နိုင်ငံတော်သမ္မတကြီးဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာမိသားစုများနှင့်
တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပြည်ပရောက်
မြန်မားများလည်း ပါဝင်ဖို့ဖိတ်ခေါ် နေချိန်မှာ သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်များက မြန်မာနိုင်ငံကြီး ခေတ်မီပြောင်းလဲခြင်းနှင့်အတူ လိုက်ပါသွားရမည့် သာသနာရေးကိစ္စများကို ကမ္ဘာသာသနာပြု ပီနန်ဆရာတော်ကြီးနှင့် အဘယ်ကြောင့် လက်မတွဲချင်ရတာလဲ??
။။။။။။။။။။။။။။။။။။။။။။။
မဟာသန္တိသုခ ဘယ်လဲ ဘာလဲ ? အပိုင်း- ၄ မှာ နိုင်ငံတော်သံဃနယကဆရာတော်များရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်မြင်သုံးသပ်တင်ပြချင်ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုလည်း မကျေနပ်လို့ ပီနန်ဆရာတော်ကြီးနှင့်တပည့်သံဃာ၊ဒကာ၊ဒကာမများလည်း
နိုင်ငံတော်သံဃနာယကထံ အယူခံဝင်မယ်လို့လည်း ဆိုပါတယ်။
“နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား ရေစက်ချလှူဒါန်းပြီးဖြစ်လို့ ၊( မှတ်ချက်.. ဤလှူဒါန်းမှုသည် ကာယကံရှင် ပီနန်ဆရာတ်ာဘုရားကြီး၏ ဆန္ဒမပါပဲ လှူဒါန်းခြင်ဖြစ် ခေတ်စကားနှင့် ပြောရလျှင် ကျောင်းအကျိုးတော်ဆောင်များ ဆရာတ်ာကြီးအား တဖက်လှည့်ကာ သာသနာရေးမှ ညွှန်ကြားရေးမှုးဟောင်း၊ သာသနာရေး အကြံးပေး ဦးအံ့မောင်းနှင့် ပေါင်း၍ ဂွင်ရိုက်လိုက်ခြင်းဖြစ်) ပီနန်ဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်”
ဒီဆုံးဖြတ်ချက်ကို ပီနန်ဆရာတော်ကြီးဘက်က ခံစားကြည်မယ်ဆိုရင်.. မဟနဆရာတော်တွေ မတရားဘူး၊ အာဏာကို အလွှဲသုံးစားလုပ်တယ်။ သံဃာမျက်နှာမကြည့်၊ ဘုန်းကြီးချင်းမျက်နှာမှ မထောက်ထား အထက်ကညွှန်ကြားနေတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်နေရတယ်။
ဘယ်မှာလဲ နိုင်ငံတော် သမ္မတကြီးပြောတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ၊ မောင်ပိုင်တွေ၊ ဦးပိုင်းတွေ စိုမိုးနေတုန်းပဲမဟုတ်လား၊ မောင်ပိုင်၊ဦးပိုင်အဖွဲ့က လယ်၊ယာ၊မြေ၊တော၊တောင်ကိုတောင် သိမ်းပိုက်တာ အားမရလို့ ၊ဘုန်းကြီးကျောင်းကိုတောင်သံဃမဟာနာကနဲ့ပေါင်းပြီး သိမ်းပိုက်ပြန်တယ်။ ဘယ်မှာလည်း သာသနာရေးမှာ ထင်းသာမြင်သာရှိတယ်ဆိုလိုလို့ စောကတက်မှာ အမှန်ပါပဲ။
