၁)
ခုတစ်လော ကျမ စိတ်တွေ ဂနာမငြိမ်သလို ဖြစ်နေတယ်၊ နံက်တိုင်းလည်း အိပ်ရာမှ ၅-နာရီကျော်လောက်ဆို နိုးနေပြီ၊ လန်းလန်း ဆန်ဆန်း တက်တက် ကြွကြွပါပဲ။ ရေမိုးချိုး ကလေးတွေအတွက် ကျောင်းသွားဖို့ ပြင်ဆင်ပြီး ၆-နာရီကျော်လောက် အလုပ်သွားဖို့ လှိုင်းကားဂိတ်ဆီ သွားရာ လမ်းတစ်လျှောက်နဲ့ လှိုင်ကားပေါ်အထိ စိတ်ကူယဉ် အတွေများနဲ့ပျော်နေသလို သလို့ပါပဲ။
ကျမ စိတ်တွေ လှုပ်ရှားနေတာက နောက်တစ်ပတ်ဆို ကျမသားလေးရဲ့ ပထမဆုံးအကြိမ်း ရှင်ပြုမင်္ဂလာပွဲကြီး မဟုတ်လား။
ဒီအလှူမင်္ဂလာပွဲကြီးမှာ မြန်မာဆန်ဆန် ဘာအဝတ်အစားတွေ ဝတ်ရင်ကောင်းလဲ၊ ဘယ်အဝတ်အစားနဲ့ ဘယ်ပဝါ ၊ ဘယ်ဖိနပ် ဘယ်လက်ဝတ်ရတနာ ဆင်ရင် ကောင်းမလဲ စတာတွေပေါ့ရှင်။
အလုပ်က အပြန် အိမ်ရောက်ရောက်ချင်း မြန်ပြည်က အလှူအမများရဲ့ ဝတ်စုံ ဒီဇိုင်းများကို အင်တာနက်မှာ ကြည့်ရတာလည်း မပြောနဲ့တော့၊ သိတယ် မဟုတ်လား နိုင်ငံခြားမှာက ဘုရားသွား ကျောင်းသွား အဝတ်အစားတွေက ကိုယ့်စိတ်တိုင်း ဝယ်လို့မရ ၊ ချုပ်လို့မရ၊ အင်တာနက်မှာ ကိုယ့် စိတ်ကြိုက် အရောင်လေးတွေ့တာနဲ့ နောက်တနေ့ ရွာမှ ညီမကို ဖုန်းဆက် မှာလိုက်ပါတယ်။
တစ်ခါ တစ်ခါကြတော့လည်း ကျမအတွေးထဲမှာ အဆိုတော် စွန်ညိုနဲ့ ၊စိုးစန္ဒာထွန်းတို့ နောက်ခံတေးနဲ့ နေတိုး၊ သက်မွန်မြင့်တို့ သရုပ်ဆောင် ထားတဲ့ “ဇောတိကလို လှူမယ်”ဆိုတဲ့ သီချင်းသံက နာထဲမှာ ကြားယောင်နေ သေးတယ်။ အကယ်ဒမီ သက်မွန်မြင့်က မြန်မာဆန်ဆန် ဆံထုံးလေးမှာ သစ်ခွပန်းလေး ပန်လို့ သူရဲ့လယ်မှာလည်း မကြီးမသေး ပုလဲပုတီးကုန်းလေးက လည်းဆွဲထားတာ သူရဲ့အပြုံးနဲ့ ပုလဲကုန်းလေးကလည်း လိုက်ဖက်ညီလိုက်တာ။
သက်မွန်မြင့်က ပြုံးပြုံးလေးနဲ့
“ အလှူ့ဒကာကြီး..အလှူဒကာကြီး” လို့ ခေါ်လိုက်တော့..၊ နေတိုးက မြန်မာဆန်ဆန် တိုက်ပုံအဖြူရောင်လေးနဲ့ သပိတ်ကိုလွယ်၊ ယပ်တောင်ကိုင်လို့ “ဗျာ…ဗျာ့.. အလှူဒကာကြီးလို့
