Thursday, September 13, 2012

သမီးလေးအတွက် ဒိုင်ယာရီ ( ၉)






သမီးလေး ခုလောက်ဆို ကနေဒါမှာ ဖေဖေနဲ့တွေ့ရလို့ မေမေ့ကို စိတ်ဆိုးတာတွေ၊ အထင်လွဲမှားတာထွေ   ပျောက်လာက်ပါပြီနော်။



သမီးလေး မှတ်မိသေးလာ…? သမီးလေး နိုင်ငံခြား မသွားခင်ကလေးမှာ သမီး စာတစ်ဆောင်ရေထားပြီး
 မေမေကြီးရဲ့ခေါင်းအုံးအောက်မှာ ထားခဲ့တယ်တာလေ။ သမီးရဲ့ စာကို မေမေကြီး ခုထက်ထိ အကြိမ်ကြိမ် ပြန်ဖတ်ဖြစ်ပါတယ်။ စာထဲမှာ သမီးလေးရဲ့ ပြဿနာတွေကို ကြိုးစာပြီးရှင်ပြထားတယ်။

 အင်း…ခုတော သမီးလေ ဖေဖေဆေီရောက်နေပြီဆိုတော့ မေမေ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ပါ့မယ်.။ ရှင်လင်းချက်တွေဟာ သမီးလေး ရင်ထဲက လှိုင်ထန်နေတာကလွဲပြီး သမီးလေး ရေးထား တာတွေကို
 မေမေကြီး တစ်လုံးတစ်ပါဒတောင် နားမလည်းဘူ။ ရေးထားတဲ့ စာလုံးတိုင်းက ရှုပ်ထွေး   နေတယ်။ အဓိပ္ပါယ် မသဲကွဲဘူး၊  မေမေက  ရိုးရိုးကြီးမို့ သမီးတို့ရဲ့ ခေတ်ကို လိုက်မမှီတာလား၊   မေမေတို့ေ ခတ်က ခေါ်ခဲ့တဲ လူဆိုတဲ့ ဝေါဟာရကို  သမီးတို့ ခေတ်မှာလည်း လူလို့ပဲ
 ခေါ်မယ်ထင်းပါတယ်။   တခြားဝေါဟာရတော့ မပြောင်းလဲလောက်သေးပါဘူး။
 လူဆိုတဲ့ ဝေါဟာရတောင် မပြောင်းလဲသေးတာ  လူ့ နှစ်လုံးသား ခံယူချက်တွေကလည်း ကြီးကြီးမားမား မပြောင်းလဲ လောက်သေးပါဘူး။

 ဒါကြောင့် တို့တတွေအနေနဲ့ နေစဉ်ကြုံတွေ့နေရတဲ့ အတွေ့အကြုံနဲ့သာ ပြဿနာကို ဖြေရှင်း လို့ရနိုင်တယ်သမီး။

ဒီလိုဖြေရှင်းရာမှာ အကြောင်းအရာတွေကို အခြေခံကျကျ ကြည့်တက် မြင်တတ်ရမယ်၊ ဘယ်တော့မှ ကိုယ်ဖြစ်ချင်တဲ့ ပုံစံမျိုး၊ မကြည့်သင့် ၊ မမြင်သင့်ဘူး။ ပြင်ပ ပယောကကြောင့် ဖြစ်ပေါ်လာတဲ့ အတွေးတွေ ကိုယ်ပိုင်မဟုတ်တဲ့ အတွေးတွေကို ဖယ်ထုတ်ပြီး ကိုယ့်အတွေ့အကြုံအရ ဖြစ်ပေါ်လာတဲ့ နိုင်းယှဉ် လိုက်တာနဲ့ တပြိုင်နက် လမ်းကြောင်းပေါ်ရောက်ပြီသာမှတ်သမီး။

မေမေ မကြာမကြာတွေးမိတာက သမီးလေးဖတ်တဲ့ စာအုပ်တွေ ၊ ပေါင်းသင်းတဲ့ မိတ်ဆွေတွေဟာ သမီးလေး အသိဥာဏ်ကို ဖွင့်ပေးမယ့်အစား အတွေးရှုပ်ထွေးစေတယ်။ သမီးအတွေးတွေကို တွေးဝေစေတယ်လို့ ထင်းတယ် သမီး။ သမီးလေး  နိုင်ငံခြားမသွားခင်က မေမေကြီးကို ရွေးချယ်ခွင့် နှစ်ခုပေးခဲ့တယ်

