သမီး.. ပြီးခဲ့တဲ့စာထဲမှာ မေမေတို့ မျက်လုံးချင်း ဆုံကြပေမဲ့ ရင်မခုန်လိုက်ရတဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြခဲ့တယ်နော်။ မေမေတို့ရဲ့ ခြောက်ကပ်ကပ် အချစ်ဇာတ်လမ်း လေးကိုဖတ်ရလို့ ငြီးငွေးသွားပြီလား။
ဒီစာထဲမှာတော့ သမီးဖေဖေနဲ့ မေမေတို့ ဘယ်လို့ ဘဝရေစက် ဆုံခဲ့ကြတယ်ဆိုတာ သိရမှာပေါ့သသမီး။
ချစ်ခြင်းတရားဟာ တယ်ထူးဆန်းပါ့လား။ တစ်ယောက်သော သူကို ချစ်မိပြီးဆိုရင် ဘယ်သောအခါမှ မေ့ပျောက်လို့မရတောဘူး။ ဒီလို မမြင်ရတဲ့ သံယောဇဉ်ကြိုးများနဲ့ ချီနှောင်ထားလို့ တို့များ သံသရာဝဲဩဃမှ မလွတ်မြောက်နိုင်ကြးသေးတာပေါ့ကွယ်။
မေမတို့ရဲ့ အချစ်ဇာတ်လမ်းကို မပြောခင် ဗုဒ္ဓစာပေသမိုင်းမှာ မှတ်တမ်းတင်လောက်အောင် အချစ်ကြီးခဲ့ကြတဲ့ သီဟိုဠ်ခေတ်က အသက်ရှစ်ဆယ်ကျော်မှ သင်္ကန်းဝတ်လဲပြီး အိမ်ထောင်ပြုသွားကြတဲ့ ရဟန်းနဲ့ ရဟန်းမတို့ အကြောင်း အရင်ပြောပြမယ်နော်။
သီဟိုဠ်မှာ ( သီရိလင်္ကာ) သာသနာထွန်းကားစဉ် အချိန်ကပေါ့ ၊ ဒုဋ္ဌဂါမဏိမင်းကြီးဟာ သာသနာကို အထူးကြည်ညိုလေးစားတဲ့ မင်းတပါး အဖြင်ထင်းရှားခဲ့တယ်။ သူသိတတ်တဲ့ အရွယ်ကစပြီး မြတ်စွားဘုရားအား စာဦး စားဖျား မလှူပဲ ဘယ်တော့မှ ထမင်း စားလေ့မရှိပါဘူးတဲ့။ တစ်နေ့ စစ်မြေပြင်မှာ အမှတ်တမဲ့ ငရုပ်သီးတစ်တောင့်ကို ဆွမ်းတော်မတင်ပဲ စားမိလိုက်တယ်။ ထိုနောက် မင်းကြီးက အမှတ်တမဲ့ မိမိရဲ့ လုပ်ရပ်ကိုပဲ.. အမှတ်တရ ရှိနေခဲ့ပါတယ်။
စစ်ပြေငြိမ်းလို့ တိုင်းပြည် သာယာ အေးချမ်းလာတဲ့အခါ စစ်မြေပြင်မှာ ဘုရားဆွမ်းတော်မတင်ပဲ စားမိတဲ့ မိမိကို ဒဏ်ခတ်တဲ့ အနေနဲ့ ကျောင်းတိုက်ကြီး တစ်တိုက် ဆောက်လုပ်လှူဒါန်းပါတယ်။
ကျောင်းတိုက်ရဲ့ အမည်းကိုလည်း ငရုပ်သီးတောင့်ကျောင်းလို့ အမည်ပေးလိုက်ပါတယ်။
