Thursday, May 2, 2013

လူငယ်များအတွက် လမ်းပြကြယ်ဖြစ်ချင်သူ..





ချင်းပြည်နယ် တိုးတက်ရာတိုးတက်ကြောင်းကို ကိုယ်တတ်နိုင်သလောက်လုပ်ပေးပါတယ်။





သေတဲ့ထိမပြောင်းဘူ;
ချင်းပြည်တိုးတက်ဖို့လည်း တတ်နိုင်သလောက်လုပ်သွားမှာပဲ။








*****
တလောက ၊ မဝိုင်းစုခိုင်းသိန်း ဝါဆိုသင်္ကန်းကပ်လှူတဲ့ ပုံကို တွေ့ရလို့ ၊ သင်္ကန်းကပ်လှူရကျိုး ရေးခဲ့ဖူးတယ်။ ခုလည်း မသက်မွန်မြင့် သီလရှင်ဝတ်နဲ့ ဖူးတွေရလို့ ကြည်ညိုသဒ္ဓါပွားကာ ဒီဆောင်းလေးကို ရေးဖြစ်ပါတယ်။

ရေးမယ့်ဆောင်းပါးကတော့ မသက်မွန်မြင့်  နဲ့ လုံးဝမသက်ဆိုင်ပါဘူး၊  မသက်မွန်မြင့်ရဲ့ သီလရှင်ဘဝကို ဖူးတွေ့ ကြည်ညိုရင်း ၊ ဗုဒ္ဓဓမ္မတွေကိုလည်း လေ့လာဖြစ်အောင် ပူတွဲတင်ပြရခြင်းပါ..။

မည်သို့ဖြစ်စေ..  လူငယ်များရဲ့ လမ်းပြရှေ့ဆောင်ဖြစ်တဲ့ အနုပညာရှင်များ၊ သာသနာကို အားပေးချီးမြောက်တာ ၊  ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသား အာလုံး ဝမ်းသာကြည်နူးရမှာပါပဲ။

 ****

မြတ်စွာဘုရားလက်ထက်က သာဝတ္ထိပြည်မှ ငါးရာသော အမျိုးသမီးတို့ဟာ တစ်ခုသော လပြည့်နေမှာ ဥပုသ်သီလစောင့်ရန် ဇေတဝန်ကျောင်းတော်သို့ သွားကြတယ်။

အမျိုးသမီးများ ပျော်ပျော်ပါးပါး ဘာကြောင့်များ ဒီနေ့ ဥပုသ်လာစောင့်ပါသလဲလို့ ၊ ကျောင်းအမကြီး ဝိသာခါက သိချင်လာတယ်။ ဒါကြောင့် အသက်အကြီးဆုံး အဘွာထံ ချဉ်ကပ်ပြီး မေးကြည့်တယ်။

" ဘွားဘွား ၊ အသက်အရွယ်ကလည်းရ ၊ထိုင်ရခက်၊ ထရခက်နဲ့ ၊ဘယ်လိုရည်ရွယ်ချက်နဲ့များ ဥပုသ်စောင့် ပါသလဲ"

" တို့ကတော့ မကြာခင်သေရတော့မှာ မဟုတ်လား ၊ သေရင် နတ်ပြည်ရောက်ပြီး နတ်မသီးဘဝနဲ့ ပျော်ပျော်ပါးပါး ခံစားရမလားလို့ ဥပုသ်လာစောင့်တာပါပဲ သမီး"

ထို့နောက်.. အသက်အလယ်အလတ်ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများကိုလည်း ဝိသာခါက ချဉ်ကပ်ပြီး မေးကြည့်ပြန်တယ်။

" အစ်မတို့အိမ်မှာ အိမ်မှုကိစ္စအဝဝတွေများတဲ့ ကြားက ဥပုသ်ကိုစောင့်နိုင်တယ်နော် ၊ ဘာရည်ရွယ်ချက်နဲ့များ ဥပုသ်စောင့်တာလဲ"

" တို့ကတော အရွယ်လေး နည်းနည်းကျလာတော့  တို့ယောက်ျားတွေလည်း စိတ်မချရတော့ဘူး ၊ အငယ်အနှောင်း တွေ အိမ်မှာ ခေါ်လာမှာ စိုးရတယ်၊ ဒီဒုက္ခတွေက လွတ်လို လွတ်ငြား၊  မျှော်လင့်ချက်နဲ့ ဥပုသ် လာစောင့်ရတာပါ ညီမ"

ဝိသာခါ ကျောင်းမအမကြီးက အိမ်ထောင်ကျပြီး ခပ်ငယ်ငယ် မိန်မရွယ်လေးတွေဆီး သွားပြီး စုံးစမ်းပြန်တယ်။

