Thursday, May 9, 2013

သတ္တိခဲမလေး



ဒီဇင်္ဘာလလောက်က မြန်မာပြည်ကို အလည်တစ်ခေါက် ရောက်ဖြစ်သည်။ မြန်မာပြည်မှ လူငယ်တော်တော် များများဖြင့် တွေ့ဆုံဖြစ်သည်။ မြန်မာပြည် ပြန်မရောက်တာ ၁၀-နှစ်လောက် ရှိ၍ စာရေးသူ မြန်မာပြည် ထွက်သွားစဉ်က ၇-နှစ်ကျော် ၈-နှစ်ကလေးငယ်များသည်  ဆယ်တန်းအောင်၍ တက္ကသိုလ်ကျောင်း သားများ ဖြစ်နေကြပါပြီ။

အားအင်အပြည့်ဖြင့် တက္ကသိုလ်ကျောင်းသားမျာပင် ဖြစ်လင့်ကစား ၊ မိသားစုအတွက်  အကူအညီရသော၊ အားထားရသော ကလေးငယ်များက ရှာမှရှားဖြစ်သည်။  တိုင်းပြည်အတွက် ၊လူမျိုးအတွက်ဟူသော စကားကို ပြောဖို့ရန် အတော်ပင် ဝန်လေးနေမိသည်။

စာရေးသူ ဆွေမျိုးထဲမှာပင် ရွာမှ  မိတ္တိလာစက်မှုကျောင်းသားဟု ဆိုသော တူတစ်ယောက် ဆွေမျိုး မကင်းသော မြင်းခြံမှ တူမဖြစ်သူ အင်ဂျိနီယာဖြင့် တွေ့ဆုံစကားပြောရန်ပင် ကြောက်ရွံ့နေတာကို လေ့လာ တွေ့ရှိရသည် ။

ထို့အတူ ရန်ကုန်မှ လူငယ်များနှင့် ခရီးသွားလာကြည့်အခါ... သူတို့လေးတွေ ခန့်ခန့်ညားညား ဆောက်ထားသော
 ဟော်တော်ကြီးများ ၊ Super Market ကြီးများ၊ Shopping Center ကြီးများ ၊ ဘဏ်ကြီးများထဲကို ဝင်ရန် တော်တော်လေး
 ကြောက်ရွံ့နေကြသည်။

စာရေးသူက ရှေးကဦးဆောင်၍ ခေါ်ဆောင်သွားမှ လိုက်ရဲကြသည်။ ဤကဲ့သို့ ခန်းညားသော  သက်မဲ့ အဆောက်အဦးထဲကိုတောင်မှ မဝင်ရဲ မထွက်ရဲဘူး ဆိုလျှင် မည်သို့လျှင် အရာရှိကြီးများ၊ သူဌေးကြီးများ၊ မန်နေဂျာများနှင့် တွေ့ဝံ့ပါမည်းနည်း။

ဤကဲသို့ သတ္တိနည်းပါးခြင်းသည် ယနေ့လူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းရရေးတွင် အဓိက အဟန့်အတားကြီး ဖြစ်နေသည်။

  တက္ကသိုလ်ကျောင်းသားများက စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ရန် ဆီဆိုင်မှာ  ဆီလိုက်လုပ်ငန်းကို အောက်ကျသည်ထင်၍  ၊ လူအထင်သေးမည်စိုး၍  ဤအလုပ်မျိုးကို စိတ်မဝင်စားပေ။  ဤစိတ်ထားသည် မြင့်မြတ်သော စိတ်ထားမဟုတ်   သတ္တိနည်းသော စိတ်ထားမျိုပင်ဖြစ်ပါသည်။

တချို့ကျတော့ မိမိသတ္တိနည်းပါးခြင်း၊ ဇွဲမရှိခြင်းကို အပြစ်မပြောပဲ၊  ခေတ်ကို အပြစ်ပြောသော လူငယ်မျာလည်း များလည်းရှိတတ်သည်။

ယနေ့ခေတ်သည် တက်ကနော်လော်ဂျီ ( Technology)
  ခေတ်ဖြစ်၍ ရှေးခေတ်နှင့်မတူ ၊ သတ္တိရှိလျင်၊ ဇွဲရှိလျင်  အလွယ်တကူ ထွန်းပေါက်အောင်မြင်နိုင်သော ခေတ်ဖြစ်၏။

