ဟဲလို..ဟဲလို..
ဘုန်းဘုန်း ရှိလားဘုရား။
အိမ်း.. ဘုန်းဘုန်းပဲ စကားပြောနေတာ။
ဘုန်းဘုန်းဘုရား.. တပည့်တော်ကို ကယ်ပါဦးဘုရား...ကယ်ပါဦး..။
ဟဲ... ဒကာ ထိတ်လန့်တကြား ဘာတွေဖြစ်ကုန်လို့လဲ ပြောပါဦး။
တပည့်တော်မှာ မီးတွေ လောင်နေတယ်ဘုရား၊ ပူပြင်းလွန်းလို့ အိပ်လို့မရ၊စားလို့မရ၊ အလုပ်ထဲမှာလဲ အယောင် အယောင် အမှားမှားနဲ့ ထိခိုက်ဒဏ်ရာတွေ ဖြစ်ကုန်တယ်ဘုရား။
"ဟဲ..ဟဲ..အဲဒါဆို ဘာမီးတွေလဲ ပြောပါဦး ဘုန်းဘုန်းတို့ တက်နိုင်သလောက် ကူညီရမှာပေါ့"
"အချစ်းမီး ဘုရား ၊ အချစ်မီး.."
အချစ်းမီး ငြိမ်းတဲ့ ဆေးလေးဘာလေး ဘုရားဟောရှိရင် ပေးပါဦးဘုရား။
အင်း ..ဒကာ...မည်လည်ဆရာတော် ဘုရားရေးထားတဲ့ မဃဒေဝလင်္ကာထဲမှာတော့
" ကာမရောဂါ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေးမရှိဘူး၊
မိမိပညာ သတိသာလျှင် မဟာသြသဓ ဆေးမည်စွာ့ရှင်တဲ့"
မင်း အချစ်မီး လောလော ငြိမ်းသက်ဖို့တော့ ဘုန်းဘုန်းဆီမှာ ဆေးမရှိဘူး ဒကာ၊ စိတ်ကလေးကို အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ်ထား ဘာမှ မစဉ်စားပဲ ၊ မိမိရဲ့ ထွက်သက်ဝင်သက်လေးကိုပဲ သတိနဲ့ကြည့်နေလိုက်ပေါ့။ ဒါဆို ဖြေဖြေချင်း သက်သာရာ ရလာမှာပေါ့ဒကာ။
'လောလောဆယ်တော့ အပူရှိန်ပြင်းတော့ တစ်ကိုယ်လုံး မီးလောင်နေသလိုပါပဲ ဘုရား၊ ဘာလုပ်လို့ ဘာကိုင်ရမှန် လည်းမသိတော့ပါဘူး ဘုန်းဘုန်း"
အိမ်း ဒကာ " စိတ်ထဲမှာ ပူပြင်းနေတယ်ဆိုရင်လည်း ပူပြင်းတယ်၊ ပူပြင်တယ်လို့မှတ်၊ လောင်ကြွမ်းနေတယ်ဆိုရင်လည်း လောင်ကြွမ်းတယ်၊ လောင်ကြွမ်းတယ်လို့ သတိလေးနဲ့ မှတ်နေလိုက် ဒါမျိုးကလည်း အချိန်က ကုစားသွားတတ်ပါတယ်။
ဒါနဲ့ ဖြစ်ကြောင်စုံလင်ပြောပြဦး.. မိမိအကြောင်းကို တစ်ပါးသူအား ဖွင့်ဟ ပြောဆိုခြင်းဟာလည်း စိတ်ရောဂါ ကုသခြင်း တစ်ပါးပဲလေ။
၁)
၂)
လွန်းခဲ့တဲ့ ငါးနှစ်လောက်က မောင်ယက္ခတစ်ယောက် မိတ်ဆွေ တစ်ယောက်က မိတ်ဆက်ပေးလို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာမ တစ်ယောက်နဲ့ သိကျွမ်းရာက ဇာတ်လမ်းတွေဖြစ်ကြတယ်ပေါ့။ အင်း.. ဇာတ် လမ်းဆိုပေမယ့် မ. အတွေ့အကြုံနည်းတဲ့ မောင်ယက္ခတစ်ယောက် တယ်လီဖုန်းထဲမှာ စကား ပြောရင်း၊ အွန်လှိုင်းမှာ စကားပြောရင်းနဲ့ ချစ်သူတွေဖြစ်သွားကြတယ်။ အချစ်ကို မတွေ့ကြုံဘူးတဲ့
