Showing posts with label ဇာတ်တော်. Show all posts
Showing posts with label ဇာတ်တော်. Show all posts

Thursday, January 30, 2014

နောင်တမရကြရလေအောင်

နောင်တတရား ဆယ်ပါး
*****************

၁။ ငယ်စဉ်ကာလ ပညာမသင်ခဲ့မိ၍ ကြီးလာအခါ
 မသင်ခဲ့ရကောင်းလားဟူ၍ နောင်တ ရတတ်ခြင်း။

၂။ စီးပွါးရှာနိုင်ဖွေနိုင်သည့်အရွယ်၌ ဥစ္စာမရှာခဲ့မိ၍
အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်သည့်အချိန်၌ စားစရာမရှိ၊
ဝတ်စရာ မရှိဖြင့်နောင်တတဖန် ပူပန်ရတတ်ခြင်း။

၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြသည်ကို ယင်းသူနှစ်ဦးအားအချစ်ပျက်စေရန် မိမိကိုယ်တိုင်ပြုလုပ်ခဲ့မိခြင်းဟူသော
 နောင်တတဖန် ရတတ်ခြင်း။

၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့ခြင်းဟူသော နောင်တရတတ်ခြင်း။

၅။ သူ့သားမယား ပြစ်မှားမိခဲ့ခြင်းဟူသော စိတ်ဆင်းရဲမှုနောင်တရတတ်ခြင်း။

၆။ လှူနိုင် တန်းနိုင်သည့်အချိန်၌ မလှူမိ၊ မတန်းမိခဲ့ရခြင်းဟူသော နောင်တ ရတတ်ခြင်း။

၇။ မွေးမြူ မိဘ၊ မပြုရ-ဟူသောအချက်၌ အဖေနှင့်အမေသက်ရှိထင်ရှားရှိသည့်အချိန်၌ မကျွေးမွေး၊ မပြုစုခဲ့မိ၍ အမေအဖေ မရှိတော့သည့်အချိန်၌နောင်တရတတ်ခြင်း။

ဤနောင်တသည် ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါပေ။ အမေ နှင့် အဖေ သေပြီးသည်နှင့်တစ်ပြိုင်နက် ရတတ်သောနောင်တဖြစ်၏။

၈။ လူကြီးသူမတို့၏ ပြောဆိုဆုံးမခဲ့သောစကားကို နားမထောင်ခဲ့မိ၍ ဒုက္ခရောက်သည့်အချိန်၌ နောင်တရတတ်ခြင်း။

၉။ ကိုယ်သိလိုသောအကြောင်းအရာတို့ကို ပညာရှိတို့အားမေးမြန်းရပါမည်။ မေးပြီးနောက် မှတ်သားထားရပါမည်။ မမေးမိ၊ မမှတ်သားမိ၊ မနာခံမိလျင် အကြောင်းအရာတို့အား မသိနိုင်ပါပေ။ မသိနားမလည်တဲ့သောကြောင့် မရှိတာထက် မသိတာခက်ဖြစ်ပြီး မမေးခဲ့မိလေသော နောင်တရတတ်ခြင်း။

၁၀။ အမြတ်မကျင့်-လူ့ဘ၀သက်တမ်းတစ်လျောက်၌
 မိမိပြုလုပ်ခဲ့သော ကိစ္စအရပ်ရပ်တို့အား စာရင်းချုပ်သောအခါ အကောင်း၊ အဆိုး၊ အယုတ်၊ အမြတ် နှစ်မျိုးသာရှိ၏။ကောင်းသောအလုပ်နှင့် မြတ်သောအလုပ်ကို မလုပ်ခဲ့မိ၍ ဆိုးသောအလုပ်နှင့်ယုတ်ညံ့သောအလုပ်တို့ကို သာလုပ်ခဲ့မိနေသည်ဟူသော
 နောင်တတစ်ဖန်ရတတ်ခြင်း။

သို့ဖြစ်ပါ၍…. ကြီးရင့်ဇရာ အိုသောခါ၌ ပူဆာနောင်တ မဖြစ်ကြစေရန် မိမိတို့၏လက်ရှိအချိန်ကို ကောင်းစွာအသုံးချ၍ နောင်တတရားကင်းဝေးသော ဘ၀ကိုရယူနိုင်ပါစေ…ဟူသောဆန္ဒဖြင့် နောင်တ(၁၀)ပါးအားတင်ပြလိုက်ရပါသည်။

ဇနသန္ဓမင်း၊ ဒွါသနိပါတ်ဇာတ်ဝတ္ထု
မဃဒေလင်္ကာ ၊ ပုတ္တောဝါဒခန်း
( မြန်မာဗုဒ္ဓဘာသာစကားဝိုင်းမှ)

Sunday, April 21, 2013

ဇဋိလ




‘ဟေ! ဟိုအိုးက ငါ့အိုး ငါအရင်မြင်တာနော် မိန်းမ’
‘ငါလည်းမြင်တယ်…။ အိုးထဲမှာပါတဲ့ ပစ္စည်း ငါပစ္စည်းသိလား’

ဂင်္ဂါမြစ်ဆိပ်ကမ်းမှ မိန်းမနှစ်ယောက် ရေမျှောလာသော အိုးကို သူပိုင်တယ်၊ ငါပိုင်တယ်ဟု  လုနေခြင်း ဖြစ်၏။
မိန်းမနှစ်ယောက် အိုးကို ဆယ်ယူ၍ ကြည့်လိုက်သောအခါ ချစ်စဖွယ် ကလေးငယ်ကို တွေ့မြင်၍ သူပိုင်ငါပိုင် အငြင်းပွားရာမှ တရားရုံးကိုရောက်သွားကြသည်။ တရားသူကြီးက ဥပဒေနှင့် လျှော်ညီစွာ “ အိုးထဲမှာပါတဲ့ ပစ္စည်း ငါ့ပစ္စည်” ဟု ပြောဆိုသော မိန်းမအား အနိုင်ပေးလိုက်သည်။ ကလေးရသော မိန်းကလေးက ဝမ်းသာအားရ ကလေးကို ‘ ဇဋိလ’ ဟုအမည်ပေးကာ မွေးစားလိုက်သည်။

မြစ်ထဲအမျှောခံရခြင်း အတိတ်ကြောင်း..

ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ဗာရာဏသီမြို့သားတို့ ဘုရားဓာတ်တော်များကို ဌာပနာရန် ရွှေစေတီကြီး တစ်ဆူကို တည်ဆောက်ကြလေသည်။ထိုစဉ် စေတီကြီး မြောက်မုဒ် အတွက် ရွှေများလိုအပ်နေသောကြောင့် ရဟန္တာမထေရ် တစ်ပါးက စေတီတော်အတွက် ရပ်ကွက်ထဲကို တစ်အိမ်ဆင်း တစ်အိမ်တက် အလှူခံလေ၏။

 ထိုအခါ ဇဋိလသူဌေးလောင်း ရွှေပန်းထိမ်သည် လင်မယားချင်း စကားများနေချိန် ရောက်သွား၏ ၊ မထေရ်က စေတီတော်ကြီးအတွက် ရွှေလိုအပ်နေ၍ အလှူခံလာခြင်း ဖြစ်ကြောင်း ပြောသောအခါ.. စိတ်ဆိုးနေသော ပန်းတိမ်သည်က “ ရွှေလိုအပ်နေရင် စေတီ ဆက်မတည်ပဲ  ဓာတ်တော်တွေကို   ရေထဲမျှောလိုက်ပါလား" ဟု  ပြောမိလိုက်၏။ ထိုအခါ မယားဖြစ်သူက “ရှင် ကျမကို စိတ်ဆိုးရင် ကျမကိုရိုက်ပေါ့ အကြောင်းမဲ့  ဘုရားရှင်ကိုတော့ မစော်ကားကောင်းပါဘူး”ဟု ပြောမှ  ပန်းတိမ်သည် သူ့အမှားကို သတိရကာ ရဟန္တာအရှင်မြတ်ခြေရင်းမှာ ဝတ်စင်းတောင်းပန်လေသည်။

“ ဒကာတော် ငါကိုတောင်းပန်စရာ မလိုဘူး ၊ ဘုရားကိုပြစ်မှားတဲ့အတွက် ဘုရားကိုသာ တောင်းပန်ပါဟု မထေရ်မြတ်ကမိန့်ကြားတော်မူ၏။ မထေရ်၏ ညွှန်ကြားချက်ဖြင့် ရွှေအိုးသုံးလုံးနှင့်တကွ တစ်ထွာခန့်စီရှိသော ရွှေပန်းခိုင်းများပြုလုပ်၏။ ဖခင်ဖြစ်သူက သူရဲ့  မြတ်စွာဘုရား တောင်းပန်ကန်တောပွဲမှာ သားများကိုလည်း ကုသိုလ်အတူပါဝင်ဖို့ဖိတ်ခေါ်သော် သားကြီးနှစ်ယောက်က ကိုယ့်အပြစ်ကိုယ်ခံသဘောမျိုးဖြင့် ဘာမှအကူအညီ မရဘဲ သားငယ်တစ်ယောက်သာ အကူအညီရလေသည်။

ဤကုသိုလ်ကြောင့် သေလွန်သောအခါ လူပြည်၊ နတ်ပြည်ဘဝပေါင်းများစွာ ကျင်လည်ကာ ဂေါမမြတ်စွာဘုရား လက်ထွက်တွင် ဘုံခုနစ်ဆင့်တွင် တစ်ယောက်တည်း နေသော သူဌေးသမီးတွင် ကိုယ်ဝန်သွားတည်လေသည်။ ဖြစ်ပုံမှာ သူဌေးများက သူတို့သမီး လူတို့နှင့် ထိတွေ့မှာစိုးလို့ ထိမ်းသိမ်းထားရာမှ ဝိဇ္ဖာဓိုရ်တစ်ယောက်နှင့် ဖောက်ပြားကာ ကိုယ်ဝန်ရလားခြင်းဖြစ်၏။ သို့ဖြစ်၍ ကလေးမွေးသောအခါ မိဘများမသိအောင် ကျွန်မများအား ကလေးကို အိုးထဲထည့်ကာ ဂင်္ဂါမြစ်ထဲသို့ မျှောလိုက်ခြင်းဖြစ်၏။

ဤကဲ့သို လင်မယာနှစ်ယောက် စကားများခိုက် အမှတ်တမဲ့ ဘုရားအား ပစ်မှားမိသော အကုသိုလ်ကံကြောင့် လူဖြစ်လာသောအခါ အိုထဲထည့်ကာ ရေမျှောခံရခြင်းဖြစ်၏။

