Wednesday, April 3, 2013

သင်္ကန်းကပ်လှူရကျိုး

'မဝိုင်းစု သိပ်လှတာပဲ'
 'so cute '
'ဟယ်.. ကလေး လေးတစ်ယောက်လိုပဲ ချစ်စရာလေး'
'ခုတစ်လော ဝိုင်းစု အရမ်းလှလာတယ်'
လှတယ် မမ ကြည့်လို့မဝဘူး
မမက ဘယ်လိုကြည့်ကြည့်လှနေတယ်။
မမက အရမ်းချစ်ဖို့ကောင်းတာ
လှလိုက်တာ မမရာ..
'so pretty '
'မမက ချစ်မွေးပါတယ် ထင်တယ်နော် ချစ်ဖို့အရမ်းကောင်းတာပဲ'
မမက ချစ်စရာလေး အရုပ်ကလေးလိုပဲ
 မမက အရမ်းမိုက်တယ်
'ဝိုင်းစုကို အားပေးတယ် ချစ်လည်းချစ်တယ်'
အားလုံးထဲမှာ မမဝိုင်းစုက အလှဆုံးပဲ
'မမက အရမ်းကြက်သရေရှိတယ်'
'ဝိုင်းစုလှတာကတော့ နတ်သမီးလေးလိုပဲ'
မမဒီဇိုင်က အရမ်းလန်းတာပဲနော်..။

ဒါတွေကတော့ နာမည်ကျော် ရုပ်ရှင်းမင်းသမီးသရုပ်ဆောင်၊ အဆိုတော် မဝိုင်းစုခိုင်သိန်း ကို ပရိတ်သတ်များက comment ပေးထားတဲ့ သူရဲ့ Page ရဲ့  Comment များဖြစ်ပါတယ်။

ဒါဆို ပရိတ်သတ်ကြီး  ဝိုင်းစုတစ်ယောက် ဘာလို့ဒီလောက်လှရတာလဲ၊ ချစ်စရာကောင်းရတာလဲ ၊ ဘာကြောင့် အမြဲတမ်းလန်းရတာလဲဆိုတာ ဗုဒ္ဓစာပေရှုဒေါင့်က လေ့လာကြရအောင်နော်...။

" အရှင်ဘုရား တပည့်တော်ဟာ ဘဝသံသရာမှာ ကျင်လည်တဲ့အခါ မြင့်မြတ်တဲ့ရုပ်အဆင်းကို ဆောင်နိုင်သူ ဖြစ်ရ ပါလို၏။ တပည့်တော်ကို မြင်ပြီး ဘယ်ယောက်ျားမှ ပင်ကိုယ်အနေအထားနဲ့ တည်ရှိဖို့ မစွမ်းနိုင်ပါစေနဲ့ တပည့်တော်ဟာ အမျိုးသမီးအားလုံထဲမှာ အလှဆုံးသူဖြစ်ရပါစေဘုရား"  
 ဒီဆုတောင်က မဝိုင်းစုရဲ့ ဆုတောင်းမဟုတ်ပါဘူးနော်..။

ဟိုရှေးရှေးတုန်းက  သူမရဲ့ အလှကိုမြင်သူ ယောက်ျားတိုင်းကို ချောက်ချားစေခဲ့တဲ့ အလှပဂေး ဥမ္မာဒန္တီအမျိုးသမီး  လေးပဲဖြစ်ပါတယ်။

