတော့ ဖွံ့ဖြိုးဆဲများ အလေးထားကြသည်။ သဘာဝကိုက ခေါင်းဆောင်ပါရမီ ပါလာသည့်သဘော ဖြစ်သည်။ တောက်မည့်မီးခဲ အရှိန်နှင့် တရဲရဲ သဘောမျိုး ဖြစ်သည်။ နဂိုရှိမှ နဂိုင်းထွက်သည့် သဘောလည်း ဖြစ်သည်။ Nurture ကတော့ ခေါင်းဆောင်မွေးယူခြင်း ဖြစ်သည်။ Nature က မှန်သလား၊ Nurture က မှန်သလားဟု ဆိုလျှင် နှစ်ခုစလုံး မှန်ပါသည်။ ခေါင်းဆောင်မှု သင်တန်းများကို တက်ရောက်သူများကို ကြည့်လျှင် ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူများသာ တက်ရောက်ကြသောကြောင့်သာ ဖြစ်သည်။ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသူသည် Nature ဖြစ်သည်။ ခေါင်းဆောင်မှု သင်တန်းအရ ခေါင်းဆောင်များ မွေးထုတ်ခြင်းသည် Nurture သာ ဖြစ်သည်။ မဆိုင်သော်လည်း ဆက်စပ်မှု ရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်း ရွယ်တော့မဟာနွယ်၊ ညားတော့ဈေးသည် အဆင့်လောက်ခေါင်းဆောင်မျိုးသာ ရရှိပါသည်။ ခေါင်းဆောင် အရည်အချင်း ရှိသူများကို လေ့လာမည်ဆိုလျှင် သူတို့ လုပ်ကိုင်နေသော လုပ်ရပ်များကို ကြည့်ပြီး အကဲခတ်နိုင်ကြသည်ဟုလည်း ဆိုကြပါသည်။ သူတို့ရဲ့ သိသာနိုင်သော လျှို့ဝှက်ချက်များကို လေ့လာမည် ဆိုပါက

 အသိအမှတ်ပြုတတ်ပါစေ

 ခေါင်းဆောင်တစ်ဦး၏ မလွဲမသေ လုပ်ရမည့် တာဝန်များတွင် Recognition ခေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ အလုပ်ကို အသိအမှတ် ပြုမှာလား၊ လူကို အသိအမှတ် ပြုမှာလားဟူသော မေးခွန်းသည် ထိုခေါင်းဆောင်၏ လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်။ အလုပ်ကို မွေးသော ခေါင်းဆောင်သည် တာဝန်ကျေပွန်သူက မြှောက်စားသည်။ အလုပ်တာဝန် မကျေပွန်သူကို သတိပေးသည်။ လူကို မွေးသော ခေါင်းဆောင်သည် ကိုယ်နှင့် တည့်သည့်လူကို မြှောက်စားသည်။ မတည့်သည့်လူကို ချောင်ထိုးသည်။ ပိုစိတ်ချရအောင် နှိပ်ကွပ်ထားသည်။ တစ်ဖန် ခေါင်းဆောင်ဆိုသည်မှာ လူကြောင့် ဖြစ်လာသည်လား၊ အလုပ်ကြောင့် ဖြစ်လာသည်လား ဟူသော မေးခွန်းကို လူတွေကြောင့် ခေါင်းဆောင်ဖြစ်လာသည်ဟုသာ ထင်တတ်ကြသည်။ အမှန်တော့ အလုပ်အရသာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးတို့ ဖြစ်လာကြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ခေတ်သစ်စီးပွားရေး စနစ်တွင် စုံစီနဖာ၊ တောက်တိုမယ်ရ ခေါင်းဆောင်ဆိုသည်ကား မရှိ၊ အလုပ် တာဝန်ဝတ္တရား Division of Labour or Specialization ပေါ် မူတည်ပြီးမှသာ ခေါင်းဆောင်ဖြစ်လာခြင်းသာ ရှိသည်။ အဖွဲ့အစည်းမှ ဖြစ်လာသော ခေါင်းဆောင်သာလျှင် ရှိသည်။ ထိုခေါင်းဆောင်သည် ထိုအဖွဲ့အစည်း မရှိတော့လျှင် ထိုခေါင်းဆောင်လည်း မရှိတော့သည့် သဘောမျိုး ဖြစ်သည်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပြန်သုံးသပ်လျှင် အလုပ်ကိုလည်း မွေးရမည်။ အလုပ်နှင့်ပတ်သက်သော လူများကိုလည်း မွေးရမည်သာ ဖြစ်ပါတော့သည်။ အလုပ်သပ်သပ် မွေးလို့တော့ မရနိုင်ပါ။ အလုပ်နှင့် တွဲပြီး လူမွေးရပါသည်။ သို့သော်လည်း အလုပ်သပ်သပ်ဖြင့် လူမွေးလို့ရော ရနိုင်ပါသလားဟူသော မေးခွန်းလည်း ရှိပါသည်။ အလုပ်သပ်သပ်ဖြင့်လည်း လူမွေး၍ ရနိုင်ပါသည်။ သို့သော်လည်း အဖွဲ့အစည်းအတွက်တော့ စိတ်မချရပါ။ အဖွဲ့အစည်း ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။

 အဖွဲ့အစည်း ပျက်သွားလျှင် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်လည်း မရှိတော့ပါ။ အဖွဲ့အစည်းနှင့် ပတ်သက်လာလျှင်လည်း တွေးဆစရာများလည်း ရှိပါသည်။ ရပ်တည်နေသော အဖွဲ့အစည်းနှင့် လှုပ်ရှားနေသော အဖွဲ့အစည်းဟူ၍ နှစ်မျိုးရှိပါသည်။ ဥပမာအားဖြင့် – လူ၏ ခန္ဓာကိုယ်ကို အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်လိုက်မည် ဆိုလျှင် အစား စားနေချိန်တွင် အစားစားခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းသည် ခေါင်းဆောင် ဖြစ်လာပါသည်။ ပါးစပ်၊ လက်၊ မျက်စိ စသည့် အပိုင်းများ ဖြစ်လာပါသည်။ လမ်းလျှောက်တော့မည် ဆိုလျှင်လည်း ခြေထောက်၊ မျက်စိ စသည်တို့သည်လည်း ခေါင်းဆောင်မှု အပိုင်းတွင် ဖြစ်လာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် မည်သူက ခေါင်းဆောင်ဖြစ်မလဲ ဟူသော အတွေးသည် သိပ်စဉ်းစားစရာ မလိုပါ။ အသိအမှတ် ပြုခြင်းနှင့်သာ ဆိုင်ပါသည်။ စားနေချိန်တွင် စားခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို အသိအမှတ် ပြုသင့်ပါသည်။ လမ်းလျှောက်နေချိန်တွင် လမ်းလျှောက်ခြင်းနှင့် ဆိုင်သော အစိတ်အပိုင်းများကို အသိအမှတ် ပြုတတ်ရပါမည်။ စားနေချိန်တွင် ခြေထောက်ကို မြှောက်စားနေမည်၊ လမ်းလျှောက်ချိန်တွင် ပါးစပ်ကို အမွှမ်းတင်နေမည် ဆိုပါက အသိအမှတ်ပြု လွဲနေပါတော့မည်။ ယင်းကို Leadership တွင် Supervision Means ဟု ခေါ်ဆိုကြသည်။

 စီမံခန့်ခွဲတတ်ပါစေ

 စီမံခန့်ခွဲမှုနှင့် ပတ်သက်လာလျှင် စုပေါင်းလုပ်တတ်မှု ရှိစေရန် သွန်သင်တတ်ရမည် ဖြစ်သည်။ များသောအားဖြင့် စီမံခန့်ခွဲမှုသည် အချင်းချင်း ရန်တိုက်ပေးတတ်လျှင် စီမံခန့်ခွဲမှု ကျွမ်းကျင်သည်ဟု အရပ်စကားဖြင့် ပြောတတ်ပါသည်။ ယင်းသည် ကိုယ့်ပိုက်ကွန်ကို ကိုယ့်အတွက် ထောင်သည်ဟု ယူဆသူများလည်း ရှိလာပါသည်။ မည်သည့် အယူအဆက မှန်သည်ဟု ဆိုရန် ခက်လှပါသည်။ အခြေအနေပေါ် မူတည်ပြီး မှန်နေသောကြောင့် ဖြစ်သည်။ အချင်းချင်း ရန်တိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ကို ထိန်းထားနိုင်သရွေ့တော့ ထိုစီမံခန့်ခွဲမှုသည် အောင်မြင်နေမည်သာ ဖြစ်သည်။ သို့သော်လည်း ဂိတ်ဆုံးလျှင် ဒုတိယ အယူအဆသည် မှန်လာပါတော့သည်။ စီးပွားရေး လုပ်ငန်းတစ်ခုတွင် ဖြစ်သည်။ ကြော်ငြာအားဖြင့် လှုပ်ရှားနေရသော စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့် ကြော်ငြာနှင့်ဆိုင်သော ပညာရှင်များလည်း ရှိသည်။ သတ်ပုံနှင့်ဆိုင်သော ပညာရှင်များလည်း ပါသည်။ သို့သော်လည်း လုပ်ငန်းရှင် အနေဖြင့် ကြော်ငြာမှု အပိုင်းတွင် အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့် အချက်ပေါင်း များစွာကို ဂရုစိုက်ရသည်။ မားကက်တင်းအတွက် သူတို့သည် အသက်ဖြစ်သည်။

ပြီးလျှင် စကားလုံးဖွဲ့စည်းမှု၊ ကျစ်လျစ်စွာ သတင်း အင်ဖော်မေးရှင်း ပေးနိုင်မှု၊ ထိရောက်စွာ သတင်းပေးနိုင်မှု စသည့် အချက်များက ပြုစုပြီးလျှင် သဒ္ဒါအမှား အမှန်အတွက် သဒ္ဒါစိစစ်ရေး အဖွဲ့ကို ပေးလိုက်ပါသည်။ ကြော်ငြာ ပြုစုပျိုးထောင်ရေး အဖွဲ့အနေဖြင့် သဒ္ဒါစိစစ်ချိန်ကို ပေး၍ မရပါ။လူတိုင်း ခံစားဖူးပါသည်။ သဒ္ဒါကိုသာ ဂရုစိုက်လွန်း အားကြီးလျှင် အိုင်ဒီယာ ပျောက်တတ်ပါသည်။ အိုင်ဒီယာကိုသာ ဂရုစိုက်မည် ဆိုလျှင်လည်း သဒ္ဒါ လှည့်မကြည့်အားပါ။ ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားပင်လျှင် သူ့နာမည်ကို အမျိုးမျိုး ရေးတတ်သည်ဟု ဆိုပါသည်။ စာလုံးပေါင်း ၆ မျိုးလောက် ရှိသည်ဟု ဆိုပါသည်။ မည်သည့်ဟာ အမှန်ကိုပင် ပြောရန် ခက်သည်ဟု ဆိုပါသည်။ အချို့ကတော့ တို့ကတော့ အိုင်ဒီယာလည်း ကောင်းတယ်၊ Grammar လည်း ကောင်းသည်ဟု ဆိုပါသည်။ အရူးစကား ဖြစ်ပါသည်။ ကိုယ်ရည် သွေးလွန်းသောကြောင့် အရူးဟု ပြောလိုခြင်း ဖြစ်သည်။ လင်းတလောက်တော့ ငှက်တိုင်းလှရုံဖြင့် သွေးနားထင် ရောက်သော စကားဖြစ်သည်။