ခေါ်တော့ ပျော်တယ်၊ ပျော်တယ်လို့” သီချင်းသံက ကျမ စိတ်ကူးထဲမှာ အသဲယားလိုက်တာ။
ကျမအတွေးက ပျက်မသွားသေး.. သီချင်းနောက်ကို မျောပါသွားပြန်တယ်.။
“ ကျနော်ရဲ့ စေတနာရှိလိုက်ပုံက ဇောတိက သူဋ္ဌေးလို့ အလှူပေးနေတာ ထင်နေလာတားကွယ်..၊ဇောတိကလို စေတနာတူတယ်၊ ဇောတိကနဲ့ မခြား စေတနာထားတယ်” တဲ့၊
ဒီသီချင်းသံလေးကြားရတော့ အိမ်က အလှူ့ဒကာကြီးကို စိတ်ကူးနဲ မေးနေမိတယ်။ အလှူကိုလာတဲ့ ပရိတ်သတ်တွေ ဘာတွေကျွေးမွေး ဧည့်ခံမလဲပေါ့၊ ကျမကိုယ်ကလည်း စိတ်ကူးထဲမှာ ဟင်းတွေ အများကြီးချက်လို့၊ ထမင်းစားပြီး ဧည့်သည်တွေ သုံးဆောင်ရအောင် အချိုပွဲတွေကလည်း စုံစုံလင်ပေါ့။ အလှူ့ဒကာကြီးကလည်း ကျမ နဘေးမှ မမောနိုင် မပန်းနိုင် ကူညီလို့ပေါ့။
ဒါနဲ့မပြီးသေ.. သီချင်းထဲက... အလှူ့အမကြီးလို့ ခေါ်သံကိုလည်း.. တိုးတိုးလေး ကြားနေရသလိုပဲ။
“ အလှူ့အမကြီး.. အလှူ့အမကြီး.. ရှင်… ရှင့် ..၊ အလှူမကြီးလို့ ခေါ်တော့ ပျော်တယ် ပျော်တယ်၊ ကျမရဲ့ စေတနာ နောက်မတွန့်ပဲ လှူပါ..တော့မယ်၊ မြောက်ကျွန်သူ အတုလကာရီ အလှူမျိုး သဖွယ်၊ အခုတော့ လှူရပါပြီးကွယ်…။
တူလကာယီမခြား စေတနာထားမယ်၊ တူလကာရီ ပမာ လှူမယ် လှူမယ်”
ဒီသီချင်းသံလေးနဲ့ အတူ အလှူဗြောသံကလည်း ကျမရဲ့ စိတ်ကူးယဉ်ထဲမှာ မြိုင်နေတာပဲ။ ဒီသီချင်း သံလေး ကြားတော့ ဇောတိကသူဌေးနဲ့ မြောက်ကျွန်းသူ အတူလကာရီတို့ ဘုရားလက်ထက်က မကုန်နိုင် ၊ မခန်းနိုင် ပေးကမ်း လှူဒါန်းနေ့တာကို အတွေးထဲမှာ မြင်ယောင်လာပြန်တယ်။
ဟော.. သီးချင်းထဲက စိတ်ကူးယဉ်အတွေးက ခုထိ မပျက်သေး၊ စိတ်ကူးထဲမှာ တေးသွားလေးနောက် လိုက်နေမိပြန်တယ်။
“ အလှူ့အမကြီး… တို့ရဲ့စေတနာဟာ… ဇောတိကနဲ့တူတယ်..၊ အလှူ့ဒကာကြီး….. ကျမတို့ရဲ့ စေတနာဟာ.. အတူလကာရီ စေတနာတူတယ်..၊ ဇောတိကသူဌေးရဲ့ စေတနာမျိုး၊ ဆထက်တပိုး တိုး၍လှူမယ်..၊ မြောက်ကျွန်းသူ တူလကာရီ ပါရမီဖြည့်ဖက်မို့ လက်တွေ့လှူတော့မယ်..၊
