Sunday, May 19, 2013

ပိတောက်နှင့်အမေ


ချယ်ရီတွေ ရဲရဲတောက်
လမ်းဘေးတစ်လျှောက်
ပင်လုံးကျွတ်ပွင့်သော်လည်း
ပိတောက်ကိုခွဲခွါ
အဝေးတစ်နေရာ ရောက်နေတဲ့သား
ဘာမှ ထူးထူးခြားခြား
မခံစားရဘူး အမေ…။

နှင်းဆီးပန်တွေ၊  ဖြူ၊နီ၊ဝါ ကာလာစုံလို့
ဖူး၊ငုံ၊ပွင့်တွေ လှလှပပ
 မြင်တွေ့ရသော်လည်း။
အမေ့လက်ထဲက  
ပန်းပိတောက်လောက်
ရနံ့မသင်းဘူး  အမေ။

ဟော !
အမေနဲ့ပိတောက်
ပိတောက်နဲ့အမေ
အပြုံးတွေ ဝေဝေဆာဆာ
မြင်တွေ့လိုက်ရတော့
ပိတောက်ကို လွမ်းသလို
အမေကိုလည်း လွမ်းတယ်အမေ။

ပိတောက်က
နွေပူဒဏ်ကို အန်တုလို့
အစုလိုက် အပြုံလိုက်နှင့် ဖူးကြ
မိုးနည်းနည်းဖြန်းတာနှင့်
များများလန်းချင်တဲ့ပန်း
သူစွမ်းသလောက်
လောကကို အလှဆင်ချင်တဲ့
သဘာဝပန်း..။

အမေကလည်း
ဇရာကို အန်တုလို့
အပြုံးပန်းတွေ ဝေဝေဆာဆာနဲ့
သားတွေ၊သမီးတွေ အတွက်ဆို
မမောနိုင်၊ မပန်းနိုင် တပြုံးပြုံးနှင့်
ပန်းပိတောက်နဲ့ အပြိုင်လှနေဆဲပါ အမေ။

 ပန်းပိတောက်ဟာ
 အပူကိုအန်တုသလို ၊
အမေကလည်း
 ဇရာကို အန်တုကာဖြင့်
ထာဝရ အပြုံးပန်းများ
 ပွင့်လန်းနိုင်ပါစေ အမေ..။

အမေ့အမှတ်တရ..ဝေးတမြေမှသားဦးဇင်း

No comments:

Followers

My Blog List