ပြစ်ဒဏ်ပေးနေသလိုပါပဲသမီး။
အိပ်ချင်စိတ် မရှိတာနဲ့ မျက်စိဖွင့်ပြီး ဟိုဟိုဒီဒီကြည့်လိုက်တော ရာသီဥတုက ဆိုးတုန်းပဲသမီး၊ ဒီတော့ အချိန် အတော်ကြာကြာလေး အိပ်ရာထဲမှာ ဆက်ကွေးနေပြီး တွေးနေလိုက်တယ်။ ဩော်.. ရာသီတွေ အလီလီပြောင်း လတွေ၊နှစ်တွေတောင် ကုန်သွားတာလည်း သိပ်မြန်ဆန်ပါ့လား ၊ သမီးတို့လို ငယ်ငယ်ရွယ်ကဆို အိပ်ကောင်း ၊ စားကောင်းပေါ့။ တခါတလေ မေမေအိပ်တာ ကိုရင်တွေ ဆွမ်းခံထွက်တဲ့ အချိန်ထိပဲ။
ခုတော့ အသက်အရွယ်လေးရလာလို့ မိုးမလင်းခင်ကတည်းက အိပ်ရာကထနေကျဖြစ်ပြီ။ဒီတော့လည်း မြတ်စွာဘုရားကို သောက်တော်ရေးကပ်၊ ဘုရားရှိခိုးပေါ့ကွယ်သမီး။ ဘုရားရှိခိုးပြီး တစ်ယောက်တည်း နံက်စာ စားတော့ အတွေးက သမီးလေးအကြောင်းပဲ ရောက်ရောက် သွားတယ်။
အတွေးတွေက ပီပီပြင်ပြင် လှလှပပတွေ မဟုတ်ကပါဘူး၊ ဝမ်းနည်း ကြေကွဲစရာ အတွေးတွေကြီးပါပဲ။
သမီးလေး ရွာမှာနေသွားတဲ့ နောက်ဆုံးကာလတွေမှာ ငိုငိုပြီး အိပ်ရာက ထတာမှတ်မိသေးလာ။ အိမ်ရှေ့ တံခါးကို ပိတ်ထိုင်ပြီး ရွာနဘေးရဲ့ စိုက်ခင်းပြင်ကြီးကို ကြည့်ကာ မျက်ရည်တွေ တလိမ့်လိမ့်စိးကျနေတာလေ။
“ သမီးလေး ဘာဖြစ်လို့ ငိုနေတာလဲ”
လို့ မေမေကမေးတော့။သမီးလေး တစ်ခါတစ်လေ အေးတိအေးစက်နဲ့ တစ်ခါတစ်လေလဲ
ဒေါသတကြီးနဲ့ ပြန်ဖြေတတ်တယ်။
“ မသိဘူး” တဲ့။
သမီးတို့အရွယ်ကျတော့ စိတ်ထဲမှာ ခံစားချက်တွေ အများကြီးရှိမယ် ဆိုတာ မေမေသိပါတယ်။ ဒါတွေကို တစ်ကန့်စီ ၊ တစ်ကန့်စီ ခွဲခြားစီစစ်ဖို့ လိုတယ်။ သမီးမှာ စီမံကိန်းတွေရှိမယ်။ စီမံကိန်းဆိုတာဟာလည်း တစ်နေ့ တာအတွင်း ဖြစ်၊ ပျက်ခဲ့တာတွေကို ရောမွေပြီး စိတ်ကူးရင် ဖန်တီးမှု တစ်ခုဖြစ်ချင်ဖြစ်မယ်။ ဒီစိတ်ကူးတွေဟာ သမီးရဲ့ ဘဝခါးသီးမှုတွေကို ရုနုးထွက်ဖို့ စိတ်ကူးဆန်ဆန်ဖြစ်မယ်။ ဒါကြောင့် အာလုံး သမီးခေါင်းထဲမှာ ဝင်လာတော့ ဆန္ဒတွေဟာ ပြင်ပြလာပြီး သမီးရဲ့ရုပ်သွင်သဏ္ဍန်
ပြောင်းလဲလာသည် အထိ တောင်းဆို့လာတာပေါ့သမီး။
