Friday, April 12, 2013

နတ်၊ နတ်ပြည်၊ တမလွန်ဆိုတာ


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က မြတ်စွာဘုရားနှင့် တန်ခိုးကြီး ရဟန္တာများ နတ်ပြည်၊ ဗြဟ္မာပြည်သို့ ကြွရောက်မူကို ပြဆိုသော  ပိဋကတ်စာပေများ ကို၎င်း၊ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က နတ်၊ဗြဟ္မာများ မြတ်စွာဘုရားထံ တစ်ဦးချင်း (သို့) အစုအဝေးဖြင့် တစ်ခါတစ်ရံ လာရောက် ဖူးမျှော်ခြင်း
 မှတ်တမ်းများကို၎င်း၊  ထောက်ဆ၍ ၊ နတ်၊ဗြဟ္မာများ အမှန်တကယ်ရှိကြောင်း ထင်ရှားစေပါတယ်။

မိမိတို့  လက်ရှိဘဝမှာပင် သိပ္ပံပညာ၊ လောကီအတတ်ပညာများဖြင့် တိုင်းတာ ၊မှန်းဆ စဉ်စား၍ မရလောက်အောင် သဘာတရား၏ ဆန်းကြယ်ပုံများ၊ ထူးဆန်းသော သဘာဝဖြစ်ရပ်များကို ထောက်ဆ
၍လည်း မိမိပကတိ မျက်စိဖြင့် မမြင်နိုင်သော ဗြဟ္မာ့ပြည် နတ်လောက ရှိကြောင်းကို ထောက်ဆသိမြင်နိုင် ပါတယ်

ဗြဟ္မာပြည်

မြတ်စွာဘုရားသည် အဘိဓမ္မာတွင်၊ ကာမ၊ မဟဂ္ဂုတ်၊ လောကုတ္တရာဟု ကျင့်စဉ်    စိတ်ဖြစ်စဉ် သုံးမျိုးဟောကြားထားရာ တွင် မဟဂ္ဂုတ် ကျင့်စဉ်သည်  ဗြဟ္မာပြည်ရောက်ကြောင်းဖြစ်၏။

ကာမကုသိုလ်ထက် သာလွန်သော မဟဂ္ဂုတ်ကုသိုလ်ခေါ် ဈာန်စိတ်များသည် လွန်စွာအာနုဘော်ရှိ၍ အမြင်၊ အကြား စသော တန်ခိုး အဖုံဖုံရှိပြီး ဖန်ဆင်းနိုင်သော တန်ခိုးများကို  အံဖွယ်ကြုံတွေ့ရတတ်၏။

ထိုဈာန်ကုသိုလ်များကြောင့် နိဝရဏကင်းရာ ဈာန်ချမ်းသာဖြင့် နေရတတ်၏ ထိုဘုံဌာနကို ဗြဟ္မာ့ဘုံဟုခေါ်သည်။
၁) ရုပ်သာ ရှိသော ဗြဟ္မာ၊
 ၂) နာမ်သာရှိသော ဗြဟ္မာ၊
၃) ရုပ်၊နာမ် နှစ်ပါးလုံးရှိသော
ဗြဟ္မာဟု သုံးမျိုးရှိပါသည်။

ဗြဟ္မားများ၏ ကိုယ်ခန္ဓာမှာ နူးညံ့သိမ်မွေ့လှ၍ လူတို့ပကတိမျက်စီဖြင့် မမြင်နိုင် သဗ္ဗညုဘုရားရှင်တို့သာ    မြင်နိုင်ပါသည်။

နတ်ပြည်

နတ်ပြည်ကိုလည်း လူတို့၏ ပကတိမျက်စီဖြင့် မမြင်နိုင် ပကတိအသွားဖြင့် မရောက်နိုင်၊
တန်ခိုးအဘိညာဉ်များဖြင့်သာ မြင်နိုင်၊သွားနိုင်၊ ရောက်နိုင်သည်။ နတ်များသည်လည်း နူးညံသိမ်မွေ့
သောရုပ်ခန္ဓာများဖြင့်ဖွဲ့စည်းထားသည်။ ပကတိမျက်စိဖြင့် မတွေ့မြင်ရ၍ မရှိဟု မဆိုနိုင် ၊ဥပမာ..၊ လောက၌ရှိသော လေသည် အထိအတွေ့ရှိသော်လည်း မမြင်ရ၊ အသံလှိုင်းရုပ်များကိုသည်
လည်း လောကတွင် ပကတိ ရှိသည်ဟု လက်ခံယုံကြည် ထားကြသော်လည်း ပကတိ တွေ့ထိမှု့သည် မထင်ရှားပေ။