ဇဋိလ ခုနစ်နှစ် ရှစ်နှစ်အရွယ်ရောက်သောအခါ မွေးစားအမေက သူကိုးကွယ်ဆီးကပ်သော ရှင်မဟာကစ္စည်းထံ ရှင်ပြုရန် အပ်နှံလိုက်လေသည်။ ဆရာတော်က ကလေး၏ ဘုန်းကံ ပါရမီကို သိ၍ ငယ်စဉ်အခါ လောကီ ချမ်းသားများကို ခံစားစေဦးဟု ကြံရွယ်ကာ တက္ကသိုလ်တိုင်းပြည်မှ ဒကာရင်း သူဌေးထံအပ်နှံလိုက်လေသည်။  သဌေးကလည်း ကလေးအား ကောင်းစွာပြုစု စောင့်ရှောက်ကာ အတတ်ပညာများသင်ကြာပေးလေး၏။

ဇဋိလအရွယ်လောက်လာသောအခါ လိမ္မာရေးခြား၊ ပါးရေနပ်ရေရှိပြီး သူဌေးရဲ့ အရောင်းအဝယ်ကိစ္စတွင် အားထားရသော လူငယ်တစ်ယောက်ဖြစ်လာသည်။

တစ်နေ့တွင် သူဌေးက  ရောင်းချရန်ပစ္စည်းများကို ဇဋိလအားအပ်ခဲ့ပြီး အလုပ်ကိစ္စဖြင့် ခရီးထွက်သွား၏ ။ သူဌေးခရီးက ပြန်လာသောအခါ ထားခဲ့သော ပစ္စည်းများ ကုန်လုနီးပါးဖြစ်နေ၍ တုန်လှုပ်ရှောက်ခြားသွား၏ ။  ‘မောင်ဇဋိလ ..ရောင်းဖို့ငါထားခဲ့တဲ့ ပစ္စည်းတွေ ဘယ်ရောက်ကုန်လည်း’ဟု မေးသောအခါ. သူဌေးမှာခဲ့တဲ့ ဈေးနဲ့ အကုန်ရောင်းလိုက်ကြောင်းပြောပြ၏။

သူဌေးကြီးက  ၁၂-နှစ်တာကာလ စုဆောင်းထာသော ပစ္စည်းများကို  ၂ရက် ၃ ရက်ဖြင့် ကုန်လုနီးပါး ရောင်းချနိုင်စွမ်းကို အသိမှတ်ပြုသောအားဖြင့် အသပြာငွေတစ်ထောင်ကို ချက်ခြင်းထုတ်ပေးလိုက်၏။ ထို့နောက် သူဌေးကြီးက  ဘုန်းရှင်ကံရှင် တစ်ယောက် လက်လွတ်မသွားအောင် သူ့သမီးနှင့် လက်ထပ်ထိမ်းမြားပေးလိုက်သည်။

ထို့နောက် သမက်နှင့်သမီးတို့ နေ့ဖို အိမ်ဆောက်ရာ အပြီးမှာ  အိမ်နောက်မှ အတောင် ၈၀ ရှိသော ရွှေတောင်ကြီး  အလိုလိုပေါက်လာလေသည်။ ဤအချိန်မှစ၍ တက္ကသိုလ်ပြည်တွင် ဇဋိလသူဌေးဟု ထင်းရှာ ကျော်ဇောလာတော့၏။

၂)

 မြတ်စွာဘုရာ ဂန္ဓရတိုင်းရောက်သောအခါ ဇဋိလမြတ်စွာဘုရားထံ ချည်းကပ်၍ ဒါန၊သီလ၊ ဘာဝနာ တရားများ နာယူပွားများလေသည်။ သားသုံးယောက်လည်း အရွယ်ရောက်လာသည်ဖြစ်၍ အေးရားအေးကြောင်းသာသနာ့ဘောင်မှာ ရဟန်းပြုလိုစိတ်ဖြစ်လာ၏။ 
ဇဋိလသူဌေးကြီးက “လောကမှာ သူလို့ ချမ်းသာတဲ့လူ ရှိမှ ရဟန်းပြုမယ်”ဟုဆုံးဖြတ်ကာ အမှုထမ်း ၅ယောက်တို့အား ရွှေအုပ်၊ ရွှေခြေနင်း၊ ရွှေနင်တံစသည်တို့ကို ပေးကာ သူလို ချမ်းသာသူကို လိုက်လံရှာဖွေခိုင်း၏။

အမှုထမ်းတို့ ပါလာသော ရွှေများကို ရောင်းချဟန်ဖြင့် အမြို့အမြို့အနယ်နယ် လှည့်ပတ်ကာ  အင်္ဂတိုင်း ဘဒ္ဒိယမြို့ကို ရောက်သွားသည်။ ထိုမြို့တွင် မေဏ္ဍကသူဌေးက အလွန်နာမည်ကြီးကြောင်းသိရ၍ သူဌေးအိမ်ကို ဝင်ရောက်စုံစမ်းရာ အိမ်နောက်ဖေးတွင် နွားလားခန့်ရှိသော ရွှေဆိတ်ရုပ်များ  ပြားပျမ်းခတ် ပြည့်နှက်နေသည်ကို အံ့ဩစွာတွေ့ရသည်။ ထို့ကြောင့်  အမှုထမ်းများ တက္ကသိုလ်တိုင်းပြည်သို့ ပြန်ကာ ဇဋိလသူဌေးအား အကြောင်းပြန် အစီအရင်ခံကြလေသည်။

ထို့နောက် တစ်သိန်းတန် ကမ္ဗလာအထည်ကို ပေး၍ ဒုတိအကြိမ်ထမ်မံ စုံစမ်းခိုင်းပြန်၏။  ဤအကြိမ်တွင် ရာဇဂြိုဟ်က ဇောတိကသူဌေးဆီကို ရောက်သွားကြ၏။ အမှုထမ်းများက ပါလာသော ကမ္ဗလာကို ရောင်းချရာ ၊ ဇောတိကက ဝယ်ယူ၍  မုဒ်ဝ၌ အမှိုက်လှဲနေသော ကျွန်မအား ခြေသုတ်အဝတ်လုပ်ရန် ပေးလိုက်လေသည်။
ဇောတိက၏ ကြွယ်ဝချမ်းသာမှုကို အမှုထမ်းတို့ ဇဋိလထံ ပြန်အကြောင်းကြားရာ လောက၌ သူလိုချမ်းသာ သူတွေ အများကြီးဟု သိမြင်ကာ ရဟန်းပြုရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် သားသုံးယောက်ကို ခေါ်၍ အမွေးပေးရန်ဆုံးဖြတ်ကာ သားကြီးအား အိမ်နောက်ဖေးမှ   ရွှေတောင်ကြီးကို သွားရောက်တူးခိုင်းလေ၏။ သို့သော်လည်း ရွှေတောင်ကြီးမှာ ကျောက်တိုင်ကျောင်ခဲပမာ မာကျောလှ၍ ဘယ်လို့မှ တူးယူ၍မရပေ။  ထို့နောက် သားလတ်ကို အတူးခိုင်းရာ ရှေးနည်းအတူ ဘယ်လို့မှ ရွှေတိုင်ကြီးကို တူးဆွလို့မရကြပေ။  နောက်ဆုံးသားငယ်ကို တူးဆွခိုင်းမှ   ရွှေတောင်ကြီးသည်   မြေစိုင် မြေခဲများ ပမာ ရွှေစိုင်ရွှေခဲများ ပဲ့ထွက်လာလေသည်။

ဤအချင်းအရာကို မြင်သော ဖခင်ဇဋိလက.. “ ချစ်သားတို့ ..ဤရွှေတောင်သည် ငါ့နှင့်ငါ့သားငယ် အတွက်သာ ဖြစ်ပေါ်လာရခြင်းဖြစ်၏ သင်တို့နှစ်ယောက်အတွက် မဟုတ်” ဟုဆိုကာ ရွှေတော်ကြီးအား သာငယ်ပေး၍ ရဟန်ပြုသွားလေသည်။

ရဟန်းပြုပြီးနောက် ရက်အနည်းငယ်မှာပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဗြဟ္မဏဝဂ်၊ ဇဋိလတ္ထေရဝတ္ထု ကိုမျှဝေခံစားပါသည်။

သင်ခန်းစာ

 ကံတရားများ ဆန်းကြယ်ပေစွ..။  “ဘုရားဓာတ်တော်မျာ ရေထဲမျှောလိုက်ပါ” ဟု ပြောမိ၍ ၊ နောက်ဆုံးဘဝတွင် အိုထဲထည့်၍ ရေမျှောခံရခြင်းကိုလည်းကောင်း၊  သားသုံးရောက်အား အမွေခွဲဝေရာတွင်၊ ဘုရားစေတီ တည်ဆောက်စဉ်က အကူအညီ မပေးခဲ့သော သားနှစ်ယောက်မှာ  ဘယ်လိုမှ ရွှေတောင်ကြီးကို တူယူလို့မရခြင်း မှာ မှတ်သားထိုက်ပေစွ၊

 ထို့ကြောင့် လောကတွင် ကိုယ်မသိနိုင်၊နားမလည်နိုင်သော အရာများစွာရှိနေ၍၊ ကိုယ်အသိပညာဖြင့် အရာအားလုံးကို မဝေဖန်သင့်ကြောင့် ၊အပြစ်မတင်သင့်ကြောင်း သင်ခန်းစာရပေသည်။

ထို့အတူ  တွေဝေစဉ်အခါက .. ဘုရားစေတီများ၊ ဆရာသမားများ၊ ကျေးဇူးရှင်များအား ပြစ်မှားမိက ၊ သိတတ်၍ပြန်သတိရသောအချိန်တွင် ပြန်လည်တောင်းပန်သင့်ကြောင်း သိသာထင်ရှားပေသသည်။

Friday, March 22, 2013

ပစ္စည်းဥစ္စာဆိုတာ


ရှေးရှေးတုန်းက အရှင်မဟာမောဂ္ဂလာန်းလောင်းဟာ  ဗာရာဏသီပြည်မှာ  ကုဋေလေးဆယ်ကြွယ်ဝတဲ့ ဣလ္လိဿ အမည်နဲ့ သူဌေတစ်ယောက်ဖြစ်ဖူးတယ်။

အဲဒီတုန်းက ဘုရားလောင်းက ဆံပင်ဖြတ်ညှပ်ပေးတဲ့ ဆေတ္တာတစ်ယောက်ဖြစ်ခဲ့တယ်။

  အရှင်မဟာ မောဂ္ဂလာန်လောင်းက သူပိုင်ပစ္စည်းတွေကို အများနဲ့ ခွဲဝေသုံးစွဲတယ်။ အလှူမဏ္ဍပ်ဆောက်ကာ လှူဒါန်းလို့  သေသွားတဲ့အခါ တာဝတိံသာမှာ သကြားမင်းဖြစ်သတဲ့။

