Sunday, April 7, 2013

ပြည်ပ သင်္ကြန်ပွဲ ဆွေးနွေးခန်း


သူငယ်ချင်း မင်းတို့ ပြည်ပမှာကော  မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတွေ လုပ်ကြသလား။

လုပ်တာပေါ့ မောင်ရင်ရ ။  ဘယ်မှာရောက်ရောက် တို့မြန်မာတွေ မြန်မာရိုးရာတော့ မပျက်စေရပါဘူးကွာ။ ထို့အတူပဲ ရှေးမြန်မာတို့ စကားကိုလည်း ပြည်ပရောက်မြန်မာတွေ ဆက်လက်ထိမ်းသိမ်ထားတယ်ဟ။

ဘာစကားလည်း လုပ်စမ်းပါဦး။

" မြန်မာတွေ တစ်ယောက်ထဲဆို အိပ်မယ်၊ နှစ်ယောက်ရှိရင် စကားများမယ်" ဆိုတဲ့စကားလေ။

ဟုတ်လား ဘယ်လိုဖြစ်တာလဲ လင်းစမ်းပါဦး။

ဒီလိုကွာ.. တို့ဒီမှာက  မြန်မာပြည်ကလာတဲ့ အရင်စောစောက ရောက်နေတဲ့ မြန်မာတွေဆိုတာရယ်၊ နောက်မှ ရောက်တဲ့ မြန်မာတွေဆိုတာရယ်  ကရင်၊ကချင်၊ ချင်း ၊မွန်စတဲ့ တိုင်းရင်းသားဆိုတာတွေရယ် ပေါင်းစုံရှိတယ်ဟ။ သင်္ကြန်တစ်ပွဲလုပ်ဖို့ အစည်းအဝေးပွဲက  လေး/ငါးခါလောက် လုပ်ရတယ်ဟ။ ဒါတောင် သင်္ကြန်ရက် ကပ်သွားလို့  အစည်းအဝေးထပ်မခေါ်တော့တာ။

ဘာတွေ ငြင်းကခုံကြတာလဲ ပြောပါဦးဟ။

အရင်းရောက်တဲ့ ဗမာတွေကလည်း ၊ ငါတို့ မရောက်ခင်ကတည်း က မြန်မာသင်္ကြန် ကျင်းပခဲ့တာမို့ သူတို့ တပ်နေကြ  ဘယ်နှစ်ကြိမ်မြောက်
 မြန်မာသင်္ကြန်းဆိုတဲ့ ဆိုင်းဘုတ်မယ်ပေါ့။ နောက်မှရောက်တဲ့ ၈၈ ကျောင်းသားတွေကလည်း သူတို့ ဦးစီးတာမို့ သူတို့စိတ်ကြိုက် တပ်မယ်ပေါ့ကွာ။

ဒီထက်ဆိုတာက မြန်မာပြည်က တိုင်းရင်းသားတွေကွ၊ " သူတို့က သင်္ကြန်ပွဲမှာ ရေးမည့်ဆိုင်းပုဒ်ကို " မြန်မာ သင်္ကြန်ပွဲတော်" လို့ မတပ်သင့်ကြောင်းနဲ့  "ရိုးရိုး သင်္ကြန်ပွဲတော်" လို့သာ တပ်သင့်ကြောင်း အစည်းအဝေးမှာ တင်ပြလာတယ်ဟ။

ဘာဖြစ်လို့လဲ

သူတို့ပြောတာက သင်္ကြန်းဆိုတာ ဘာသာရေးနဲ့ လည်းမဆိုင်ဘူး၊
 မြန်မာလူမျိုးနဲ့လည်းမဆိုင်ဘူး။ တိုင်းရင်းသား ပေါင်းစုံနဲ့ ဆိုင်သတဲ့လေ။

အင်း.. သူတို့ပြောတော့လဲဟုတ်သလိုလိုပဲ။ တကယ်တော့ ..ဘာပဲတပ်တပ် သင်္ကြန်းဟာ သင်္ကြန်းပဲမဟုတ်လား သူငယ်ချင်းရ။

နောက်ဒါတင်မကသေးဘူးဟေ... ပြည်ပ သင်္ကြန်ပွဲမှာ
  မြန်မာအဆိုတော်တွေ တော်တော်များတယ်ဟ ..။ တချို့က ကာရာအိုကေကိုကြိုက်တယ်။ တချို့ က  live music ကိုကြိုက်တယ်ဆိုတော့ ။စီစဉ်သူလည် ဗျာများရတယ်ပေါ့ကွာ။
 နိုင်ငံခြားမှာ အခန်းကို အချိန်ကန့်သတ်ထားလို့သာ မသတ်သတ်ရင် .. နံက်မိုးလင်းထိ တောင်ဆိုလောင်တင် မောင်ရင်ရ..။

ဒါနဲ့  လူငယ်တွေရဲ့ ကဏ္ဍကိုလည်းပြေားပါဦး။

ကလေးမလေးတွေကတော့ သင်္ကြန်အကနဲ့ ပထမိုင်းမှာ ဖျော်ဖြေပေါ့။ နောက်ပိုင်းတော့ သူတို့ကြိုက်ရာ
 ခေတ်ပေါ် ဟစ်ပေါ့သီချင်းပေါ့ကွာ။

ယောကျာ်လေးလူငယ်လေးတွေကော

အင်း .. ယောကျာ်းလေးတွေလည်း သူတို့စိတ်ကြိုက် ဆိုချင်းတဲ့ သီချင်းဆိုပေါ့ကွာ။ သူတို့ကတော့ မြန်မာလို မဆို တတ်ဘူးဟ။ မြန်မာစကာတောင်း ကောင်းကောင်း မပြောတတ်ဘူး။

အော်ဟုတ်လား အိမ်မှာ မိဘတွေနဲ့ ဘယ်လိုစကားပြောလဲ။

ဒါကတော့ လွယ်ပါမယ် ။ မိဘတွေလည်း သားသမီးနဲ့အတူး ရောချပေါ့ကွာ။

အေး.. ဒါဆို မင်းတို့ကို အကြံလေးတစ်ခုပေးချင်တယ်ကွာ။

ဘာလည်း မင်းလည်း သင်္ကြန်အစည်းအဝေးပွဲမှာ  Agenda  ထပ်တင်းဦးမလို့ဟ သူတို့တောင် သီချင်းဆိုဖို့ အချိန် မလောက်ပါဘူးဆို။

ဒီလိုပါဟ.. ပျော်လည်းပျော် အကျိုးလည်းရှိတဲ့လုပ်ငန်းဆို ပိုးမကောင်းဘူးလား သူငယ်ချင်းရ။

ကဲပါ ဒါဆို ခေတ်ပေါ် ခပ်လန်းလန်း Agenda လေးတွေ ပြောပါဦး။

မျိုးဆက်သစ်တွေလည်း  မြန်မာစကား ၊ မြန်မာ့ ယဉ်ကျေးမှု ထိမ်းသိမ်ရာ ရောက်အောင်၊  အက မဟုတ်တောင်
 မြန်မာသီချင်း၊ မြန်မာစကား ပြိုင်ပွဲလေးထည့်ပေးရင် မကောင်းဘူးလား။

အေး.. ကောင်းတော့ ကောင်းတယ် မျက်စီစပ်တယ်လို့ ပြောရမလိုဖြစ်နေတယ်သူငယ်ချင်းရေ။

နောက်မှ ပြောကြသေးတာပေါ့နော်။

No comments:

Followers

My Blog List