သမီးလေး မူလတန်းစတက်တဲ့အချိန်ကပေါ့။ သမီးလေးရဲ့ ထူးဆန်းတဲ့ အပြုအမှုတွေနဲ့ ပတ်သတ်ပြီး မေမေကို ပြောပြဖို့ သမီးရဲ့ မူလတန်းကျာင်းဆရာမက မေးမေးကို လာတွေ့ဖို့ခေါ်လိုက်တယ်။
သမီးလေးက တစ်ကျောင်လုံး အုတ်အော်သောင်းနင်ဖြစ်အောင် လုပ်ပြစ်တာကို။ သမီးလေးတို့ အခန်းထဲမှာ ပုံပြောလေ့ကျင့်ခန်းလုပ်တော့ သမီးလေက ဆိုင်းမဆင့် ဗိုင်မဆင့် သမီးလေးရဲ့ အတိတ်ဘဝအကြောင်းကို စီကာပတ်ကုံးပြောနေတာကို။ ပထမတော့ ဆရာမက ဒါဟာ ကလေးတွေရဲ့ ကြောင်ကြောင်တောင်တောင် အပြုအမှုလို့ ထင်ခဲ့တယ်။ သူတို့ သမီးပြောပြတဲ ဇာတ်လမ်းကို သေးသိမ်အောင်လုပ်ပစ်တယ်။ ဆန့်ကျင်ဘက် အတွေးတွေပြောပြီး သမီးလေးရဲ့ အမှားကိုစောင့်ဖမ်းကြတယ်။ ဒါပေမယ့် သမီးလေးက အမှားမခံဘူး၊ နောက်ဆုံးတော့ မေမေ ကျောင်းအုပ်ဆရာမ ရုံးခန်းကို ရောက်တော့တာပဲ။ ဆရာတွေက သမီးလေး စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုရှိ၊မရှိ စိတ္တဇ ဆရာဝန်ကို ပြဖို့ အကြံပေးတယ်။
သူတို့ ပြောချင်ရာ ပြောပါစေ မေမေ့သမိးလေး အကြောင်းမေမေ သိနေတာပဲ။ ဘာမှစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမရှိ သာမန် အကောင်းပကတိ ဆိုတာ သိနေတာပဲ။
ထူးထူးဆန်းဆန်းဖြစ်နေတဲ့ ဆရာမတွေကြားမှာ သမီးလေးရဲ့ အတိတ်ဘဝ အကြောင်းကိုပြောပြခဲ့တဲ့ နေ့ရက်တွေတောင် မေ့ချင်မေ့နေလောက်ပါပြီနော်
သမီးရေ ခု ၂၁-စုခေတ်မှာ လူဝင်စားအကြောင်းတွေ ၊ ကံ၊ကံရဲ့အကျိုးတွေဆိုတာ အနောက်တိုင်းတွေမှာတောင် ခေတ်စားနေပြီးလို့
သတင်းတွေမှ၊ စာပေတွေမှ တဆင့် မေမေသိနေရတယ်။
မေမေ ဆောင်းပါး တစ်ပုဒ်ဖတ်ရတယ်။ အမေရိကမှာ လူဝင်စားကိစ္စကို အာရုံစူးစိုက်လေ့လာပြီး ကိုယ့်ဘဝအကြောင်း သိတဲ့အုပ်စုတွေတောင် ရှိနေပြီတဲ့။ ၁၉-ရာစုလောက်က နယူအော်လန် ပြည်နယ်မှာ အမျိုးသမိးတစ်ယောက်က "ကျမဟာ အတိတ်ဘဝက ပြည့်တန်ဆာမ တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကြောင့်လက်ရှိဘဝမှာ ကျမယောက်ျားအပေါ်မှာ သစ္စာမစောင့်စည်းနိုင်တာ" တဲ့။ အသားရောင်ခွဲခြာတတ်တဲ့ ဓာတ်ဆီဆိုင် ဆီဖြည့်အလုပ်သမား တစ်ယောက်လည်း သူဟာ ၁၆-ရာစုလောက်တုန်း က လေ့လာရေးခရီးထွက်တော့ အာဖရိကတောနက်ထဲမှာ လူမည်းတွေက သူ့ကို သတ်ဖြတ်စားသောက်ခဲ့ကြတယ်။ ဒါကြောင့် ခုဘဝမှာ သူဟာ လူမဲတွေကို မုန်းတီးနေတာလို့ပြောတယ်။
