Sunday, February 3, 2013

ကျနော် ဖိုးလုံး အရက်သမားမဟုတ်ပါ

ထန်းပင်ကျရေ.. ထန်ပင်ကျရေ..
ချိုသမြမြ..ခါးသလေလေ..။

*******
တစ်ခွက်သောက်တော့မူး၊ နှစ်ခွက်သောက်တော့ရှုး။

ဒါကတော့ ကျနော် ကလေးဘဝက၊ ဘုန်းကြီးကျောင်းသားဘဝက  ကြားဘူးတဲ့  အရက်နဲ့ ပတ်သတ်တဲ့ အပျော် အပျက် စကားများဖြစ်ပါတယ်။



ကျနော်က  ဘုန်းကြီးကျောင်းသား၊ ရွာမှာ ထန်းပင်တွေရှိတော့  ထန်းရေတော့ ခိုးသောက်ဖူးတာပေါ့ဗျာ။ မလိမ်ပါဘူး။ ခိုးသောက်တယ်ဆိုတာက ဆရာတော်မသိအောင် ဘုန်းကြီးကျောင်းမှာ ထန်းတက်တဲ့ ကိုတိုးကြီးက ချော့တိုက်လို့လေ။

ဒီလိုနဲ့ အရွယ်လေးရောက်လာ နိုင်ငံေးရးလိုလို့ ၊ တော်လှန်ရေးလိုလိုနဲ့ ထိုင်းနယ်စပ်ရောက်လာပါလေရော့ဗျာ။ သူငယ်ချင်းတွေက မျိုးစုံပဲ။ သောက်တတ်သူ၊ စားတတ်သူ၊ ရိုက်တတ်သူ စုံလို့ပေါ့။
အလုပ် လုပ်စရာမလိုပဲ ငွေ လက်ကသီးနေ့တော့ သူငယ်ချင်းများက သောက်ကြမယ်။ စားကြမယ်ဆိုတော့ မငြင်းသာဘူးပေါ့ဗျာ။

ဘုန်းကြီးကျောင်းသားကတော့  အရက်ကိုတော့ တို့ဂဏန်း ဆိတ်ဂဏန်းပေါ့။ ဘာပြောကောင်းမလဲ ။ ကျနော် သူငယ်ချင်း ဖိုးလုံးကတော့  အရက်ကို မမူးမချင်းသောက်တော့ တာပါပဲဗျာ။

ကျနော်ကတော့ ပြောပါတယ်။ အရက်ကို သိပ်မသောက်နဲ့ စွဲသွားတတ်တယ်ဆိုတော့ ၊ မစွဲပါဘူး “မိတ်ဖြစ် ဆွေဖြစ်” ပါတဲ့။
ဖိုးလုံးစကား ကတော့ လှလိုက်တာ မှတ်သားစရာ ကောင်းလိုက်တာ  “  မိတ်ဖြစ် ဆွေဖြစ်တဲ့”

အဲဒီနောက်မှာတော့ ။ ကျနော်တို့ရဲ့  ပွဲတိုင်းကျော် အသုံးတော်ခံကတော့  “ အရက်” ဖြစ်လာတာပါပဲဗျာ။

ဟော ! ဒီလိုနဲ့  စိုင်ကော်လို့ ခြုံပေါ်ရောက်သလား မပြောတတ် ၊ အနောက်နိုင်ငံလို့ခေါ်တဲ့ နိုင်ငံရဲ့ မြို့လေး တစ်မြို့ရောက်လာခဲ့ပါတယ်။

ဒီတော့ အရက်ကြိုက်တဲ့ သူငယ်ချင်း ဖိုးလုံး ဘာပြောကောင်း မလဲ  နိုင်ငံက အေးတဲ့နိုင်ငံဆိုတော့ အကြောင်းပြချက် တစ်ခုတိုးလာတာက ..  ဒီနိုင်ငံက အေးလို့ အရက်သောက်ပေးရတယ်တဲ့။

ဒီလိုနဲ့ သူငယ်ချင်း ဖိုးလုံ အလုပ်ပြန်သောက် ၊ အလုပ်သွားသောက်နဲ့ အရက်သမား လုံးလုံးဖြစ်သွားတော့ တာပါပဲ။ နောက်သူက ပြောသေးတယ်။
ငါတို့က ကိုယ်ကာယနဲ့လုပ်ရတာ၊ ပင်ပန်းတယ် အရက်လေးသောက်လိုက်ရမှ ၊ သက်တောင့် သက်သာ ရှိသွားတာတဲ့။

