ယနေ့ ဆေးပညာရှင်များ လေ့လာတွေ့ရှိချက်အရ အသက်ကြီးသူများဟာ မိမိကိုယ်ခန္ဓာနှင့် သင့်တင့်စွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ကိုယ်နိုင်လောက်တဲ့ အလုပ်ကိုသာ လုပ်ခြင်း၊ အားလပ်ချိန်ကို ကောင်းစွာ အစဉ်တကျလုပ်ခြင်းနဲ့ ၊ မိသားစုများနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဖြင့် အသက် ပိုရှည်ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓတရားတော်အရ အခြေခံကျကျ ပြောရရင် ကိုယ်ခန္ဓာ ကျန်းမာ သန်းစွမ်းဖို့ ၊ အသက်ရှည်ဖို့ ဆိုရင် ကံ၊စိတ်၊ ဥတု၊အာဟာရ ဆိုတဲ့ ဒီအကြောင်းတရားလေးပါကို ကောင်းကောင်း နာလည်းသဘောက်ပြီး ၊ ပြုပြင်နိုင်ရင် ကျန်းမာမယ်၊ အသက်ရှည်မယ်လို့ ဟောထားပါတယ်။
ကမ္မဇရုပ်ကို ပြုပြင်
မိမိတို့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကမ္မဇရုပ်တွေ ပြန့်နှံနေတယ်။ ဒီကမ္မရုပ်တွေ မကျန်းမာဘူး ၊ အစဉ်ပျက်ရင် လည်း သေတတ်တယ်။ ဘယ်နည်းနဲ့မှ ဆက်လို့မရဘူး၊ ဒါပေမယ့် ဒီကံကြောင့် ဖြစ်တဲ့ ရုပ်တွေကို ရေရှည်တည်တံ့ဖို့ ကြိုးစားရင် ရနိုင်တယ်။ လူတိုင်းတော့ ရချင်မှ ရမယ်၊ ကြိုးစားရင် ရနိုင်ပါတယ်။ ကံဟာ ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ ကံနဲ့ ပဋိသန္ဓေနေပြီးနောက် ပဝတ္တိ အကျိုးကို ပေးစေနိုင်တဲ့ကံရယ် နှစ်မျိုးရှိတယ်။ ဒီပဝတ္တိကံကို ပြုပြင်ရင် ရနိုင်ပါတယ်။ နောက်ထပ် ကံသစ်တွေဖြစ်အောင်လည်း လုပ်လို့ရပါတယ်။
ဝသဘမင်းရဲ့ ကံ ပြုပြင်ပုံ
ရှေးရှေးတုန်းက သီဟိုဠ်ကျွန်းမှာ ဝသဘမင်းဆိုတာ ရှိခဲ့ဘူးတယ်။ တစ်နေ့တော့ ဗေဒင်ဆရာက “ မင်းကြီးဟာ နောက် ၁၂-နှစ်သာ နန်စံရတော့မယ်ဖြစ်ကြောင်း ဗေဒင်ဟောသတဲ့။ ဗေဒင်ဆရာတွေဆိုတာလည်း လူတွေရဲ့ ကံလမ်းကြောင်းကို ကြည့်ပြီဟောတာဖြစ်တယ်။