ဤကဲ့သို့ သတ္တိနည်းသော မြန်မာလူငယ်ကလေးများကို
 တွေ့ရ၊ မြင်ရတိုင်း  ရုရှားပြည် ဇာဘုရင် လက်ထက်က  သတ္တိခဲမလေး ပရက်စကိုးဘီယား၏  အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သတ္တိပြောင်မြောက်ပုံကို သတိရမိသည်။

အေဒီ ၁၈၀၅-ခုနှစ်လောက်က ရုရှားပြည်တွင် ဇာဘုရင်းများ အုပ်ချုပ်လေ့ရှိသည်။   ထိုစဉ်က ဘုရင့် အမျက်တော်ရှသူများကို မိသားစုလိုက် ဆိုက်ဘီရီယားကျွန်းသို့ ပို့လေရှိ၏။  ပရက်စကိုဘီယားသည်။  ပထမပေါ ဇာဘုရင်လက်ထက် သူ့အဖေ စစ်ဗိုလ်နှင့်အတူ ထိုကျွန်းကို အပို့ခံရသော  ကလေးမ တစ်ယောက်ဖြစ်သည်။

ထိုကျွန်းသည် အလွန်းချမ်းအေးပြီး လူသူမနီးသည့် တောတောင်ကြီးများဖြင့် ပြည့်နှက်နေသည် အပို့ခံရသူ အဖို့ အသက်သေရုံသာရှိသည်။ မြန်မာမင်းများ လက်ထက် သတ်လည်းမသတ်ချင်၊သေလည်းသေချင်သော ရာဇဝတ်သားများကို  ငှက်ဖျားရောဂါများ ထူထပ်သော မဲဇာ ၊ ရွှေလီလို့ ပိုခြင်းမျိုးဖြစ်သည်။

ထိုကျွန်းသို့ ပရက်စကိုးဘီးယား မိသားစုကဲ့သို့ နိုင်ငံရေး အကျဉ်းသမားများသာ မဟုတ်ရိုးရိုး ရာဇဝတ်သား များကိုလည်း ပို့တတ်သည်။  ထိုရာဇဝတ်သားများ ဘဝကပို၍ ကြမ်းတမ်းလှသည် နေ့စဉ်နှင့်အမျှ    ညှင်းပန်း နှိပ်စက်ခံ ရပြီး သတ္ထုတွင်းတူးခြင်း၊သစ်ခုတ်ခြင်း၊ လမ်းဖောက်ခြင်းစသော အလုပ်ကြမ်းများကို မိုးလင်းမှမိုးချုပ်အထိ လုပ်ကိုင်ပေးရသည်။

 နိုင်းငံရေးအကျဉ်းသမားများက သူတို့နှင့်စာလျှင်  အနည်ငယ်တော်သေးသည်၊ မိသားစုနှင့်အတူ နေနိုင်သည်၊ အနည်ငယ်ထောက်ပံ့ကြေးရသည်။ အကယ်၍ မလုံလောက်လျှင် မိမိနှစ်သက်ရာ အလုပ်ကို လုပ်နိုင်သေးသည်။  သို့သော် လူသူမနီး ဒီလောက် ဝေးလံခေါင်းပါးသော အရပ်ကို မည်သူ နေနိုင်ပါမည်နည်း။

ပရက်စကိုးဘီယားသည် သူမိဘများ ပြည်နှင်ဒဏ်ပေးစဉ်က သုံးနှစ်သမီးလောက်ပင်ဖြစ်သည်။ ထိုစဉ်က မိဘများ၏ အတိဒုက္ခကို အတိအကျ မသိရသော်လည်း အသက်အရွယ် အနည်းငယ်ရသော အခါ မိဘများ အတိဒုက္ခကို မျှဝေခံစားရ၍ မိဘများ နေရပ်ပြန်ခွင့်ရအောင် ပိတာစကတ် မြို့တော်ကို သူကိုယ်တိုင်သွားရောက်ခါ ဇာဘုရင်ထံ အသနားခံရန် အကြံတစ်ခု ပေါ်ပေါက်လာသည်။