 တစ်နည်းအားဖြင့် Specialization ဆိုတာလည်း နားမလည်၊ Division of labour ဆိုတာလည်း နားနှင့်ဝေးနေသော So-called ပညာရှိများ၊ ကြက်ဆူတော ပညာရှိများသာ ပြောလေ့ရှိသော စကားပင် ဖြစ်သည်။ ထိုအချက်ကို ကောင်းကောင်း နားလည်သော လုပ်ငန်းရှင်သည် ထိုပညာရှင် နှစ်အုပ်စုကို စုစည်းပြီး အသိအမှတ် ပြုမည့်အစား သွေးခွဲ အုပ်ချုပ်လာသောကြောင့် တစ်အုပ်စုနှင့် တစ်အုပ်စု ငါနှင့်ငါသာ နှိုင်းစရာများ ဖြစ်လာပါတော့သည်။ အလုပ်မမွေးဘဲ လူမွေးသောကြောင့် အလုပ် “ကျ” ပြီး၊ လူ “ထ” လာပါတော့သည်။ ထိုအခါ မထိရောက်သော ကြော်ငြာများ၊ ပိုးသာကုန် မောင်ပုံ စောင်းမတတ်သော ကြော်ငြာများ ဖြစ်လာပါသည်။ အဓိကတော့ လုပ်ငန်းရှင်သည် အလုပ်ကို မမွေးတတ်ဘဲ လွယ်ကူလွန်းသည့် “လူမွေး” ခြင်းကိုသာ နားလည်သောကြောင့်သာ ဖြစ်ပါတော့သည်။ ယင်းကို Leadership တွင် Management Means ဟု ခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါး နားလည်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။

 ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
Copy link: http://readandstudy.wordpress.com

Friday, June 26, 2015

ကရုဏာဘယ်လိုထားကြမလဲ ?

နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်။
 နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်။
----------------------------
အထက်ပါ အတွေးအခေါ်ပညာရှင်ရဲ့ ဆိုလိုရင်းကို မိမိက တိုက်ရိုက် အဓိပ္ပါယ် မဖွင့်ဆို တတ်ပေမယ့် စာရေးသူ နာလည်း သလောက်ပြောပါရစေ..
အနောက်တိုင်းက လူတွေ ပြောလေ့ပြောထရှိတဲ့ စကားရှိပါတယ် ၊
'Big Heart '  ..နဲ့ 'Don't look down' ဆိုတဲ့ စကားပါ..၊

နှလုံးသား ကြီးကြီးထားပါဆိုတာကတော့ ...၊ ချစ်ခြင်း၊မုန်းခြင်း၊ကဲ့ရဲ့ခြင်း ၊ ပြိုင်ဆိုင်ခြင်းတွေကို ၊ မေတ္တာနှလုံးသားဖြင့် ခံယူပါလို့ ဆိုပါတယ်။
မိမိလည်း  မိမိသက်တမ်း တစ်လျှောက်မိမိရဲ့ နာကျည်းမှုတွေ ၊ ဒုက္ခတွေကို သူတပါး အား မပေးတတ်ပါဘူး။ မိမိကိုယ်တိုင်ပဲ ခံယူလေ့ရှိပါတယ်။
ပြည်ပတိုင်းပြည်မှာ  နေထိုင်မကောင်း၊ အဆင်မပြေဘူးဆိုရင်တောင် .. ဟို... အဝေးကြီးမှာ ရှိတဲ့ မိဘတွေ ညီအစ်ကို မောင်နှတွေကို ဒုက္ခမပေးတတ်ပါဘူး။
နေကောင်းလားလို့ မေးရင် နေကောင်းပါတယ်
အဆင်ပြေလားလို့ မေးရင်လည်း အဆင်ပြောပါတယ် လို့ပဲဖြေတတ်ပါတယ်။

မိမိကို  မနာလိုသူတွေ ပြိုင်ဘက်တွေကိုလည်း စိတ်မနာကျည်းတတ်ပါဘူး..၊
သူတို့ဟာ တနည်း တဖုံကိုယ့်ရဲ့လုပ်ငန်းတွေ အောင်မြင်အောင် ကူညီစောင့်ရှောက်နေတာပဲလို့သာ ခံယူပါတယ်။

ရန်ပြုရင်တောင် ဗုဒ္ဓကဲသို့ မေတ္တာလက်ကိုင်ထားပြီး...၊ ရန်သူကို မိမိရဲ့မေတ္တာနယ်ပယ်က ထင်ရှားတဲ့ သတ္တဝါတစ်ယောက်လို့ သတ်မှတ်ကာ မေတ္တာကို အထူးပွားပေးပါတယ်။

လူသားတိုင်းမှာ အောင်မြင်ခြင်း / ကျရှုံးခြင်းဆိုတာ ရှိတတ်ပါတယ်။
လူတွေက ... လူတစ်ယောက်ရဲ့ အောင်မြင်ခြင်းကို  အသိအမှတ်ပြုဖို့ရာခဲယဉ်း သလောက်
ကျရှုံးခြင်းကိုတော့ လက်ညိုးထိုး မေးငေါ့ချင်သူတွေက ဒုနှင့်ဒေးပါ။

လူတွေကလည်း မိမိကျရှုံးရင်လည်း ကိုယ့်ကျရှုံးခြင်းကို ကိုယ့်ရဲ့အားနည်းချက် ၊ လိုအပ်ချက်လို့ မသုံးသပ်ပဲ သူတပါးကို (သို့) ဆရာသမား မိဘတွေကို အပြစ်ဖို့တတ်ပြန်ပါတယ်။
တကယ်တော့ ကိုယ်လုပ်ရပ်ကြောင့် ကိုယ်ပဲ ခံစားရတာပါ..

မှတ်မှတ်ရရ.. စာရေးသူ အတွေ့အကြုံပြောပါရစေ..
စာရေးသူ တက္ကသိုလ်နောက်ဆုံးနှစ် စာမွေးပွဲကျပါတယ်...၊
ပုထုဇဉ်ရဲ့သဘောအရ.. စာမေးပွဲကျတော့ စိတ်ညစ်တယ်၊ မပျော်ဘူးပေါ့
ဒါပေမယ့် စာရေးသူဟာ မပျော်ခြင်းကို... ၊အသုံးချပြီး နောက်တဆင့်တက်လို့ ဘဝမြင့် တင်လိုက်ပါတယ်။
မိမိကိုယ်ကို နှလုံးသားထဲမှာ ထားနိုင်ခဲ့ပါတယ်။
------------------
နှလုံးသားမှာ သူတပါးကို မထားနိုင်တာဟာ ကရုဏာကင်းလို့ပါတဲ့
လူတွေဟာ ခွေးလေးတွေ ၊ကြောင်လေးတွေကို ချစ်တတ် ကရုဏာ သက်တတ်ပေမယ့်
လူချင်းချင်း ကြတော့ သိပ်ပြီး ဂရုဏာ မထားနိုင်ပါဘူး။

စူဠကရုဏာ (ကရုဏာနည်းလို့ပေါ့)
ဘုရားရှင်တို့ရဲ့ ကရုဏာကိုတော့ မဟာကရုဏာ ( မဟာဂရုဏာ ပိုင်ရှင်လို့ ဆိုပါတယ်)

မိမိနှလုံးသားမှာ သူတစ်ပါးကို ထည့်ထားနိုင်ဖို့က သူတစ်ပါးကို အထင်သေး အမြင်သေး မကြည့် ရပါဘူး၊ မိမိလို လူသားတစ်ယောက်ဟု  ကြည့်ရပါမယ်။
ဒါဆိုတာ.. မိမိနှလုံးသားမှာ သူတစ်ပါးကိုလည်း နေရာပေးနိုင်ပါတယ်
ဆက်ပါဦးမည်..

ကရုဏာဘယ်လိုထားကြမလဲ(၂)

 နှလုံးသားထဲ ကိုယ့်ကိုယ်ကို ထည့်မထားနိုင်တာဟာ အသိဉာဏ်နည်းလို့ဖြစ်တယ်
နှလုံးသားထဲ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်
---------------------------------------------------------
“ နှလုံးသားထဲမှာ သူတစ်ပါးကို ထည့်မထားနိုင်တာဟာ ကရုဏာတရားကင်းလို့ဖြစ်တယ်”
ဆိုတဲ့ စကားကို ထပ်ပြောချင်ပါတယ်
ကရုဏာကင်းလိုဆိုတာထက်… ကရုဏာနည်းပါးလို့ ၊ မပြည့်စုံးသေလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
လူသားတိုင်း ၊ နှလုံးသားရှိသည့်အတွက် အနည်းနှင့်အများဆိုသလို ချစ်တတ်သော ၊ ကြင်နာတတ်သော နှလုံးသားတော့ ရှိမှာပါ။
အခြေအနေနှင့်အချိန်အခါ.. အလျှောက်  ကရုဏာနှလုံးသားကနေ..၊ ဒေါသ၊မောဟနှလုံးသာဖြစ်သွားရတာပါ..၊

အမေရိကန်သမ္မတ အိုဘားမားဟာ… လူထုကို မိန့်ခွန်းပြောတိုင်း  ပရိတ်သတ်ထဲက သူ့ကို အပြစ်တင်သူတိုင်း ( complaint ) လုပ်သူတိုင်းကို ကောင်းကောင်းနားထောင်ပေးတတ်သူု တစ်ယောက်ပါ ၊ အခြေအနေမကောင်းမှ ရဲခေါ်ကာ.. ဒေါသပုံထနေသူကို ၊ ပရိတ်သတ်ထဲကနေ ဆွဲ ထုတ်
တတ်ပါတယ်။သာမန် ဝူးတူးဝါးတား လုပ်သူတစ်ယောက်ကိုတော့ ၊ အရွှန်းလေးဖောက် ၊ ဟာသလေးနှောက “ I love you back” လို့ ပြုံးပြုံးလေး ပြောတတ်သူပါ။