ဒီတော့ မင်းကြီးက ကောင်းပြီး ကိစ္စမရှိပါဘူး ဆရားတို့လို့ဆိုကာ ၊ သူ ကိုးကွယ်တဲ့ ဆရာတော်များထံ မိမိရဲ့ ကံဇာတာကို သွားရောက်လျှောက်ထားတယ်။ ဒီတော့ ဆရာတော်များက ကံကိုပြုပြင်တဲ့ အနေနဲ့ မင်းကြီးအားအကျိုးများစေရန် ဇရပ်ဟောင်းတွေ ပြင်၊ ကျောင်းဟောင်း ကျောင်းပြတ်တွေကို ပြင်၊ ဘုရားအိုး ဘုရားပျက်များကိုလည်း ပြင်၊ လူသွားတဲ့လမ်းမှာ တံတားဟောင်းတွေကို ပြင်၊ လူသွားလမ်းမှာ တံတာတွေ မရှိရင်လည်း အသစ်ဆောက်ခိုင်းတယ်။ ဒီလို ကံကို ပြုပြင်လိုက်တာ မင်းကြီးဟာ နောက်ထပ် ၁၂-နှစ်မကပဲ၊ ၃၆-နှစ်ကျော်ကြာအောင် အသက်ရှည်သွားသတဲ့။
ယနေ့ခေတ် ဗေဒင်ဆရာများကလည် အသက်ရှည်အောင်ဆိုပြီး ရေချမ်းစဉ် တည်ခိုင်းတယ် ၊ ညောင်ထောက်ခိုင်းတယ်၊ တံတာခင်းခိုင်းတယ် ဆိုတာကြားဖူမှာပါ။ ကောင်းပါတယ်..။ ဒါဟာ အသစ် ကံတွေနဲ့ မူလက မိမိကံကို ပြုပြင်ပေးနေတာပါ။ ညောင်ထောက်ရခြင်း အဓိပ္ပါယ်က ညောင်ပင်ကို များသောအားဖြင့် အရိပ်ရအောင် စိုက်ကြတာပါ။ တုတ်ထောက် မပေးရင် အကိုင်းက ညွတ်နေတော့ အရိပ်က အပြန့်နည်းတယ်။ ဒီလို မဖြစ်ရအောင် ညောင်ထောက်ပေးရင် ညောင် ကိုင်းက အထက်တက်သွားပြီး အရိပ်က တော်တော်လေး ပြန့်သွားတယ်။ ဒါကြောင့် ညောင်ထောက် တာပါ။ ဒါအပြင် ဘုရားပျက် ၊ ကျောင်းပျက်တွေကိုလည်း တတ်နိုင်ရင် ပြင်ရမယ်၊ ဘိုးဘွားတွေကိုလည်း တတ်နိုင်သလောက် ကူညီ စောင့်ရှောက်ရမယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် ရှေးကံတွေကို ပြုပြင်လို့ရပါတယ်။ ကံဟောင်းတွေ အားလုံးကို ပြင်လို့ရတယ်လို့တော မဆိုလိုပါဘူး။
စိတ္တဇရုပ်ကိုပြုပြင်
မွေးလာကတည်းက ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ် ၊ဥတုကြောင့်ဖြစ်တဲ့ရုပ်ရယ်လို့ ပူးတွဲပါလာတယ်။ အသက်ရှည်အောင် ကျန်းမာအောင်လည်း စိတ်တွေကို ပြုပြင်ရတယ်။ ပညာရှိတဲ့ မိဘတွေက ကလေးပဋိသန္ဓေတည်ကတည်းက စိတ်ကောင်းကောင်းထားတယ်၊ ကျန်မာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာပွားတယ်။ ဒါဟာ ကလေးကော မိခင်ပါ စိတ္တရုပ်တွေ ပြုပြင်နေတာပဲ။ မွေးဖွာ လာရင်လည်း ကလေးကို ကြောက်ကြောက် လန့်လန့် မဖြစ်ပါနဲ့ ၊ မိခင်က အတတ်နိုင်ဆုံ စိတ်ကို ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်းထားပါ ။ စိတ်ကြည်လင်တဲ့ အမေ့နို့ရည်ဟာ ကောင်းသော နို့ရည်ဖြစ်မယ်။ဒီနို့ရည်ဟာ ကလေးတွေကို တိုက်ရတာဟာလည်း သိပ်ကောင်းပါတယ်။ ယနေ့ခေတ်တော့ အချို့မိဘများ မိမိကလေးကို မိမိနို့ကို မတိုက်ပဲ နွားနို့တို့၊ ဆိတ်နို့တို့တိုက်ပြီးကလေးကို ကြီးပြင်း လာစေတာ စဉ်စားစရာပါပဲ။ ဒီကလေးတွေဟာ ကြီးလာရင် ဆိုဆုံးမလို့ မရတော့ဘူး အဲဒါ ကလေးရဲ့ မပြစ်မဟုတ်ဘူး မိခင်ရဲ့အပြစ် ။ ဒါကြောင့် အမေစိတ်ချမ်းသာဖို့ရယ် ၊ ကလေးစိတ်ချမ်းသာဖို့ရယ် ၊ စိတ္တဇရုပ်တွေကို မှိနေတယ်ဆိုတာ ထင်ရှားပါတယ်။
ကလေးကြီးလာရင်လည်း စိတ်ချမ်းသာပါစေ ၊ စိတ်မဆင်းရဲပါစေနဲ့ ၊စီပွားကို ရှာ၊ မပျင်းပါစေနဲ့ ၊ ပျင်းလို့ စီးပွား မဖြစ်ရင် စိတ်ဆင်းရဲပါလိမ့်မယ်။ ကလေးစိတ်ဆင်းရဲ့ရင် တအိမ်လုံးစိတ်ဆင်းရဲ့မယ် ။ ဒီတော့ ရုပ်တွေလည်း မကောင်းတဲ့ ရုပ်တွေဖြစ်ပြီး မကျန်းမာဘူးပေါ့။ စီပွားကို မှန်မှန်ရှာ ၊ လောဘမကြီးနဲ့ ဒေါသမကြီးနဲ့ ဒေါသကြီးရင် ရုပ်မကြည်လင်ဘူး။ ဒါကြောင့် စိတ်ကို ပြုပြင်ပါ ဘယ်လောက်အထိပြုပြင်ရမလဲဆို ခု အချိန်အထိ စိတ်ကိုပြုပြင်ပါတဲ့။စိတ်တွေကြည်နေ အောင် လောဘမကြီးနဲ့ လောဘကြီးလွန်းလည်း တစ်ခါတရံ ခြေချော်လက်ချော်ဖြစ်လို့် စိတ်ညစ်ရ တတ်တယ်။ စား၊ဝတ်၊နေရေး ပြည့်စုံရင် ကျေနပ်ပါ။ ကံကောင်းလို့ ပစ္စည်းဥစ္စာ ပြည့်စုံရင်လည်း စွန့်ကြဲဖို့ ၊ပေးကမ်းဖို့၊ လှူဒါန်ဖို့ ဆိုပြိး စိတ်ကောင်းကောင်းထာပါ ၊ ဒါတွေကလည်း စိတ္တဇရုပ်တွေ ပြုပြင်နေတာပါ။
စိတ်ပန်းလို့ ကိုယ်နွမ်း ရောဂါ
ယခု လူတွေ စိတ်ကို မပြုပြင်တတ်လို့ စိတ်အားငယ်တယ်၊ စိတ်သိပ်ငယ်တော့ ရုပ်တွေ ညံ့လာတယ်။ စိတ္တဇရုပ်တွေ ညံ့လာရင် ရောဂါဖြစ်တယ်။ နှလုံးရောဂါ၊ အသဲရောဂါ၊ အဆုတ်ရောဂါတွေဖြစ်တယ်။ ဝမ်းထဲမှာလည်း စိတ္တရုပ်တွေ လည်ပတ်နေတယ်လေ ၊ နှလုံးတို့ ၊ အသည်တို့ဆိုတာ နာမည်ပေးထာတာ၊ ကံ၊စိတ်၊ ဥတု ကြောင့် ဖြစ်တဲ ရုပ်တွေကို ပေါင်းထားတာပါ။ ကံ၊စိတ်၊ ဥတုကြောင့် ပေါင်းထားတဲ့ ဒီနှလုံး၊ ကျောက်ကပ်၊ စတာတွေဟာ စိတ်မကောင်းရင် ရောဂါ ဖြစ်ဖို့ ပိုလွယ်တာပေါ့။ ရောဂါဖြစ်ရင်လည်း ကုသရန် ခဲယဉ်းပြန်တယ်။ ဒါကြောင့် ကျန်းမာအောင် စိတ်ကို ကောင်းကောင်းထားပါ။