ဒီကျောင်းတော်ကြီး လှူဒါန်းရေးစက်ချပွဲကို အနယ်နယ်အရပ်ရပ်မှ ရဟန်းတော်များ တစ်သိန်း၊ ရဟန်းမများ ကိုသောင်းပင့်ပြီး လှူဘွယ် ဝတ္ထုများ လှူဒါန်းကာ ခမ်းခမ်းနာနား ကျင်းပခဲ့ပါတယ်။ ထူးခြားတာက အဲဒီကျောင်းတော်ကြီး ရေစက်ချပွဲမှာ ခုနစ်အရွယ် ကိုရင်ငယ်လေးများနှင့် သာမဏေငယ်မလေးများ (သီလရှင်) များလည်း ကျောင်းဖွင့်ပွဲ အခမ်းအနာကို တက်ရောက်ကြတယ်လို့ ဆိုတယ်။
ကိုရင်လေးတစ်ပါးဟာ ယာဂု ဆွမ်း ပူပူတွေကို သပိတ်နဲ့ ခံယူလာပါတယ်။ ယာဂုတွေက ပူတော့ ကြာကြာ မကိုင်နိုင်ပဲ သင်္ကန်းစွန်းလေးနဲ့ခုကိုင်လိုက်၊မကိုင်နိုင် လောက်အောင်ပူတဲ့အခါကျတော့ မြေကြီးပေါ်ချလိုက်၊ တစ်ခါ သင်္ကန်းစွန်းနဲ့သပိတ်ကိုင်ပြီး ရှေ့ဆက်သွားလိုက်၊ မြေကြီးပေါ် ပြန်ချလိုက်နဲ့ ကိုရင်လေးမှာ ခြေ မကိုင်မိ လက် မကိုင်ပုံစံ ဖြစ်နေပါတယ်။
ကိုရင်လေး ဒီလို ခြေမကိုင်မိ လက်မကိုင်မိ ပုံစံဖြစ်နေတာကို ကရုဏာသက်ဝင်မိတာကတော့ ဟိုခပ်ဝေးဝေးက လှမ်းမြင်နေတဲ့ ကိုရင်လေးနဲ့ သက်တူရွယ်တူ သာမဏေမလေး(သီလရှင်) ပဲဖြစ်ပါတယ်။ ဒီတော့ သာမဏေမ လေးက ကဗျာကယာသွားလို့ “ ကိုရင်.. ပူနေရင် တပည့်တော်ရဲ့ ဒီသပိတ်ခြေလေးနဲ့ ( ခံခွက်) သပိတ်အောက်က ခံသွားပါလားဘုရား” ဆိုပြီး သပိတ်ခြေလေးကို လှူလိုက်တယ်။ ဒီတော့ ကိုရင်လေးက ကရုဏာရှင်မလေးကို အမှတ်တမဲ့ မော်ကြည့်လိုက်မိပါ သတဲ့။
သူတို့နှစ်ယောက် မျက်လုံးချင်းဆုံ မိသောအခါ..။ တစ်လုံးတစ်ပါဒမှ စကားမပြောမိပဲနဲ့ အဓိပ္ပါယ်ပေါင်းများစွားဖြင့် အသာကလေး မျက်လွှာကို ပြန်ချလိုက်ပါတယ်။
ဒီလိုနဲ့ နှစ်လတွေ အလီလီပြောင်းခဲ့လို့ တိုင်းပြည်ကလည်း စစ်ဘေးဒုက္ခ ရောက်ပြန်လို့ တချို့ အိန္ဒိယဘက်ကို စစ်ဘေး ဒုက္ခအဖြစ် ရှောင်တိမ်းနေကြရပါသတဲ့။ အဲဒီချိန်မှာ ယာဂုပူပူလေးကို သပိတ်နဲ့ ခံယူခဲ့တဲ့ ကိုရင်လေးဟာ အသက် ၈၀-၊ ဝါတော် ၆၀-ရတဲ့ မထေရ်ကြီးတစ်ပါး ဖြစ်နေသလို သပိတ် ခံခွက်လေး လှူဒါန်းလိုက်တဲ့ သာမဏေမလေးကလည်း သက်တော် ၈၀-ဘိက္ခုနီမကြီး ဖြစ်နေပြီတဲ့။
