Thursday, March 28, 2013

ကွက်လပ်ကလေး ဖြည့်ပေးပါ


(၁)
ဝုန်း..ဒိုင်း...ဖျောင်း...ဖျောင်း...။.
ကျမ ခေါင်းပေါ်မှာ မီးခိုးလုံးကြီးက မှောင်မဲနေသည်။ မီးရှိန်ကြောင့် အိမ်တွေမှ ဝါးတွေဖောက်သံ၊ တိုင်တွေကျိုးသံ၊ တဖျောင်းဖျောင်း တဝုန်းဝုန်း အသံတွေ ကြယ်လောင်စွာကြားနေရသည်။ မီးခုံးလုံးနဲ့ ညှော်နံတွေ တဝေ့ဝေ့လွင့်လာသည်။  ကျမတစ်ယောက် ဘာအန္တာရာယ်ကိုမှ ဂရုမစိုက်နိုင်ပဲ အမောဆို့မတတ် ခြေကုန်းသုတ်ကာ ပြေးနေမိသည်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ မီးသတ်ကားတွေကို ပွတ်ကာသီကာ ရှောင်လာခဲ့ရသည်။  အထက်ကောင်းကင်းမှ မီခိုးလုံး မဲမဲထဲ မီဖွားနီနီကလေးတွေ ဖျက်ကနဲဖျက်ကနဲ တွေ့နေရသည်။ 

" ဟဲ့  မိန်းကလေး ဘယ်သွားမလို့လဲ၊ အပေါ်မှာ မီးဖွားတွေလွင့်နေတယ် ရှေ့ကို မသွားနဲ့လေ မီးကအကူးမြန်နေတာ" 

" ဟုတ် ဟုတ် ဟိုရှေ့နာတင်းပါ ရှေးလမ်းထဲက ဗလီကျောင်းနားကို မီးရောက်နေပြီလားဟင်"

"အဲဒီလမ်းထဲရောက်နေပြီ ပစ္စည်တွေးလည်း သိမ်းဆည်နေကြတယ်။ မီးသတ်ကား တစ်စီးလည်း   ရောက်နေတယ်။

ဟုတ်..ကျမအိမ်က အရေးကြီးတဲ့ ပစ္စည်းလေးတွေ သိမ်းစရာရှိလို့ပါ။ ဒီပစ္စည်းတွေက ကျမတို့ဆွေးမျိုးသားချင်း အားလုံးအတွက်၊ ကျမတို့ မျိုးဆက်တစ်ခုလုံးအတွက် အရေးကြီးလို့ပါ။

ကလေးမ ဒီပစ္စည်းတွေက အသက်ထက်တောင် အရေးကြီးလို့လား၊ ပစ္စည်းယူပြီး အမြန်ပြန်ထွက်ခဲ့နော်။

(၂)

ကျမ မိရိုးဖလာ မြန်မာဗုဒ္ဓဘာသာမိသားစုမှ မွေးဖွားခဲ့ပါသည်။ မိရိုးဖရာဆိုတော့  မိဘတွေလုပ်ရိုးလုပ်စဉ်  ဘုရားရှိခိုး၊ ဘုန်းကြီးဆွမ်းလောင်း၊ သားရှင်ပြု စသည့်ရိုးရာတွေကိုတော့ မြင်နေ၊တွေ့ရတော့ ကျမ အားလုံး လုပ်တတ်သည်။  ကျမတို့မှာ မောင်လေးနှစ်ယောက်နှင့်ညီမလေး နှစ်ယောက်ရှိသည်။ မိဘများက စီးပွားရေး အသင့်အတင့်ဆိုတော့ ကျမကိုကျောင်းထားပေးသည်။ နယ်ကျောင်းမှာပဲ ဆယ်တန်းအောင်သည်။  ထို့နောက် သူနာပြုသင်းတန်းတက်ရန် မန္တလေးသို့ရောက်သွားသည်။


(၃)

ဘဝကံကြမ္မာ အပြောင်းအလဲကမြန်သည်ဟုဆိုရမည်။ ကျမ သူနာပြုသင်တန်း ပထမနှစ်မှာပင် ကျမရဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားသည်။ ကျမက အိမ်မှာ အကြီးဆုံး မိဘမရှိတော့ အမကြီး အမိအရာဆိုသလို..မိသားစုကြီးတာဝန်ကို ဦးဆောင်ရတော့မည်။ ကျမ  အမေနောက်ဆုံး ဆုံးသွားတဲ့နေက .. တွေးမိသည် " သေမင်းရယ်.. ခေါ်ချင်ရင် ကျမကိုပဲ အရင်ခေါ်ပါတော့ ..ဘာကြောင့်များ ဒီမိသားစု တာဝန်ကြီးနဲ့ ထားခဲ့ပါလိမ့်ဟု ငြီးတွားမိသည်။

