ယနေ့ခေတ် လူတွေ ပစ္စည်းဥစ္စာတွေလည်း ချမ်းသာကြတယ်၊ အခြွေအရံတွေလည်း ပေါကြတယ်၊ နာမည်တွေလည်း ကမ္ဘာကျော်ကြတယ်။ သို့သော် သက်တမ်းတွေက တိုကြတယ်၊ ရောဂါတွေက များကြတယ်။ စိတ်ဆင်းရဲ့စရာ ပြဿနာတွေက များကြတယ်။ ဒါကြောင့် လူတွေ သက်တမ်းတွေ တိုလာကြတယ်။ ကမ္ဘာကျော်အဆိုတော် Michael Jackson အသက် ၅၁-နှစ်လောက်မှာပဲ လူဘဝကို စွန့်ခွာသွားရတယ်။ ဘာကြောင့်လဲ?
လူတွေ စိတ်ဓာတ် ညံ့ဖျင်းလာ..
ယနေ့ ကမ္ဘာကြီးမှာ ရာသီဥတုတွေ မမှန်တော့ဘူး၊ မြန်မာနိုင်ငံမှာ ဆို သစ်တောပြုန်းလို့ အညာဒေသမှာ မိုးမရွာတော့ဘူးတဲ့၊ တစ်လောက တရုတ် ပင်လယ်မှာ သွေးလို ရေနီတွေ စီးဆင်နေတယ်တဲ့။ အအေးပိုင်း ဒေသမှာလည်း ကမ္ဘာကြီး နွေးလာသလို့ အအေးပိုင်း ဒေသမှာလည်း ရေခဲပြင်များ ပျော်ကျကာ ပင်လယ်ရေမျက်နှာပြင် မြင့်တတ်လာတယ်တဲ့။ ဒါဘာကြောင့်လဲ?
အရစ်စစ်တော့ အမြစ်မြေက ဆိုသလို လူတွေရဲ့ အကုသိုလ်တွေ့ကြောင့်ပဲ ၊ လူတွေက စိတ်ဓာတ်
တွေညံ့လာတယ် ၊ အကုသိုလ်တွေများလာတယ်၊ ကာမဂုဏ်ခံစားချင်တဲ့ ရာဂစိတ်တွေကြီးတယ်။ ရှေးတုန်းက လပြည့် ၊ လကွယ် ရှစ်ရက် ဥပုသ် သတင်းတွေမှာ လူတွေက ရှစ်ပါးသီလစောင့်လို့ ကာမဂုဏ်တွေကို ၈- ရက် တစ်ခါ မခံစားကျဘူး ၊ ယခု ခေတ်တော့ ဥပုသ်စောင့်တော မတွေ့ရတော့။ ကာမဂုဏ်တွေ အလွန်အကျုးခံစားရင်လည်း အသက် တိုတတ်တယ်၊ ရောဂါ အလွယ်တကူ ဝင်လောက်တယ်။
ဒါ့ကြောင့် မြတ်စွာဘုရားရဲ့ အသက်ရှည်ကြောင်း တရား ၇-ပါးထဲမှာ “ ဗြဟ္မစာရီ - မြတ်သောအကျင်ကို ကျင့်ရမည် - မေထုန်အမှု ကိုရှောင် ကျဉ်ရမည်လို့ ဟောထားပါတယ်။ ဒီမေထုန်အကျင့်ကိုလည်း အသက် ရှည်ချင်ရင် နံက်စောစော အိပ်ရာထ မပြုကျင့်ရ၊ ညဥ့်နက် သန်ခေါင်း မပြုကျင့်ရ ၊ လပြည့် ၊လကွယ် မပြုကျင့်ရ စသဖြင့် စာပေကျမ်းဂန် တွေမှာ ဆိုပါတယ်။
ဒါအပြင် ယခုခေတ် ညီအကို မောင်နှမချင်း သွေးချင်း သာချင်း စီပွားရေး ၊ အမွေကိစ္စတွေ ကြောင့် စကားတွေများကြတယ် လောဘကြီးတာကို။ တစ်ယောက်နဲ့ တစ်ယောက် ကုန်သည်ချင်း မနာလို ဝန်တိုမှုတွေများလာတယ်။
