၀၅.၀၅.၂၀၀၆
ချစ်စွာသော သူငယ်ချင်းသဒ္ဒါ..
မင်းတို့ရေးလိုက်တဲ့ စာကို ရပါတယ်ကွာ၊ မင်းတို့တစ်တွေအားလုံး အမေရိကမှာ အဆင်ပြေနေတယ်ကြားလို့ ဝမ်းသာလို့မဆုံးပါဘူး၊ အိမ်း.. နောက်တန်းက ငါတို့ဘဝ အခြေ အနေဟာ မင်းတို့လည်း နေသွားတာဆိုတော့ အထူးတလယ်ပြော စရာစလိုဘူးပေါ့။
ဒါပေမယ့် မင်း ကလေးတွေကို ညနေတိုင်း သင်ပေးနေတဲ့ Basketball အားကစားကို မင်းကိုယ်စာ ငါဆက်လက်သင်ပေးနေတယ်ကွာ၊ မင်းနဲ့အတူ တို့စိုက်ပျိုးခဲ့တဲ့ တပိုင်တနိုင် စိုက်ဆင်းလည်း တော်တော်လည်း ဖြစ်ထွန်းနေပြီဟ။
သူငယ်ချင်းသဒ္ဒါ...
အမေရိကရောက်လို့များ မင်း ဘဝကို ယောင်ချာချာ မဖြစ်စေနဲ့ ၊မင်း လမ်းမလွဲစေနဲ့ ၊ မင်း ရည်းမှန်းချက် တွေ မပျောက်ပျက်စေနဲ့ ။ ဘယ်မှာပဲ ရောက်ရောက် ဘယ်တော့မှ ဖားတစ်ပိုင်း၊ငါးတစ်ပိုင်းတော့ မဖြစ်စေနဲ့ ၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်းဆိုတာ ၊ သတ္တဝါစာရင်းထဲမှာ မရှိဘူးဆိုတာ မင်းမြဲမြဲမှတ်ထား။
နောက်ပြီး ပြည်ပတိုင်းပြည်မှာ နေထိုင်းရင်းနဲ့ အတုအယောင်တွေကို အတုခိုးမှားလို့ ကိုယ့်ဘဝကို နားမလည်တဲ့ လိပ်တစ်ကောင်လိုလည်း မဖြစ်စေနဲ့...။
ငါဖတ်ဖူးတဲ့ နှင်းနှင်းအေး (မန္တလေး) ကလေးပုံပြင်ထဲက ဘဝမသိတဲ့ လိပ်တစ်ကောင် အကြောင်းကို ပြောပြမယ်နော်..။
ရှေးရှေးတုန်းက မြစ်ကမ်းပါးတစ်ခုအနီး တောထဲမှာ နေထိုင်တဲ့ လိပ်ကြီးတစ်ကောင်ရှိသတဲ့။ လိပ်ဆိုတာ လိပ်ရဲ့သဘာဝအတိုင်း သွားလေရာကို သူ့ရဲ့အခွံမာကြီးကို သွားလေးရာကို သယ်သွားရတာပဲမဟုတ်လား။ ဒါကိုပဲ လိပ်ကြီးက မကျေမနပ်ဖြစ်သတဲ့။
" စိတ်ညစ်စရာ ကောင်းလိုက်တာ ၊ ဘဝမှာ ဖြစ်စရာသတ္တဝါ အကောင်တွေ ဒီလောက် မျိုးစုံရှိပါလျှက်နဲ့ လိပ်ဖြစ်ရတယ်လို့ ဟိုမျောက်ကြည့်လိုက်စမ်းပါဦး၊ လွတ်လွတ် လပ်လပ် ဟိုခုန်ဒီခုန်နဲ့ ၊ နောက်ပြီး ဆင်းကြီးကို ကြည့်လိုက်စမ်းပါဦး၊ အကောင်ကြီးသလောက် ပြေးပြေးလွှားလွှား ၊ ဘယ်သွားမလဲ ငါ့ထက်တော့ မြန်တယ်၊ နောက်ဆုံး ငါလို ရေနေ၊ ကုန်းနေဖြစ်တဲ့ ဖားကလေးကိုကြည့် လိုက်ဦး