ဥတုဇရုပ်ကို ပြုပြင်ပါ
တချို့ နားမလည်းတဲ့ မိဘတွေက မွေးခါက ကလေးကို အပူ မမိအောင်ဆိုပြီး ကလေးကို အဝတ်တွေနဲ့ ပတ်ထားတတ်တယ်။ ကလေးကို လှောင်ထား သလို ဖြစ်နေတာပေါ့။ တချို့ကြတော့လည်း အေးတဲ့အခါမှာ နွေးအောင်ဆိုပြီး ဂွမ်းစောင်တွေနဲ့ ထုပ်ထားတတ်တယ်။ ကလေးဟာ ဒီအငွေ တွေကြောင့် ကြီးလာတော့ အရိုးမသန်းတဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။
ကလေးမွေးတာ အေးတဲ့အရပ်မှာဆို အအေး သက်သာရုံလေး၊ ပူတဲ့အရပ်မှာဆို အပူ သက်သာရုံးလေး နဲ့ ဥတုကို ပြုပြင်ရပါမယ်။ ရှေးတုန်းကလို မီးနေခန်းတို့ ဘာတို့ မလိုပါဘူး။ ခု ခေတ်မှာ တော့ ဖွင့်ဖြိုး တိုးတက်လို့ ဆေးရုံတွေမှာ ကလေးမွေးကုန်ကြပါပြီ။ ဒီတော့ ဥတုဟာ ကလေးမမွေးခင်းကတည်းက အရေးကြီးသလို့ မွေးလာတော့လည်း အရေးကြီးတယ်။ မိခင်ကော ကလေးအတွက်ပါ ရေတို့ဘာတို့ သန့်ရှင်းဖို့လိုပါတယ်။
ဒီနေရာမှာ ဗဟုသုတအရ ပြောရဦးမယ်။ မြတ်စွားဘုရားလောင်း ဖွားမြင်တုန်းက ရေ-နှစ်မျိုးပေါ်လာ တယ်တဲ့၊ တစ်မျိုးက ရေနွေး ဆေးဖို့ ကြောဖို့၊ နောက်တစ်မျိုးက သန့်ရှင်းဖို့ရန် ရေးအေးလည်းပါတယ်တဲ့။ တကယ်တော့ ဘုရားလောင်းဟာ ပါရမီတော်ကြောင့် ဒီလောက် ညစ်ညစ် ပတ်ပတ်ကြီတော့ မဟုတ်ပါဘူး။
ကလေးကို ရေပုံမှန်ချိုးပေးရတယ်။ ဝမ်းမှန်/မမှန်စစ်ရတယ်။ ရေမချိုးရင် ကလေးခန္ဓာကိုယ်မှာ ချေးတွေ ဘာတွေ ပိတ်နေတတ်တယ်။ ဒါကြောင့် ကျန်းမာအောင် ရေးချိုးပေးရတာပါ။ ဒါကြောင် ကျန်းမာအောင် အသိဥာဏ်ရှိ သလောက် ဥတုကိုလည်း ပြုပြင်လို့ရပါတယ်။ တချို့ နေပူပူနဲ့ အဝေးကြီးက ပြန်လာပြီး ရေးချိုးတော့ ဖျားကြတယ်။ ရေးချိုးတော့ အခိုးငွေ့တွေက အပြင်မထွက်ပဲ အတွင်းကို ပြန်ဝင်သွားလို့ ဖျားတာပါပဲ။ ဒါဟာလည်း ဥတု ဖောက်ပြန်တာပဲ။
