နောက်တစ်နေ့နံက် အိပ်ရထတော့ သမီးရဲ့ ခွေးလေးကိုကြည့်ရင်းနဲ့
မေမေ့စိတ်မှာ အတွေးသစ်တစ်ခု ရခဲ့တယ်။ အဲဒါဘာလဲဆိုတော့..မေမေ မရှိတော့တဲ့အခါ သမီးလေး
အမှတ်တရ သိမ်းထားလို့ရအောင် ၊ မေမေ့ကို သတိရတဲ့အခါ ဖတ်လို့ရအောင် စာတစ်ဆောင်ရေးခဲ့ဖို့ပါပဲ။ ဒီးလိုတွေးရင်နဲ့ အလိုလို အိမ်ခန်းထဲကိုရောက်လာတယ်။
သမီးလေးရဲ့ ဗလာစာအုပ်နဲ့ ဘော(လ်) ပင်ဟောင်းလေးကို
လက်မှာကိုင်လို့ အိမ်စားမလုပ်တတ်လို့ စိတ်ညစ်နေတဲ့
ကျောင်းသူမလေး တစ်ယောက်လို ဘောလ်ပင်ကို သွားနဲ့ အမှတ်တမဲ့ ကိုက်နေမိတယ်သမီး။
မေမေးကြီးရေးခဲ့မှာ သေတမ်းစာမဟုတ်ပါဘူး။ သမီးလေး မေမေကြီးကို
သတိရတဲ့အခါ ဖတ်ဖို့ပါ။ မစိုးရိမ်ပါနဲ့၊ ဒီစာဟာ
သမီးလေးကို ဆရာလုပ်ဖို့မဟုတ်သလို စိတ်အနှောက်ယှက်ဖြစ်စေမယ့် စားမျိုးလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက သားအမီနှစ်ယောက်ရဲ့
အကြောင်းကို မှတ်တမ်းတင်တဲ့
စာပါ။
ဘာဖြစ်လို့လဲဆိုတော့ မေမေတို့ဟာ ရှေ့တိုးရင် သေဖို့ပဲရှိတော့တယ်။
တကယ်တော့ လူတစ်ယောက် သေသွားရင် သေဆုံးသွားတဲ လူကို ဝမ်းနည်းကြေကွဲတာထက် ပြောချင်တဲ့ စကားတွေကို မပြောလိုက်ရတာက ပိုပြီးကြေကွဲ စရာကောင်းတယ်သမီး။
သမီးလေးက အချိန်တန်အရွယ်ရောက်လို့ အမေအဖြစ်ခံယူမယ့်အချိန်မှာမေမေဟာ အဖွားဖြစ်နေပြီးလေ။
မေမေရဲ့ အတွေးအကြုံလေးတွေဟာ
မေမေ့မှတ်တမ်းဖတ်ရင်းနဲ့ သမီးအတွက် ဘဝသင်ခန်းတွေပဲပေါ့သမီး။
ကလေးဘဝနဲ့ သက်ကြီးရွယ်အိုဘဝဟာ အချိန်သာ
ကွာခြားပေမယ့် ဘဝရပ်တည်မှုက အတူတူပဲလို့
မေမေခံစားရတယ်။ ကလေးတွေက လောကကြီးထဲကို တိုးဝင်လာတယ်။
လူကြီးတွေကြတော့ ဆက်တိုက်တိုးဝင်ချင်ပေမယ့်
ခွန်အားတွေ မရှိတော့ဘူး၊ တိုးဝင်ခွင့်မရှိတော့ဘူးပေါ့။
မေမေတို့သက်ကြီးရွယ်အိုတွေဟာ ကားအိုတစ်စင်လိုပါပဲ ကားအိုဟာ
နှစ်ကြာလာတာနဲ့ အင်ဂျင်တွေ၊ ကာဘော်ဒီတွေဟာ
ချွတ်ယွင်းလာတယ်။ မောင်နင်းသူက ဂီယာမြှင့်လို့ အချိန်တင်မောင်းသော်လည်း ပါဝါမရှိတော့ပါဘူး။
တကယ်တော့ မေမေနဲ့သမီးကြားမှာ စိတ်ဝမ်းကွဲမှုတွေဟာ သဘာဝကြောင့်ပါပဲ။
သမီးလေးက အသိဥာဏ်ဖွင့် ဖြိုးတိုတတ် ဥာဏ်ရည်ကစားတဲ့အချိန်၊ မေမေကတော့ ရှေးရိုးဆန် သမီးလေးရဲ့
အသစ်ဖြစ်ထွန်းလာတဲ့ ပြောင်းလဲမှုတွေကို သည်းမခံနိုင်ခဲ့ဘူး။ မေမေခံစားနေရတာကတော့ အသွင်မတူ
