(သမီးရယ် တစ်ခါတစ်လေကျတော့လည်း လွတ်လပ်ခွင့်ဆိုတဲ့ မျက်နှာဖုံးစွပ်ကြီးက အရှက်၊ အကြောက် ဆိုတဲ့လောကပါလတရားတို့၊ ကူညီဖေးမမှုဆိုတဲ့ မေတ္တာတရားတွေကို ဖုံးကွယ်ပေးထားတယ်သမီး။ လွတ်လပ်ခွင့်ဆိုတဲ့စည်းနဲ့ စောင့်ထိမ်းခြင်းဆိုတဲ့ကမ်းဟာ ပါးပါးလပ်လပ်ကလေးပဲခြားထားတာသမီး၊ )
တစ်ခါက စာရေးဆရာတစ်ယောက် ပြောဘူးတယ် ဝတ္ထုတစ်ပုဒ်ရေး နေရင်.. နံက်လင်း အိပ်ရာထတာနဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ အတွေးထဲကို အလိုလိုဝင်တာတယ်တဲ့။ မေမေလည်း သမီးအတွက် ဒိုင်ယာရီးရေးနေတော့ မေမေရဲ့ အတိတ်ကြောင်းတွေဟာ တစ်ခုပြီးတစ်ခု တန်းစီပေါ်လာတယ် သမီး။
မေမေရဲ့ အတိတ်ကြောင်းတွေက သိပ်ပြီး စိတ်ကြည်နူးစရာတော့ မဟုတ်ပါဘူး။ အတိတ်ကြောင်းတွေစဉ်စားမိတိုင်း ငါ့ဘဝကံဆိုးပါလားဆိုတဲ့ အသံကြီးက အမြဲတမ်းလိုလို ကျယ်လောင်စွာ ကြားရတတ်တယ်သမီး။
ဒီနေ့ မနက်တော့ အိမ်ဝန်းကြီးထဲမှာ လမ်းလျှောက်ရင်း မေမေရဲ့ အကြောင်းပဲ ခေါင်ထဲမှာ တစိတ်တပိုင်းပေါ်လာတယ်။ ခုတလော မိုးရာသီ မိုးက ခဏခဏရွာတတ်လို့ မေမေ သိပ်ဝေဝေလံလံကို လမ်းမလျှောက်ဖြစ်ဘူး။ အိမ်မှာပဲ အမြဲရှိနေတတ်တယ်။
အိမ်ဝန်းထဲမှာလမ်းလျှောက်ပြီး သမီးခွေးလေးနဲ့ အိမ်ထဲကို ပြန်ဝင်ခဲ့တယ်။ အိပ်ထဲရောက်တော့ အလိုအလျောက် သမီးနေတဲ့ အခန်းဖက်ကို ခွေးလေးနဲ့အတူ ရောက်သွားတယ်။ မေမေတစ်ယောက်တည်း တစ်ခန်းဝင် တစ်ခန်းထွက် သွားရင်း ဒီအိမ်ကြီးဆောက်ခဲ့ပုံအကြောင်း ခေါင်းထဲမှာ ပေါ်လာတယ်။
ဒီအိမ်ကြီးက သမီးဖေဖေနဲ့အိပ်ထောင်ကျပြီး၃-လလောက်မှာ မေမေတို့စိတ်တိုင်းကျ ဆောက်ထားတာလေ။
စောစောပိုင်း စိတ်ကူးကတော့ အကယ်၍ သား၊သမီးတွေများလာရင် ဆိုတဲ့ စိတ်ကူးနဲ့ အခန်းများတဲ့ အိမ်ကြီးကို စီမံကိန်နဲ့ ဆောက်ခဲ့တာပေါ့။