ဖခင်ကွယ်လွန်သွားတော့ သားလေးဣလ္လိဿတော့ ဖခင်ထားတဲ့ ပစ္စည်တွေ ကုန်မှာခန်းမှာ စိုးလို့  အလှူရက် မစားရက်နဲ့ ပစ္စည်းတွေကို တက်မက်ခါ မာန်တက်နေပါတဲ့။ သို့သော်လည်း သူနှစ်သက်တဲ့ အရက်ကို တော့ သောက်စားကာ မူးရူးနေပါတယ်။

ဖခင်ဖြစ်သူက တာတဝတိံသာနတ်ပြည်မှာ သကြားမင်းဖြစ်ရခြင်းအကြောင်းကို တွေးတော
 မိရင်း လူပြည်က သူရဲ့ အလှူပေးမဏ္ဍပ်ကို ကြည့်လိုက်ရာ.. သားဖြစ်သူက အလှူပေးမဏ္ဍပ်ကို ဖျက်ဆီး၊ အလှူခံပုဂ္ဂိုလ်တွေကို ရိုက်ပုတ်ကို နှင်ထုတ်နေတာကို မြင်လိုက်ရပါတသတဲ့။

ဒီတော့ ဖခင်သကြားမင်းက..သူရဲ့သားကို ကံ၊ ကံ၏အကျိုးပြကာ ဆုံးမလိုလို့..သူ့သားဣလ္လိသနဲ့ တပုံစံတည်း တူအောင် လူယောင်ဖန်ဆင်းကာ လူပြည်ကို ဆင်းသက်လာပါတယ်။

ခြေခွင်း၊လက်ကောက်၊ မျက်စိ စွေစောက်စောက် သားဣလ္လိဿပုံစံနဲ့ သကြာမင်းက  မင်းနန်းတော်ကိုဝင်ကာ ..." အရှင်မင်းကြီး အကျွုန်ုပ်ဟာ လူလောကကို ငြီးငွေ၍ ရသေ့ရဟန်း ပြုတော့ပါမယ် အကျွုန်ုပစ္စည်းများကို သိမ်းပိုက်၍ တောထွက်ခွင့်ပြုတော်မူပါလို့" ရိုကျိုးခယ တောင်းပန်သတဲ့။

မင်းကြီးတော့ သဘောရိုးနဲ့ " ငါမှာလည်း ပစ္စည်း ဥစ္စာများ ပေါများလွန်တယ်၊ အသင့်ပစ္စည်းများကို အလိုမရှိလို့" ဖြေတော့၊ သကြားမင်းက.. ဤပစ္စည်းတို့ကို အလှူကြီး လှူခွင့်ပြု ဟု ခွင့်တောင်းလို့  လှူခွင့်ပေးလိုက်သတဲ့။

သကြားမင်းလည်း မင်းကြီးကို ဦးချကာ ဣလ္လိဿအိမ်သို့သွားပြီး  အိမ်ရှင်မနှင့် တိုင်ပင်ကာ ရှိသမျှပစ္စည်းမှန်သမျှ လှူဒါန်းလိုက်ပါတဲ့။ အိမ်ရှင်မလည်း တခါမှ ဒီလို သူရဲ့ ခင်ပွန်း သဒ္ဓါတရား ကောင်းတာ မတွေ့ဘူး ၊မမြင်ဘူးလို့ အံသြနေပါသတဲ့။ 

အိမ်ရှင်ဇနီးခွင့်ပြုချက်အတူ ရပ်ရွာမှာ မောင်းကြေးနင်ခတ်လို့ အပြတ်လှူဒါန်းနေပါတယ်။

သားလူဆိုးကတော့  အရက်သောက်ကာ မူယစ်နေလို့ ဘာဆို ဘာမှလုံးဝမသိရှာပါဘူး။

ရွာသားတစ်ယောက်က ဣလ္လိဿရဲ့ နွားလှည်းကိုယူ  ရတနာတွေ အပြည့်တင်ကာ ယူသွားပါတယ်။  ထို့နောက် ရွာသား သွားလာလမ်းခရီမှာ  သေသောက်ကြူးအရက်သမား ဣလ္လိသနဲ့ တွေလို့ .. အလှူဒါန အဝဝကို
 ကျေးဇူးတင်ကြောင်းပြောတော့  အရက်မူးပြီး မခံမရပ်နိုင်ဖြစ်ကာ "ငါပစ္စည်းများကို ငါမပေးဘဲ ဘာလို့ယူတာလဲ" ဟုအော်ဟစ် မြည်တမ်းကာ လှည်းနွားတိုကို အတင်းလိုက်လုယူပါတဲ့ ။ 

အခင်းဖြစ်ပွားကာ ရွာသားက ရိုက်နှက်ပုတ်ခက်လို့ မြေသို့လဲကျကာ အမူးပြေသွားပါတယ်။ ထို့နောက် အခြားသော ပစ္စည်းများကိုလည်း ရွာသူရွားသားဆီးမှ လိုက်လုရာ ရိုက်နှင်းခြင်းသာ ခံရ၍ နောက်ဆုံး တရားရင်ဆိုင်ရန် မင်းကြီးထံကို လျှောက်ထားတိုင်တမ်းပါတယ်။


" အရှင် မင်းကြီး အကျွုန်ုပ်ဟာ နှမြောတွန့်တိုသူဆိုတာ မင်းကြီးသိပါတယ်။ တပည့်တော်အား မနာလိုသူ တစ်ယောက်ယောက်က အကျွုန်ုပ်ဟန်ဆောင်ကာ ပေးကမ်းလှူဒါန်းနေခြင်း ဖြစ်ပါတယ် ထိုသူအား နန်းတွင်းသို့ ခေါ်ယူ စစ်ဆေးတော်မူပါလို့  လျှောက်ထားတော့ မင်းကြီးလည်း လှူဒါန်းနေသူ သကြာမင်းကို ခေါ်လိုက်ပါတယ်။

ခွဲခြားမရသော ဣလ္လိဿနှစ်ယောက်

နှစ်ယောက်အတူ ယှဉ်ပြိုင်တွေ့တော့ မင်းနှင့်မူးမတ်တို့ ဘယ်ဟာ ဣလ္လိဿဆိုတာ မခွဲခြားတတ်ဘူတဲ့
ရှင်မဟာမောဂ္ဂလာန်လောင်းကတော့ မင်းနှင့်မူမတ်နားကို ကပ်နေ၍ သားဣလ္လိဿပဲ တစ်ဦးတည်း  ကိုးကွယ်ရာမဲ့ဖြစ်နေပါတယ်။

ထို့နောက် အရက်သမားက အကြံရ၍ မင်းကြီးအား " အကျွှုန်ုသာ ဣလ္လိဿအစစ်ဖြစ်ပါတယ်။  ကျွန်ုပ်ခေါင်းမှာ ထူးခြားတဲ့ မှဲ့တစ်လုံးရှိပါတယ်။ ဤအချက်ကို အကျွုန်ုပ်အား
 ခေါင်းရိတ်ပေး နေတဲ့ ခေါင်းရိတ်သမား
 ဆတ္တာသည် တစ်ယောက်ပဲ သိပါတယ်။ သူအား ခေါ်၍ အစစ် ၊ အတု ခွဲခြားတော် မူပါလို့ လျှောက်ထားသတဲ့။

ဆတ္တာသည်က ခေါင်းကို စမ်းကာ ခွဲခြားပါသော်လည်း နှစ်ယောက်လုံးမှာ မှဲ့ပါနေ၍ အစစ်၊အတု မခွဲခြားနိုင်ကြောင်း မင်းကြီးကို လျှောက်ထားပါတယ်။ဒီတော့  သားဖြစ်သူကိုယ်ကွယ်ရာမရ   ဆောက်တည်ရာမရ
ပျက်စီးဆုံးရူံးရမည်ကို ကြောက်လန့်ကာ  မင်းရင်ပြင်မှာ မေ့မြောသွားပါတယ်။

သကြားမင်းက ရှင်းလင်းပြ

ထို့နောက် သကြားမင်းက ကိုယ်ထင်ပြလို့ သားတော်မောင်းကို ရွှေစင်ပျက်ဖန်းကာ သတိရစေ၍ ဤအရက်သမားသာလျှင် ဣလ္လိဿ အစစ်ဖြစ်ကြောင်းနဲ့ သူဟာ ဣလ္လိဿယောင် ဖန်းဆင်းတဲ့ သကြားမင်းဖြစ်ကြောင်းပြောပါတယ်။

သူဒီလို သကြားမင်းဖြစ်ရခြင်းကလည်း လူဘဝတုန်းက အလှူဒါန ပြုလုပ်ခဲ့လို့ဖြစ်ပြီး ။  သူ့သား မလှူရက် မတန်းရက် ဖြစ်နေကိုဆုံးမ လိုလို့ ယခုလို ဖန်းတီးရတာ
 ဖြစ်ကြောင်းပြောဆို ဆုံးမပါတယ်။ သူသားကိုလည်း ပကတိမူလအတိုင်း အလှူမဏ္ဍပ် ပြန်ဆောက်ဖို့နဲ့  အလှူဒါနများ ပြန်လုပ်ဖို့ တိုက်တွန်းပြီး  အကယ်၍ မလုပ်ဘူးဆိုက ပစ္စည်းဥစ္စာများ ပျောက်ကွယ်သွားပြီး  ဝရဇိန်လက်နက်ဖြင့် ခေါင်းခွဲခြင်းကို ခံရမယ်လို့ ခြိမ်းခြောက် ပါသတဲ့။

အရက်သမားဣလ္လိဿလည်း သတိသံဝေရတော်မူကာ ဒါန၊သီလများ ပြုလုပ်၍  စုတေတဲ့အခါ နတ်ပြည် သို့ရောက်ရပါတယ်။

**************************မစ္ဆရိယကောသိယ၊အတိတ်ဝတ္ထု


အများပိုင် ပြည်သူပိုင် ပစ္စည်းဥစ္စာများကို အများနဲ့ ခွဲဝေသုံးစွဲခြင်းဖြင့်
မြင့်သထက်မြင့်သောဘဝများကို ပိုင်ဆိုင်ကြစို့

Wednesday, March 20, 2013

သောရေယျ ( ယောက်ျား၊မိန်းမတစ်ဘဝတည်းမှာဖြစ်ရ)

ရှေးရှေးတုန်းက သာဝတ္ထိပြည်မှာ သောရေယျဆိုတဲ့ သူဌေးသား တစ်ယောက်ရှိခဲ့တယ်။  ပစ္စည်းဥစ္စာ ကြွယ်ဝပြီး သူငယ်ချင်းများနဲ့ စိတ်ထင်တိုင်းကြဲကြတဲ့ ၊ လူငယ်များပေါ့။