ကလေမးက သူ့အကြံအစည်ကို ဖခင်ကြီးအား ပြေားပြရာ   သမီးကလေးရဲ့ စွန့်စားလိုစိတ်ကို ငေးမှိုင်ကြည့်ရင်း  ငိုအားထက် ရယ်အားသန်ဆိုသလို " ရှင်မ.. သမီးလေးက တို့အတွက် အားကိုးရသကွဲ့" ဟုဆိုကာ သမီးလေ အကြံအစည်ကို မိခင်အားပြောပြရာ မိခင်ကြီးက... " ထားလိုက်ပါ သမီးရယ်.. လာ  ဒီစားပွဲခုံတွေကို  တိုက်ပါဦး ၊ တိုက်ပြုပြီးမှ သွားတားပေါ့" ဟု  ကလေးမအကြံကို  ကျီစယ်သော အသံနှင့်ပြောလိုက်သည်။

မိခင်က ကမလေးမအကြံအစည်းကို မဖြစ်နိုင်ဟု ပျက်ရယ်ပြုခြင်းမှာ အထူးအဆန်းတောမဟုတ်။ အကြောင်းမှာ  ခရီးလမ်းသည်
 တောလမ်းဖြစ်၍ ကြမ်းတမ်း၏။  ဆိုက်ဘီရီယားမှ ပီတာစဘတ်သို့  သွားရမည့်ခရီးမှာ  တစ်လ၊ နှစ်လခရီးမဟုတ်၊  တစ်လ ကိုသတင်း ကျော်ကျော်  ဇွဲကောင်းကောင်ဖြင့် ခရီးသွားနိုင်သည်ထားဦး  လမ်းခရီးကား သားရဲတိရိစ္ဆာန် လူဆိုး၊သူခိုး ၊ဓာမြတို့ဖြင့် အန္တရာယ်ကြီးမား၏။   ထိုဘေးမှ လွှတ်၍  နေပြည်တော်ရောက်သည်ထားဦး  ဇာဘုရင်ကို တွေ့ဖို့က သမီးတို့လို အညကြအတွက် အိပ်မက်တောင်ပင် မက်ဝံ့စရာမရှိ၊  ဒါကြောင့်မိခင်ကြီးက  သမီးလေးစကားကို ရယ်စရာ သဘော ထားလိုက် ခြင်းဖြစ်သည်။

ကလေးမသည် မိဘတွေက သူမအကြံကို ဘယ်လိုပင်
 ပြောင်လောင်သော်လည်း ဇွဲမလျှော့ ဖခင်ကြီးကို  သူ့အကြံအား လိုက်လျောဖို့ အမြဲတောင်းဆိုရာ   နားငြီးလာ၍  " သမီး ဒီစကားကို နောက်မပြောတော့နဲ့" ဟု အဆူခံရတော့သည်။ သို့သောလည်း ကလေးမအကြံကား မလျော့ သုံးနှစ် သုံးမိုးသို့တိုင်ခဲ့လေပြီ။

တစ်နေ့ မိခင်ကြီး မကျန်းမာ ဖြစ်၍ အိမ်မှုကိစ္စအဝဝကို သမီးလေး ဦးဆောင်လုပ်ရာက သမီးလေးရဲ့ အစွမ်းအစကို နားလည်သဘောပေါ်က်လာ၍  နောက်တကြိမ် သမီးလေးအကြံအစည် ထပ်ပြောသောအခါ  ငြင်းဆန်းခြင်း မရှိတော့ပေ။  သို့သော်လည်း မိဘများ အသက်ကြီး၍ သမီးတစ်ယောက်ကိုသာ အားကိုးနေရာမှ ခရီးထွက်သွား၍ လမ်းမှာ တစ်စုံတစ်ရာဖြစ်မှာကို မိဘများက စိုးရိမ်ကြောင်းထပ်လောင်း
 ပြောဆိုကြပြန်သည်။  သမီးလေးမှာ မိဘများ ပူပင်သောကကို စားနာသော်လည်း သူမရဲ့ အကြံကို လုံးဝ လက်မလျော့သေးပေ။

 ထိုသို့ အခက်အခဲများ ကြားမှာ နေပြည်တော်သို့ သွားရောက်ရန် အခက်အခဲတစ်ခု ပေါ်လာပြန်သည်။

