Monday, February 18, 2013

ခေတ်သစ် ပါယာသိ... ၂

အဆက်


ကလေးမက.... ကံ/ကံ၏အကျိုးကို ပြောလို့ စကားပြတ်သွားတော့  ဘုန်းဘုန်း " မြန်မာပြည်မှာ.. တော်တော်ပြောင်းလဲသွားပြီးနော်" တဲ့.. ။

ဘာတွေ တွေ့ခဲ့လို့တုန်းဆိုတော့ သူ့ကို  ဂိုက်လုပ်တဲ့ ကျောင်းသားက International Schoolကတဲ့ အဲဒီကလေးက အင်္ဂလိပ်လို  ကောင်းကောင်း  ပြောတတ်တယ်။ သူသိတာတွေနဲ့ မြန်မာပြည် လက်ရှိအခြေအနေတွေက ရှင်းပြတယ်လေ။

ကလေးမရယ်.. သူကကော .. မြန်မာပြည် ပြောင်းလဲသွားပြီလို့ ပြောရအောင် မြန်မာပြည်က

 တောရွာတွေကို ရောက်ဖူးလို့လားလို့မေးကြည်တော့၊ ဟင်အင်... ရန်ကုန်မှာရှိတဲ့ လှိုင်းကားတွေ တောင် မစီးဖူးဘူတဲ့။ ကျောင်းသွား၊ ကျောင်းပြန် အိမ်ကပဲ ကားနဲ့ လိုက်ပို့တာတဲ့။  အဲဒါပြောတာ ပေါ့ကလေးမရဲ့  ရန်ကုန်က အပြင်ထွက် မကြည့်ဘူးသေးတဲ့ ကလေးက မြန်မာပြည်ကြီး ပြောင်းလဲသွာပြီးဆိုတာ .. နားလည်ဖို့ ခက်ပါတယ်။ ဒီလိုဆို ဘုန်းဘုန်း သိသလောက်  အနည်ငယ်ပြောပြပါလားတဲ့...
စာရေးသူလည်း ဒီတစ်ခေါက်  ကျောက်ပန်းတောင်းမှ    မွေးရပ်မြေအထိရောက် သွားတော့   ကျေးလတ်   ဒေသ   တွေရဲ့ အခက်အခဲကို ပြောပြဖြစ်တယ်။ ကလေးမတို့ ကျောင်းအစီအစဉ်မှာ ကျေးလတ် ဒေသဖွင့် ဖြို့ရေး Micro loan ( small business)   အစီအစဉ်ပါတယ်လို့ ဆိုပါတယ်။

ကလေးမနဲ့ စကားအနည်းငယ် ပြတ်သွားတော့ အစဉ်မပြတ်သေးတဲ့ ပါယာသိ .. အကြောင်းက ခေါင်းထဲ ဝင်လာပြန်တယ်။

ပါယာသိမြို့စားက နောက်ထပ် အရှင်မဟာကဿပကို ထပ်လျှောက်သေးတယ်။ " တပည့်တော်ရဲ့ ဆွေးမျိုး တချို့ ကောင်းမှုကုသိုလ်တွေလုပ်ကြတယ်။ ဒီအတွက် သူတို့ တာဝတိံသာ နတ်ပြည်ရောက်ကြမယ်လို့ အချို့ ရဟန်းများက ပြောကြတယ်။  တပည့်တော်က သူတို့သေခါနီး... မင်းတို့  တာဝတိံသာမှာ နတ်ဖြစ်ရင် လာပြောကြပါဆိုတော့  ယနေ့ထက်တိုင် တစ်ယောက်မှာ လာမပြောကြပါလားဘုးရား"တဲ့။

ဒီတော့ အရှင်မဟာကဿပက..." မြို့စား တာဝတိံသာနတ်တို့ရဲ့ တစ်နေ့တစ်ညဉ်ဟာ လူပြည်မှာ အနှစ်တစ်ရာဖြစ်တယ်။ တာဝတိံသာတို့ရဲ့သက်တမ်း နှစ်တစ်ထောင် လူတို့သက်တမ်းနဲ့ တွက်ရင် ၃၆-သန်းတောင်ရှိတယ်။

အကယ်၍ သင့်ဆွေမျိုးများ တာဝတိံသာ နတ်ဖြစ်ပြီး သင့်ဆီကို လာပြောဖို့ရာ သတိရခဲ့သော်လည်း တစ်ရက် နှစ်အတွင်း နက်စည်းစိမ်းခံစားစဉ် မင်းတို့က မရှိတော့ဘူးပြောတော့..။