ဒါနဲ့စပ်လို့ တစ်လာက အမေရိကမှာ Apple ကုမ္ပဏီနဲ့ Samsung ကုမ္ပဏီတို့ တရားစွဲကျတယ်လို့ သတင်းတွေမှာ ကြားရတယ်။ စီးပွားရေးသမားချင် နယ်မြေလုကြတယ်။ မနာစိတ်တွေဖြစ်ကြတယ်။ နည်းပညာတွေကို ကွယ်ဝှက် ကြတယ်။ ရှေးတုန်းက ဒီလိုမဟုတ် ကိုယ်သိရင် တခြားကုန်သည်တွေကို လည်း မျှဝေတယ်၊ ပြောပြတယ်။ ဒီ မနာလို ၊ ဝန်တိုခြင်းတွေကလည်း အသက်တိုကြောင်းပါပဲ။
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က လူလူချင်း မေတ္တာ၊ ကရုဏာတွေနဲ့ ဆက်ဆံပြီး နေကြတယ်။ ယခု ခေတ်လူတွေက မေတ္တာ၊ ကရုဏာနေရာမှာ ဣဿာ၊ မိစ္ဆရယတွေဝင်လာတယ်။ ဒီလို မနာလိုစိတ်တွေ ရာဂစိတ်တွေ ဝင်လာရင် စိတ်တွေပူလာတယ်။ သွေးတွေဆူလာတယ်။ ဒီစိတ်တွေ၊ ဒီအပူဓာတ်တွေဟာ ရုပ်ကို ညှိုးနွမ်းစေတတ်တယ်။ ဒီစိတ်က ရုပ်ကို မသိမသာ နှိပ်စက်နေတယ်။ ရုပ်ကို မသိမသာ နှိပ်စက်ရုံသာမက အပူရှိန်တွေက ပတ်ဝန်းကျင်မှာ ထွက်နေတယ်။ အပူရှိန်တွေ ထွက်နေတော့ ဒီအပူရှိန်က ပတ်ဝန်ကျင်းက သစ်ပင်လေးတွေကိုတောင် ထိခိုက်စေတယ်။
အဆီသြဇာ ညံ့လာ
သဘာဝရာသီဥတု ကလည်း လူတွေက ထုတ်လိုက်တဲ့ အပူဓာတ်တွေကြောင့် ဥတုရုပ်တွေ ညှိုးနွမ်းလာတယ်။ ဒါကြောင့် မိုးလေဝသ မမှန်တော့ဘူး။ မိုးလေးဝသ မမှန်ဆိုတာ ရွာသင့်တဲ့အချိန် မိုး မရွာတော့ဘူး၊ မရွာသင့်တဲ့ အချိန်မှာ မိုးရွာတယ်။ ဒါကြောင့် သစ်ပင်တွေ အသီးတွေမှာ အဆီသြဇာ ညံ့ဖျင်းလာတယ်။တချို့ သစ်ပင်တွေ ပျက်စီးကုန်တယ်။ ဒါကြောင့် လူတွေ စားသုံးတဲ့ ဆန် ၊ စပါးတွေလည် အရင်တုန်းကလို အဆီသြဇာ မျိုးမဟုတ်တော့။ ဒီလို အဆီသြဇာညံ့တဲ့ အစားအစာ ကို စားသုံးတော့ လူတွေမှာလည်း အာဟာရဇရုပ်တွေ ညံ့လာတယ်။ ဒါကြောင့် လူတွေ အသက်တိုလာတယ်။ တချို့ကြတော့ အဆီသြဇာ ဖြည့်ဖြည့်ပြီးတော့
ဆေးကောင်း ၊ ဝါးကောင်းတွေ မှိဝဲကြတယ်။ ဒါလည်း သိပ်စိတ်မချရဘူး။ ဆရာဝန်၊ ပါရဂူကြီးတွေတောင် အသက်တိုကြတယ်။ ဘာကြောင့်လည်း အစားကောင်း ဆေးကောင်း စားပေမယ့် စိတ်မချမ်းသာရင် စိတ္တဇရုပ်တွေ မကောင်းကြတော့ဘူး။ တစ်ခါတစ်လေ ဥတုဒဏ်ခံရမယ်။ ဒီတော့ ဥတုဇရုပ်တွေကလည်း မကောင်းဘူးပေါ့။ ကံမကောင်းရင်လည်း ကမ္မရုပ်တွေ ညံ့ဖျင်းလာမယ် ဒီတော့ ပါရဂူတွေကော၊ ပါမောက္ခတွေကော အသက်တိုကြရတာပဲ။