သမီးလေရဲ့ အခန်းထဲမှာရှိနေတုန်း ခေါင်းပေါ်တည့်တည့် မိုးကြိုးပစ်ချလိုက်တယ်။ ရုတ်တရက် ဆိုတော့ မေမေဟာ သမီးလေးရဲ့ အိပ်ရာပေါ်ကို ထိုင်ရက်သားဖြစ်သွားတယ်။ အပြင်မှာ သဲကြီးမဲကြီး ရွာနေတဲ့ မိုးရဲ့ အသံကိုကြားနေရတယ်။ လေပြင်းရိုက်ခံတွေကိုလည်း ကြားနေရတယ်။ အိမ်ထဲအသံတွေကတော့ မျိုးစုံပေါ့၊ တကျွိကျွိ၊ တဒုတ်ဒုတ်နဲ့ သစ်သားခြင်းပွတ်တိုက်တဲ့အသံ။ မေမေရဲ့ စိတ်ထဲမှာတော့ ဒီအိမ်ကြီးဟာ လေပြင်းမှုံတိုင်ထန်တဲ့ ပင်လယ်ပြင်ကြီးဖြတ်ကူးနေ့တဲ့ သင်္ဘောကြိးစ်စင်းလိုခံစားရတယ်။ သမီးလေးအခန်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ သစ်ပင်ကြားက သစ်ကိုင်းနှစ်ခု ကျိုးကျနေတာကို တွေ့လိုက်ရတယ်။
ဒီနှစ်ပိုင်းတွေမှာ မြန်မာပြည်မှာ ရေးတွေကြီးနေတယ်သမီး။ ရန်ကုန်မှာဆို လမ်းတွေပေါ်မှာတောင်
ရေတွေပြည့်လို့ ။ မေမေတို့နေတာက တောရွာလေဆိုတော့ ဘဘာဝဒဏ်ကို တိုက်ရိုက်ခံရပေမယ့် ရန်ကုန်မြို့လို ရက်သတ်တပတ်ထိအောင် ရေးကြီးခြင်းတော့ မရှိဘူးပေါ့။ သမီးလေးမှတ်မီဦးမှာပါ ၂၀၀၈-ခုနှစ်လောက်က ဧရာဝတီမြစ်ရိုး တစ်လျှောက် နာဂစ်မှုန်တိုင်း တိုက်တာလေ။ သေလိုက်တဲ့ ကလေး၊ လူကြီး ၊တိရစ္ဆာန် အများကြီးပဲ။ မေမေတို့ကံကောင်းတာက တောရွာလေးမှာ နေတာဆိုတော့ အသေအပျောက် မရှိခဲ့ဘူးလေ။
ခုတော မေမေ စားဖိုဆောင်ထဲကို ရောက်နေပြီ။ မေမေရဲ့ အသက်ဆက် ခန်းမဟုတ်လား။ မေမေ ဆာတဲ့အခါ ထမင်းလေ တစ်ဆုပ် တလုပ်စားလိုက် ၊ ပြီးတော အသုံးပြုတဲ့ ပန်းကန်ခွက်
ယောက်တွေကို ဆေးကြောလိုက်နဲ့ပေါ့။
သမီးရဲ့ခွေးလေကတော့ မေမေရဲ့ ခြေရင်းနားမှာ အိပ်ပျော်နေလေရဲ့။ ဒီမနက် ကြောက်ရ လန့်ရလွန်းလို့ မောပန်းသွားပြီထင်ပါရဲ့။ ဒီကောင်းလေး အသက်ကြီးလာလေလေ မိုးချုန်းသံကို ပိုကြောက်လေလေပဲ။
တစ်လောက သတင်းစာအချပ်ပိုထဲက သိပ္ပံဆောင်းပါတစ်ပုဒ်ဖတ်ရတယ်။ ဒီဆောင်းပါးမှာ ဖောပြထားတာက တစ်စတစ်စ တိုးတက်ပြောင်းလဲမှု
ဖြစ်စဉ်ဆိုတာဟာ တို့များ အမြဲတမ်း တွေးထင်ထားသလို မဟုတ်ဘူးတဲ့။ ပိုပြီးရှည်တဲ့ခြေဆံ၊ ဒါမှမဟုတ်ပုံစံမတူတဲ့ နှုတ်သီးတစ်ခု ဖြစ်ထွန်းလာတယ်ဆိုတာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်