မောင်ယက္ခတစ်ယောက် အရူးအမှုးပေါ့..။ မတော်ရသေးတဲ့ သူရဲ့ ဇနီးချောချောလှလှလေးရဲ့ ဓာတ်ပုံကို မိတ်ဆွေသူငယ်ချင်းတွေ ကြွားရတာလည်း မမောနိုင် မပန်းနိုင်ပါပဲ။
နေမြင့်လေ အရူးရင့်လေဆိုသလို မောင်ယက္ခတစ်ယောက် အပြင်မှာ အမြင်းဖူးသေးတဲ့ ချစ်သူကို စွန်းလမ်း တကြီးနဲ့ ထိုင်းကို
ရောက်သွားခဲ့ပါတယ်။ မိန်းကလေးဘက်က ဘယ်လိုမှန်း မသိရသေးပေမယ့် ၊ သူအတွက်တော့ အချစ်အတွက်ဆို ..အရားအားလုံးဟာ အိုကေပြီးသားလေ။ ထိုင်းမှာ ချစ်သူတို့ နှစ်ယောက် တွေ့ကြဆုံးကြ ပျော်ပျော်ပါးပေါးပေါ့၊ အဲ... ကနေဒါကိုလာဖို့ ... လက်ထမ်စာချုပ်တွေ အားလုံးအပြီးအစီး လုပ်ခဲ့ပြီး ။ ဇနီးမယားကို ခေါ်ဖို့ စပွန်ဆာပါ တစ်ခါတည်း ပေးခဲ့လိုက်ပါတယ်။
သူ့ရဲ့ ထိုင်းအပြန်လမ်း ခရီးမှာတော့ ပျော်တပြုံးပြုံး ၊မိုးမမြင် လေမမြင် ၊ လောကကြီးဟာ သူနဲ့ချစ်သူ အတွက် သာယာဖွယ် ပန်းဥယျာဉ်ကြီးပေါ့။ ခေတ်ပေါ် technologies တွေကတော့ သူနဲ့ သူ့ချစ်သူအတွက် အချစ်တမာန်
တော်တွေပေါ့။ ကနေဒါကို ပြန်ရောက်တော့လည်း အတွေးထဲမှာ အချစ်နဲ့အလုပ်သွား၊ အချစ်နဲ့ စား၊ အချစ်နဲ့ အိပ်ပေါ့လေ။ အရားအားလုံးဟာ အချစ်က လွမ်းမိုးထားပြီမဟုတ်လား။
၃)
မောင်ယက္ခတစ်ယောက်ရဲ့ အစဉ်အစဉ်တွေ မှားယွင်ချက်မရှိ အဆင်းပြောတယ်ဆိုရပေမယ့်...။ အချစ်ကံကြမ္မာခေသူလို့ ဆိုရမယ်။သူ့အချစ်ကို လေဆိပ်သွားကြိုမယ့်နေ့က ကြံကြံဖန်ဖန် သူ့ကား ရုတ်တရက် ပျက်သွားတယ်။ ဒါကြောင့် အချစ်ကို တက္ကစီဖြင့် လေဆိပ်ကိုသွားကြိုလိုက်ရတယ်။အချစ်လေဆိပ်ကထွက်လာ တော့နှင်းဆီပန်းလေးနဲ့ အချစ်ကို ကြိုလိုက်တယ်။ အချစ်ကလည်း နွေးထွေးတဲ့ အပြုံးလေးနဲ့ဆိုတော့ ၊တစ်ခဏတာ ပျော်လို့မဆုံးဘူးပေါ့။ အချစ်က စကား စပြောတယ်။
" အစ်ကို တစ်ယောက်တည်းလား" တဲ့၊
'ဟုတ်တယ်... ညဥ့်နက် နောက်ကျလို့ သူငယ်ချင်းတွေကို မခေါ်ခဲ့တော့ဘူးလေ။ မနက်ဖန်လည်း သူတို့ အလုပ်တက်ကြမှာ မဟုတ်လား။ စကားပြောရင်းနဲ့ အငှာတက္ကစီနားကို ရောက်သွားတယ်။
အချစ်က..
