
လီယိုနာဒို ဒါဗင်ချီ ကို သူခေတ် သူခါတွင်သာမက ယခု မျက်မှောက် ခေတ်အထိ ပန်းချီဆရာ၊ သိပ္ပံပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုဆဲဖြစ်၏။

သူ့ကို အီတလီပြည်မှ တောမြို့လေး တစ်မြို့တွင် ၁၄၅၂ -ခုနှစ်လောက်က မွေးဖွားခဲ့၏။
မြန်မာ အနုပညာလောက၊ စာပေလောတွင် မိထွေး မကောင်းကြောင်းကို ရေးသာချက် အများအပြားတွေ့ရသော်လည်း။ ဗုဒ္ဓစာပေတွင် လာသော မိထွေးတော် ဂေါတမီသည် မြတ်စွားဘုရားရဲ့ ဒုတိယမိခင်အဖြစ် အသိအမှတ်အပြု ခံရသလို၊ သူက.." ကျုပ်ရဲ့  အမိမဲ့ ဘဝဟာ ဒီမြို့လေးကို ရောက်မှ ကင်းလွတ်ခဲ့တယ်။ ကျုပ်မိထွေးဟာ ကျုပ်ရဲ့ ဒုတိယမေမေပဲ" ဟု မိထွေးရဲ့ အထူးစောင့်ရှောက်မှုကို ရခဲ့သူဖြစ်ပြီး။ မိထွေးကို အမေရင်းလို့ ဂုဏ်ပြုခဲ့သူဖြစ်၏။
သူသည် စိမ်းလမ်းစိုပြေ အေးချမ်းသော လယ်တောထဲမှာ ဘဝစခဲ့သလို၊ အေးချမ်းမှုနဲ့ ငြိမ်းချမ်းကို နှစ်သက်သူဖြစ်၏။ ငယ်စဉ်ဘဝကတည်းက အေးချမ်းမှုဖြင့် ဘဝစခဲ့ရ၍ လယ်တော်မှာ ပိုးကောင် လေးများကို ဖမ်းကာ လေ့လာရင်း ပုံတူရေးဆွဲတဲ့ ပန်းချီးအနုပညာ အရင်းခံပါသူဖြစ်၏။
ဖခင်ဖြစ်သူက သူ့သားရဲ့ ပန်းချီကားများကို အလွန်နှစ်သက်လေ့ရှိပြီး။ အကြောင်းကိစ္စဖြင့် မြို့ကို သွားတိုင်းလည်း သားရဲ့ ပုံတူများကို ယူဆောင်၍ ပန်းချီဆရာကြီးများကို ပြသကာ အကြံဥာဏ်များ တောင်းယူခဲ့၏။
သူထင်းရှာလာသောအခါ.." သားဟာ တစ်နေ့မှာ ထူးချွန်တဲ့ ပန်းချိဆရာ ဖြစ်မှာပဲ" ဟု အဖေပြောတဲ့ စကားကို ကြားယောင်နေဆဲဟု ။ ဖခင်၏ သူရဲ့ အနုပညာ ပန့်ပိုးမှုကို ထုတ်ဖော်လေ့ရှိ၏။
သူသည် လက်တွေ့သမား သိပ္ပံသမားဖြစ်၏။ သူတစ်ပါး ပြောရုံနှင့် လွယ်လွယ်မယုံတတ်ပေ။ ထင်ရှားသော ဖြစ်ရပ်မှာ အဂ္ဂိရတ်ပညာဖြစ်သည့်.. တန်ဖိုးနည်း သတ္ထုကို ရွှေဖြစ်အောင် လုပ်နိုင်သည်ဆိုတာ ယုတ္တိမရှိဟု ပြောင်ပြောင်တင်းတင်း ငြင်းဆန်ခဲ့သူဖြစ်၏။
ထို့အပြင် သိပ္ပံပညာနှင့်ဘာသာရေး ကွလွဲမှုများကို အမြဲထောက်ပြလေ့ ရှိသဖြင့် ဘာသာရေး အသိုင်းအဝိုင်းက သူကို မိစ္ဆာဒိဋ္ဌိဟု သမုတ်ကြ၏။
သူ၏ လေထဲတွင် ငှက်များ ပျံသန်းခြင်းနှင့် လေတွင် ငါးများ ကူးခတ်ခြင်းကို ကြည့်၍ လေစီးကြောင်း ရေစီး ကြောင်း၏ တူညီမှု နိယာမ သဘောတရားကို ဆင်ခြင် သုံးသပ်ခဲ့၏။ ထို့ကြောင့် New Ton ရဲ့ သက်ရောက်မှုနဲ့ တူညီတဲ့ တုန့်ပြန် သက်ရောက်မှု သဘောဆိုတဲ့ တတိယ နိယာမ ထက် နှစ်ပေါင်း နှစ်ရာကျော်က လေ့လာတွေ့ ရှိခဲ့သူဖြစ်၏။
နောက်ပိုင်းတွင် တောမြို့လေးမှာ မထင်ရှားပဲ၊ ဘုရင် လူဒိုဗိကိုဆဖိုဇာ ရဲ့ အားပေးမှုဖြင့် ဘဝတောက် တောက် ပြောင်ပြောင်ဖြစ်လာခဲ့၏။