ဖြည်းဖြည်းချင်း ပြောင်းလဲတာ မဟုတ်ဘူး။ တစ်ခါတစ်ရံမှာ ထူးထူးခြားခြား ဗြုန်စားကြီး
ပြောင်းလဲတတ်တယ်တဲ့။
ကလေး တစ်ယောက်ဟာ သူ့မိခင်၊ဖခင်နဲ့ တော်တော်ကြီး အသွင်မတူတာကိုလည်း မွေးဖွားနိုင်တယ်တဲ့။
ဒီသဘောတရားကို အတည်ပြုပေးတဲ့ သက်သေတွေကတော့ ရုပ်ကြွင်းတွေဖြစ်တယ်တဲ့။ မေးရိုးတွေ၊ ခွာတွေ၊ သွားအမျိုးမျိုးနဲ့ ဦးခေါင်ခွံတွေတဲ့။ တချို့မျိုးနွယ်တွေမှာဆို ကြားခံအဆင့်ကို ရှာမတွေ့ဘူးတဲ့။ အဘိုးတစ်ယောက်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေဟာ သူ့မြေးကျ တွေ့ချင်မှ တွေ့နိုင်တာတဲ့။ တို့ဗုဒ္ဓကျမ်းစာတွေမှာလည်း ဒီလို့ မျိုးဆက် ပြောင်းလဲမှုနဲ့ ပတ်သတ်လို့ ဟောထားတာတွေရှိပါတယ်။
မေမေမှတ်မိသလောက်တော့ ဘုရားရဟန္တာတွေရဲ့ အရိုးက ကွင်းဆက်တဲ့၊ ပုထုဇဉ်လူတွေရဲ့ အရိုးကတော့ တေ့ဆက်တဲ့။
ဒါကြောင့် ပြောင်းလဲမှုဆိုတာ တစ်ခါတစ်လေ တဆင့်ဆင့် ပြောင်းလဲတယ်။ တစ်ခါတစ်လေမှာ ဗြုန်းဆို ရုတ်တရက် ပြောင်းလဲနိုင်တယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ရုတ်တရက်ဆိုသလို အဝန်းအဝိုင်းထဲက ထူးထူးခြားခြား
ဖောက်ထွက်နိုင်တယ်။တသီးတခြားလည်း ဖြစ်သွားနိုင်တယ်သမီး။
ဒါတွေကို ကောက်ချက်ချကြည့်ရင် ကံကြမ္မာ ဖန်လာချက်၊ မျိုးရိုးလိုက်ခြင်း၊ ပြုစုပျိုးထောင်မြေထောင်မြှောက်ခြင်းတို့ပါပဲ။ ဒါတွေက ဘယ်ကစလို့ ဘယ်မှာဆုံးတယ်ဆိုတာ မသိနိုင်ဘူးတဲ့။
လျှိုဝှက်ဆန်းကြယ်သော အကြောင်းအရာတဲ့။ ဒီအကြောင်းအရာတွေ သမီးလေး စဉ်းစားမယ်ဆိုရင် အတွေးရေယဉ်မှာ မျောပါသွားပြီးသာမှတ်။
မေမေအိမ်ထောင် မကျခင်က ဖေဖေညီမ( သူက အကြားအမြင်ရှိသူလေ) ကသူ့မိတ်ဆွေ ဗေဒင်ဆရာ တစ်ဦးအကူအညီနဲ့ မေမေရဲ့ဇာတာကို ကြည့်ပေးတယ်။ သူကတွက်ချက်ပြီး ဟော.! ဒါဟာ မင်းရဲ့ “ အနာဂတ်”လို့ စာရွက်ကလေးကို လှမ်းပေးတယ်။ စာရွက်ပေါ်မှာ ဂျီဩမေတြီပုံကြမ်းလေး တစ်ခုတွေ့ရတယ်။ အဲဒီအထဲမှာ ဂြိုလ်တစ်ခုကနေ တစ်ခု ကူးသွားတဲ့ မျဉ်းတွေနဲ့ ရှုပ်နေတာပဲ။ မေမေဒီမျဉ်းတွေကို မြင်မြင်ခြင်း သထိတား
