Monday, November 5, 2012

စုပေါင်း မဟာဘုံကထိန်ပွဲတော်




"ကထိန်အကြောင်း"
ကထိန်ဆိုတာမြန်မာလိုပြောတာ၊ ပါဠိလို "ကထိန"ဆိုတဲ့ပါဠိက ဆင်းသက်လာပါတယ်။
အဓိပ္မါယ် ပြန်ကြည့်ရင်..ခိုင်မြဲခြင်း၊ တည်တံ့ခြင်း လို့ ဆိုလိုပါတယ်။ဘာကြောင့် ခိုင်မြဲ တည်တံ့ရသလဲ ဆိုတော့...အကျိုးတရား()ပါးစီ ရှိနေကြပြီးဖြစ်လို့ပါဘဲ၊ထိုအကျိုးတရား()ပါးက ရဟန်းတော်တွေမှာကော၊ ကထိန်ဒကာ၊ ဒကာမ တွေမှာပါ    တူညီစွာခံစားရရှိကြပါတယ်။


(
)မပန် မကြား မခစား၊ သွားလာနိုင်ပေ ရပ်ထွေထွေ၊.. ဆိုတာ.. ရဟန်းတော်များ ဘယ်မြို့၊ ဘယ်ရွာ၊ ဘယ်ဒေသ ကိုဘဲသွားသွား ဘယ်သူ့ကို ခွင့်ပန်စရာ၊ ခစားနေစရာမလိုဘဲ (အနီးနားက ရဟန်းတစ်ပါးကို ပန်ကြားစရာမလိုဘဲ)မိမိဘာသာလွတ်လပ်စွာသွားဘာနိုင်တယ်။ကထိန်အာနိသင်ရတဲ့ရဟန်းတော်တွေမှာ လည်း လွတ်လပ်ခွင့်ရကြတယ်။

 ရဟန်းတော်တွေမှာသိက္ခာပုဒ်တွေ များစွာရှိပါတယ်၊ မြို့တွင်းရွာတွင်းသွားလာတာကအစ အနီးနေ ရဟန်းတစ်ပါးကို ပန်ကြားစရာမလိုဘဲ သွားခွင့်ရှိပါတယ်။အချိန်ကာလအနေနဲ့ကတော့ တန်ဆောင်မုန်း  
လပြည့်ကျော်()ရက်နေ့ ကနေ တပေါင်းလပြည့်နေ့အထိလွတ်လပ်ခွင့်အပြည့်ရှိတယ်၊

(
)ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျက်ပေ ရန်ကင်းဝေး...

ကထိန်ခင်းတဲ့ဒကာ၊ဒကာမတွေမှာ မိမိကိုယ်ပိုင်စီးပွား ဥစ္စာများကိုဘယ်မြို့ဘယ်ရွာဘယ်ဒေသမှာ 
ဘဲထားထား၊ ရန်သူမျိုး()ပါးစတဲ့ အန္တရယ်တွေ လုံးဝမဖျက်ဆီး မနှောက်ယှက်နိုင်ဘူး...

ကထိန်သင်္ကန်းကို အလှုခံရရှိတဲ့သံဃာတော်တွေမှာလည်း တိစိဝရိတ် လို့ခေါ်တဲ့ သင်းပိုင်၊ ဧကသီ  
 နှစ်ထပ်သင်္ကန်းတွေ မိမိဘယ်သွားသွား ကင်းကွာခွင့်ရှိတယ်၊ကထိန်အာနိသင်မရဘူးဆိုရင် ရဟန်းတော်တွေ အနေနဲ့ ၀ိနည်းစည်းကမ်းအရ အဓိဌာန် တင်ထားတဲ့ သင်္ကန်း၃ထည်ပါရစမြဲဘဲ၊ အထူးအားဖြင့်အရုဏ်တက်ချိန်မှာ မိမိနှင့်သင်္ကန်း လုံးဝကိုကင်းကွာလို့မရပါဘူး။


() ၀တ်စားဖုံဖုံ၊ လွန်ပြည့်စုံ၊ ကုံလုံကျက်သရေ၊လက်လက်ဝေ...

