Friday, February 1, 2013

မြန်မာဗုဒ္ဓဘာသာ အသင်းကြီး၏ ၂၀၁၂ တနှစ်တာမှတ်တမ်း




ü  ဆယ်နှစ် ကလေး…ဥာဏ်သေးကွေး၊ ဆော့ပြေးရင်းနှင့်     အချိန်ကုန်…။
ü  နှစ်ဆယ် တစ်ဝိုက်…အပျော်လိုက်၊ ပိုးပန်းရင်းနှင့်            အချိန်ကုန်….။
ü  အလှပဆုံး…သုံးဆယ်နှုန်း..၊ လူးလုံးပြရင်း                   အချိန်ကုန်…။
ü  လေးဆယ်တလွှား ဓနအား၊ ကြွားလုံး ထုပ်ရင်း…            အချိန်ကုန်…။
ü  ငါးဆယ်တကွက် ဥာဏ်ထက်မျက် ဥာဏ်နက် ထုပ်ရင်း     အချိန်ကုန်..။
ü  ခြောက်ဆယ်ရောက်လာ.. အားဆုပ်ခါ ကြုံးဝါးရင်းနဲ့                   အချိန်ကုန်…။
ü  ခုနှစ်ဆယ်တွင်း ခါးမတင်း  ဟင်းချရင်းနဲ့                     အချိန်ကုန်…။
ü  ရှစ်ဆယ်မှာတော့ အားအင်ရော့ ပျော့ပျော့ကြီးနဲ့              အချိန်ကုန်…။
ü  ကိုးဆယ်တစ်ကွေ့ သတိမေ့ မေ့မေ့ကြီးနဲ့                     အချိန်ကုန်…။
ü  ထိုင်၍မကောင်း တရာငြောင်း လဲလျှောင်းရင်းနဲ့              အချိန်ကုန်…။
ဘဒ္ဒန္တသီရိပါလ (ဝဋ်ကြွေးတော်ပြေဆရာတော်)

ကမ္ဘာ့သိပ္ပံရှင်ကြီးတွေ၊ ကမ္ဘာ့နက္ခတ္တပညာရှင်တွေ၊ တချို့ဘာသာရေးခေါင်းဆောင်တွေ ပြောကြ၊ ဟောကြတဲ့  ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်ထားတဲ့ ၂၀၁၂ -ခုနှစ်ဟာ  မကြားခင်ကပဲ  ကမ္ဘာကြီးမပျက်ပဲ ကုန်ဆုံးသွားခဲ့ပြီးမဟုတ်ပါလား။

ဓမ္မမိတ်ဆွေတို့ ဘာတွေ အကျိုးကျိုးရှိရှိ လုပ်ခဲ့သလဲလို့  ၂၀၁၂ ကို သမင်လည်ပြန် ပြန်ကြည့်တော့ ဘာရယ်လို့ ရေရေရာရာမတွေ့ရ.. ဟော ! ရေးရေးကလေး ပေါ်လာတာကတော့.. မြန်မာဗုဒ္ဓဘာသာအသင်း၊ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်းမှာ လှူဒါန်းခဲ့တာတွေပဲမဟုတ်းပါလား။

ဆွမ်းအလှူရှင်များ၊ ပွဲတော်အလှူရှင်များ၊ လစဉ်မောဂိတ် ကျောင်းအလှူရှင်များ၊ နိဗ္ဗာန်ဈေး အလှူရှင်များ ၊ ဝါဆို၊ကထိန် သင်္ကန်းအလှူရှင်များ ဝမ်သာကြည်နူး ကုသိုလ်ပွားရစေဖို့ နှစ်ပတ်လည် မှတ်တမ်းလွှာကို တင်ပြလိုက်ရပါသည်။