ကနေဒါကိုသွားပြီး ပညာသင်ရမလား
                  ဒါမဟုတ်
အိမ်ထောင်ပြုရမလားတဲ့။

မေမေရဲ့ အဖြေက တိကျ ပျက်သားတယ်။ မှတ်မိသေးလား ၊ ကနေဒါမှာ ပညာသွားသင်မယ်ဆိုရင်..  မေမေ ခွင့်ပြုမယ်ဆိုတာလေ။

သမီးတို့ခေတ်လူငယ်တွေဟာ များသောအားဖြင့် ..နှလုံးသားရဲ့ ခိုင်းစေရာကို လုပ်တတ်တယ်သမီး၊ ဒီအသက်ဒီအရွယ်မှာ အိမ်ထောင်ပြုတယ်ဆိုတာ သမီးဘဝတစ်လုံးကို ကျွန်ပြုလိုက်တာပဲ၊
 မေမေဆိုလိုတာကအိမ်ထောင်မပြုမရမဟုတ်ပါဘူး၊အချိန်တန်အရွယ်ရောက်ရင် ဒါမဟုတ် ပြည့်စုံတဲ့ လူသားတစ်ယောက်ဖြစ်လာရင် ၊ မလွဲမသွေ အိမ်ထောင်ပြုခြင်းဆိုတဲ့ လောကတာဝန်ကိုတော့  သမီးယူရမှာပေါ့။ သို့မဟုတ်ပဲ  ဒီအသက်ဒီအရွယ် အိမ်ထောင်ပြုတယ်ဆိုတာ.. 
 ထောင်ကျသွားတာပဲ ..၊ သမီးဘဝတသက်လုံး ထောင်ကျခံမလား၊ ဒါကြောင့်   “ အိမ်ထောင်” လို့ခေါ်တာ။

 မေမေ  ဟို အရင်တုန်းက ခရစ်ယာန် သမ္မာကျမ်းစာထဲက စာပိုဒ် တစ်ခုကို ဖတ်ဖူးတယ်သမီး

“ မိမိ၏ နှလုံးသားကို မိမိယုံကြည်စိတ်ချသူသည် သူရူးဖြစ်၏” တဲ့။

 မေမေ ဆိုလိုတာက နှလုံးသားကို ဦးစားမပေးနဲ့ ပြောထာမဟုတ်ပါဘူး။ လူဘဝဟာ နှလုံးသားနဲ့ရှင်သန် နေတယ်ဆိုတာ မေမေနားလည်ပါတယ်။  
 နှလုံးသားက ခံယူထားတာကို ဦးနှောက်ကနေ့ သင့်၊ မသင့်၊ တော်၊ မတော်ဆုံးဖြတ်ပါလို့ ဆိုလိုတာပါ။

စောစောကပြောခဲ့တဲ့  သမ္မာကျမ်းစာ ဆိုလိုရင်းက  မိမိနှလုံးသား ဆုံးဖြတ်ချက်ကို မခံယူနဲ့ ဘုရားသခင်ရဲ့ ဆုံးဖြစ်ချက်ကို ခံယူပါလို့ ဆိုလိုတာထင်ပါတယ်။

မေမေကြီးတို့ ဗုဒ္ဓကတော့ ဒီလိုမဟုတ်ပါဘူး။ အဘိဓမ္မာမှာ အတီအလင်း ဟောထားပြီးသားပါ။ လူတစ်ယောက်ဟာ ပထမဆုံး မျက်စေ့အကြည်ဓာတ်နဲ့ အမြင်အာရုံတို့ တွေဆုံးမိကျသတဲ့။

 ဥပမာ.. လှပတဲ့ ပန်းကလေးတစ်ပွင့်ဟာ သမီးရဲ့ အမြင်အာရုံ  မျက်စေ့အကြည်ဓာတ်မှာ လာတိုက်တယ်။ဒီတော့ မြင်သိစိတ်လေး ဖြစ်လာတယ်။ မြင်သိစိတ်မှ တဆင့် နှလုံးသားမှ ခံယူတယ်။ ဒီအချိန်မှာ ကောင်း၊မကောင်း လှ၊မလှ မဆုံးဖြတ်သေးဘူးနော်။  နှလုံးသားမှ တဆင့် ဆုံးဖြတ်ဖို့ ဦးနှောက်ကို ပို့လိုက်တယ်တဲ့သမီး။  သမီးတို့လို မီးကောင်ပေါက်အရွယ်က  ခံစားချက်တွေကို ဦးနှောက်နဲ့ ၊သို့မဟုတ် အသိဥာဏ်ပညာနဲ့ မဆုံးဖြတ်ပဲ နှလုံးသားနဲ့ ဆုံးဖြတ်တာ ဆိုတော့ မေမေကြီးတို့ နာလည်းရသိပ်ခက်တာပေါ့။