တချို့ အမျိုးသမီးများကြတော့ ခေါင်းလျှော်တယ်။ ဆံပင်ဟာ ရုတ်တရက် မခြောက်ဘူး ၊ ဥတု မကောင်းတော့ အအေးမိပြီ ဖျားပြန်တယ်။ ဒါကြောင့် ဥတုဇရုပ် အပြောင်းအလဲတွေက ခန္ဓာကိုယ်မှာ ရှိနေတော့ ကျန်းမာအောင် ဥတုဇရုပ်ကိုလည်း ပြုပြင်ရတယ်။ ဒါကြောင့် အသက်ရှည်အောင် ဥတုကိုလည် အပူအအေး မျှတအောင် ပြုပြင်ရတယ်။ အေးတဲ့အခါမှာ အနွေးထည်လေး ဝတ်လို့၊ ပူတဲ့ အိုက်တဲ့ အခါမှာ အပေါ်ယံ ကုတ်အကျီကိုဖယ်လို့ လိုအပ်သလို ခန္ဓာကိုယ်ရဲ့ ဥတုဇရုပ်တွေကို ပြု ပြင်ပေးရတယ်။ ဒီလိုပြုပြုပြင်ပြင် နေတတ်တဲ့သူဟာ အသက်ရှည်တာပဲ။ မပြုနိုင်တဲ့ ပုဂ္ဂိလ် အသက်တိုတာပဲ။
အာဟာရဇရုပ်ကို ပြုပြင်ပါ
ကိုယ်ဝန်ဆောင် မိခင်များ ဗိုက်ထဲက ကလေးဟာ သုးံပတ်လောက်ကတည်းက အစာ စားနေပြီး မိခင်က ကောင်းတဲ့အစာ တည့်တဲ့အစာကို စားရတယ်။ ဒီတော့ အမေလုပ်သူက နှစ်ယောက်စာ စားရတယ်။ အာဟာရဖြစ်မယ် အစာတွေကောင်းကောင်း စားရင် ကလေးရဲ့ ရုပ်တွေ ကောင်းလာမယ်။
အာဟာရဇရုပ်ဟာ စိတ် မြန်သလိုပဲ သူ့ရုပ်ဖြစ်စဉ်ကလည်း သိပ်မြန်ပါတယ်။ လူမမာ တစ်ယောက် မတည့်တဲ့ အစားကလေး စားမိတယ်ဆိုရင် ရုပ်တွေ တစ်ခါတည်း ပြောင်းပြီးတော့ သေတတ်တယ်။
တစ်ခါ နေထိုင်မကောင်းဖြစ်နေရင် ဆေးဆရာက ဓာတ်စာလေး ဘာလေး ကျွေးလိုက်တာနဲ့
နေကောင်းသွားတယ်။ ချက်ချင်းပဲ အာဟာရဇရုပ်ကို ပြင်လို့ရတယ်။ ဒါကြောင့် အစာအာဟာရကို နားလည်ရင် ကျန်းမာတယ်။ နာမလည်းရင်လည်း ကြောက်စရာ ကောင်းတယ်။
နွေးအခါမှာ ဖရဲသီးတွေ ၊ ရေခဲတွေ၊ ရေခဲမုန့်တွေ မစားရဘူး။ ဒီအစာတွေက ဝမ်းမိးကို ညံ့စေတတ်တယ်။ အစာအာဟာရ တည့်တာစားရင် ရုပ်ကလေးတွေ ကြည်ပြီး ကျန်းမာတယ်။ ဒီတော့ ဒီခန္ဓာကိုယ် ကျန်းမာ၊သက်ရှည်ချင်ရင် တည့်တဲ့ အစားအစာကို စားရမယ်။ စားချင်တဲ့အစာကို မစားဘူး ၊ မစားချင်ပေမယ့် တည့်တဲ့ အစားကိုစားရမယ်။
ဒါကြောင့်လူတွေဟာ အသက်ရှည်းကြောင်းကို နာမလည်းလို့ ကံကိုလည်း မပြုတတ်ဘူး၊ စိတ်ချမ်းသာတဲ့ သတ္တိကိုလည်း သူတို့ မသိကြဘူး။ အစာ အာဟာရ တည့်/မတည့်ကိုလည်း မသိကြပဲ စားချင်တာကို စားကြတယ်။ ရေချိုးမိုးချိုး အချိန်ကိုလည်း မသိကြတော့ ကျန်းမာရေး ညံ့ပြီး အသက်တိုကြတာပေါ့။
