Monday, September 10, 2012

သမီးလေးအတွက် ဒိုင်ယာရီ( ၅)




မနေ့ညက မေမေကြီး စာဖတ်ချင်စိတ်မရှိတာနဲ့  အရှင်ဇနကာဘိဝံသရဲ့ အခြေပြုပဋ္ဌာန်းတရားတော်ကို နာဖြစ်တယ်။ တရားနာတယ်ဆိုပေမယ့်လည်း တခါတလေ နာရီဝက်တောင် မပြည့်သေးဘူး မှေးကနဲ ငိုက်မျဉ်းသွားသလိုပါပဲ။ ဆရာတော်ရဲ့ တရာသံတွေကတော့ ကြားနေတာပဲ။  ဆရာတော်ဟောတဲ့ထဲမှာ ပဋ္ဌာန်း ကမ္မစ္စည်းထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကိုတော့ မေမေမှတ်မိလိုက်တယ်။

ရှေးရှေးတုန်းက ဝိဒေဟတိုင်း ၊ မိထိလာမြို့မှာ အင်္ဂတိမင်းဆိုတာ ရှိတယ်တဲ့။သူတော်ကောင်းမင်းတပါးပါပဲ။
 မင်းကြီးမှာ ရုစာလို့ခေါ်တဲ့ အင်မတန်လှပတဲ့ သမီးလေးတစ်ယောက်လည်းရှိသတဲ့။  ဒီကလေးမက ဘယ်သူလဲဆိုတော့ ရှင်အာနန္ဒာလောင်း၊ အကြောင်းမသင့်လို့  မိန်းမဖြစ်နေတာ။ မင်းကြီးမှားလည်း ဒီသမီးလေးတစ်ယောက်ပဲရှိတာ။ ဒီတော့ သမီးတော်အတွက် ပန်းတွေ အမြဲပို့ပေးတယ်။  မင်းကြီးက သမီးကိုချစ်လွန်းလို့ “ သမီး ဝတ်ကောင်းစားလှတွေ နေ့တိုင်းလဲနော် ၊ လိုအပ်တောပြောနော်” စသဖြင့်  အစစအရာကို အဆင်ပြေလို့။ သမီးအတွက် အခြွေအရံတွေကလည်း မနည်းဘူးတဲ့။

တန်ဆောင်မုန်းလပြည့်နေ့မှာ မင်းကြီးက မှူးတ်တွေစုပြီး အစည်းအဝေးတစ်ခုလုပ်တယ်။
 မင်းကြီးက မောင်းမင်းတို့ ဒီနေ့ လပြည့်နေဟာ သိပ်သာယာတယ် ဘာလုပ်ရင် ကောင်းမလဲလို့
 အကြံတောင်းတယ်။

“အထင်ကရ ပုဂ္ဂိုလ်ဆီသွားပြီး မရှင်းလင်းတာတွေ ၊ ပြဿနာတွေ မေးရင် မကောင်းဘူးလားလို့  မှူးမတ် တစ်ယောက်က အကြံပေးတယ်။  မင်းကြီးက ဒီနည်းကောင်းတယ်လို့ သဘောတူလိုက်တယ်။

လပြည့်ညမှာ မင်းကြီးနဲ့မှူးမတ်ပရိတ်သတ်တို့ နာမည်ကြီးနေတဲ့ ဦးဂုဏဆီကို သွားတယ်။ ထူးခြားတာက ဒီဆရာကြီးက အဝတ်မဝတ်ဘူးတဲ့။ ဆရာကြီးက ပြောသေးတယ် အဝတ်ဝတ်တဲ့ သူတွေဟာ မရိုးသားလို့တဲ့။  ရိုးသားတဲ့သူ စင်ကြယ်တဲ့သူမှာ ဝတ်စရာမလိုဘူးတဲ့။ ဘယ်လို့အယူအဆတွေလည်း မသိပါဘူး သမီးရယ်။  မင်းကြီး ဦးဂုဏဆီရောက်တော့ ပရိတ်သတ်တွေလည်း အများကြီး တရားလာနာနေတာ ရှိသတဲ့။ မင်းကြီးလည်း ဦးဂုဏရဲ့ တရားပွဲထဲကိုရောက်သွားတယ်။