ဇန္နဝါရီလ ( ဘုရားကိုးဆူ ပူဇော်ပွဲနှင့်ခင်ပွန်းကြီး ဆယ်ပါး ကန်တော့ပွဲ)
ကျေးဇူးရှင်ထိုင်ဝမ်ဆရာတော်ဘုရား ဦးဆောင်မှုဖြင့်..  ကနေဒါနိုင်ငံ ၊ဗန်းကူးဘာမြို့တွင် ဘုရားကိုးဆူ ပူဇော်ပွဲနှင့် ခင်းပွန်းကြီးဆယ်ပါးခေါ် .. ကျေးဇူရှင်များ ကန်တော့ပွဲကို ကျင်းပခဲ့ပါသည်။ ဆရာတော်ဘုရား ကျေးဇူးကြောင့် အမှတ်တမဲ့ဖြစ်နေသော ၊ မိဘများ ၊ ဆရာသမားများနဲ့ ၊ ကန်တော့ရမည်ကို သိသော်လည်း၊ သီးသန့်မလုပ်ဖြစ်သော ၊စာရေးသူနှင့် တပည့်းဒကာ၊ဒကာမများအတွက် အထူးပင် အကျိုးရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ဦးဆောင်ပေးသော ကျေးဇူးရှင် ထိုင်ဝမ်ဆရာတော်အား  ကျန်းမာစေကြောင်း ဆုတောင်းပြုအပ်ပါသည်။တပည့်ဒကာ၊ဒကာများလည်း ကံကြွေး၊ဝဋ်ကြွေး၊ အပြစ်များကင်း၍၊ စီးပွာဥစ္စာတိုးတက်စေကြောင်း၊သီလ၊ သမာဓီ၊ပညာ၊ ဝိပဿနာများတိုးတက်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နာယကဆရာတော်နှင့် အလုပ်အမှုဆောင်များနှင့်အမှတ်တရ





ခင်းပွန်းကြီး ဆယ်ပါးကန်တော့ပွဲတွင် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အား ၊ ကိုတင်နွယ်+ မလေးလေးနွယ်မိသားစုမှ အာဟာရဒါနပြုပါသည်။  ထို့ပြင် ကိုတင်နွယ်+ မလေးလေးနွယ်မိသားစုမှ ဗုဒ္ဓရံသီဆရာတော်အား သိက္ခာထပ်မင်္ဂလာပြုလုပ်ပြီး၊ မောင်မျိုးမြတ်မင်းအား ရှစ်ပါးပရိက္ခာစုံလင်စွာဖြင့် မြင့်မြတ်သော ဒုလ္လဘရဟန်းဘဝသို့ မြင့်တင်ပေးခဲ့ပါသည်။

ကိုတင်နွယ်+မလေးလေးနွယ်မိသားစုလည်း မြန်မာဗုဒ္ဓဘာသာအသင်းမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ မြတ်စွာဘုရားသာသနာတော်ကိုလည်း ဆထက်တပိုးတိုး၍ လှူဒါန်းနိုင်ပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဖေဖော်ဝါရီ( တပိုတွဲလ  - ထမနဲပွတော်)

မြန်ပြည်အလွမ်းပြေ..၊ မြန်မာ့ရိုးရာ..၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ  ပြင်းထန်လှတဲ့ ကနေဒါဆောင်ရာသီကို အန်တုလို့ မြန်မာများ စည်းစည်းရုံးရုံးစုပေါင်းထမနဲပွဲ ကျင်းပလာခဲ့သည်မှာ ခုနှစ်ဆို  လေးနှစ်တိုင်ခဲ့ပါပြီ။ မည်သို့ပင်ဝေးဝေး၊မည်သို့ပင်အေးအေး အင်းနဲ့အားနဲ့ လုပ်ရမည့်ပွဲဆိုရင် ဗန်ကူးဘားရောက် မြန်မာများ အဆင့်အတန်းမခွဲခြားပဲ၊ မြန်မာ့အရေး ဒို့အရေးဆိုရမလောက်အောင် စုပေါင်းထမနဲပွဲကို လာရောက် ကူညီ အားပေးကြသော လုပ်အားရှင်အားလုံးအပေါင်းအားလည်း အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။ ဖေဖော်ဝါရီလ (၂၈) ရက်မှာလည်း စုပေါင်ထမနဲပွဲကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။


မတ်လ (  တပေါင်းလ- နိဗ္ဗာန်ဈေးပွဲတော်)