"အစ်ကိုမှာ ကားရှိတယ်ဆို ဘယ်မှာလဲ ကား" တဲ့။
"အင်း..ကားက ညီမကို လာကြိုးခါနီးပဲ ပျက်သွားလို့ မောင်းမရနဲ့ အိမ်မှာပဲ ထားခဲ့တယ်။ တက္ကစီလည်း ကားပါပဲညီမယ်။ ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ်တောင် စကားပြောလို့ရတာပဲ။ တက္ကစီနဲ့ သွားကြမယ်နော်။
အချစ် တက္ကစီပေါ်ရောက်ကတည်းက.. စကားကောင်းကောင်း မပြောတော့ပါ။ စကား တစ်ခွန်း နှစ်ခွန်းဆို သလောက် ပြောရင်းဆိုရင်း အိပ်ကိုရောက်လာခဲ့တယ်။ အိမ်ရောက်ရောက်ချင်းပဲ အချစ်က .. နောက်မေးခွန်း ထုတ်လိုက်ပြန်ပါတယ်။
'အစ်ကိုနဲ့ထိုင်းမှာတွေ့တုန်းက၊ အစ်ကိုမှာ ကားရှိတယ်၊ အိမ်းရှိတယ်ဆို ဒီအိမ်ဟာ အစ်ကို အိမ်လားတဲ့ ။
'ဟင်အင်.. မဟုတ်ဖူး၊ ငှားထားတာလေ။ သူများအိမ်အောက်ထပ်ကို ငှားထာပေါ့ ညီမရဲ့ ဒါလည်း အိမ်ပဲမဟုတ်လား
'အစ်ကိုရယ်.. ညီမတစ်သက်မှာ ဘယ်တုန်းကမှ သူများအိပ်အောက်မှာ မနေခဲ့ရဖူးဘူး၊ ဒါဟာ ပထမဆုံးပဲ၊ အစ်ကိုနဲ့တွေ့မှ၊ သူများအိပ်ရောက်မှာ နေရတယ်။ ကျမ မနေတတ်ဘူး အစ်ကို'
'ဗျာ... နိုင်ငံခြားတိုင်းပြည်မှာ ဒီလိုပဲ ဘဝစရတယ်ညီမ၊ အစ်ကိုတို့က တိုင်းတစ်ပါးက လာပြီး ၊ ရေကြည်ရာ မျက်နုရာကို စီးပွားလာရှာကြတာလေ။ လူတိုင်းဒီလိုနေကြတာပဲ၊ ဘားထူးဆန်းလို့လဲ ညီမရဲ့'
'အိမ်း... အစ်ကိုအတွက် မထူးဆန်းပေမယ့် ညီမအတွက်တော့ ထူးဆန်းတယ်'
ဒီလို့ တစ်ယောက်နဲ့ တစ်ယောက် အခြေအတင်း စကားပြောရင်းက စလို့ ရောက်စညမှာပဲ ..။ အချစ်နဲ့ မောင်ယက္ခ တို့ တစ်ယောက်နဲ့ တစ်ယောက် မေးတစ်ခွန်း၊ ဖြေတစ်ခွန်းဖြစ်လာတယ်။ နံက်စောစော အိပ်ရာထ အလုပ်သွားတော့ အချစ်တစ်ယောက် အိမ်မှာ အိပ်ပျော်နေဆဲ။ ခရီးပန်းလို့ဖြစ်မယ်ဆိုပြီး မနုတ်ဆက်ပဲ အလုပ်ထွက်ခဲ့တယ်။ ဒီလို့နဲ့ ညားခါစ လင်းမယာမှာ အပျော်စရာ အချိန်ကလေးများ ဆိတ်သုဉ်းခြင်း၊ သံသယတရားများ ၊ ဒေါမနဿတရားများဖြင့် တစ်လကျော်ကို ကုန်းဆုန်းသွားခဲ့တယ်။အချစ်ကို စကားပြောတိုင်းလည်း ခရီးပန်းလို့ အနားယူချင်းကြောင်း ၊ အေးအေးဆေးဆေးပဲ နေပါရစေဆိုတဲ့ အကြောင်းပဲ တဖွဖွပြောလာတယ်။