လူတွေမှာ ဆန္ဒတွေ၊ တောင်းဆိုမှုတွေများလာတဲ့အခါ.. လွမ်းဆွတ် တမ်းတသတိရတဲ့အခါ.. အိမ်မက်တွေ မက်တတ်တယ်တဲ့၊ သမီးလေး ကနေဒါမှာ အိမ်မက် မမက်ဘူးလား။ သမီးလေးရဲ့ အိမ်မက်မှာ တစ်ခါတစ်လေ မေမေအကြောင်းမပါဘူးလား။ သမီးလေး အိမ်ကိုရော သတိရရဲ့လာ။ မေမေ့အကြောင်းတွေကိုကောတွေးမိသေးလား။
မေမေငယ်ငယ်တုန်းက ဖေဖေ့ ညီမတစ်ယောက် အိမ်မှာ ခဏတဖြုတ်အိမ်မှာလားနေဖူးတယ်။ သူက ဝိညာဉ်လောက၊ စိတ်စွမ်းအင်၊ အကြားအမြင်တွေကို သိပ်ယုံတတ်တာ။ တစ်ခါတစ်လေ အိမ်မှာ ဘယ်သူမှ မရှိရင် စိတ်ရဲ့ထူးခြားဆန်းကြယ်တဲ့ တခိုးသတ္တိတွေ အကြောင်းပြောပြတယ်။
“ အဝေးရောက်နေတဲ့ လူတစ်ဦးကို ဆက်သွယ်ချင်ရင် သူရဲ့ ဓာတ်ပုံကို သေချာကြည့်ပြီး မေတ္တာပို့ လွတ်ရမယ်တဲ့” ဒီနေ့ညတော့ စာမရေးခင် သူပြောတဲ့အတိုင်းလုပ်ကြည့်တယ်။ ဒီမှာကတော့ ညနေ ၅-နာရီပေါ့ ၊ သမီးလေးတို့ဆီမှာ နံက် ၄-နာရီလောက်ဖြစ်မှာပေါ့၊ သမီးလေး မေမေကို မြင်ရဲ့လားဟင်၊ ဒါမှမဟုတ် မေမေ မေတ္တာပို့သံတွေ ကြားရဲ့လား။
မေမေကြီးကတော့ သမီးလေး ကနေဒါမှာ တက္ကသိုလ်ကျောင်းတစ်ခုမှာ သွားလာလှုပ်ရှားနေတဲ့ ပုံရိပ်ကို ဝိုးတို့ဝါးတား မြင်မိတယ်။ အရောင် အသွေးစုံလှတဲ့ ကျောင်းသားတွေ ကြားမှာ မေမေတစ်ချက်တည်းနဲ့ သမီးကို
ရွေးထုတ်လို့ရတယ်။ ဘာဖြစ်လိုလဲဆိုတော့ သမီးလေးက မေမေနောက်ဆုံး ထိုးပဲလိုက်တဲ့ ပန်းရောင် သိုးမွေးအင်္ကျီကို ဝတ်လို့လေ။
ဒါပေမယ့် သမီးလေး မျက်လုံးတွေထဲက စိတ်ခံစားချက်တွေကို အကဲခတ်လိုက်ရဘူး ပေါ်လာတဲ့ ပုံရိပ်က TV ထဲက ပုံရိပ်လို
ပျောက်ကွယ်သွားတယ်။ သမီးလေး ကနေဒါကို သွားမယ်ဆိုတော့
မေမေကြီးက ရှိတဲ့ အမွေအနစ်တွေရောင်းပြီး ပညာသင်စရိတ်
ပေးလိုက်ရမယ်ဆိုတော့ သားအမိနှစ်ယောက် အငြင်းအခုံဖြစ်ကြသေး တယ်နော်။
သမီးလေးက “သမီးဘဝကို တိုးတက်မြင်မားပြီး အတွေးသစ် အမြင်သစ်တွေ ကျယ်ပြန်လာစေချင်တယ်ဆိုရင် ဖွင့်ဖြိုးတိုတက်မှု
