Showing posts with label Dhamma School. Show all posts
Showing posts with label Dhamma School. Show all posts

Sunday, October 12, 2014

BUDDHARMASI BURSARY WINNER-4


Timothy Kong
First Year
Medical Science at University of British Columbia
Buddharamsi Bursary winner- 2014
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ပထမဆုံးအကြိမ် ၊ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင် ၊  Timothy Kong မှ ရရှိပါသည်။

Timothy သည် ၂၀၁၂ တွင်  Southpointe Academy Private School မှ  အထက်တန်းပညာကိုထူးချွန်စွာအောင်မြင်သောကြောင့် ထိုကျောင်း၏ ပညာသင်ဆုကိုရရှိခဲ့သည်။

ဆယ့်နှစ်တန်းအောင်မြင်ပြီနောက် University of British Columbia Scholarships Awards ကမ်းလှမ်းမှုကို ရရှိခဲ့သည်။  ထို့ကြောင့် University of British Columbia ၌ ဆေးဖက်ဆိုင်ရာ ဘာသာရပ်များကို (၂)နှစ်တာ ပညာသင်ကြားပြီးနောက် ယခုနှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ကိုရရှိခဲ့သည်။

 Timothy သည်  ကနေဒါနိုင်ငံ ၊ဗန်ကူးဘားတွင် ၊ဦးစိန်ထွန်း+ မခင်လေးမူတို့မှ မွေးဖွားသော  သားနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။
သူသည် ကနေဒါနိုင်ငံတွင် မွေးဖွားသော်လည်း မြန်မာစကားကို ကောင်းကောင်း ပြောဆို တတ်ပြီး၊ မြန်မာဗုဒ္ဓဘာသာယဉ်ကျေးမှုးကိုလည်း တန်ဖိုးထား မြတ်နိုးသူဖြစ်သည်။

၂၀၁၄-ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာအသင်း ပညာသင်ဆုရွေးချယ်ရာတွင် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၊ ထူးချွန်သူများ ဂုဏ်ပြုရာတွင် Timothy သည် ဗုဒ္ဓရံသီပညာသင်ဆုကို ရွေးချယ်ခံရခြင်းဖြစ်သည်။

BUDDHARAMSI BURSARY WINNER-4



Sin Tun Shwe
Science( Biology) at Langara 2nd
Buddharamsi Bursary winner 2014
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ပထမဆုံးအကြိမ် ၊"ဗုဒ္ဓရံသီပညာသင်ဆု" ရွေးချယ်ရာတွင် ၊ Langara College တွင် ပညာသင်ကြားနေသော  ရွှေဇင်ထွန်းမှ ရရှိပါသည်။

သူမသည် အသက် (၅) နှစ်ခန့်အရွယ်တွင် မိဘများနှင့်အတူ ကနေဒါနိုင်ငံ ၊ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။

ကနေဒါနိုင်ငံတွင်  အထက်တန်းပညာအောင်မြင်ပြီးနောက် Langara ကောလိပ်တွင် ဇီဝဗေဒဆိုင်ရာသိပ္ပံဘာသာရပ်ကို ဆက်လက်သင်နေသူဖြစ်သည်။ ထို့နောက် University of British Columbia သို့ ဆက်လက်သင်ကြားမည်ဖြစ်သည်။

သူမသည်  ကနေဒါနိုင်ငံကို ကလေးဘဝကရောက်သော်လည်း မြန်မာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်ပြီး၊ ဗန်ကူးဘားရှိ၊ မြန်မာကွန်မြူနတီအခမ်းအနားများတွင် အခမ်းအနားမှူးအစီအစဉ် အဖြစ် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်လေ့ရှိသည်။

ထို့ပြင် မြန်မာဗုဒ္ဓဘာသာအသင်း၊ ဘာသာရေးအခမ်းအနားများတွင်လည်း ၊ စိတ်ပါဝင်စားစွာ ပါဝင်ကူညီလေ့ရှိပြီး ၊ ဗုဒ္ဓရံသီရန်ပုံငွေပွဲတော်များတွင်းလည်း အမြဲတမ်းလိုလို ပါဝင်ကူညီ ဆောင်ရွက်လေ့ရှိသည်။

ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ဗုဒ္ဓရံသီ ပညာသင်ဆုကို မရွှေစင်ထွန်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြု၍ ချီးမြှင်းလိုက်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း၊
ဗုဒ္ဓရံသီပညာသင်ဆုရွေးချယ်ရေးအဖွဲ့ -၂၀၁၄

BUDDHARAMSI BURSARY WINNER-3

Sin Tun Shwe
Science( Biology) at Langara 2nd
Buddharamsi Bursary winner 2014
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ပထမဆုံးအကြိမ် ၊"ဗုဒ္ဓရံသီပညာသင်ဆု" ရွေးချယ်ရာတွင် ၊ Langara College တွင် ပညာသင်ကြားနေသော  ရွှေဇင်ထွန်းမှ ရရှိပါသည်။

သူမသည် အသက် (၅) နှစ်ခန့်အရွယ်တွင် မိဘများနှင့်အတူ ကနေဒါနိုင်ငံ ၊ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။

ကနေဒါနိုင်ငံတွင်  အထက်တန်းပညာအောင်မြင်ပြီးနောက် Langara ကောလိပ်တွင် ဇီဝဗေဒဆိုင်ရာသိပ္ပံဘာသာရပ်ကို ဆက်လက်သင်နေသူဖြစ်သည်။ ထို့နောက် University of British Columbia သို့ ဆက်လက်သင်ကြားမည်ဖြစ်သည်။

သူမသည်  ကနေဒါနိုင်ငံကို ကလေးဘဝကရောက်သော်လည်း မြန်မာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုတတ်ပြီး၊ ဗန်ကူးဘားရှိ၊ မြန်မာကွန်မြူနတီအခမ်းအနားများတွင် အခမ်းအနားမှူးအစီအစဉ် အဖြစ် စိတ်အားထက်သန်စွာ ပါဝင်ကူညီဆောင်ရွက်လေ့ရှိသည်။

ထို့ပြင် မြန်မာဗုဒ္ဓဘာသာအသင်း၊ ဘာသာရေးအခမ်းအနားများတွင်လည်း ၊ စိတ်ပါဝင်စားစွာ ပါဝင်ကူညီလေ့ရှိပြီး ၊ ဗုဒ္ဓရံသီရန်ပုံငွေပွဲတော်များတွင်းလည်း အမြဲတမ်းလိုလို ပါဝင်ကူညီ ဆောင်ရွက်လေ့ရှိသည်။

ထို့ကြောင့် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၂၀၁၄-ခု ဗုဒ္ဓရံသီ ပညာသင်ဆုကို မရွှေစင်ထွန်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြု၍ ချီးမြှင်းလိုက်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း၊
ဗုဒ္ဓရံသီပညာသင်ဆုရွေးချယ်ရေးအဖွဲ့ -၂၀၁၄

BUDDHARAMSI BURSARY WINNER -2




Htut Lin 
2nd year computer Science at Visual College
Art Design 3D Modeling & Design
Buddharamsi Bursary Award winner- 2104

ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ပထမဆုံးအကြိမ် ၊ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင် ၊   ကိုညွန့်အောင်+ မသန်းသန်းချိုးတို့၏သား မောင်လင်းထွဋ်  လက်ခံရရှိသည်။

မောင်လင်းထွဋ်သည်  ၂၀၁၂-နှစ်က   ကနေဒါနိုင်ငံ ၊ အထက်တန်ပညားကို အောင်မြင်သည်။

လောလောဆယ်တွင်  visual college  ကွန်ပျုတာဘာသားရပ်ကို ဆက်လက်သင်ကြားနေသူဖြစ်သည်။

မောင်လင်းထွဋ်သည်လွန်ခဲ့သော (၁၇)နှစ်လောက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဘားသို့  အတူရောက်ရှိလာပြီး သားသမီး သုံးယောက်တွင်  အကြီးဆုံးသာဖြစ်သည်။

အထက်တန်းကျောင်းပြီးသောအခါ ၊ မိဘများကို တစ်ဖက်တစ်လှမ်းက ကူညီရင်း ကွန်ပျုတာပညာရပ်များကို ဆက်လက်ဆီးပူး သင်ကြားနေသူဖြစ်သည်။

မောင်လင်းထွဋ်သည် ကနေဒါနိုင်ငံတွင် ကြီးပြင်သူဖြစ်သော်လည်း ၊ကနေဒါရောက်မြန်မာလူများ၏ ရိုးရာပွဲတော်များတွင်စိတ်အားထက်သန်စွာ ပါဝင် ကူညီဆောင်ရွက်လေ့ရှိသည်။

 မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ ဘာသာရေးပွဲတော်များတွင်လည်း  ကျရာတာဝန်ကို   ပါဝင်ကူညီဆောင်ရွက်လေ့ရှိသည်။

သို့ပါသောကြောင့် ၂၀၁၄-ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာအသင်း ပညာသင်ဆုရွေးချယ်ရာတွင် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၊ ထူးချွန်သူများ ဂုဏ်ပြုရာတွင်  မောင်လင်းထွဋ်အား ဗုဒ္ဓရံသီပညာသင်ဆုကို ရွေးချယ်ခံရခြင်းဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာအသင်း
ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရေးအဖွဲ့

BUDDHARAMSI BURSARY WINNER -1




Gordon Shieh
Simon Fraser University
Computer Science 2017
Second year
Buddharamsi Bursary Award winner- 2104
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊မြန်မာဗုဒ္ဓဘာသာအသင်းမှ ပထမဆုံးအကြိမ် ၊ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင် ၊  Gordon Shieh လက်ခံရရှိသည်။ 
Gordon Shieh သည် ကနေဒါနိုင်ငံ၊ဗန်ကူးဘားတွင် ကိုထွန်းလင်း+ မစန္ဒာ တို့မှ မွေးဖွားသောာ တစ်ဦးတည်းသောသားဖြစ်သည်။  ၂၀၁၂-နှစ်က   ကနေဒါနိုင်ငံ၌ အထက်တန်ပညားကို အောင်မြင်သည်။