သံဃနာကကဖက်ကလည်း ပြောမှာပေါ့ ဟော ! ကြည့်ပါဆရာတော် ။ အရှင်ဘုရားကျောင်း အမှုဆောင်တွေက အရှင်ဘုရား ပြည်ပရောက်နေတုန်း ၂၀၀၂ နှစ်က နိုင်ငံတော်သံဃနာယကကို လှူထားပြီးပြီပဲ၊ ဒီကျောင်းဟာ သံဃနယဆရာတော်များသာပိုင်တယ်ပြန်မပေးနိုင်ဘူး၊ တကယ်လို့ တပည့်တော်တို့က အရှင်ဘုရားကို ပြန်ပေးချင်ဦးတော့ ၊ ပြန်ပေးမယ်လို့ ဆုံးဖြတ်လိုက်ရင်တပည့်တော်တို့ စားအိုးကွဲသွားမှာပေါ့။ တပည်တော် ရထားတဲ့ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ရထူးလေးကို မစွန့်လွှတ် ချင်းဘူး။ အရှင်ဘုရားလည်းသိသားပဲ၊ အထက်ရောက်တဲ့သူ
အောက်မဆင်းချင်တော့ဘူးဆိုတာ စသည်ဖြင့် ဆိုင်ဆိုင်ရာ အကြောင်းပြကြမှာပေါ့။
ဒီနေရာမှာ နှစ်ဖက်စလုံး ဘယ်သူကိုမှ လိုသည်၊ပိုသည်၊ လို့မဆုံးဖြတ်လိုပါဘူး၊ နေရာတိုင်းမှာ ကွဲပြားခြားနားမှုတွေကတော့ ရှိနေမှာပေါ့။ ဒီလို အမြင်မတူ တမူကွဲပြားမှုတွေနဲ့ ပတ်သတ်လာလျှင် သမ္မတကြီး ဦးသိန်းစိန် တက်လာတော့  သူပြောလေ့ရှိတဲ့ စကားတခွန်းကို ပြန်ပြောင်းသတိရမိတယ်။
“ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အမြင်မတူတာတွေ သဘောထားကွဲ လွဲတာတွေ ဘေးဖယ်ထား” တူညီတဲ့အချက်ကစပြီး နိုင်ငံတော်ကြီး တိုးတက်အောင် လက်တွဲလုပ်ကြရအောင်လို့ ပြောဖူးတယ်။
ဒီစကားဟာ .. မြတ်စွာဘုရား အမြဲပြောလေ့ရှိတဲ့ "သမဂ္ဂါနံ တပေါ သုခေါ"- အချင်းချင်း ညီညွတ်အောင်နေကြဆိုတဲ့ စကားနဲ့ သဘောထား ကိုက်ညီပါနေပါတယ်။
အမုန်း အာဃာတကြီးမားစွားနဲ့ ထောင်ချ၊ သေကြောင်းကြံ၊ အမျိုမျိုးပြစ်ဒဏ်ပေးပြီး ပြဒါးတစ်လမ်း၊ သံတလမ်း လျှောက်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မကြီးဦးသိန်စိန်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်ဒ်ါအောင်းဆန်းစုကြည်တို့အောင် အမြင်မတူတာတွေ ဘေးဖယ်ထားပြီး နိုင်ငံတော် အကျိုးအတွက် နှစ်ဦးသား လက်တွဲဆောင်ရွက်နေကြသေးတာ ..၊
အဘယ်ကြောင့်သာလျှင် မြတ်စွာဘုရားသားတော်များဖြစ်ကြတဲ့
နိုင်ငံတော်သံမဟာနာကနှင့်သက်တော်ရှည်ပီနန်ဆရာတော် ဘုရားကြီးတို့ သာသနာတွက် လက်တွဲမဆောင်ရွက်နိုင်စရာ အကြောင်းရှိပါမလဲ။