ဒီလိုနဲ့ နောက်နဲ့ နံက် အလုပ်ဆင်း ညကသောက်ထားတဲ့ အရက်ချိန်က မပြည်သေးတော့ အလုပ်မှာ အလုပ်သမားအချင်းချင်း ပြဿနာ တတ်တော့တာပါပဲ။

ညက အလုပ်လုပ်ထားတဲ့ သူကလည်း အိပ်ရေဝဝ မအိပ်ရလို့ စိတ်တိုနေတာရယ်။  ကျနော့် သူငယ်ချင်း ဖိုးလုံး ညက သောက်ထားလို့ အရက်ရေချိန် ရှိနေသေး တာကြောင့်ရယ်
 ဒေါသအလွယ်တကူ ပေါက်ကွဲပါတော့တယ်။

ဒီတော့ တိုတိုပြောရရင် ရွေဗမာချင်း ရိုက်ပွဲဖြစ်တော့တာပါပဲဗျာ။  ဆိုးကျိုးကတော့ အလုပ်ပြုတ်တယ်။အချုပ်ချခံရတယ်။ အာမခံရှာရတော့ပေါ့ဗျာ။

အရက်ဆိုတာ  လူရဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ အမျိုးမျိုးကိုဖြစ်ရုံသာမကပါဘူး။  စိတ်ပိုင်းဆိုင်ရာ ဝေဒနာအမျိုးမျိုးကိုလည်း ဖြစ်စေပါတယ်။ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ အစာအိမ်လမ်းကြောင်းနှင့် ပတ်သတ်သော ရောဂါများဖြစ်တတ်ပါတယ်။

ဆေးပညာလေ့လာချက်အရ… အရက်သောက်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း ( Depression)  ဦးနှောက် ယွင်းမှု ( Encephalopathy) ဦးနှောက် အဆိပ်သင့်ခြင်း ( Toxic Effect on Brain) အရက်ငန်းဖမ်းခြင်း ( Delirium) တို့ ဖြစ်လေ့ရှိကြောင်း တွေ့ရသည်ဟု ဆိုပါတယ်။

ကျနော့်သူငယ်ချင်း မောင်ဖိုးလုံးကတော့ အရက်ရဲ     ဆိုးကျိုးကြောင့်  လူရိုက်မှု တစ်မှု နဲ့ မပြီးသေး.. ။

အရက်မူးပြီး  ကားမောင်းရာ မီးပွိုင့်ကို သတိမထားမိပဲ ဖြတ်ကျော်မိလို့ ရဲနဲ့တွေ့ပါလေရော။ အရက်ကလည်း သောက်ထားတာ ခပ်ထွေထွေဆိုတာ့ ရဲနဲ့ပြဿနာတတ်တော့တာပါပဲဗျာ။ ပြဿနာက ရိုးရိုးမဟုတ် ဒေါသ မထိမ်းနိုင်ပဲ ရဲနဲ့ရန်ဖြစ်လို့  အကွဲအပြဲနဲ့  တရားရုံးကို ရင်ဆိုင်ရတဲ့အထိပါပဲဗျာ။

ဒီတော့  မောင်ဖိုးလုံး အရက်အလွန်အကျွန် သောက်လို့ဆိုပြီး  အရက်ဖြတ်သင်းတန်း တက်ရတယ် ၊ ကားကိုလည်း ကိုယ်မောင်းချင်တောင်း မောင်းလို့မရ။

အရက်ချိန်တိုင်း ဘော်လုံးမှုတ်ပြီးမှ မောင်းရတယ်။ ဒါကတော့ အရက်ရဲ့ ဆိုးကျိုးတွေပေါ့ဗျာ။

ဒါကြောင့် အရက်သောက်ခြင်းဟာ မိတ်ဖြစ်၊ဆွေဖြစ်ထက်၊ ဒေါသကို မထိမ်းမသိမ်းနိုင်ဖြစ်တတ်ပါပါတယ်။ သူတစ်ပါး အပေါ်၊ အထူးအားဖြင့် ဇနီးမယားရှိက  ၊  မိမိဇနီးမယား အပေါ် မနာလို ဝန်တိုစိတ်များ  အလွန်အကျွန်ဖြစ်တတ်၍ အရက် သောက် သောက်သော သူငယ်ချင်းများ အရက်ဖြတ်ကြပါ။ သို့မဟုတ် လျော့သောက်ကြပါလို့ တိုက်တွန်း လိုက်ပါရစေ။

No comments:

Followers

My Blog List