သူ၏ ထင်ရှားသော ရုပ်ထုမှာ ဘုရင်မင်မြတ်၏ ဘခင်ဖြစ်သူ ဖရန်ဆတို၏ မြင်းစီးနေပုံဖြစ်၏။
သူသည် လက်တွေ့သမားပီပီ ထိုရုပ်ထုကို မထုပ်လုပ်မီ ခန္ဓာဗေဒကို နာလည် စေရန် အလောင်းကောင်ကို ခွဲစိတ်လေ့လာခဲ့၏။ မြင်းသရုပ်သဏ္ဍန်မှန်ကန် စေရန် မြင်းပြေးဟန်ကိုလည်း အချိန်ကြာကြာ လေ့လာခဲ့၏။
မီလန်မြို့ ကပ်ရောဂါကြောင့် ပျက်စီသွားပြီးနောက် မြို့သစ် ပြန်လည်တည်ဆောက်ရာတွင် သူသည် မြို့ သစ်ပုံကို ခေတ်သစ် စနစ်သစ်ဖြင့် ရေးဆွဲ တင်ပြခဲ့၏။ သူ၏ ပုံစံကား.. တူမြောင်းများ၊ အညစ်အကြေး ပိုက်လှိုင်းများ ပါသဖြင့် လွန်စွာ ခေတ်မှီလွန်း၍ ထိုခေတ်က အသုံးမပြုခဲ့ပေ။
သူ၏ ထင်ရှာသော ပန်ချီကားတစ်ချပ်မှာ ခရစ်တော်၏ နောက်ဆုံးစားပွဲ ( Last Supper) ပန်းချီကားဖြစ်၏။
ထိုပန်းချီးကာကို လေးနှစ်တိုင်တိုင် အချန်ယူ ရေးဆွဲခဲ့ရပြီး မီလန်မြို့ စိန့်မာရီဘုရား ရှိခိုးကျာင်းတွင် ချိပ်ဆွဲထား၏။
သူသည် ပန်းချီပညာတွင်သာ အာရုံစိုက်ခဲ့သူ မဟုတ်ပဲ တွေးတော ကြံဆသူအဖြစ်လည်း ထင်ရှာ၏။ ငှက်များ လေမှာ ပျံသန်းမှုကို စိတ်ဝင်စားသဖြင့် စူးစမ်းလေ့လာခဲ့ရာ.. လေ၌ ပျံသန်းမှု စက်ကြိယာကို ပထမဆုံး စိတ်ကူးသူ အဖြစ်ထင်ရှား၏။
သူသည် အနုပညာနှင် တီထွင်မှုတွင်သာ အချိန်ကုန်နေ၍ စီပွားရေး အဆင်ပြေလှသူမဟုတ် ။ ထို့ကြောင့် နောက်ပိုင်းတွင် ပုံတူရေးဆွဲခြင်းဖြင့် ဘဝရပ်တည်ရ၏။ သူ၏ ပထဆုံး ပုံတူရေဆွဲသော ပန်းချီကားမှာ ဖလောရင့်မြို့ ကြွယ်ဝချမ်းသာသော ကုန်သည် သူဋ္ဌေ၏ ဇနီး မဒွန်နာလီစာ ( Mdonna Lisa) ဖြစ်၏။ ထိုပန်းချီးကားက ကမ္ဘာကျော် မိုနာလီဇာ (Monalisa) ဖြစ်လာ၏။ ထိုပန်းချီကာကို လက်ခံစဉ်က ခဏဖြင့် ပြီးလောက်သည်ဟု ထင်ခဲ့ပေမဲ့ သုံနှစ်တိုင်တိုင် ရေးဆွဲခဲ့ရ၏။
သူ့ခေတ်သူ့ခါက အနုပညာလောကမှာ ပြိုင်ဘက်များ ရှိသော်လည်း ယှဉ်ပြိုင်းခြင်းကို လုံးဝ မလိုလား သူဖြစ်၏။
ပြင်သစ်တို့က အီတလီကို သိမ်းပိုက်ပြီးနောက် ပြစ်သစ်ဘုရင်ခံက သူ့ကို မီလန်းမြို့သို့ ဖိတ်ခေါ်ကာ ထူးချွန်သည့် အနုပညာသမားအဖြစ်၊ သိပ္ပံပညာအရှင်ဖြစ် ချီးမြှောက်ခဲ့၏။
နောက်ပိုင်းတွင် ပန်းချီမှာ ကမ္ဘာကျော်ဖြစ်ခဲ့ပြီး၊ သိပ္ပံပညာရှင် တချို့က .. လီယိုနာဒိုကို ရေနံဆီနဲ့ လည်တဲ့ အင်ဂျင်တစ်လုံးသာ ပေးနိုင်ခဲ့ရင် သူဟာ လေယဉ်ပျံကို မုချ တီထွင်နိုင်မှာပဲဟု ချီးမွမ်း ထောပနာ ပြုခဲ့ကြ၏။
ထို့ကြောင့် လီယိုနာဒို၏ ..မနားတမ်း အလုပ်ကြိုးစားမှု၊ မိမိအလုပ်ကို လက်တွေ့ကျကျ လေ့လာတတ်မှု၊ အရာရာကို ကြံစည်တွေးတော တတ်မှု တို့ကို လေ့လာ မှတ်သား သင်ပေသည်။
ကျမ်းကိုး ( သမိုင်းကို ဖန်တီးခဲ့သူများ အောင်မြင့်ဦး)
No comments:
Post a Comment