လောလောဆယ်တွင်  Simon Freaer University  ကွန်ပျုတာဘာသားရပ်ကို ဆက်လက်သင်ကြားနေသူဖြစ်သည်။

အထက်တန်းကျောင်းပြီးသောအခါ ၊ မိဘများ စားသောက်ဆိုင်လုပ်ငန်းကို  တစ်ဖက်တစ်လှမ်းက ကူညီရင်း တက္ကသိုလ်ပညာရပ်များကို ဆက်လက်ဆီးပူး သင်ကြားနေသူဖြစ်သည်။

 မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ ဘာသာရေးပွဲတော်များတွင်လည်း  ကျရာတာဝန်ကို   ပါဝင်ကူညီဆောင်ရွက်လေ့ရှိသည်။

သို့ပါသောကြောင့် ၂၀၁၄-ခုနှစ် ၊ မြန်မာဗုဒ္ဓဘာသာအသင်း ပညာသင်ဆုရွေးချယ်ရာတွင် မြန်မာဗုဒ္ဓဘာသာအသင်းမှ ၊ ထူးချွန်သူများ ဂုဏ်ပြုရာတွင်  Gordon Shieh အား ဗုဒ္ဓရံသီပညာသင်ဆုကို ရွေးချယ်ခံရခြင်းဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာအသင်း
ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရေးအဖွဲ့

Wednesday, March 26, 2014

မေတ္တသုတ်မြန်မာပြန်

ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။
၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသော ရဟန္တာမဖြစ်ကြသေးသော သတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …
၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။
တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။
၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။
အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊
ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။
၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင် မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ၊
ရေးသားသူ မဘဒ္ဒကာရီ

တရားထိုင်းခြင်း

ကျွန်တော်သည် အသက်အရွယ် ငယ်စဉ်ကပင် တရားဘာဝနာကို ၀ါသနာပါခဲ့ပါသည်။ လူကြီးများ စေခိုင်းသည့်အတိုင်း (ငြိမ်သက်စွာထိုင်၍) တရားအားထုတ်ခြင်းများလည်း ပြုခဲ့သည်။ သို့သော် အတိမ်အနက်ကို နားမလည်ခဲ့ခြင်းအမှန် ဖြစ်ပါ၏။
ယခု အသက်အရွယ် ရလာချိန်တွင်လည်း တရားနာခြင်း၊ တရားစာများဖတ်ခြင်းနှင့် လက်တွေ့တရားအားထုတ်မှုများ ပြုလုပ်ပါသည်။ ထိုအခါ အချို့ကမ္မဋ္ဌာနာစရိယများက တရားအားထုတ်ခြင်းဆိုသည်မှာ ‘ထိုင်ရန်မလို’ ဟူသော သဘောများဟောသည်ကို နာကြားရပါသည်။
ကျွန်တော်တို့အရွယ်သည် တရားအားထုတ်မှုကို စမ်းသပ်ရွေးချယ်ရန် အချိန်နည်းနေ ပါပြီ။ မှန်ကန်သော တရားအားထုတ်နည်းဖြင့် အကျိုးရှိအောင် ကြိုးစားရမည့် အချိန်ရောက်နေ သောကြောင့် မထိုင်ဘဲ တရားအားထုတ်မှုဖြင့် တရားရနိုင် မရနိုင် အဆုံးအဖြတ် ပေးတော်မူကြပါရန်….။
ဦးငွေမောင်း (ရေတာရှည်)

တရားအားထုတ်မှုနှင့် ပတ်သက်၍ အတွေ့ရများသော ဘုရားရှင်၏ ညွှန်ကြားချက် တစ်ခုကို ထုတ်ပြပါမည်။
“ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ၀ါ ရုက္ခမူလဂတော ၀ါ သုညာဂါရဂတော ၀ါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။”
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင် ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊” (မဟာသတိပဋ္ဌာနသုတ်)

အဘယ်ကြောင့် ထိုင်ခြင်းဣရိယာပုထ်ကို အဓိကထား၍ ညွှန်ပြသနည်းဟူမူ--
“ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်းအား ဥတုသုံးပါးနှင့်လျော်သည့်ပြင် သလိပ်စသော ဓာတ်သုံးပါး, မောဟစသော စရိုက်သုံးပါးနှင့်လည်း လျော်သည်ဖြစ်၍ အာနာပါနဿတိဘာဝနာအားလျော်သော (တောအစရှိသော)ကျောင်းကို ညွှန်ပြပြီးလျှင် မတွန့်ဆုတ်ခြင်း, မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက်သော ဣရိယာပုတ်ကို ညွှန်ပြတော်မူလို သောကြောင့် “ထိုင်နေ၏” ဟု မိန့်တော်မူပေသည်။ ထို့နောင် ထိုယောဂီအား ထိုင်ခြင်း ဣရိယာပုတ်၏ ခိုင်မြဲခြင်းကို၎င်း၊ ၀င်လေ ထွက်လေတို့ကို ဖြစ်စေရန် ချမ်းသာလွယ်ကူခြင်း ကို၎င်း၊ အာရုံသိမ်းဆည်းကြောင်း နည်းကို၎င်း ပြတော်မူလိုသည်ဖြစ်၍ “ထက်ဝယ်ဖွဲ့ခွေကာ” စသည်ကို မိန့်တော်မူလေသည်။ ထိုစကားရပ်၌ (ပလ္လင်္ကံ) ထက်ဝယ် ဟူသည်ကား ထက်ဝန်းကျင်မှ ပေါင်တို့ကို ဖွဲ့ယှက်၍ ထိုင်ခြင်းပေတည်း။ (အာဘုဇိတွာ) ဖွဲ့ခွေ၍ ဟူသည်ကား ဖွဲ့၍၊ ဥဇုံ ကာယံ ပဏိဓာယ-ဟူသည်ကား အထက်ပိုင်း ကိုယ်ကို ဖြောင့်စွာထား၍။ တဆဲ့ရှစ်ခုသော ကျောက်ဆူးရိုးတို့ကို အစွန်းအချင်းချင်း တည့်တည့် မတ်မတ် ဖြစ်စေ၍ (ဟု ဆိုလို၏)။

အကျိုးကား- ဤသို့ အထက်ပိုင်း ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထိုင်နေသော ယောဂီအား အရေ အသား အကြောတို့သည် ညွတ်မကျကုန်၊ ထိုအခါယောဂီအား ထိုအရေ အသား အကြောတို့၏ ညွတ်ကျခြင်းကြောင့် ခဏတိုင်းခဏတိုင်း ဖြစ်နိုင်ကုန်သော ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်လာကုန်၊ ထိုဒုက္ခဝေဒနာတို့ မဖြစ်ပေါ်ကုန်လတ်သော် စိတ်သည် တစ်အာရုံတည်းရှိလျက် တည်ကြည်၏၊ ကမ္မဋ္ဌာန်းသည် မလျောကျပေ၊ ကြီးပွါးခြင်းသို့ ရောက်ပေ၏။” (၀ိသုဒ္ဓိမဂ် မြန်မာပြန်၊ ဒု-၈၂)

အဘယ့်ကြောင့် အိပ်ခြင်း-ရပ်ခြင်း-သွားခြင်း ဣရိယာပုထ်တို့ကို မညွှန်ပြသနည်းဟူမူ-
“အိပ်ခြင်း ဣရိယာပုထ်ကား ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိ၏၊ အာနာပါနဘာဝနာ လုပ်ငန်းရပ်မှ စိတ်ဓာတ် တွန့်ဆုတ်သွားတတ်၏။ ရပ်ခြင်း, စင်္ကြံလျှောက်ခြင်း ဣရိယာပုထ် တို့ကား စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိကုန်၏။ အာနာပါနအာရုံမှ စိတ်ပျံ့လွင့်နေတတ်၏။ ထိုင်ခြင်း ဣရိယာပုထ်ကား ထိုကဲ့သို့ ပျင်းရိခြင်း, ဘာဝနာလုပ်ငန်းမှ စိတ်ဓာတ်ကျဆင်းခြင်း, တွန့်ဆုတ်ခြင်း, စိတ်ပျံ့လွင့်ခြင်းများ မဖြစ်တတ်ပေ။ သို့အတွက် ထိုင်၍ အားထုတ်ရန် ဘုရားရှင် ညွှန်ကြားတော်မူပေသည်။” (မဟာဋီ-၁-၃၁၆။)