မိလိုက်တာကတော့ ပြေပြေချောချောမရှိဘူး၊ တစ်ဆက်တည်း မရှိဘူး၊ ပြတ်တောက်သွားလိုက် ခုန်ပျံကျော်သွားလိုက်ပဲ၊ ပြီးတော့ တစ်ဆစ်ချိုး အကွေ့တွေလည်း အများကြီး။
စာရွက်ရဲ့နောက်ဖက်မှာ ဗေဒင်ဆရာ ဟောစာတမ်း ရေးထားပေးတယ်။
“ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်ရမယ်၊ သင့်ခရီးဆုံးခမ်းတိုင်အောင်
လျှောက်ချင်တယ်ဆိုရင် ကောင်းမွန်သင့်မြတ်သော ကိုယ်ကျင့်သီလကို
စောင့်ထိမ်းခြင်းဖြင့် ကာကွယ်ပါ”တဲ့။
ဒီစာတမ်းကို တွေ့မှ မေမေ ပိုပြီး စိတ်ရှုပ်သွားတယ်။ အဲဒီအချိန်က
မေမေဘဝက ငြီးငွေ့စရာကြီးပဲ၊ ဟုတ်တယ် ၊ ပြဿနာတွေရှိတယ်။ ဒါပေမဲ့ ဒီပြဿနာတွေဟာ အသေးအဖွဲတွေပါ။ မေမေအမြင်မှာတော့ ဘာမှ ကြီးကြီးကျယ်ကျယ် ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ အရွယ်ရောက် လာသူတိုင်း တွေ့ကြုံရတတ်တဲ့ အဆင်မပြေမှုလေးတွေပါ။
ဘဝရဲ့ ပြင်ထန်းတဲ့ လှိုင်တံပိုးကြီးတွေ တော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီး ဇနီးမယားဘဝ၊ မိခင်ဘဝ၊ တစ်ခုလတ်ဘဝ ၊ ပြီးတော့ အဖွားဘဝရောက် တာတောင် မေမေ ပုံမှန်ဘဝမှာ ရှိနေသေးတယ်လို့ သဘောထားတယ်။
ပြောမယ်ဆိုရင်တော့ သမီးလေးနဲ့ မေမေကြီး ကတောက်ကဆဖြစ်ပြီး
နိုင်ငံခြားထွက်သွားတဲကိစ္စ လောက်ပါပဲ။ တကယ်တော့ သမီးလေးဟာ မေမေရဲ့ အသက်ပါပဲကွယ်။
သမီလေးဟာ လောကကြီးထဲကို အကာအကွယ်မဲ့စွာ ရောက်လာတယ်။ သမီးလေးရဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေ၊ တဝါးဝါးငိုသံတွေနဲ့ ဒီတိတ်ဆိတ်ပြီး
ကြေကွဲဆွေးမြေ့စရာ အိမ်ကြီးကို စီနင်းလွမ်းမိုပစ်လိုက်တယ်။ ဧည့်ခန်းက ဆိုဖာ၊စားပွဲတွေကြားမှာ ပြေးလွှားဆော့ကစားနေတော့ သမီးလေး
ကိုကြည့်ရင်း စဉ်းစားနေမိတယ်။ သူရဲ့ ရက်ရောသဘောထားကြီးမှုကို ကြိုတင်ခန့်မှန်းလို့မရတဲ့ ကံတရားကြီးက မေမေကို တစ်ခါတလှည့် မျက်နှာသာပေးလိုက်ပြန်ပြီလားလို့။
စောစောပိုင်းက သမီးကို ပဋ္ဌာန်းကမ္မပစ္စည်ထဲမှာ ကံအကြောင်းတရား