(၄) 

မိဘတွေ ဆုံးသွားချင်းတော့ သူငယ်ချင်းတွေ အားပေးကြသည်။. အားမငယ်ဖို့၊ အားလုံးဝိုင်းကူမည်ဟု ဆိုကြသည်။ ပထနှစ်တော့ သူငယ်ချင်းတွေက ကျောင်းစရိတ်၊ဘော်ဒါစရိတ် ဝိုင်းကူလို့ အပူအပင်မရှိ ပြီးသွားခဲ့သည်။ ခက်သည်က..ကျမတစ်ကိုယ်တည်းမဟုတ် မောင်လေးတွေ ညီမလေးတွေကျန်သေးသည်။ 

သူငယ်ချင်းတွေကကော ကျမအတွက်  သူနာပြုကျောင်းစရိတ် ရည်ရှည်ပေးနိုင်မည်တဲ့လား။ ကျမတို့မိသားစု ဘဝစဉ်းစာတိုင်း စဉ်းစားတိုင် ဘာအဖြေမှ မထွက်၊ ထွက်ပေါက်မရှိ၊ လေးဘက်လေးတန်း ပိတ်ထားတဲ့ တိုက်ထဲမှာ အပိတ် ခံထားရသလိုပဲ။ ကျမတို့မိသားစု ဘဝရှေ့ရေးကို မစဉ်စားတတ်တော့၊ အနာဂတ်တွေ ပျောက်ဆုံးသလိုခံစားရသည်။

(၅)

ကျမ ကိုယ်ရည်သွေးတာတော့မဟုတ် ကျမတို့ သူနာပြုကျောင်းမှာ  ကျမကအလှဆုံးဖြစ်သည်။ လူတိုင်းကလည်း ကျမကိုချစ်ပါသည်။ စိတ်ကောင်းစေတနာကောင်းထားသည်။ ဘာသာတရားကိုင်းရှိုင်းပါသည်။ ကျမလိုအပ်ချက် မပြောလိုက်နဲ့ ကူညီမည့်သူတွေက တစ်ပုံကြီး။ဒီလိုနဲ့ သူမနဲ့ကျောင်းနေဖက် မိနာက ၊ သူတို့အမျိုးထဲက မိုဟာမက်အလိနဲ့မိတ်ဆက်ပေးသည်။ သူတစ်ယောက် သဘောကောင်းပါသည်။ ကျမလိုတာ ၊ကျမတို့မိသားစုလိုတာ အားလုံးဖြည့်စီးပေးသည်။ ကျမ လတ်တလော ထွက်ပေါက်အနေနဲ့ သူနဲ့အတူ ဘဝတိုင်ပင်ပေါ် တိုင်ပင်ဖက်ဖြစ်လာသည်။

(၆)

သူနဲ့ လက်ထက်မယ်ဆိုတော့ သူငယ်ချင်းတွေက ဝိုင်းတားပါသည်။ ဘာသာမတူရင် လက်မထပ်ဖို့၊ နောက်ပြီးသူကလည်း မယားကြီးလည်း ရှိသေတယ်ဟု ဝိုင်းကန့်ကွက်ကြသည်။
"အချစ်မှာ မျက်စီမရှိဆိုတာ မှန်ပေမည်" ကျမ သူကို အိမ်းထောင်းရေး၊ဘာသားရေးနဲ့ ပတ်သတ်လို့ လက်မထပ်ခင်ကတည်းက မကြာမကြာဆွေးနွေဖြစ်သည်။ သူပြောလိုက်တိုင်း အိုကေချည်းပဲ။ ကျမကို သူက သည်းသန့် အိမ်တစ်လုံးဖြင့်ထားမည် လွတ်လပ်စွာ ကိုယ်ကွယ်ခွင့်ရှိသည့်ဟု ဆိုသည်။ဒီလောက် လွတ်လပ်ခွင့် ရှိတာ ကျမ ဘာငြင်းစရာလိုသေးလဲမဟုတ်လား။ 

ဟုတ်ပါသည်..။ ကျမတို့လက်ထပ်ပြီးစက.. ပျော်တပြုံးပြုံးမော်မဆုံးပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဆယ့်ငါးသိန်းတန် ဆယ်(လ်)ဖုန်းဆိုတာ လူတိုင်းကိုင်နိုင်တာမှတ်လို့၊ ကျမမှာ ကိုယ်ပိုင် ဆလွန်းကားလေးရှိသည်။ ကိုယ်ပိုင်းဆဲ(လ်)ဖုန်းရှိသည်။ ကျမကိုကြည့်ပြီး ကျမသူငယ်ချင်းတွေတောင် ကျမကို အားကျသလို ရှိလာသည်။