 နေပြည်တော်သို့ ခရီးသွားလတ်မှတ်မပါပဲ မည်သူမှ သွားခွင့်မရ၊ သွားခဲ့သော် ဖမ်းဆီး၍ တကျွန်းသို့ ပြန်ပိုနိုင်သည်။ ထို့ကြောင့် မိတ်ဆွေတစ်ယောက်အကူအညီဖြင့် ခရီးလက်မှတ်တစ်ဆောင်ကို ရအောင်ဝယ်လိုက်သည်။ ခရီးလက်မှတ်လည်း ခဲရာခဲဆစ် ခြောက်လ ကျော်မှ ရခဲ့၏။

လတ်မှတ်ရလာသော်လည်း ၊ ခရီးသွားလက်မှတ် မလျှောက်ခင်က မရလောက်ဟုထင်၍ ခွင့်ပြုလိုက်သော ဖခင်ကြီးသည် တကယ်ရလာသောအခါ သမီးကို ခရီးမသွားလို၍
 သော့ခတ်သိမ်းထားလိုက်သည်။ ဖခင်ဖြစ်သူက ၁၈-နှစ်အရွယ် အပျိုဖျန်းကလေးကို ဒီခက်ခဲကြမ်းတမ်းတဲ့ခရီးကို လုံးဝမသွားစေလို၊ သမီးမှ မလျော့သော လုံးလဖြင့် ပြောဖန်များလာသောကြောင့် ၊" ကဲ..ပါသမီး ..  ညည်းအဖေ ခွင်ပေးရင် သွားပေါ့ကွယ် ငါကတော့ မတားတော့ပါဘူး" မိခင်ဆီက ကတိစကားကို ရခဲ့သည်။

နောက်ဆုံး ဖခင်ကြီးကလည်း တားမရလို့ ခွင့်ပြုလိုက်ရသော်လည်း  မသွားမီ သမီးကို အနီးနားကို ခေါ်၍ " သမီး..ဇာဘုရင်ကို အဖေတို့လို မှတ်နေလို့လား၊ သူ့တွေဖို့ဝေးစွ၊ နန်းတွင်းထဲဝင်ဖို့ အစောင့်အကြပ်တွေ အထပ်ထပ်ကျော်ဖြတ်ရတယ်။ နောက်ပြီး သမီးအဝတ်အစာ စုတ်ပြတ်သတ်တွေနဲ့   ညှိုးညှိုးနွမ်းနွမ်းဆိုတော့ သူတောင်းစားမလေးထင်ပြီး ဘယ်သူက နန်းတွင်းထဲကို ခေါ်ချင်ပါ့မလဲ သမီးရယ်" ဟု စိတ်ပျက်အောင် နောက်ဆုံး ဟန့်တားလိုက်သေး၏။ နောက်ဆုံး သမီးလေး၏ ဇွဲ၊ မြင့်မြတ်သောစိတ်ထားကြောင့် ဘယ်နည်းနှင့်မျှ ကလေးမရဲ့အကြံအစည်းကို ဖြတ်၍ မရတော့ပေ။

 ကလေမး ခရီးစထွက်တော့ ဖခင်ဖြစ်သူက ရှိစုမဲ့ ငွေးတစ်ကျပ်ကို လမ်းစရိတ်အဖြစ်ပေးလိုက်၏ ။ သို့သော်  ကလေမက သူ့ ခရီးအတွက် ဘာမျှ အရာမရောက် မိဘများအတွက် အရာရာရောက်နိုင်သော ငွေ တကျပ်ကို မယူလိုကြောင်း ငြင်းဆန်သေးသည်။ နောက်ဆုံး  ဖခင်ဖြစ်သူက အတင်းအကြပ်းပေး၍  ယူဆောင်သွားခဲ့၏။

အိမ်းနီးနားချင်းများကလည်း ရှိစုမဲ့ကလေးများကို ဝိုင်း၍ ပေးကြလေသည်။  ကလေးမကို သူတို့သတ်မှတ်ထားသည် နယ်အထိ မျက်စိတဆုံးလိုက်၍ ပို့ကြသည်။  ကလေးမကတော့ နောက်သို့ လှည့်မကြည့် သူသွားမည့်ခရီးကို ဖြောင့်ဖြောင့်ကြီး  စတင်ထွက်ခွါလေတော့သည်။

တစ်ရွာဝင်တစ်ရွာထွက် ခရီးဆက်ရသော ကိုဘီးကလေးမှာ တစ်ခါတရံ မူလ ကြောက်စိတ်များ   ပေါ်လာတတ်  သော်လည်း  မိဘနှစ်ပါးအတွက် စွန့်စာလိုစိတ် သတ္တိများ ပေါ်လာသည့် အခါ ကြောက်စိတ်များ လွင့်စင်သွားရ ပြန်သည်။