အဲဒီတုန်းက အရိဋ္ဌပုရမြို့ တိရိဋိစ္ဆသူဌေးမှာ ရုပ်ရေး အင်မတန်လှပ ချောမောတဲ့ သမီး တစ်ယောက်ရှိခဲ့တယ်။သူမဟာ မြင်းသူတိုင်းကို စွဲမက်စေတဲ့ ၊ မြင်သူတိုင်းကို ရှုသွပ်စေတဲ့ ဥမ္မာဒန္တီ အမျိုးသမီးလေးပေါ့။
ကလေးမ ၁၆-နှစ်အရွယ်ရောက်တော့ သူမအလှက လှသထက်လှလာတယ်။ နတ်သမီးလေးလို ကြည်နူးဖို့ ကောင်းတယ်။ ကြည့်လိုက်တိုင်း ချစ်စရာလေး၊ သူ့ကိုကြည့်ရင် စိတ်ကြည်လင်စေတယ်။ ခန္ဓာကိုယ်ကလည်း အချိုးအဆစ်ပြေပြစ်လို့ သူမကို မြင်သူတိုင်း သာာမန်ပုထုဇဉ်တွေဟာ ဆောက်တည်ရာမရ .. အရက်သမားများလို သူမရဲ့ အလှပမှာ ယစ်မူးကုန်ကြပါသတဲ့။

တစ်နေ့တော့ သူမရဲ့ဖခင်က " အရှင်မင်းကြီး.. ကျနော်မျိုးအိမ်မှာ အင်မတန်လှပတဲ့ မိန်းမရတနာ
 ဖြစ်ပေါ်နေပါတယ်။အရှင်မင်းကြီးသားနဲ့သာထိုက်တန်လို့
 မင်းလက္ခဏာဖတ်ပုဏ္ဏာများလွတ်ပြီး  မင်းသားကြိုက်သလိုသာ ပြုလုပ်ပါလို့ လျှောက်ထားတယ်။

မင်းကြီးရဲ့ စီမံချက်နဲ့ ပုဏ္ဏတော်များ ဥမ္မာဒန္တီရဲ့အလှကို အကဲခတ်ဖို့ သူဌေးကြီးအိမ်ရောက်လာတယယ်။  ပုဏ္ဏားများ သူဌေးကြီးရဲ့ ဧည်ခံကျွေးမွေတဲ့ နို့ဃနာဆွမ်းကို သုံးဆောင်နေခိုက် ဥမ္မာဒန္တီရဲ့ အလှကို မြင်ရလို့ အလှမှာ ယစ်မူးသွားကြသတဲ့။  တချို့မှာ ထမင်းစားပြီးတာကို မသိလိုက်ကြ၊ တချို့က ထမင်းလုပ်ကို ပါးစပ်မှ တပါး ဦးခေါင်းပေါ်ကို တင်မိကြ၊ တချို့က ချိုင်းကြားမှာ ပစ်ထားကြ၊ တချို့က နံရံကို ပုတ်ခတ်ကြနဲ့   ပုဏ္ဏားများ အရူး တစ်ပိုင်းဖြစ်ကုန်ကြတယ်။ 

ဥမ္မာဒန္တီက.. ကာမရူးတွေက ငါ့ကိုများ လက္ခဏာဖတ်မလို့တဲ့လားဟုဆိုကာ ပုဏ္ဏာတွေကို လည်ပင်းကိုင်ကာ အိမ်တွင်းမှ ဆွဲထုတ်ကြလို့  ပုဏ္ဏာများမျက်နှာမသာမယာနဲ့  နန်တော်ကို ပြန်ခဲ့ကြတယ်။

မင်းနန်းတော်ရောက်တော့ ပုဏ္ဏာများ ဥမ္မာဒန္တီကို စိတ်ဆိုးပြီး.."  ဒီမိန်းကလေးဟာ မိန်းမယုတ်ပါ ၊ အရှင်းမင်းကြီးနဲ့ လားလားမှ မထိုက်တန်ပါလို့ လျှောက်ထားကြတယ်။  ပုဏ္ဏာတွေရဲ့ ကောက်ကျစ်သံကိုကြားရတော့ ဥမ္မာဒန္တီလည်း သီဝိမင်းကြီးနဲ့ ပုဏ္ဏားတွေကို ငါ့အလှကိုတွေ့ရင် ဒင်းတို့ သိစေမယ်လို့ ရန်ငြိုးထားလိုက်တယ်။

