Tuesday, February 19, 2013

အဲဖရက်နိုဘယ် ( ALFRED NOBEL)

 လူတွေဟာ တောင်းတလိုလားမှုနဲ့ ဆန်ကျင်တဲ့ အလုပ်တွေကို လုပ်ရတတ်တယ်။
စဉ်းစားကြည့်ရင် အလုပ်ဟာ အလုပ်. ဆန္ဒဟာ  ဆန္ဒပဲ။
အရေးကြီးတာက စေတနာပြဋ္ဌာန်းချက် မှန်ကန်ဖို့။



၁)
 လူတွေက အဲဖရက်နိုဘယ်ကို  ဆန့်ကျင်ဖက်နှစ်ခု ဖွဲ့စည်းထားသူလို့ ဆိုကြတယ်။  ဘာကြောင့်လဲဆိုတော့...။ သူက လူတွေကို သေကျေ ပျက်စီးစေတဲ့ လက်နက် ခဲယမ်းမီကျောက်လုပ်ငန်းနဲ့ အကြီးအကျယ် ကြွယ်ဝချမ်းသာတဲ့ သန်းကြွယ်သူဌေး။ပြီးတော့ တစ်ဖက်မှာ သူက..ကမ္ဘာငြိမ်းချမ်းရေး ကိုလိုလားတောင်းတခဲ့သူ။

လူတွေရဲ့ ဒီစွက်စွဲချက်ကို  သူကောင်းကောင်း ချေပနိုင်ခဲ့တယ်။ "လူတွေဟာ တောင်းတလိုလားမှုနဲ့ ဆန်ကျင်တဲ့ အလုပ်တွေကို လုပ်ရတတ်တယ်။စဉ်းစားကြည့်ရင် အလုပ်ဟာ အလုပ်.
ဆန္ဒဟာ  ဆန္ဒပဲ။ အရေးကြီးတာက စေတနာပြဋ္ဌာန်းချက် မှန်ကန်ဖို့" ဟု ကြောင်း/ကျိုးဆီလျှော်အောင် ပြောတတ်သူဖြစ်တယ်။ သူရဲ့ ပင်ကိုယ်က  တစ်ယောက်တည်း နေရတာကို ပိုနှစ်သက်တယ်။ တစ်ယောက်တည်း နေရတာက စဉ်းစား ဥာဏ်ကို အင်အားတစ်ခုဖြစ်စေတယ်ဟု ဆိုတယ်။


သူကို အဲဖရက် နိုဘယ်ဟု လူသိများလာခြင်းမှာ သူရဲ့ ကြွယ်ဝချမ်းသားခြင်း၊ သိပ္ပံဆိုင်ရာ တည်ထွင်းခြင်းမျာ ထက် ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုကြောင့်ဖြစ်သည်ဟု  အများက ဆိုကြတယ်။ အမှန်အားဖြင့် သူဟာ တီထွင်မှုနှင့် စိးပွားရေးလုပ်ငန်းတွင် ဘဝနှစ်မြုပ်ထားသော်လည်း  အနုပညာ ဆန်ဆန် ကဗျာရေးဖို့ ကြိုးစားခဲ့ဘူးတယ်။
 
၂)
နိဘယ်ကို ဆွီဒင်ပြည် စတော့ဟုမ်းမြို့တွင် မွေးဖွားခဲ့ပြီး သူမွေးနေသောနှစ်မှာ ဖခင်လုပ်ငန်း စီးပွာ ပျက်သော နှစ်ဖြစ်တယ်။  သူအဖေက  စွန့်စားသူဖြစ်သလို ၊ အနာဂတ်အတွက် နယ်မြေသစ်ကို ရှာဖွေခဲ့သူ ဖြစ်တယ်။ သူ့ဖခင် စိးပွားပျက်တော့ သားသမီး သုံးယောက်ကို ထားခဲ့ကာ ဖင်လန်ပြည်သို့ ထွက်ခွာခဲ့တယ်။
 