ထိုင်ခြင်းဣရိယာပုထ် တစ်ခုတည်းဖြင့်သာ အားထုတ်နိုင်ပါသလောဟူမူ-
“ထက်ဝယ်ဖွဲ့ခွေ ထိုင်နေမှုသည် ကမ္မဋ္ဌာန်းအလုပ်နှင့် အထူးသင့်လျော်သောကြောင့် “ပလ္လင်္ကံ အာဘုဇိတွာ” ဟူ၍ ဟောကြားတော်မူသည်။ စင်စစ်သော်ကား ဣရိယာပုထ် လေးပါး၌ပင် စွဲမြဲရမည်ဖြစ်၏။” (အာနပါနဒီပနီ)
အထက်ပါ ဒေသနာအရပ်ရပ်ကို ထောက်ဆ၍ မြန်မာပြည်၌ သမထ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းကြိုးကုတ် အားထုတ်ခြင်းအမှုကို အပြုအများဆုံး အသင့်လျော်ဆုံး ကို ထောက်ဆ၍ ‘တရားထိုင်ခြင်း’ ဟု သုံးနှုန်းစေကာမူ ထိုင်ပြီးရှုမှတ်နိုင်မှ မဟုတ်ပါ။ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုထ် လေးပါးလုံးဖြင့် (ကြိုက်သည့် ဣရိယာပုထ်ဖြင့်) ရှုမှတ်နိုင်ပါသည်။ ထို့ကြောင့် ဒူးနာလို့ ခါးနာလို့- တရားမထိုင်နိုင်ပါ-ဟု ဆင်ခြင်ပေးစရာ မရှိပါ။
သို့ရာတွင် “ကာယဝေဒနာစိတ္တဓမ္မေသု ကဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ” (ဒီ၊ဋ္ဌ၊၂၊ ၃၃၉)
“ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၌ တစ်စုံတစ်ခုသော တရားကို မသုံးသပ်ဘဲ တရားဘာဝနာ ပွားများအားထုတ်ခြင်းမည်သည် မရှိ။” ဟူသည်နှင့်အညီ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ဖြစ်ပျက်မြင်အောင် မရှုမှတ်မပွားများပဲ၊ အနိစ္စ ဒုက္ခ အနတ္တသာဟု မသုံးသပ် မဆင်ခြင်ဘဲ တရားအားထုတ်သည်ဟူ၍ကား မခေါ်ဆိုနိုင်ပါ။ တရားအားထုတ်ခြင်း ရှုမှတ်ပွားများခြင်း မရှိလျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါ။
ယောစ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ယောစ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊ အပဿံ၊ မမြင်ပါပဲ၊ ၀ဿသတံ၊ အနှစ်တစ်ရာ တစ်သက်တာပတ်လုံး၊ ဇီဝေ၊ ပကတိအတိုင်းသာ အသက်ရှင်လျက် နေရ၏၊ တဿ၊ ထိုသူ၏၊ တတော-ထိုအနှစ်တစ်ရာပတ်လုံး အသက်ရှင်ရသည်ထက်၊ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊ ပဿတော၊ မြင်သောသူ၏၊ ဧကာဟံဇီဝိတံ၊ တစ်နေ့တစ်ရက်မျှ အသက်ရှင်ရခြင်းသည်၊ သေယျော-သာ၍ ကောင်းမြတ်ပေ၏။ (ဓမ္မပဒပါဠိတော်)
“ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါပဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နေဟန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောက လူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။” (မဟာစည်ဆရာတော်) ဟူသည်နှင့်အညီ ရုပ်နာမ်တို့၏ ဖြစ်ပျက်နေဟန်ကို အမှန်အတိုင်း ရှုသိနိုင်သူဖြစ်ပါက လူဖြစ်ကျိုးနပ်သူဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။ ထို့ထက်တက်၍ ရုပ်နာမ်တို့၏ အကြောင်းအကျိုး အမှန်တို့ကို ရှုမြင်နိုင်သူဖြစ်ပါက-
‘ရုပ်နာမ်နှစ်ဝ, ကြောင်းကျိုးမျှ, သိက စူသောတာ။
ဂတိမြဲရ, ပါယ်မကျ, မိန့်ဟ ၀ိသုဓ်မှာ။’ ဟူသည်နှင့်အညီ လာမည့်ဘ၀တွင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်သော စူဠသောတာပန် ဖြစ်နိုင်ပါသည်။
ထို့ထက် ရင့်ကျက်အောင် အားထုတ်နိုင်ပါလျှင် ဤဘ၀မှာပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန်ရောက်ရှိနိုင်သည်ဟု ယုံကြည်လျက် ဆက်လက်ကြိုးစားကာ ပွားများ အားထုတ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.comမှတဆင့်ခံစားတင်ပြသည်။

Sunday, February 2, 2014

သံဃာတော်းများအား ကြည်ညိုနည်း

အနုတ္တရံ ပုညခေတ္တံ လောကဿ
***********************
ကုသိုလ်မျိုးစေ့ စိုက်ပျိုးရာ လယ်ယာ၊မြေကောင်းသဖွယ်ဖြစ်တော်မူသော
မြတ်စွားဘုရား၏ တပည့်သားသံဃာတော်။
***********

သူတော်ကောင်းတို့..
ငွေကြေး တစ်ပါး တစ်ချပ်မှ မကုန်ကြပဲ ..သံဃာတော်များအား ဖူးမျှော် ကြည်ညိုသဒ္ဓါပွားခြင်းဖြင့် ၊ မဟာကုသိုလ်ကြီးကို ရရှိနိုင်ပါသည်။

ဆင်ခြင်ပွားများရန်..

၁)  ငါတို့ကဲ့သို့..အိမ်ထောင်သားမွေးမှု မပြုပဲ.. အိမ်ရာမထောင်ရဟန်းပေါင်၌ ရဟန်းတရားများကို ကျင်ကြံပွားများကြသော ရဟန်းတော်များပါတကား။

၂) ငါတို့ကဲ့သို့.. ဆံကေသာ လှပစွာမထားပဲ၊ ဦးပြည်းကတုံးဖြင့်  ရဟန်းတရားတော်များကို ကျင့်ကြံပွားများကြသော ရဟန်းတော်များပါတကား။

၃) ငါတို့ကဲ့သို့.. ချဉ်၊ငန်၊စပ် စတဲ့ အရသာကို မတောင်းတပဲ ၊ သပိတ်ထဲ၌ လောင်းလှူအပ်သော ဆွမ်း၊ဆွးဟင်းဖြင့် ကျေနပ်ကား ခြိုခြံစွာ ကျင့်ကြသော ရဟန်းတော်များပါတကား။

၎) ငါတို့ကဲ့သို ၊ ရောင်စုံကာလာ ၊ ကိလေသာစွန်းသော အဝတ်သင်္ကန်ကို မဝတ်ကြပဲ ၊ ဘုရားရဟန္တာတို့၏ အလံတစ်ခွန်ဖြစ်သော ၊ အရဟတ္တဓဇ- သင်္ကန်းကို ဝတ်ဆင်ကာ ရဟန်းတကား ပွားများကြသော ရဟန်းတော်များပါတကားဟု ကြည်ညိုသဒ္ဓါပွားများကြပါစေ..။

သမဏာနဉ္စ ဒဿနံ- ရဟန်းသံဃာတော်တို့အား ပူးတွေ့ရခြင်းသည်။
မင်္ဂလံ- အကုသိုလ်ကို ပယ်ဖြောက်၊ ကုသိုလ်ကို ရစေ၊ရောက်စေတတ်သော မင်္ဂလာတစ်ပါးပါပေတည်း။

Wednesday, October 16, 2013

သီတင်းကျွတ်ပွဲတော်နှင့်ဂုဏ်ပြုတံဆိပ်မှတ်တမ်း

၂၀၁၃-ခုနှစ်  ပဉ္စမအကြိမ်မြောက်  ၂၄-နာရီအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် ယဉ်ကျေးလိမ္မာကလေးငယ်များအားဆုပေးပွဲ မှတ်တမ်း
                                         ******

၁။ ဦးစွာပထမ  ၂၄-နာရီ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ လာရောက်ပူဇော်ကြသော ၊ ပဋ္ဌာန်းပူဇော်သူ ( ပဋ္ဌာနဘဏာက) များအား ဗုဒ္ဓရံသီဆရာတော်နှင့်မြန်မာဗုဒ္ဓဘာသာအသင်းမှ
 အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပဋ္ဌာန်းတန်ခိုးကြောင့် စီးပွာဥစ္စာတိုးတက်၍၊ကျန်းမာရွှင်လန်းပြီး ၊ မဂ်၊ဖိုလ်၊နိဗ္ဗာန်လမ်းကို ဆောလျှင်စွာ ရောက်ရှိနိုင်ကြပါစေ..။

 ၂။ ဘိုးဘွားပူဇော်ပွဲသို့ အပူဇော်ခံ ဘိုးဘွား
 ( ၁၈)ယောက် ကြွရောက်အပူဇော်ခံပြီး၊ အသင်းကြီးမှ ဘိုးဘွားများအတွက် တစ်ဦးလျှင် $ 50 စီလှူဒါန်းပါသည်။  အပူဇော်ခံ ဘိုးဘွားများကိုယ်စား  ဦးတင်လတ်မှ ၊ ကနေဒါတွင် မွေးဖွားသော မြန်မာကကလေးငယ်များအား ဆုံးမသြဝါဒ ပေးပါသည်။
၃။ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲတွင်  စံပြကျောင်းသားဆုအဖြစ် မကေဇင်ထိုက်မှ ရရှိပြီး  စံပြ ဂုဏ်ပြုတံဆိပ်နှင့် ငွေသား $ 200 ပေးအပ်ပါသည်။

၎။ အထူးဆု ၃-ဆုကို ၊၁။ ဝေလျံထိုက်၊ ၂။ဆာမူရယ်ကိုလေး၊ ၂၊ သြမေကျော်တို့မှ အသီးသီးရရှိပြီး ဂုဏ်ပြုဆုတံဆိပ်နှင့်  $ 70 အသီးသီးဆုချီးမြင်းပါသည်။
၅။ ယဉ်ကျေးလိမ္မာသင်းတန်းသား  (၁၃) ယောက်အား သင်တန်းဆင်း ဂုဏ်ပြုတံဆိပ်များ ပေးအပ်ပြီး ဆုငွေ $ 50 စီ အသီးသီးပေးအပ်ပါသည်။

၆။ ၂၀၁၃-ခုနှစ်တွင် ထူးခြားစွာ အသင်းအလုပ်အမှုဆောင် အကောင်းဆုံးဆုနှင့် စေတနာဝန်ထမ်း ဂုဏ်ထူးဆောင်ဆုတို့ကိုပါ ပေးအပ်ခဲ့ပြီး ဒီနှစ်အတွက် ဂုဏ်ထူးဆောင်အဖြစ်
၁။ ဦးစိန်ထွန်း (မြန်မာဗုဒ္ဓဘာသာအသသင်းဥက္ကဋ္ဌ)
၂၊ဦးကိုကိုလေး ( မြန်မာဗုဒ္ဓဘာသာအသင်း ဒု-ဥက္ကဋ္ဌ)
၃။ ကိုကျော်စိုး ( မြန်မာဗုဒ္ဓဘာသာအသင်း ၊ လုပ်အားပေး)
၎။ မနန်းခင်နှင်းလှိုင် ( မြန်မာဗုဒ္ဓဘာသာအသင်း၊လုပ်အားပေး)
၅။ မသန်းသန်းချို ( မြန်မာဗုဒ္ဓဘာသာအသင်း၊လုပ်အားပေး) တို့ကိုရွေးချယ်ခဲ့ပါသည်။