ဇောတိကသူဌေးလို စေတနာမျိုး။ ဆထက်တပိုး တိုး၍လှူမယ်၊ စေတနာလှလို့…လူလည်း..လှတယ်၊ တူလာကာရီ… မြောက်ကျွန်း သူလေးသဖွယ် လှူမယ်.. လှူမယ်…၊ ဇောတိသူဌေးတို့လို့ … ကျန်နော်တို့ …ကျမတို့… အလှူတော်ကြီး ပေး..ပေးလိုက်မယ်”။
အလှူပေးလို့ သူဌေးဖြစ်ဆိုတော့ ကျမစိတ်ကူထဲမှာ လှူနေတာကတော့ ဇောတိကသူဌေးလိုပါပဲရှင်။
၂)
သောကြာနေ့ ညနေ အလုပ်က အိမ်ပြန်တော့ … မောင်က ဟော ! ညီမရေ.. မြန်မာပြည်က ပါဆယ်ထုပ် ရောက်လာတယ် ဘာလည်း မသိဘူး ရော့တဲ့” ဘာ ဟုတ်ရမလဲ ကျမ မှာထားတဲ့ ရှင်ပြု အလှူပွဲမှာ ဝတ်မို့ အလှူ့မကြီးရဲ့ ဝတ်စုံလေ”လို့ပြောတော့ မောင်က ငါ့ အတွက်ကော ပါလားတဲ့၊ “ ပါတာပေါ့ မောင့်အတွက်လည်း ကျမနဲ့အတူ လိုက်ဖက်ညီဖို့ တိုက်ပုံ အဖြူရောင်လေး နဲ့ ကချင်ပုဆိုး ပါတယ်လေလို့” နှစ်ယောက်သား ပြောပြောဆိုဆို စိတ်တွေလှုပ်ရှား လိုက်တာ။ ဝတ်စုံတွေက ကိုယ်နဲ့ တော်မှ တောပမလားပေါ့လေ။
စနေနေ့ နံက်ကြတော့ တစ်အိမ်သားလုံး တက်တက်ကြွကြွပဲ၊ သားလေးကလည်း မင်းဝတ်တန်းဆာ ဝတ်ပြီး မောင်ရင်လောင်း လှည့်ရမယ်၊ ခေါင်းရိတ် ရမယ်ဆိုတော့ စိတ်တွေလှုပ်ရှားလို့ပေါ့။ ကိုရင်ဝတ်တဲ့အခါ ဆိုမယ့် ဘုရားစာကတော့ တစ်ပတ်လောက်ကတည်းက ဘုန်းကြီးကျောင်း ဆရာတော်ဆီမှာ သင်ထားတာဆိုတော့ ရထားပြီးသား၊ ရှင်လောင်းလှည့်မှာက ညနေ (၄) နာရီဆိုတော့ ကျမတို့ မိသားစုကော ၊ မိတ်ဆွေတွေကော ဘုန်းကြီးကျောင်းကို စုံစုံလင်လင် ရောက်နေပါပြီး။ ကျမလည်း တစ်ပတ်လောက်ကတည်းက စိတ်လှုပ်ရှားခဲ့တဲ့ အလှူပွဲကြီဆိုတော့ ပီတိတွေဖြာလို့ပေါ့။ အလှူ့ဒကာကြီး ဖက်ကို မသိမသာ လှည့်ကြည့်လိုက်တော့ မောင်ကလည်း တိုက်ပုံအဖြူရောင်နဲ့ကချင်ပုဆိုနဲ့ ကြည့်လို့ကောင်းလိုက်တာ အလှူဒကာကြီးရဲ့ တည်ငြိမ် ခန့်ငြားတဲ့ အလှကလည်း ကျမတို့ရဲ့ အလှူပွဲမှာ ခန့်ခန့်ငြားငြား အလှူ့ဒကာကြီးပေါ့။