နွေးအခါမှာ ဖရဲသီးတွေ ၊ ရေခဲတွေ၊ ရေခဲမုန့်တွေ မစားရဘူး။ ဒီအစာတွေက ဝမ်းမိးကို ညံ့စေတတ်တယ်။ အစာအာဟာရ တည့်တာစားရင် ရုပ်ကလေးတွေ ကြည်ပြီး ကျန်းမာတယ်။ ဒီတော့ ဒီခန္ဓာကိုယ် ကျန်းမာ၊သက်ရှည်ချင်ရင် တည့်တဲ့ အစားအစာကို စားရမယ်။ စားချင်တဲ့အစာကို မစားဘူး ၊ မစားချင်ပေမယ့် တည့်တဲ့ အစားကိုစားရမယ်။
ဒါကြောင့်လူတွေဟာ အသက်ရှည်းကြောင်းကို နာမလည်းလို့ ကံကိုလည်း မပြုတတ်ဘူး၊ စိတ်ချမ်းသာတဲ့ သတ္တိကိုလည်း သူတို့ မသိကြဘူး။ အစာ အာဟာရ တည့်/မတည့်ကိုလည်း မသိကြပဲ စားချင်တာကို စားကြတယ်။ ရေချိုးမိုးချိုး အချိန်ကိုလည်း မသိကြတော့ ကျန်းမာရေး ညံ့ပြီး အသက်တိုကြတာပေါ့။
ပင်ပန်းရင် စိတ်ညှိုး ၊ ရုပ်နွမ်း
လူတွေက ငွေရရင်ပြီးရော့ဆိုပြီး အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ကြတယ်။ ကိုယ်ပန်းတော့ စိတ်နွမ်းရတယ်။ စိတ်နွမ်းတော့ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေ ညှိုးနွမ်းရတယ်။ ဒါကြောင့် အလုပ်ပင်ပင် ပန်းပန်းလုပ်ရတဲ့ သူတွေ အသက်ပိုတိုတယ်။ တချို့ကလည်း အလုပ်ပင်းပန်းလို့ ဆိုပြီး ဂေါက်သီးရိုက်တယ်၊ တချို့လည်း ပင်ပန်းလို့ဆိုပြီး အရက် သောက်ကြတယ်။ အရက်သောက်တဲ့ သူကြတော့ ပိုဆိုးတာပေါ့။
အသက်တိုရခြင်း အကြောင်းများ
ဗုဒ္ဓရဲ့ တရားတော်ထဲမှာ “ ဥတုဘောဇနဝသေန - အအေး၊ အပူ ၊ ဥတု အစာ အဟာရတို့နှင့် စပ်သဖြင့် ။ အာယု - အသက်သည်။ ဟာယပီတိ - ဆုတ်လည်း ဆုတ်နိုင်၏၊ ဝဍ္ဎတိပ် - တိုးလည်း တိုးနိုင်၏” ဟု ဆိုထားပါတယ်။ အသက်တိုဖို့ ၊ အသက်ရှည်ဖို့မှာ ဥတု၊ အစာ ဒီနှစ်မျိုး သိပ် အရေးကြီး ပါတယ်တဲ့။
ဒါကြောင့် ကျန်းကျန်းမာမာ အသက်ရှည်စေဖို့ အာဟာရဖြစ်တဲ့ အစား စားများကို စားသုံးရမယ်၊ ဥတုသုံပါး မျှတဲ့ အဝတ်အစား အနေအထိုင်ကို နေတတ်ထိုင်တတ်သွားမယ်ဆိုရင် ဗုဒ္ဓနည်းအရ အသက်ရှည်းကြောင်းများ
ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
အရှင်ဇနကာဘိဝံသ၏ ဣန္ဒြိယပစ္စည်းမှ ကောက်နုတ်ချက်များ
အရှင်ဇနကာဘိဝံသ၏ ဣန္ဒြိယပစ္စည်းမှ ကောက်နုတ်ချက်များ
No comments:
Post a Comment