တစ်လကျော်ပြီးတဲ့ အခါမှာတော့ အလုပ်ကပြန်ရောက်တော့ အချစ်ကိုအိမ်မှာ အတွေ့ရတော့ပဲ အချစ်ရေးသွားတဲ့ " အစ်ကို ညီမကို လိုက်မရှာပါတော့နဲ့ အစ်ကိုနဲ့ ဝေးရာဆီကို ထွက်သွားပါပြီ" ဆိုတဲ့ စာရွက်ကလေးကို တွေ့ရလို့ ။ အချစ်မီးတွေလောင်ပြီး ကြံရာမရ ဘုန်းဘုန်းဆီး ဖုန်ဆက်လာခြင်းဖြစ်ပါတယ်။
၎)
နောက်တစ်နေ့ မောင်ယက္ခ တစ်ယောက် စိတ်တွေ ဂယောက် ဂယက်ဖြစ်နေလို့ အလုပ်မသွားပဲ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။
" အရှင်းဘုရားတို့က အိမ်းထောင်ပြုရင် ကိုယ့်မြန်မာမိန်းကလေးကိုပဲ အိမ်ထောင်ပြု ဒါမှ ဘုရားသွားအတူ ၊ ကျောင်းသွား အတူဆိုလို
မြန်မာ မိန်းကလေးကို အိမ်ထောင်ပြုတာ ယခုတော့ တပည့်တော် တစ်ယောက်တည်း ဘုရားသွား ၊ ကျောင်းသွားနေရပြီဘုရားတဲ့"
အင်း... မောင်ယက္ခလုပ်မှပဲ... သူတို့ လင်မယားကိစ္စမှာ ဘုန်းကြီးတရားပါသွားရပြန်ပြီးကို။
ဒါက ဒီလိုရှိတယ် မောင်ယက္ခရဲ့ ဘုန်းဘုန်းတို့ပြောတာက စိတ်တူကိုယ်တူ ချစ်ဇနီးမောင်းနှံကို ပြောတာလေ။ အိမ်ထောင်းရေမှာ ဘာသာမတူရင်းလည်း အခက်အခဲရှိတယ်၊ စကားမတူရင်လည်း အခက်အခဲရှိတယ် မဟုတ်လား။ သား/သမီးတွေ မွေးလာရင်လည်း ဘယ်ဘက်ကို လိုက်ရမှန်းမသိတော့ ကလေးတွေ
ယောင်ချာချာ ဖြစ်တတ်တယ်လေ ။ ဒါကြောင့် အိမ်ထောင်ပြုရင် အမျိုးတူ/ ဘာသာတူရင် ပိုကောင်း ကောင်းတောပေါ့။ ဝိသာခါလို့ သဘောထားပြည့်ဝတဲ့ မိန်းမမျိုးဆိုလည်း ဘာသာမတူ ပေမယ့်
ပေါင်းသင်းဆက်ဆံလို့ရတယ်လေ။
အင်း.. မောင်ယက္ခတစ်ယောက် ကိုယ့်အသက်သေမှာအတွက် စိတ်သောကမရောက်ပဲ၊ အချစ်အတွက် စိတ်သောက နောက်နေတဲ့ ဇာတ်တော်ထဲက ငါးကြီးတစ်ယောက်နဲ့ တူနေပြီကွယ်။
အဲဒီငါးကြီးအကြောင်း ပြောပါဦးဘုရား ...။ ငါးမှားလည်း အချစ်ဒုက္ခရှိတာပဲလား။
ရှိတာပေါ့ မောင်ယက္ခ..