တစ်နေ့က အမေရိကန်သမ္မတ  ပြည်သူထူလုကို မိန့်ခွန်းပြောတဲ့ ပွဲတစ်ခှုမှာတော့  နောက်က လှမ်းပြီးအော်နေတဲ့သူ တစ်ယောက်ကိုတော့ သူလုံးဝ လက်မခံပဲ “ No…no..no.. လို့ တုန့်ပြန်ခဲ့တယ်။ နောက်က လူက ဘာကို မကြေမနပ်ဖြစ်နေသလဲဆိုတာ  စာရေးသူလည်း ရှင်းရှင်းလင်းမသိရပါ။
သို့သော်လည်း ၊ သမ္မတအိုဘားဟာ အပြုံးမပျက် .. “ I LOVE YOU BACK “ သူ့ရဲ ဝသီအတိုင်း အပြုံးလေနှင့် အဆုံးသတ်ခဲ့ပါတယ်။

နောက် အမေရိကန်သမ္မတ အိုဘားမားရဲ့  အားသာချက်က .. သူမှားရင် အမှားကို ရဲရဲကြီးဝန်ခံရဲတဲ့ သတ္တိပါ ။ သူဟာ မှားခဲ့ရင် ‘sorry’ ပြောဖို့ ဝန်မလေးခဲ့ပါဘူး။ သူရဲ့ အမှားကိုလည်း ဘယ်တော့ ဆင်ခြေမပေးတတ်ပါဘူး (excuse ) မလုပ်ပါဘူး။

ဒါဟာ နိုင်ငံခေါင်းဆောင်လုပ်မယ့်သူတွေ ၊ အဖွဲ့အစည်းခေါင်းဆောင်လုပ်မယ့်သူတွေ
 အတွက် စံနမူနာ ယူစရာတစ်ခုပါ..၊

လူအများဖြင့် ဖွဲ့စည်းထားသော ၊အဖွဲ့အစည်းတစ်ခု (သို့)မိသားစု တစ်ခုမှာ အမြင်တွေက ကွဲပြားနိုင်ပါတယ် ၊အဲဒါကို နှလုံးသား ကြီးကြီးနှင့် ခံယူတတ်ဖို့ပါ။

မြတ်စွာဘုရားစကားပြောရာမှာ အလွန်းလိမ္မာပါးနပ်ပါတယ်..၊ သို့သော်လည်း  အကျိုးများမယ် ..၊ မှန်ကန်မယ်ဆိုရင်.. ကြားနာသူ မနှစ်သက်ပေမယ့် ၊ တည့်တည့်ကြီးပြောတတ်ပါတယ်။ လူမုန်းမှာကို မကြောက်ပါဘူး၊ သတ္တဝါတွေ လမ်းမှာ ရောက်သွားမှာကို တည့်ပေးချင်သူပါ
ဒါကြောင့် မြတ်ဗုဒ္ဓဟာ စကားခြောက်ခွန်း လူ၌ထွန်းလည်း ၂-ခွန်း ကျိုးရှိရာကို ကောင်းစွာဆိုတော်မူတတ်သော မြတ်စွာဘုရားလို့ သုဂတ ဂုဏ်တော်မှာ ဖွင့်ဆိုပါတယ်။

၁) အမှန်ပြောကြား ၊ အကျိုးများ ၊ ကြားသူမနှစ်သက်
၂) အမှန်ပြောကြား ၊ အကျိုးများ ၊ ကြားသူ လွန်နှစ်သက်
ဒီစကားနှစ်ခွန်းကို မြတ်ဗုဒ္ဓအမြဲပြောလေ့ရှိပါတယ်။

နောက်ပြီး မြတ်ဗုဒ္ဓက သံယုတ်ပါဠိတော်မှာ..
မွေးလာသော ယောကျာ်း (လူ) ပါစမ်းထဲ၌ ဓားမကြီးရှိနေ၏
ယင်းဓာမကြီးဖြင့် လူမိုက်သည် မကောင်းပြောလျက် မိမိကိုယ်ကို ဖြတ်ပိုင်းတတ်၏ဟု
ဟောကြားထားပါတယ်။

ဓာမကြီးဆိုတာ လျှာကို ပြောတာပါ  ကိုယ့်လျှာက ကိုယ့်စီးပွား ပျက်သွားအောင် ၊အောင်မြင်မှုတွေနှင့်ဝေးသွားအောင်၊ ထောင်ကျသွားအောင်၊ နောက်ဆုံး အသက်ပါဆုံးရှုံးသွားအောင် ပြုတတ်ပါတယ်။

ဒါကြောင့် ပါးစပ်မှာ ဓား သတိထား စကားဆင်ခြင်ပြောလို့ ဆိုရို့းစကားရှိခဲ့တာပါ

ဒီလျှာကိုပဲ အသုံးချတတ်တဲ့သူတွေကတော့  လျှာကိုပဲ အမှီသဟဲပြုပြီး စီးပွားရေးတိုးတတ်အောင်အောင်မြင်မှုတွေရအောင် ၊
အလုပ်အကိုင်တွေ အဆင်ပြောအောင် ၊ နောက်ဆုံး သံသရာ ဆုံးသည့်အထိ ကောင်းကျိုးတွေ ရအောင်  အသုံးချတတ်ပါတယ်။

ကဲဒါဆို…
ချိုသာသော စကားကို ပြောရင်း  သူတပါးကို ကိုယ့်နှလုံးသားမှာ ထည့်ထားကြည့်ရအောင်..

ဘယ်က စမလဲ..?
မိမိအိမ်တွင်းကပဲ စလိုက်ရအောင်
နံက်အိပ်ရာ ထထချင်း စတွေ့ရမှာက မိမိအိမ်သားတွေ မဟုတ်လား
မင်္ဂလာ စတင်ဆိုလိုက်ပါ .. ၊   အရင်က .. မလုပ်ဖြစ်လို့ .. မလုပ်တတ်ရင်တောင် .. နံက်စောစာ ရေချိုးခန်းထဲက မှန်ရှေ့မှာသွားပြီး ၊  မျက်နှလုံးကို ပြုံးပြုံး ကြီးထားပြီး ..၊
 မင်္ဂလာ စကားကိုယ်က စဆိုကြည့်လိုက်ပါနော်…
ဒါဆို နောက်တစ်ယောက်စဖို့.. မခက်လောက်တော့ပါဘူး…

Monday, December 22, 2014

မြန်မာပြည်အတွက် လုပ်နေကြသူများ

ဒန်ဗီးလ်မြို့လေးဟာ ကန်တပ်ကီပြည်နယ်မှာရှိပြီး လူဦးရေ 16,218 ရှိပါတယ်။ ဒီမြို့လေးမှာရှိတဲ့ လူတွေက မြန်မာနိုင်ငံအတွက် ဘာတွေလုပ်ပေးနေကြတာပါလဲ။ အောက်ကိုဆက်ပြီး ဖတ်ကြည့် စေချင်ပါတယ်။
ဒန်ဗီးလ်မှာရှိတဲ့ ဗဟိုကောလိပ်က ကျောင်းသားတွေမှာ မျှော်လင့်ချက်အပြည့်နဲ့ ရည်မှန်းထားတဲ့ ပန်းတိုင်တစ်ခုရှိပါတယ်။ သူတို့တွေက “စာသင်ကျောင်းလေးတစ်ခု” ဆိုတဲ့ အဖွဲ့အစည်းလေး တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့တစ်ဖက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ စာသင်ကျောင်းလေးတစ်ခုဆောက်ပေးဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ 30,000 ရှာဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ့လူငယ်များအတွက် ခိုင်မာတဲ့ ပညာရေးအုတ်မြစ်ချရေး ဆိုတဲ့ သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တိုက်တွန်းချက်ကို ဒီကျောင်းသားတွေက တစ်ဖက်တစ်လမ်းကနေ အကောင်အထည်ဖော်နေကြတာပဲဖြစ်ပါတယ်။
ပါမောက္ခကိုင်းလ်ဒေးဗစ်အန်ဒါဆင်ရဲ့လမ်းညွှန်မှုအောက်မှာ ပထမနှစ်ကျောင်းသားတွေဖြစ်တဲ့ စီယာရာဟန့်စ်နဲ့ အဲနေသော် (ကရင်ဒုက္ခသည်) တို့က ဒီအဖွဲ့ကိုဦးဆောင်နေကြတာပါ။ တီရှပ်များ ရောင်းချခြင်း၊ ကောလိပ်ရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ ကမ္ဘာ့ခရစ္စမတ်ဈေးရောင်းပွဲမှာ လက်မှုပစ္စည်းများ ကို ရောင်းချခြင်း၊ ကျေးဇူးတော်နေ့မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြတဲ့အပြေးပြိုင်ပွဲတစ်ခုကိုစီစဉ် ဆောင်ရွက်ခြင်း စတာတွေအပါအ၀င် ကောလိပ်ကျောင်းပရ၀ဏ်အတွင်းမှာ ရန်ပုံငွေပွဲတွေများစွာ ကိုလည်း စီစဉ်ခဲ့ပါတယ်။
ဒီကျောင်းသားတွေဟာ ရန်ပုံငွေရှာဖွေရုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုလည်း သူတို့ရဲ့အတန်းဖော်များကို သင်ကြားပေးပါတယ်။ စာမေးပွဲကြီးအတွက်ပြင်ဆင်နေကြတဲ့အချိန်မှာ ဒီအဖွဲ့လေးက ခေတ်ဟောင်းက မြန်မာတွေရဲ့လေ့ကျင့်ခန်းနှင့်ဖျော်ဖြေရေး အကြောင်းအနည်းငယ်ကို ကောလိပ်အသိုင်းအ၀ိုင်းနဲ့ ထိတွေ့မိတ်ဆက်ပေးခဲ့ပါတယ်။ လူဝီဗီးလ်မှာရှိတဲ့ ခရီးစန့်ဟီးလ်နှစ်ခြင်း ကျောင်းတော်နဲ့ မြို့ခံကရင် အဖွဲ့အစည်းရဲ့အကူအညီနဲ့ ကောလိပ်ရဲ့ပထမဆုံးဖြစ်တဲ့ တံခွန်စိုက်ခြင်း လုံးပွဲကို ကျောင်းရဲ့အားက စားခန်းမမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ကျောင်းသားများက ကျွမ်းကျင်တဲ့ကရင် ခြင်းလုံးကစားသမားများရဲ့ သရုပ်ပြသမှုကို လေ့လာခဲ့ကြပြီးတော့ တံခွန်စိုက်ပွဲအတွက် ခြင်လုံးအဖွဲ့ လေးတွေဖွဲ့ခဲ့ကြတယ်။ ခြင်းလုံးကစားနည်းကို လေ့လာကြရင်း၊ မြန်မာနိုင်ငံမှာ စာသင်ကျောင်း ဆောက်ဖို့ ပံ့ပိုးပေးကြရင်းနဲ့ ကျောင်းရဲ့နာမည်ကြီး ဘောလုံးကစားသမားများအပါအ၀င် ကောလိပ် ကျောင်းသားတွေဟာ ဒီအားကစားကိုအများကြီးလေးစားမြတ်နိုးလာကြပါတယ်။ ဒီအဖြစ်အပျက်လေး ကကောလိပ်မှာ ခြင်းလုံးအသင်းစတင်တည်ထောင်ဖို့အတွက် အခြေအနေတွေ ဖန်တီးပေးခဲ့ပါတယ်။
ရန်ကုန်မြို့က YSEALI ခန်းမမှာ သမ္မတအိုဘားမားက ကျောင်းသားတွေကို ပြောသွားတဲ့ အတွေး အမြင်အတိုင်းပါပဲ - “လူ လူချင်းနှီးနှောဖလှယ်ခြင်းဟာ အစိုးရအချင်းချင်း နှီးနှောဖလှယ်တာလိုပဲ အရေးကြီးပါတယ်၊ ဒါမှမဟုတ် အဲဒီထက်ပိုပြီးတော့ကိုအရေးကြီးပါတယ်။” ဒီအဖွဲ့အစည်းက 2015 နွေဦးပေါက်ကျရင် လူဝီဗီးလ်မှာရှိတဲ့ ဒုက္ခသည်များအဖွဲ့က ဂီတသမားတွေပါဝင်မယ့် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲအပါအ၀င် ရန်ပုံငွေပွဲတွေများစွာကို ကျင်းပဖို့အတွက်ဆက်လက်စီစဉ်နေကြပါတယ်။
မူရင်း # U.S. Embassy Rangoon

မြန်မာပြည့်အတွက် တစ်ခုခု..

