ကနေဒါနိုင်ငံသည် ဘာသာပေါင်းစုံ ၊ ယဉ်ကျေးမှု ပေါင်းစုံအတူ နေထိုင်သော ကမ္ဘာပေါ်တွင် ငြိမ်းချမ်သော နိုင်ငံတစ်ခုဖြစ်သည်။
ကလေးများကို အခြေခံမူလတန်းကျောင်းမှာကတည်းက ယဉ်ကျေးမှုပေါင်းစုံ အတူနေထိုင်ဖို့ ဘာသာမတူ ၊ လူမျိုးမတူသော်လည်း တစ်ယောက်၏ ရိုးရာယဉ်ကျေးမှုကို လေးစားဖို့ သင်ကြားပေးသည်။
အထူးအားဖြင့် မြို့ကြီးများတွင် ဘာသာပေါင်းစုံဖြင့်ရေးသားထားသော၊ စားသောက်ဆိုင်များ၊ အရသာစုံသော လူမျိုးပေါင်းစုံ၏ စားသောက်ဖွယ်ရာ ကြော်ညာများကို နေ့စဉ်နေ့တိုင်း နေရာတိုင်းတွင် မြင်နိုင်ကြားနိုင်သည်။
နေစဉ်သွားလာ လှုပ်ရှားနေသော ဘတ်(စ်) ကား ၊ရထား၊ မြေအောက်ရထားနှင့် နေရာဌာနအသီးသီးတွင် ဘသာသာပေါင်းစုံ ပြောဆိုသံကို ကြားနိုင်သည်။
အင်္ဂလိပ်လူမျိ၊ ပြစ်သစ်လူမျိုး၊ တရုတ်လူမျိုး၊ ရှရှားလူမျိုး၊ ကုလားလူမျိုးစသည်တို့မှာ အခေါ်အဝေါ် မျှသာဖြစ်သည်။ကနေဒါနိုင်ငံတွင် နေ့စဉ်နေ့တိုင်း ဘာသာစကားပေါင်း ၂၀၀ ကျော် ပြောဆိုသံကို ကြားနေရပြီး အင်္ဂလိပ်နှင့်ပြင်သစ် နှစ်ဘာသာကို တရားဝင် စကား အဖြစ်ပြဌာန်းထားသည်။
ဘယ်တိုင်းပြည် ဘယ်နိုင်ငံကပဲ လာလာ ကနေဒါတွင် နေထိုင်သော လူမျိုး ၉၀% သည် အင်္ဂလိပ် (သို့) ပြစ်သစ် စကား ပြောဆိုတတ်သူများဖြစ်သည်။
ကနေဒါသို့ အသစ်ရောက်လာသော အင်္ဂလိပ်စာ မတတ်သောမိသားစုများ သည်လက်ဟန်ု ခြေဟန်ဖြင့် လည်းကောင်း ၊ဘာသာပြန်အကူအညီးဖြင့်လည်ကောင်း နေ့စဉ်ဘဝရပ်တည်ရသည်။
လက်ရှိအခြေအနေတွင် ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာသာ ပေါင်းစုံ လူမျိုးပေါင်းစုံ အတူလက်တွဲ နေထိုင်သော အေးချမ်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။
Canada National post ဘာသာပြန်
No comments:
Post a Comment