" ညီမတေို့တတွေဟာ ချစ်စ၊ခင်စ၊ ကြင်နာစ ဖြစ်တဲ့ ကိုယ့်ခင်ပွန်းတွေနဲ့ ပျော်ပျော်ပါးပါး နေရမယ့် အရွယ်တွေပဲ ၊ ခုအချိန်မှာ ဥပုသ်လာစောင့်တယ်ဆိုတော့ အိမ်က လူကြီးနဲ့များ အဆင်မပြေလို့လား"

" ဒီလိုတော့ မဟုတ်ပါဘူး ကျောင်းအမရယ် ၊ ကျမတို့ မိန်းမသားဆိုတာ အိမ်ထောင်ဦးမှာ သားယောက်ျား မွေးမှ မျက်နှာပန်းလှတယ်လို့ ပြောကြလို့ သားဆုပန်တဲ့ အနေနဲ့ ဥပုသ်လာစောင့်တာပါ"

ထို့နောက် အပျိုစင်ဘဝဖြင့် ဥပုသ်လာစောင့်ကြတဲ့ ကလေးမလေးတွဆီးကို  ဝိသာခါက စုံးစမ်းပြန်တယ်။

"  သမီးတို့...  အိမ်ထောင်မကျခင် ကတည်းက ဥပုသ်တွေ ၊ဘာတွေစောင့်လို့ပါပဲလား၊ ဘယ်လိုလဲ အပျိုးကြီး ဘဝနဲ့ အရိုးထုပ်တော့မလို့လား"

"  အပျိုးကြီးဘဝနဲ့ အရိုးထုပ်ဖို့ကတော့ အိပ်မက်ထဲတောင်ထည့် မမက်ဘူးပါဘူး အမရယ်၊  ကျမတို့လည်း  ကျောင်းအမကြီးလို သားတွေ ၊မြေးတွေ  သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေချင်တာပေါ့၊ ဒါကြောင့်မို့လည်း ဥပုသ်စောင့်ရင်း  ကိုယ့်ချစ်သူနဲ့ အမြန်ဆုံး ရွှေလက်တွဲပြီး ပျော်ပွဲဆင်နိုင်ပါစေလို့ ဆုတောင်းနေရတာပါပဲ အစ်မ"

ကျောင်းအမကြီး ဝိသာခါ အသက်အရွယ်နှင့် ဘဝအခြေအနေ ကွဲပြားသည်နှင့်အမျှ  ရည်ရွယ်ချက် ကွဲပြားကြသည့် ထိုအမျိုးသမီး ငါးရာတို့၏ အဖြေကို စိတ်ဝင်စားဖွယ်ကောင်းလို့ မြတ်စွာဘုရားအား  သွားရောက် လျှောက်ထာတယ်။

ထိုအခါ မြတ်စွာဘုရားက...
ဝိသာခါ သတ္တဝါတို့မှာ  ဇာတိစသော တရားလေးပါဟာ တုတ်ကိုင်သော နွားကျောင်းသားနဲ့ ပမာတူတယ်။

" ဇာတိ(မွေးဖွားခြင်း)သည်.. ဇရာ(အိုခြင်း) ထံကိုမောင်းပို့တယ်။
ဇာရာသည်... ဗျာဓိ(နာခြင်း)ထံကိုမောင်းပို့တယ်။
ဗျာဓိသည် ...မရဏ( သေမင်း) ထံကိုမောင်းပို့တယ်။
မရဏသည် ဓားမဖြင့်ဖြတ်သကဲ့သို အသက်ကို ဖြတ်ပစ်တယ်၊
သို့သော်လည်း ထိုဝဋ်ဆင်းရဲမှ လွတ်ရာ နိဗ္ဗာန်ကို တောင်းတသော သတ္တဝါဟူ၍ မရှိ၊  သံသရာ ဝဋ်ဆင်းရဲ ကိုသာ တောင့်တနေကြတယ်" လို့မိန်တော်မူပါတယ်။

******

အင်းး...စာရေးသူလည်း စဉ်းစားမိပါရဲ့..
ဘုရားလက်ထက်က အမျိုးသမီးတွေလည်း  ခုခေတ် အမျိုးသမီးတွေနဲ့ ဘားမှ အထူးခြားပါလားလို့...။

ဓမ္မပဒ၊ ဒဏ္ဍဝဂ်၊ ဥပေါသထိကဣတ္ထိနံဝတ္ထုကိုမျှဝေခံစားပါသည်။


No comments:

Followers

My Blog List