ဒါကြောင့် မေမေကြီးက သမီး နှလုံးသား စေရာကို မပါစေဖို့  အာရုံပြောင်းပြီး နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တာပေါ့။

သမီးရယ် .. ဘဝဆိုတာ  အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေရဖို့ဆိုတာ အခက်သား။ တစ်ခါတလေ ပျော်မယ် ၊ တစ်ခါတလေ စိတ်ညစ်မယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ်ဘာမှ အသုံးမကျတဲ့ လူပြိုကီးအဖြစ်   တွေးချင် တွေးမိမယ်။  ပျော်ရွှင်နေတဲ့အခါ အရာအားလုံးဟာ အဆင်ပြေနေတတ်ပေမယ့်၊ စိတ်ဓာတ်ကျတဲ့အခါ အရား အားလုံးဟာ သမီးအတွက် မိစ္ဆာတွေလို့ တွေးထင်တတ်တယ်။

ဒီလိုဖြစ်ရတာဟာ အကြောင်းရင်းက မေမေစောစောပြောခဲ့တဲ့ အဘိဓမ္မာအတိုင်း အာရုံတွေကြောင့်ပဲ သမီး။ ဒါကြောင့် ဘဝအတွက် ဆိုးကျိုးတွေဖြစ်စေတဲ့ အာရုံတွေကို ကြာကြာလက်ခံမထားပဲ အာရုံပြောင်း ပစ်လိုက်ဖို့ပါပဲ။ ဒါကြောင့် သမီးလေး အာရုံပြောင်းဖို့အတွက် ကနေဒါကိုသွားဖို့ ဆုံးဖြတ်လိုက်တာပဲသမီး။

အာရုံပြောင်းလဲခြင်းကြောင့်ဘဝပြောင်းလဲသွားတဲ့ ကိုရင်လေး တစ်ပါအကြောင့်း မေမေတရားစာအုပ်ထဲမှာ ဖတ်ရတဲ့ ဇာတ်လမ်းလေးကို ပြောပြမယ်နော်။

တစ်ခါတုန်းက  သီဟိုဠ်ကျွန်းမှာ ရှင်တိဿဆိုတဲ့ ကိုရင်တစ်ပါးရှိဖူးတယ်။ ကိုရင်လေးက စိညစ်လို့ လူထွက်ချင်စိတ် ဖြစ်နေပါသတဲ့။ ဒီတော့ ဆရာဘုန်းကြီးဆီးကို သူ လူထွက်လို့တဲ့အကြောင်း   လျှောက်ထားတာပေါ့။ဆရာဘုန်းကြီးက အကဲခတ်မိပါတယ် ငယ်ရွယ်သူမို့ နှလုံးသာရဲ့စေရာ အာရုံတွေရဲ့ ဖမ်းစားခြင်းခံရတယ်ဆိုတာ။

ဒီတော့ ဆရာဘုန်းကြီးက “ အိမ်း.. မင်း လူထွက်မယ်ဆိုလည်း ငါတို့ကို တစ်ပါးတည်း မထားခဲ့နဲ့ ဒီနေရာက ချိုးရေရှားပါးတယ်၊ တို့ကို စိတ္တတောင်ကို အရင်ပို့ပေးဦး လို့ ပြောလိုက်တယ်။  ကိုရင်တိဿလည်း ဆရာဘုန်းကြီးခိုင်းတဲ့အတိုင်း လူထွက်ခါနီး    နောက်ဆုံး   ပြုစုတဲ့အနေနဲ့ ဆရာဘုန်းကြီး လိုရာခရီးကို ပို့ပေးပါတယ်။ စိတ္တရတောင်ရောက်တော့လည်း “  ငါ့ တပည့်.. ဒီတောင်မှာ ဘုန်းကြီးကျောင်းက သံဃာတွေနဲ့ ပြည့်နေပြီး ငါ့အတွက် သီးသန့်  ကမ္မဋ္ဌာန်းကျောင်းလေး တစ်ဆောင် ဆောက်ပေးပါဦး” လို့ အကူအညီး တောင်းပြန်တယ်။ ကိုရင်လေးလည်း စိတ်အားထက်ထက်သန်သန်ပါပဲ ဆရားဘုန်းကြီး နေဖို့ ကျောင်းဆောက်ပြန်တယ်။