၆။ဘိုးဘွားပူဇော်ပွဲသို့ လာရောက်ကြသော ကလေးငယ် (၁၅) ယောက်တို့အား အသင်းကြီးမှ လက်ဆောင်အဖြစ် $ 20 စီး ပေးပါသည်။


ဤဆုငွေများနှင့်၊ တံဆိမ်များကို၊ ၁။ မြန်မာဗုဒ္ဓဘာသာအသင်း၊ ၂။  ဦးထွန်းမြင့်+ဒေါ်ကေသီးဦးမိသားစုနှင့် ဦးမြတ်ထွန်းမိသားစုတို့မှ အသီးသီးပါဝင်လှူဒါန်းကြပါသည်။
McDonald Restaurant ( SCOTT ROAD, DELTA, B.C) မှ  နေ့လည်စာ အခမဲ့ လက်မှတ်တစ်ဆောင်စီ ကျောင်းသားလေးများနှင့်၊ ဂုဏ်ထူးဆောင် အလုပ်အမှုဆောင်များအားပေးအပ်ပါသည်။

၇။ မုန့်ဟင်းခါးအလှူရှင်ဖြစ်သော ဦးစိန်ထွန်း+ဒေါ်ခင်လေးမူမိသားစုနှင့် မုန်းဟင်းခါးကို ဝိုင်းဝန်းချက်ပြုတ်ကြသော စေတနာဝန်ထမ်းများအားလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
                                             ဆရာတော်နှင့် မြန်မာဗုဒ္ဓဘာသာအသင်း

သံဃာ့ပဝါရဏာအကြောင်း

ယနေ့ခေတ်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးနယ်ပယ်ထိအောင် ခေတ်မိနေသော မြတ်စွာဘုရား လလမ်းညွှန်ချက်မှာ " ပဝါရဏာ" ပြုခြင်းပင်ဖြစ်သည်

သီတင်းကျွတ်လပြည့်နေ့မှာ ရဟန်းသံဃာတော်များ ပ၀ါရဏာပြုကြခြင်းအကြောင်း

ပ၀ါရဏာဆိုတာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ, ကြားလျှင်ဖြစ်စေ, မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောဆိုဘို့ ဖိတ်မန်ပန်ကြားတာပါပဲ။
ဘာကြောင့် ဒီလို ဖိတ်မန်ပန်ကြားရသလဲ ဆိုယင်-
ကိုယ့်အပြစ်ကို သူများကသာ သိပြီး, ကိုယ့်ဟာကိုယ်တော့ မသိတာလဲ ရှိနေတတ်တယ်။ အဲဒီလို အပြစ်များ ရှိနေပါက အခြားရဟန်းများက ပြောပြဘို့၊ အဲဒီလို ပြောပြလို့ အပြစ်ကို သိရယင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဘို့ပါပဲ။ အဲဒီလို သီလ၀ိသုဒ္ဓိ ပြည့်စုံပြီးတော့ တရားအားထုတ်ပြီး စိတ္တ၀ိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ-စသည် ပြည့်စုံသွားဘို့ပါပဲ။

အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် အင်မတန် ကောင်းတဲ့အစီအစဉ်ပါပဲ။ အဲဒီလို အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ဒီသီတင်းကျွတ်လပြည့်နေ့မှာ သံဃာ ၅-ပါးရှိလျှင် သံဃာအား ဖိတ်မန်ပန်ကြားဘို့၊ ၅-ပါးမရှိလျှင်တော့ အချင်းချင်း ဖိတ်မန်ပန်ကြားဘို့ မြတ်စွာဘုရားက သိက္ခာပုဒ်အဖြစ်နဲ့ ပညတ်ထားတော်မူခဲ့ပါတယ်။

သဒ္ဓါတရားကောင်းတဲ့ ရဟန်းတော်များအတွက် အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ။ အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာယင်လဲ ၀မ်းမြောက်ဝမ်းသာနဲ့ မိမိ၏အပြစ်ကို ကုစား ပြုပြင်ဘို့ပါပဲ။

ဥပမာအားဖြင့်-ပွဲနေပွဲထိုင် လူထုအစည်းအဝေးသို့ သွားမည့်လူမှာ မျက်နှာ၌ အမဲကွက်ရှိနေတယ်ဆိုပါတော့၊ ရင်းနှီးတဲ့သူက အဲဒီအမဲကွက် ရှိနေကြောင်း ပြောယင် ၀မ်းမြောက်စွာနဲ့ လက်ခံပြီး အဲဒီအမဲကွက်ကို သုတ်သင်ရမယ်။ ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ပြောမည့်သူမရှိ၍ အမဲကွက်ကြီးနဲ့ လူထုပရိသတ်ထဲသို့ သွားမိယင် သူတပါးတို့ ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အပြစ်ကို ပြောပြသူအား ကျေးဇူးတင်ရမယ်။

အဲဒါလိုပဲ ကိုယ်တိုင်မသိတဲ့အပြစ်ကို ပြောပြသူအား ၀မ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ဘို့ပါပဲ။ မိမိအပြစ်ကိုလဲ သန့်ရှင်းစင်ကြယ်အောင် ကုစားဘို့ပါပဲ။ အဲဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ၀တ်ကြေ၀တ်ကုန်မျှ သဘောမထားပဲ စင်ကြယ်ထက်သန်တဲ့ စေတနာနှင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊ အချင်းချင်း သူတပါးအား ပြောစရာရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏အပြစ်ကို ပြောယင်လဲ ၀မ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလိုသဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ ကျင့်ဝတ်ပါပဲ။

မဟာစည် ဆရာတော်။

ပ၀ါရဏာပြုပုံ
သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )

( မြန်မာ )

အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း, ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊

အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား။
အရှင်ဥဇ္ဖောတ ( ဓမ္မရောင်ခြည်၊စင်္ကာပူ)

Tuesday, October 1, 2013

ချစ်ခြင်းမေတ္တာဖြင့် စည်းလုံးခြင်းသည်သာ..

ဒီနှစ် နွေရာသီက ဗန်ကူးဘားရှိ မြန်မာကလေးတွေကို မြန်မာစာသင်ဖြစ်တယ်။
ကလေးတွေက အရွယ်စုံသလို ၊ အသိပညာ ၊ ဘာသာစကား ကျွမ်းကျင်မှုလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တချို့ကလေးတွေက မြန်မာပြည်ကရောက်တာ မကြာသေးလို့  မြန်မာစကား ကောင်းကောင်း ပြောတတ်ကြပေမယ့် ဘုရားစာကိုတော့ ကောင်းကောင်း မတတ်သေးပါဘူး။ တချို့ကလေးတွေကြတော့လည်း ထိုင်နယ်စပ်ဒုက္ခသည် စခန်းကရောက်လာတာဆိုတော့ မြန်မာစကားတောင် ကောင်းကောင်း မပြောတတ်ကြဘူး။ တချို့ကလေးတွေကြတော့လည်း မြန်မာစကားကို နားလည်းတယ်။  ကောင်းကောင်း မဖတ်တတ် ၊ မပြောတတ်ကြဘူး။


ဒါ့ကြောင့် ကလေးတွေလည်း မပျင်းရအောင်၊ မြန်မာစာလည်း သင်ယူပြီးသားဖြစ်အောင်း "TWO WAY SYSTEM"  စနစ်ဖြင့် အချင်းချင်း သင်ယူတဲ့ နည်းစနစ်ကို သုံးပါတယ်။ ကလေးတွေလည်း  သင်ကြားရေးမှာ စိတ်ဝင်စားအောင် ၊ ပျော်ရွှင်စရာလည်းဖြစ်အောင် ပြိုင်ပွဲလေးလုပ်ပေးပါတယ်။ ဒီပြိုင်ပွဲမှာလည်း အနိုင်/ အရှုံးအနေနဲ့ ဒိုင်လူကြီး အမှတ်ပေးပါတယ်။

ဒီပြိုင်ပွဲလေးကို  ကျင်းပဖို့ အုပ်စု ‘A ‘ နှင့် အုပ်စု  ‘B’ ရယ်လို့ နှစ်ဖွဲ့ခွဲပါတယ်။
စာရေးသူက  ကလေးတွေရဲ့ စိတ်နေသဘောထားကို အကဲခတ်တဲ့ အနေနဲ့ ခေါင်းဆောင် တစ်ယောက်စီ ရွေးပြီး အဲဒီခေါင်းဆောင်ကို ဒီပြိုင်ပွဲအတွက် ကြိုက်တဲ့ကလေးကို ခေါ်ကြလို့ ခွင့်ပေးလိုက်တယ်။

လူတို့ရဲ့ သဘာဝ ယှဉ်ပြိုင်ရမှာဆိုတော့  မြန်မာစကားကောင်းကောင်း ပြောတတ်သူ၊ လည်လည်ဝယ်ဝယ်ရှိသူကို အုပ်စု A ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။ စာရေးသူကလည်း ကလေးတို့ကို မျှတခြင်း၊ စည်းလုံးခြင်း၊ တန်းတူရည်တူ ဆက်ဆံ တတ်ခြင်းကို သင်ပေးချင်လို့ တမင်တကာဖန်တီးလိုက်တာပါ။

အုပ်စု B မှာတော့  အုပ်စု A က မလိုချင်တဲ့  ကလေးငယ်တွေ၊ မြန်မာစကား ကောင်းကောင်း မပြောတတ်တဲ့သူတွေပဲ ကျန်ခဲ့ပါတယ်။

စာရေးသူက ဘာမှ မပြောသေးပဲ   “ ဗန်ကူးဘားရောက် မြန်မာသင်္ကြန်း” ခေါင်းစဉ်နဲ့ စကား ပြောကြဖို့ အစည်းအဝေး ထိုင်ခိုင်းလိုက်တယ်။ ကလေးတွေကလည်း အဖွဲ့နှစ်ခု ပြိုင်ရမှာဆိုတော့  ခေါင်းဆောင်လုပ်သူတွေက အဖွဲ့ဝင်တွေကို သင့်တော်ရာ တာဝန်ပေးပြီး အချင်းချင်း မြန်မာစကားပြောလေ့ကျင့်ကြတယ်။ သူတို့ အချင်းချင်းဆိုတော့လည်း အဆင်ပြေသွားတာပဲ။