မင်းကြီးမေးတာက..
*** မိခင်၊ ဖခင်ဆိုတဲ့ အပေါ်မှာ ဘယ်လို့ကျင့်မှ သားကောင်း ၊ သမီးကောင်း ဖြစ်နိုင်ပါသလဲတဲ့။
*** ဆရာသမားတွေ အပေါ်မှာလည်း ဘယ်လိုကျင့်မှ တပည့်ကောင်း တပည့်လိမ္မာ ဖြစ်နိုင်ပါသလဲတဲ့။
*** သား၊ သမီး ၊ အိမ်ရှင်ဇနီးအပေါ်မှာ ဘယ်လိုကျင့်မှ သူကောင်း ၊ သူကောင်းဖြစ်မှာလဲတဲ့။
*** စစ်သည် ဗိုလ်ပါတွေ အပေါ်မှာ ဘယ်လိုကျင့်မှ မင်းကောင်းဖြစ်မှာလဲ။
*** ဘယ်လို ကျင့်မှ နောင်ဘဝကို ကောင်းသောဘဝကို ရမှာလဲ။
*** ဘယ်လို ပုဂ္ဂိုလ်တွေ ငရဲရောက်မှာလဲ စတဲ့မေးခွန်းတွေပဲ။

ဒီမေးတွေ  ဆရာကြီးဦးဂုဏလည်း ကြားလည်းမကြားဘူးဘူး မဖြေလည်း မဖြေတတ်ဘူးတဲ့။ ဒီတော့ သူစိတ်ထဲမှာရှိရာ သူ့အတွေးအခေါ်တွေကို လျှောက်ပြောတာပေါ့။
သူဖြေတာက ..
၁)လောကမှာ ကုသိုလ် ၊အကုသိုလ်မရှိဘူး။
၂) ဟိုဘဝ ဒီဘဝဆိုတာလည်း မရှိဘူး
၃) အမေ ၊ အဖေဆိုတာ မရှိဘူး
၎) ဆရာဆိုတာ မရှိဘူး တဲ့။
အရားအားလုံးဟာ ဓာတ်ကြီးလေးပါပဲတဲ့။ လောကကြီးမှာ သတ်မှတ်ချက်ပဲရှိတယ်တဲ့ ဒီသတ်မှတ်တဲ့အတိုင်း လူတွေ ကျင်လည်နေရတာတဲ့
၅) ဒါနရဲ့ အကျိုးဆိုတာလည်မရှိဘူး။
၆) တရားကျင့်လည်းဘာမှ မထူးဘူး ။ အချိန်တန်ရင် ကောင်းရာသုဂတိ ရောက်သွားမှာတဲ့ ။ မချိန်မတန်ခင် ဘယ်လောက် လုပ်လုပ်မရဘူးတဲ့။  လူတွေဟာ ကမ္ဘာပေါင်းရှစ်သောင်းလေးထောင်ရှိရင် အားလုံး ကျွတ်တန်းဝင်မှာတဲ့။

ဆရာကြီးရဲ့ တရားလည်းပြီးရော.. အလာတစစ်သူကြီးက မှန်လိုက်လေဆရာကြီး အရာအားလုံးဟာ နိယတ- သတ်မှတ်တဲ့အတိုင်းသွားနေတယ်ဆိုတာ မှန်တယ်။ ကုသိုလ်၊ အကုသိုလ်နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ မှန်တယ်တဲ့။

