Saturday, February 9, 2013

အနောက်မှ..အရှေ့သို့..(သို့) မြန်မာပြည် အလည်အပတ်ခရီး


Taiwan International Airport 

ဘုန်းဘုန်း..ဘုန်းဘုန်း မြန်မာပြည်ပြန်သွားတာ ဘာတွေထူးလဲ၊ ဘာတွေ ပြောင်းလဲသွားပြီး ၊ မြန်မာ
 ပြန်ခဲ့တာ ပျော်ခဲ့ရဲ့လား.. စတဲ့စတဲ့ မေးခွန်းတွေကတော့ ဒကာ၊ဒကာမတိုင်း၊ မိတ်ဆွေတိုင်း လိုလို မေးတဲ့ မေးခွန်းတွေပါ။ ထူးထူးခြားခြား ကျောင်းမှာ တရားလာထိုင်တဲ့ ကနေဒီယန် နှစ်ယောက်  
ကတော့ ဘုန်းဘုန်းရဲ့ မွေးရပ်ဋ္ဌာနေ .. ကျေးရွာတွေကို ပြောင်းလဲသွားပြီးလား၊
 မြန်မာပြည်က အပြန်ဘာများထူးထူးခြားခြား ခံစားရသလဲ၊   မြန်မာပြည်ကိုကော မလွမ်းဘူးလားတဲ့။

 ကျေးရွာတွေ မပြောင်းလဲသေဘူးလားဆိုတာ ကိုတော့ အသေစိတ်ပြောပြခဲ့ပါတယ်။ မြန်မာပြည်ကို မလွမ်းဘူးလာဆိုတာကိုတော့ .. " ဘုန်းကြီးဖြစ်နေလို့.. "အလွမ်း" ဆိုတဲ့ စကားလုံးဟာ ကြားဖူးသလို ၊ ရင်းနှီးသလို ရှိနေပေမယ့်။  ဘာကို လွမ်းရမလဲဆိုတာ တိတိကျကျ မပြောတတ်ဘူးလို့ ဖြေလိုက်ရပါတယ်။ ဘုန်းးကြီးဆိုတော့လည် အလွမ်းတွေကို စမ်းရေထဲမှာ မျောလိုက်ပီပေါ့ဗျာ။

၂၀၁၂ နိုဝင်္ဘာလ (၂၄) ရက်နေ့ ည ၁၂ နာရီအချိန်မှာ  China Airline နဲ့ ဗန်ဘူးကနေ့ ထိုင်ဝမ်ကို ရောက်ခဲ့ပါတယ်။ ထိုဝမ်မှာ ၂- ရက်ကြာ   ထေရမဟာ ကဿပကျောင်းမှာ သီတင်းသုံးခဲ့ပြီး။ ထိုင်ဝမ်ဆရာတော် ဦးနန္ဒဝံသ၊ ဆရာတော်ဦးနန္ဒသိရီတို့၏ ထေရမဟာကဿပကျောင်းကို လေ့လာခွင့် ရခဲ့ပါတယ်။ ထေရမဟာကဿကကျောင်းမှာ တရုတ်ယဉ်ကျေးမှု အနုပညာဖြင့် တောင်ပေါ်တွင် တည်ရှိပြီ တရားထိုင်လိုသူများ အလွန်သင့်လျှော်သော တောရကျောင်း တစ်ကျောင်းဖြစ်ပါတယ်။

နိုဝဘ်ာလ ၂၉-ရက်နေ့တွင် ထိုင်ဝမ်မှ China Airline ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပါတယ်။

No comments:

Followers

My Blog List