ကလေးမက  လမ်းတွင်  ခရီးသွားများကို " ပီတာစဘတ်မြို့ ဘယ်လောက်ဝေးသလဲ" လို့ မေးသောအခါ   ခရိးသွားများက  'ဒီကလေးမ ရူးနေသလား" ဟူသော အကြည့်မျိုးဖြင့် မည်၍ မည်မျှဝေးသည်ကို  အဖြေ မပေးပဲ လှောင်ပြောင် သွားတက်ကြပေသည်။

 ခရီးလမ်း တည်းခိုရာတွင် ဘဝတူ ဆင်းရဲသားများနှင့်   တွေ့က  အခက်အခဲသိပ်မရှိလှသော်လည်း လူကုံထံ အသိုင်းအဝိုင်းနှင့်တွေ့က
 ယုံထင် ကြောင်ထင်ဖြင့် တည်းခိုဖို့ရန် လက်မခံသည်ကများလှသည်။

ကိုးဘီကလေးမ၏ ဇွဲသတ္တိကား  အံ့မခန်းပါပေ..။တစ်နေ့တွင် ကမူချက်ဆိုသော ရွာကလေးတစ်ရွာ ရောက်အောင် တစ်နေကုန် လမ်းလျှောက်ရ၏။ နေဝင်ဖျိုးဖျ ရွာသို့ရောက်ခါနီးတွင်  လေမုန်တိုင်း ကျလာ၍ သူဘာကို ဆက်လုပ်မှန်းမသိဖြစ်နေ၏ ။ ထိုအခိုက် သစ်ပင်ကြီးလည်း  လေမုန်းတိုင်းကြောင့် ပြိုလှဲကာ လမ်းပိတ်သွားခဲ့၏။   ထို့ကြောင့်  လေးမုန်းတိုင်းဒဏ်ကာကွယ်ရန် အနီးရှိ  ချုံပုတ်တစ်ခုတွင် ဝင်ခိုနေလိုက်သည်။


တစ်ညလုံး မိုးသည်ထန်စွာ ရွာထားသဖြင့် တကိုယ်လုံးလည်း မိုးရေဖြင်စိုရွှဲနေ၏။ နံက်လင်းသောအခါ လှည်ကြုံဖြင့် ရွာသို့လိုက်သွား၏။ ရွာအရောက် လှဲပေါ်မှ  ခုန်ဆင်းလိုက်ရာ ရေစိုဝတ်များဖြင့် ရွှံဗွက်ထဲတွင် လျော်လှဲကာ ရွှံတွေ ထပ်မံပေကျန်ကုန်၏။ ထိုရွာထဲတွင် သူ့အဖြစ်ပျက်ကို ကြည့်ပြီး တစ်ယောက်မှ လက်မခံ၍ ဘုရားရှိခိုးကျောင်းတွင် တည်းခိုရလေသည်။  ဘုရားရှိခိုးကျောင်းကြသော်လည်း  လူထဲမှ လူနောက် လေးငါးရောက်ရဲ့ ပြောင်လို ပြောင် နောက်လို နောက်နှင့် ခဲနှင့် အပေါက်ခံခဲ့ရသည်။

ထိုအချိန်တွင် မိန်းမကြီးတစ်ယောက် ပေါ်လို့  လူနောက်ကလေးများဘေးမှ လွတ်မြောက်သွားခဲ့သည်၊  ထိုးမိန်းမကြီးက သူ့အိမ်သို့လိုက်ခဲ့ရန်ခေါ်သဖြင့် ထလိုက်ရာ  ညကလေးမုန်တိုင်းဒဏ်ကြောင့် ချက်ချင် မထနိုင်ပဲ ရှိနေ၏။ ညက လေမုန်တိုင်းထဲတွင် ဖိနပ်ပျောက်သွားသဖြင့် 
 ခြေထောက်တွေလည်း ယောင်ယမ်းနေ၏။ တစ်ညလုံး အအေးမိကာ ကြွက်တက်နေသဖြင့် ထိုင်ရာမှ ချက်ခြင်း မထနိုင်ပဲ ရှိနေ၏။ နောက်ဆုံး မိန်းမကြီး  သြဇာဖြင့် ရွာသူရွာသားများအကူအညီဖြင့်  ဘီးကလေး အမယ်ကြီးအိမ်ကို ရောက်သွားခဲ့သည်။