အိန္ဒိယကို အစောဆုံး စစ်ဘေးဒုက္ခသည် အဖြစ်ရှောင်တိမ်းသူတွေထဲမှာ အဲဒီအသက် ၈၀- ဘိက္ခုနီမကြီးလည်း ပါသတဲ့။ ဒီလိုနဲ့ ဆရာတော်ကြီးများ လည်း စစ်ဘေးဒုက္ခသည် အဖြစ် အိန္ဒိယဘက်ကို ဖြတ်ကူးကြပါတယ်။ အရင်ရောက်နှင့်နေတဲ့ ဘိက္ခုနီးကြီးက သတင်းမေးတဲ့အနေနဲ့ ဆရားတော်ထံ တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လိုလဲ စသည်မေးပါတယ်။ ထိုနောက် လူတွေတော်တော်ရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်ဘုရားနာ ကပ်ပြီး တိုးတိုးလေး မေးခွန်တစ်ခု မေးပါတယ်။
“ဆရာတော်ဘုရား.. မင်းကြီးရဲ့ အထင်ကရ ငရုတ်သီး တောင့်ကျောင်း ရေစက်ချပွဲတုန်းက သက်တော် ဘယ်လောက်ရှိပါပြီလည်းဘုရား” “ ဩော်.. အဲဒီတုန်းကလား ၊ ငါ့အသက်က ခုနစ်နှစ်လောက်ပဲ ရှိသေးတယ်” ဘာလို့လဲ?
တပည့်တော်မလည်း အဲဒီတုန်းက ခုနစ်နှစ်ပဲ၊အဲဒီကျောင်းဖွင့်ပွဲတုန်းက ကြုံခဲ့တာလေး တပည့်တော် လျှောက်ချင်လို့ဘုရား။ ကိုရင်လေးတစ်ဘုရား သပိတ်နဲ့ ယာဂုခံတာ ပူလို့ မကိုင်းနိုင်တာနဲ့ တပည့်တော်ရဲ့
အောက်ခံခွက်ကလေး လှူခဲ့လိုက်တဲ့ ကိုရင်လေးကို တပည့်တော် ခုထက်ထိ မေ့လို မရသေးဘူးဘုရား။
ဩော်.. ဟုတ်လားဟု အံဩစွာဖြင့်.. အဲဒီတုန်းက မေ့လို့ မရဘူးဆိုတဲ့ ကိုရင်လေးဟာ ငါပဲလေတဲ့။ မင်းလှူတဲ့ အောက်ခံခွက်ကလေးကိုလည်း ကိုယ်နဲ့မခွာ အမှတ်တရအဖြစ် သိမ်းဆီးခဲ့တာ ခုထိပဲဆိုပြီး သပိတ်ထဲမှ ထုတ်ပြလိုက်ပါတယ်။
ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့လည်း ပုထုဇဉ်သဘာဝ အချစ်တွေ မကင်းကြသေးလို့ အောင်သွယ်တော် သပိတ်အောက်ခံခွက်ကို အကြောင်းပြုကာ လူဝတ်လဲ၍ အချစ်အိမ်ထောင်လေး တည်ဆောက်လိုက်ကြ ပါသတဲ့သမီး။
( မူလပဏ္ဏာသအဋ္ဌကထာ)
သမီးရဲ့ဖေဖေကို မေမေတို့ ငပလီ အပျော်တမ်း ရေပူစမ်း ခရီးထွက်တော့ တွေခဲ့ကြတာပေါ့။ သူက မေမေရဲ့ တည်းခိုရိပ်သာ ထမင်းစားခန်းမှာ တခြားလူတစ်ဦးနဲ့ အတူ ညစာ စားနေတယ်။ ထမင်းစားခန်ထဲမှာ နောက် အဘိုးကြီးတစ်ဦးက လွဲပြီး ဘယ်သူမှ မရှိဘူး။ သူက နိုင်ငံရေးနဲ့ ပတ်သတ်ပြီး အကြိတ်အနယ် ငြင်းခုံ ဆွေးနွေးနေတယ်။