ရေထဲမှာ ကူတာကျွမ်းလို့၊ မြန်လို့ လူတွေက ဖားကူးလို့တောင် ခေါ်ရတဲ့ နည်းနဲ့ လူတွေ ဆရာပြန်လုပ်ပစ်လိုက်သေးတယ်။ ကုန်းပေါ်မှာလည်း ကြည့်လိုက်စမ်းပါဦး၊ လေထဲပျံသွားတဲ့ ပိုးကောင်း၊ ယင်ကောင်ကို ခုန်းဟပ်လို့ ၊ငါ့မှာတော့ အပေါ်က ပျံသွားတဲ့ အကောင်ကို ခုန်ဟပ်ဖို့ နေနေသာသာ ငါ့ကျောပေါ်မှာ လာနားတဲ့ အကောင်ကိုတောင် လှမ်းဟပ်လို့မရဘူး"
လိပ်ကြီးခမျာ.. သူ့ဘဝကိုယ်သူ အဲဒီလို အကြီးအကျယ် စိတ်ညစ်နေခဲ့တယ်။
မြန်မြန်ထက်ထက် သွက်သွက်လက်လက် မသွားလာနိုင်၊ မလှုပ်ရှားနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားလိုက်ပြန်တော့ ဒီကျောပေါ်တင်ပြီး ခြေလက်တွေ စွပ်ထည့် ထမ်းထားရတဲ့ အခွံကြီးကို တရားခံအဖြစ် မြင်ယောင်မိတယ်။
" ဒီအခွံကြီးသာ မရှိရင် ယုန်ကလေး ငါ့ကို အဘလို့ခေါ်ရမယ်၊ ငါအဲဒီလောက် သွက်မှာ"
လိပ်ကြီးက အဲဒီလိုနေ့တိုင်း စဉ်းစားမိသတဲ့။
ကိုယ့်ရဲ့ ပကတိဘဝကို သဘောမတွေ့။ အမြဲစိတ်ညစ်နေတော့ ၊ အဲ.. သဘောပေါက် အောင်ပြောရရင် လူဖြစ်ပြီး လူဖြစ်နေတာကို စိတ်ညစ်နေတဲ့ ပုံစံ စိတ် ညစ်နေတော့ သူ့ ဘဝကို ပိုလို့ ပိုလို့ သဘောမတွေ့ဖြစ်လာတယ်။
ဒါနဲ့ သူနဲ့ နီးစပ်ရာ မိတ်ဆွေတွေကို ဆွေးနွေးတိုင်ပင်တယ်။
" ဒီမှာ ကိုရွှေယုန်- ကျုပ်ဒီအခွံကြီးကို ချွတ်ချင်တယ်ဗျာ"
" ခင်ဗျားရဲ့ သဘာဝအခွံကြီးကို ချွတ်ချင်တယ်လား၊ ဘာဖြစ်လို့လဲ ၊ လွပ်ခွံတွေ ဈေးကောင်းတယ်လို့ ကြားလို့လား"
" ဟာ.. ပေါက်ကရ.. ၊ ကျုပ်ဒီအခွံကြီးကို ထမ်းရတာ စိတ်ညစ်လို့ဗျ"
လိပ်ကြီးရဲ့ စကားကြောင့် ကိုရွှေယုံ ဘာပြောရမှန်းမသိဖြစ်သွားတယ်။
'ခင်ဗျား ဒီအခွံရှိနေလို့ လိပ်ဖြစ်နေတာပေါ့ ။ ဒီအခွံမရှိရင် ခင်ဗျား လိပ်ဘယ်ဟုတ်မလဲ'
'တော်စမ်းပါဗျာ ၊ဒီအခွံကို ဘယ်လိုခေါ်ကြသလဲ'
'လိပ်ခွံလို့ခေါ်တယ်'
'ကျုပ်ကြတော့ ဘယ်လိုခေါ်သလဲ'
'လိပ်လို့ခေါ်တယ်'
ဒီတော့ ဒီလိပ်ခွံကြောင့် ကျုပ်လိပ်ဖြစ်နေတာလား ၊ကျုပ်လိပ်ဖြစ်နေလို့ ဒီဟာက လိပ်ခွံဖြစ်ရတာလား