၂၀၁၂-နှစ် အမေရိကန်သမ္မတအိုဘားမား ၊ ပထမဆုံးအကြိမ် မြန်မာပြည် သွားရောက်လည်ပတ်ပြီးနောက် သမ္မတအိုဘားနှင့်ရှေ့ဆင့်နောက်ဆင့်ဆိုသလို စာရေးသူ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်ရောက်ဖြစ်ပါတယ်။


မွေးရပ်မြေကို မရောက်ဖြစ်တာကြာပြီမို့ .. မပြန်ခင် လေးငါးလ လောက်တည်းက စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။  မြန်မာပြည်ပြန်ရောက်ရင် မိဘဆွေမျိုးတွေကို တွေ့မယ်၊ ဆရာသမားတွေကို သွားရောက်ဖူးမျှော်မယ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့မယ်၊ မရောက်ဖြစ်တာကြာတဲ့ မြန်မာနိုင်ငံက ဘုရားစုံဖူးမယ် စသည်ပေါ့.၊

မိမိဆန္ဒအတိုင်းပဲ ဆွေးတွေ၊မျိုးတွေကို ပျော်ပျော်ပါးပါး တွေ့ခဲရသလို..၊  ငယ်စဉ်တောင်ကြေးကလေးဘဝကတည်းက ပညာဆီးပူးသင်ကြားခဲ့ရတဲ့ ရွာမှဆရားများနှင့်တကွ မြင်းခြံ၊ ပဲခူး၊ ရန်ကုန်မှာရှိတဲ့ ဆရာသမားတွေအားလုံးကို သွားရောက်ဖူးမျှော်ဖြစ်ပါတယ်..၊

မွေးရပ်မြေရွာကို ရောက်တော့ ထုံးစံအတိုင်းပါပဲ… ရွာကလေးဟာ စာရေးသူမွေးကတည်းကအတိုင်း ဘာမှ ပြောင်းလဲတိုးတက်မှုမရှိသေးပါဘူး၊  ရွာသူရွာသားမျာ ဗဟုသုတနည်းပါးနေသေးသလို..၊ အတွေးအခေါ်တွေကလည်း သူများပြောတာကို အဟုတ်မှတ် ယုံကြည်တတ်တဲ့ အဆင့်ပဲရှိပါသေးတယ်..၊

ရွာကို ရောက်တော့ ရွာကသူငယ်ချင်းတွေက… နိုင်ငံခြားရောက်နေတဲ့ ဘုန်းကြီးဆိုတော့ သိပ်အထင်ကြီးပါတယ်..၊  ဒါကြောင်မို့ သူတို့ စာရေးသူကို အကူအညီတောင်းပါတယ်။ သူတို့အကူအညီတောင်းတာတွေကတော့ အများကြီးပါပဲ..၊ရွာလမ်းပြင်ချင်တယ်၊ ရွာကို မီးလင်းချင်တယ်၊
နာရေးကူညီမှုအသင်းလေးတစ်ခုလုပ်ချင်တယ် စသည်ပေါ့။

စာရေးသူက မင်းတို့လိုချင်တွေ အားလုံး ငါလည်းမတတ်နိုင်သေးဘူး ၊ ငါတတ်နိုင်တာကတော့ အနာဂတ် ကလေးငယ်များ ပညာရစေမယ့် စာကြည့်တိုက်လေး တစ်လုံးကိုတော့ အမေ့အိမ်ဝိုင်း တခြမ်းမှာ တည်ဆောက်ပေးခဲ့မယ်လို့ ပြောခဲ့ရပါတယ်။

ရန်ကုန်ရောက်ပြန်တော့လည်း.. ဘုန်းကြီးသူငယ်ချင်းတွေက.. “ဟေ့.. ဃောသက.. မင်းနိုင်ငံခြားမှာ နေတာကြာပြီ .. တချို့ နိုင်ငံခြားဘုန်းကြီးတွေဆို ရန်ကုန်မှာ ကိုယ်ပိုင်ကျောင်းတွေရှိတယ် ၊မင်းကော ရန်ကုန်မှာ ကျောင်းမဝယ် သေးဘူးလားလို့ မေးပါတယ်။

စာရေးသူက အတန်ကြာ စကားမပြန်ပဲ တိတ်ဆိတ်နေတော့… သူငယ်ချင်းက.. ဘယ်လိုလဲ မင်းက အခြား ရည်မှန်ချက်များရှိနေလို့လား မေးပြန်ပါတယ်။

သူငယ်ချင်းရယ်…၊  ငါ့မှာ မြန်မာပြည်အတွက် ဘာရယ်လို့ ထူးထူးခြားခြားရည်မှန်ချက် မထားနိုင်သေးပါဘူး၊ မင်းတို့ထင်သလို နိုင်ငံခြားနေတဲ့ ဘုန်းကြီးတိုင်း  ဘုန်းကြီးတာမဟုတ်ဘူး သူငယ်ချင်း..၊  ကျောင်းထိုင် ဆိုပေမယ့် ကျောင်းရဲ့ ဝင်ငွေအားလုံးဟာ ၊ မောဂိတ်လို့ခေါ်တဲ့ ၊ ကျောင်းကြွေးတွေ ပေးရတယ်၊ ခေတ်မီတဲ့နိုင်ငံဖြစ်တာနဲ့ အမျှ  အကောက်ခွန်တွေက အများကြီးပေးရတယ် သူငယ်ချင်း ၊ ရတာနဲ့ ပေးရတာဟာ အတူတူလောက်ပဲ ၊  ငါကိုလည်း သိပ်အထင်ကြီးမနေနဲ့ ၊

အဲဒီလိုပြောတော သူငယ်ချင်းက အားမလို အားမရနဲ့ … ၊မင်း  မြန်မာပြည်(သို့) မွေးရပ်မြေအတွက်တော့ မင်းတတ်တဲ့ ပညာလေးနဲ့တော့ ကျေးဇူးဆပ်သင့်တယ်လို့ ဆိုပြန်ပါတယ်။

အေး.. မင်းပြောသလို .. ငွေကြေး မတတ်နိုင်ပေ့မယ် နုတ်၏စောင့်မခြင်း၊ ကိုယ်၏စောင့်မခြင်းဆိုတဲ့ အတိုင်း င့ါတတ်ထားတဲ့ ဗဟုသုလေးတွေကိုတော့ မျိုးဆက်သစ်တွေကို ပြန်လည် မျှဝေဖို့စိတ်ကူးရှိပါတယ် ကွာဟု   မရေးရာသော အဖြေလေးတစ်ခုတော့ ပေးခဲ့နိုင်ပါတယ်။

ဒီလိုနဲ့  ကနေဒါကို ပြန်ရောက်တာ (၂)နှစ်လောက်ရှိပြီပေါ့…၊ မြန်မာနိုင်ငံကို တတ်နိုင်သလောက်တော့ ကူညီစောင့်ရှောက်ပါတယ်။

ဒီလိုနဲ့ ပြီးခဲ့တဲ့ တစ်လကျော်လောက်က  ကျေးဇူးရှင်မိခင်ကြီး ရုတ်တရက် ဆုံးသွားပါတယ်။  အကြောင်းအမျိုးမျိုးကြောင့် မိခင်ကြီး ဈာပနကို မပြန်နိုင်ခဲ့ပါဘူး။  သို့သော်လည်း မိခင်ကြီး တလပြည့် ဆွမ်းအလှူပွဲမှာတော့ 
 မြန်မာနိုင်ငံအတွက် (သို့) ကျေးလတ်ဒေသအတွက် ကူညီထောက်ပံ့ဖို့ ရောင်ခြည်းလေးသန်းလာခဲ့ရပါတယ်။
ကျန်ရစ်ခဲ့တဲ့ ညီအကို မောင်းနှမတွေက တညီတညွတ်လည်း ကျေးဇူးရှင်မိခင်ကြီးထားခဲ့တဲ့ အိမ်နဲ့ ဝိုင်းကို ၊  ကျေးလတ်ဒေသဖွင့်ဖြိုးရေးဌာနအဖြစ်ပေးလှူခဲ့ပါတယ်။

နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲဖို့  ပြန်လည်ထူထောင်ဖို့  ဖွင့်ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ.. နေရာဌာနကလည်း သိပ်အရေးကြီးပါတယ်..၊
 နေရာမရှိရင် ဘာမှ လုပ်လို့မရပါဘူး၊

ဒါကြောင့် မယ်တော်ကြီး  လှူတန်းခဲ့တဲ့ နေရာဟာ  ကနေဒါရောက် မြန်မာများတွက် ..အမိမြန်မာပြည်ကို မိမိ တတ်ထားတဲ့ ပညာတွေ ၊ ဗဟုသုတွေ ကို နှီးနှော ဖလှယ်ကြမယ့် ၊  ပညာရေး ၊လူမှုရေး ၊ ပညာရေး ကူညီ ထောက်ပံ့ကြမယ့် နေရာတစ်ခုဖြစ်လာမှာပါ..၊

