" ဘဝမှာ အားလိုတယ်။ အားဟာ အောင်မြင်မှုအတွက် လှေကာထစ်ပဲ" ဟု ရဲရဲတောက် ပြောဆိုခဲ့သူမှာ ၊ အနုပညာလောက၊ပန်းချီလောကတွင် လျှမ်းလျှမ်းတော်ခဲ့သူ ပိကာဆိုဖြစ်ပါတယ်။
သူသည် ၁၈၈၁-ခုနှစ်မှာ အများနည်းတူ လူလောကသို့ ကိုယ်ထည်းဗလာ ရောက်လာခဲ့ပြီး အသက် ၉၂-နှစ် အရွယ်တွင် ဘဝဇာတ်သိမ်းချုပ်ငြိမ်းသွားသော်လည်း သူ၏ သမိုင်းမှတ်တိုင်ကား သူ၏ အနုပညာများကား ယခုထက်တိုင်း အသက်ရှင် ရှင်သန်ဆဲဖြစ်ပါတယ်။
"စိတ်ကူး စိတ်သန်း ဆန်းသစ်မှုဟာ အနုပညာပဲ" ဟု ပြောတတ်သူမှာ ပိကာဆိုပင်ဖြစ်၏။ သူသည် အမြဲတမ်း အသစ်အဆန်းကို စိတ်ကူးလေ့ရှိပြီး ၊ ထိုစိတ်ကူး စိတ်သန်း အသစ်များကို ပုံဖော်လေ့ရှိ၏။
သူ၏ အနုပညာခံယူချက်မှာ..." ကိုယ်ပိုင်ဟန်ကို အလေးထားတယ်၊ သူတစ်ပါး အရိပ်လွှမ်းမိုးမှုကို ကျွန်တော် မခံနိုင်းဘူး" ဟု ကော်ပီအနုပညာလောကကို ရဲရဲတောက် တွန်းလှန်သူမှာ ပိကာဆိုပင်ဖြစ်၏။
သူ၏ ဆန်းသစ်တဲ့ ဥာဏ်နှင့် အနုပညာ ဈာန်တို့ ပေါင်းစည်းလိုက်သောအခါ သူများနှင့်မတူ ထူးခြားတဲ့ ပုံစံ တစ်မျိုးထွက်သည်။
လူများ ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည် ကြီးပွားအောင်မြင်ဖို့မှာ ပါရမီ အရင်းခံလိုသည် ဆိုသော စကားမှာ သူအတွက်လည်း မှန်ပါ၏။ အကြောင်းကား သူ့မိဘမျာကား မာလဂါမြို့ ပန်းချီ သင်တန်းကျောင်း ဆရာ၏ သားဖြစ်၏။
ပါရမီ အရင်းခံပါသူမို့ ၁၅-နှစ်အရွယ်တွင် ပန်းချီသင်တန်းကျောင်းကို တက်ခွင့်ရခဲ့သည်။ ပန်းချသင်တန်း တက်ခွင့်ရရန် တစ်လကြာရေးဆွဲခွင့်ရသော ပန်ချီးကားကို တစ်ရက်တည်းဖြင့် ရေးဆွဲကာ ၊ အရည်အချင်း ပြည့်မှီ၍ ကျောင်းတက်ခွင့်ရလောက်အောင် လက်ရာမှပြောင်မြောက်လှသည်။
ကြိုးစားအားထတ်မှုနှင့် အနုပညာ ပြောင်မြောက်မှုကြောင့် ၁၆-နှစ်အရွယ်တွင် စပိန်ပြည် မက်ဒရစ်မြို့တွင် ကျင်းပသော သူ့ပန်းချီကားများကာ ရွှေတံဆိပ်ရခဲ့သည်။
သူ၏ ပွဲဦးထွက် ရလာဒ်ကား ..အံသြစရာ... အားတက်စရာဖြစ်ပြီး... ဆထက်တပိုး ကြိုးစား အောင်တွန်း ပို့လိုက်သလိုဖြစ်သည်။
"အောင်မြင်မှုဆိုတာ.. ကြိုးစားမှုနဲ့ အတူရှိနေတယ်" ဟု ပြောလေ့ရှိသူမှာ ပိကာဆိုပင်ဖြစ်၏။ သူ၏ သူများနှင့်မတူ တမူထူးခြားချက်ကာ.. အတွေးအခေါ်အယူအဆ ဆန်းသစ်သလို အကြောင်းအရာကို အဓိကထား ပုံဖော်တတ်သည်။
သူ့မိတ်ဆွေများက " ဆရာ့ပန်းချီကားတွေက သူများနဲ့မတူ လူနေမှု ဘဝနဲ့ သိပ်နီးစပ်သလိုပဲ" ဟု ပြောသော အခါ.." ဒါက မဆန်းပါဘူး ကျနော်လည်း ခံစားတတ်တဲ့ လူထဲက လူပဲလေလို့ ပြောလေ့ရှပြီး အကြောင်းအရာဟာ ဘဝနဲ့ သီးခြားဖြစ်နေလို့မရဘူး၊ ဘဝနဲ့ အကြောင်းအရာ အထပ်တည်းဖြစ်ဖို့ အဓိကထားတယ်လို့ ပြန်ပြောတတ်သူမှာ ပိကာဆိုပင်ဖြစ်၏။
လမ်းတွေ၊ စားသောက်ဆိုင်က အလုပ်သမားတွေ၊ မိန်းမလှ၊ မိန်းမပျက်တွေနှင့် သီလရှင်များ ၊လမ်းလျှော်သူများ၊ ခွေးများ စသည့် ပန်ချီးကားများက
No comments:
Post a Comment