၁) ကိုယ့်ကျိုးကိုသာ ကျင့်သူမှာ ပစ္စည်းဥစ္စာ ချမ်းသာ ပြည့်စုံ မည်ဖြစ်သော်လည်း
စိတ်ချမ်းသာမှု အပြည့်အဝမရရှိနိုင်။
ပစ္စည်းဥစ္စာဟူသည် လူတိုင်းကြိုက်၍ ပစ္စည်းကြောင့် အန္တရာယ်ဖြစ်နိုင်သည်။
၂) သူကျိုးကို ကျင့်သူမှာ... မိမိနှင့်မိသားစုအတွက် သောကဖြစ်ရတတ်သည်။
၃) နှစ်မျိုးလုံးကျင်နိုင်သူမှာ လောကတွင် သောကကင်းစွာ အေးအေးချမ်းချမ်း နေနိုင်မည်။
၎) နှစ်မျိုးလုံးမကျင့်သူမှာ ...လောက၌ ဆုံးရှုံသော လူတစ်ယောက်ဖြစ်၏။
မာဃလုလင်အကြောင်း
ရှေးရှေးတုန်းက မစလရွာမှာ မာဃဆိုတဲ့ လူငယ်တစ်ယောက်ရှိခဲ့တယ်။ သူဟာ ရွာမှာ သူ့ကျိုး၊ ကိုယ့်ကျိုးနှစ်မျိုးလုံးကို ကျင့်သူဖြစ်တယ်။
သူသည် ကောင်းမှုကုသိုလ်လုပ်တယ်။ ကိုယ်ကျင့်တရားစောင့်ထိမ်းတယ်၊ ရပ်ရွာသာရေးနာရေးကို ကူညီဆောင်ရွက်တယ်။
ထိုရွာမှာ အိမ် ၃၃ -အိမ်ရှိရာ မာဃလုလင်ရဲ့ စည်းရုံးမှုကြောင့် အားလုံးလိုလို မာဃလုလင်နှင်အတူ ကောင်းမှုကုလသိုလ်၊ ရပ်ရွာသာရေးနာရေး ဆောင်ရွက်ကြတယ်။
လမ်းများကိုလည်း ညီညာအောင် ရပ်ရွားအားဖြင့် ပြင်ဆင်ကြတယ်။ လှည်း၊ရထား သွားရာလမ်းမှာ ဝင်ရိုးမလွတ်သည့် သစ်ပင်များကိုလည်း ခုတ်လှဲကြတယ်။ ရပ်ရွာလူများနှင့်ခရီး သွားများအတွက် သောက်ရေကန်၊ ဇရပ်ဆောက်လုပ်လှူဒါန်းတယ်။ မာဃရဲ့ ဦးဆောင်မှုကြောင့် ရပ်ရွာသားတွေ လည်း စိတ်ကောင်း စေတနာကောင်းရှိကြတယ်။ ရွာ ကလေးလည်း သာယာပျော်ရွှင်ဖွယ်၊ ချစ်စဖွယ် ၊ နေချင်စဖွယ်
ဖြစ်လာတယ်။
ရှေးတုန်းက ရွားသားတွေ အရက်သောက်၊ သားငါးသတ်ဖြတ်စဉ်က အကောက်အခွန် လာဘ်ရနေတဲ့ ရွားစား၊ရွာစားက ယခုလို ကောင်းမှု ကုသိုလ်တွေနဲ့ သူတော်ကောင်းတွေချည်း ဖြစ်နေသောအခါ လာဘ်မရတော့ ၍ ၊ ဤရွာသားတွေဟာ သူခိုး၊ဓာမြများ ဖြစ်ကြောင်း လိမ်လည် ကောက်ကျစ်ကာ မင်းကြီးအား လျှောက်ထားတယ်။
မင်းကြီးလည်း မစုံစမ်း မစစ်ဆေးပဲ .. အားလုံးကို ဆင်နှင့် နင်းသတ်ရန် အမိန့် ပေးလိုက်တယ်။ မင်းရင်ပြင်မှာ အားလုံး အိပ်စေ၍ နင်းမည့် ဆင်ကို ဆွဲလာတယ်။
ထိုအခါ မာဃလုလင်က " သူငယ်ချင်းတို့ ကိုယ့်သီလကိုယ် ဆင်ခြင်ကြ၊ ကုန်းတိုက်သူ ရွားစား၊ သတ်ခိုင်းသော ဘုရင်၊ သတ်မည့်ဆင်နှင့် မိမိကိုယ် အားလုံးအပေါ်မှာ ညီတူညီမျှ မေတ္တာပွားကြ" ဟု အကြံပေးတယ်။
ရွာသားများ မာဃလုလင်ရဲ့ အကြံအတိုင်း မေတ္တာပွားကြလို့ နုင်းခိုင်းသော ဆင်များ မနင်းဝံ့ကြပဲ ကြောက်လန့်ကာ အော်မြည်ထွက်ပြေးကြတယ်။ တစ်ကောင်းပြီး တစ်ကောင် လဲကာ ဆွဲလာပြီး နင်းစေသော်လည်း ဆင်အားလုံး ထွက်ပြေးကြတယ်။
ထိုအခါ ဘုရင်က " သူတို့မှာ ဆေးရှိကြလိမ့်မည် ရှာကြ" ဟု အမိန့်ပေး၍ ရှာ သော်လည်း ဘာတွေးမှ မတွေ့ရ၍ " မန္တန် ရွတ် ခြင်းဖြစလိမ့်မည် ၊ မေးကြစမ်း" ဟု ခ်ုင်း၍ မေးသောအခါ မာဃက သူတို့မှာ မန္တန် ရှိကြောင်း ပြောလိုက်တယ်။
ဘုရင်က အားလုံးကို ခေါ်ပြီး မင်းတို့ မန္တန်ပြေကြစမ်း မေးသေားအခါ " ကျနော်တို့မှာ အခြားမန္တန်မရှိပါ၊ ကျနော်တို့အားလုံး သူအသတ် မသတ်၊ သူ့ဥစ္စာမခိုး၊ သူ့သားမယား မပြစ်မှား၊ လိမ်မပြော၊ အရက်မသောက်၊ ဒါနပြု၊ မေတ္တာပွားကာ၊ လမ်းပြင်၊ ရေကန်တူး၊ ဇရပ်ဆောက်ကြပါတယ်။ ဤ အမှုအားလုံးပင်း မန္တန်လည်းဖြစ် ၊ပရိတ်အရန်အတားလည်း ဖြစ်ပါတယ်"ဟုလျှောက်ထားတော့..
မင်းကြီးလည်းသူတို့အားလုံးကို ကြည်ညိုအားရ၍ ရွားစား၏ စည်းစိမ်နှင့်ရွာကို မာဃလုလင်အဖွဲ့အား အပိုင်းစားပေးလိုက်တယ်။ သူတို့အား လုံး ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ကုသိုလ်ကောင်းမှု လုပ်ကာ သေသော အခါ တာဝတိံသာမှာ သကြား ၃၃- ယောက်ဖြစ်ကြရတယ်။
ကျမ်းကိုး ဓမ္မပဒ၊ ၁- ၁၆၉
သပြေကန် ပရိတ်ကြီးနိဿယသစ်

No comments:
Post a Comment