လိပ်ကြီးရဲ့ စောဒကတက်မှုကြောင့် ပညာရှိလို့ အမည်တွင်တဲ့ ရွှေယုန်ရဲ့ ဦးနှောက်ထဲ ဘာဖြေရမှန်း မသိဖြစ်သွားတယ်။
ပြီးတော့ လိပ်ကြီးက သူ့မိတ်ဆွေ မျောက်ကြီးကို မေးပြန်သတဲ့။
ကျုပ် ဒီအခွံကြီကိုး ခွတ်ချင်တယ်ဗျာ ဘယ်လိုလုပ်ချွတ်ရမလဲ
မျောက်ကတော့ ဘာကြောင့်.. ဘယ်ဟာကြောင့်တွေ စူးစမ်း မေးမြန်း မနေဘူး၊ လက်မြန် ခြေမြန်အကောင် ဆိုတော့ လက်တွေ့ကျကျ အကြံပေးလိုက်တယ်။
ခွဲချွတ်ဗျာ၊ ကျောက်တုံးနဲ့ ဝင်ဆောင့်ချွတ်ဗျာ၊ ခင်ဗျားကိုယ်တိုင် မဆောင့်ခွဲနိုင်ရင် ကျုပ် ကျောက်တုံးနဲ့ ထုခွဲပေးမယ်။
မျောက်ညိုက ပြောပြောဆိုဆို ကျောက်တုံးကြိးတစ်တုံးကို ကောက်ဆွဲလိုက်တယ်။
လိပ်ကြီးကာ ကမန်းကတန်း တားလိုက်တယ်။
'နေ..နောပါဦးဗျ.. ၊ အဲဒီလို ထုခွဲလိုက်ရင် ကျုပ်နာမှာပေါ့'
'နာတာ မနာတာ ကျုပ်မသိဘူး ၊ခင်ဗျား ကျွတ်ချင်ရင် ၊ ကျွတ်စေရမယ် ဒါပဲ'
ဟာ.. မဖြစ်ပါဘူး ခင်ဗျား ပြောသလိုလုပ်လို့ဟု ဆိုကာ မျောက်ညိုနားက
ထွက်သွားတယ်။
ခဏကြာတော မြေခွေးတစ်ကောင်နဲ့ တွေ့ပြန်တယ်။
ဘယ်လိုလဲ ကိုရွှေလိပ် ၊ ငိုင်တိုင်တိုင်နဲ့ ဘာဖြစ်နေတာလဲ ဟု မြေခွေက မေးလိုက်တယ်။
'ခင်ဗျားကို ပြောရမှာ ကြောက်တယ် ခင်ဗျားက စိတ်ချတဲ့ကောင်မဟုတ်ဘူး'
'ဟာဗျာ... ခင်ဗျားက မြေခွေးဆို ကောက်ကျစ်တယ်လို့ တခြားသူစကားတွေကို ယုံပြီး တရားသေ မပြောပါနဲ့ဗျ၊ မကောက်ကျစ်တဲ့ မြေခွေးတွေလည်းရှိပါသေးတယ်'
ကဲဗျာ ဒီလိုဆို ခင်ဗျားကို အကူအညီတစ်ခုလောက်တောင်းချင်လို့
ဆိုးစမ်းပါဦး ထူးထူးခြားခြား ဘာတွေများ ကိုရွှေလိပ်မှာ အခက်အခဲတွေ တွေ့နေလို့လဲ
ကျုပ် ဒိလိပ်ခွံကြီး ချွတ်ပြီး လွတ်လွတ်လပ်လပ်နေချင်တယ်ဗျာ အဲဒါ ဘယ်လို လုပ်ရင် ကောင်းမလဲ
လိပ်ကြီးရဲ့စကားကြောင့် မြေခွေး ခေါင်းကုတ်သွားရတယ်။
ခက်တာပဲ၊ ခင်ဗျား တောင်းမယ့် တောင်းတော့ တကယ့် အကူအညီကြီးပဲ ။ ခင်ဗျား အခွံကြီးကို ရေစိမ်းပြီးနေလိုက်လေ ၊ ကြာလာရင် နူးပြီး အခွံပျော့ကာ ချွတ်လို့ ရမှာပေါ့။
မရဘူးဗျ.. ကျုပ်က မွေးကတည်းက ရေပြင်ဆင်းလာတဲ့ အကောင်တွေ ရေထဲမှာ အနေများတာ ၊ ဘာမှ မဖြစ်ဘူး လို့ လိပ်ကြီးက ပြန်ဖြေလိုက်တယ်။
