ဇန္နဝါရီလ မြန်မာပြည်က ပြန်လာတော့ ကချင်လုံချည်နဲ့ မြန်မာအဝတ်အစားဝတ်ထားတဲ့ ကလေးမလေး ကနေဒါအပြန် လေယာဉ်ပေါ်မှာ ဆုံဖြစ်တယ်။ မြင်မြင်ခြင်းပဲ သူက " မင်္ဂလာ ဘုန်းဘုန်း လို့နုတ်ဆက်တယ်။ တွေ့တွေ့ခြင်းဆိုတော့ သူကို မြန်မာ မလေးမှတ်နေတာ ။ စကားပြောကြည့်မှ ကနေဒီယန်တရုတ်မလေးဖြစ်နေတယ်။ မြန်မာပြည်ကို Social Study အတွက် ကျောင်းရဲ့ Project နဲ့သွားတာတဲ့။ တရုတ်လိုကော ၊ အင်္ဂလိပ်လိုကော ကောင်းကောင်ပြောတတ်ဆိုတတ်ရှိတယ်။ မြန်မာပြည်က ဘုရားတွေနဲ့ ၊ ပဲခူးက ကြတ်ခတ်ဝိုင်းစာသင်တိုက်ကို ရောက်ခဲ့တယ်လို့ဆိုတယ်။ ရန်ကုန် လှိုင်ကားတွေ
တောင်စီးခဲ့တယ်တဲ့။
သူနဲ့ စကား စပြောကြရင်း ကံအကြောင်း ရှေးဘဝ နောက်ဘဝအကြောင်းတွေ ရောက်သွားတယ်။
သူက" သေပြီးရင်... နောက်ဘဝရှိကြောင်း ဘယ်လိုသိနိုင်မလဲ? ။ ကံ၊ကံ၏အကျိုကိုလည်း ဘယ်လိုသိနိုင် မလဲ" လို့ မေးပါတယ်။
စားရေသူက .. ရှေးဘဝနောက်ဘဝဆိုတာ .. မနေ့ကနဲ့ ၊မနက်ဖန် ( Yesterday and Tomorrow) နှင့် အသွင်တူကြောင်း၊ ကံဆိုတာ လျပ်စစ်စွမ်အင်နှင့်အလားသဏ္ဍန်တူကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။
သူကျေနပ်မှုရသွားလားတော့ မသိ.. စာရေးသူအတွေးထဲမှာတော့ မြတ်စွာဘုရား လက်ထက်က အရှင်မဟာ ကဿကကို ရှေးဘဝ၊ နောက်ဘဝကြောင်းမေးတဲ့ ပါယာသိမြို့စားကြီးအကြောင်း ပေါ်လာပြီး..
သြော်...ခေတ်သစ် ပါယာသိ ပါလားလို့ ရေးရွတ်ရင် စာရေးသူရဲ့ အတွေရေယာဉ် ကြောမှာ...
ရှေးဘဝ၊ နောက်ဘဝ...ပါယာသိဇရာဇည...
တစ်နေ့မှာ....
ပါယာသိ မြို့စားက နောက်ဘဝဆိုတာရှိလားဆိုတာ မေးတော့ ..၊ အရှင်မဟာကဿပက.." မြို့စား ဒီမေးခွန်းနဲ့ ပတ်သတ်လို့ မင်းကိုပဲ ပြန်မေးရမယ်။ မင်းကြိုက်သလိုဖြေပါ။
ယခု ငါတို့မြင်နေရတဲ့ နေ၊လတို့ဟာ ဒီလောကမှာ ဖြစ်တာလား ၊ တခြားလောကမှာဖြစ်တာလား လို့မေးတော့...။
တခြားလောကမှာဖြစ်တာပါလို့ ဖြေတယ်။ ဒါဆိုရင် တခြားလောကရှိတယ်။ သေပြီးသတ္တဝါ ပြန်ဖြစ်တယ် ၊ ကောင်းမှု ၊ မကောင်းမှုရဲ့ အကျိုးရှိတယ်မဟုတ်လားလို့ အရှင်မဟာကဿပက ရှင်ပြခဲ့တယ်။
ဒီတော့ ပါယာသိမင်းက.. " အရှင် ဒီလောက်နဲ့တော့ တခြားလောကဆိုတာ မရှိ၊ သေပြီးသတ္တဝါ ပြန်မဖြစ်၊ ကောင်း/မကောင်းကံ အကျိုးမရှိဆိုတဲ့ တပည့်တော်ရဲ့ အယူဝါကို မပယ် ဖျောက်နိုင်သေးပါ။
ဘာကြောင့်လည်း ဆိုရင်.. တပည့်တော် ဆွေမျိုးများဟာ.. သူအသတ် သတ်ခြင်း စတဲ့ မကောင်းတဲ့ ဒုစရိုတ် မှန်သမျှ အကုန်လုပ်တယ်။ သူတို့ နာမကျန်းဖြစ်လို့ သေတော့မယ်လို့ သိရတော့ တပည့်တော်က..