သူနှစ်ဦး အတူနေရသလိုပါပဲ။ ညအိပ်ရာဝင်တိုင်းလည်း သမီးလေအကြောင်းပဲ စဉ်စားနေမိတယ်။
အိုးလုပ်သမားရဲ့ သေသေချာချာ ရိုက်နက် ပုတ်ခတ်ခြင်းမခံရတဲ့ မြေအိုးတစ်လုံး
အိုးကောင်းတစ်လုံးမဖြစ်လာနိုင်သလို သဘာပတ်ဝန်ကျင်ရဲ့ ရိုက်နှက်ပုတ်ခုတ်ခြင်း မခံရတဲ့
လူဟာလည်း တကယ် ရင့်ကျက်တဲ့ လူကြီးဘဝကို ရောက်ဖို့ ခဲရင်းတယ်သမီး။
သမီးမှတ်မိသေးလား.. မေမေနဲ့သမီး ဝိရောဓီဖြစ်တော့ မေမေ
စိတ်ဓာတ်ကျမိတယ်။ မျက်ရည်ကျမတတ် ခံစားရတယ်။ ဒါပေမယ့် သမီးလေကို ယှဉ်ပြိုင်ဖို့ ခွန်အားတွေ စုစည်းမရခဲ့ပါဘူးသမီး။
မေမေနဲ့သမီးဆိုတာ ရေစီးလိုပါပဲ..ရေဟာ မြင့်ရာမှာနိမ့်ရာကို
စီဆင်းသွားသလို.. မေမေရဲ့
သမီးအတွက်ပါပဲ။
သမီးလေး ခွဲခွါသွားတဲ့ နေ့ကို မေမေ သတိရနေသေးတယ်။ မေမေက
သမီးကို လေဆိပ်လိုက်ပို့မယ်ဆိုတော့ သမီးက ခွင့်မပြုဘူး။ မေမေက. သမီးအသုံးလိုမယ့်ထင်တဲ့
ပစ္စည်းတွေ အိပ်ပြည့်အောင်ထည့်ပေးတော့ “ သမီးသွားမှာက ကနေဒါ တခြားတရွာကို သွားမှာမဟုတ်ဘူးတဲ့”
သမီးလေး အိပ်တွေဆွဲကာ တံခါးပေါက် ထွက်သွားတော့
“ သမီး.. ကနေဒါရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်” လို့ အဝေးကနေ အသံကျယ်ကျယ် ပြေတော့ သမီးက လှည့်တောင်
ကြည့်ဖော်မရဘဲ .. သမီးခွေးလေးကိုသာ ကြည့်ထား လိုက်ပါတဲ့။
အဲဒီတုန်းကတော့ သမီးရဲ့ အပြုအမှုတွေကြောင့် မေမေ စိတ်ပျက်လက်ပျက်
ဖြစ်ခဲ့ရပါတယ်။
မေမေဖြစ်ချင်တာ ကတော့ မေမေကို ဦးချကန်တော့လို့ မေမေကလည်း သမီးလေး သွားလေရာ
ခရီးမှာ ဘေးမသီ ရန်မခပါစေနဲ့လို့ ဆုတွေပေးလို့ပေါ့နော်။
ဒါတွေ တွေးပြီး ညဘက်မှာ အိပ်မပျော်ဘူး သမီး ၊ အိပ်ယာထဲမှာ
ဘယ်လှိမ့်၊ ညာလိမ့်နဲ့ သမီးရဲ့နောက်ဆုံး စကားတစ်ခွန်းက နားထဲမှာ အထပ်ထပ်ကြားယောင်းနေတယ်.. နော်ဆုံးစကား တစ်လုံး ပီပီပြင်ပြင် ကြာရတာ ကတော့
သမီးခွေးလေးကို စောင့်ရှောက်လိုက်ပါတဲ့။ ဒီတော့ မေမေ အားတက်သွားတယ် ။ သမီးလေး မေမေ့
နားမှာ မရှိပေမယ့် သမိးခွေးလေး အနားမှာရှိနေခြင်းဟာ မေမေ့ စိတ်ဖြေဆီးရာ တစိတ်တဒေသပဲလေ။
ကဲ.. မေမေ စာရေးတာနားဦးမှ သမီးလေးရဲ့ ခွေးလေးက အချက်ပြနေပြီး
ညဥ့်နက်လို့ အိပ်တော့မယ်တဲ့သမီး။
No comments:
Post a Comment