စာရေးသူနှင့် ကနေဒါရောက်မြန်မာများ စုပေါင်းကာ တည်ဆောက်မယ့် ကနေဒါစင်တာ ဟာ ၊ အမေရိကန်သမ္မတ အိုးဘားမား  ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေကို အမိန့်ရှိတဲ့ အတိုင်းပါပဲ။
ကနေဒါမှာ ရှိတဲ့  မြန်မာလူမျိုးတွေနဲ့ (သို့) ကနေဒီယန်တွေနဲ့   ကျေးလတ်ဒေသမှာရှိတဲ့ မျိုးဆက်သစ်တွေနဲ့ ဗဟုသုတဖလှယ်ကြမည့်၊  ဌာနတစ်ခုဖြစ်မှာမို့ အထူးပင် ဝမ်းသာကြည့်နှုးရပါတယ်။

ကနေဒါစင်တာဖြစ်မြောက်ရေး ပထမကြိမ်အလှူငွေပေးအပ်ပွဲကို ၂၀၁၅-ဇန္နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူး ဆုတောင်းပွဲမှာ ပေးအပ်မှာဖြစ်ပါတယ်။

  ကနေဒါစင်တာဖြစ်မြောက်ရေးရန်ပုံငွေအတွက် အင်္ဂလိပ်၊မြန်မာ ပြက္ခဒိန်များကိုလည်း နှစ်ဆန်းတစ်ရက်နေ့မှာ
 ရောင်းချမှာဖြစ်ပါတယ်။

ဒါကြောင့် ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ အားလုံးဝိုင်းဝန်းအားပေးကြရန်  နိုးဆော်တိုက်တွန်းအပ်ပါတယ်။

ပထအအကြိမ် အလှူငွေးပေးအပ်ပွဲမှာ ကနေဒါစင်တာအတွက် ရန်ပုံငွေ မြန်မာကျပ် သိန်း တစ်ရာလောက် ခန့်မှန်းထားပါတယ်။
ထိုသိန်းတစ်ရာပြည့်အောင်လည်း မိတ်ဆွေတို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဗုဒ္ဓရံသီဆရာတော်၊ ဗန်ကူးဘား၊ကနေဒါ

Saturday, December 13, 2014

ကနေဒါစင်တာမြန်မာ




ကနေဒါနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသော ၊ မြန်မာတိုင်းရင်းသားများ  ကနေဒါရှိ မြို့နယ်အသီသီးတွင် အမြောက်အများပင်ရှိပါသည်။
တိုင်းတစ်ပါးသို့ ရောက်စ နှစ်များတွင် ဘာသာစကား ၊ယဉ်ကျေးမှု ၊ ဓလေ့ထုံးစမ်းများ ကွားခြားသည့်အတွက် ရောက်ရာဒေသရှိ ယဉ်ကျေးမှုများနှင့် အန်ဝင်ကွင်ကြ ဖြစ်အောင်  အတော်ပင်လုံးလစိုက်ထုတ်ရပေသည်။

တိုင်းတစ်ပါးတွင် ဆယ်စုနှစ်ကျော်လာသောအခါ… လူတို့ရဲ့ထုံးစံအရ မွေးရပ်မြေကို သတိရလာကြသည်၊ တချို့အလည်အပတ်ပြန်၍ ဘိုးဘွားမိဘ ဆွေမျိုးမောင်နှမများနှင့်တွေ့ကြ ၊ တချို့ ကုသိုလ်ဒါနပြုကြရင်းဖြင့် မြန်မာပြည်ကို အလည်အပတ်ပြန်ရောက်ဖြစ်ကြသည်။

ခေတ်မှိ ဖွင့်ဖြိုးတိုးတက်သော တိုင်းပြည်တွင်နေရသောအခါ…၊ ဖွင့်ဖြိုးမှု နောက်ကျနေသော
  မွေးရပ်ဇာတိအား သတိရလာကြသည်၊ ကူညီလိုစိတ်များ ပေါက်ဖွားလာကြသည်။
“ဥာတကာနဉ္စ သင်္ဂဟော” ဟူဟော မြတ်ဗုဒ္ဓမင်္ဂလာတရားတော်နှင့်အညီ ဆွေးမျိုးများအား ကူညီထောက်ပံ့လိုစိတ်များတဖွားဖွား ပေါ်ပေါက်လာခဲ့ကြသည်။

ရှေးသူကြီးများဆုံးမ စကားတွင် “မိမိမွေးရပ်ဇာတိကို မမေ့စကောင်း” မှတ်သားဖူးပါသည်။ ဗုဒ္ဓတရားတော်များတွင်လည်း “ကတညုတ  ကတေဝေဒီ” ပြူဖူးသော သူ၏ ကျေးဇူးကို မမေ့ကောင်းဟု ဟောကြားထားပါသည်။
မြန်မာပြည်သည် ငယ်စဉ်တောင်ကြေး ကလေးဘဝက  သောက်ခဲ့ စားခဲ့ဖူးသော ၊နေခဲ့ဖူးသော ကျေးဇူးများကား ရှိထားပါသည်။ ကျေးဇူးတရားကို သိသောအားဖြင့် ကနေဒါရောက် မြန်မာများ အခွင့်အခါအားလျှော်စွာ လှူဒါန်းမှုများ ပြုလုပ်ကြပါသည်။

သို့သော်လည်း အားလုံးစုပေါင်းညီညာစွာ ပြုလုပ်ခြင်းမဟုတ်သောကြောင့်   သမိုင်းမှတ်တမ်းမတင်နိုင်ခဲ့ပါ။
 ၂၀၁၄-ခုနှစ် အောက်တိုဘာလ ၊  သီဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ၊ ကနေဒါနိုင်ငံ ကြွလာစဉ်က “ ရောက်တဲ့နေရာမှာ ခြေရာကျန်စေရမယ်” ဟု ဆရာတော်မှ မိန့်ကြားသွားပါသည်။
ဆရာတော် သြဝါဒအတိုင်း.. မွေရပ်ဇာတိမြေတွင် သမိုင်းမှတ်တိုင် ကျန်ရစ်စေရန်.. ကနေဒါရောက် မြန်မာများစုပေါင်း၍ မြန်မာပြည်တွင် “ ကနေဒါစင်တာ” တည်ဆောက်ရန်  ကြိုးစားလုပ်ဆောင်နေပါပြီ။

“တစ်ယောက်အားနှင့်ယူသော်မရ ၊တစ်သောင်းအားနှင့်ယူသော်ရ၏” ဆိုသကဲ့သို့ ကနေဒါရောက် မြန်မာများအချင်းချင်း အားပေးကူညီခြင်း၊ ညှိနိုင်းတိုင်ပင်ခြင်း၊ စုပေါင်းဆောင်ရွတ်ခြင်းဖြင့်  မိမိမွေးရပ်မြေ မြန်မာပြည်အား  အားလုံးဝိုင်းဝန်း ထောက်ပံ့ကူညီသွားကြဖို့ တိုက်တွန်းနိုးဆော်အပ်သည်။

ကနေဒါစင်တာဖြစ်မြောက်ရေးအဖွဲ့
ဗုဒ္ဓရံသီဆရာတော် 604 207 0068
ဦးစိန်ထွန်း 604-816- 3083
ကိုတင်နွယ် 604 817- 1693
ဒေါ်ဝင်းဝင်းချို (မြန်မာ) 095030245

မြန်မာပြည်၌ “ ကနေဒါစင်တာ” တည်ဆောက်မည်
**************************************
ကနေဒါနိုင်ငံ၊ ဗန်ကူးဘာမြို့ ဗုဒ္ဓရံသီဆရာတော်၏ မယ်တော် ဘဝတစ်ပါး ပြောင်းသွားသည်မှာ တစ်လ တိတိရှိသွားပြီဖြစ်ပါသည်။
ဒီဇင်္ဘလာ (၉) ရက်နေ့တွင် ရန်ကုန်မြို့ ညီတော်မောင်အိမ်၌ သံဃာ((၁၀)ပါးပင့်၍ တစ်လပြည့် ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ပါသည်။ဘဝတစ်ပါးပြောင်းသွားသော မယ်တော်ကြီးလည်း
ကောင်းရာသုဂတိရောက်ပါစေဟု ဆုတောင်း မေတ္တာပို့အပ်ပါသည်။
တစ်လပြည့် ဆွမ်းလှူပွဲတွင် မယ်တော်ကြီး၏ ဆန္ဒအရ ကျန်ရစ်သူ ညီအစ်ကိုမောင်နှမများမှ ..၊ မယ်တော်ကြီး ထားခဲ့သောအိမ်နှင့် မြေအကျယ် ပေ ၁၅၀× ၆၀ ခန့်ရှိသော ခြံဝန်းကို ၊ ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး၊ အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးအတွက် လှူဒါန်းခဲ့ပါသည်။

မယ်တော်ကြီးလှူဒါန်းထားခဲ့သော ၊ မြေနေရာတွင် ကျေးလတ်ဒေသဖွင့်ဖြိုးရေးအတွက် ကနေဒါနိုင်ငံရောက် ဗုဒ္ဓရံသီဆရာတော်ဦးဆောင်၍ ကနေဒါရောက် မြန်မာများစုပေါင်းကာ ကနေဒါရောက် မြန်မာလူမျိုးများ၏ အမှတ်သင်္ကေတ သမိုင်းမှတ်တိုင်အဖြစ်“ ကနေဒါစင်တာ” တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
ကနေဒါစင်တာတည်ဆောက်မည့်နေရာသည် မန္တလေးတိုင်း ၊ကျောက်ပန်တောင်းမြိုနယ်၊ သနပ်ပင်ရွာတွင် တည်ရှိသည်။
နေရာအနေအထားမှာ.. မန္တလေးနှင့် ၇-နာရီခန့် ကားမောင်း၍ ရောက်နိုင်ပြီး မြန်မာရှေးဟောင်း အမွေအနစ် ပုဂံ၊ညောင်ဦ်းနှင့် (၃) နာရီခန့် ကားမောင်း၍ ရောက်နိုင်သည်။ အညာဒေသတွင် အိုအေစစ် ဖြစ်သော ၊ ပုပ္ပါးနှင့် တစ်နာရီခွဲခန့် ကားမောင်း၍ ရောက်နိုင်သော နေရာတွင် တည်ရှိသည်။

ထိုကနေဒါစင်တာတွင်..
• ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး စာကြည့်တိုက်
***********************************
မင်တော်ကြီး ဘဝတစ်ပါး မပြောင်းခင်ကတည်းက အိမ်ရှေ့ ပေ (၂၀) ပတ်လည်ခန့် စာကြည့်တိုက် လှူဒါန်းထားပြီးဖြစ်ပါသည်။ ကနေဒါစင်တာတည်ဆောက်ပြီးသောအခါ .. ထိုစာကြည့်တိုက်လေးကို ကနေဒါစင်တာတွင် ၊အဆင့်မြင့်ပြောင်းရွေ့မည်ဖြစ်ပါသည်။