တွေကို မိတ်ဆက် ပေးခဲ့တယ်နော်။
မေမေက စာပေါင်းစုံဖတ်တာဆိုတော့ အချို့ဘာသာတွေရဲ့ အယူဝါဒကိုလည်း မေမေ လေ့လာဘူးတယ်။ တချို့ဘာသာတွေမှာ “ ကံ” ဆိုတဲ့ ဝေါဟာရမရှိဘူးသမီး။ စီပွားဥစ္စာတိုးတက်တာ၊ ပစ္စည်းဥစ္စာတွေ မထင်မှတ်ပဲ ရလာတာဟာ ပြောမယ်ဆိုရင် အရဲစွန့်မှုဆိုတဲ့ ဝေါဟာရပဲ ရှိတယ်တဲ့။
သူတို့ကပြောတယ် ဘုရားသခင်ရှိတဲ့ နေရာမှာ စိုးရိမ်ကြောင့်ကြမှု မရှိဘူး၊ ဘုရားသခင်ရှိတဲ့ နေရာမှာ ကံဆိုတာ မရှိဘူးတဲ့။ ဖြစ်ရပ်တိုင်းဟာ အမိန့်ချမှတ်ပြီးသားပဲတဲ့။ အထက်က စီမံပြဋ္ဌာန်းတာ၊ ဖြစ်သမျှ ၊ ပျက်သမျှတိုင်းဟာ အကြောင်းတစ်ခုခုကြောင့် ပျက်ရတာချည်းပဲတဲ့။
တစ်ခုခုဖြစ်ပျက်လာရင် ဒါဟာ ဘုရားသခင်ရဲ့ ဆန္ဒတော်ပဲ၊ ဘုရားသခင်က ငါ့ကို ရွေးချယ်ပြီး ဒီလို ချမှတ်ပေးတာပါ့လားလို့ အတွေးမျိုးနဲ့ ကျေကျေနပ်နပ် လက်ခံရမယ်တဲ့ ။ ဒါကိုတော့ မေမေကြီး လုံးဝ စိတ်တိုင်းမကျဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့ အပြစ်တွေကို ဝန်မခံချင်လို့ ဘုရားသခင်ကို ဝန်ခံခိုင်းတာဖြစ်နေတယ်။
အခြေအမြစ်မရှိတဲ့ လျှောက်လဲချက်လို့လည်း မေမေလက်မခံနိုင်ပါဘူး။
မေမေကတော့ လောကကြီးရဲ့ ထိတ်လန့်ချောက်ချားစရာ၊ တရားမမျှတမှုတွေနဲ့ ရင်ဆိုင်ရတိုင်း တုန့်ပြန်တွန်းလှန်တာပဲ။ ဘယ်တော့မှ ဘုရားသခင်ရဲ့ ကျေးဇူးတော်က ပေးအပ်ခံရတာလို့ဆိုပြီး ခံယူ မနေတတ်ဘူးသမီး။
မေမေ ပင်ပန်းသွားပြီး သမီး၊ ခုချိန်ထိ မေမေရေးခဲ့သမျှ စာတွေကို စိုးရိမ်စိတ်နဲ့ ပြန်ဖတ်ကြည့်တယ်။ မေမေရေးတဲ့ စာတွေကို သမီးလေးမှာ နာလည်ပါ့မလားလို့။ အတွေးပေါင်းများစွာက မေမေရဲ့ ရင်ထဲမှာ ပြည့်သိပ်နေတယ်။ မေမေရဲ့ ရင်ထဲက အတွေးတွေက တစ်ခုပြီးတစ်ခု တိုးဝှေထွက် လာတယ်။ မေမေက ဘယ်တော့မှ ကိုယ့်အတွေးတွေကို မစုစည်းနိုင်ဘူး။ တစ်ခါတစ်ခါတော့လည်း အတွေးကွန့်မိတယ်။ ငါတက္ကသိုလ်များ မသွားခဲ့လို့များလားလို့။