နှေးကွေးတဲ ဒီနေရာကနေရုံးထွက်ရမယ်တဲ့။
တကယ်တော့ အထက်တန်းကျောင်းပြီးစ ဆိုတာ.. ပြင်ပကမ္ဘာလောကကြီးနဲ့ မတွေ့ထိ့ရသေးဘူး၊ ဟုတ်တော့ ဟုတ်တယ်သမီး၊ မြန်မာနိုင်ငံမှာက အထက်တန်ကျောင်းပြီးရင် တက်သစ်စ လူငယ်တွေအတွက်က ဘာမှ
ရေရေရာရာမရှိဘူးလေ။ သမီးလေးငယ်ငယ်တုန်းက ဆရာဝန်ကြီး
ဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီး ဖြစ်ချင်တယ် စတဲ့ ဝါသနာတွေကလည်း
ပျောက်ချင်းလှ ပျောက်ကုန်တယ်။ တစ်ချိန်က သမီးလေး မျှော်မှန်းထားတဲ့ ဆင်းရဲတဲ့ ပညာမတတ်တဲ့ လူငယ်တွေကို ကူညီးချင်တဲ့ လူထုအကျိုးလုပ်ငန်း
တွေကို လုပ်ချစ်တဲ့ စိတ်ဓာတ်တွေလေ။
အချိန်တိုအတွင်းမှာပဲ ..ဒီရည်မှန်းချက်တွေ ပျောက်ကုန်တယ်.. ဒီနေရာအစားဝင်လာတာကတော့ အငေါ့ထူမှု ၊ အထိကျန်စွားနေမှုနဲ့၊ တွေဝေမှုတွေပါပဲ။
တစ်ခါတလေ စိတ်တိုင်းမကျလို့ သမီးကို ပြောမိတယ်ဆိုရင် သမီးလေး
ပြန်ပြောလိုက်တဲ့ စကားတွေက သောင်းခြောက်ထောင်ပဲ။
မေမေကြီးပြောပာတဲ့ စကားတွေဟာ သမီးလေးနဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ စဉ်စားမိပြီးသားပါ။ နောက်ပိုင်းမှာတော့ မေမေကြီးနဲ့ သမီး ထိပ်တိုက်တွေ့မယ့် စကားမျိုးကို ရှောင်ခဲ့တယ်။
ဒီလိုဖြစ်လာပြီးနောက်.. သမီးလေးက ဖေဖေရှိရာ ကနေဒါကိုသွားပြီး
ကျောင်းသွားတက်မယ်။ မေမေ့ဆီကို ဘယ်တော့မှာ ပြန်မလာတော့ဘူး၊ စာလဲ မရေးတော့ဘူးလို့ ခြိမ်းခြောက်တော့တာပဲ။ သမီးက မသွားပါနဲ့
မေမေနဲ့ပဲအတူနေပါလို့ တောင်းပန်မယ်လို့ မျှော်လင်းထားတယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုပညာသွာသင်တာဟာ အသင့်တော်ဆုံး စိတ်ကူးပဲလို့
မေမေကလည်း ပြောလိုက်ရောသမီးလေး ယောင်တောင်တောင် ဖြစ်သွား
တယ်။ အဲဒီနော်မှာတော့ မေမေနဲ့သမီး အပေးအယူတွေ လုပ်တော့တာပဲ။ တစ်နေ့ ညနေထမင်း ဝိုင်မှာ ပြောတယ်။
“ သမီး ကနေဒါကိုသွားတော့မယ်” တဲ့။
မေမေကြီး .. ဘာတစ်ခွင်းမှ မပြောပဲ.. လက်ခံတဲ့သဘောလောက်သာပြ