ဆောင်အကုန် နွေအကူး နေရောင်ခြည်အလင်းဓာတ်  စတင်တွေ့ထိစအချိန် ငြိမ်သက်နေ့တဲ့ သစ်ပင် ပန်းမန်များ၊ ကျေးငှက်များလည်း ချိုတေးဆိုလို့  နွေရာသီကို ကြိုဆိုကြသလို.. လူတွေကလည် အိမ်ပြင် မထွက်တာကြာပြီဖို့ အိမ်ပြင်ထွက်ဖို့ လှုပ်လှုပ်ရွရွဖြစ်လာကြပါသည်။ မြန်မာဗုဒ္ဓဘာသာအသင်းမိသားစုလည်း  မတွေ့ဆုံဖြစ်သော မိတ်ဟောင်းဆွေဟောင်းများနှင့်လည်း တွေဆုံဖြစ်၊ ကုသိုလ်လည်းရ၊ဝမ်လည်းဝမို့ နိဗ္ဗာန် ဈေးပွဲတော်ကို ဆင်နွဲကြပါသည်။  ပြီခဲ့တဲ့နှစ်က မတ်လ နိဗ္ဗာန်ဈေးရောင်းရအလှူငွေ  ဒေါ်လာသုံထောင်းကျော် ကို ထိုင်ဝမ်နိုင်ငံတွင် တည်ထားကိုယ်ကွယ်မည့်  ရွှေတီဂုံစေတီတော်အတွက် ပေးလှူခဲ့ပါသည်။ ပြီးခဲ့တဲ့နှစ်က မတ်လ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ..။  ဒီနှစ်မှာလည်း မတ်လ(၂၄) ရက်နေ့မှာ နိဗ္ဗာန်းဈေးရောင်းပွဲ ရှိတာမို့ မိတ်ဟောင်းဆွေဟောင်းများ၊ မိတ်သစ်ဆွေသစ်များ လာရောက် အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


နိဗ္ဗာန်ဈေးပွဲတော်ကို ပျော်ပျော်းပါးပါး ဆင်နွှဲကြရာဝယ်….

ပြီးခဲ့သောနှစ်က သင်တန်းပြီးခဲ့သော ဓမ္မသင်တန်းသားများ၊ နောက်အသစ်တက်ရောက်မည့် ဓမ္မသင်တန်းသားများကိုလည်း ၊ ဒီနှစ်မတ်လ ကျောင်းပိတ်ရက်တွင် တစ်ပတ် ဓမ္မသင်တန်း ဖွင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဒီနှစ်တွင် ဓမ္မသင်တန်းသားမျာ ကြီးပြင်းလာပြီဖြစ်သည့်အတွက်၊ သင်တန်း နှစ်ခု ခွဲသင်မည်ဖြစ်ပါသည်။ ဓမ္မသင်တန်းဆရာများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။   ပြီးခဲ့သောနှစ်က ဓမ္မသင်တန်း ကျောင်းကို ပို့ပေးသော မိဘများ ၊ သင်တန်းကို ကူညီဆောင်ရွက်ပေးသော မနန်းကေကေအား မြန်မာဗုဒ္ဓဘာသာ အသင်းမှ မှတ်တင်းတင်အပ်ပါသည်။

ဗုဒ္ဓရံသီဓမ္မသင်တန်းသားများ

ထိုအတူ စနေ့နေ့တွင် လူကြီးများအတွက် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြားမည်ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်။

ဧပြီလ (နှစ်သစ်ကူး ဆုတောင်းပွဲတော်)

မြန်မာနိုင်ငံမှာ ဧပြီလလယ်လောက်မှာ သင်္ကြန်အကြို (၁) ရက်၊ အကြတ် (၂) ရက်၊ အတတ် (၁) ရက် နှစ်ဆန်းတစ်ရက်ရယ်လို့   ခွင့်ရက် (၅) ရက်ယူပြီး လူငယ်တွေက ပျော်ပျော်ပါးပါး ရေးကစားကာ နှစ်သစ် ကူးကြသလို၊ လူကြီးလူကောင်းများကလည်း ဘုန်းတော်ကြီးကျောင်းသွားလို့ သီတင်းသီလဆောင် တည်ကာ နှစ်သစ်ကူးကြပါသည်။ ပြည်ပရောက် မြန်မာမိသားစုများလည်း ၊ မြန်မာ့ဓလေ့ကို ထိမ်းသိမ်းသော အားဖြင့်လည်းကောင်း၊ မိမိတို့ရဲ့ ရင်သွေးများကို မြန်မာ့ ယဉ်ကျေးမှု လက်ဆင့်ကမ်းစေလိုသော ကြောင့်လည်းကောင်း မြန်မာဗုဒ္ဓဘာသာအသင်းမှ ဦးဆောင်၍ မြန်မာ့နှစ်သစ်ကူး ဆုတောင်းပွဲနှင့် စတုဒီသာ အလှူကို ၂၀၁၃-ခုနှစ်  ဧပြီလ ၁၄-ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါ၍ ဗန်ကူးဘား ရောက်မြန်မာများ အားလုံး ကြွရောက်ကြပါရန် ကြိုတင် အသိပေး နိုးဆော်အပ်ပါသည်။



မေလ ( စုပေါင်းတရားထိုင်ပွဲနှင့်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်)