လမ်းခရီး ရွာတစ်ရွာ အရောက်တွင် ကလေးမကို မည်သူကမှ လက်မခံချေ၊  အဖို့းကြီးတစ်ယောက် သူ့ကို နင်ထုတ်ပြီးမှ  လိုက်၍ခေါ်သဖြင့် ပြန်လိုက်သွားရသည်။  အဘိုးကြီးအကဲခတ့်ရသည်မှာ ကျေနပ်စရာမရှိ ခပ်ဆိုးဆိုးပင်ဖြစ်၏ ၊သို့သော်လည်း တည်းခိုးစရာမရှိ၍ လိုက်ပါသွားရသည်။  အဘိုးကြီးက အိမ်းရောက်ရောက်ချင်း  ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ ဟု မေး၏။

" ကျမ.. အစ္စကင်လာတာပါ..၊ ပီစတာဘတ်ကိုသွားမလို့ရှင်"

" နင့်မှာ ခရီးစရိတ်ငွေတွေ တော်တော်များများ ပါသလား" 

" ငွေတစ်ကျပ်မူးတင်း လောက်ပါပါတယ်ရှင်"

" ကလေးမ မလိမ်နဲ့ ဒီခရီးနဲ့ ဒီငွေ ဘယ်လောက်ပါ့မလဲ"


ကိုးဘီးလည်း  မျက်ရည်များ မဆည်နိုင်အောင် ကျလာပြီး သူမှာ ငွေမပါလာကြောင်း အမျိုးမျိုးတောင်းပန် လေသည်။  အဘိုးကြီးလည်း ကြံရာမရ ခေတ္တနား ကဇွန်းဥ စားစေကာ ၊ အိမ်က အမယ်ကြီးနှင့် တိုင်ပင်ပြန်သည်။

အဘွားကြီးကလည်းကိုးဘီမှာ ငွေးပါသည့်ထင်၍ လည်ပင်တွင်ဆွဲထားသော သားရေအိပ်ကို အတင်းဆွဲ ဖြုတ်ခါ ငွေများကို ရှာဖွေတော့၏။ အိမ်ထဲမှာ ငွေမတွေ့တာကို မကျေနပ်နိုင်၍  အင်္ကျီများ ၊ဖိနပ်ထဲအထိ အတင်းရှာဖွေလေတော့သည်။

 နောက်ဆုံး .. တရားစောင့်သူကို တရားကပြန်စောင့်ရှောက် သည်ဆိုသကဲ့သို့ မိဘများကို စောင့်ရှောက်လို စိတ်ရှိသော ကလေးမသည်  ထိုအဘိုးအဘွားများ၏
 ကောင်းကောင်းမွန်မွန်စောင့်ရှောက်မှုကို ရရှိ လေသည်။


ကိုးဘီကလေး ခရီးဆက်ခိုက် ဆောင်းရာသီပေါက်လာ၏ တချို့ ကရုဏာသက်သော ရွာသူရွာသားများက  ကြမ်းတမ်းလှသော ဆောင်းရာသီကို ခရီးမဆက်ဖို့ တားမြစ်ကြ၏။ မှန်ပါသည်..၊ ရုရှာကဆောင်ရာသီကာ ကြမ်းတမ်းလှ၏။ အခန့်မသင့်လျှင် အသက်ပင်ဆုံးနိုင်၏ ၊ ထိုကလေးမ ဖြတ်သန်းရသော ဆိုက်ဘီရိယားဆောင်းကာ ပိုးမိုကြမ်းတမ်းလှ၏။ နှစ်တိုင်လိုလို ဆောင်တွင်းမှာ အအေးမိ၍ နားရွက်၊ နှာခေါင်းပြတ်သော အဖြစ်မျိုးလည်းရှိတတ်၏။
  နှစ်တိုင်းလိုလို ဆောင်းဒဏ်ကြောင့်   လူပေါင်းရာနှင့်ချီ၍ သေကြေပျက်စီးကြ၏။ အသန်မာဆုံးသော ရုရှားကြီးများပင်  ဆီးနှင်းထဲတွင် အရှင်လတ်လတ်တောင့်၍ သေနိုင်သည် ၊  အရွယ်နုနယ်သော ကိုးဘီးလို မိန်းကလေးကာ အဘယ်ဆိုဖွယ် ရှိအံနည်း။