အဖွဲ့ နှစ်ခုလုံး အစည်းအဝေးတွင်တိုင်ပင်ပြီလို့ မြန်သကြန်း သရုပ်ဖော် မြန်မာစကားပြောနဲ့ ပြိုင်းပွဲဝင်ကြပါတယ်။  အဖွဲ့  A တော့ လက်ရွေးစင်ကျောင်းသားတွေကြီးဆိုတော့   မြန်မာသင်္ကြန်ကို ကောင်းကောင်း သရုပ်ပြသွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

အဖွဲ့ B အလှည့်ရောက်တော့ အဖွဲ့ခေါင်းဆောင်ကလည်း သူတတ်စွမ်းသလောက် ကလေးငယ် အဖွဲ့ဝင်တွေကို ဦးဆောင်းပြီး မြန်မာသင်္ကြန် သရုပ်ကို ကောင်းကောင်း ကပြသွားနိုင်ခဲ့ပါတယ်။

အဖွဲ့ B မှာ မြန်မာစကား ကောင်းကောင်း မတတ်တဲ့ ကလေးငယ်တစ်ယောက်က အဖွဲ့က  တာဝန်ပေးတဲ့  တံမျက်စည်းကို  ဂီတာလုပ်တီးကာ ဗန်ကူးဘာ မြန်မာသကြန်းသရုပ်ကို ကောင်းကောင်းဖော်သွားခဲ့ပါတယ်။ မြန်မာစကား ကောင်းကောင်း မတတ်တဲ့  ကရင်မလေးကလည်း ၊ အဖွဲ့ခေါင်းဆောင် သင်ပေးထားတဲ့ “ မြန်မာနှစ်သစ်မှာ ပျော်ရွင်ပါစေ” ဆိုတဲ့ စာသားလေးကို ပီးပီသသရွတ်ဆိုသွားခဲ့ပါတယ်။

စကားပြိုင်ပွဲပြီးလို့ အမှတ်ပေးတဲ့အခါ…၊ အဖွဲ့ A က လူကောင်းတွေကြီးပါလို့ မြန်မာစကားကို ပီပီပြင်ပြင် ပြောသွားနိုင်သော်လည်း ၊ ဦးဆောင်းမှုက ညံဖျင်းလို့ အမှတ်  ၂မှတ်ပဲ ရခဲ့ပါတယ်။

အဖွဲ့ B က ကလေးတွေများလို့ မြန်မာစကားကို များများ မပြောနိုင်သော်လည်း ဦးဆောင်မှုက စေ့စပ်သေချာလို့ အမှတ် ၂ မှတ်ရခဲ့ပါတယ်။

ဒါကြောင့် နှစ်ဖွဲ့လုံးကို သရေးပေးကာ အတူတူ ဆုပေးလိုက်ပါတယ်။
********************

ပြိုင်းပွဲအပြီးမှာတော့ ဆုပေးပြီး ကလေးတွေကို ရှင်းပြလိုက်တယ်…။

“ကလေးတို့ရဲ့.. ယှဉ်ပြိုင်ဆင်းနွဲမှုဟာ အားလုံးကောင်းပါတယ်။ ဒီနေရာမှာ ဘုန်းဘုန်း သင်ပေးချင်တာက အရှုံး/ အနိုင် ယှဉ်ပြိုင်ဖို့ သက်သက်သာ မဟုတ်ဘူး။ မြင့်မြတ်တဲ့  စိတ်နေသဘောထားကိုလည်း သင်ပေးချင်တာ။

ဘုန်းဘုန်းက အဖွဲ့ A ခေါင်းဆောင်ကို ဦးစားပေး လူရွေးခိုင်းတဲ့အခါ အဖွဲ့ခေါင်းဆောင် A က လူတော်တွေကို ပဲရွေးသွား တယ်။ ဒီလိုမဖြစ်သင့်ဘူး၊  ကိုယ်ရှေ့သွားရလို့ ၊ ကိုယ်အခွင့်အရေးရလို့ လူကောင်းတွေ ရွေးယူတယ်ဆိုတာ မြင့်မြတ်တဲ့ စိတ်ထားမဟုတ်ဘူး၊ ကိုယ်နောက်မှာရှိတဲ့ အဖွဲ့ B ခေါင်းဆောင် အတွက်လည်း စဉ်းစာပြီး ၊ သင့်တင့်အောင် ၊မျှတအောင် လူ ရွေးရတယ်။  နောက်ပြီး  အဖွဲ့ဝင်လူဆိုတာ .. ငယ်သည်၊ ကြီးသည်၊ တတ်သည်၊ မတတ်သည်က အဓိက မကျပါဘူး၊ လူတိုင်းဟာ တာဝန်ပေးလာရင် ၊ သူ့တာဝန်ကိုတော့ ကောင်းကောင်းဆောင်ရွတ်တတ်ကြပါတယ်လို့ ၊မြင့်မြတ်တဲ့ သဝသင်္ခန်းစာပါ သင်ပေးလိုက်ပါတယ်။

လူသားတိုင်း မြင့်မြတ်သောစိတ် ထားတတ်ကြပါစေ..၊

Monday, June 17, 2013

နေရာချင်းတော့ မလဲနိုင်ပါ


စာရေးသူဘဝကို တွေး၍ တွေး၍ ပျော်မိနေသည်။ တွေး၍တွေး၍ ပျော်လေတိုင်း လူငယ်ဘဝက သူငယ်ချင်းများက အထင်သေးစွာပြောခဲ့သော စကားသံများသည် ခုချိန်တွင် သူတို့အား ပြန်လည်  ပြောင်လောင်  သလိုဖြစ်နေပြန်သည်။

နှစ်ပေါင်း ၃၀-ကျော်လာသောအခါ…သူငယ်ချင်းများတော်တော်များများ ဘဝတွင် အဆင်ပြေ ချော့မွေ့သူကား ခပ်ရှားရှား ၊ ခက်ခဲစွာ ရုနုးကန်သူများက များလှသည်။ ထိုတဲတွင် လူပေါင်းမှား၍ အသောက်အစားဖက်ကာ မှုးယစ်ဆေးဝါးကျေးကျွန်ဖြစ်သူများ၊ အလောင်းကစား၊ ကျေးကျွန်ဖြစ်သူများ၊ လင်ကွဲ၊မယာကွဲ၊သားကွဲ၊သမီးကွဲနှင့် ဒုက္ခပယ်လယ်ဝေသူများကာ မနည်းလှ။

အဆင်ပြေသူဟုဆိုသော သူငယ်ချင်းများတွင်လည်း ၊ အပေါ်ရံရွှေမှုန်ကျဲ၊ အထဲကဗလာဆိုသလို.. ပစ္စည်းဥစ္စာပြည်စုံသော်လည်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်သူများက ခပ်ရှားရှား။

ဘဝဆိုတာ… ဆန်းကြယ်ပေစွ..။

စာရေးသူ သတ္တမတန်းလောက်ကဖြစ်သည် ၊ ကျောင်းဆက်မတက်တော့ပဲ ၊ ကိုရင်ဘဝဖြင့် ဘုရားစာများကို သင်တော့မည်ဟု သူငယ်ချင်းကို ပြောတော့ “  မင်းတော့ ရခဲတဲ့ လူဘဝ အညွှန့် တုန်းပါပြီး” ဟုဆိုသည်။ ထိုစဉ်က သူငယ်ချင်းစကားကို ဟုတ်လေမလားလို့ ခံစားမိသည်။

ခုတော့ .. စာရေးသူသည်  လူညွှန့်မတုန်ပဲ ၊ လူငယ်တွေအား ၊ တတ်သိလိမ္မာအောင်၊ ဘဝတွင် အေးအေးချမ်းချမ်း နေတတ်အောင်၊  သာသနာစိတ်ဓာတ်မွေးမြူနိုင်အောင် လက်ဆင့်ကမ်းနေသော  အညွှန့်များ စိုက်ထူပေးသော ဥယျာဉ်မှူးကြီး ဖြစ်နေပြီးမဟုတ်ပါလား။

ဟော ! ကြည့်

စာရေးသူနှင့်မြန်မာဗုဒ္ဓဘာဘာသင်တို့ ဦးဆောင်၍ ပြည်ပရောက် မြန်မာကလေးငယ်များအား ရှင်၊ပြု ရဟန်းခံ၊ သီလရှင်ဝတ်၊ ယောဂီဝတ်ပေးတာ ဒီနှစ်ဆို လေးနှစ်သို့တိုင်ခဲ့ပြီး။ ဒီနှစ်ဆိုလည်း  ရဟန်းခံ၊ ရှင်ပြုလိုသော သူများအား ကိုဘသာ+ မသန်းသန်းဝင်းမိသားစုမှာ အကုန်ကျခံကာ ပရိက္ခများ လှူမည်ဟုလျှောက်ထားလာတော့ ဝမ်းသာကြည်နှုးရပြန်သည်။
မိမိရဲ့ သာသနာပြုလုပ်ငန်း သက်တန်းအားဖြင့် တိုတောင်းလှသော်လည်း  သာသနာပြု  အသောကမင်းတရားကြီးရဲ့ ဆန္ဒကိုဖြည့်ဆီးခွင့်ရ၍ ဝမ်းသာပီတိဖြစ်ရပြန်သည်။

အသောကမင်းကြီးက သူ၏ မှတ်တိုင် ကျောက်စာတွင်
"ငါ့သားတော် သမီးတော်တို့သည်လည်ကောင်း၊
မြေးတော် မြစ်တော်တို့သည်လည်းကောင်း၊
ကာလများစွာအရှည်ကြာအောင် ရှိနေကြမည့် သားစဉ်မြေးဆက်တို့သည်လည်းကောင်း ၊
ငါ လုပ်ဆောင်အားထုတ်ခဲ့သော မြတ်ဗုဒ္ဓ၏သာသနာပြန့်ပွားရှည်ကြာတည်နေရေးကို
ကြိုးစားအားထုတ်ရစ်ကြပါကုန်လော့..။ " ဟုရေးထိုးခဲ့သည်။