သမီး ဒီနေရာမှာ  ကိုရင်လေးကို အတု ယူဖို့ကောင်းတာက.. ဆရာဆရားကို နားထောင်တယ်။ ကိုရင်လေးဟာ ကျောင်းဆောက်နေတာ အမှတ်တမဲ့မဟုတ်ပဲ၊ အလုပ်သုံးခုကို တပြိုင်နက်လုပ်နေခြင်းပဲသမီး။  အဲဒီသုံးခုက ဘာတွေလဲဆိုတော့

)ဆရာအတွက် ကမ္မဋ္ဌာန်းကျောင်း လှိုင်ဂူတူးနေတာရယ်။
၂) ဆရာဘုန်းကြီးဆီမှာ သင်ခဲ့ရတဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဆိုနေတာရယ်။
၃) တေဇောကသိုဏ်ကို ရှုမှတ် ပွားများ နေတယ်တဲ့။

ထူးခြားတာက .. ကိုရင်လည်း ကျောင်းဆောက်ပြီးတာနဲ့အတူ ကျမ်းစာကြီးကို ရွတ်ဆိုတာလည်း ပြီးသွားတယ်။ ရှုမှတ်ပွားများ   နေတဲ့ တေဇောကသိုဏ် ကလည်း အပ္ပနာဈာန်အထိ ရောက်သွားသတဲ့။

ကိုရင်လေးလည်း အားရဝမ်းသာနဲ့ ကမ္မဋ္ဌာန်းကျောင်း ဆောက်လုပ်ပြီးသွားကြောင့်   ဆရာဘုန်းကြီကို သွားလျှောက်တယ်။ ဆရာဘုန်းကြီးကလည်း တပည့်ဆောက်ထားတဲ့ ကမ္မဋ္ဌာန်းကျောင်းလေးကို သဘောကျလို့ သေသေချာချာ  ကြည့်ပြီး ။“ကမ္မဋ္ဌာန်းကျောင်းလေးက ကောင်းလိုက်တာ  ၊    ကိုရင်က မကြာခင် လူထွက်တော့မှာဆိုတော့ ကိုရင်ပဲ တစ်ရက်လောက် ဒီကမ္မဋ္ဌာန်းကျောင်းမှာ တရားအား ထုတ်ကြည့်ပါဦး”   လို့ထပ်မိန့်သတဲ့။

ကိုရင်လေးလည်း ဆရာဘုန်းကြီးညွှန်ကြားချက်အတိုင်း ကမ္မဋ္ဌာန်ကျောင်းအသစ်ထဲမှာ ရာသီဥတုသာသာ ယာယာနဲ့တရားပွားများလို  ကျေနပ်အားရမှု ပိတိရယ်၊ အရင်ကလည်း တေဇောကသိုဏ်ရှုလို့ အပ္ပနာဈာန်ရောက်ထားပြီးသားဆိုတော့ ဒါတွေကိုအခြေခံထားကို   ဝိပဿနရှု့ပွားလိုက်တာ ကိလေသာ ကုန်ခန်း ရဟန္တာဖြစ်သွာတယ်တဲ့။

ဒီတော့ ကိုရင်လေး ဆရာဘုန်းကြီးကို ကျေးဇူးတင်လို့ ဆရာဘုန်းကြီးရှိရာအရပ်ကို မှန်း၍ ဦးချကန်တော့လိုက်သတဲ့သမီး။

ဒါကြောင့်   အရွယ်နုနယ်သေတဲ့ နှလုံးသားမှ ဖြစ်ပေါ်လာတဲ့ အတွေးအခေါ်တွေဆိုတာ များသောအားဖြင့် အဆိုးဘက်ကို ယိုင်တာများတယ်သမီး။

ခုလောက်ဆိုရင် မေမေဆုံးဖြတ်လိုက်တဲ့ နိုင်ငံခြားမှာ ပညာဆက်သင်ရေး ဆုံးဖြတ်ချက်ဟာ လမ်းမှန်ဆိုတာ သမီးလေး ရေးရေးလောက်တွေးမိရင် မေမေ ကျေနပ်ပါပြီ။


No comments:

Followers

My Blog List