လူတွေက ကိုယ်တွင်းလောင်မြိုက်နေတဲ့ ကိလေသာမီးတွေ ၊ အကုသိုလ်တွေကို မလျော့ချဘူး၊ ကုသ ဆေးတွေကိုပဲ ငွေကြေး အကုန်ကျခံ ကာတည်ထွင်နေကြတယ်။ ဆေးကောင်း တွေလည်း ပေါ်ပေါက် ပါတယ်။ ဒါပေမယ့် ရောဂါတွေက တစ်ခုပြီး တစ်ခု ထူထူးဆန်းဆန်း တွေပေါ်ပေါက်နေတယ်။ ဆေးကောင်းတွေ ရှိသော်လဲ အစားကောင်းတွေ စားရသော်လဲ ရောဂါတွေ များကြတယ်။ သေကြေပျက်စီးရတယ်။ အဓိကကျန်းမာဖို့ ၊ အသက်ရှည်ဖို့က မိမိကိုယ်ကို ပြုပြင်တတ်ရမယ်၊ နေတတ်ထိုင်တတ်ရှိရမယ်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာအောင် နေတတ်ရမယ်။
ပါရာသိမင်း အယူ
ရှေးတုန်းက ပါရာသိဆိုတဲ့ မင်းတစ်ပါးရှိခဲ့ဘူးတယ်။ သူက “ လူတွေဟာ အသက်ထွက် မသွားဘူး၊ နောက်ဘဝ အသက် မပြောင်းဘူး ၊ ဒါကြောင့် နောက်ဘဝဆိုတာ မရှိဘူး၊ ဒီ ဘဝပြီးတာပဲ” လို့အယူ ရှိတယ်။ သူ့သဘောက သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်ရှိတယ်လို့ ထင်နေတယ်။ ဒီတော့ ဒီအသက်ဟာ နောက်ဘဝအတွက် ထွက်မသွားဘူး ထွက်သွားရင်လည်း နောက်ဘဝဆိုတာ မရှိဘူးလို့ အယူရှိတယ်။ နောက်တော့ အရှင်မဟာကဿပ မထေရ်ထံ သွားတွေ့ပြီး လျှောက်ထားတယ်။ “ တပည့်တော် နောက်ဘဝဆိုတာ မရှိဘူးလို့ ယူဆထားတာပဲ” ဘာ့ကြောင့်လည်းဆိုတော့ တစ်နေ့မှာ သတ်ခွင့်သတ်မိန့် ပေးလောက်တဲ့ ခိုးသူ တစ်ယောက် ရောက်လာတယ်။ ဒီတော့ ခိုးသူကို ဒီအတိုင်း မသတ်ခိုင်းပဲ အောက်ကနေ မီးကောင်းကောင်းနဲ့ မီးထိုးပြီး လူတစ်ကိုယ်လုံး ကောင်းကောင်းဆံတဲ့ အိုးကြီးထဲ တည့်ပြီးတော့ ဒီမိုးဖိုပေါ်မှာ သတ်ခိုင်းတယ်။ လူသတ်သမားတွေကို သေဒဏ်ထိတဲ့ ခိုးသား အသက်ထွက်တာကို ကြည့်ခိုင်တယ်။ မျက်စိရှင်ရှင်နဲ ဘယ်လိုပင်ကြည့် သော်လည်း သူတို့ အသက်ထွက်တာကို မတွေ့ကြဘူးတဲ့။
သူတို့က ပြေကြတယ် အသက်ထွက်တာ မတွေ့ရဘူး ဒီထဲတင် ပျောက်သွားတာတဲ့ ဒါကြောင့် နောက်ဘဝဆိုတာ မရှိဘူးလို့ မိစ္ဆာအယူရှိလာတယ်။ သူတို့ အသက်ရှာနည်းက မှားနေတယ်။ အသက်ဆိုတာ မြင်ရတဲ့ အကောင်းမျိုးမဟုတ်ဘူး ၊ ရှာလို့လည်း မရဘူး။
ဇီဝိတအုပ်စိုးရင် အိုသာအို ရုပ်မပြောင်း
ဗုဒ္ဓတရာတော်အရ လူဆိုတာ ကံရယ်၊ ကံကြောင့်ဖြစ်တဲ့ စိတ်ဝိညာဉ်ရယ်၊ ဥတုရယ်၊ အာဟာရရယ်၊ အာရုံတွေရယ် တစ်ခုနဲ့ တစ်ခု ကျေးဇူးပြုပြီး အသက်ရှည် ကျန်းမအောင် ဆောင်ရွယ်နေတာ။ ဒီတော့ ဇိဝတရုပ်က အတူဖြစ်ဖက်ရုပ်တွေကို ငါလိုဖြစ်ရစ် ၊ ငါလိုဖြစ်ရစ် ဆိုပြီး ချုပ်ပျောက်သွားတယ်။