ခဲ့တယ်။ မေမေ မဖြစ်စေချင်တာက သမီးလေး ချီတုံချတုံဖြစ်နေတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ဇွတ်မှိတ်ပြီး ဖက်တွယ် လိုက်ရတဲ့အဖြစ် ကို ရောက်သွားမှာကိုပဲ။ အဲဒီနောက် သီတင်းတပတ်အတွင်းမှာ သမီးလေး ကနေဒါသွားရေးကိစ္စ ဆက်ပြောလာတယ်။
“သမီးကနေဒါမှာ ဖေဖေနဲ့သွားနေမယ်ဆိုရင် အနည်းဆုံး ဘာသာစကား တမျိုးတတ်လာမယ်။ ဒီမှာက အလုပ်အကိုင်မရှိပဲ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿဖြုန်နေရာ ရောက်တယ်” ဒီစကားမျိုးကို ထပ်တလဲလဲ စွဲစွဲလမ်းလမ်းပြေလာတယ်။
သမီး အချိန်ဆိုတာ အတိုင်းအတာတစ်ခုထိ စောင့်ရတယ် ၊ ဘဝဆိုတာ အပြေပြိုင်းပွဲမဟုတ်ဘူး။ ဘဝဆိုတာ မြှာပစ်ပြိုင်ပွဲတစ်ခုလိုပဲ။ အချိန်ချွေတာရုံနဲ့ ဘာမှ မထိရောက်ဘူး။ တကယ်တမ်း အရေးကြီး တာက ပစ်မှတ်ကို တည့်တည့် မှန်အောင် ပစ်နိုင်ဖို့ မဟုတ်လား။ ဒီလိုပြောတော့ သမီးလေး ဒေါသပုံထပြီး မျက်ရည်တွေနဲ့ ဒေါသအိုး ပေါက်ကွဲတော့တာပါပဲ။
တကယ်တော့ တို့သားအမိဟာ မြေမြုပ်မိုင်းတစ်လုံးမြှုပ်ထားတဲ့ ကွင်းတစ်ကွင်းထဲက စစ်သား နှစ်ယောက်လိုဖြစ်နေတာ။ သီတင်းပတ်ပေါင်းများစွာ တို့နှစ်ယောက် ဒီမြေမြှုပ်မိုင်းကြီးကို မနင်းမိအောင် သတိကြီးစွာနေခဲ့တယ်။ဒီမိုင်းဗုံး ဘယ်မယ်ရှိတယ်ဆိုတာ ပေါက်ကွဲရင် ဘာဖြစ်မယ်ဆိုတာ တို့နှစ်ယောက် လုံး သိနေခဲ့တယ်။ ပြီးတော့ တို့နှစ်ယောက်ဟာ တစ်ယောက်တစ်ကွဲ ဆီလျှောက်နေကြတယ်လေ။
တို့နှစ်ယောက် ကြောက်နေတာ ဒီမိုင်းဗုန်းမဟုတ်ဘူ အခြား အကြောင်း အရာတစ်ခုလိုလို ဟန်ဆောင်နေကြတယ်။ နောက်ဆုံး အဲဒီမိုင်းဗုံးပေါက်ကွဲတဲ့အခါ သမီးလေးဟာ ရှိုက်ကြီးတငင် ငိုကြွေးပြီး မေမေ ဘာဆိုဘာမှ နားမလည်ဘူး ၊ နားလည်းမှာလည်း မဟုတ်းဘူးလို့ စွတ်စွဲတော့တာပဲ။ ဒီတော မေမေ ဘာတတ်နိုင်မှာလဲ ၊ တတ်နိုင်တာ တစ်ခုပဲရှိတယ် မေမေဘယ်လောက် စိတ်ထိခိုက်တယ်ဆိုတာ သမီးလေး မမြင်သာအောင် ဖုံးကွယ်ထားဖို့ပဲ။