တစ်နေ့တော့ သူငယ်ချင်းများနဲ့ လှည်းယာဉ်ကို စီးကာ မြစ်ဆိပ်ကို ရေချိုးဆင်းတယ်။ ထိုအခိုက် မြိုးထဲသို့ ဆွမ်းခံကြွရန်အတွက် ရေချိုးနေသော အရှင်မဟာကစ္စည်းမထေရ်နဲ့ မြစ်ဆိပ်မှာ ဆုံတွေ့ကြပါသတဲ့။

အရှင်မဟာကစ္စည်းဟာ ရှေးဘဝက  အရှင်မဟာကဿပဘုရားရှင်ရဲ့ စေတီတော်မှာ ရွှေသင်္ကန်းလှူဒါန်းခဲ့ လို့ ရုပ်ရေအဆင်းဟာ ရွှေလိုဝါဝင်းလို့နေပါသတဲ့။

ဒီလို့လှပတင့်တယ်တဲ့ မထေရ်ကိုမြင်တော့ သောရေယျ သူဌေးသား စိတ်ဖောက်ပြားကာ " ဤရွှေလို ဝါဝင်း လှပတဲ့ မထေရ် ငါရဲ့ဇနီးဖြစ်ရင်ကောင်းမှာပဲ၊ ငါ့မယားဟာ ဤမထေရ်လို အသားအရေ ဝင်းဝါအီညက်နေ ရင်ကောင်းမှာပဲလို့"  စိတ်ထဲက ပြစ်မှားလိုက်သတဲ့။

သောရေယျတစ်ယောက် ရဟန္တာကို ပြစ်မှာလျှင် ပြစ်မှားခြင်း တစ်ကိုယ်လုံး ယားယံလာပြီး ရင်သား အစုံ ပေါ်ထွက်ကာ  ပုရိသအသွင်ပျောက် ဣတ္ထိယအသွင်သို့ ချက်ချင်းရောက်သွားတယ်။

ထို့နောက် သောရေယျဟာ သူ့ရဲ့ သူတော်စင်အပေါ် ပြစ်မှားမိတဲ့ ဖြစ်ရပ်၊ မိန်းမအသွင် ပြောင်းသွားရတဲ့ ဖြစ်ထွေ  ကို သူငယ်ချင်းများအား ပြောပြရမှာ ရှက်လို့ ချုံကွယ်ကာ ပုံးအောင်းနေလိုက်တယ်။ "သူ့ရဲ့ မိန်းမနဲ့သား နှစ်ယောက် သူဒီလို မိန်မဘဝ ပြောင်းသွားတာကို သိခဲ့လျှင်.. သောရေယျ မြို့သူ မြို့သားများ သူ့အဖြစ်အပျက်ကို သိခဲ့လျှင် အားလုံး  ထူးထူးဆန်းဆန်းဖြစ်၍ ငါ့ကို လာကြည့်ကြမည်.. ရှက်ဖွယ်တကား" ဟု တွေးကာ သောရေယျ တစ်မြို့တစ်ရွာမှာ ဇာတ်မြုပ်နေလိုစိတ်ဖြစ်လာတယ်။

တက္ကသိုလ်ပြည်ကိုရောက် သောရေယျ
သောရေယျ တစ်ယောက် မိန်မအသွင် ပြောင်းပြီး မိန်းမစိတ်ပေါက်လာသဖြင့် မိန်းမ အဝတ်အစားများ ဝတ်ကာ တက္ကသိုလ်ပြည်သို့ ခရီးဆက်ခဲ့တယ်။ ရွာသူ/ရွားများလည်း မိန်းအသွင်ဖြစ်နေသော သောရေယျကို ဘယ်သူမှ မမှတ်မိတော့။ ရေချိုးဆင်းသော သူငယ်ချင်းများလည်း ပျောက်သွားသော သောရေယျ ရှာမရတဲ့ နောက်ဆုံး ရေနှစ်သေပြီဟု  တစ်ထစ်ချမှတ်ကာ မြို့ကို ပြန်လာ၍ သေသူအတွက် အလှူဒါနပြု လုပ်ကာ အမျှဝေးလိုက်ကြတယ်။

သူဌေးမယား သောရေယျ

သူရေယျ တစ်ယောက်  လမ်းခရီးတစ်ယောက်မှာ  လမ်းလျှောက်ရင်း ခရီးပြင်းလို့ ခြေများ ကွဲအပ်ကာ ခရီးသွား လှည်သမားများကို သူပါလာသော လက်စွပ်ကိုပေးကာ လှည်စီး၍ တက္ကသိုလ်ပြည်ကို လိုက်သွားခဲ့တယ်။ လမ်းခရီး တစ်လျှောက်မှာ သောရေယျရဲ့ အလှအပကို မြင်တဲ့ လှည်သမားများက သူတို့ရဲ့ သူဌေးသားကို ဒီကလေးမ ပေးစားရင် ကောင်းလေစွလို့ တွေးကာ တက္ကသိုလ်ပြည်ရောက်လျှင် သူဌေးသားနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ နှစ်ဦးသားလည်း မြင်မြင်ခြင်း ချစ်ကြိုက်သွားပြီး  သူဌေးမယား ဘဝဖြင့် သားနှစ်ယောက်မွေးဖွားခဲ့တယ်။

သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံတွေ့

တစ်နေ့မှာ တက္ကသိုလ်ကို ကုန်ရောင်း/ဝယ်လာတဲ့ သူငယ်ချင်းဟောင်းများ အမှတ်မထင် လမ်းမပေါ်မှာ တွေ့လိုက်တယ်။ သောရေယျက  သူငယ်ချင်းဟောင်းများကို သတိရ၊အမှတ်ရပြီး သူ့ရဲ့ အစေ အပါး များကို သောရေယျမြို့သား မိတ်ဆွေဟောင်းများကို အိမ်မှာ ခေါ်ကာ သေချာပြုစု စောင့်ရှောက် လုပ်ကြွေးတယ်။ သာရေယျ မြို့သားများ .. လူစိမ်းတစ်ယောက် မသိ၊ မမြင်ဘူးပါပဲ ယခုလို ဧည့်ဝတ်ကျေကာ ပြုစုစောင့်ရှောက် လုပ်ကြွေးတာကို အံသြလို့ ဖွင့်ဟကာ... သူဌေးမ.. ကျနော်တို့အား .. အရင်က မသိကြွမ်းဘူးပါပဲ .. ဘာကြောင့် ဧည့်ဝတ် ကျေပွန်ရသလဲလို့" မေးသတဲ့။

ဒီအခါမှာတော့ သူရဲ့ ဘဝဖြစ်စဉ် အရှင်မဟာကစ္စည်းကို ပြစ်မှားမိလို့  မိန်းမဖြစ်သွားရတဲ့ ဇာတ်လမ်းစုံကို ရှင်းပြတယ်။ ဒီနောက်မှာတော့ သူငယ်ချင်းများ မူလက သောရေယျသူဌေးသားရုပ်ကို ဖမ်းမိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်၍ ငိုကြတယ်။

ရှင်မဟာ ကစ္စည်းထံ ဝန်ချတောင်းပန်
သူငယ်ချင်းများ တိုင်ပင်ကြပြီး ပြစ်မှားခဲ့တဲ့ အရှင်မဟာကစ္စည်းထံသွားကာ ပြစ်မှားမိတဲ့ အပြစ်များကို  ခွင့်လွှတ်ရန် တောင်းပန်တဲ့ အခါမှာတော့ အရှင်းမဟာကစ္စည်းက ကြည်ကြည်ဖြုဖြူ ခွင့်လွှတ်လို့  သောရေယျ မိန်းမဘဝမှ ယောကျာ်ဘဝ ပြန်ဖြစ်ရပြန်တယ်။

လင်နှင့်သားနှစ်ယောက်ကို ခွဲခွာ
ယောကျာ်းပြန်ဖြစ်သွားတဲ့ သောရေယျ  တက္ကသိုလ်ပြည်က လင်ဟောင်းနဲ့ သားသမီးများနဲ့ ပြန်လည် ဆုံတွေ့တဲ့ အခါ လင်ဟောင်းက ဤအိမ်မှာပဲ သားများနဲ့အတူ မိတ်ဆွေတွေလို အတူနေကြတာပေါ့လို့ တောင်းပန်တယ်။ သို့သော်လည်း  တစ်ဘဝတည်းမှာပင် မိန်းမဖြစ်ရ၊ ယောက်ျားဖြစ်ရသော သောရေယျ ဘဝနာလို့ အရှင်မဟာ ကစ္စည်းထံမှာ ရဟန်းပြုခွင့်တောင်းကာ ရဟန်းပြုလိုက်တယ်။

ရဟန်းဘဝ သောရေယျ
ရဟန်းဘဝမှာလည်း မိတ်ဆွေးရဟန်းများက ..." သောရေယျ .. ယောက်ျားဘဝရခဲ့တဲ့ ကလေးများနဲ့ မိန်းမဘဝက ရခဲ့တဲ့ ကလေးများကို ဘယ်ကလေးကို ပိုချစ်သလဲလို့" မေးတဲ့အခါ.. မိန်းမဘဝက ရခဲ့တဲ့ ကလေးကို ပိုချစ်ကြောင်း ဖြေသတဲ့။

ရဟန္တာဘဝ သောရေယျ
ဒီလို မိတ်ဆွေရဟန်းများရဲ့ ဟိုမေးဒီမေးကို  တဖြည်ဖြည်း ရှက်စိတ်ဝင်ကာ ပရိတ်သတ်ကာ ရှောင်ရှားလျှက် တစ်ယောက်တည်း တရားအားထုတ်တာ ရဟန္တာဖြစ်သွားတယ်။ အဲဒီနောက်မှာတေ့ သူငယ်ချင်း ရဟန်းများမေးတဲ့ ' ဘယ်သားအား ပိုချစ်ပါသလဲ"လို့ မေးတဲ့ မေခွန်းကို    "ယခု ငါ့အား  အရာဝတ္ထုအားလုံး အပေါ်မှာ ခုံမင်နှစ်သက်မှု မရှိတော့လို့ ဖြေသတဲ့။
ဒီလိုဖြေတော့ ရဟန်းများက သောရေယျ မုသာဝါဒ ပြောတယ်ဆိုကာ မြန်စွာဘုရားထံလျှောက်ထားတယ်။
 မြတ်စွာဘုရားက .. စွဲလမ်းခုံမင်မှု မရှိတော့တဲ့ သောရေယျဟာ အမှန်ကိုသာ ဆိုခြင်းဖြစ်တယ် ချစ်သားတို့ဟု ဆိုကာ...

