Tuesday, May 21, 2013

ကူညီလိုစိတ်..

ခုလို နွေရာသီ လှလှပပ ပန်းအလှတွေ ဖူးပွင့်တဲ့ အချိန်မှာ ၊ကနေဒါနိုင်ငံ မြို့တိုင်းမှာလိုလို လှလှပပ ကလေးမလေးတွေ car wash ဆိုတဲ့ ဆိုင်းပုဒ်ကလေးကိုကိုင် မြူမြူကြွကြွတေးသံသာလေးတွေနဲ့ ကော်ဖီဆိုင်၊ သို့မဟုတ် အထက်တန်း ကျောင်းရှေ့တွေမှာ အုပ်စုလိုက် ပျော်ပျော်ပါးပါး လှုပ်ရှားနေရ တာကို   တွေ့ရတတ်ပါတယ်။

စားရေးသူ ရောက်စကတော့  ဘာမှန်းမသိလို့ အရင်ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်ကို မေးလိုက်တယ်။

“သူငယ်ချင်း  ဟိုလမ်းဘေးက ကလေးမတွေ car wash ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ပြီး ကားတွေကို လိုက်တား နေတာ ဘာလုပ်တာလဲ”“ ဒီကလေးမလေးတွေက volunteers- လုပ်အားပေးတွေလေ၊ ဆေးရုံ သို့မဟုတ်  ကျောင်းတစ်ကျောင်းအတွက် ရန်ပုံငွေကို သူတို့ ကာယစွမ်းအားနဲ့ ကားဆေးပြီး တဆယ်၊ငါးကျပ်စုကာ လှူလုပ်တာပေါ့” တဲ့

စားရေးသူ သဘောက်သွားပါတယ်။ မြန်မာပြည်မှာဆို ဘုရားတည်ဖို့၊ ကျောင်းဆောက်ဖို့ အလှူခံခွက်ခေါက်သလိုပဲပေါ့။

မြန်မာပြည်မှာကတော့.. ကိုယ့်လုပ်အား အလှူမပါပဲ၊ စေတနာရှင်က တတ်စွမ်းသလောက် လှူဒါန်းရုံသာ၊ အနောက်နိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ပဲ ၊ ကိုယ့်ကာယ၊ဥာဏစွမ်းအားဖြင့် ကုသိုလ်လုပ်ကြတယ်လေ။

ပြည်ပတိုင်းပြည်မရောက်ခင်က တစ်ချို့စာအုပ်တွေ ဖတ်ဖူးတယ်။ ပြည်ပတိုင်းပြည်မှာ “ရေဆာရင် ရေသောက်ဖို့
 ရေချမ်းစဉ်တောင် မရှိဘူး" ဆိုတာပဲဖြစ်ပါတယ်

ရေသောက်စရာ ရေချမ်းစဉ်မရှိပေမယ့်၊ စားသောက်စရာ ဝေငှတဲ့ FOOD BANK တွေ တော့ ရှိပါတယ်။ အများသောက်သုံးဖို့ ဘာကြောင့် ရေးချမ်းစဉ်မရှိတာလဲဆိုတာကတော့ ၊ ကျန်းမာရေးရှုဒေါင့် ကနေကြည့်ပြီး မထားကြတာပါ။

တကယ်လို့ လူတစ်ယောက် ကိုယ်လှူတဲ့ ရေချမ်းစဉ်ကိုသောက်ပြီး ရောဂါဖြစ်တယ်ဆိုရင် ၊
ကိုယ့်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့  အနောက်နိုင်ငံတွေမှာ ကျေးငှက်တွေကိုတောင် စည်းမဲ့ ကမ်းမဲ ကျွေးလို့မရပါဘူး။

ဒီနှစ် နွေရာသီမှာ လှလှပပ ကလေးမလေးတွေက လမ်းဘေးမှာ car wash ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ပြီး  ပျော်ပါးပါး တွေ့လိုက်ရပြန်တော့ ၂၀၁၂ -နှစ် ဒီဇင်္ဘာလက မြန်မာပြည်ရောက် ရှမ်းပြည်နယ် ခရီးစဉ်ကို  သတိရလိုက်မိပါတယ်။