အလာတစစ်သူကြီးက သူရဲ့ ရှေးအတိတ်ဘဝကို ပြန်မှတ်မိတယ်တဲ့။ ရှေးဘဝတစ်ခုတုန်းက သူက နွားသတ်သမားဖြစ်ခဲ့ဘူးတယ်။ အဲဒီကသေလာတော့ ဒီဘဝမှာစစ်သူကြီးလာဖြစ်တယ်။  အကုသိုလ်လုပ်ရင် ငရဲကျတာမဟုတ်ဘူးလို့ သူ့အယူအဆကိုတင်ပြတယ်။ ကံ၊ကံရဲ့အကျိုး နားမလည်ဘူးဆိုရင် ယုံစရာလို ဖြစ်နေတယ်သမီး၊ တကယ်တော့ ဒီလိုမဟုတ်ဘူး၊  ဒီစစ်သူကြီးက ကဿပမြတ်စွာဘုရားလက်ထက်တုန်းက ပန်းကုန်းနဲ့ မြတ်စွာဘုရာကို ပူဇော်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ဘဝက မဟုတ်ဘူးနော် ဟိုရှေးရှေးဘဝတုန်းက ပူဇော်ခဲ့တာ။ အဲဒီကုသိုလ်ကံကြောင့် ဒီဘဝမှာ စစ်သူကြီးလားဖြစ်တာတဲ့။  နွားသတ်တဲ့ အကုသိုလ်ကံက  မီးခဲပြာဖုန်းဖြစ်သွားတာတဲ့။  ဒီအလာတစစ်သူကြီးဆိုတာ ဒေဝဒတ်လောင်းပဲသမီး။

ဒီစစ်သူကြီးတင်မကသေးဘူး သမီး ။  ပရိတ်သတ်ထဲက ဗီဇကကျွန်ကလည်း ဆရာကြီးဦးဂုဏရဲ့ တရားကို ထောက်ခံပြန်တယ်။ ပရိတ်ထဲမှာ ရှိုက်ကြိးတငင်ငိုပြီး သူဟာပြီးခဲ့တဲ့ဘဝက ကျွန်မဟုတ်ပါဘူး။ သူဌေးပါတဲ့။  အလှူပေးတယ်။ သူတော်ကောင်းစိတ်မွေးတယ်။ ဒီဘဝမှာတော့ ကျွန်မသားဖြစ်ရတယ်တဲ့။ ဒါကြောင့် ဆရာကြီးပြေတာ မှန်လောက်တယ် သီလတွေ၊ ဒါနတွေဟာ ဘာမှ အကျိုးမရှိဘူးဆိုတာ။

ကဲ..သမီး ဘာသာရေးက မျက်စီလည်စရာ မကောင်းဘူးလား၊ ဒီတော့ ဘုရင်းက အတွေးဝင်လာတယ် သူရဲ့စစ်သူကြီး ဘဝနဲ့ ၊ ဗီဇကကျွန်တို့ရဲ့ အဖြစ်အပျက်ကို ကောက်ချက်ချပြီး ဆရာကြီးဦးဂုဏ  ပြောတာ 
မှန်လောက်တယ်လို ထင်လာတယ်။ 

တကယ်တော့ ဗီဇကကျွန်ဟာ ကဿပဘုရားရှင်လက်ထက်က သူက တောထဲမှာ နွားပျောက်လို့ နွားရှာတာ ၊ နွား-မတွေ့လို့ စိတ်ညစ်နေတဲ့အချိန် ခရီးသွားရဟန်းက လာမေးတယ်။ ဒကာ  “ဦးဇင်း လမ်းပျောက်နေလို့ ဒီလမ်းက ဘယ်သွားတာတုန်း” လို့သွားမေးမိတယ်။ ဒီတော့ သူက စိတ်ဆိုးလို့ “ ဘုန်းကြီးတွေ သိပ်စကား 
များတာ ၊ ဒီလိုစကားများတာ ကျွန်တွေ၊ သင်လဲ ကျွန်ဘဝကလာတာဖြစ်လိမ့်မယ်” လို့ပြောမိတယ်။ 
   ဒီစကားပြောမိလို့ သူကျွန်ဖြစ်ရတာတဲ့။ 