ဖခင်ဖြစ်သူက သမီလှကို  စစ်သူကြီး အဘိပါရကနဲ့ ပေးစားလို့ .. ဥမ္မာဒန္တီတစ်ယောက် စစ်သူကြီးရဲ့ အချစ်ဦးလေး  ဖြစ်လာတယ်။

ဥမ္မာဒန္တီအမျိုးသမီးလေးရဲ့ အလှဟာ ဘာကြောင့် ခုခေတ်ထိအောင် မှတ်တမ်းတင် ကျန်ရစ်ခဲ့ရပါလဲ.
 လေ့လာကြည်ရအောင်ပါ။

ရှေးရှေးတုန်းက ဥမ္မာဒန္တီဟာ ဗာရာဏသီမြို့ ဆင်းရဲသားမိသားစုမှာ ကလေးမတစ်ယောက်ဖြစ်ခဲ့တယ်။  မြို့ရဲ့ ပွဲလမ်းသဘင်နေ့တွေမှာ ဘုန်းကံရှိတဲ့ ချမ်းသာတဲ့  အမျိုးသမီးတွေကတော့ ဝတ်ကောင်းစားလှ (ဆူးပန်းပွင့်) အရောင်မျိုးစုံနဲ့ ဝတ်ဆင်ကာ ပွဲလမ်းသဘင်ကိုမှာ ပျော်ပျော်ပါးပါးသွားကြတယ်။ ဥမ္မာဒန္တီလောင်းလျာက သူလည်း ဒီလိုလှလှပပဝတ်ပြီး ပွဲလမ်းသဘင်လည်ချင်ကြောင်းပြောတော့ မိဘများက ဝယ်ပေးဖို့ ငွေးမရှိကြောင့်နဲ့ ဒီလို့ ဝတ်ကောင်းစားလှတွေ ဝတ်ချင်စားချင်ရင် သူဌေးအိမ်မှာ အစေအပါးသွားလုပ်ရမယ်လို့ပြောသတဲ့။

ဒီတော့ ကလေးမလေးလည်း ဝတ်ချင်စားချင်တာနဲ့ သူဌေးအိမ်မှာ သုံးနှစ်အစေခံသွားလုပ်တယ်။ သို့သော်လည်း ဥမ္မာဒန္တီလောင်းရဲ့ ကြိုးစာမှု ၊ ဂုဏ်သတင်းကြောင့် သုံးနှစ်အစေအပါးလုပ်စရာမလိုပဲ လှပတဲ့ အဝတ်ပုဆိုးနဲ့ အခြား ဝတ်ကောင်းစားလှတွေကို ရခဲ့တယ်။သူဌေးမက သူငယ်ချင်းအပေါင်းအဖော်များနဲ့အတူ
 ချောင်းမှာ ရေမိုးချိုးပြီး ဝတ်ကောင်းစားလှ လဲဖို့ အဝတ်တန်ဆာ အနီကိုပေးလိုက်တယ်။

ဥမ္မာဒန္တိလောင်းတို့ ရေချိုးခိုက်မှာ ကဿပဘုရားရှင်းရဲ့ တပည့် မထေရ်တစ်ပါး ကိုယ်မှာ သစ်ခက်တွေ ဝတ်ရုံကာ ရေချိုးဆိပ်ကိုရောက်လာတယ်။သူမ " ဒီမထေရ် လမ်းမှာ သင်္ကန်းအလုခံရတယ်တယ်တယ်။ ငါ့တော့ အခွင့်ကောင်းပဲ။ ဘဝသံသရာအဆက်ဆက်က ဒါနပါရမီ နည်းခဲ့လို့ ယခုလိုဆင်းရဲရတယ်။ သံသရာမှာ ချမ်းသာစေဖို့ ငါခက်ခက်ခဲခဲ အစေအပါးခံကာ  ရှာဖွေထားတဲ့ အဝတ်နီကို အလယ်ကပိုင်းကာ တစ်ပိုင်းလှူလိုက်မယ်လို့ ဆုံးဖြတ်ကာ မထေရ်မြတ်အားလှူလိုက်တယ်။