• ကျေးလတ်ဒေသ ပညာရေးမြှင့်တင်ရေး ဌာန
**************************************
ကနေဒါစင်တာ တည်ဆောက်ပြီးသောအခါ
ကျေးလတ်ဒေသမှ ကျောင်းသာများ တစ်နေရာတည်းတွင် စာအတူကြည့်နိုင်မည်ဖြစ်ပြီး၊ စာကြည့်နိုင်ရန်အတွက် မီးရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
• အခါအားလျှောက်စွာ… ၊စာပေဟောပြောပွဲများ၊ ကျောင်းသားများ လိုအပ်ချက် .. သင်ထောက်ကူ ၊ကျောင်းဆရာနှင့်၊စာအုပ် စာတန်းများ ပံ့ပိုးသွားမည်ဖြစ်ပါသည်။

• ကျေးလတ်ဒေသ ကျန်းမာရေး
**************************
လောလောဆယ် ကျေးလတ်ဒေသတွင် ကျေးလတ်ဆရာဝန်များရှိသော်လည်း ဆေးဝါး ပြည့်စုံမှု မရှိဖြစ်နေပါသည်။ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးလတ်ဒေသတွင် လိုအပ်သော ဆေးဝါးများ လှူဒါန်းသွားမည် ဖြစ်ပါသည်။

• ကျေးလတ်ဒေသ သာရေး၊ နာရေး
****************************
ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးရွာတွင် မရှိဆင်းရဲသားများအတွက် စုပေါင်းရှင်ပြုပွဲများ ၊ ပညာရေး ထောက်ပံမှုအစီအစဉ်များ၊ မပြည့်စုံသော အဘိုးအသွားများ ဆုံးပါးသွားပါက လိုအပ်သလို ကူညီထောက်ပံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
သို့ပါသောကြောင့် ကနေဒါနိုင်ငံသို့ရောက်ရှိနေသော ၊ အမိမြန်မာပြည့်ကို ကူညီထောက်ပံ့အားပေးလိုသော မိတ်ဆွေများ ကုသိုလ်ပါဝင်နိုင်ကြောင်း နိုးဆော်တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်
ဗုဒ္ဓရံသီဆရာတော် 604 207 0068
ဦးစိန်ထွန်း 604-816- 3083
ကိုတင်နွယ် 604 817- 1693
ဒေါ်ဝင်းဝင်းချို (မြန်မာ) 095030245


Wednesday, December 10, 2014

မြန်မာပြည်၌ “ ကနေဒါစင်တာ” တည်ဆောက်မည်


ကနေဒါနိုင်ငံ၊ ဗန်ကူးဘာမြို့ ဗုဒ္ဓရံသီဆရာတော်၏ မယ်တော် ဘဝတစ်ပါး ပြောင်းသွားသည်မှာ တစ်လ တိတိရှိသွားပြီဖြစ်ပါသည်။
ဒီဇင်္ဘလာ (၉) ရက်နေ့တွင် ရန်ကုန်မြို့ ညီတော်မောင်အိမ်၌ သံဃာ((၁၀)ပါးပင့်၍ တစ်လပြည့် ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ပါသည်။
ဘဝတစ်ပါးပြောင်းသွားသော မယ်တော်ကြီးလည်း
ကောင်းရာသုဂတိရောက်ပါစေဟု ဆုတောင်း မေတ္တာပို့အပ်ပါသည်။
တစ်လပြည့် ဆွမ်းလှူပွဲတွင် မယ်တော်ကြီး၏ ဆန္ဒအရ ကျန်ရစ်သူ ညီအစ်ကိုမောင်နှမများမှ ..၊ မယ်တော်ကြီး ထားခဲ့သောအိမ်နှင့် မြေအကျယ် ပေ ၁၅၀× ၆၀ ခန့်ရှိသော ခြံဝန်းကို ၊ ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး၊ အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးအတွက် လှူဒါန်းခဲ့ပါသည်။
မယ်တော်ကြီးလှူဒါန်းထားခဲ့သော ၊ မြေနေရာတွင် ကျေးလတ်ဒေသဖွင့်ဖြိုးရေးအတွက် ကနေဒါနိုင်ငံရောက် ဗုဒ္ဓရံသီဆရာတော်ဦးဆောင်၍ ကနေဒါရောက် မြန်မာများစုပေါင်းကာ ကနေဒါရောက် မြန်မာလူမျိုးများ၏ အမှတ်သင်္ကေတ သမိုင်း ကျောက်စာတိုင်အဖြစ်
“ ကနေဒါစင်တာ” တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
ကနေဒါစင်တာတည်ဆောက်မည့်နေရာသည် မန္တလေးတိုင်း ၊ကျောက်ပန်တောင်းမြိုနယ်၊ သနပ်ပင်ရွာတွင် တည်ရှိသည်။
နေရာအနေအထားမှာ.. မန္တလေးနှင့် ၇-နာရီခန့် ကားမောင်း၍ ရောက်နိုင်ပြီး မြန်မာရှေးဟောင်း အမွေအနစ် ပုဂံ၊ညောင်ဦ်းနှင့် (၃) နာရီခန့် ကားမောင်း၍ ရောက်နိုင်သည်။ အညာဒေသတွင် အိုအေစစ် ဖြစ်သော ၊ ပုပ္ပါးနှင့် တစ်နာရီခွဲခန့် ကားမောင်း၍ ရောက်နိုင်သော နေရာတွင် တည်ရှိသည်။

ထိုကနေဒါစင်တာတွင်..

• ကျေးလတ်ဒေသ ဖွင့်ဖြိုးရေး စာကြည့်တိုက်
***********************************
မင်တော်ကြီး ဘဝတစ်ပါး မပြောင်းခင်ကတည်းက အိမ်ရှေ့ ပေ (၂၀) ပတ်လည်ခန့် စာကြည့်တိုက် လှူဒါန်းထားပြီးဖြစ်ပါသည်။ ကနေဒါစင်တာတည်ဆောက်ပြီးသောအခါ .. ထိုစာကြည့်တိုက်လေးကို ကနေဒါစင်တာတွင် ၊အဆင့်မြင့်ပြောင်းရွေ့မည်ဖြစ်ပါသည်။

• ကျေးလတ်ဒေသ ပညာရေးမြှင့်တင်ရေး ဌာန
**********************************
ကနေဒါစင်တာ တည်ဆောက်ပြီးသောအခါ
ကျေးလတ်ဒေသမှ ကျောင်းသာများ တစ်နေရာတည်းတွင် စာအတူကြည့်နိုင်မည်ဖြစ်ပြီး၊ စာကြည့်နိုင်ရန်အတွက် မီးရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
• အခါအားလျှောက်စွာ… ၊စာပေဟောပြောပွဲများ၊ ကျောင်းသားများ လိုအပ်ချက် .. သင်ထောက်ကူ ၊ကျောင်းဆရာနှင့်၊စာအုပ် စာတန်းများ ပံ့ပိုးသွားမည်ဖြစ်ပါသည်။

• ကျေးလတ်ဒေသ ကျန်းမာရေး
*************************
လောလောဆယ် ကျေးလတ်ဒေသတွင် ကျေးလတ်ဆရာဝန်များရှိသော်လည်း ဆေးဝါး ပြည့်စုံမှု မရှိဖြစ်နေပါသည်။
ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးလတ်ဒေသတွင် လိုအပ်သော ဆေးဝါးများ လှူဒါန်းသွားမည် ဖြစ်ပါသည်။

• ကျေးလတ်ဒေသ သာရေး၊ နာရေး
***************************
ကနေဒါစင်တာ တည်ဆောက်ပြီးပါက ကျေးရွာတွင် မရှိဆင်းရဲသားများအတွက် စုပေါင်းရှင်ပြုပွဲများ ၊ ပညာရေး ထောက်ပံမှုအစီအစဉ်များ၊ မပြည့်စုံသော အဘိုးအသွားများ ဆုံးပါးသွားပါက လိုအပ်သလို ကူညီထောက်ပံမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

သို့ပါသောကြောင့် ကနေဒါနိုင်ငံသို့ရောက်ရှိနေသော ၊ အမိမြန်မာပြည့်ကို ကူညီထောက်ပံ့အားပေးလိုသော မိတ်ဆွေများ ကုသိုလ်ပါဝင်နိုင်ကြောင်း နိုးဆော်တိုက်တွန်းအပ်သည်
ဆက်သွယ်ရန်
ဗုဒ္ဓရံသီဆရာတော် 604 207 0068
ဦးစိန်ထွန်း 604-816- 3083
ကိုတင်နွယ် 604 817- 1693

Thursday, August 28, 2014

အဘိုးကြီးအို ခါးကုန်းကုန်း

လွန်ခဲ့တဲ့ သုံးလလောက်က ကနေဒါနိုင်ငံကို ရောက်နေ့တဲ့ အသက် ရှစ်ဆယ်ကျော်အဘိုးတစ်ယောက် ဘုန်းကြီးကျောင်းကို ရောက်လာပါတယ်။

စာရေးသူက ၊ပဋ္ဌာန်းတရားတော်တွေကို   သင်ကြားပေးနေတယ်ဆိုလို့ အဘိဓမ္မာအကြောင်း လာရောက်ဆွေးနွေးတာပါ။

အဘိုးက .. သူကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ ဆယ်မျက်နှာလောက်ရှိတဲ့ ပဋ္ဌာန်းတရာတော် (note)  ကောက်နုတ်ချက်လေးတွေကို စာရေးသူအား  စိတ်ပါလက်ပါဖတ်ပြနေတယ်။

ပထမတစ်ခေါက်က စာရေးသူလည်း အဘိုးစိတ်ချမ်းသာအောင် တစ်နာရီလောက်ကြာကြာ အဘိုးရှင်းပြနေတဲ့ ပဋ္ဌာန်းကောက်နုတ်ချက်လေးတွေကို နားထောင်ပေးလိုက်တယ်။

တကယ်တော့ အဘိုးဖတ်ပြနေတဲ့ ပဋ္ဌာန်ကောက်နုတ်ချက်လေးတွေဟာ စာရေးသူတို့ ပထမကြီးတန်း ပဋ္ဌာန်းအရကောက် သင်ကတည်းက အလွတ်နုတ်တိုက် ကျက်ထားတဲ့ သိထားပြီးသားတွေပါ။ အဘိုးစိတ်ချမ်းသာအောင်
စိတ်ပါလက်ပါ နားထောင်ပေးလိုက်ပါတယ်။

အားလုံးလိုလို သူရေးထားပြီးတဲ့ ပဋ္ဌာန်းနုတ်လေးတွေကို ဖတ်ပြပြီးနောက်မှာတော့ သူကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ကလေးတွေကို  ဘုန်းဘုန်း တပည့်တွေ သင်ပေးလို့ရအောင် ၊ မိတ္တူကူးပေးလို့ရအောင်ဆိုပြီး စားရေးသူအား ပေးထားခဲ့တယ်။