မေးမေကြီး စာအုပ်တွေအများကြီဖတ်ခဲ့တယ်။ အကြောင်းအရာတော်တော်များများကိုလည်း သိချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် ပထမ အတွေးတစ်ခုက ဘာသာရေးအကြောင်း သိချင်နေချိန်မှာ ဒုတိယအတွေး စာဖိုဆောင်ဆီရောက်သွားပြန်ပြီး တတိယအတွေးက ခံစားချက်တွေ အကြောင်း ရောက်သွားပြန်ကော။
တစ်ခါတလေ သမီးလေးနဲ့ အကြောင်းအရာတစ်ခုကို
ဆွေးနွေးတိုင်း မေမေကြီးကပဲ အလျော့ပေးရတယ်။ မေမေကြီးမှာက သမီးလေးကို နာလည်သဘောပေါက်လောက်အောင် တိကျတဲ့ အထောက်အထားမျိုး မပေးနိုင်စွမ်းမရှိဘူးလေ။
ဒါကြောင့် သမီးလေးက စိတ်ခံစားချက်ပြင်းထန်ပြီး အမည်နာမတပ်လို့မရတဲ့ ဂနာမငြိမ်မှုတွေနဲ့ ပြည့်လျှံနေတဲအခါ၊
မေမေကလည်းနာလည်မှုသဘောတရားတွေနဲ့သာ ဖြေရှင်းခဲ့ကြတာပါ။
မေမေကြီးက ဒီမိုကရေစီ၊လူအခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အမျိုးသမီးအခွင့်အရေး စတဲ့ ကြီးကြီးမားမား စကားတွေကို မပြောတတ်သူ ။ သမီးကတော့ ခေတ်စနစ်နဲ့အညီ လွတ်လွတ်လပ်လပ် တွေးခေါ်ချင်သူ။ လွတ်လွတ်လပ်နေချင်သူ။
သမီးရယ် တစ်ခါတစ်လေကျတော့လည်း လွတ်လပ်ခွင့်ဆိုတဲ့ မျက်နှာဖုံးစွပ်ကြီးက အရှက်၊ အကြောက် ဆိုတဲ့လောကပါလတရားတို့၊ ကူညီဖေးမမှုဆိုတဲ့ မေတ္တာတရားတွေကို ဖုံးကွယ်ပေးထားတယ်သမီး။ လွတ်လပ်ခွင့်ဆိုတဲ့စည်းနဲ့ စောင့်ထိမ်းခြင်းဆိုတဲ့ကမ်းဟာ ပါးပါးလပ်လပ်ကလေးပဲခြားထားတာသမီး။
ထိမ်းသိမ်းမှုမရှိရင် စောင့်ထိမ်းမှုမရှိရင် လွတ်လပ်ခွင့်မှတဆင့် ဇွတ်အတင်း ဝင်ရောက်စွဲဖက်မှု တွေတောင် ပါလာနိုင်တယ်သမီး။
မေတ္တာတရားဆိုတာ..ပျင်းရိလေကန်မှုရဲ့ အပေါင်းအသင်း မဟုတ်ဘူး၊ ချစ်ခြင်းမေတ္တာဆိုတာ အစွမ်းကုန် ဖူးပွင့်ရှင်သန်ရတဲ့ အရာမျိုး။
ပြဿနာဆိုတာဟာ လည်း နေးကွေဖင့်နွဲပြီး တုန့်ဆိုင်း တုန့်ဆိုင် လုပ်နေရမယ့်အရာမဟုတ်ဘူး ပွင့်ပွင့်လင်းလင်း ဖြေရှင်းချက်
ထုတ်ရမယ့်အရာမျိုး၊ သို့မဟုတ်က တောမီးလောင်သလို ပိုမိုတိုးပွားလားနိုင်တယ်သမီး။