အသောကမင်းကြီးကိုယ်တိုင် သားတော်မဟိန္ဒနှင့်သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ့အမွေခံ သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့သည်။

စာရေးသူသည် လူငယ်ဘဝက သူငယ်ချင်းများကဲ့သို အိမ်ယာမထောင်၍ ယခုလိုသာသနာပြုခွင့် ရရှိလေခြင်းဟု ဝမ်းသာပီတိဖြစ်မိသည်။

စာရေးသူတို့ ဂေါတမမြတ်စွာဘုရားကိုယ်လည်း အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်က ရဟန်းဘဝ  (၉) ဘဝသာရရှိခဲ့သည်။
အလောင်းတော် ရဟန်းပြုခွင့်ခဲ့သော  ဘုရား (၉)ဆူတို့မှာ…
၁။ ကောဏ္ဍညမြတ်စွာဘုရား
၂။ မင်္ဂလမြတ်စွာဘုရား
၃။ သုမေဓာမြတ်စွာဘုရား
၎။ သုဇာတမြတ်စွာဘုရား
၅။ ဖုဿမြတ်စွာဘုရား
၆။ ဝေဿဘူမြတ်စွာဘုရား
၇။ ကကုသန္ဓ(ကကုသန်)မြတ်စွာဘုရား
၈။ ကောဏာဂမန(ကောဏာဂုံ)မြတ်စွာဘုရား
၉။ ကဿပမြတ်စွာဘုရား တို့ ဖြစ်သသည်။

ထို့ကြောင့် ရခဲလှသော လူဘဝတွင် ရခဲ့သော ရဟန်းဘဝကိုရရှိကာ ၊ ရဟန်းသံဃာခြားပါးသော ပြည်ပ၌ ၊ ပြည်ပရောက် ဗုဒ္ဓဘာသာမိသားစုများအား ၊ မြတ်စွာဘုရားအဆုံးအမများကို ဟော၊ပြော ပြသခွင့်၊ အသောကမင်းကြီးကဲ့သို့ သားတော်၊ သမီးတော် ၊ဆွေတော်၊ မျိုးတော်၊ တို့အား သာသနာ့ဘောင် သွတ်သွင်းချီးမြှင်းခွင့်ရသောကြောင့် ၊ လူငယ်ဘဝက သူငယ်ချင်းများကို ပြောလိုက်ချင်ပါသည် ၊ ခုတော့ဖြင့်“ နေရာချင်းတော့ မလဲနိုင်ပါ” ဟူ၍သာ။

Friday, June 14, 2013

စေတနာ့ဝန်ထမ်းဆရာမ ဖိတ်ခေါ်အပ်ပါသည်..


မြန်မာပြည်မှ စိတ်ဝင်စားသော စေတနာ့ဝန်ထမ်း မြန်မာစာဆရာမ များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
၁) အသင်းကြီးမှ ကနေဒါလာရောက်ရန် စာသင်ဖို့ ၆-လစပွန်ဆာပေးပါမည်။

၂) ကနေဒါရောက် မြန်မာကလေးငယ်များအား မြန်မာစာသင်ကြားပေးရမည်။

၃) အသွား၊ အပြန်လေယာဉ် ခရီးစရိတ် ကိုယ်တိုင်ပေးရမည်။ ( သင်တန်းပြီးဆုံးလျှင် မိဘများနှင့် အသင်ကြီးမှ ဂုဏ်ပြုပူဇော်ပါမည်)

၎၊ နေထိုင်စရာ သင်တော်သလို စီစဉ်ပေးပါမည်။

၅၊ စိတ်ဝင်စားသူများ ကိုယ်ရေးအချက်အလတ်အပြည့်အစုံကို ven.ghosaka@gmail.com သို့ ပို့ပေးနိုင်ပါသည်။

မှတ်ချက်။ ။ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည်၊ သက်တမ်းနုသေး၍ ကုန်ကျစရိတ်များကို မပေးနိုင် သေးပါ၊ ကလေးများကို စာသင်ရင်း ကနေဒါကို လာရောက် လည်ပတ်လိုသော မြန်မာစာ ဆရာများနှင့် ပိုမိုသင့်တော်ပါသည်။


Friday, May 31, 2013

မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီး

စာရေးသူ မဟာသန္တိသုခကျာင်းတော်ကြီးက ခွဲခွါခဲ့တာ ၁၀-နှစ်တာ ကြာပြီမို့ ပြီးခဲ့တဲ့နှစ် ဆောင်းရာသီက ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

ဝတ္ထုစာအုပ်တွေထဲတွင် ဖတ်ဖူးသော ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်၊ သစ်ပုတ်ပင်ကြီး၊ ကန်းတော်ကြီးစတဲ့ တက္ကသိုလ်ရဲ့ အမှတ်တရနေရာ ကလေးတွေဟာ  အရွယ်ငယ်ငယ်ကြီးကြီး ဘယ်ကျောင်းသူ /သားမဆို ဆွဲဆောင်အားရှိတယ်။ တက္ကသိုလ်ကျောင်းသားတွေကို
 ပြန်လည် နုပျိုလန်းဆန်းစေတယ်။စိတ်ခွန်အားတွေ ဖြစ်စေတယ်လို့ ကြားဖူး ဖတ်ဖူးပါတယ်။ သို့သော်လည်း စာရေးသူတို့  ပညာသင်ကြားခဲ့သော မဟာသန္တိသုခ ကျောင်းတော်ကြီးကား စာရေးသူအား စိမ်းစိမ်းကားကား ကြိုဆိုလိုက်ပါတယ်။

စာရေးသူတို့ ရှိစဉ်က ကျောင်းတော်ကြီးမှာ ရဟန်းသံဃာ၊ သီလရှင်များနှင့် သာသနာရောင် လွှမ်းနေသလို့ ၊ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်ရန် လာရောက်ကြသော ကျောင်းသာ ကလေးငယ်ပေါင်း ထောင်ချီ၍   မျိုးဆက်သစ်သာသာနာအတွက် သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ခုတစ်ခေါက် ကျောင်းတော်ကြီး ပြန်အရောက်မှာတော့ ဖြူ၊နီ၊ဝါ ကာလာစုံ မင်္ဂလာမောင်မယ်များနဲ့  ဟိုတယ်ကြီးများ ပမာ မောင်နှင့်မယ် မင်္ဂလာအခမ်းအနားများ၊ အရွယ်မျိုးစုံ ကျား/မ များနှင့်   ကျောင်းတော်ကြီးမှာ ကိလေသာရောင် ဖုံးလွမ်းထားသလိုပါပဲ။

ကျောင်းတော်ကြီးရောက်တော့  တောင်ကြည့်မြောက်ကြည့် ကိုယ့်သိမည်သူများ ရှိမလားလို့   ငေးမောကာကြည့်လိုက်တော့ ကျောင်းတော်ကြီးရဲ့ရှေ့ ဧည့်ကြိုဌာန မှာ လှလှပပ ကလေးမ သုံးယောက်က "ဘယ်သွားမှာလဲ"ဆိုတဲ့ မေးခွန်းကို စာရေးသူအား စတင်အကြိုဆို ခံလိုက်ရပါတယ်။

စာရေးသူလည်း မျက်နှာငယ်လည်းနဲ့ “ ဘုန်းဘုန်းတို့ ကိုးထပ်က ဘုရားကို ဖူးချင်းလို့ “ ဟုပြောတော့မှ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဓာတ်လှေကားတစ်ဘက်က ပျက်နေလို့ တစ်ဘက်ကိုပဲစောင့်ပြီး အသုံးပြုကာ  ကိုးထပ်က ဘုရားခန်းကို ရောက်သွားခဲ့ပါတယ်။

ကိုးထပ်မှာ စံမြန်းနေသော ပွင့်တော်မူပြီးသော ဂေါတမ၊ ကဿပ၊ ကကုသန်၊ ကောဏဂုံ ဘုရားလေးဆူတို့လည်း၊ဆွမ်းကပ်မည့်သူမရှိ၊ပန်းကပ်မည့်သူမရှိ၊ ရေးချမ်းကမ်မည့်သူမရှိ
 ခြောက်ခြောက်ကပ်ကပ် မျက်နှာညိုငယ်စွာနဲ့ပဲ စဲမြန်းနေပါတယ်။

စားရေးသူလည်း စိတ်ထဲမှ ဒီတစ်ခေါက်တော့ တပည့်တော် အရှင်ဘုရားတို့အား လပ်အုပ်ချီကာ ကန်တော့ခြင်းမှတစ်ပါး တခြားမတတ်နိုင်ပါဟု သာလျှောက်ထားခဲ့ရပါတယ်။

ကျောင်းတော်ကြီးမှာ မင်္ဂလာခန်းမအတွက်၊ ဧည်ခံ ခန်းမအတွက်အသုံးပြုပြီး သန့်ရှင်းရေးလုပ်မည့်သူမရှိလို့ ညစ်ပတ်နေပါတယ်။  ၉-ထပ်မှ ရေသန့်အိမ်သာကို အသုံးပြုဖို့ ဝင်ကြည့်သောအခါ ပျက်စီးယိုယွင်းနေပြီး သုံးမဖြစ်လို့ အောင့်အီးကာ ပြန်ဆင်းခဲ့ရပါတယ်။

တစ်နေ့က ဒီဗွီဘီသတင်းကို နားထောင်တော့ မဟာသန္တိသုခကျောင်းတော်ကြီးကို ဦးစီးတည်ထောင်တဲ့ ပီနန်ဆရာတော်ကြီးမှ  ကျောင်းတော်ကြီးပျက်စီး ယိုယွင်းနေတာကို ပြန်လည်ပြုပြင်လိုကြောင်းနှင့်  မူလရည်ရွယ်ချက်အတိုင်း ပြည်ပသာသနာပြုလုပ်ငန်း များကို ပြန်လည် အကောင်အထည်ရန်  ဆန္ဒရှိကြောင်း ကြားသိရတော့ စာရေးသူ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။

သတင်းအရ ဤကျောင်းတော်ကြီးကို သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော်သံဃနာယက  ဆရာတော် များမှ သိမ်းပိုက်ထားကြောင်းသိရပါတယ်။