နောက်လေးနှစ်အတွင်းမှာ မိုင်းဗုံးကို တည်ထွင်နိုင်ခဲ့၍ စီးပွား ဦးမော့လာတယ်။ ရုရှားပြည် ဇာဘုရင်ကိုယ်တိုင် မြှောက်စားခြင်းကို ခံခဲရတယ်။   ဘခင်ဖြစ်သူက သူ့သားမီးတွေကို အိမ်မှာ ဆရာငှား စာသင်စေခြင်းကြောင်  နိုဘယ်ဟာ  ရုရှား၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမန်ဘာသားများ ကောင်းကောင်း ကျွမ်ကျင်သူဖြစ်တယ်။ ဖခင်အမြော်အမြင် ကြီးမားမှုကြောင့် နိုဘယ် ဆယ့်ခြောက်နှစ်အရွယ်မှာ ဥရောပနဲ့ အမေရိကကို ခရီးထွက်ခဲ့တယ်။
 
၁၈၉၄-ခု နှစ်မှာဖြစ်သော ကရိုင်းမီယန်းစစ်ပွဲ ( Crimean War) နိုဘယ်အတွက် အလုပ်တွေအများကြီး လုပ်ခဲ့ရလို အားတက်စရာဖြစ်ပေမယ့်၊ အားပြက်စရာ အနိဋ္ဌာတွေနဲ့လည်း ဆုံတွေရတယ်။ ဒီစစ်ပွဲမှာ သူ ဗုံးတွေ အများကြီးထုပ်လုပ်နိုင်ခဲ့တယ်။ ရုရှားတွေ အထိနာခဲ့တယ်။ ဒါကြောင့် ရုရှားမှာ အသစ် တက်လာတဲ့ ဇာဘုရင် ပုဂ္ဂလိကလုပ်ငန်းတွေ ၊ ကန်ထရိုက်တွေ ဖျက်သိမ်းလို့  လုပ်ငန်းတွေဆုံးရှုံးတယ်။ ဒီမှာပဲ အလုပ်ရုံ မိလောင်လို့ ဒုတိယအကြိမ် စီးပွား ပျက်ကပ်နဲ့ ဆုံတွေ့ရပြန်တယ်။
 
ထို့နော် သူတစ်ဦးတည်း စစ်ပွဲတွင် တွေ့ကြုံခဲ့ရတဲ့  နိုက်တြိုဂလစ်စရင်း ( Nitro Clycerine)  ဓာတ်ပေါင်းနဲ့ ပတ်သတ်လို့ သုတေသနပြုခဲ့တယ်။ ထို့နောက် မိဘများရှိရာ စကောဟုမ်းကို ပြန်ပြီး ပေါက်ကွဲ ပစ္စည် တစ်ခု တည်ထွင်ရန် ကြိုးစားခဲ့တယ်။
 
 
၃)
၁၈၆၃- ခုနှစ်တွင် နိုဘယ်၏ စမ်းသပ်မှု အောင်မြင်းခြင်းဖြင့် " နိုက်တြိုဂလစ်စရင်" ထုတ်လုပ်မှု မှုပိုင်ရခဲ့တယ်။ ဗုံအသေးစား ပေါက်ကွ တုန်ခါမှုသဘောကို တွေ့ရှိရပြီးနောက် သူအပြင်သွားနေခိုက်  စမ်းသမ်းခန်းမှာ ပေါက်ကွဲမှုဖြစ်လို့ သူ့ညီ အော်ကာနဲ့ လူသုံယောက် သေဆုံးရတယ်။
 
ပေါက်ကွဲမှု့ကြောင့် လူတွေသေဆုံးရခြင်းကြောင့် အမှုပြဿနာ ရင်ဆိုင်ရတယ်။ ကံကောင်းထောက်မစွာ အပြင်ကင်းစွာဖြင့် နိုဘယ်ဟာ ကိုယ့်အား ကိုယ့်ကိုးစိတ်ဓာတ်ဖြင့် စီးပွာရေးဝိသမ လောဘသားများအလယ်မှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။
 
စီးပွားရေးလည်းပျက် ဖခင်ဖြစ်သူလည်း ဆုံးရှုံးသဖြင့် နော်ဝေနိုင်ငံရဲ့ မူပိုင်ခွင့်ကို ရောင်းလိုက်ရတယ်။ ဒါပမေယ့် နိုဘယ် စိတ်မပျက်ပဲ ဆက်လက်တည်ထွင်ကြံဆလို့  သူရဲ့ နိုက်တြိုဂလစ်စရင်းမှ အခြေခံလို့  ဒိုင်းနမိုက်ကို တည်ထွင်နိုင်ခဲ့တယ်။
 