ကဲ.. သမိး လူတွေဟာ ဘယ်လောက် စိတ်စေရာကို လိုက်လုပ်နေသလဲ ဆိုတာ.. ဗုဒ္ဓအလိုအရ အတိတ်ဆိုတာ ရှိပေမယ့် .. ပစ္စုပ္ပန်ဘဝမှာ လူဖြစ်တာဟာ အတိတ်လူမဟုတ်တော့ဘူး။
အခြားလူတစ်ယောက်ဖြစ်သွားပြီ၊ ကံလို့ခေါ်တဲ့ စွမ်းအင်လေး
လောက်သာပါလာတာ သမီးရဲ့။သမီးလေး မူလတန်းကျောင်းမှာ
ဖြစ်ခဲ့တဲကိစ္စကြောင့် မေမေကြီး လူဝင်းစားနဲ့ ပတ်သတ်တဲ့ စာအုပ် စာတမ်းတွေ ရှာဖွေလေ့လာခဲ့တယ်။ ဒါနဲ့ပတ်သတ်လို့ ဗဟုသုတများများရှိလာရင် သမီးလေးအကြောင်း ပိုမိုနားလည် သဘောပေါက်အောင်လေ။ ဆောင်းပါး တစ်ပုဒ်းမှာ ဖတ်ရတာတော့ အတိတ်ဘဝအကြောင်း ကောင်းကောင်း မှတ်မိနေတဲ့ ကလေးတွေဟာ အရွယ်မရောက်ခင် သေဆုံးသူတွေနဲ့၊ သေချင်းဆိုးနဲ့ သေကျေခဲ့ရသူ တွေဖြစ်တယ်တဲ့။
သမီးလေး ညအိပ်ရာဝင်တိုင်း အိပ်မပျောက်ရင် မေမေက ပုံပြင်တွေပြောပြလို့ ၊ သမီးလေး ပျော်စရာ ဇာတ်သိမ်းတွေကိုပဲ
ရွေးပြောခိုင်းတာ။ စိတ်မကောင်းစရာ ပုံပြင်ကို မကြိုက်ဘူးတဲ့။ တခါတလေ သမီလေး နာမလည်ဘူးဆိုလို့ နှစ်ကြိမ်၊ သုံးကြိမ်တောင် ရှင်းပြရတာ မှတ်မိသေးလား။
ဇာတ်လမ်းတစ်ပုဒ်ပြီးတိုင်း မေမေက သမီးလေးကို မွေးမွေးပေးလေးရှိတယ်။ ဒီတော့ သမီးက ဇာတ်သိမ်းပိုင်းရောက်တိုင်း ဒီအတိုင်းကြီးပဲလားတဲ့။
သမီးလေး နည်းနည်းသိတတ်လာတော့ မေမေနဲ့ အတူမသိပ်တော့ပဲ သီးခြားအခန်းမှာ ခွဲသိပ်တယ်။ တစ်ခါတရံ သမီးလေက ကြောက်လို့
ထင်ပါရဲ့ မေမေရဲ့ အိပ်ယာဆီကို လာခဲ့တယ်။ ဒါပေမယ့် သမီးလေး အကျင့်ပျက်မှာ စိုးလို့ မေမေအတူ ခေါ်မသိပ်ဘဲ၊ အိပ်ချင်ရောင်ဆောင်နေလိုက်တယ်။ ဒီတော့ သမီးလေးက သာသာလေး မေမေ့နားမှာ လာခွေအိပ်နေလိုက်တယ်။ မေမေသိသားပဲ သက်သက်အိပ်ချင်ယောင်ဆောင်နေတာ။ သမီးလေးလဲ အိပ်မောကျရော သမီးကို အသာအယာပွေ့ချီလို့ သမီးလေးအိပ်ခန်းဆီး ပို့လိုက်တယ်။ အဲဒါတွေကို သမီးလေ ဘာဆို ဘာမှမသိလောက်ပါဘူး။
