ကျွန်တော်ကလေးဘဝ
အဖေလို့သိတတ်စအရွယ်
ရုတ်ချည်း မိသားစုကိုနုတ်ဆက်
ကသုတ်ကရက်နဲ့ထွက်ခွါ
လောကကြီးမှာ..
မျက်နှာညှိုးငယ်စွာ
ငါ.....
အထီးကျန်စွာ နေရစ်ခဲ့ရ...။
အဖေက ' နေ'
အမေက 'လ'
ငါ့ဘဝ အမှောင်ကျခဲ့ရပြီ
အဖေ မသေခင်က
ကျောင်းမသွားသေးတဲ့ ကျွန်တော်
အဖေ့နောက် တကောက်ကောက်
ယာတောသွားလည်းလိုက်
ဘုန်းကြီးကျောင်းသွားလည်းလိုက်
ပျော်လိုက်တဲ့ ဖြစ်ခြင်း။
အဖေမရှိတော့
ကျွန်တော်တို့မိသားစု
ဘုစုခရုတွေနဲ့
ဘဝက ခါးသည်း
ဓနက မပြည့်စုံ
မကုံလုံတဲ့ အခြေအနေမှာ
ရွှေဘုံဆိုတာ
စာထဲမှာသာရှိ
စာထဲမှာသာ သိခဲ့ရ
ဖြစ်သလို စားရတဲ့
အဖေမဲ့ မိသားစု
လောကကြီး အကြောင်း
ကောင်းကောင်း သိခဲ့ပြီး အဖေ...။
မိသားစုက များ
ဒေသက မိုးခေါင်ရေရှား
အညာမြေ လွင်တီးခေါင်းမှာ
အစ်ကိုတွေ အစ်မတွေ
ဆိတ်ကျောင်း၊ နွားကျောင်းဖြင့်
ဘဝကိုရပ်တည်
အဖေ ထားခဲ့တဲ့
ကြက်တီးကုန်း မြေတစ်ကွက်မှာ
အမေလေ ... ခါးစည်းခံရင်း
လောကဓံကို ရင်ဆိုင်
ဘဝကို အနိုင်ယူ...။
ဘယ်သူ့ကိုမှ
လက်တစ်လုံးအတင်မခံ
အမေလေ....
သားတွေ၊ သမီးတွေကြီးပြင်းအောင်
" တက်" မထောင်
" အလံ" မချိုး
အမျိုးမျိုး ရုန်းကန်
ဘဝကို အနိုင်ယူခဲ့တယ် အဖေ....။
အဖေ့သားထွေး ကျွန်တော်က
ခုတော့ သာသနာ့ဘောင်မှာ ရဟန်းပြု
သာသနာရောင်ဝါလင်းစေဖို့
တိုင်းတပါးမှာ သာသနာပြုနေပြီးပေါ့ အဖေ...။
ပြီးခဲ့တဲ့နှစ်က မြန်မာပြည်ပြန်ရောက်
မိခင်းကြီး စောင့်ရှောက်ရင်းနဲ့
အဖေထားခဲ့တဲ့ အမွေ
အိမ်မြေတစ်ကွက်
အဖေ့ ကျေုးဇူးဆပ်ဖို့
ရပ်ရွာက လူကြီးတွေကိုခေါ်
အဖေ့ရည်စူး ကုသိုလ်ထူးဖြင့်
ပညာရေးအလှူ
စာကြည့်တိုက် ဆောက်လှူခဲ့တယ် အဖေ...။
ဟော! ခုတော့..
စာကြည့်တိုက် ဖွင့်ပွဲအပြီး
ရွာက ဓာတ်ပုံတွေ ရောက်လို့
ဝမ်းသာအားရ ဓာတ်ပုံတွေကိုကြည့်
အမေအိုက ဂုဏ်ပြုလတ်မှတ်ကို လက်ခံ
အဖေ့နာမည်နဲ့
စာကြည့်တိုက်ကို တွေ့လိုက်ရတော့
ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။
အဖေရေ....
ရောက်ရာအရပ်က
ဝမ်းမြောက်နုမော် သာဓုခေါ်ကာ
ကျေနပ်ဝမ်းသာ
နေပါလေတော့ နေလေတော့...။
No comments:
Post a Comment