စားရေးသူ ရှမ်းပြည်နယ် တောင်ကြီးမှ တဆင့် မြင်းမထိလှိုင်ဂှုကို ညအိပ်သွားရောက်လှည်ပတ်ခဲ့ပါတယ်။ စားရေးသူတို့ မြင်းမထိလှိုင်ဂှု လှည့်ပတ်ကြည့်ရှုအပြီး လှိုင်ဂူဝမှာ ချစ်စရာ၊ ဓနု၊ပအိုဝ်၊ ရှမ်းမလေးတွေ တွေ့လိုက်ရပါတယ်။

ချစ်စရာဆိုလို့  တောဓလေ့သဘာဝကို ပြောတာပါ။ ကလေမလေးတွေရဲ့ဘဝအခြေအနေအရ.. သူတို့ကိုယ်ပေါ်မှာ ပြင်ဆင်ထားတဲ့ အလှအပဆိုတာ ဘာတစ်ခုမှ မရှိပါဘူး။ သနပ်ခါး ပါးကွက်ကျားလေးရယ်၊ ဒေသဝတ်စုံလေးရယ်ပါ။
စားရေးသူကို တွေ့တယ်ဆိုရင်ပဲ ၊ သူထက်ငါ အလုအယက် ၊ ဗမာစကားသံ ခပ်ဝဲဝဲကလေးတွေနဲ့ “ အစ်ကို အစ်ကို သမီး ခရမ်းချင်သီးတွေကို အားပေးပါဦးနော်ဆိုပြီး ရောင်းတော့တာပါပဲ။

ဒီတော့ စာရေးသူက ..  အစ်ကိုလို့ မခေါ်ရဘူး၊ ငါတို့က ဘုန်းကြီးတွေ ဘုန်းဘုန်းလို့” ခေါ်ရတယ်လို့ သင်းပေးလိုက်တယ်။

ရှမ်း၊ဓနု၊ပအိုဝ်မလေးတွေက ၊ ရင်းရင်းနှီးနှီး စကားပြောတော့ စာရေးသူနား ကပ်လာပြီး သူတို့ရဲ့ ခြံထွက် ခရမ်းချင်သီးစိမ်းလေးတွေ ကိုလည်းရောင်းရင်း သူတို့ရဲ့ဘဝေ အကြောင်းကို ပြောပြကြတယ်။
သူတို့အားလုံးဟာ ငါးတန်း၊ခြောက်တန်း ကျောင်းသူလေးတွေပါ၊ ကျောင်းဆင်းရင် မိဘတွေကို   ကူညီရင်း၊ ခြံထွက်ပစ္စည်းတွေကို ဘုရားဖူးလာရောက်သူတွေအား ရောင်းချရင်းဖြင့် သူတို့ကျောင်းစရိတ်ရအောင် ဖန်တီးနေတဲ့ ကလေးမများသာဖြစ်ပါတယ်။

သူတို့ရောင်းတဲ့ ခရမ်းချဉ်သီးလေးတွေဟာ စိမ်းနေလို့  ချက်စားလို့တောင်မရပါဘူး။ သို့သော်လည်း သူတို့ရဲ့ ဖြူစင်တဲ့ လုပ်အားကို နှစ်ခြိုက်သဘောကျလို့၊ အားလုံးကို ဝယ်ယူကာ အားပေးလိုက်ပါတယ်။ ရှမ်း၊ပအိုဝ်၊ ဓနုမလေးတွေ လိမ်းမာရေးခြားရှိတဲ့ ကလေးမလေးများဖြစ်ကြပါစေဟု…

ဒီလို အားပေးကူညီလိုက်ခြင်းဟာလည်း အလှူတပါးပင် မဟုတ်ပါလား။

No comments:

Followers

My Blog List