သမီလေးက တခါတလေ နေ့ခင်း ကြောင်တော်မှာတောင်
ကြောက်တတ်တယ်။ ဘာမဟုတ် အိမ်ထဲမှာ ပုရွဲဆိတ်တွေရောက်လာရင်လည်း ကြောက်တတ်တယ်။ ဒီအခါမှာ လူဆိုတာ ကြောင်စိတ်ကို ပယ်ဖျောက်ရတယ် သတ္တိကိုမွေးမြူးရတယ်ဆိုတဲ့ ဗီဇမြင့်တင်မှုနဲ့ သတ္တိမြင့်တင်မှုတွေကို ပြောပြရတယ်။
မေမေရဲ့ အမေဟာ ၁၆-နှစ်မှာအရွယ်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီး ၁၇-နှစ်အရွယ်မှာ မေမေ့ကို မွေးတယ်။ မေမေရဲ့ကလေးဘဝတစ်လျှောက်မှာ မေမေက ပြသတဲ့မေတ္တာအမှတ်လက္ခဏာ ကို တစ်ခါမှ မတွေ့မမြင်ခဲဖူးဘူး။ သူတို့အိမ်ထောင်ရေးကိုက နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်လို့ ယူခဲ့ကြာတာမဟုတ်ဘူးတဲ့။
မေမေရဲ့မေတ္တာကို မရတော့ မေမေဟာ ကိုယ့်ကမ္ဘာလေးထဲမှာပဲ လုံခြုံအောင်ခိုလုံနေရတယ်။ မေတ္တာဆိုင်ရာ စာအုပ်တွေ ၊ စွန့်စားခန်းစာအုပ်တွေဖတ်ဖြစ်တယ်။ မေတ္တာခေါင်းပါးနေတဲ့ လူတွေကို မေတ္တာပေးဝေချင်တယ်။ ဇာတ်တော်တွေဖက်တိုင်း ဘုရားလောင်းဟာ မေမေ့ရဲ့ စံပြပုဂ္ဂိုလ်၊ လေးစားတဲပုဂ္ဂိုလ်တစ်ယောက်ပဲ။
မြန်မာ့သမိုင်း ပြည်သူ့အကျိုးပြု မြန်မာအမျိုးသမီးတွေထဲမှာဆို ဒေါ်ဦဇွန်းဟာ မေမေသဘောအကျဆုံး အမျိုးသမီးကြီးပဲသမီး။
ဒေါ်ဦးဇွန်းဟာ ငယ်စဉ်ကတည်းက အလှအပ၊ ပကာသနတွေကို မခုံမင်ခဲ့ဘူး။ မိဘနှစ်ဦးကို စောင့်ရှောက်ရင်းနေလာခဲ့သူ ဖြစ်တယ်။ မိဘနှစ်ပါး ဘဝတစ်ပါး ပြောင်းသွားတဲ့အခါ စိတ်မှာ မပျော်ရွှင်တော့ပဲ မိဘနှစ်ပါးကိုသာ သတိတရ ရှိနေတဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင် ရန်ကုန်ကို ဘုရားဖူး ထွက်လာရင်း ပြင်သစ်ခရစ်ယာန်သီလရှင်များရဲ့ လူအိုရုံကို ဝင်လေ့လာ ဖြစ်ခဲ့ရာက ထိုလုပ်ငန်းကို သိပ်သဘောကျသွားပြီး မြန်မာ့ ဗုဒ္ဓဘာသာ လူအိုရုံများ ပေါ်ထွက်လာဖို့ မိမိကပဲ စလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိဘနှစ်ပါးကိုယ်စား သက်ရှိထင်ရှား ရှိနေတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တော့မယ်လို့ သံန္နိဌာန်ချလိုက်တယ်တဲ့။ဒေါ်ဦးဇွန်းဟာ မန္တလေးကို ပြန်ရောက်တာနဲ့ ဒီလုပ်ငန်းကို စတင်အကောင်အထည် ဖော်တယ်။