ပါရာယာသိမင်းက.. အရှင်ဘုရား ..ကောင်းပါပြီး တပည့်တော်တို့က သက်တမ်းတိုလို့ တာဝတိံသာနတ် တွေကို မတွေ့ရလိုက် မမြင်လိုက်ပါဘူးဆိုရင် အရှင်ဘုရာကကော တာဝတိံသာ နတ်တွေ သက်တမ်းဒီလောက်ရှည်တာကို ဘယ်လိုလုပ်သိပါသလဲ။ တပည့်တော် မယုံဘူးတဲ့။

အရှင်မဟာကဿပက..ပါယာသိ...  မင်းကတော့ ထူလိုက်တာ ဝမ်းတွင်းကန်းနဲ့တူနေတယ်။ ဝမ်းတွင်း ကန်းမွေးလားတဲ့သူဟာ သူများက အဖြူအနီစတဲ့ အရောင်းများရှိတယ်။ နေ၊လ၊ကြယ်တာရာများ ရှိတယ် ပြောပေမဲ့ သူမမြင်ရတဲ့အတွက် မရှိဘူးလို့ ငြင်ဆန်းနေသလိုပဲ။

ပါယာသိ ... အရာအားလုံကို သင်ထင်သလို ပကတိမျက်စိနဲ့ တခြားလောကကို မမြင်နိုင်ဘူး။ ဆိတ်ငြိမ်ရာကို သွားပြီး မမေ့မလျော့ သတိတရားနဲ့ ပြင်းထန်သော လုံလပြုပြီး စိတ်သမာဓီ အထူးကြည်လင်လာတဲ့အခါ ဒိဗ္ဗစိက္ခုအသိဥာဏ်ကို ရလိမ့်မယ်။  လူတို့ရဲ့ ပကတိမျက်စီထက် အထူးကြည်လင်တဲ့ ဒိဗ္ဗစက္ခုနဲ့ ကြည့်တဲ့ အခါ တခြားလောကို မြင်ရလိမ့်မယ်။ သေပြီးနောက်ထက် တစ်ဖန်ဖြစ်တဲ့ သတ္တဝါတွေ ကိုလည်း မြင်ရလိမ့်မယ်။ ကောင်းမှု/ မကောင်းမှုရဲ့ အကျိုးကိုလည်း ထင်ထင်ရှားရှား မြင်ရလိမ့်မယ်လို့  ရှင်ပြတယ်။

ဒီတော့ ကလေးမက...

အခုခေတ်မှာကော အရှင်မဟာကဿပကြီးခေတ်ကလို့ တာဝတိံသာ နတ်ပြည်တို့ တမလွန်လောကကို ကြည့်လို့ ရနိုင်သေးသလားတဲ့။

ရနိုင်တာပေါ့ ကလေးမရဲ့

တရားအားထုတ်လို့ သမာဓိကောင်းရင် ဒိဗ္ဗစိက္ခုဥာဏ်ကို ရနိုင်ပါတယ်။ ကြိုးစားအားထုတ်ဖို့တော့ လိုတာပေါနော်။  ဒီခေတ်က ရုပ်လောက ထွန်းကာနေတော့ စိတ်စွမ်းအား တွေတိုးပွားဖို့  အား မထုတ်ကြတော့ဘူး။ ကလေးမတို့ ပြောနေတဲ့ လက်တွေ့ဆိုတာ ရုပ်ဓာတ်ကို လက်တွေ့ စမ်းသပ်တာ၊ နာမ်ဓာတ်ကို လက်တွေ့စမ်းသပ်တာ နှစ်မျိုးရှိတယ်။

ရုပ်ဓာတ်ကိုတော့ ခေတ်မီ သိပ္ပံနည်း ပညာတွေနဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်လို့ရပေမယ့်၊ နာမ်ဓာတ်ကို လက်တွေ့ စမ်းသပ်ချင်ရင်တော့ ဗုဒ္ဓနည်းက ကမ္မဋ္ဌာန်းပွားများရမယ်။

အိမ်း.. ။ မင်းလည်း နောက်ဘဝရှိ/ မရှိသိချင်းရင်တော့ စိတ်တွေ အစွမ်ထက်အောင် ကမ္မဋ္ဌာန်း ပွားများပေတော့လို့  စိတ်ထဲမှာ ရေးရွတ်မိရင်နဲ့
... ခေတ်သစ်ပါယာသိနဲ့တွေ့နေပါပကောလားရယ်လို့ ရေးရွက်မိပါ တော့တယ်ဗျာ။

No comments:

Followers

My Blog List