အာဠာဝကဇာတ်တော်တွင် မြတ်စွာဘုရားသည် အာဝဠဝီပြည်အနီးအာဠဝက၏ ဗိမာန်    ညောင်ပင်ကြီးဆီသို့ ကြွရောက်ဖူး၏ ။ အာဠဝက မရှိခိုက် ဇနီးနှင့် တပည့်အခြွေအရံတို့အား နတ်သမီးများအား မြတ်စွာဘုရား တရားဟောဖူး၏။

ထိုအာဠဝက ဗိမာန်ကို လမ်းသွား လူများ မမြင်ရ၊ ထိုခေတ်က တချို့ သစ်ပင် များမှာ နတ်၊သရဲ ၊တစ္ဆေများရှိသော်လည်း လူများ မတွေ့မြင်ရ ၊ သူတို့ ထင်ရှား ပြမှသာ မြင်နိုင်ကြားနိုင်သည်။

ယခုခေတ် နတ်များကို ပကတိမျက်စီဖြင့် မမြင်နိုင်သော်လည်း သာမန်လူ တစ်ယောက်ကို နတ်များ ဝင်ပူးခြင်းကို ထောက်ဆ၍ နတ်များ ရှိကြောင်းကို ထင်ရှားစေသည်။

မိတ်ဆွေ ခရစ်ဘာသာဝင် တစ်ယောက် ခရစ်တော်၌ ရာနှုန်းပြည် အယုံအကြည် မရှိ၍ ၊ ထင်းရှားပြဟု စိတ်ထဲမှ တိုင်တည်လိုက်တာ ၊ခရစ်တော် ကိုယ်၌ ဝင်ပူးလာကြောင်း ပြောပြဖူးသည်။

အမှန်အားဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်မျာသည် ကျင့်စဉ်  ဘာဝနာ တရားများ၏ အရာသာဖြစ်သည် သိပ္ပံပညာရှင် တိုင်းတာရမည့် အရာမဟုတ်ပါ။

တမလွန်ဘဝ

ဘုရားဟော ဇာတ်တော်များ၌ ရှေးဘဝကို မြင်နိုင်သော ပုဂ္ဂိုလ်များကို လေ့လာတွေ့ရှိနိုင်ပါတယ်။  ထို့အတူ ယခုအခါလည်း လူဝင်စား များ ပြောပြချက်အရ တမလွန်ဆိုတာ ရှိကြောင်း သိသာထင်ရှားစေပါတယ်။

ဗုဒ္ဓဒေသနာအရ.. ဤဘဝမှ ပြောင်းသွားသော ရုပ်၊နာမ်ဟူ၍လည်းကောင်၊ သတ္တဝါဟူ၍လည်းကောင် အတ္တကောင်၊ဝိညာဉ်ကောင်ဟူ၍ လည်းကောင်း မရှိ။ လူတစ်ယောက် ပြုလုပ်သော ကုသိုလ်၊အကုသိုလ် အစွမ်းသတ္တိသာ ဘဝတစ်ပါးကို ကူပြောင်းသွားးခြင်ဖြစ်ပါတယ်။  ဒီဘဝက ပြုလုပ်ခဲ့ တဲ့ ရုပ်နာမ် စဉ်ဆက် ကံအဆက်များ ရုပ်သစ်၊နာမ်သစ် ဘဝသစ်မှာ ဖြစ်ရခြင်း ဘဝတစ်ပါး ကူးပြောင်းခြင်းဟု
 ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

သတ္တဝါများ ကံကြောင့်ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် စိတ်နေသဘော ထား ၊ဥာဏ်များကွားခြားရသည်။ သို့သော်  ဥတုကြောင့်ဖြစ်သော သစ်ပင်များ၌ အသီးများမှာ ကွားခြားရှင်းမရှိ၊ ဥပမာ သရက်သီးတွင် တစ်လုံးနှင့်တစ်လုံး အနံ့အရသာ ကွာခြားခြင်းမရှိ  အတူတူဖြစ်သည်။

အထက်ပါ နတ်ပြည်၊ ဗြဟ္မာပြည်၊ ဇာတ်နိပါတ်လာ တမလွန်ဘဝ အကြောင်းကို ပြောပြသူများ၊ ယခုခေတ် လူဝင်စားများကို ထောက်ဆ၍ တမလွန်လောကရှိကြောင်းသိသာထင်ရှာပေသည်။

ထူးခြားချက်မှာ...ဗုဒ္ဓ၏ တမလွန်လောက၊ နောက်ဘဝဆိုတာသည် ဘာသားခြားများနှင့်မတူ ၊ မိမိ၏ ကံ၊ကံအစွမ်းဖြင့်သာ ဖြစ်ရခြင်းဖြစ်သည်။   ထိုကံများ ကုန်းဆုံးသွားသော အရိယာများမှသာ နောက်ဘဝဆိုတာ မရှိတော့ပေ။

No comments:

Followers

My Blog List