၁၈၆၇- ၆၈ ခုနှစ်များတွင် သူရဲ့ ဒိုင်းနမိုက် နိုင်ငံအနှံ့အပြားမှာ ရောင်းချနိုင်ပြီး အောင်မြင်မှု အထိမ်းအမှတ် အဖြစ် " ဆွီဒင်သိပ္ပံ အကယ်ဒမီ" ( Swedhsh Academy of Science) မှ ရွှေတံဆိပ်ဆို ချီးမြှင်းခဲ့တယ်။ နိုဘယ်ကိုယ်တိုင်ကလည်း သူဋ္ဌေးတစ်ယောက်ဖြစ်နေပြီး။
 
 
၎)
နိုးဘယ်တစ်ယောက် စီးပွားရေး အောင်မြင်သူဖြစ်သော်လည်း အချစ်ကံခေသူဖြစ်တယ်။ သို့သော် ချစ်သူ မရှိမဟုတ် ဘာသာဆိုတဲ့ အမျိုးသမီးလေးကို တစ်ဖက်သက်ချစ်နေသူ။ သည့်အတွက်ကြောင့် ဘသာ (Bertha) ကို သူ့ရဲ့ အတွင်းအရေးမှုးခံထားတယ်။  ဘာသာဟာ ..သူရဲ့ ချစ်သူနဲ့ လက်ထပ်သွားတယ်။ နိုဘယ်မှာတော့ တစ်ကိုယ်တည်း လူပျိုးကြီးပေါ့။

နိုးဘယ်က ဘာသာကို ချစ်မြတ်နိုးသလို့  သာသာရဲ့ စူးရှထက်မြက်တဲ့ အတွေးခေါ်ကိုလည်း နှစ်သက်သူဖြစ်တယ်။
 
ထိုအချိန်က ဥရောပမှာ စစ်သွေးကြွတွေ ထကြွသောင်းကျန်းလို့ လူတိုင်းရဲ့ ပါစပ်ဖြားမှာ စစ်အကြောင်းသာ ပြောနေကြချိန်။ တချိန်းတည်းမှာပဲ့ သူရဲ့ ချစ်သူ ဘာသာက လူလောကကြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ( Lay Down Arms ) လက်နက်ချ အမည်ရှိ ဝတ္ထု တစ်ပုဒ်ကို ရေးတယ်။ ဒီဝတ္ထုလည်း တော်တော် အောင်မြင်တယ်။
 
ဘာသာဟာ ငြိမ်းဆောင်ရေးကို ဦးတည်နေသူမို့ တတိယအကြိမ်း ငြိမ်းချမ်းရေး ကွန်ဂရက်မှာ သြစတေလျ ကိုယ်စား အဖွဲ့ခေါင်းဆောင်ဖြစ်လာတယ်။
 
ဘာသာဟာ ငြိမ်းချမ်းကို စွမ်းစွမ်းတမန် ဆောင်လာလို့ နိုဘယ်ရဲ့ နှလုံးသားမှာလည်း ငြိမ်းချမ်းရေး အသီးအပွင်တွေ ဝေဆာလာရတယ်။
 
၁၈၉၃-ခုနှစ်တွင် ချစ်သူ ဘာသာရဲ့ စွမ်းဆောင်မှုကြောင့် နိုဘယ်ဟာ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်သူများကို ငြိမ်းချမ်းရေး နိုဘယ်ဆုပေးရန် ဆုံးဖြတ်လိုက်ပါတယ်။  ဒါဟာ.. ချစ်ဘာသာရဲ့ ဆွဲဆောင်မှု မမေ့နိုင်စရာ အမှတ်တရဟု ... လူပျိုကြီးမှ .. အချစ်စကားဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို သက်သေထူခဲ့တယ်လို့ ဆိုရပါစေ။
 


ကျမ်းကိုး။   ။ သမိုင်းကို ဖန်တီးခဲ့သူးများ ( အောင်မြတ်ဦး)

No comments:

Followers

My Blog List