မထေရ်မြတ်လည်း ရေမိုးချိုကာ ဒကာမလေးလှူလိုက်တဲ့ အတ်သက်န်းကို ဝတ်ရုံကာထွက်ခွါသွားတယ်။

မထေရ်မြတ်ရဲ့ သီလ၊ သမာဓိတန်းခိုကြောင့် ကိုယ်ရောင်ကိုယ်ဝါတွေက တောက်ပ၊ ဒကာမလေး လှူလိုက်တဲ့  အဝတ်သက်န်းသစ်ကလည်း အရောင်တောက်ပဆိုတော့  သူမမှာ ကြည်ညိုလို့မဆုံး ဝမ်းသာလို့ မဆုံပေါ့။ နောက်ဆုံးတော့ သူမအတွက် ချန်ထားတဲ့  ကျန်တဲ့ အဝတ်ပိုင်းလေးကိုတောင် လှူလိုက်ပါသတဲ့။

ဒီအဝတ်ပုဆိုးကောင်းမှုတွေကြောင့် ဥမ္မာဒန္တိတစ်ယောက် ဒီဘဝမှာ မြင်သူတိုင်းကို စွဲမက်စရာ၊မက်လောက်စရာ အလှဘုရင်မလေးဖြစ်လာတယ်။

တစ်နေ့သောအခါ.. သိဝိမင်းကြီး မြို့တော်ကိုလှည့်လယ်တော့ ဥမ္မာဒန္တိအလှကိုတွေ့သွားလို့ ရူးမတတ်ဖြစ်သွားတယ်။ မင်းကြီး နေ့ကော၊ညပါအိပ်လို့မရတော့ဘူးတဲ့။ ဒီတော့ သိဝိမင်းကြီးက .. " အကယ်၍ ဥမ္မာဒန္တိကို ရမယ်ဆိုတာ နှစ်ရက်၊သုံးရက်လောက် အဘိပါရကစစ်သူကြီးဖြစ်ချင်ပါတယ်လို့" သိကြားမင်း ကိုတောင် တိုင်တယ်ကာ ဆုတောင်းသတဲ့ဗျာ။ (ဇာတက၊ဋ္ဌ၊ပ၂၂၂)

ကဲ..ပရိသတ်ကြီး ယခုသင်္ကန်းကပ်နေတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ ၊ ရှေးရှေးက ဥမ္မာဒန္တီ ဘယ်သူက ပို့လှပါသလဲ
အင်း....! ဥမ္မာဒန္တိရဲ့အလှကို မမြင်းဘူးကြဘူးဆိုတော့ ဝိုင်းစုခိုင်းသိန်းက ပိုလှတယ်လို့ ဖြေကြမယ်ပဲ
ထင်ပါတယ်ဗျာ။
 **************************
ဘဝမှာ လှချင်သူများ ဒါလေးကိုလည်း မှတ်ထားလိုက်ကြဦး။
အဝတ်သင်္ကန်းလှူဒါန်းရင်ကွယ်
 ၁) ရုပ်ရေအဆင်း ရွှေလိုဝင်းမယ်၊
၂) မြူအညစ်အကြေးကင်း ၃) ပြိုးပြက်လင်းမယ်။
 ၄) ဘုန်းတန်ခိုးကြီး ၅) ရောင်းမျိုးစုံတယ်။
 ၆)  အချိုးအဆစ် ပြေပြစ်ကာရယ်၊
 ၇)  ဝတ်ကောင်းစားလှ ဝတ်ဆင်ရတယ်၊
 ဂ) ဘဝတိုင်း ဘဝတိုင်း အဖိုးတန်တဲ့  အဝတ်ကိုသာ ဝတ်ဆင်ရပါတယ်။
အပါဒါနပါဠိ ။ ၃၅




No comments:

Followers

My Blog List