သူ့ေ လသံက မေမေကို ချက်ခြင်းညှို့ယူလိုက်သလိုပဲ။ အရင်တုန်းက ရင်ထဲမှာ ရိုက်ခိုက်ဖူးတဲ့ လေသံမျိုးပဲ။ ဒါနဲ့ မေမေ ထမင်း မစားခင်အတွင်း သူကို နှစ်ကြိမ်တိတိ ခပ်စိမ်းစိမ်းလေး ကြည့်ပေးလိုက်တယ်။
နောက်နေ့ ရေပူစမ်းမှာ မေမေကြီး မောလို့ မေ့မျောလဲသွားတယ်။ အဲဒီအချိန်မှာ မေမေကို လာရောက် ကြည်ရှု့ပေးနေတာကတော့ ညက ဟိုတယ် ထမင်းစားခန်းမှာ တွေ့လိုက်ရတဲ့ ဟိုလူ တစ်ယောက်ပဲလေ။
မေမေကြီး ဘယ်လောက် တုန်လှုပ်ခြောက်ရှား သွားမယ်ဆိုတာ သမီး စဉ်းစားကြည့်ပေတော့။
သူက မေမေကြီးရဲ့ ကျန်းမာရေး အခြေအနေကိုမေးတယ်။ သူ့ကို ပြန်တွေ့မြင်ရကတည်းက မေမေ့ ရင်ခုန် သံတွေက ပုံမှန်မဟုတ်တော့။ မေမေကြီးရဲ့ နှလုံးကို နားကြပ်နဲ့ထောက် နားထောင်လို့လည်း ပြီးရော။ ဘာကြောင့် ဒီလောက်ထိအောင် ရင်တွေ ခုန်နေရတာလဲလို့ ဆရာဝန်က မေးပါတော့တယ်။
မေမေရဲ့ သွေးပေါင်တွေကလည်း ပြဒါးအမှတ် ထိပ်ဆုံးထိ
မြောက်တက်သွားတယ်။ မေမေ့မှာ သွေးတိုးရောဂါရှိသလားတဲ့၊ ကိုယ့်ကိုကိုယ် ငါတွေဖြစ်နေပါလိမ့်လို့ မယုံမကြည် ဖြစ်နေမိတယ်။ သူဟာ ဆရာဝန်တယောက်လုပ်ရမယ့် အလုပ်ကိုလုပ်နေတာ ငါ-ခုလို ဘာလို ပုံပျက်ပန်းပျက် ဖြစ်နေရတာလဲလို့။
မေမေ ပြန်ခါနီးတော့ မေမေ့ ကျန်းမားရေးမှတ်တမ်း စာရွယ်စာတမ်းတွေ လှမ်းပေးပြီး လက်ဆွဲနုတ် ဆက်လိုက်စဉ် မေမေနဲ့ ဆရာဝန်တို့ မျက်လုံးချင်းဆုံမိသောအခါ…
တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး သိနေသလို ခံစားရပြီး အမှတ်တမဲ့ တစ်ယောက်လက် တစ်ယောက် တင်းတင်း ဆုပ်ကိုင်းရင်းနဲ့ “သူက မေမေ စမေးတယ်.. မင်း ပုပ္ပါးက ခင်းစောဝင်း မဟုတ်လား” တဲ့။ ဒီတော့မှ မေမေ ခုနှစ်သားအရွယ် သုံးတန်းလောက်က ကျောင်းအတူ တက်ခဲ့တဲ့(သို့)အမှတ်တရလေးတွေဖြစ်ခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်း မောင်ထွေးလေးကို စိတ်ထဲမှာ