(၇)

လက်ထပ်ပြီးမကြာပါဘူး သူနေရာ မိတ္ထီလာကို လိုက်နေရသည်။ သူတို့အသိုင်းအဝိုင်း ဝင်ဆံအောင်ဆိုပြီး။ ဆာလီကိုဝတ်ရသည်။ သူနဲ့အတူ ဘုရားကျောင်းတက်ရသည်။ အစောပိုင်းက . ကျမငြင်းဆန်ပါသေးသည်။ သူက ချော့၍တစ်မျိုးခြောက်၍ တဖုံဆိုတော့ ရွေးစရာလမ်းမရှိသော ကျမတစ်ယောက် မြန်မာစစ်စစ်မှ မွတ်စလင်ကုလာမ အရှင်လတ်လတ်ဖြစ်ရသည်။

(၈)

လူတွေ  အိမ်ရှေ့နားလမ်းထဲမှ ပစ္စည်းတွေ ဆွဲလာနေကြသည်။ တချို့လည်းကားပေါ်တင်နေကြသည်။ ကျမတို့ နေတဲ့ အိမ်ကိုတော့ မီးမကူးသေး။  သို့သော် တစ်အိမ်ကျော် အိမ်တလုံးကိုတော့ မီးစွဲစပြုနေ၍  မီးသတ် တွေကြိုးစား ငြိမ်းသက်နေသည်။  ကျမ အိမ်းထဲကို မီးသတ်အကူနဲ့ ဝင်လိုက်သည် ကျမရင်ထဲ အလုံးကြီး ကျသွားသလိုခံစားရသည်။ ကျမအမြတ်နိုးဆုံး အရေးကြီးဆုံးပစ္စည်းများ ဗိရိုးထဲမှာ လက်ရာမပျက် ရှိနေသေးသည်။

 (၉)

 ကျမဘဝမှာ ဘယ်လို့မှ ပြန်မရနိုင်တော့တဲ့ မိသာစုတန်းဖို့လို့ခေါ်တဲ့.. မောင်းလေးတွေ ရှင်ပြုတုန်းက ၊ ကျမ သီလရှင်ဝတ်တုန်းက ဓာတ်ပုံ ၊ဗွိဒီယိုမှတ်တမ်းတွေ။
ကျမ သူငယ်ချင်းများနဲ့အတူ လွတ်လွတ်လပ်လပ် မြန်မာအဝတ်အစားဝတ်ပြီး ရွေတိဂုံဘုရား သွားခဲ့ဖူးတဲ့ ဓာတ်ပုံတွေ။ 
မန္တလေးမှာ သူနာပြု သင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့မဟာမြတ်မုနီဘုရားမှာအတူ ဘုရားဖူးခဲ့တာတွေ။
ကျမ မိဘတွေရှိတုန်းက ပုဂံဘုရားဖူးမှတ်တမ်း ဓာတ်ပုံတွေ။
ဒါတွေဟာ ကျမဘဝမှာ ရွှေငွေရတနာများထက် အရေးအကြီးဆုံးမဟုတ်လား အနာဂတ်မှာ ကျမရဲ့ မျိုးဆက်သစ်တွေကို ကျမ  ဘာလူမျိုး ၊ဘယ်ဘာသာကိုးကွယ်ခဲ့တယ်ဆိုတာ ဒါတွေက အဓီက သတ်သေတွေ မှတ်တမ်းတွေမဟုတ်လား။


(၁၀)

ကျမ ခေတ္တယာယီတဲစခန်းမှာ ဒီဓာတ်ပုံတွေကိုကြည့်ပြီး  ကျမရောက်ခဲ့ဖူးတဲ့ တန်ခိုးကြီးဘုရားတွေ၊   ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ဓာတ်ပုံတွေကို ကြည့်ရင်း ကြည်နူးပီတိဖြစ်ရပါသည်။
သိပ်မကြားပါ... တွေးရင်းတွေးရင်းဖြင့်..အနာဂတ်မျိုးဆက်သစ်တွေရဲ့လိုအပ်ချက် ကွက်လပ်ကလေးတွေကို ဘယ်သူတွေကများ  ဖြည့်ပေးမှားလဲလို့တွေးရင်း...ကျမတစ်ခဏ ဖြစ်ရတဲ့  ကြည်းနူးပိတိရပ်များ 
 ပျောက်ကွယ်သွားရပါသည်။


No comments:

Followers

My Blog List