လောက၌ ပျော်ရွှင်ခြင်းကို...
အမေကလည်း မပေးနိုင်
အဖေကလည်း မပေးနိုင်
ဆွေးမျိုးသားချင်းများကလည်း မပေးနိုင်..။
ကောင်းစွာ ဆောက်တည် တည်ကြည်သော စိတ်ကသာလျှင်
ပျော်ရွှင်မှု အစစ်မှန်ကို ပေးနိုင်တယ်လို့ မိန့်ကြားတော်မူပါတယ်။
ဓမ္မပဒ၊ သောရေယျဝတ္ထု

***********************************

ဒါကြောင့် ပျော်ရွှင်မှုကို အပြင်မှာ ရှာရှာရင်း ဘဝတွေ၊ ပစ္စည်းတွေ၊ အချိန်တွေ.. ကုန်းခန်းသွားကြတဲ့ မိတ်ဆွေများလည်း နောက်ဆုံးတော့  ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ .. ကိုယ်တွင်းက တည်ကြည်တဲ့ စိတ်ပါဟု.. ပြောချင်တယ်။

Tuesday, June 5, 2012

အရှင်သီဝလိ ရဟန္တာမထေရ် ( ၂)

ရှင်သီဝလိ ရဟန္တာမထေရ် အဆက်....

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-
(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပ၀ါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော   ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်၍   နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတတ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

အလှူ ၂-ခု ဆုံနေခြင်း

ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍   နေအိမ်သို့ အလှူခံကြွရောက်ပါရန်လည်းပင့်လျှောက်လေ၏။       မြတ်စွာဘုရားက သုပ္ပ၀ါသာ မင်းသမီး   ၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပ၀ါသာ မင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့် ထားပြီးဖြစ်၍  ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစာ     ပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-

အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရ  ရွေ့ပးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-

ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွေ့ပးလိုက်လေသည်။

 မေတ္တာဓာတ်ကြောင့် ဖွားမြင်

အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက သုပ္ပ၀ါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပ၀ါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အ၀ဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင် ကျန်ရစ်သော သုပ္ပ၀ါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။ သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့ အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက တွေ့မြင်လိုက်ရသော အခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏ အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။
သီဝလိ=သောကအပူကို ငြိမ်းအေးစေးသူ (၀ါ) မောင်ငြိမ်းချမ်း။

 မွေးဖွားစသူငယ် စကားပြောခြင်း

သုပ္ပ၀ါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပ၀ါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။ (အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပ၀ါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပ၀ါသာမင်းသမီးက -မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

 သီဝလိ သင်္ကန်းဝတ်

အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။ ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။


 ပထမဆံဝန်းအချတွင် သောတာပန်၊
ဒုတိယဆံဝန်းအချတွင် သကဒါဂါမ်၊
တတိယဆံဝန်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီဝလိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။ ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

ဘုန်းကံကို စုံစမ်းခြင်း
ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲ အံ့ထင်သော   မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိကိုယ်တော်လည်း   နောက်တော်မှ ပါလာ၏။ ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိ    နောက်သို့ သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ်   ပေးလှူကြလေသည်။ ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။

 မာဂဓီ-သာစည်

Monday, June 4, 2012

အရှင်သီဝလီ ရဟန္တာမထေရ်



ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။


ရှင်သီဝလိ  ကိုယ်ရေးရာဇဝင်အကျဉ်း

 ဖွားရာဒေသ= ကုဏ္ဍိကာမြို့
 ရှင်သီဝလိ၏ မျိုးရိုး =ကောလိယမင်းမျိုး
ငယ်နာမည် - သီဝလိ -( မောင်ငြိမ်းချမ်း)
ဖခင်အမည် =ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာဆို
ပဋိသန္ဓေ = (၇) နှစ်ကြာပဋိသန္ဓေနေရ။
 အကြောင်းကား… မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်။

အံ့ဖွယ်ဖြစ်ရပ်များ


ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ   နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပ၀ါသာမင်းသမီး၏ ဘုန်းကံကို စမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။

သုပ္ပ၀ါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။


ရှေးက တောင်းခဲ့သော ဆု

ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

ရှေးက ပြုခဲ့သော ကုသိုလ်

ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသား တဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။   ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့်   တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ ဈေးနှုန်းမြင့်တက်သွားလေသည်။

ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ၀ိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။


 ရှေးက ကျူးလွန်ခဲ့သော အပြစ်

ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

 ဆက်ရန် (၂)
မာဓဓိ -သာစည်၏ အရှင်သီဝလိအကြောင်းကို အခြေခံတင်ပြသည်။

Wednesday, May 30, 2012

အရှင်ဥပဂုတ္တ ဘယ်ကစ?


 2001 နှစ်မြတ်မဂ်လာပါ “အရှင်ဥပဂုတ္တ ရဟန္တာရုပ်တု”အကြောင်းသည် ပြည့်ပြည့်စုံစုံဖြစ်၍ မူရင်းအတိုင်း  ပြန်လည်တင်ပြပါသည်။


မြန်မာဗုဒ္ဓဘာသာ အိမ်တိုင်းမှာလိုလို  မြတ်စွာဘုရား လက်ဝဲဖက်မှာ အရှင်ဥပဂုတ္တ၊ လက်ယာဖက်မှာ အရှင် သီဝလိ မထေရ်ကို မြတ်စွာဘုရားနှင့်အတူ ကိုယ်ကွယ်တတ်ကြပါသည်။


အရှင်ဥပဂုတ္တ ရုပ်ထုပုံ အစဉ်အလာ

ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက် နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက် ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုး တင်ပလ္လင်ခွေ ထိုင်နေပုံကို ထုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

အရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ် ဘယ်ကစ?

မြန်မာ ဗုဒ္ဓဘာသာဝင်များသည် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု ယုံကြည်ကြပါသည်။ ဤရှင်လေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်တို့တွင် ပါရှိခြင်းမဟုတ်ပေ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ် ယုံကြည်မှုဖြစ်ကာ လူအများပင် ယုံကြည်ကိုးကွယ်ကြသည်မှာ အထင်အရှားပင်။

သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့ပါသည်။ ရှင်ဥပဂုတ်ကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်း မှတ်သားမိပါသည်။

မဟာယာနကျမ်းတို့တွင်လာသော အရှင်ဥပဂုတ္တ
ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍ တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည် ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းက လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ်လွန်လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည်တို့ဖြင့် သင်္ဂြိုဟ်ကြ၏။

ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့် သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။ အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။



 ထေရ၀ါဒကျမ်းလာ   အရှင်ဥပဂုတ္တ

(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု ပါရှိပါသည်။

( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။

(ဂ) လောကပညတ္တိကျမ်းလာ အရှင်ဥပဂုတ္တ

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။

မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။

သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီးလျက် မာရ်နတ်မင်းအားလည်း ဆုံးမတော်မူ၏-ဟု တွေ့ရှိရပါသည်။

ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရ ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ ဖြစ်ကြောင်းကို သိရှိရပါသည်။

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
အရှင်ဥပဂုတ္တ ရေလည်၌ စံတော်မူပုံ

ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌ အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်းလေးထောင် တို့ကို အနုမောဒနာပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊ မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရာ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှင်ဥပဂုတ္တထေရ် စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးချေသည်-ဟူ၍ ဖော်ပြထားပါသည်။

အထက်ဖော်ပြခဲ့သည့် အထောက်အထား အကြောင်းအရာများအရ ရှင်ဥပဂုတ္တမထေရ်မြတ်ကို လူအများ ယုံကြည်ကိုးကွယ်ပူဇော်ကြသည်-ဟု ယူဆမိပါသည်။

ရှင်ဥပဂုတ္တ စသော ရှင်လေးပါး ပူဇော်ကန်တော့သည့် ဂါထာ-
ဒိန္နေ ဒိန္နေ နမာမဟံ ၊ ဥပဂုတ္တ မဟာထေရံ ။
မာရဗန္ဓန နိတေဇံ ၊ သက္ကောသရ သာရဒတ္တံ ။

မေဓရော စ မဟာထေရံ ၊ သောဏောဌာနံ အာဂစ္ဆတု ။
သဗ္ဗန္တရာယော ၀ိဓမိတွာန ၊ သုခံဒေတု ပုနပ္ပုနံ ။

( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )

ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး)
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။

Monday, April 23, 2012

သူလို.. ရဟန်း


“ချစ်သားတို့….ဝေဖန်ရေးသမားတို့သည် ဘုရား၊တရား၊သံဃာတို့အား ဝေဖန်ကဲ့ရဲ့ ကျေးဇူးမဲ့စကားကို ပြောဆို ကြလိမ့်မည်”။ “ချစ်သားတို့… ရတနာသုံးပါးကို ကျေးဇူးမဲ့ ကဲ့ရဲ့တတ်သော ဝေဖန်ရေးသမားတို့ကို နှလုံးမသာ ၊  မဖြစ်ကြလေနှင့်၊ မိမိစိတ်ထဲမှာလည်း စွဲ၍ ဒေါသမဖြစ်ကြလေနှင့်”
ဗုဒ္ဓ၊ဗြဟ္မဇာလသုတ်

လောက၌ ဝေဖန်ရေးသမားတို့သည် အခြေအမြစ် အတိအကျ မသိဘဲ မြင်ကာ၊  ကြားကာမျှဖြင့်   ပြစ်တင်ဝေဖန် တတ်ကြလေ၏။

တစ်ခါက ရဟန်းတော်လေးသည်  ဝေဖန်ရေးသမားတို့၏ ကဲ့ရဲ့ပြစ်တင် ရှုတ်ချမှုကြောင့် သောကဖြစ်ကာ ဆွမ်းကောင်းကောင်း မဘုဉ်ပေးနိုင်တော့ပဲ တစ်နေ့တစ်ခြား ပိန်လာ၏။ ခန္ဓာကိုယ်မှလည်း အသားအရေးတို့ ခန်းခြောက်ကာ အရိုးပြိုင်ပြိုင်ထလာ၏။ သို့သော်လည်း ပုထုဇဉ်ရဟန်းတို့ရဲ့ ကဲ့ရဲ့သံကမစဲ.. ပြစ်တင်သံ၊ ရှုတ်ချသံများကာ ပို၍ ပို၍ ကျယ်လောင်လာ၏။      “ အရှင်ဘုရား…. ဒကာ၊ဒကာမများ သာသနာကြည်ညိုလို့ သဒ္ဓါတရားတရားနဲ့ လှူတဲ့ပစ္စည်းကို ဘာလို့အလွဲ သုံးစားလုပ်တာလဲ၊ သာသနာနဲ့စပ်တဲ့ပစ္စည်း အရပ်းထဲမှာ မသုံးကောင်းဘူးဆိုတာ အရှင်ဘုရား မသိဘူးလား။ အရှင်ဘုရားက.. ဒကာ၊ဒကာမတွေရဲ့ သဒ္ဓါတရားကိုသာမက သာသနာတော် တစ်ခုလုံးကို အထင်းသေး အောင်လုပ်နေတာပဲ” စသည်ဖြင့်.. ကိုယ်ထိလက်ရောက် လက်ညှိုထိုး၍ ဆိုပြောသူများလည်းရှိ၏။ 