စာရေးသူလည်း အဘိုးစိတ်ချမ်းသာအောင် ယူထားလိုက်ပါတယ်။
 အဘိုးတစ်ယောက် အိုင်တီခေတ်မှာ ကိုယ်လိုချင်တာ မေးလို့ရတဲ့ အင်တာနက် ခေတ်ဆိုတာ အဘိုးတစ်ယောက် မသိသေးဘူးထင်ပါတယ်။

ဒါနဲ့ စကားစပ်လို့ပြောရဦးမယ်..၊ တချို့ဒကာတွေက ဘုန်းကြီးတွေ အင်တာနက်သုံးတာကို အပြစ်ကြီးတစ်ခု လုပ်နေတယ်လို့ ထင်နေတယ်။ တကယ်တော့ အင်တာနက်က သုံးတတ်ရင်တော့ ကုသိုလ်တွေ ၊ သံဝေဂတွေ အများကြီးရနိုင်ပါတယ်။

နောက်တစ်လလောက်ရှိတော့  အဘိုးတစ်ယောက်
 ကျောင်းကို ရောက်လာပြန်ပါတယ်။
ဒီတစ်ခါတော့ သူ့လက်ရေးနှင့်ရေးထားတဲ့ ဘုရားစာတွေ ၊မှတ်သားစရာတွေက အရင်ထက်များလားတယ်။
စာရေးသူလည်း အဘိုးရှင်ပြနေတဲ့ စာတွေကို သင်ယူပြီးသားဖြစ်ပေမယ့် အဘိုးစိတ်ချမ်းသာအောင် နားထောင်ပေးလိုက်တယ်။
သို့သော်လည်း အဘိုးက စကားတွေ သိပ်ပြောချင်နေတယ်၊ စာရေးသူလည်း အလုပ်မအားလို့ အဘိုးစကားကို အကုန်နားမထောင်ဖြစ်ဘူး။

အဘိုးစကားကိုဖြတ်ပြီး စာရေးသူက အဘိုးကိုမေးလိုက်တယ်။

'အဘိုး အသက်ဘယ်လောက်ရှိပြီးလဲ'

'၈၀-နှစ်ပါဘုရား'
'ဒီမှာ ဘယ်သူနဲ့နေပါသလဲ'
'သမီးနဲ့ပါဘုရား'
'အဘိုးမှာ မြေးတွေ ရှိမှာပေါ့နော်'
'ရှိတယ်ဘုရား ၊ မြေးမနှစ်ယောက်ရှိတယ်'
အဘိုးသိထားတဲ့ ဗုဒ္ဓတရားတော်တွေ သိပ်ကောင်းတယ် ၊

'သမီးနဲ့ မြေးတွေကို အိမ်မှာ သင်ပေးပါလား'

စားရေးသူက ဒီလိုပြောလိုက်တော့ အဘိုးမျက်နှာ အနည်းငယ်ညိုငယ်သွားပြီး ခေတ္တမျှ စကားရပ်သွားတယ်။

ထို့နောက်အဘိုးကြီးက..
‘အရှင်ဘုရား သူတို့က ဒီနိုင်ငံရောက်တော့ ဒီနိုင်ငံစိတ်တွေ ပေါက်ကုန်ပြီဘုရား သမီးရောက်တာကလည်း အနှစ်(၂၀)ကျော်ပြီ ၊မြေးတွေကလည်း ဒီနိုင်ငံမှားမွေးတာဆိုတော့ ဒါတွေကို လေ့လာဖို့ အချိန်မပေးနိုင်ဘူးဘုရား’ ဟု စိတ်မကောင်းစွာ လျှောက်ထားလာတယ်။

ဟုတ်ပါတယ်။
ပြည်ပတိုင်းပြည်မှာ ရုပ်ပိုင်းဆိုင်ရာတွေ အားလုံးပြည့်စုံပေမယ့် မြန်မာအဘိုးအဘွားတွေအတွက် အထီးကျန်
ကျေးဇူးရှင်မိဘတွေကို ကူညီစောင့်ရှောက်ဖို့  ပြည်ပတိုင်းပြည်ကို ခေါ်ယူထားပေးမဲ့ မိဘတွေနဲ့ စကားပြောဖို့ အချိန်မရတော့ မိဘတွေမှာ အထီးကျန်နေတယ်။ စကားပြေမယ့်သူ ၊အဖော်လုပ်မယ့်သူမရှိဘူး။

များသောအားဖြင့် ကနေဒါနိုင်ငံရောက် အဘိုးတွေကတော့ CASINO ဆိုတဲ့လောင်းကစားရုံးမှာ အချိန်းကုန် တတ်တယ်။ တချို့လည်း SENIORS HOME မှာ သွားရောက်နေကြရတယ်။

စာရေးသူ တိုရန်တိုမှာ နေတုန်းကဆို သေခါနီးဖြစ် အဖော်မဲ့နေတဲ့ အဘိုးတွေကို စိတ်ချမ်းသာအောင် စေတနာ ဝန်ထမ်းအဖြစ် အဖော်လုပ်းပေးခဲ့ဖူးတယ်။
သားတွေ၊သမီးတွေ၊မြေးတွေက အချိန်းပိုင်းလောက်သာ အဘိုးအဘွားတွေကို လာရောက်တွေ့နိုင်တယ်။ ကျန်တဲ့ အချိန်မှာ စာရေးသူလို စေတနာဝန်ထမ်းတွေ၊ ခန့်ထားတဲ့ အလုပ်သမားတွေက အဖော်လုပ် ကူညီစောင့်ရှောက်ရတယ်။

ဒါကြောင့် စားရေးသူလည်း ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း စတင်တည်ထောင်ကတည်းက ကနေဒါနိုင်ငံ၊ဗန်ကူးဘားရောက် အဘိုး၊အဘိုးဘွားတွေကို သီတင်းကျွတ်လရောက်တိုင်း စုပေါင်းကတော့ဖြစ်တယ်။ ဒီနှစ်ဆို (၆) ကြိမ်ရှိသွားပါပြီ။

ဒီလိုစုပေါင်းကန်တော့ခြင်းအားဖြင့် ကနေဒါရောက်မြန်မာမျိုးဆက်သစ်ကလေးတွေကိုလည်း မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းရာရောက်တယ်။ အဘိုး၊အဘွားတွေကိုလည်း တစ်နည်းတစ်လမ်းက စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးတာဖြစ်တယ်။
ဒါကြောင့်မို့ လာမည့် အောက်တိုဘာလ (၄/၅) မှာကျင်းပမည့် သက်ကြီးပူးဇော်ပွဲ၊ အသံမစဲ (၂၄) ပဌာန်းပူဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲနှင့်ပညာရည်ချွန်ဂုဏ်ပြုပွဲကို ပျော်ပျော်ပါးပါးအတူတကွဆင်နွှဲကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Thursday, August 21, 2014

ဘာသာရေးလွတ်လပ်ခွင်ကော်မရှင်(အမေရိက)အား သီတဂူဆရာတော်မိန့်ကြားချက်များ

သီတဂူဆရာတော်နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အမေရိကန်ကော်မရှင်အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကားမိန့်
======================================
အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ

လူကြီးမင်းများခင်ဗျား၊

ကောင်းသောနံနက်ခင်းပါ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။

တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။

လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ

ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။

ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ

Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ

အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ

ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ

အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။

ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်

ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ၀ိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

စစ်ကိုင်း၊ မြန်မာ

www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

Wednesday, May 28, 2014

မျိုးချစ်စိတ်

မိုးတွေ တဖွဲဖွဲ အပြင်မှာရွာနေသည်၊
ခါတိုင်း.. အလုပ်ပိတ်ရက် မိုးရွာလျှင် ဘယ်ကိုမှ သွားလေ့ သွားထမရှိ ၊ ယုတ်စွ မိုးရွာလျှင် အိမ်မှာပဲ ဘုရားရှိးခိုးတတ်ပြီး ဘုရားကျောင်းကို မသွားဖြစ်တော့ပါ။ အိမ်မှာပဲ တီဗွီကြည့်ကာ  မိသားစုနှင့် အချိန်ဖြုန်းနေတတ်သည်။

ဒီနေ့တော့ အပြင်မှာ မိုးတွေ သယ်လောက်ပင် သဲသဲမဲမဲ ရွာစေဦးတော့ ကျနော်တို့မိသားတစ်စုလုံး အပြင်ထွက်ဖို့ နံက်မိုးလင်းကတည်းက တက်တက်ကြွကြွဖြစ်နေသည်။ ဇနီးဖြစ်သူကဆို… နံက် (၆) နာရီကတည်း မီးဖိုးချောင်မှ ကရင်ရိုးရာ တာလပေါ့ဟင်းကို ချက်နေသည်။

သမီးငယ်ကတော့  ပွဲနေ ပွဲတိုင်မှာ ဝတ်လေ့ဝတ်ထရှိတဲ့ 'စုမွန်ဝါး' လို့ခေါ်တဲ့ ကရင်သင်တိုင်းအင်္ကျီနှင့် အဖြူအနီစပ် ကရင်လုံချည်ကို ဝတ်းရင်း အလှပြခန်းမှာ တယောက်တည်း မှန်ကို  ရှေ့နောက်ကြည့်ရင်း ..  တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

ကျနော်ကတော့  နှစ်ပေါင်း (၂၀) ကျော် ကွဲကွာသွားတဲ့ ဆရာမလေးကို တွေ့ရမည်ဆိုတော့ တစ်ယောက်တည်း  စိတ်တွေ လှုပ်ရှားနေသည်။
ကျနော်တို့ တတွေ တိုင်းတစ်ပါးကိုရောက်ပေမယ့်  ကိုယ့်မြို့၊ ကိုယ့်ရွာ ၊ ကိုယ့်ဓလေ့ကိုတော့ ဘယ်တော့မှ မမေ့တတ်ကြပါ။

ပြီးခဲ့တဲ့ သင်္ကြန်ကဆို ကနေဒါရောက် မြန်မာပြည်သားများတွေ့ကြဆုံးပွဲမှာ ဘီယာဘူးတွေ တဖောင်းဖောင် ဖောက်ကြသည်။ စားပွဲပေါ်မှာ ပုလင်းရောင်စုံတွေ၊ ပြီးတော့ ဘဲကင်၊ ဆာတေ၊ ပုဇွန်ကင်၊ ကိုက်လန်ကြော် စတဲ့  ပြည့်ပအစားအစာတွေက ပြည့်နှက်နေသည်။ ဒါပမေယ့်  မြန်မာပြည်ဖြစ် ငါးရံ့ခြောက်နှင့်ပဲကြီးလော်ကတော့ မတွေ့ရပါ။

သို့သော် ကျနော်တို့ ပြည်ပရောက် မြန်မာတွေရဲ့ ပြောနေကြစကားတွေကတော့…
‘ငါတို့ တော စခန်းမှာ အတူသာက်ခဲ့တဲ့ ခေါင်ရေနဲ့ ကြွက်ကျော်ကို သတိရလိုက်တာ’