" အင်း.. ခင်ဗျား အဖြစ်ကတော့ သတ္တဝါအချင်းချင်း မကူညီနိုင်တဲ့ ကိစ္စဖြစ်ပြီထင်တယ်။ တောနက်ထဲမှာ ရသေ့ကြီးတစ်ပါးရှိတယ်။ အဲဒီရသေ့ကြီးက အားလုံးသိ၊အားလုံးတတ်ပဲဗျ ၊ တန်ခိုးလည်းရှိတယ် သူဆီသွားအကူအညီတောင်းရင် ရလောက်တယ်လို့ မြေခွေးက အကြံပေးလိုက်တယ်။
လိပ်ကြီးလည်း သူ့ရဲ့ အခွံကြီးကို ချွတ်ချင်တာကြောင့် တောကြမ်းခရီးကို ပင်ပင်ပန်းပန်း ဖြတ်သန်းကာ ရသေ့ကြီးကျောင်းသင်္ခန်းဆီကို ရောက်အောင်သွားခဲ့တယ်။
ရသေ့ကြီးက လိပ်ကြီးကျောင်းရောက်တာတယ်ဆိုရင်ပဲ ဘာကြောင့် ရောက်လာတယ်ဆိုတာ ၊ လိပ်ရဲ့အကြံကို သိလိုက်တယ်။
" အင်း... လိပ်ကလေး.. မင်းက ကိုယ့်ဘဝကောင်းကွက် ဆိုးကွက်တောင်မသိဘူး၊ ဒါပေမယ့် မင်းကို တရားစကားပြောလို့ သဘောပေါက်မှာ မဟုတ်ဘူး ၊ဒီတော့ မင်းလိုချင်တဲ့ အတိုင်း မင်းအခွံကို ငါချွတ်ပေးလိုက်မယ်" ဟုဆိုကာရသေ့ကြီး ဂါထားတစ်ပုဒ်ရွက်လိုက်တာနဲ့ လိပ်ကြီးရဲ့ အခွံဟာ သူ့ခန္ဓာကိုယ်က အလိုလို ကျွတ်သွားတယ်။
လိပ်ကြီး အင်မတန်သဘောကျသွားတယ် ။ သူ့ဆန္ဒပြည့်ဝလို့ ရသေ့ကြီးအား ကျေးဇူးတင် စကားပြောဆိုကာ ဦးချပြီးထွက်လားခဲ့တယ်။
ဘာမှ အသုံးမချဘူးလို့ ထင်တဲ့ လိပ်ခွံကိုတော့ ရသေ့ကြီး ကျောင်းမှာပဲ ထားခဲ့လိုက်တယ်။
လိပ်ကြီးရဲ့ အပြန်းခရီးမှာ မကြာခင်ပဲ ဒုက္ခလှလှ ကြုံတွေ့ရတော့တယ်။ ကျားကြီးတစ်ကောင် အမဲလိုက်ထွက်လာစဉ် လိပ်ရဲ့အနံ့အသက်ကို ရလိုက်တယ်။ဟ.. ဘာကောင်လဲ မသိဘူး၊ ဒီအနံ့မျိုးမရဘူးပါဘူး လိပ်ကြီးခမျာ
ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းလျှို၊လက် ၊ခြေလျှိုလိုက်တယ်။ အဲဒီတော့မှ
သူမှာ အခွံမရှိတော့တာကို သတိရလိုက်တယ်။ ကျားကြီးကို ကြောက်လို့
ချုံပုတ်ထဲကို အတင်းတိုးဝင်တယ်။ အခွံကြီးမလာတော့တဲ့အတွက် သူ့အသားတွေက
နူးညံလို့ အကိုင်း အခတ်တွေ နည်းနည်းမျှ တို့ထိတာတောင် ဓားနဲ့ပိုင်းသလို
ခံစားရတယ်။
ကျားကြီးက ချုံပုတ်ကို အသာဖြဲကြည့်လိုက်ချိန်မှာတော့ ကြောင်လန့်တကြား တိုးဝင်သွာလို့ တွင်းတစ်ခုထဲကို ဒလိမ့် ခေါက်ကွေးကျသွားတယ်။