၈၈-ခေါင်းဆောင်များဖြစ်ကြတဲ့ နှစ်ပေါင်းများစွာ ထောင်နန်းစံပြီး အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့နဲ့ သမ္မရုံးဝန်းကြီး ဦးအောင်မင်းတို့ လက်တွဲကာနိုင်ငံတော် ပွင့်လင်းမြင်သာဆိုတဲ့ ဒီမိုကရေစီခေတ် ရေးစီးကြောင်းတဲမှာ မျှောပါသွားနေကြသေးတာ။
အဘယ်ကြောင့် နိုင်ငံတော်သံဃမဟာနာကဆရာတော်ကြီးများက ပွင့်လင်းမြင်သာသော ဗုဒ္ဓအလိုကျ သီတင်းသုံးဖော် သံဃာအချင်းချင်း မညီညွတ်ကြပဲ အာဏာရှင်လက်ထက်ကလို ရှေးရိုးစွဲ စာအုပ်ကြီးအတိုင်းအယူဝါဒကို စွဲကိုင်ကာ အထက်ကညွှန်ကြားသည့်အတိုင်း ဆက်လက် ကျင့်သုံးနေကြတာလဲ။
နှစ်ပေါင်းမြောက်များစွာ မြန်မာ့တပ်မတော်နဲ့ KIO/KIA စသော လက်နက်ကိုင်အဖွဲ့အစည်းများ သဘောထားကွဲလွဲလို့ နှစ်ပေါင်းများစွာ အသက်သွေး၊ချွေးတွေပေးဆပ်ပြီး တိုက်ပွဲဝင်လာခဲ့ တာတောင်မှ လူမှုအဖွဲ့အစည်းတွေ ပွင့်လင်းလာတဲ့ခေတ်မှာ မတူတာတွေ ဘေးဖယ်ထားပြီး ၊ လက်နက်နှင့်ငြိမ်းချက်ရေးလဲကြဖို့ လက်မှတ်တွေ ထိုးကာ သမိုင်းမှတ်တိုင် တင်နိုင်ခဲ့ကြသေးတာ
အဘယ်ကြောင့် သူတော်ကောင်းကြီးများဖြစ်ကြတဲ့ နိုင်ငံတော်သံဃမဟာနာယက နှင့်ပီနန်းဆရာတော်ဘုရားကြီးတို့ တစ်ပါးနှင့်တစ်ပါး မျက်နှာချင်းဆိုင် သာသနာ့ငြိမ်းချမ်းရေးအတွက် လက်မှတ် မထိုးနိုင်းသေတားလဲ စသည်ဖြင့်တွေးတောမိပါတယ်။
ခုဆိုရင် ဆရာတော်ကြီးနဲ့ တပည့်သဃာတော်များဟာ မဟာသန္တိသုခကျောင်းတော်ကြီး ပြန်လည် သတင်းသုံးနေပါပြီ။
ပီနန်ဆရာတော်ဆိုတာ လွန်ခဲ့သော နှစ်ပေါင်း ၅၀-ကျော်ကတည်း အမေရိကန်၊ ကနေဒါ၊ ထိုင်ဝမ်၊ ဩစတေလျ၊၊စက်ာပူ၊ မလေးရှားတို့မှာ မြန်မာဘုန်းတော်ကြီးကျောင်းပေါင် ၂၀-နီးပါကို တည်းထောင် ခဲ့တဲ့ဆရာတော်။ဆရာတော်ရဲ့ တပည့်များဟာလည်း နိုင်ငံတကာမှာ သာသနာပြူနေကြပါပြီ။
သို့အတွင်ကြောင့် မဟနဆရာတော်များ ဘယ်လိုပင် ဆုံးဖြတ်ချ ထားသော်လည်း။ အာဏာရှင် စစ်အစိုးရမဟုတ်တဲ့ ခုအချိန်အခါမှာ သမ္မတကြီးဦးသိန်းစိန်မှ မကြာခဏအမြဲပြောလေ့ရှိတဲ့
ပြည်သူက တင်ထားတဲ့ တာဝန်ရှိသူများ၊ ပြည်သူက တင်မြောက်ထားတဲ့ ပြည့်သူဝန်ထမ်းများ ဘယ်လိုဆက်လက် ဖြေရှင်းမလဲဆိုတာ စာရေးသူနဲ့စာဖတ်ပရိတ်သတ်များ
စောင့်ကြည့်ရအောင်ပေါ့ဗျာ။
No comments:
Post a Comment