ပြန်ပေါ်လာတယ်သမီး။ သူက ဆရာဝန်ကြီးဖြစ်နေတော့ နုတ်ခမ်းမွေတွေ၊ ပါးသိုင်းမွေတွေ၊ အရပ်ကလလည်းထောင်ထောင်မောင်း၊ ခန့်ခန့်ညာညာဆိုတော့ သူရဲ့ငယ်ရုပ်ကို တော်တော် ဖမ်းယူရတယ် သမီး။
သမီးဖေဖေရဲ့ မိဘတွေက ကိုထွေးငယ်ငယ်ကတည်းက နယ်မှ ရန်ကုန်ကို ပြောင်းသွားကြတာ။ အဲဒီကတည်းက အဆက်အသွယ် ပြတ်သွားကြတာ့ မေမေရဲ့ သက်တမ်းတစ်လျှောက်လို့ ပြောပါတော့။
အဲဒီနေ့ညနေဖက်မှာပဲ မေမေနဲ့သူတို့ ညနေစာအတူ စားဖြစ်ကြတယ်၊ ရှေးဟောင်း နှောင်းဖြစ်စကားတွေ ပြောရင်းနဲ့မြို့အနှံ့ လျှောက်လယ်ဖြစ်ကြတယ်။
စောစောပိုင်းက မေမေကို စိတ်ကသိက အောင်ဖြစ်စေတဲ့ သူရဲ့အမှုအရာတွေဟာ စွဲမက်စရာ ဖြစ်လာတယ်။ ငယ်ငယ်ကတည်းကသူစကားပြောရင်အားတိုက်အင်တိုက် ပြောဆိုတတ်မှု ဖေးမကူညီတတ်မှု လေးတွေက သူအနားမှာ ရှိတဲ့ မေမေကို ပြန်လည်နွေးထွေးစေတယ်။
သမီးတို့ လူငယ်တွေ များသေားအားဖြင့် ခံယူထားတာက အချစ်က နှလုံးသားမှာ ဖြစ်ပေါ်လာတယ်လို့ ခံယူထား တာနော်။ တကယ်တော့ နှလုံးသားဟာ နောက်ဆုံးအဆင့်ပဲ၊ နှလုံးသားမှာ စွဲစွဲလမ်းလမ်းဖြစ်သွားပြီးရင် ဒဏ်မခံနိုင်တော့ဘူးတဲ့။ ဒီတော့ မတွေ့ရ မနေနိုင်ခြင်း ၊ အမြဲတမ်းလိုလို အတူရှိစေလိုခြင်း စတာတွေ ဖြစ်တာပေါ့ကွယ်။
မေမေ တစ်လောက သတင်းစာ တစ်ဆောင်မှာ ဖတ်လိုက်ရတယ်။ နောက်ဆုံးပေါ် သီအိုရီတွေအရ ဆိုရင် အချစ်ဆိုတာ နှလုံးသားက ဖြစ်ပေါ်တာမဟုတ်ဘူး ၊နှာခေါင်းကနေ စတင်ဖြစ်ပေါ်တာတဲ့။ လူနှစ်ယောက် ဆုံမိပြီး တစ်ယောက်ကို တစ်ယောက် စုံမက်သွားပြီဆိုရင် သူတို့ နှာခေါင်းတွေက ဟိုမုန်းဓာတ်တွေ ထုတ်လွှတ်ပေးတယ်ဆိုပဲ။ တစ်ဖက်က ထုတ်လွှတ်လိုက်တဲ့
ဟော်မုန်းဓာတ်ဟာ တစ်ဖက်လူရဲ့ နှာဝကနေ ဦးနှောက်အထိ တက်သွားတယ်။ အဲဒီဟော်မုန်ဓာတ်ကနေ နည်းပေါင်းစုံနဲ့ စုံမက်မြတ်နိုးမှုတွေ မုန်တိုင်းထန်လာအောင် နိုးဆွပေးပါသတဲ့။