ကထိန်လှူဒါန်းကြတဲ့ဒကာ၊ဒကာမတွေ မှာ အ၀တ်အစားတောက်တောက်  ပြောင်ပြောင်
အကောင်းစားတွေကိုရရှိတယ်၊ ၀တ်ဆင်ရတယ်၊ သူတစ်ပါးတွေနဲ့မတူအောင်ကိုလှပါတယ်။

ရဟန်းတော်တွေမှာတော့ ၀ိနည်းစည်းကမ်းအရ သင်္ကန်းစတဲ့ အ၀တ်အထည်တွေကို ဆယ်ရက်အတွင်းမှာ အသိအမှတ်ပြု အဓိဌာန်တင်ရတယ်၊ မတင်ရင်  အာပတ်သင့်တယ်၊ ကထိန်အာနိသင်ရတဲ့ ရဟန်းတော်တွေကျတော့ ကထိန်ကာလကနေ တပေါင်းလပြည့်နေ့အထိ  အဓိဌာန်တင်စရာ
မလိုဘဲလွတ်လပ်စွာ ထားခွင့် သုံးစွဲခွင့်ရှိပါတယ်။


() မိစ္ဆာအပင်း၊ ပြစ်မျိုးကင်း၊ ရှင်းရှင်းလွတ်ပေ၊ရန်မျိုးထွေ...

မိမိသုံးဆောင်စားသောက်မဲ့ အစားအစာတွေထဲမှာ မကောင်းတဲ့ အပင်းအဆိပ် စတဲ့ မိစ္ဆာအတတ်များဖြင့် လှည့်ဖျားကောက်ကျစ် သော်လည်းမိမိ ထံသို့မကျ ရောက်ဘဲ လွင့်ပြယ်သွားခြင်း၊ မကောင်းတဲ့အတတ်များ မကျရောက်ခြင်းဖြစ်ပါတယ်။

အကျိုးမျာက ကထိန်ဒကာ ဒကာမတွေ မှာရရှိပါတယ်။ ရဟန်းတော်တွေမှာ မအပ်စပ်တဲ့ အခေါ်အဝေါ်တွေနဲ့ဆွမ်းစားပင့်ရင်  မသုံးဆောင်ကောင်းဘူး။

ဥပမာ...ဆွမ်းဘုန်းပေးကြွပါဘုရာ..မုန့်ဟင်းခါးဆွမ်းဘုန်းပေးကြွပါဘုရား လို့မသုံးဘဲ ဆွမ်းစားရအောင်၊ မုန့်ဟင်းခါးစာရအောင် လို့ လူတို့အသုံးတွေနဲ့ဘယ်လိုပင်ခေါ်ခေါ် ကတိန်အာနိသင်ရတဲ့ ရဟန်းတွေမှာ သုံးဆောင်ခွင့်ရှိတယ်။

(
) စည်းစိမ်မြိုင်မြိုင်၊ လွန်ကြံ့ခိုင်၊ စိုးပိုင်လှပေ၊ တင့်ဖြိုးဝေ..

မိမိတို့လက်ဝယ်ရောက်ရှိလာတဲ့ စည်းစိမ်ဥစ္စာကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ
လုယူ နှောက်ယှက်မှု့မပြုနိုင်ဘူး၊ မိမိလက်မှာဘဲအမြဲတည်ရှိတယ်၊  မိမိမပေးရင်ဘယ်သူမှ လုယူခြင်း မပြုနိုင်ပါဘူး၊၊ ရဟန်းတော်တွေမှာတော့ အများပိုင် သံဃိကသင်္ကန်းကိုကထိန်အာနိသင် ရထားတဲ့ရဟန်းတော်တွေသာ ပိုင်ဆိုင်ခွင့်ရှိတယ်၊ တခြား အာဂန္တုက ရဟန်းတော်တွေကို ဝေစရာမလိုဘဲ မိမိကျောင်းတိုက်အတွင်းရှိ သံဃာတော်တွေကိုလွတ်လပ်စွာ ဝေမျှသုံးစွဲခွင့်ရှိပါတယ်...







Burmese Buddhist Society, BC and the Union Kathina Main Sponsors,  Daw Htwe Family  the pleasure to invite you to participate in our Kathana Celebration on November 18,  2012.


You are kind presence and contribution  will bring additional joy and happiness to our community on this auspicious  celebration.


Knowledgeable Note
Offering Kathina to the monks is a Buddhists tradition. It has been performed since the Lord Buddha time. Lord Buddha allowed Buddhist Monks to receive Khathina robe from lay people after Buddhist Lent. Buddhists believe that offering made to individual monks provides less merit than those made in the name of the Sangha  ( a group of four monks or more). The kathina robes can be presented only to the Sangha; at least five monks must be present in order to fulfill this ceremony, according to the Vinaya.


No comments:

Followers

My Blog List