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော Victory Day  အလုပ်အားလပ်ရက်တွင် ၊ မြန်မာမိသားစုများ စုပေါင်း၍ တရားထိုင်ကြမည်ဖြစ်ပါသည်။    ဤတရားစခန်းတွင် မြန်မာပြည်မှ တရားနည်းပြဆရာတော် ပင်ဖိတ်ထားပါသည်။ တရားထိုင်လိုသူများ ကြိုတင်ခွင့်ယူ၍ စာရင်းပေးနိုင်ပါကြောင်း အကျိုးမျှော်၍ နိုးဆော်အပ်ပါသည်။
ထို့နောက် မေလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံမှာ ကျင်းပလေ့ရှိသော ကဆုန်လ ညောင်ရေးသွန်းပွဲတော်ကို ဗုဒ္ဓနေ့အဖြစ် ကျင်းပမည်ဖြစ်ပါသည်။

ဇွန်လ ( နိဗ္ဗာန်ဈေးပွဲတော် )

၂၀၁၂ နှစ် ဒုတိယအကြိမ် ဈေးရောင်းပွဲကို လာရောက် ရောင်းပေးကြသော ဈေသည်များ။ လာရောက် ကူညီအားပေးကြသော ၊ အလှူရှင်များ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နိဗ္ဗာန်ဈေး အလှူငွေများကိုလည်း official tax receipt ထုတ်ပေးနေပါပြီး။ လစဉ်အလှူရှင်များလည်း ဘုန်းတော်ကြီးကျောင်းသို့  official tax receipt များလာရောက်ယူကြရန် အသိပေးအပ်ပါသည်။


ဇူလှိုင် ( ဝါဆိုသင်္ကန်းကပ်ပွဲ)

၂၀၁၂ -ခုနှစ် ဇူလိုင်လတွင် ဝါဆိုပွဲနှင့်အတူ ကိုကျော်ကျော်+ မစန်းစန်းဝင်း၊ ကိုသန်းထိုက်+ မနန်းခင်နှင်းလှိုင်၊  ကိုစိုကျော်+ မသူဇာမင်းတို့မှ စုပေါင်းရှင်ပြုပွဲ  ကျင်းပခဲ့ပါသည်။ ကိုရင်များ ၊ သီလရှင်းများဝတ်၍ ဘုရားစာ သင်ယူခြင်း၊ တရားများထိုင်ခြင်းဖြင့် ဗုဒ္ဓတရားတော်များကို ကျင့်ကြံပွားစေခဲ့ပါသည်။

ယခုနှစ်တွင်လည်း ဝါဆိုသက်န်းကပ်ပွဲတွင် ၊ အလှူရှင်အဖြစ်သော်လည်းကောင်း၊ ရှင်ပြု ၊ ရဟန်းအဖြစ်သော် လည်းကောင်း အလှူရှင် လိုအပ်နေသေးကြောင်း ကြိုတင်အသိပေး နိုးဆော်အပ်ပါသည်။ လှူဒါန်းလိုသော ဝါဆိုသင်္ကန်းကပ်ပွဲ အလှူရှင်များ ဗုဒ္ဓရံသီဆရာတော်ထံသို့ ဆက်သွယ်နိုင်ပါသည်။
















သြဂုတ်လ ( နိဗ္ဗာန်ဈေးပွဲတော်)
နွေရာသီကုန်ခါနီမို ရသိဥတုကလည်း အေးစပြုလာချိန်၊ လူတွေကလည်း  ကနေဒါရဲ့ ဆောင်ရသီး ရင်ဆိုင်ဖို့  တွန့်ဆုတ်ဆုတ်ဖြစ်နေချိန် မြန်မာမိသားစုများ နွေရာသီရဲ့ မိသားစု နောက်ဆုံးတွေ့ဆုံဖွဲအဖြစ် စုပေါင်းနိဗ္ဗာန် ဈေးပွဲတော်ကို သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပါသည်။
ပြီးခဲ့သောနှစ်က နောက်ဆုံးရောင်းရသော နိဗ္ဗာန်ဈေးအလှူတော်ငွေကို မြန်မာပြည် ရခိုင်းအရေးအခင်း အတွက် အဖြစ်လည်းကောင်း၊  ကနေဒါရောက်မြန်မာ ဘိုးဘွားများ ပူဇော်ပွဲအဖြစ်လည်ကောင်း၊ ဓမ္မသင်တန်းသားများ ဆုအဖြစ်လည်းကောင်း လှူဒါန်းခဲ့ပါသည်။
ဒီနှစ်နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ကုသိုလ်လည်းရ ဝမ်းလည်းဝမို့ တခဲနက် လာရောက် အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