သမီးလေးရဲ့ ဖေဖေ အကြောင်းကို ဘာမှ သမီးကို ဘာမှ မပြောပြခဲ့ဘူး သမီးလေး ကိုယ်ဝန်ရပြီး နောက်ပိုင် သမီးဖေဖေ နောက်ပိုင်းဇာတ်လမ်းတွေ
ပြောမပြရသေးဘူးနော်။ ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြိး မေမေ့မှာ ဘာမှခံစားချက် ကြီးကြီးမားမားမရှိပါဘူး။ ဒီအကြောင်းတွေကို အရင်က တစ်ခါမှ မပြောခဲဘူးနော် ။ ဘာဖြစ်လို့လဲဆိုတော့ ရှက်ကိုရှက် ကန်းဖြစ်နေလို့ ၊ ကိုယ့်မာနကိုလည်း ထိမ်းလို့ပေါ့။
သမီးလေးငယ်စဉ်ဘဝက သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်
နေခဲ့ကြတယ်။ သမီးဟာ ပျော်ရွှင်မြူးတူးတဲ့ ကလေးတစ်ယောက်ပါ။ သမီးကလေး အတွေးတွေက သဘာဝဆန်းတယ်။ လူတွေ ဘယ်လြို့ဖစ်တာလဲတဲ့။
သမီးကို မေမေက မွေးတာလား။ မွေးစားတာလားတဲ့ စောစောပိုင်းကတော့ မေမေနဲ့ သမီးတို့ရဲ့ အတွေးအမြင် ကွာဟမှုကို သတိမထာမိဘူး။
မေမေတွေးထင်ထားတာက သမီးနဲ့မေမေဟာ ကြယ်တာရာနဲ့ လမင်းလို ညတိုင်း ညတိုင်းမှာ အတူဖြစ်နေရမယ်လို့ ခံယူထားတာကို။
အဖေရဲ့ အကုသိုလ်တွေဟာ ကလေးတွေအပေါ် ကျရောက်တတ်တယ်လို့ ဆိုရိုးစကား တစ်ရပ်ရှိတယ်။ ဒီစကားဟာ တကယ်မှန်တာပဲ။ဒီတော့ ပြစ်မှု ကွင်းဆက်တွေ ဘယ်နေရာက အစပြုခဲ့သလဲ။ ဖေဖေ့ဆီက အစပြုခဲ့သလား။ ဒါတွေရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိနေသလား။
တစ်ခါက ဆရာတော်တပါးရေတဲ့ ကံဆိုတဲ့ စာအုပ်တအုပ်ကို ဖတ်ဖူးတယ်။ အရာအားလုံးဟာ ကိုယ်ဖန်တီးလို့ ဖြစ်လာတဲ့။ ယခုလက်ရှိ တို့တတွေ
ဖြစ်၊ပျက်နေရတာဟာ အတိတ်ရဲ့ လုပ်ရပ်တွေကြောင့်တဲ့။ တို့ရဲ့ ကံကြမ္မာကို တို့ကိုယ်တိုင်းပဲ ပုံသွင်းခဲ့ကြတာတဲ့။
ဒီတို့ပုံသွင်းခဲ့ကြတဲ့ အရှုပ်ထုပ်ကြီးကို ဘယ်လိုဖြေရှင်းမလဲ။ ရှင်းဖို့ဆိုတာလည်း ကြိုးတွေက ခိုင်မာနေတော့
ဖြတ်တောက်ရခက်သားကွယ်။
မေမေလည်း လောလောဆယ် စာရေးတာရပ်ဦးမှ။ အိပ်ချိန်ရောက်ပြီနော်..။
ဆက်ရန်...
No comments:
Post a Comment