  ရဟန်းတော်လေးသည် ကဲ့ရဲ့သံကို မခံနိုင်တဲ့ အဆုံးမှာတော့ ရှက်လွန်း၍ ပရိတ်သတ်ထဲ အသွားအလာ မလုပ်တော့ပဲ ခေါင်းငိုက်စိုက်လျှင် လူသူမသိအောင်  ပုံကွယ်နေတော့၏။

ပုထုဇဉ် ရဟန်းတို့၏ ကဲ့ရဲ့ပြစ်တင်သံသည် အချင်းချင်းပြောရုံ ၊ ရဟန်းတော်လေးကို မျက်နှာချင်းဆိုင်း ပြစ်တင်ရုံနဲ့ မကျေနပ်နိုင်ပဲ မြတ်စွာဘုရားထံ ရဟန်းတော်လေးအကြောင်းကို အခြေအဖြစ်အတိအကျ မသိပဲ လျှောက်ထားကြလေ၏။  ဤတွင်မြတ်စွာဘုရားလည်း မနေသာတော့ပဲ ရဟန်းတော်များ စည်းဝေးစေ၍ အဖြစ်မှန်ကို သိသော်လည်း ပုထုဇဉ်ရဟန်းတော်များ  သံသယကင်းစိမ့်သောငှာ ရဟန်းတော်လေးရဲ့ ဖြစ်ရပ်မှန်ကို ရဟန်းပရိတ်သတ် အလည်တွင် မေးမြန်းရလေတော့သည်။

ငါ့ရှင်… သင်သည် သဒ္ဓါ၍  ဒကာ၊ဒကာမများ လှူသောပစ္စည်းကို လူတို့အား ပေးကမ်း ကျွေးမွေးတယ် ဆိုတာ မှန်ရဲ့လား” ဟု မေတော်မူ၏။ 

“မှန်ပါ့.. မြတ်စွာဘုရား” 

“ကောင်းပြီး.ဒါဆို ဘယ်လိုပုဂ္ဂိုလ်တွေကို ကျွေးမွေး ထောက်ပံတာလဲ”ဟုမြတ်စွာဘုရားက ထပ်မံ မေးတော်မူ၏။ 

ဤတွင် ရဟနုးတော်လေးက.. မိမိဘဝဖြစ်ရပ်မှန်ကို ရဟန်းပရိတ်သတ်အလယ်မှာ. .ထင်ရှားအောင်   မြတ်စွားဘုရား  လျှောက်ထားတော်မူလေ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွားဘုရား..တပည့်တော်သည် သာဝတ္ထိပြည် ၁၈-ကုဋေကြွယ်သော သူဋ္ဌေးမျိုး၏ တစ်ဦးတည်းသော သားဖြစ်ပါသည်။ တနေ့သောအခါ တပည့်တော်ရဲ့အိမ် လေသာပြတင်းမှ လမ်းမကို လှမ်းကြည်နေစဉ် ပန်းနံ့သာ လက်ဝယ်ကိုင်၍  တရားနာရန် ဇေတဝန်ကျောင်းတော်သို့ သွားနေသော လူများကို မြင်တွေ့ရလို့ တပည့်တော်လည်း ပန်းနံ့သာကို ကိုင်ဆောင်ကာ ပရိတ်သတ်များနှင့်အတူ ဇေတဝန် ကျောင်းတော်သို့ တရားနာ လိုက်လာခဲ့ရပါသည်ဘုရား။ မူလ တရားနာလာရင်းက ဘာရည်ရွယ်ချက်မှမရှိ ..လမ်းပေါ်မှ တရားနာသွားသော ပရိတ်သတ်များကို သဘောကျလို့ လိုက်ပါလာရခြင်းပါ။ 

ဤတရားပွဲတွင် မြတ်စွဘုရားသည် လောက လူဘုံ ကာမဂုဏ်တို့ရဲ့ အပြစ်နဲ့ ရဟန်းဘဝရဲ့ ကောင်းကျိုး ချမ်းသာကို ဟောတော်မူပါသည်။ 

( ဃရာဝါသော သမ္ဗာဓော - အိမ်ရာတည်ထောင် လူတို့ဘောင်သည် အတောင်နှစ်ဆယ် ကျယ်ဝန်းသော တိုက်တာကြီး၊ ဇိမ်ခံစရာ အဖြာဖြာနဲ့ ပြည့်စုံအောင် ပိုင်ဆိုင်ကာ နေထိုင်ရသော်ငြားလည်း ထိုပစ္စည်းမျာကို ထိမ်းသိမ်းစောင့်ရှောက်ကာ ပူပင်ရသောကြောင့် ကျဉ်းမြောင်း၏၊ ကိစ္စဝိစ္စများဖြင့် ရှုပ်ထွေးလှ၏။
အဗ္ဗောကာသော ပဗဇ္ဖာ - အိမ်ယာမထောင် ရဟန်းဘောင်သည် သားရေးသမီးရေးနှင့် လောကရေးရာ အဖြာဖြာမှ ကင်းဝေးသောကြောင့် ဆယ်ပေပတ်လည် တိုက်ခမ်းလယ်မှာ နေရသော်လည်း အလွန်ကျယ် ပြော လှသည့် လွင်တီးခေါင် - ကွင်ပြင်ကြီးနှင့်တူ၏။ အလွန်လတ်လပ်မှုရှိ၏။ )
ဗုဒ္ဓ၊ သာမညဖလသုတ်


ဤတရားတော်ကို နားကြားရပြီးနောက် တရားပွဲပြီးပြီးချင်း ပရိတ်သတ်တွေ အပြန်မှာ တပည့်တော် တစ်ယောက်တည်း လွတ်လပ်တဲ့ ရဟန်းဘဝကို ရချင်လွန်းလို့ မြတ်စွာဘုရားထံ ရဟန်းဝတ်ခွင့်တောင်း ခဲ့ပါသည်။ မြတ်စွာဘုရားက မိဘတို့ခွင့်မပြုသော သား၊သမီးကို ရဟန်းဝတ်ခွင့်မပြုဟု မိန့်တော်မူသောကြောင့် တပည့်တော် မိဘများထံ ရဟန်ဝတ်ခွင့်ကို တောင်းရပါတော့သည်။

တပည့်တော်သည် ဒီရဟန်းဘဝကို လွယ်လွယ်နှင့် ရခဲ့ခြင်းမဟုတ်ပါ။  ဦးစွာပထမ ..မိဘတွေက သူတို့ကို စွန့်ခွာသွားမယ့်အရေးတွေကား အလွန်းအမင်းကန့်ကွက်ကြပါသည်။ တပည့်တော် သူတို့ကို ခွဲခွာပြီး ရဟန်းသွားမယ့်အရေးသည် အသဲကွဲမတတ်..မျက်ရည် ပင်လယ်ဝေခဲ့ကြပါသည်။
“ ဩော်.. ချစ်လှစွာသော..သား၊ အမျိုးရဲ့ အားကိုးရာဖြစ်သော..သား၊ ငါ့သားမရှိလျှင်.. ငါတို့မနေတတ်ပြီ၊ ငါ့သား မရှိရင်..ငါတို့သေရတော့မည်၊ ငါတို့လည်း အသက်ကြီးကုန်ပြီး ငါတို့ကို ခွဲမသွားပါနဲ့ …။ ချစ်သား.. ရဟန်းဘဝဆိုတာ ..အပူလိုသော်.. အအေးကိုရတတ်တယ်၊ အအေးလိုသော်.. အအေးကိုရတတ်တယ်။ မပြည့်စုံတဲ့.. ရဟန်းဘဝကို ငါတို့ကို စွန့်ခွာပြီး မသွားပါနဲ့လားသားရယ်” ..စသည်ဖြင့် အကြမ်းနည်း အနုနည်း နည်းမျိုးစုံဖြင့် တာမြစ်ကြပါသည်။


ထိုကဲ့သို့ အမျိုးမျိုးသော မိဘတွေရဲ့ တာမြစ်ချက်ကို ကျော်လွန်ကာ.. ရဟန်းဘဝ ရရှိရေး ၇-ရက် အစာငတ်ခံ ဆန္ဒပြတော့ မိဘတွေ စဉ်စားလာပါသည်. “တကယ်လို့.. သားလေးကို ရဟန်းဝတ်ခွင့် မပေးရင် .. ယခုပင် အစာငတ်လို့ သေရတော့မည်၊ ငါတို့သာလေးကို လုံးဝတွေ့ရတော့မည်မဟုတ်။ ရဟန်းဝတ်ခွင့် ပေးလိုက်လျှင်ကား ရဟန်းဘဝနှင့် တွေ့နိုင်သေးသည်” ဟု မိဘနှစ်ပါးတိုင်ပင်၍ တပည့်တော် ရဟန်းဘဝ ရရှိခဲ့ခြင်း ဖြစ်ပါသည်။
မိဘတွေမှ ရဟန်းဝတ်ခွင့်ပြုတယ်ဆိုရင်ပဲ.. ချက်ခြင်းပဲ အားရဝမ်းသာနဲ့ ဇေတဝန်ကျောင်းကိုရောက်ပြီး   မြတ်စွာဘုရားမှ ရဟန်းတစ်ပါးကို ခေါ်ပြီ တပည့်တော်ကို ရဟန်းပြုပေးခဲ့ပါသည်ဘုရား။
တပည့်တော် ရဟန်းတော်များ လိုက်နာကျင့်သုံးသင့်တဲ့ ဝိနည်းစသော စည်းကမ်းတွေကို ဆရားဘုန်းကြီးထံမှာ (၅) နှစ်တိုင်တိုင်သင်ကြားခဲ့ပြီး။ ဝိပဿနာတရား အားထုတ်နည်းများ သင်ကြားကာ လူသူဝေးရ တောကျောင်း သို့သွား၍ တရားအားထုတ်ခဲ့ပါသည်။

