Sunday, May 26, 2013
ကျော်သူကိုသာ အမှိုက်ကောက်ခွင့်ပြုမယ်ဆိုရင်..
“ ကျော်သူကိုသာ အမှိုက်ကောက်ခွင့်ပြုလိုက်ရင် လေးလအတွင်း စင်္ကာပူနိုင်ငံကို မီစေရမယ်” ဆိုတဲ့ စကားကြားလိုက်ရတော့ ပြည်ပရောက်နေတဲ့ မြန်မာတစ်ယောက် ကြက်သီးမွေးညှင်းတောင်ထမိပါတယ်ဗျာ..။
မြန်မာပြည်မှာ သန့်ရှင်းမှု လိုနေတာကတော့ အမှန်ပါပဲ။ လွန်ခဲ့တဲ့ ငါးလလောက်က ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရောက်တော့ သာကေတမြို့က သောက်ရေကန်ပတ်လည်မှာ ၊ အမှိုက်တွေပုံထားလို့ ၊ စာရေးသူ ကန်ဘောင်ရိုးကိုတောင် ကောင်းကောင်းဖြတ်မလျှောက်ရဲခဲ့ဘူးခင်ဗျ။
စိမ်းလန်းစိုပြေနေရမယ့် သောက်ရေကန်ဘောင်ရိုးမှာလည်း ၊ သက်ဆိုင်ရာများက နားလည်မှုတွေနဲ့ ကျုးကျော် အိမ်ကြီးအိမ်ကောင်းများ ဆောက်ထားတာတွေ့ရလို့၊ ဗွိစိဒီ၊ တီဗွီတွေထဲမှာ အမြဲတမ်းကြား နေရတယ်တဲ့ “ရေလောင်းအိမ်သာကို ရေးတွင်း၊ရေကန်နှင့် ကိုက် ငါးဆယ်ကျော်ကွာမှာ တည်ဆောက်ပါ” ဆိုတဲ့ ကြော်ငြာလေးကို သတိသွားရလိုက်မိပါသေးတယ်။
အမှန်တကယ်ဆို ရှေးက လူကြီးများလုပ်သွားတဲ့ ၊ ရေးကန်နဘေးမှာ အိမ်မရှိစေရဆိုတဲ့ ၊စည်းကမ်းရယ်၊ ရေးကန်ဘေးမှာ အမှိုက်မပုံရဆိုတဲ့ အသိလေးကတော့ လူတိုင်း သိသင့်ပါတယ်ဗျာ။
ဘာကြောင့်လည်းဆိုတော့ သောက်ရေဟာ လူတွေအတွက် သိပ်အရေးကြီးလို့ပါ။ သာကေတက သောက်ရေးကန်အနီးမှာပဲ၊ တချို့ ဝက်တွေ၊ဘဲတွေ မွေးထားတာ တွေ့ရသေးတယ်ဗျ။ ဒါကလည်း ကျန်းမာရေးရှုဒေါင့်ကကြည့်ရင် ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။
ကိုကျော်သူရဲ့ facebook မှာ နာရေးကူညီမှုအသင်းမှဦးဆောင်းပြီး အမှိုက်ကောက်ဖို့ သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်းလည်း သိရတယ်ဗျ။ ဘာပဲလုပ်လုပ် သက်ဆိုင်ရာကို အကြောင်းကြား၊ ခွင့်ပြုချက်ယူပြီး လုပ်တာကတော့ အကောင်းဆုံးပဲပေါ့။ မြန်မာပြည့်မှာ အုပ်ချုပ်ရေးစနစ်က ခေါက်ရိုး ကျိုးနေတော့ ၊ ကိစ္စအားလုံး ချက်ခြင်းအဆင်ပြေဖို့တော့ မလွယ်ဘူပေါ့ဗျာ။ ဒါကိုလည်း မြို့တော်စည်ပင်ဌာနနဲ့ ပူပေါင်းပြီး ဆောင်ရွက်ရင်လည်း အကောင်းဆုံးပါပဲ။
တိုးတက်ပြီး နိုင်ငံတွေမှာလည်း ဒီလိုစေတနာ့ ဝန်ထမ်း အမှိုက်ကောက် အဖွဲ့တွေလည်း ရှိပါတယ်။ ဒီလို လုပ်ချင်ရင် သက်ဆိုင်ရာကို အကြောင်းကြား ၊ခွင့်ပြုချက်ယူပြီးမှပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။
စာရေးသူတို့ ပြည်ပရောက် မြန်မာများကလည်း ကိုကျော်သူလုပ်ဆောင်ချက်တွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးတွေကို ဖြစ်ထွန်းစေလို့ လှူဒါန်းတာကလည်း သုံးကြိမ်ထက် မနည်းတော့ပါဘူး။