မင်းကြီးလည်း ဒီလို  ဒွိဟဖြစ်စရာတွေ ကြားရတော့  သူလည်းစိတ်ပြောင်းသွားပြီး  ဆရာကြီး ဦးဂုဏရဲ့ တရားကို သဘောကျသွားတယ်။ နောက်နေ့နံက် မိုးလင်းတာနဲ့ နန်းတွင်းမှာ  စိတ်ထင်တိုင်းပျော်ပါးတော့တာပဲ။

 ဘုရင့်သမီးလေး ဒီးတသင်းကြာတော့ စိတ်မကောင်းဖြစ်သွာတယ်။ ဒါပေမယ့် သူအခွင့်မသာသေးလို့ သွားမတားသေးပါဘူး။ နောက်တပတ် ဘုရင်ကြီးပေးနေကျ လှူဒါန်းဖို့ အသပြာတစ်ထောင်သွားတောင်း 
တယ်။ ဒီတော့ သမီးကို ပြောလိုက်တယ် မပေးနိုင်ဘူး။ လှူလို့လည်း ဘာမှ အကျိုးမရှိဘူး လောကမှာ
 ပျော်ပျော်ပါးပါးနေ ၊ ဘာကုသိုလ်မှာ မလုပ်နဲ့တောနဲ့လို့ သမီးလေးကို ပြောလိုက်သတဲ့။

ဒီတော့ သမီးတော်က ဖခင်ကို ရဲရဲဝင့်ဝင့်လျှောက်ထားတယ် “ သမီး ဟိုတုန်းကကြားဘူးတယ် လူမိုက်နဲ့ ပေါင်းရင် လူမိုင်ဖြစ်တယ်လို့ ခု ဖေဖေလည်း အလာတ၊ ဗီဇက၊ ဦဂုဏ တို့နဲ့ပေါင်းပြီး လူမိုက်ဖြစ်နေ တာပေါ့လို့ အဖေဘုရင်ကို တရားပြသတဲ့။

မင်းကြီးက သမီးတော်ကို မေးတယ်။ ကောင်းပြီ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးအပြစ်ကို လက်တွေ့ပြနိုင်ရဲ့လာတဲ့။

ဒိတော့ သမီလေးက သူရဲ့ အတိတ်က ခုနစ်ဘဝအကြောင်းကို ပြန်ပြောင်းပြောပြတယ်။ ပန်းတိမ်သည်
ဘဝက သူငယ်ချင်းမျာနဲ့  ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခဲ့လို့ ငရဲကျတဲ့အကြောင်း ယခုမိန်းကလေးဖြစ်ရတဲ့
အကြောင်းကို ပြောပြတယ်။  သို့သော်လည်း ဖခင်ကြီးက ဦးဂုဏတရားကို လက်မလွတ်ချင်သေးဘူး။ 

သမီးလေးက ဖေဖေမင်းကြီးရဲ့ မိစ္ဆာအယူကို မစွန့်လွတ်မှန်းသိတော့ လောကပါလနတ်တွေ
 လာရောက်ချွတ်ပေးပါဆိုတာ အဓိဋ္ဌာန်လိုက်တယ်။ 

ဘုရင်သမီးလေးအဓိဋ္ဌာန်ကြောင့် ဗြဟ္မာပြည်မှ နရဒဗြဟ္မာကြီး ရောက်လာပြီး တရားဟောလို့ မင်းကြီး စိတ်ကောင်းပြန်ဝင်ကာ တိုင်းပြည်ကို တရားနဲ့အညီ ပြန်လည်အုပ်ချုပ်သတဲ့။

သမီး ဒီနေ့တော့ ဒီလောက်ပဲနော်... နောက် အခွင့်ကြုံရင် သမီးလေးဖတ်ဖို့  တရားစာအုပ်တွေး ပို့ပေးနော်။
သမီးလေ စိတ်ကောင်းနှလုံးကောင်း မွေးမြုနိုင်ပါစေ…။

No comments:

Followers

My Blog List