တပည့်တော် (၁၂) နှစ်တိုင်အောင် ရဟန်းတရားများကို ကြိုးစားအားထုတ်သော်လည်း မိဘများရဲ့ သံယောဇဉ် ချီးနှောင်မှုကြောင့် ဘာတရားထူးမှ မရခဲ့ပါ။  တနေ့ တပည့်တော်နေသော တောကျောင်းသို့ သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ရဟန်းတပါးကြွလာအခါ တပည့်တော်ရဲ့ မိဘများအကြောင်း စုံးစမ်းသောအခါ.. ဧည့်သည် ရဟန်းတော်လေးက
 “ ငါ့ရှင်.. ဤသူဋ္ဌေးမိသားစု အကြောင်းကာ ဝမ်းနည်းဖွယ်ကောင်းလေစွ၊ သူတို့ သားလေး သာသနာ့ဘောင် ရဟန်းပြုပြီးနောက် အားကိုး အားထားမရှိတော့ပဲ စီးပွားရေးသမားများရဲ့ လိမ်လည်မှု ၊ တပည့်များရဲ့ လှည့်ပတ်မှုကြောင့် အလွန်ဆင်းရဲသော ဘဝသို့ရောက်ရှိသွားပါပြီ။ စားသောက် စရာမရှိတော့တဲ့အဆုံးမှာတော့ အိမ်ကိုရောင်းလိုက်ရပြီး လမ်းဘေးမှာ ခွက်ဆွဲတောင်းစားရတဲ့ ဘဝကိုရောက် သွားပါပြီး အရှင်ဘုရား” ဟု ဧည့်သည်ရဟန်းတော်လေးရဲ့စကားကို ကြားရရင်ပဲ တပည့်တော် စိတ်မထိမ်း နိုင်တော့ပဲ ငိုကြွေရပါသည်အရှင်ဘုရား။

ဧည့်သည်ရဟန်းလေးရဲ့ စကားကိုကြားရပြီးနောက် တပည့်စဉ်းစားမိတာက.. ‘ငါသည် (၁၂) နှစ်တိုင်တိုင် တရားအာထုတ်သော်လည်း ဘာတရားထူးမှ မရ၊  ငါ့မှာတရားထူးရလာဖို့ ပါရမိမရှိ၊ ငါတောကျောင်းမှာ ဆက်လက် တရားအားထုတ်လို့တော့ ဘာတရားမှ ရတော့မည်မဟုတ်၊ သာဝတ္ထိပြည်၍ လူဝတ်လဲပြီး မိဘများကိုလုပ်ကြွေးရင်းဖြင့် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း တရားများကို ကြိုးစားအားထုတ်တော့မည်’ ဟု စဉ်းစားမိပါသည်။

နံက်မိုးသောက် အလင်းရောက်တာနဲ့ တပည့်တော် တောကျောင်းလေးမှ ထွက်ခဲ့ပြီး မွေးရပ်ဇာတိ သာဝတ္ထိသို့  ပြန်လာခဲ့သည်။ သာဝတ္ထိရဲ့ မြို့ဝင်လမ်းဆုံမှာ တပည့်တော် တုံ့ဆိုင်းသွားပါသည်။ အကြောင်းရင်းက.. မိဘတို့ ထံ ဦးစွာပထမ သွားမလား ၊ သို့မဟုတ် ဆရာ မြတ်စွာဘုရားထံ သွားရင်ကောင်းမလား စသည်ဖြင့် ဇဝေဇဝါ ဖြစ်ခဲ့ပါသေးသည်။ အဆုံးမှာတော့ .. “ငါသည်.. မိဘများကို လူထွက်လုပ်ကြွေးတော့မည်ဖြစ်လို့ ယနေ့မှစ၍ မိဘများနဲ့ တသတ်လုံးနေရတော့မည်     မြတ်စွာဘုရား ကတော့  ဒီနေ့ဟာ နောက်ဆုံး ဖူးတွေ့ခြင်းဖြစ်မည်” ဟုဆုံးဖြတ်ချက်ချကာ မြတ်စွာဘုရားကို ဖူးမျှော်ရန် ဇေတဝန်ကျောင်းတော်သို့ ရောက်လာခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ထူးခြားလှတဲ့ ညနေဆည်ဆာတရားပွဲမှာ မြတ်စွားဘုရားက “မိဘများအား လုပ်ကြွေးသော  ဂုဏ်ကျေးဇူးနှင့် ရဟန်းဘဝနှင့်ပင် မိဘများကို လုပ်ကြွေးနိုင်ကြောင်း”   ဟောကြားသောအခါ တပည့်တော် အတိုင်းမသိ ဝမ်းသာကြည်နူးမိပါသည်။ တပည့်တော် မိဘများကို ချစ်ခင်မြတ်နိုးသလို ခဲရင်းစွာ ရခဲ့သော ရဟန်းဘဝကိုလည်း မစွန့်လွှတ်ချင်ပါ။ ဒါကြောင့် မိဘများကို ရဟန်းဘဝနှင့်ပင် လုပ်ကြွေးတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါသည်။ 

နောက်နေ့  နံက်အာရုဏ်တက်လို့ အလင်းရောက်တယ်ဆိုရကင်ပဲ မြတ်စွားဘုရားအား ပူဇော်ကန်တော့ပြီး သာဝတ္ထိမြို့သို ဆွမ်းခံဝင်ခဲ့ပါသည်။ မြို့ဝင်ဝမှာ.. “ တပည့်တော် ဆွမ်းအရင်ကြွရင် ကောင်းမလာ… မိဘများထံ အရင်သွားရင်ကောင်းမလား ..” လို့တွေဝေနေတုန်းမှာပဲ.. ခိုးကိုးရာမဲ့ သူတောင်းစားးဖြစ်နေတဲ့ မိဘများထံ စာသောက်စရာ ဘာမှ မပါသွားရင် မကောင်းဟုစဉ်းစားမိကာ ဆွမ်းခံပြီးမှ မိဘများထံ သွားရောက်တွေ့ ခဲ့ပါသည်။

မိဘများ ခွက်တစ်လုံ ကိုယ်စီရှေ့မှာချကာ တောင်ဝှေး တစ်ချောင်စီဖြင့် အားကိုရာမဲ့ မိဘတွေကို လမ်းပေါ်မှာ တွေ့ရတော့ တပည့်တော်များ နှလုံးကွဲမတတ်.. ဘာစကားတစ်ခွန်းမှ ပြောမထွက်ပဲ မတုန်မလှုပ် ကျောက်ရုပ် ပမာဖြစ်သွားခဲ့ပါသည်။  တပည့်တော် သူတောင်းစားမိဘများ   ရှေ့တည့်တည့် ခြေစုံဆွမ်းရပ်တော့ သူတို့က မိမိရဲ့ သားရဟန်းအဖြစ်ကို မသိရှာပဲ အခြားရဟန်းတစ်ပါး ဆွမ်းလာရပ်သည်မှတ်၍ .. “ တပည့်တော်တို့မှာ ဘာမှ လှူစရာ..တန်းစရာမရှိ.. ကန်တော့ဆွမ်းပါ” ဟူသော စကားကို ကြားရတော့ တပည့်တော် ဝမ်းနည်မျက်ရည် နောင်တမျာက်ရည်များ စီးကျလာခဲ့ပါသည်။  

 တပည့်တော်မိုက်မဲမှုကြောင့် မိဘများ ဒီဘဝရောက်ခဲ့ရတာဆိုပြီး မဖြေဆည်းနိုင်ပါ။ တပည့်တော်ရဲ့ မျက်လုံးအစုံမှ မျက်ရည်တို့သည် မိုးရေပေါက်  ပမာ ခြေဖမိုးပေါ်သို့ စီးကျလာပါတော့သည်။  မိဘများက သုံးကြိမ်တိုင်အောင် ‘ကန်တော့ဆွမ်းပါဘုရား’ လို့ ပြောသော်လည်း တပည့်တော် မတုန်မလှုပ်   ကျောက်ရုပ်ပမာ ရပ်မြဲ ရပ်နေပါသည်။ မိမိငယ်စဉ်က ကုဋေ (၈၀) ကြွယ်ဝခဲ့သော မိဘများ ဒီလိုဖြစ်သွားရတာကို ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရတော့ တပည့်တော်ရဲ့ အကြားအာရုံ အမြင်အာရုံများ ဝေဒနာဖိစီးမှုကြောင့် ခေတ္တရပ်ဆိုင်းသွားသလို ခံစားရပါသည်။

သုံးကြိမ်တိုင်တိုင် ကန်တော့ဆွမ်းပြောသောလည်း ရပ်မြဲမြဲရပ်နေသော တပည့်တော်ကိုကြည့်ကာ.. ဖခင်ကြီးက “ ဟေ့.. အမေကြီး. ငါတို့သားရဟန်း ထင်တယ်သွား ကြည့်စမ်းပါဦး” ဆိုတော့ မိခင်ကြီး တပည့်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ သားမှန်းသိတော့ အရူးမတစ်ယောက်လို့ တပည့်တော်ရဲ့ ခြေရင်းမှာ ဝပ်စဉ်းကာ ငိုပွဲနွှဲပါ တော့သည်။ ဖခင်ကြီးလည်း တပည့်တော်ရဲ့ ခြေဖမိုးမှာ မျက်နှာအပ်ကာ မျက်ရည်များ သွင်သွင်စီးကျနေကို တပည့်တော် ခြေဖမိုးအစုံမှ သိလိုက်ရပါသည်။ သားဖသုံးယောက် ငိုကြွေးလိုက်တာ ဘယ်လောက်ကြာသွားမှန် မသိ. ခြေဖမိုးအစုံ မျက်ရည်များ အေးစက်လာမှ.. ပြန်လည်သတိဝင်ကာ မိဘများကို ဖြောင်းဖြရပါတော့သည်။  “ အို..မိခင်ဖခင်တို့ မငိုကြပါနှင့်တော့ ယနေ့မှစလို့ မိဘများနှင့်အတူနေကာ မိဘများကို လုပ်ကြွေးပါတောမယ်” ဟုဆိုကာ တနေရာမှာ ထိုင်စေကာ သပိတ်ထဲမှ   ပါလာသော ယာဂုဆွမ်းကို မိဘများအား ဦးစွာ စားသောက် စေခဲ့ပါသည်။


 ထိုနေ့မှစ၍ တပည့်တော်ရသမျှသော ဆွမ်းတို့ကို မိဘများ စားသုံးစေပြီးမှာ တပည့်တော် ဘုန်းပေးတော်မူပါသည်။ တခါတရံ သုံးယောက်စာ လုံလုံလောက်လောက် မရခဲ့လျှင် မိဘတွေကိုသာာ စားသုံစေပါသည်။ တခါတရံ သင်္ကန်းအတွက် လှူဒါန်းသော ပိတ်စများကိုလည်း သင်္ကန်းအဖြစ်ချုပ်မဝတ်ဘဲ မိဘတွေကိုသာ ဝတ်ရုံစေပါသည်။ မိဘတွေဝတ်ပြီး ဟောင်းနွမ်းသော ပိတ်များကိုသာ ဆေးဆိုး၍ သင်္ကန်း အဖြစ်ချုပ်ကာ ဝတ်ရုံခဲ့ပါသည်။ ဒါကြောင့် တပည့်တော်ရဲ့ သင်္ကန်းများလည် ဟောင်းနွမ်းနေပါသည်ဘုရား။
မြတ်စွာဘုရား..တပည့်တော် သဒ္ဓါ၍လှူဒါန်းသော ပစ္စည်များ လူတို့အား လုပ်ကျွေးည်ဆိုခြင်းမှာ မှန်ကန်ပါသည်။  လူဆိုသည်မှာ.. အခြားလူမဟုတ်ဘဲ..တပည့်ရဲ့ ကျေးဇူးရှင် မိဘများသာဖြစ်ပါသည်ဘုရား။