တစ်ခါတုန်းက ပိုက်ကွန်တစ်ခုမှာ မိလာတဲ့ ငါတစ်ကောင်ကို တံငါသည်တွေက ချက်ချင်းသတ် မပစ်သေးပဲ မီးကင်စားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဲသောင်ပြင်မှာ ချထားလိုက်သတဲ့။ ငါးကြီးကို မီးကင်စားဖို့ မီးမွှေးသူက မွှေး၊ တံစူးဝါးချွန်တဲ့ သူကချွန် နေတာ မြင်တွေ့နေရာတော့ ငါးကြီးက ပြင်းထန်စွာ ငိုကြွေးပြီး တောင်းပန်စကား ဆိုလာတယ်။
" အို.... တံငါသည်အပေါင်းတို့ ..၊ သင်တို့ ယခုမွှေးနေတဲ့ မီးက ငါ့ရဲ့ စိတ်ကို မပူလောင်စေပါဘူး။ သင်တို့ ယခု ချွန်နေတဲ့ တံစူးဝါးကလည်း ငါ့စိတ်ကို နာကျင်အောင် မထိုးဖောက်နိုင်ပါဘူး..." ငါ့ရဲ့ စိတ်ကို အကြီးအကျယ် ပူလောင်နိုင်စေတာကတော့ ငါသိပ်ချစ်ရတဲ့ ငါ့ရဲ့ ချစ်ဇနီး ငါးမလေးပါပဲ"ခုလောက်ဆို ငါ့ရဲ့ချစ်ဇနီး ငါးမလေးဟာ ငါ့ကို မမြင်ရ မတွေ့ရလို့ တခြားငါးမ တစ်ကောင်နောက်လိုက်သွားပြီးလို့ အထင်လွဲနေလောက်ပါပြီ။ ငါအချစ်ဆုံးဟာ .. ချစ်ဇနီး ငါးမလေးပါ။ သူကလွှဲရင် ဘယ်သူကိုမှ အချစ်ခဲ့ပါဘူးဗျာ။
တံငါသည်တို့ ခင်ဗျားတို့ မွှေးနေတဲ့ မီးထက် ငါ့ရဲ့ အချစ်မီးက ပြင်းစွာ တောက်လောင်နေပါပြီ ငါ့အချစ်နဲ့ ပေါင်းဆုံးရစေဖို့ ငါကို မသတ်ပဲ လွှတ်ပေးပါလို့ ငိုးကြွေးနေသတဲ့ မောင်ယက္ခ။
အရှင်းဘုရား .. ငါးထီးက ငိုကြွေးနေတာ တံငါသည်တွေက နားလည်ပါ့မလားဘုရား။
အင်း... ဟုတ်တာပေါ့ သာမန် တံငါသည်တွေက နာမလည်းလို့ ငါးကြီးကို သတ်ဖို့ တပြင်ပြင် လုပ်နေတယ်လေ။ အဲဒီအချိန်မှာ တိရစ္ဆာန်တွေရဲ့ စကားသံကို သိနားလည်းတဲ့ ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏာ တစ်ယောက် သဲသောင်ပြင်မှာ လမ်းလျှောက် ထွက်လာရင်းနဲ့ ငါးကြီး ငိုးကြွေးတောင်းပန်းနေတဲ့အသံကို ကြားရသတဲ့။ ဒါကြောင့် ငါးကြီးကို အလှူခံပြီး ဘေးကင်းရာ ရေထဲကို ပြန်လွှတ်လိုက်ပါတယ်။ ကိုရွှေငါးကြီးလည်း ကိုယ်တော်ကြီး ကောင်းမှုကြောင့် အချစ်ဟောင်းနဲ့ ပေါင်းရသတဲ့ဗျာ။
အင်း..ဒကာတော်လည်း ကံမကုန်ရင်တော့ ဘုရားသကြားမလို့.. အချစ်ကလေး အမြင်မှန်ရပြီး ၊ မောင်ယက္ခဆီ မကြာခင် ပြန်လှည့်လာမှာပေါ့။
တင်ပါ့ဘုရား..ဆရာတော်မေတ္တာကြောင့် ကိုရွှေးငါးကြီးအတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းပါရစေဘုရား။
No comments:
Post a Comment