" မင်းတို့ အသက်ရှင်နေထိုင်စဉ် ဒုစရိုက် မှန်သမျှ အကုန်လုပ်ခဲ့တယ်။ အဲဒါကြောင့် သေတဲ့အခါ အပါယ် ငရဲ ရောက်မယ်လို့ အချို့ ရဟန်းရဟန်းများက ပြေကြတယ်။ သင်တို့ တကယ် ငရဲ ရောက်ရင် ငါဆီ ပြန် အကြောင်းကြားပါ"လို့် မှာကြားလိုက်တယ်။ သူတို့ကလည်း အတွေ့အကြုံတွေကို ပြန်ပြောမယ်လို့ ဝန်ခံသွား ကြတယ် တစ်ယောက်မှ ပြန်မပြောကြပါဘူးအရှင်..
ဒါနဲ့ပတ်သတ်လို့် မြို့စားကိုပဲ မေးပါစေ..
သင်ပိုင်ဆိုင်ရာ နယ်မြေအတွင်း ခိုးမှု ကျုးလွန်တဲ့သူကို ဖမ်းမိတဲ့အခါ သင်က သတ်စေလို့ အမိန့်ချတယ်။ သူသတ်တို့က သုဿာန်သို့ ခေါ်ဆောင်သွားတဲ့အခါ သူခိုးက... " သူသတ်တို့ ခဏနေပါဦး ကျွုနုပ်ဆွေးမျိုးများထံ မှာကြားစရာရှိလို့ အိမ်ခဏ ပြန်ပါရစေလို့" တောင်းပန်တဲ့အခါ အိမ်ပြန်လွှတ်သလား တောင်းပန်နေ့စဉ် ဦးခေါင်း ဖြတ်သတ်လိုက်သလား"
အရှင်...တောင်းပန်လို့ ဘယ်ရတော့မလဲ ခွင့်ပန်းတုန်းပဲ ဦးခေါင်းကို သတ်ဖြတ်ကြတာပေါ့ဘုရား။
ဒီအတိုင်းပဲ ပါယာသိ... သင်ရဲ့သူသတ်သမားကို သူခိုးက တောင်းပန်လို့မရသလို ငရဲထိန်းတို့ကို ငရဲသားက ဘယ်တောင်းပန်လို့ရပါ့မလဲလို့ မိန့်တော်မူတယ်။
တပည့်တော် ဒီလောက်နဲ့ အဖြေကို မကျေနပ်သေးဘူးဘုရား..။
တပည့်တော်အမျိုးထဲမှာ ကောင်းမှု ကုသိုလ် လုပ်တဲ့သူတွေ ရှိကြတယ်။ သူတို့ သေခါနီးတော့ မင်းတို့ ကောင်းရာသုဂတိ နတ်ပြည်ရောက်တယ်ဆိုရင် ငါကို အကြောင်းပြန်ကြားလှည့်ဦးလို့ ပြောတော့ တစ်ယောက်မှ ပြန်ပေါ်မလာကြဘူးဘုရား။ အဲဒါကော ဘာဖြစ်တာလဲ ဘုရား။
ဒါနဲ့ပတ်သတ်လို့လည်း မင်းကိုပဲ ပြန်မေးမယ်။ ဥပမာ လူတစ်ယောက်ဟာ မစင်တွင်းမှာကျပြီးနောက် ရေမိုးချိုးအဝတ်အစားလဲပြီးတဲ့အခါ မစင်တွင်းကို သူပြန်ဆင်ခြင်သေးသလားလို့ မေးတော့ ဘယ်ဆင်းခြင်တော့မလဲဘုရားတဲ့။
ထို့အတူပဲ... နတ်တို့အနေနဲ့ကြည့်ရင် လူသားတို့ဟာ ညစ်ညမ်းနံစော်တယ်။ စက်ဆုပ်ဖွယ်ဖြစ်တယ်။ ယူဇနာ တစ်ရာလောက်ပင်နံတယ်၊ နတ်ဖြစ်ကုန်တဲ့ သင့်ဆွေမျိုးတွေဟာ သင့်ထံဘယ်လို ပြန်လာတော့ပါမလဲလို့ ပြောတော့ ပါယာသိက မကျေးနိုင်သေးဘူးဘုရားတဲ့။
ဆက်ရန်
No comments:
Post a Comment