မြတ်စွာဘုရားသည် ရဟန်းတော်ကလေး ဖြစ်ကြောင်းစုံလင် လျှောက်ထားသံကိုကြားတော့ “ သာဓု..သာဓု.. သာဓု သုံးကြိမ်ခေါ်တော်မူပါသည်။ ကဲ့ရဲ့ရှုတ်ချ ပြစ်တင်တတ်သော ပုထုဇဉ် ရဟန်းပရိတ်သတ် အလယ်၌ မြတ်စွာဘုရားက “`ဤရဟန်းတော်လေးသည် အလွန်ချီးမွမ်းထိုက်ပေသည် ငါသည် ပါရမီဖြစ်စဉ်ကာလက သူလို့ မိဘများအား လုပ်ကျွေးခဲ့ဖူးလေးပြီ။”

ဤသို့မိန့်ကြားသောအခါ .. ရဟန်းပရိသတ်၏ တောင်းပန်းမှုကြောင့် မြတ်စွာဘုရားသည် မိဘများကို လုပ်ကျွေးသော သုဝဏ္ဏသာမဇာတ်တော်ကို ဟောတော်မူလေသည်။ ဒေသနာရဲ့ အဆုံးမှာ မိဘကို လုပ်ကြွေးသော  ရဟန်းတော်လေးသည် သစ္စာလေးပါတရားကိုသိမြင်ပြီး အသက်ထက်ဆုံး မိဘကို ပြုစုစောင့်ရှောက်တတ်သော ရဟန်းတပါးအဖြစ် သာသနာ၌ မှတ်တမ်းတင် ကျန်ရစ်လေတော့ သည်။
သုဝဏ္ဏသာမ ပစ္စုပ္ပန်ဝတ္ထု

Saturday, February 26, 2011

The Golden Plate (ကုန်သည်နှစ်ဦး)

Greed and Honesty
Once upon a time in a place called Seri, there were two salesman of posts and pans and hand- made trinkets. They agreed to divide the town between them. They also said that after one had gone through his area, It was all right for the other to try and sell where the fist had already been.

One day, while one of them was coming down a street, a poor little girl saw him and asked her grandmother to buy her a bracelet. The old grandmother replied, “ How can we poor people buy bracelets? “ The little girl said, “Since we don’t have any money, we can give sooty old plate.” The old woman agreed to try it, so she invited the dealer inside.

The salesman saw that these people were very poor and innocent, so he didn’t want to waste his time with them. Even through the old woman pleased with him, he said he had no bracelet that she could afford to buy. Then she asked, “ We have an old plate that is useless to us, can we trade it for a bracelet? The man took it and, while examining it, happened to scratch the bottom of it. To his surprise, he saw that underneath the black soot, it was a golden plate! But he didn’t let on that he had noticed it. Instead he deiced to deceive these poor people so he could get the plate for next to nothing. He said, “This is not worth even one bracelet there’s no value in this, I don’t want it!” He left, thinking he would return later when they would accept even less for the plate.

Meanwhile the other salesman, after finishing in his part of town, followed after the first as they had agreed. He ended up at the same house. Again the poor little girl begged her grandmother to trade the old plate for a bracelet. The woman saw that this was a nice tender looking merchant and thought, “ He’s a good man, not like the rough – talking first salesman.” So she invited him in and offered to tread the same black sooty old plate for one bracelet. When he examined it, he too saw that it was pure gold under the grime. He said to the old women, “All my goods and all my money together are not worth as much as this rich golden plate!”
of course the woman was chocked at this discovery, but now she knew that he was indeed a good and honest fellow So she said she would be glad to accept whatever he could trade for it. The salesman said, “ I’ll give you all my pots and pans and trinkets, plus all my money, if you will let me keep just eight coins and my balancing scale, with its cover to put the golden plate in.” They made the trade. He went down to the river, where he paid the eight coins to the ferryman to take him across.

By then the greedy salesman had returned, already adding up huge imaginary profits in his head. When we met the little girl and her grandmother again, he said he had changed his mind and was willing to offer a few cents, but not one of his bracelets, for the useless black sooty old plate. The old woman then calmly told him of the grade she had just made with the honest salesman, and said, “Sir, you lied to us.”

The greedy salesman was not ashamed of his lies, but he was saddened as he thought, I’ve lost the golden plate that must be worth a hundred h thousand.” So he asked the women, “Which way did he go?” She told him the direction. He left all his things right there at her door and ran down to the river, thinking, “He robbed me! He robbed me! He won’t make a fool out of me!”
From the riverside he saw the honest salesman still crossing over on the ferry boat. He shouted to the ferry man, “ Come back!” But the good merchant told him to keep on going to the other side, and that’s what he did.

Seeing that he could do nothing the greedy salesman exploded with rage. He jumped up and down, beating his chest. He became so filled with hatred towards the honest man, who had won the golden plate, that he made himself cough up blood. He had a heart attack and died on the spot!
The Moral is : “Honesty is the best policy.”
ကလေးများအတွက် Buddhanet မှဖော်ပြပါသည်။

Thursday, February 24, 2011

The Noble Ning ( နေမိမင်း )

This is the story of Future Buddha who was the only human being to be invited by Sekka the king of deities, and has seen lives in hell and heaven for himself.

Once upon a time there was a king in Vidhaha named King Naemiya. He was a very pious king, and ruled his people with kindness, sympathy and compassion. He would give away things in charity to needy people, and taught his people to observe morality. He was a living example to his people. His country became very peaceful and prosperous, and his fame spread to many countries, even to the heavenly kingdom of the deities.

One day Sekka was holding a meeting in his heavenly palace. At that time he saw with his divine eye that King Naemiya was upset by a problem in his mind i.e. which deed of merit, charity (Dana) or morality (Sila), gives better blessings. Sekka went to Naemiya and offered to answer his questions. King Naemiya told him about his problem. Sekka told him who he was, and answered Naemiya by his own experience.

In his previous life Sekka did offerings food (Dana) to meditating hermits for many years, and for that merit he was reborn in heaven as the king of deities. Those hermits who observed high moral codes (Sila) were reborn as Brahmas (celestial gods in higher and better realms than Sekka’s). That showed observing morality gave blessing (Kusala) better than that of charity. Naemiya was very pleased with the answer and thanked Sekka for it.

When Sekka went back to his meeting in heaven other deities asked him where he had been a while ago. Sekka told them how he went to Naemiya and solved his problem. Many deities told him that they knew Naemiya, and it was for his teachings and guidance that they had kusala to be reborn in heaven in afterlife, and that they owed him gratitude. They asked their king if he could bring King Naemiya here, as they would like to hear more of his teachings. King Sekka agreed to their request, and sent his Chief Messenger Martali to go down to the human world and invite Naemiya for a visit to heavenly kingdom. He sent along his powerful divine chariot with Martali.

When Martali told King Naemiya of Sekka’s invitation, he agreed to it. He was told that there were two ways to go to heavenly kingdom - one was by going through Niriya the kingdom of hell, and the other was a direct route up the Mount Maeru to the heavenly kingdom of deities. King Naemiya told Martali that he would like to see both places, and to take him first to Niriya and then to the heavenly kingdom. Martali took King Naemiya in the divine chariot to the kingdom of hell. Naemiya saw many creatures suffering from various punishments given by hell-jailors and hellhounds. Martali explained to him about these punishments. Those who had killed or brutalized others in their previous lives could be seen killed and brutalized repeatedly by hell-jailors and hellhounds. Those who had done harms to innocent people were seen burning alive or tortured in flames, boiling metal or chased by hellhounds. Those who committed sexual misconduct or cheatings were seen running on hot metal with flames raining down on them. These creatures, even after the release from hell, still have many bad effects to follow - to be reborn in higher realms as animals, ghosts, and human beings with various kinds of misfortunes and birth defects. These are the effects of bad karma of their sins (Akusala karma).

Then Martali took the route up the Mount Maeru to the heavenly kingdom of deities. Naemiya saw many beautiful heavenly homes of deities in six levels. He saw deities enjoying various kinds of delicious food, entertainment and luxury. He was told that all these are the result of good karma (Kusala karma) for noble deeds they have done in their previous lives. Finally Naemiya arrived at the grand palace of King Sekka where he was welcomed by the king and his deities. He was invited to sit on the divine throne of Sekka and teach the deity audience on noble ways of living. King Sekka was very pleased to hear his teachings and invited him to stay on in heaven sharing half of his kingdom. But King Naemiya replied that enjoying the result of others’ blessing is like a thing you borrow from others, and that he would rather go home and work to earn his own merits. Sekka said “Sadhu” for the noble remark and sent King Naemiya back home on his divine chariot.

People of Vidhaha were very happy to see their king came back. They asked him about his visit and what he had seen. The king told them about frightful sufferings he had seen in hell, as punishment for the evil sin (Akusala karma) from previous lives. People became so frightened to hear this. Then the king told them about life of deities in heaven enjoying the blessings of good merits (Kusala karma) for noble deeds from previous lives. People became very happy to hear this.
Finally, the king told them to practice charity and morality to get good merits in present lifetime so that they would have good karma for future lives. People said “Sadhu” to the king’s teachings and lived peacefully with charity and morality.
Years went by, and one day the king was attended by his barber who found a gray hair on the king’s head. He picked it out and showed it to the king. This reminded the king that he was getting old, and it was time for him to spend his times in prayers and meditation to get good karma. The king rewarded his barber for showing the gray hair. He then called in his son who was already trained as a crown prince, and made him new King of Vidhaha. He asked his son to rule the country well with love, sympathy and compassion to people. He became a hermit and retired to the forest in live in prayers and meditation.

Keyword.

Evil deeds are sins with evil results to follow (Akusala karma), both in this very life, and also in afterlife, in hell or as animals and ghost.
Charity and morality are noble deeds with blessings to follow (Kusala karma), either in this very life or to be reborn in heaven as deities or Brahma Gods.
A noble person is loved and respected not only by people and deities, but also by Sekka, the king of deities.

Remark:

The Future Buddha demonstrated the virtues for Perfections in Conduct, Honesty and Compassion by setting example himself and teaching the others to have good conduct, and doing deeds of charity and morality for attaining the blessing to be reborn in Favorable Realms (Sugati - i.e. Deities, Brahma Gods or human beings).

Followers

My Blog List