‘အဲဒီတုန်းက ဒီကောင်ပေါ့  .. ခေါင်ရေမူးလို့် တလမ်းလုံး အန်တာ ၊ ဟေ့ကောင်း မေ့သွားပြီလား’

‘ ဘယ့်မေ့ပါ့မလားကွာ… ၊ အဲဒီနောက် ခေါင်ရည်ဆို ပြောသံကြားတာနဲ့ အန်ချင်နေတယ်’

ဟား ဟား…  တော်စမ်းပါကွာ မင်းပြည်ပက ဘီယာတွေတောင် ရဲရဲကြီးသောက်နေတာ  ၊ ကရင်ခေါင်ရေ ကတော့ အပျော့လောက်ဖြစ်သွားပါပြီ။

ငါပြီးခဲ့တဲနှစ်တုန်းက မြန်မာပြည်ရောက်ခိုက် ၊ ရွာက မိတ်ဆွေတွေနဲ့ ခေါင်ရေကို သတိရလို့သွားသောက်ကြည့်တာ ..၊ ကနေဒါက ဘီယာနဲ့ ဘယ်လဲနိုင်မလဲကွာ ၊ ဒီဘီယာတွေ လွှင့်တောင် ပစ်တယ်။

ဘီယာဘူးတွေသာ  စကားနားလည်ရင် အားနာစရာ သို့သော် ဘီယာဘူးသာ မဟုတ် ရေသန့်ဘူးလည်း သည်ဝိုင်းမှာ မသက်သာ
‘မင်းတို့ ကနေဒါရောက်လို့ ရေသန့်တွေ ဘာတွေ လုပ်နေတာ တို့ စခန်းမှာ တုန်းက ကန်ရေကိုပဲ သောက်နေတာ မဟုတ်လားကွ ၊  မင်းတို့ ရေးဘူးတွေက ကယ်မီကယ်တွေနဲ့ တို့တောထဲက ရေကမှ အော်ဂဲနစ် စစ်စစ်’

ဟုတ် ၊မဟုတ်တော့ မသိ
သို့သော် ကန့်ကွက်သူ မရှိ အားလုံး ထောက်ခံသလိုနဲ့ ငြိမ်နေကြသည်။

ဘာကြောင့်လဲ

မျိုးချစ်စိတ်ကို ၊

တိုင်းပြည်ချစ်စိတ်ကို

မျိုးချစ်စိတ် ထက်သန်နေသည့်အခါ သည်လိုပဲ ကိုယ့်မြို့ ကိုယ်ရွာ ကိုယ်ဒေသအကြောင်း ဟုတ်ဟုတ် မဟုတ်ဟုတ် အကောင်းပြောကြပေမည်။

ကျနော်ကိုယ်တိုင် ၊ကနေဒါနိုင်ငံလို  နက်ကတိုင်ဝတ်တဲ့ တိုင်းပြည်ရောက်ပေမယ့် ၊ ကရင်သင်တိုင်းအင်္ကျိကို ချစ်မြတ်နိုးဆဲဖြစ်သည်။

ကဲ..ဒါဖြင့် မင်းတို့ မြန်မာပြည် ပြန်ကြမလား မေးလျှင်တော့…၊
ဟဲကောင်… ၊မင်းသိတယ်မဟုတ်လား…. မပြောင်းလဲသေးဘူးလေ..၊စစ်တပ်က အုပ်ချုပ်နေတာ.. ပြန်ရင် တို့ နန်းစံသွားမှာပေါ့ ဟု ဆိုပေလိမ်မည်။

ဟုတ်သားပဲ
အိမ်ကို သတိရတာ ၊
ခေါင်ရေကို သတိရတာ
အမျိုးတွေကို သတိရတာ
 အဲဒါတွေနဲ့ ဘာဆိုင်လို့လဲ။

ဆရာမလေးသည်  ၈၈-အရေးအခင်းမဖြစ်ခင်က ကျနော်တို့ရွာမှာ  ကိုယ်ပိုင်ဆေးခန်းဖွင့်၍  သူ့ဘဝကို စတင်ရပ်တည်ခဲ့သူဖြစ်သည်။ အဲဒီတုန်းကတော့ ရွာမှာ ဆရာဝန်ဆိုတာ တစ်ရွာမှာ တစ်ယောက် လောက်သာဆိုတော့ ၊ လူသိများသည်၊ ထင်ရှားသည် ၊

ဆရာမလေးက ရုပ်ချော အပြောကောင်းဆိုတော သူဆီသွားတဲ့ လူနာတိုင်း ရောဂါ မပျောက်သည် မရှိ ဆရာမဆီ ရောက်တာနဲ့ ရောဂါတစ်ဝက်သက်သာလိုဖြစ်သွားသည်။

၈၈-အရေးအခင်းဖြစ်ပြီးနောက် ပြည်ပြေးကျောင်းသွားတွေနဲ့အတူ ဒီမိုကရေးစီ တိုက်ပွဲဝင်ရင်း  ထိုင်းနယ်စပ် မဲဆောက်မြို့တွင်ခိုလှုံကာ မယ်တော်ဆေးခန်ကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆရာမလေးသည် ၊ ငွေကြေးကို ပဓာနမထား ၊ ခြေပြတ်၊လက်ပြတ်၊မီးဖွား၊ စသည့်ရောဂါ စုံကို အခမဲ့ ကုသပေးခဲ့သည်။

နောက်ပိုင်းတွင်း ဆရာမရဲ့ ဂုဏ်သတင်း ပျံ့နှံ့ကာ ၊ နိုင်ငံတကာမှ ထောက်ပံ့မှုဖြင့်  နယ်စပ်ဒေသတစ်လျှောက် မြန်မာပြည်သူတို့ရဲ့ အဓီက အားထားရသည့်
 ဆေးရုံတစ်ရုံဖြစ်လာခဲ့သည်။  နယ်စပ်ဒေသတွင် မွေးဖွားသော ကလေးငယ်များအတွက် အခြေခံပညာ အခမဲ့ကျောင်းများကို တည်ထောင်ခဲ့သည်မှာ ယခုဆို ကျောင်းသား တစ်ထောင်ကျော်ကို ပညာသင်ကြားပေးနေသည်ကို တွေ့ရသည်။

ဆရာမ၏ ထိုကဲ့သို့ အများအကျိုးကို တစိုက်မက်မက် ဆောင်ရွက်မှုကြောင့် ဆစ်ဒနီငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာမှ  ဆုပေါင်း (၃၀) ကျော်ကို လက်ခံရရှိထားသူဖြစ်သည်။

ဧည့်ခန်းထဲမှာ .. ကရင် သင်တိုင်း အင်္ကျီကိုဝတ်ပြီး ၊သမီးနဲ့ဇနီးကို ထိုင်စောင့်ရင်း ဆရာမလေး အကြောင်းကို တွေးနေလိုက်တာ သမီးအိမ်ပေါ်က ဆင်းလာမှ အတွေများ ပြတ်သွားသည်။

 “ ဖေ..ဖေ.. သမီး ကရင် သင်တိုင်လေးနဲ့  လှတယ် မဟုတ်လား”

 “လှပ သမီး လှပ… ဒါမှ ကရင်မလေး အစစ်” ဟု အားရပါးရပြောလိုက်သည်။

မိုးကလေး တဖွဲဖွဲဖြင့် ကျနော်တို့မိသားစု …၊ ဆရာမရောက်လာမည့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းရှိရာ .. Richmond သို့ ကားမောင်းထွက်ခဲ့သည်။  ကားကက်စက်ထဲတွင်းလည်း ကရင်သီချင်းကို ဖွင့်ထားလိုက်သည် ၊ ကားမောင်းရင်း နောက်မှာ ထိုင်ပြီးလိုက်ပါလာသည့်  ဇနီးကို ကားနောက်ကြည့်မှန်က  ကြည့်လိုက်တော့ ၊ ကရင်းသီချင်းကို ခေါင်းတညိမ့်ညိမ့်ဖြင့် တီးလုံးလိုက်နေသည်။

၁၁-နာရီးထိုးအချိန်…

ဗုဒ္ဓရံသီဘုန်းကြီးကျောင်းကို ရောက်ပါပြီ  ဖိတ်ထားသော ဧည့်သည်တော်များ တော်တော်စုံစုံလင်လင် ရောက်နေပြီ၊ ဆရာမလည်း ရောက်နေပြီ  နှစ်ပေါင်း (၂၀)က ဝေးကွားသွားတဲ့ မိတ်ဟောင်းဆွေဟောင်းတွေကို မိတ်ဆက်စကားပြောနေသည်။

ကျနော်လည်း ဖြည်ဖြည်ချင်း ဆရာမနားကပ်သွားပြီး နှုတ်ဆက်လိုက်သည်၊ ဆရာမက ဝမ်းပန်းတသာ ၊ လက်ဆွဲနှုတ်ဆက်ရင်း.. 'မင်းအရင်တုန်းကလိုပဲနော်' တဲ့..၊

 ဆရာမ ဘာကို ဆိုလိုသည်မသိ..၊ ကျနော်စိတ်ထဲမှာတော့ ပျော်သွားသည်။

ထို့နောက် …  ဗုဒ္ဓရံသီ ဆရာတော်အားဆွမ်းဆက်ကပ်ပြီး ဆရာမနှင့် ဗန်ကူးဘားရောက် မြန်မာမိသားစုများဖြင့် တွေ့ဆုံကာ စကားပြောကြသည်၊ ဆရာမသည်၊ သူရဲ့ လုပ်ငန်းစဉ်များကို ရှင်းပြသည်။ 

ဗန်ကူးဘားရောက် မြန်မာမိသားစုများကလည်း ..နှစ်ပေါင်း (၂၀) ကျော်မှ ပြန်လည်တွေ့ဆုံရသော ၊ ဆရာမကို လက်ဆောင်ပစ္စည်းများပေးအပ်ခါ ..၊ ဆရာမ မြန်မာပြည်မှ ယူလာသော တီးရှပ်များကို မျိုးချစ်လက်ဆောင် အဖြစ် ဝယ်ယူကြသည်။

ကျနော်တို့ တတွေ ဘယ်လိုပင် ဖွင့်ဖြိုးတိုးတက်သော တိုင်း၊ နိုင်ငံပင်ရောက်နေသော်လည်း ၊ယနေ့ ဆရာမ ဒေါက်တာစင်သီယာမောင်နှင့်တွေ့ဆုံပွဲကို ကြည့်ခြင်းအားဖြင့် မျိုးချစ်စိတ်တွေ ၊တိုင်းပြည် ချစ်စိတ်တွေ  ရှိနေသေးပါလားဟု တွေးတောရင်း ဝမ်းသာကြည်နူးနေမိပါတော့သည်။

Followers

My Blog List