ကျားကြီးက ..ထူးဆန်းတဲ့ အခွံပြောင်လိပ်ကို တွေ့တော့ .. မှင်စာဘဲဖြစ်မယ်ဟု ဆိုကာ ဝေးဝေးက ရှောင်သွားတယ်။
ကျားပြီး အဝေးကိုရောက်သွားမှာ လိပ်ကြီး တွင်းထဲမှ အပေါ်ကို ပြန်တတ်နိုင်တော့တယ်။
သူ့တစ်ကိုယ်လုံးလည်း သွေးချင်းချင်းရဲနေတာပဲတဲ့။
"ဒုက္ခပဲ ခုမှ မကြုံဘူးသေးတာတွေ ဖြစ်နေရပါလား"
လိပ်ကြီး အဲဒီလို ညည်းတွားပြီး ခရီးဆက်လာခဲ့ပြန်တယ်။ အခွံရှိတာနဲ့ မရှိတာရဲ့ အကျိုးကို နည်းနည်းလေး စဉ်းစာ စပြုလာတယ်။
ဒါနဲ့ ညဖက်ရောက်တော့ အိပ်ဖို့ပြင်ရော။
အခွံမပါတဲ့ အတွက် သူ့ကိုယ်သူ လုံခြုံစိတ်ချမှု မရှိပဲ အထိတ်တလန့်နဲ့ တစ်ညလုံး အိပ်မပျော်ခဲ့ဖူး။ အဲဒီလို အချိန်မှာ အခွံကြီးရဲ့ အသုံးကျပုံကို သဘောပေါက်လာတယ်။
နောက်တစ်နေ့ ခရီးစဉ်မှာ ကုန်းလမ်းက မသွားပဲ ရေလမ်းက သွားရင် အန္တရယ်ကင်းမယ်လ လို့ ဆုံးဖြတ်ပြီး ရေးလမ်းကသွားလိုက်သတဲ့။ ရေထဲရောက်တာနဲ့ ဒုက္ခတမျိုးထပ်ကြုံရပြန်တယ်။
" ဟဲ.. ဒီအကောင်ဟာ ဘာကောင်လဲ"
ငါးလေးတွေက ဟိုဘက် ဒီဘက်ကပ်လာပြီး တို့လား ဆိတ်လား လုပ်တယ်...။
မနေ့က ဒဏ်ရာ ဒဏ်ချက်တွေ ပွနေသေးတဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေက ထပ်ကျကုန်တာပေါ့။
" ငါလိပ်ပါကွ၊ လိပ်ပါ"
လိပ်က အသဲအသန်အော်လိုက်တယ်။
" လိပ်ဆိုရင် ဘယ်မှာလဲ မင်းအခွံ၊ မင်းက ကုန်းပေါ်က သတ္တဝါ ရေသတ္တဝါဆောင်လားတာပဲနေမယ်" လို့ ငါးတွေက ပြောသတဲ့။ ဒီလိုနဲ့ ရေထဲက ငါးတွေက ဝိုင်းလိုက်လို့ လိပ်ကြီးကုန်းပေါ် ပြန်တတ်ပြေးပြန်သတဲ့။
ကုန်းပေါ် ပြန်ရောက် ပြန်တော့လည်း မျောက်တွေ သောင်းကျန်းနေတဲ့ အဖြစ်နဲ့ ကြုံရတယ်။ တစ်ကောင်နဲ့ တစ်ကောင် အုန်းသီးတွေ ပစ်ပေါက်နေတော့ အုန်းသီးတွေဟာ သောင်စပ်ပမှာ မောမောကပန်းပန်း ဝပ်ပြီး ငြိမ်နေတဲ့ လိပ်နားကိုလာကျတယ်။
လိပ်ခွံမရှိခြင်းကြောင့် အန္တရာယ်မျိုးစုံကို မကာကွယ်နိုင်လေသေတာ့ နောင်တရပြီး ရသေ့ကြီးထံပြန်သွားသတဲ့။