ဒါကြောင့် ရုပ်တွေက ပြောင်းသွားတယ်ဆိုပေမယ့် အလားတူ၊ဆင်တူ ၊ ပုံစုံတူ ရုပ်တွေ ဆက်ဖြစ်နေတာ။ ရုပ်တွေက တသက်လုံး မပြောင်းဘူး။ အိုသာ ၊ အိုသွားတယ် ရုပ်ကတော ကြီးကြီးမားမားကြီး မပြောင်းဘူး။ ဘာလို့လဲဆိုတော့ ဇီဝိတက အုပ်စိုးနေလို့၊ စိတ်က အပြောင်း အလဲ မြန်ပေမယ့် ဇိဝိတရုပ်ရဲ့ အစိုးရမှုကြောင့် ရုပ်ကတော့ ဒီအတိုင်းပဲ။ ဒါကြောင့် တချို့သူတွေ အသက် ၆၀- ကျော်ပေမယ့် ၅၀- လောက်ထင်ရတာတို့၊ အရွယ်တင်တာတို့ သားအမိနှစ်ယောက် ယှဉ်လမ်းလျှောက်သွားရင် ညီအမ ထင်ရလောက်အောင် နုပျိုးတွေတာတွေက ဇီဝိတက အုပ်စိုလို့ အိုသွားပေမယ့် ရုပ်မပြောင်းတာ။
အသက်ရှည်းရန် နည်းလမ်းများ
ဗုဒ္ဓစာပေတွေမှာ အသက်ရှည်ကြောင့်း ၇-ပါး လေ့လာတွေ့ရှိရတယ်။
၁. သပ္ပါယကာရီ ဟောတိ = သင့်တော် သလိုလုပ်ပါ၊ သွားပါ၊ စားပါ၊ နေထိုင်ပါတဲ့၊ ဆိုလိုတာတော့ ကိုယ်နဲ့ သင့်တော်တာကိုလုပ်၊ သင်တော်ရာကို သွား၊ သင့်တော်ရာကို စားပါ။
၂. သပ္ပါယေ မတ္တံ ဇာနာတိ = သင်တော်တာပင် ဖြစ်စေ အတိုင်းအတာကို သိရမယ်တဲ့၊ မိမိရဲ့ အတိုင်းအတာကို ကြည့်၍ သုံးဆောင်ရမယ်ဟု ဆိုလိုပါတယ်။
၃. ပရိဏာတ ဘောဇီ = ကြေညက်လွယ်သော အစားကို စားရမယ်။
၎. ကာလစာရီ = အချိန်အခါအားလျှော်စွာ သွားရမယ်။
( အချိန်မဲ့ အခါမဲ့ မသွားရ)
၅. ဗြဟ္မစာရီ = မြတ်သောအကျင့်ကို ကျင့်ရမယ်
( မေထုန် အမှုကို ရှောင်ရမယ်) ။
၆. သီလဝါ - ကိုယ်ကျင့် သီလရှိရမယ်။
၇. ကလျာဏမိတ္တတာ = မိတ်ကောင်း ဆွေးကောင်းရှိရမယ်တဲ့။
ဒါတွေကတော့ ပါဠိတော်လာ အသက်ရှည်ကြောင်းများဖြစ်ပါတယ်။
လူဘဝရောက်ခိုက် ကျန်းကျန်းမာမာ ၊ပျော်ပျော်ရွှင်ရွှင် ၊
အသက်ရှည်စွာ နေထိုင်ချင်ရင်တော့ ခေတ်မီ ဆေးဝါးများသာ အားမကိုဘဲ။
ဗုဒ္ဓလမ်းညွှန်ချက်များလည် ကျင့်သုံးနေထိုင်ရန် တိုက်တွန်း လိုက်ရပါကြောင်း။
အရှင်ဇနကာဘိဝံသ၏ ဣန္ဒြိယပစ္စည်း ဟောပြောချက်ကို ကောက်နုတ်တင်ပြပါသည်။
အရှင်ဇနကာဘိဝံသ၏ ဣန္ဒြိယပစ္စည်း ဟောပြောချက်ကို ကောက်နုတ်တင်ပြပါသည်။
No comments:
Post a Comment