Wednesday, January 16, 2013

စဉ်းစားစရာလေးတွေပါ..

လူတစ်ယောက် အဆင့်မြင့်တယ်၊ အဆင့်နိမ့်တယ်ဆိုတာ သုံးဆောင်နေတဲ့ ပစ္စည်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ စိတ်ဓာတ်နဲ့ဆုံးဖြတ်ရတယ်။ တချို့ သုံးဆောင်းတဲ့ ပစ္စည်းတွေကသာမြင့်ပြီး စိတ်ဓာတ်ကျ နိမ့်ကျနေတယ်။ တချို့က သုံးဆောင်တဲ့ ပစ္စည်းကလည်း နိမ့်ကျတယ်၊ စိတ်ဓာတ်ကလည်း နိမ့်ကျတယ်။

လူဟာ...စိတ်ထားမြင့်ရင် မြင့်သလောက် လောကအတွက် အသုံးဝင်ပြီး ၊ စိတ်ထားညံ့ရင် ညံ့သလောက် လောကအတွက် ပြဿနာပေါင်း သောင်းခြောက်ထောင် ဖန်တီးတတ်ပါတယ်။
( ဓမ္မဓရ -အရှင်ကုမာရ)


လူငယ်တွေ မှန်မှန်ကန်ကန်တွေး... မှန်မှန်ကန်ကန် ရေးဖို့လိုလာပြီ..





ခေတ်နောက်ကျလွန်းပါတယ်...


ဆေးလိပ်ကို လူ့လောက က တစ်ခါတည်း စွန့်ပယ်ကြပါလို့ ကြွေးကြော်ပြီး အငြင်းပွားစရာ လုံးဝ မရှိတော့တဲ့ ဒီကိစ္စမှာ ရုပ်ရှင်နယ်က မင်းသမီး, မင်းသား စတဲ့ ပရိသတ်ရှိသူတွေ၊ စာပေနယ်က ပရိတ်သတ်ရှိသူတွေ၊ ဘယ်နယ်ပယ်ကမဆို ကိုယ့်မှာ ပရိတ်သတ်ရှိသူတွေက ဆေးလိပ်သောက်ပြပြီး ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင် တိုက်ဖျက်ရာမှာ မပါဝင်သေးတာတော့ ခေတ်နောက်ကျလွန်းပါတယ်။ ဒီတိုက်ပွဲကြီးမှာ အားလုံးက တက်တက်ကြွကြွ ပါဝင်သင့်ပါပြီး ( လူထု ဒေါ်အမာ)







No comments:

Followers

My Blog List