ကိုးဘီးကလေး လမ်းခရီးမှာ ဒုက္ခပေါင်းစုံဖြင့် ကြုံတွေ့ကာ အိမ်ကစထွက်နေ့မှစလို့ တဆယ့်ရှစ်လအကြာ တွင်  မင်းနေပြည်တော်ရှိရာ ပီတာစကတ်သို့ ရောက်သွားလေသည်။ မင်းနေပြည်တော်ရောက်သော်ငြားလည်း တစ်နေ့ ဘုရင်းနှင့်တွေ့ရနိုး၊ တစ်နေ့ ကယ်မည့်သူ ပေါ်လာနိုးနိုးနှင့် ရက်တွေ အတော်ကြာညောင်းအောင် စောင့်ဆိုင်းရလေသည်။

ဘယ်လိုပင် မျှောင်လင်းချက် ကင်းမဲ့စရာ အဖြစ်များနှင့် ရင်ဆိုင်ရပါစေ.. ကိုးဘီးကလေးမကာ ဇွဲသတ္တိကား မလျော့ တစ်နေ့တော့ သူ့ရည်မှန်းချက် ပြည့်ဝရမည်ဟု ယုံကြည်ထားသူဖြစ်သည်။ တစ်နေ့တွင် သူမ မျှော်လင့်ထားသည့်အတိုင် ဇာဘုရင်၏ မယ်တော်နှင့်အဆက်အသွယ်ရလေသည်။

မယ်တော်ကြီးလည်း ကိုးဘီးကလေးကို မြင်းမြင်းချင်း သနားချစ်ခင်ကာ ကလေးမရဲ့ လမ်းခရီးဖြစ်စဉ်ကို ကြားသိရသောအခါ သနားကရုဏာသက်မိလေသည်။

 နောက် နှစ်ရက်ခန့်ကြာသောအခါ မယ်တော်ကြီး ကိုယ်တိုင် ဇာဘုရင်နှင့်မိဖုရားထံ ကိုးဘီကလေးကိုခေါ်သွားခဲ့၍ အကျိုးအကြောင်းကို လျှောက်ထားစေသည်။  ဇာဘုရင်နှင့်မိဖုရားတို့လည်း ကလေးမကို သနားတော်မူကာ ကရုဏာကြေး ငွေငါးထောင်ဆုချ၍  ကလေးမ မိဘများရဲ့ အမှုကိုလည်း ပြန်စစ်ဆေးပါမည်ဟု ကတိပေးလိုက်လေသည်။

များမကြာမီမှာပဲ ကိုးဘီလေး၏  ဖခင်အား အပြစ်မှချမ်းသာပေးကြောင်း အမိန့်တော်ချမှတ်လိုက်လေသည်။

 တစ်နေ့တွင်း ဘုရင်ကြီးသည် ကိုးဘီကလေးမကို" နောက်ထပ် အဘယ်ဆုများ လိုချင်ပါသေးသလဲ" လို့ မိန့်တော် မူရာ  ဖခင်နှင့်အတူ တကျွန်းအပို့ခံရသော အိမ်းနီးချင်း နှစ်ဦးအားလည်း  အပြစ်မှချမ်းသာပေးပါဟု  လျှောက်ထားလိုက်ရာ  ကလေးမမှာ ကိုယ်ကျိုးမဖက် အများအကျိုးသက်သက်ဖြစ်နေသဖြင့် အရွယ်နှင့် မလိုက်အောင် လှပသော သူမနှလုံးရည်ကို သဘောကျကာ ချက်ခြင်း ခွင်ြ့ပုတော်မူလိုက်သည်။

 ယနေ့ခေတ်လူငယ်များလည်း မိမိဖြစ်ချင်သော ရည်မှန်းချက်ကို ကိုးဘီကလေးမလေးကဲ့သို့ ဇွဲသတ္တိဖြင့် မည်သို့သော အန္တရာယ်တွေ ကြုံတွေ့ရပါစေ လျှောက်လှမ်းမည်ဆိုလျှင် သေချာပေါက် ခရီးရောက်မည် ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

ကျမ်းကိုး  # အာဇာနည် ( ဦးနု)

No comments:

Followers

My Blog List