အောက်တိုဘာလ ( အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့်သက်ကြီးပူးဇော်ပွဲ)
၂၀၁၂ -နှစ် သီတင်းကျွတ်လ အဘိဓမ္မာအခါတော်နေ့တွင်  ၂၄-နာရီ အသံမစဲ  ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲသို့ လာရောက်ပဋ္ဌာန်းပူဇော်ကြသော ဓမ္မိမိတ်ဆွေများအား အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်သည်။

၂၀၁၂  ထူးထူးရှားရှား  ကနေဒါရောက် မြန်မာဘိုးဘွား နှစ်ဆယ်ကျော်ကို ပူဇော်ကတော့ရပြီး ၊ ဓမ္မသင်တန်းသားပေါင်း  ၂၀ ကျော် သင်တန်းဆင်း လတ်မှတ်ချီးမြှင်နိုင်ခဲ့ပါသည်။  ဤကဲ့သို့ ဘိုးဘွား ပူဇော်ပွဲနှင့် ဓမ္မသင်တန်းဆင်းပွဲကိုဖြစ်မြောက်အောင်  ကူညီဆောင်ရွက်ကြသော အသင်းသူ၊အသင်းသားများ အားလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါလည်။
ထို့နောက် မြန်မာပြည်မှ ကြွလာသော ရွှေညဝါဆရာတော်ကို  မြန်မာဗုဒ္ဓဘာသာအသင်းမှ ဦးဆောင်၍  ရွှေညဝါဆရာတော်တရားပွဲကို  နှစ်ရက်တိုင်တိုင်ကျင်းပနိုင်ခဲ့ပါသည်။








ဓမ္မသင်တန်းသားများ ဆုပေးပွဲ









ရွှေညဝါဆရာတော်နှင့် မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု အမှတ်တရ
ဓမ္မသင်တန်းသားများ သင်တန်းဆင်းပွဲတွင် ဦးထွန်းမြင့်+ ဒေါ်ကေသီဦးမိသားစုမှ သင်တန်းဆင်း ဓမ္မတံဆိပ် အမှတ်နှင့် သင်တန်းသာ တစ်ဦးလျှင် $ 20 နှင့် အထူးဆုအတွက် ဒေါ်လာ ၁၀၀ ကို လှူဒါန်းပါသည်။  ပညာဒါနအလှူရှင် ဦးထွန်းမြင့်+ ဒေါ်ကေသီဦးမိသားစုအား  မြန်မာဗုဒ္ဓဘာသာအသင်းမှ  ကျေးဇူးစကားဆို၍ မှတ်တမ်းတင်အပ်ပါသည်။

နိုဝင်္ဘာလ ( စုပေါင်းမဟာဘုံကထိန်ပွဲတော်)
၂၀၁၂-  ခုနှစ် တတိယအကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို အမေရီကမှ ဒေါ်ထွေးမိသားစု မ-တည်၍ စုပေါင်းကျင်းပကြီး အလှူတော်ငွေ တစ်သောင်းကျော်ကို ရရှိပါသည်။  ကထိန်ရရှိငွေ တစ်သောင်းကျော်နှင့် အသင်းမှ စိုက်ထုတ်၍  ဒေါ်လာ တစ်သောင်းငါးထောင်ကို  ဗုဒ္ဓရံသီကျောင်း၏  Main principle payment
တွင် ပေးဆပ်နိုင်ကြောင်း အသင်းသူ/အသင်းသားများ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ရန်  တင်ပြအပ်ပါသည်။
ကထိန် မ-တည်အလှူရှင် ဒေါ်ထွေးမိသားစုနှင့် ကထိန်သင်္ကန်းအလှူရှင်များ

တိုက်တွန်းလွှာ
၂၀၁၃-ခုနှစ်တွင်လည်း မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏  လစဉ်ပွဲတော်များ ၊ ဓမ္မသင်တန်းများ၊ ဗုဒ္ဓဟူးနေ့  ညနေတိုင်း တရားထိုင်ပွဲများ၊ အထူးအားဖြင့် စနေ အဘိဓမ္မာသင်တန်းများကို လာရောက် တက်ရောက် နိုင်ကြောင်း အသိပေးနိုးဆော်ပါသည်။
ပွဲတော်ရက်များတွင်၊ ပဋ္ဌာန် ၊ ဓမ္မစကြာများ ရွတ်ဆိုပူဇော်နိုင်ရန် အခါအားလျှော်စွာ ပဋ္ဌာန်း၊ ဓမ္မစကြာ မရွတ် တတ်သေးသော ဓမ္မယောဂီများအားလည်း ပဋ္ဌာန်းရွတ်ဆိုနည်း၊ ဓမ္မစကြာရွတ်ဆိုနည်းများ သင်ကြားပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