၁၁-၁-၁၉၁၅ ခုနှစ် တနင်္လာနေ့မှာ သီလရှင်ကြီး ဒေါ်ဥတ္တမစာရီ အကူအညီနဲ့ မင်းကွန်းခေါင်းလောင်းကြီးနားက အေးချမ်းသာယာလှတဲ့ မြေနေရာလေးမှာ နောင်တစ်ချိန် မင်းကွန်း ဘိုးဘွားရိပ်သာ ဖြစ်လာမယ့် အစ ကမ္မဌာန်းကျောင်း ၃ ကျောင်းဆောက်ကာ အသက် ၉၅ နှစ် အရွယ်ရှိတဲ့ ဘိုးဆင့်၊ အသက် ၉၈ နှစ် အရွယ်ရှိတဲ့ ဖွားစိုး နဲ့ အသက် ၈၅ နှစ် အရွယ်ရှိတဲ့ ဖွားမယ်တို့ ၃ဦးကို ဒေါ်ဦးဇွန်း ကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးရဲ့ အကူအညီနဲ့ စတင် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာ ဘိုးဘွား ၂၀ ဦးထိ လက်ခံလာနိုင်ကာ ကုန်ကျစရိတ်များ အားလုံးကို ဒေါ်ဦးဇွန်းတစ်ဦးတည်းကသာ ကျခံခဲ့တယ်။
သီလရှင်ကြီး ဒေါ်ဥတ္တမစာရီက သူမ၏သားဖြစ်တဲ့ စာရေးကြီးဦးဘကျန်းကို အောက်ပြည်မှ ခေါ်ယူကာ တစ်တပ်တစ်အား ဝင်ကူစေခဲ့တယ်။ မန္တလေးမှ BIA ဦးမောင်ကြီးလည်း ရောက်ရှိလာကာ မြန်မာဆေးဝါးများနဲ့ ဘိုးဘွားများကို ကျန်းမာရေး တာဝန်ယူခဲ့ကာ စာရေးကြီးဦးဘကျန်းနဲ့ အတူ ဘိုးဘွားများရဲ့ အဝတ်အစားများကို လျှော်ဖွတ် ကုသိုလ် ယူခဲ့ကြသည်မှာ လွန်စွာ အားကျစရာ ကောင်းတယ်သမီး။
မေမေလည်း ငယ်ငယ်က အထိးကျန်ခဲ့တာနဲ့ ဒေါ်ဥိးဇွန်လိုမျိုး အမျိုးသမီးကြီး တစ်ယောက်ဖြစ်ချင်ခဲ့ တယ်သမိး။
ဒါနဲ့သမီး နောက်တစ်ပတ်ဆို မြန်မာပြည်မှာ တပေါင်းလပြည့်နေ့နော် ..။ တပေါင်းလပြည့်ဘုရားပွဲမှာ ၊ အငြိမ့်တွေ၊ ဇာတ်တွေငှားပြီး ညလုံးပေါက် ရွာလုံးကျွတ်ပွဲကြည့်ကြမှတ်မိသေးလား။သမီးလေးက ပွဲဆို ဝါသနာပါလို့ အမြဲတမ်းရှေးဆုံးက ဖျာခင်းထာတတ်တာ မှတ်မိသေးဘလား။ သမီလေး မေမေနဲ့ဇာတ်ထဲက မင်းသားလေး တွေကို အတူကြည့်ခဲ့တာ မြင်ယောင်နေတယ်သမီး။
No comments:
Post a Comment