အတိုချုပ်ကတော့ ခံစားချက်ဆိုတာ မျက်စိနဲ့ မမြင်နိုင်တဲ့ အနံ့အသက်တွေပဲ ဖြစ်တယ်၊ တခြားဘာမှ ထူးထူးထွေထွေ မဟုတ်ဘူးလို့ ဆောင်းပါးမှာ နိဂုံးချုပ်ထားတယ်။
ဗုဒ္ဓနည်းအရတော့ ချစ်ခြင်းတရားဟာ နှလုံးသားမှ ပေါက်ဖွားလသာသော တစ်ခုတည်းသောအရာ မဟုတ်သလို သပ္ပံပညာရှင်များ
လေ့လာတွေ့ရှိသော နှာခေါင်းမှ ဆိုတာလည်း မပြည့်စုံသေးဘူးကွဲ့။
ချစ်ခြင်းတရားဆို အတိတ်က အကြောင်းတရားတွေလည်းပါမယ် ၊ အဆင်း၊ အသံ၊ အနံ့၊ အဆီသြဇာ ( အစားအသောက်) အတွေ့အထိဆိုတဲ့ အားရုံးငါးပါးလုံးလည်း တစ်ပါတည်း ပါလားတယ်လို့ အဘိဓမ္မာကျမ်းမှာ ဗုဒ္ဓဟောထားတယ်သမီး။
မေမေဟာ သမီးဖေဖေနဲ့ ပြန်တွေ့တည်းက မေမေရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အာရုံခံစားမှုတွေ နိုးထလားတယ်။ မေမေရဲ့ခန္ဓာကိုယ်ဝန်းကျင်မှာ ထိတွေ့ ကိုင်တွယ်လို့မရတဲ့ အငွေ့တွေ ထွက်နေတယ်လို့ ခံစားရတယ်။
ဒီအငွေ့အသက်တွေကြောင့် မေမေရဲ့စိတ်တွေကလည်း လေထဲမှာ တဖျပ်ဖျပ်ရိုက်ခတ်နေတဲ့ သစ်ရွက်ကလေးတွေလို့ အသံတွေကြားနေရတယ်။
နွေရာသီမှာ မိုးမရွာလို့ ညှိုးနွမ်းသွားတဲ့ သစ်ပင်လေးဟာ မိုးရေဓာတ်နဲ့တွေ့လိုက်တဲ့အခါမှာ ပြန်လည် စိမ်းလမ်း စိုပြေလာသလိုပါပဲသမီး။
သမီးဖေဖေနဲ့ ပြန်တွေ့ပြီးနောက် သတင်းတစ်ပတ်အတွင်းမှာ ကိုယ့်ကိုကိုယ် မှန်ထဲကြည့်လိုက်တော့ တခြားမိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသလိုပဲ။ မေမေရဲ့ အသားတွေ ပိုပြီး ညက်လာတယ်။ မျက်လုံးတွေ ပိုပြီး အရောင်တောက်လာတယ်။
အဝတ်အစားလဲရင်း တေးစကလေးတွေကို သီဆိုနေမိတယ်။ ဒီလိုနဲ့ပဲ မေမေရဲ့ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ အချစ်တွေ သမီးဖေဖေနဲ့ တွေမှ ပြန်လည်နိုးထာလာခဲ့တယ် သမီး။
စောစောပြောခဲ့တဲ့ သီဟိုဠ်ဇာတ်လမ်းထဲကလို အသက် ၈၀- ကျော်မှတော့ မဟုတ်ပါဘူးနော်။ အသက် ၃၀-ကျော်အချစ်လို့ ဟုသာ မှတ်လိုက်ပါတော့ သမီး၊ နောက်တပတ်မှာ ဆက်ပြောဦးမယ်နော်…။
ဆက်ရန် ( ၁၂)

No comments:
Post a Comment