၂၀၁၂-ခုနှစ်တွင်  လှူဒါန်းကြသော လစဉ်အလှူရှင်များ ၂၀၁၃-တွင်လည်း စဉ်အဆက်မပြက် ဆက်လက်  လစဉ် လှူဒါန်းကြပါရန်လည်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်တိုက်တွန်းအပ်ပါသည်။

အသင်းသူအသင်းသားများအားလုံ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် သာသနာပြုနိုင်ကြပါစေ….။

ဗုဒ္ဓရံသီဝေယျာဝစ္စ
၁၀၀












ဆရာတော်ဦးနန္ဒဝံသ
၅၀












ဆရာတော်ဦးနန္ဒသီရိ
၅၀












ဆရာတော်ဦးဃောသက
၃၀၀












ကိုစိန်ထွန်း+မခင်လေးမူ
၁၀၈












ကိုကျော်ကျော်+ မစန်းစန်းဝင်း
၁၀၀














ကိုထွန်းလင်း+မစန္ဒာမိသားစု
၁၀၀












ကိုတင်နွယ်+မလေးလေးနွယ်
၁၀၀













 


ဒေါ်ချူးလမ်မိသားစု
၁၀၀












၁၀
ကိုဇော်မြင့်ထွန်း
၁၀၀












၁၁
ဦးကျင်တိတ်+ဒေါ်လီလီကေး
၉၀












၁၂
ဒေါ်မြင့်မြင့်သန်းမိသားစု
၉၀












၁၃
In memory of late father Mrs. David  Mrs. Mary Chan Family
၇၀












၁၄
ကိုသက်နိုင်+ မမြညွန့်
၅၀












၁၅
ကိုညွန့်အောင်+ မသန်းသန်းချို
၅၀











၁၆
ကိုစိုးကျော်+မသူဇာမင်း
၅၀











၁၇
ကိုမင်းမြင့်ဦး+ မနန်းကေကေ
၅၀











၁၈
ကိုတင်ကို+မသိင်္ဂီ
၅၀






၁၉
ကိုသန်းဝင်း+မိငယ်
၅၀













၂၀
မဘေဘီ၊သမီးထူးထူး၊အငယ်လေး
၅၀













၂၁
ကိုကိုလေး+ မနော်မူး
၅၀













၂၂
ဦးဇော်မြင့်လှိုင်+မဥမ္မာဟန်
၅၀













၂၃
ဦးကင်းစိန်+ဒေါ်ချိုချိုလွင်
၅၀













၂၄
ကျော်စိုး
၅၀













၂၅
ကိုဖြိုးမြတ်မင်း+မခင်သန်းဌေး
၅၀













၂၆
မခင်သန်းဦး ( Joyce &  Dominic)
၅၀













၂၇
ဦးမြင်းဦး
၅၀













၂၈
Mrs. Sunida Sirisuwam
၅၀













၂၉
Miles Chan & Judith Family
၅၀













၃၀
ကိုအပုလေး+ မလှဆွေ
၃၀













၃၁
ကိုသန်းထိုက်+ နန်းခင်နှင်းလှိုင်
၃၀













၃၂
ကိုမောင်မောင်+ မခင်ဖြိုးဝေ
၃၀













၃၃
ကိုထွန်းထွန်းဦး+မညွန့်ညွန့်သန်း
၃၀













၃၄
Dr. ခင်ထားမြင့်မိသားစု
၃၀













၃၅
ကိုကျော်ဝင်း+ မခင်စန်းဝင်း
၃၀













၃၆
ကိုချစ်ညိုမိသားစု
၂၀













၃၇
Mina Tog Family
၂၀













၃၈
မနန်းမြင့်သန်း (ထားထား)
၂၀













၃၉
မမြင့်မြင့်အေးနှင့်သားများ
၃၀













၄၁
ကိုမောင်မောင်+ မဝင်နီမိသားစု
၁၀













၄၂
 Dr. တိုးတိုလွင်+ Dr. မိုးဝင်းသာလွင်
၁၀













၄၃
Nelly Chen
၁၀















































No comments:

Followers

My Blog List