နောက်ဆုံး ရသေ့ကြီးထံ ပြန်ရောက် သူ့အခွံကြီးဟာ သူထားခဲ့တဲ့အတိုင်း မြင်တွေ့ရတော့ သိပ်ဝမ်းသာသွားတယ်။
" ရသေ့ကြီး ကျနော်မျိုးအခွံကို လွှင့်ပစ်လိုက်ပြီ ထင်နေတာ"
" မင်း ပြန်လာမယ်မှန်းသိလို့ အသင်ထားပေးတာကွဲ့ ၊ ခု မင်း အခွံရဲ့တန်ဖိုးကို သိပြီမဟုတ်လား၊
မင်းတို့သတ္တဝါတွေရဲ့အားနည်းချက်ကတော့ ဒါပါပဲ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို မရှိတော့မှ ၊အဲဒီပစ္စည်းရဲ့ အကျိုးအမြတ်ကို မြင်တတ်တယ်။ သတ္တဝါတိုင်း သတ္တဝါတိုင်းမှာ တစ်ကောင်းနှင့် တစ်ကောင် မတူတဲ့ ဘဝပေး ထူးခြားချက်တွေရှိတယ်။ လိပ်တစ်ကောင်က မျောက်လို သစ်ပင်တက်ချင်လို့ မရဘူး၊ မျောက်တစ်ကောင် ကလည်း လိပ်လိုရေကူးချင်လို့မရဘူး၊ ကျားတစ်ကောင်ကလည်း ငှက်တစ်ကောင်လို မိုးပေါ်ပျံချင်လို့မရဘူး၊
သတ္တဝါတိုင်းမှာ တစ်ကောင်နဲ့ တစ်ကောင် မတူတဲ့ ပါရမီအစွမ်းအစ တွေရှိနေတယ်ဆိုတာ သဘောပေါက်ရမယ်။
အဲဒီလို ရသေ့ကြီးက ဆုံးမလိုက်တော့မှာ ကိုယ့်ဘဝအကျိုးပေး အကောင်း/အဆိုးကို မသိတဲ့ လိပ်ကြီး သင်ခန်းစာ ရသွားသတဲ့။
လိပ်ကြီးဟာ ရသေ့ကို ရှိခိုးကန်တော့ပြီး ပြန်လာခဲ့တယ်။ အပြန်ခရီးမှာတော့ သူအခွံရှိနေတဲ့အတွက်ကြောင့် သူ့အတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာကို လက်တွေ့ကျကျ သိခွင့်ရလိုက်တာပေါ့။
ဒါကြောင့် သဒ္ဒါရေ...၊ ဘယ်မှာပဲရောက်ရောက် ကိုယ့်ဘဝ ကိုယ့်အကျိုးပေးကြောင့်ရတဲ့ ကိုယ့်လူမျိုး ၊ ကိုယ်ဘာသာစကား၊ကိုယ့်ကိုးကွယ်တဲ့ ဘာသာကိုတော့ မေ့ပစ်ဖို့ စိတ်မကူးလိုက်နော်။
နောက်တစ်ခု ...
မင်းသားကြီး ချားလ်စ်ရဲ့ ဘဝမှာ မချိုးဖောက်သင့်တဲ ကျင့်ဝတ်လေးဖြာကိုလည်း မှတ်ထားလိုက်ဦး သူငယ်ချင်း
၁) ယုံကြည်မှု
၂) ဂတိ
၃) ခင်မင်ခြင်းနဲ့
၎) နှလုံးသာတို့ကို ဘယ်တော့မှ မချိုးဖောက်လေနဲ့တဲ့၊
ချိုးဖောက်မိရင်တော့ အသံမကျယ်ပေမယ့် ၊ နာကျင်မှုဆိုတာ အထွဋ်အထိပ်ကိုရောက်လိမ်မယ်။
ချစ်သူငယ်ချင်းဖိုးချို
ဒုက္ခသည်စခန်း၊ ထိုင်း၊မြန်မာနယ်စပ်
၀၅.၀၅.၂၀၀၆
No comments:
Post a Comment