မေမေကြီး အတုံ့အလှည့်ဆိုတဲ့ ကံတရားအကြောင်းကို အသက်ရွယ်လေးရလာမှ သတိထားမိတယ်။ သမီးတို့ အသက်အရွယ်မှာတော့ မေမေဟာ ကံတရားအကြောင်းကို နည်းနည်းလေးမှ မစဉ်းစားမိဘူး။ ဖြစ်၊ ပျက်သမျှဟာ တို့များရဲ့ ဆန္ဒအရလိုပဲ ခံယူထားတာသမီး။ တို့တတွေဟာ တို့လျှောက်မယ့်လမ်းကို ခင်းဖို့ ကျောက်တုံးတစ်တုံပြီး နောက်တစ်တုံး ခင်းနေတဲ့ အလုပ်ကြမ်းသမားတွေနဲ့တူတယ်။ အချိန်နှောင်းမှ လမ်းက ရှိပြီးသားပါကလား။ တစ်ယောက်ယောက်က ခင်းထားပြီးသား၊ တို့လုပ်ရမှာက ဒီလမ်းအတိုင်း
လျှောက်ရမှာပါကလားဆိုတာ သတိထားမိကြတယ်။
အသက်လေးဆယ်ကျော်လို့မိမိတို့ လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည်တဲ့အခါ..တို့တတွေလျှောက်ခဲ့တဲ့ လမ်းမကြီးဟာ လမ်းဖြောင့်ကြီးမဟုတ်ပဲ အချိုး၊ အကွေ့တွေအများကြီးလို့ သိမြင်လာတယ်။ ခြေတလှမ်း လှမ်းမိတိုင်း တခြားလမ်းကြောင်းကို ညွှန်ပြတဲ့ ဆိုင်းဘုတ်တစ်ခုစီ ရှိနေတယ်။
မသိနားမလည်လို့ လျှောက်ခဲ့တာ ဖြစ်ပေမဲ့လည်း မထင်မှတ်တာတွေ ဖြစ်လာရင် စိတ်ထဲမှာ တစစ်စစ် နာကျင်နေတတ်တယ်။ ဒီဟာလေကို လုပ်သင့်ပါလျှက် မလုပ်လိုက်မိပါလား။ တို့တတွေ
ရှေ့ဆက်ရမယ့်အစား နောက်ကြောင်း ပြန်လျှောက်နေပါ့လား။ လှေကားမြွေကစားနည်း တို့ ဝင်္ကဘာကစားနည်းကို သမီးလေးမှတ်မိလား။ ဘဝဆိုတာ အဲဒီကစားနည်းအတိုင်းပဲ။
သမီးလေး ဘဝရဲ့ အချိုးအကွေ့တွေ အသီးသီးကို ဖြတ်ကျော်ပြီး ကိုယ့်လမ်းကိုလျှောက်ရင် တခြားလူတွေ ၊ တခြားဘဝတွေနဲ့ ဆုံတွေ့ရလိမ့်မယ်။ သမီးသူတို့နဲ့ အတူလက်တွဲမလား၊ ခွဲမလား၊ ဒါကတော့ သမီးရဲ့ အသိနဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တယ်။
တစ်ခါတလေကျတော့လည်း လျှောက်လက်စ လမ်းကိုပဲ ဆက်လျှောက်မလား၊ လမ်းခွဲနောက်ကို လိုက်မလားဆိုတာ ဆုံးဖြတ်ရလိမ့်မယ်။ အဲဒိလို ဆုံးဖြတ်ချက်မှာ သတိလက်လွတ် အမှတ်တမဲ့ ဆုံးဖြတ်ချက် ချခဲ့ရင်တော့ သမီးလေကော ၊ သမီလေးဘဝနဲ့ ဆက်နွယ်နေသူတွေပါ ဒီဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုးဆိုးပြစ်ကို ခံယူကြရမယ်သမီး။ ဆက်ရန်.....

No comments:
Post a Comment