ပြောပြောဆိုဆိုပါပဲ၊ မြတ်စွာဘုရားနဲ့ ဆရာတော်က ရှေ့က ဦးဆောင်လို့ မောင်က သပိတ်နဲ့ ယပ်တောင်ကိုင်ကာ၊ ကျမတော့ သင်္ကန်းပန်းကိုင်လို့ မောင်ရင်လောင်းလှည့်တော့ ကျမစိတ်ထဲ .. နေတိုနဲ့ သက်မွန်မြင့်တို့ရဲ့ အလှူ့ဒကာကြီးဆိုတဲ့ အသံတွေကလည်း ထပ် တလဲလဲကြားကာ ပီတိတွေ ဖြာနေပါတော့တယ်။
မောင်ရင်လောင်းလှည့်ပြီးတာနဲ့ ဆံချတော့လည်း မောင်နှင့်ကျမတို့ သာသနာ့ဒါယကာ၊ သာသနာ့ ဒါယိကာမပေါ့လေ စိတ်ကူးနဲ့ ပီတိတွေဖြစ်နေလိုက်တာ။ ကျမကြားဘူးတဲ့ အသောကမင်းကြီးဟာ သာသနာ့ ဒါယကာဖြစ်ချင်လို့ သားတော်မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တတို့ကို သာသနာဘောင်သွတ်သွင်းတဲ့ ပွဲကို မျက်လုံးထဲမှာ မြင်ယောင်လာသလိုပါပဲ။
သားတော်မောင်ရင်လောင်း ဆံချပြီး သင်္ကန်း မဝတ်ခင် ကျမ သားလေးက မောင်နဲ့ကျမကို ဦးသုံးကြိမ်ချ ရှိခိုးကန်တော့ ကျမစိတ်ထဲမှာ မခံစားဘူတဲ့ အမည်မဖော်ပြတတ်တဲ့ ပီတမျိုး ခံစားရသလိုပါပဲ။ ကျမသားလေး ကျန်းကျန်းမာမာ လူလိမ်မာ လးဖြစ်ပါစေ၊ သာသနာတော်ရဲ့ သွန်သင်ဆုံးမမှုကို ခံယူနိုင်ပါစေလို စိတ်ထဲမှာ ဆုတွေ ပေးနေမိတယ်။
ထို့နောက် ဆရာတော်များက သားတော်မောင်ကို ပဗ္ဗဇိတ ရှင်သာမေဏဖြစ်ကို ချီးမြှင်းပေးလိုက်တယ်။ ကျမ တသက်မှာ ဒီမြင်းကွင်လည်းဟာဖြင့် စိတ်ထဲမှာ အကြည်နူးရဆုံးနဲ့ ဝမ်းသာရဆုံလို့ ဆိုရမှာပါ။
နောက်တနေ့ တနင်္ဂနွေကျတော့ အလှူဧည့်ခံပွဲနဲ့ ရေစက်ချပွဲလေ သားတော်မောင်လည်း ကိုရင်ဖြစ်သွား ပြီဆိုတော့ ဝမ်ပန်းတသာပေါ့။ ကြွရောက်လာကြတဲ့ ပရိတ်သတ်များကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ သုံးဆောင်နေတာ တွေ့မြင်ရတော့အလှူအမကြီးရဲ့ စေတနာဟာ ဇောတိကနဲ့တူတယ်.. မြောက်ကျွန်းသူ အတူလကာရီ စေတနာတူတယ်ဆိုတဲ့ သီချင်းသွားလေနဲ့အတူ ၊ စိတ်ထဲမှာ ထပ်တလဲလဲ
မောင့်ကို….အလှူ့ဒကာကြီးလို့ပဲ ခေါ်နေမိပါတော့တယ်ရှင်…။
No comments:
Post a Comment