“သမင်မွေးရင်းကျားစားရင်းဆိုသလို”  သာသနာရေးဌာနနှင့်နိုင်ငံတော်သံဃနာယက ဆရာတော်များ  ဦးစီးဆောင်ရွက်သောကျောင်းတော်တော်များများမှာ နှစ်တွေကြာသော်လည်း ဘာမှ ထူးထူးခြားခြား တိုးတက်မှုဖြစ်မလာတာကို တွေ့ရပါတယ်။

စားရေးသူတို့ ပထမပတ် ၁၉၉၉- ၂၀၀၂ နှစ်ကာ  သင်တန်းသားများမှာ ပြည်ပနိုင်ငံတော်တော် များများမှာ သာသနာပြုလို့နေပါပြီ။  စာရေးသူတို့နောက် မွေးထုတ်ပေးသော မဟာသန္တိသုခစသင်းတန်းသားများ
ဘယ်ဆီဘယ်ဝယ်ရောက်ကုန်းမှန်းမသိပါ။
ဆက်ရန်..၂

Wednesday, October 31, 2012

Thadingyut - The Light Festival


Thadingyut - the Light Festival
Introduction: The end of the Buddhist lent falls on the seventh month of Myanmar lunar calendar. And it coincides with the month of October. The period of Myanmar Buddhist Lent covers the peak of the rainy season, from July, August and September, and ends in the month of October. In this period, Buddhist monks had to take their vow in Waso, (July) that they will stay in their monastery during the whole rainy season. At the end of the lent period, in the month of Thadingyut (October) Monks are free to move about out of their monasteries. The month of October is also the time when the paddy fields are in full bloom with their ears upright turning towards heaven. The entire country side is like artificially covers with green carpet and white paddy birds flying above them.
At this time, the moon in the firmament is in full radiance. Spectacular is the scene in the lakes and ponds with five different species of lotus all in full bloom. All five species lotus flowers are in full bloom: the white lotus, the red lotus, the blue lotus, the Padoma lotus and Poun Najei Kya. This is the season to show their full splendor in the month of Thadingyut. Among the five lotus’s, the white and padoma with their beauty, fragrance and purity pop out from the pond surface are considered as very sacred by the Buddhist, as it signified the symbol of purity.

 Buddha Performing the Twin-miracles
The traditional festival annually held in this month originally started at the time of our Lord Buddha. On this full moon day of Waso is a commemoration of the event where our Lord Buddha performed the twin miracles in the royal park of King Kosala. In this twin miracle, both fire and water came out of Buddha’s body – through ears, nose and eyes at the same time. The miracle was performed as a show of his achievement to subdue those who refused to pay homage to him.

Abhidhamma Day
After this performing the twin-miracles, he ascended to the heaven of the thirty three Gods, Tavatimsa heaven to deliver Abhidhamma to his mother (Maha Maya) now taken rebirth as a Deva named Santussita deva (male Deva) in the assembly of Devas and Brahmas.
Our Lord Buddha observed his seventh Lent in Tavatimsa heaven. There, sitting on the brown emerald slab, “Pandukambala” the throne of Sakka, King of devas, he expounded the seven sections of Abhidhamma to his mother Santussita deva in the assembly of devas and Brahmas. The preaching of the Abhidhamma took the entire lent and ends in the full moon day of Thadingyut. In commemoration of this event, Buddhist all over the world celebrates this day as Abhidhamma day.

The Light Festival
On his return to the human world, the King of the Devas, Sakka, created three stairways:
 1. one of gold on the right side for the devas,
2. one of silver on the left side for the Brahmas and
3. one in the middle of rubies for the Lord Buddha.
 Many deities accompanied the Lord Buddha. They held several celestial regalia.
 * Panca Thinkha deva on the right played the “Veluva” harp in praise of the Lord Buddha.
 * Matali deva on the left carried flowers and fragrance to honor the Lord Buddha.
 * Suyama deva carried the yak tail fly whisk,
 * Santussita deva held the ruby-studded gold fan and
 * Sakka deva blew the “Vizayuttara” Conch Shell to celebrate the occasion.
All deities from the entire Universe gathered to pay homage to the Lord Buddha. The three stairways thus illuminated by the radiance from the Devas’ body lead the way to the gateway of the City of Sakassa on earth. When the Lord Buddha set foot upon the earth, the crowd that awaited at the city gate all paid obeisance to the Lord Buddha and a grand ceremony was held to welcome the blessed one. The Buddha with his miraculous power opens the sight for the human to see the grandeur of the accompanying Devas and Brahmas.
Thadingyut Light Festival
To commemorate this great event in the life of the Lord Buddha which took place on the Full moon day of Thidingyut the Myanmar people hold “Tawedeintha” (Tavatimsa) festival or “Myint Mo Festival” because Tavatimsa is said to be on the summit of Mt. Myint Mo (Mt-Meru). In Myanmar replicas of Myint Mo are constructed to represent the three stairways and candle-light lamps are lit in the Thadingyut festivals replicating the Lord Buddha descend from Tavatimsa heaven to the human world on this day of Thadingyut. Many made their offerings to shrines and pagodas and alms are given to the monks. Hymns are sung in praise of the Buddha and his teaching, the Dhamma. There are receptions where many are entertained with fruits, cakes and light refreshments.

Religious Festivals
The religious festivals held in the month of Thadingyut are: Pawa rana and Puja.
Pawa rana.


The function is performed by the monks at the end of the Buddhist Lent where a monk has to ask other monks to reprimand him for any sin he may have committed. This function takes place every year on the full moon day of Thidingyut in the ordination hall of the monastery. Before the function takes place, junior monks sweep the floor, clean the place, and fill the pots with drinking water. Seats are prepared for the monks and the monks led by the most senior monk assemble to perform the Pawa rana function.
The origin of Pawa rana dates back to the lifetime of the Lord Buddha. While the Lord Buddha was residing in Jetavana Vihara at Savatthi, some monks observed lent at a village in Kosala. These monks believed that unity and happiness among them could be achieved by not talking to one another because talking could cause argument and dispute. So they kept mum through out the lent period. When the Lent was over they visited the Lord Buddha and paid homage to him. The Lord Buddha greeted them by asking after their health, happiness and unity during Lent. The monks explained how they kept mum and silent so as to gain unity and happiness.
 The Lord Buddha admonished them, saying that keeping mum was like a deaf mute and that, that kind of behavior was disrespectful to the donors and supporters of Sangha. It is sinful for a monk to behave in such a manner. The best way to achieve unity and happiness among monks is by means of Pawa rana – by inviting monks to assemble and letting each monk by turn ask other monks to point out if he has seen, heard or suspected of committing any sin and if so, letting other monks reprimand the sinful monk. By so doing the sinful monk will become repentant and so be pardoned and the monks will live in harmony, unity and happiness.
Devotional Homage –Puja
The Puja is performed by laymen to worship or making devotional offering. In Buddhism there are five infinite debts of gratitude –
1. the gratitude owed to the Buddha,
2. the gratitude owed to the his teachings i.e. the Dhamma,
3. the gratitude owed to the Sangha (the assembly of monks)
4. the gratitude owed to the parents and
5. the gratitude owed to the teachers.
It is a religious obligation to worship and make devotional offerings to Buddha, Dhamma, Samghas, the parents, teachers and the elders... In addition those who are senior in age, rank, and position and those who have helped you while you are in difficulty should be respected, worshipped and given due puja.

Offerings of Gifts
The Full moon Day of Thadingyut is an auspicious occasion for Myanmar Buddhists to visit the aged, the seniors, the teachers and old friends to pay them reverence and give them devotional gifts. In return they receive blessings and loving kindness from them. To the minors some pocket money may he given by the aged for their enjoyment at the light festival of Thadingyut.
The procedure of puja is simple. The young’s sit in front of the aged or superiors and clasps the two hands and palms together in the form of a lotus bud and bows three times, asking forgiveness for any offense he or she may have committed physically, verbally or mentally. The aged then give in return pardon the young and some words of advice on good behavior, good conduct, good deed, and good way of living given in the Mangala Sutta.
The Festival of Lights in the month of Thadingyut is an occasion for rejoicing and merry-making but in essence it is an auspicious occasion for spiritual delight and merit making.
References:
Thadingyut, the Month of the Light Festival by Dr. Khin Maung Nyunt


Saturday, August 25, 2012

နတ်သမီးအလှအပနဲ့ ညီတော်မင်းနန်





                                                               နတ်သမီး အလှပနဲ့ ညီတော်မင်းနန္ဒ

ကပိလဝတ်ပြည်သို့ ဗုဒ္ဓရောက်ပြီး တတိယမြောက်နေ့မှာ မင်းကြီးဟာ သားတော်နန္ဒကို အိမ်ရှေ့နင်းရန်အတွက် ဇနပဒကလျာဏီနဲ့ ထိမ်းမြားပေးဖို့ စီစဉ်ပါတယ်။

ဗုဒ္ဓက မင်္ဂလာပွဲမှာ တရားဟော ဆွမ်းခံကြွပါတယ်။ ထိုနောက် ညီတော်မင်းနန် သပိတ

်ထမ်းစေကူ ကျောင်းတော်သို့ ခေါ်ဆောင်သွားပြီး ရဟန်းပြုပေးလိုက်ပါတယ်။

ညီတောင်းမင်းနန်သည် လက်ထက်ပြီးစ ချစ်ဇနီး ဇနပဒကလျာဏိ မင်းသမီးကို စွဲလမ်းမှုကြောင့် ရဟန်းဘဝမှာ မပျော်မွေ့ဖြစ်နေပါတယ်။
ဒီအကြောင်းကိုသိတဲ့ဗုဒ္ဓက ညီတော်မင်းနန်ကို နတ်ပြည်သို့ခေါ်သွားပြီး လမ်းတလျောက်မှာတွေ့သော မျောက်မနှင့် ဇနပဒကလျာဏီ။ နတ်ပြည်သို့ရောက်သောအခါ နတ်သမီးနှင့် ဇနပဒကလျာဏီ တို့ကို နိုင်းယှဉ်ပြပါတယ်။

ထိုနောက် ညီတော်မင်းနန်ဟာ နတ်သမီးအလှကို လိုချင်ဇော မက်မောသောစိတ်တို့ဖြင့် တရားကျင့်ရာ နောက်ဆုံး သံဝေဂရပြီး ရဟန္တာဖြစ်သွားပါတယ်။
 
                                                          ပါရမိဖြည့်ဖက် ( ယသော်ဓရာ)


ဗုဒ္ဓကို နန်းတွင်းသူ နန်းတွင်းသားများအားလုံးက
လာရောက်ဖူးတွေ့ကြပါတယ်။ယသော်ဓရာကတော့ အပေါင်းအဖော်များက ခေါ်သော်လည်း နန်းတွင်းဆောင်မှ ထွက်မလာသေးပါဘူး။

“ ကျမ ကျေးဇူးတရားများကို ထောက်ဆ၍ .. သနားတော်မူပါလျှင် ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက် အပူဇော်ခံပါလိမ့်မယ်။ ထိုအခါမှ အားရပါရ ဖူမျှော် ကန်တော့ရပါစေ” ဟု ပြောကြားသောအခါ..