ကိုကျော်သူရဲ့ ကိုယ်ထူကိုယ်ထ ပတ်ဝန်ကျင်း ထိမ်းသိမ်းရေးလုပ်ငန်းကို တွေ့လိုက်ရတော့ ၊ ရန်ကုန်နဲ့ အလှမ်းဝေးတယ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်စတဲ့ ဗဟုသုတ နည်းပါးတဲ့ နေရာဒေသများ ကိုလည်း သတိရမိတယ်ဗျာ။ စာရေးသူဖြစ်စေချင်တာကတော့ ရန်ကုန်တွင်မကပဲ ၊ တစ်တိုင်းပြည်လုံး ပြောင်းလဲစေချင်တာဗျ။လောလောဆယ်တော့ အရာအားလုံးကို ပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ဘူးပေါ့ ၊ လူတိုင်း တနိုင်ပါဝင်နိုင်တဲ့ သန့်ရှင်းရေးမျိုး ၊ သဘာဝပတ်ဝန်ကျင် ထိမ်းသိမ်ရေးမျိုးပေါ့။
ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်နေတဲ့ အချိန်မှာ အရာအားလုံး ၊ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အစိုးရကြီး အားကိုးနေဖို့ မလို့တော့ပါဘူး။ ဆိုင်ရာပြည်နယ်မှ တက်လာတဲ့ ပြည်နယ်ဝန်ကြီးတွေ၊လွှတ်တော် အမတ်တွေက ကိုယ့်ပြည်နယ် ဖွင့်ဖြိုးတိုးတတ်ဖို့အတွက် ၊ ကိုယ့်ပြည်နယ်မီးရရှိရေး၊ ရေရရှိရေး၊ သန့်ရှင်းရေး ကလေးငယ်များ ပညာရည်မြင့်မားရေးကို ပြည်နယ်ရှိ အသိပညာရှင်၊အတတ်ပညာရှင်၊ စီးပွားရေး ပညာရှင်များနဲ့ ပူပေါင်းပြီး
ဆောင်ရွက်သင့်တယ်ပေါ့ဗျာ။
ဥပမာ ။ မြို့နယ် စည်ပင်သာယာရေးကိစ္စမျိုး နိုင်ငံတော် အစိုးရက ပြည်နယ်အစိုးရတွေကို အားလုံး လုပ်ပိုင်ခွင့်
ပေးထားပြီးသားပါ။ဒါကို မတို့ရဲ မထိရဲ့ တို့ဂဏန်း ဆိတ်ဂဏန်း လုပ်မနေပဲ၊ ပြည်နယ်အတွင်းမှာရှိတဲ့ ငွေကြေးတတ်နိုင်တဲ့ သူတွေ၊သြဇာသက်ရောက်တဲ့ သူတွေနဲ့ တိုင်ပင်ပြီး မြို့နယ် သန့်ရှင်းရေးကို ပြည်နယ်အမတ်တွေ၊ ပြည်နယ်ဝန်ကြီးတွေ ဦးဆောင်လုပ်သင့်ပါတယ်။
စားရေးသူတို့ နေတဲ့တိုင်းပြည်မှာဆိုလည်း စည်ပင်သာယာရေးကိစ္စမျိုး၊ ရေ၊မီးကိစ္စမျိုး၊ကို ဆိုင်ရာ ပြည်နယ်ကပဲ သင့်တော်သလို စည်မံဆောင်ရွက်တာ တွေ့ရှိရတယ်ဗျ။
ဒါကြောင့် ကိုကျော်သူ ဦးဆောင်တဲ့ သဘာဝပတ်ဝန်ကျင် ထိမ်းသိမ်းရေး အဖွဲ့ဟာ သက်ဆိုင်ရာ မြို့တော် စည်ပင်များနှင့် ပူပေါင်ပြီး အနုပညာရှင်များနဲ့ တက်တက်ကြွကြွ ပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကိုကျော်သူပြောသလို ရန်ကုန်မြို့နယ်တွင်သာမက တစ်တိုင်းပြည်လုံး ပြည်သူ၊ ပြည်သားများလည်း မကြာခင်မှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ အမှိုက်များကို စည်းကမ်းတကျ ပစ်ကျမည်ဆိုတာကို ယုံကြည်ကြောင်းပါဗျာ။ ။
photo / Kyaw Thu Facebook page
Subscribe to:
Post Comments (Atom)
No comments:
Post a Comment