ဗုဒ္ဓဟာ ယသော်ဓရာရဲ့ ကောင်းကျိုးကို လိုလားတော်မူသဖြင့် ခမည်းတော်၊ အဂ္ဂသာဝက နှစ်ပါးနှင့်အတူ ယသော်ဓရာ နန်းမဆောင်သို့ ကြွတော်မူပါတယ်။

ထိုအခါ ယသော်ဓရာ ကပျာကယာလာ၍ ခြေတော်ဦးခိုက်၍ ပူဇော်ကန်တော့သည်မှာ မျက်နှာဦးခေါင်းကို ဗုဒ္ဓ ခြေဖမိုးပေါ်မှာ လှိမ်ကာ အားရအောင် ကန်တော့ရှာပါတယ်။

ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း ( စန္ဒကိန္နရီဇာတ်)

သည်တွင် မင်းကြီးက ဗုဒ္ဓအား ယသော်ဓရာရဲ့ ဂုဏ်အထူးကို ချီးကျူးပါတော့တယ်။

“ သမီးတော်ဟာ သားတော်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ပါတယ်။
၁။ သားဗုဒ္ဓ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ပြီ ဟုကြားသိသောအခါ သမီးတော်လည်း ဖန်ရည်စွန်းသော အဝတ်ကိုသာ ဝတ်ပါတယ်။

၂။ သားဗုဒ္ဓက ဆွမ်း တထပ်သာ စားတယ်လို့ ကြားသောအခါ သမီးတော်လည်း တထပ်သာ စားပါတယ်။

၃။ သားဗုဒ္ဓ မြတ်သော နေရာကို ပယ်တယ်လို့ ကြားသောအခါ သမီးတော်လည်း နိမ့်သော ညောင်စောင်းမှာသာ အိပ်ပါတယ်။

၎။ သားဗုဒ္ဓက ပန်းရနံ့ကို ပယ်တယ်လို့ကြားရတဲ့အခါ သမီးတော်လည်း ပန်းနုံ့သားတို့ကို စွန့်ပယ်ပါတယ်။

ထိုအခါဗုဒ္ဓက ယခုမှမဟုတ် အတိတ် ကိန္နရာမျိုးဖြစ်စဉ်က ယသော်ဓရာအလောင် စန္ဒကိန္နရီဟာ ချစ်ခင်၊ မေတ္တာ၊ သစ္စာရှိခဲ့ပုံကိုပြဆိုသော စန္ဒကိန္နရီ ဇာတ်ကို ယသော်ဓရာ အဆောင်၌ပင် ဟောတော်မူပါတယ်။
 

Thursday, August 23, 2012

မာရ်နတ်ဆိုတာ..


ဆွမ်းဘုဉ်းပေးပြီ အင်ကြင်းတောမှာ နေသန်စင်တော်မူပါတယ်။ ညနေချမ်းမှာတော့ ထိုနေရာမှ ဗောဓိညောင်ပင်ဆီသို့ ကြွတော်မူပါတယ်။ ထိုသို့ကြွရာလမ်းမှာ မြက်ရိတ်ပြန်လာသော ပုဏ္ဏားက မြတ်စည်းကလေး ရှစ်စည်း လှူဒါန်းလိုက်ပါတယ်။

ဘုရားလောင် ဗောဓိပင်သို့ရောက်တော့ အသင့်ယူလာတဲ့ မြက်ရှစ်စည်းကို ခင်းတော်မူပြီး အရှေသို့မျက်နှာမူကာတင်ပလ္လင်ခွေထိုင်နေတော်မူပါတယ်။

ဘုရားလောင်းက … “ အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားနှင့် အသွေးတို့ ခန်းခြောက်စေကာမူ ဘုရားမဖြစ်လျှင် ဤတင်ပလ္လင်ခွေမဖျက်တော့” ဟု အဓိဋ္ဌာန်တော်မူပါတယ်။

ဇွဲ ၊ ဝိရိယတို့နဲ့ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများနေပါတယ်။ အချိန်ကလည်း ညနေ နေချည်ဖြိုးဖျဖြစ်၍ ရွက်ဟောင်းလေးများ
ကြွေကျ၍ အရွက်အသစ် အညွှန့်ကလေးများကလည်း လှပစွာ ကြည်နူးဖွယ်ရာ ပေါ်ထွက်လာတဲ့ အချိန်ပါပဲ။

ထိုသို့ ထိုင်နေပုံကို မြင်ရတဲ့ မာရ်နတ်က ဘုရားဖြစ်မှာ မနာလို အနှောက်အယှက်ပေးလိုသဖြင့် သူရဲ့ အာဏာစက် ပြန့်နှံ့ရာ နတ်စစ်သည်အပေါင်းကို ဆင်ခေါ်၍ သူကိုယ်တိုင်လည်း စစ်တပ်ကြီးချီကာ တက်လာပါတယ်။

ထိုသို့ စစ်သည်များစွာ ခြိမ်းခြောက်မှုမျိုးစုံတို့ဖြင့် အနှောက်အယှက်ပေးတဲ့ မာရ်နတ်ရဲ့ စစ်သည်တော်တွေကို ဘုရားလောင်းက ၄-သင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့သော ပါရမီတော်များနဲ့ ခုခံတော်မူပါတယ်။

နောက်ဆုံး၌ .. “ ဝေဿန္တရာမင်း ဘဝတုန်းက ဒါနပါရမီ ဖြည့်တော်မူစဉ် အသင်မြေကြီးဟာ ပြင်းထန်းစွာ တုန်လှုပ်ဖူးတယ်မဟုတ်လား” ဟု မိန့်တော်မူကာ လက်တော်ဖြင့် မြေကြီးကို ညွှန်ပြတော်မူလိုက်ရာ ကမ္ဘာမြေကြီး သွက်သွက်ခါအောင် တုန်လှုပ်ပါတယ်။

ထိုအခါမှ ဂီရိမေခလာ ဆင်ပြောင်ကြီး ရန်မမူနိုင်တော့ပဲ ဒူးတုပ်နေရပါတယ်။ စစ်တပ်တို့လည်း လန့်၍ ထွက်ပြေးကြပါတယ်။

ဤသို့ နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်း ဘာဝနာ ဆက်လက် ပွားများတော်မူပါတယ်။
အလယ်အလတ်လမ်းအတွက် သုဇာတာရဲ့ နိုဃနာဆွမ်း

 ဘုရားလောင်းက .. ၆-နှစ်တာ ခက်ခက်ခဲခဲကျင့်သော်လည်း ထူးခြားမှုမရှိ ။ အာဟာရဓာတ်မရှိ၍ ခန္ဓာကိုယ် အင်အားမရှိလျှင် ဘာသစ္စာတရားမှ ရမည်မဟုတ်ဟု သိတော်မူလို့ အစာပြန်စားရန်ဆုံးဖြတ်တော်မူပါတယ်။

ဥရုဝေလာတောအနီး သေနာနိဂုံဝယ် သူဋ္ဌေးကတော် သုဇာတာဟာ အပျိုဘဝတုန်းက ညောင်ပင်ကြီးမှာ သားဆုပန်ခဲ့ဖူရာ ဆုပြည့်သဖြင့် ညောင်ပင်စောင့်နတ်အား နှစ်စဉ်ပူဇော်လေ့ရှိရာ ကဆုန်လပြည့်နေ့မှာ ညောင်ပင်အောက်မှာ ထိုင်နေတောမူသော အလွန်သပ္ပာယ်သော ဘုရားလောင်းကို မြင်တော်မူ၍ အလွန်ကြည်ညိုရကာ နိုဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်းလိုက်ပါတယ်။

သုဇာတာရဲ့ ဆွမ်းကို နေရဉ္ဖရာမြစ်ကမ်းမှာ ၄၉ လုတ်ဘုဉ်းပေးတော်မူပါတယ်။ ထိုသို့ဘုဉ်းပေးပြီးနောက် " ယနေ့ ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်ဟာ ရေညာသို့ ဆန်တတ်ပါစေသတည်း" ဟု အဓိဋ္ဌာန်ကာ ရေမှာမျှောလိုက်ရာ ရွှေခွက်လည်း ရေညာသို့ ဆန်တက်ပါတယ်။

ဘုရားလောင်း အစာအဟာရ ပြန်စားသောအခါ .. ဒုက္ကရစရိယာကျင့်စဉ်က အလွန်ကြည်ညိုကြသော ဗုဒ္ဓဖြစ်လျှင် တရားဦးနာမည်ဟု မျှော်လင့်ကာ
စောင့်စားနေကြသော ပဉ္စဝဂ္ဂိ ၅-ဦးက ခက်ခက်ခဲခဲ ကျင့်တုန်းကမှ တရားမရ… လွယ်လွယ်ကလေး အစားစားပြီး ကျင့်လို့ကတော့ ဗုဒ္ဓမဖြစ်နိုင် ထင်ယောင်မှားက ဘုရားလောင်းထံမှ ဖဲခွါသွားပါတယ်။

Followers

My Blog List