Thursday, September 6, 2012

ကျမ ..ဝိသာခါ ( ၂)



 
ကျမ..မင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ

ဒီလိုနဲ့ တိုတိုပြောရရင် ကျမ မင်္ဂလာပွဲအတွက် နှစ်ဖက်မိဘတွေ အပြိုင်အဆိုင် အစွမ်းကုန်ပြင်ဆင်တော့ တာပါပဲ ၊ ကောသလမင်းကြီးကိုယ်တိုင် ကျမနေရာ သာကေတကိုလာပြီး ကျမတို့မင်္ဂလာပွဲ ပြင်ဆင်ရေးကို လာရောက် ကြီးကြပ် အားပေးပါတယ်။  ဖေဖေက ကျမ မင်္ဂလာပွဲကျရင် ဝတ်ဆင်ဖို့ “ မဟာလကာ တန်ဆာ” ကို ပန်းတိမ်သည် များကို လုပ်ခိုင်းပါတယ်။

အားလုံပြီးစီးဖို့အတွက်အချိန် ၄-လယူရပါတယ်။ စကားစပ်လို့ မဟာလကာတန်ဆာ အကြောင်း အသေးစိပ် ပြောပြရရင် .. ရွှေစင်နိက္ခ ၁၀၀၀၊ စိန်က ၄-ကွမ်းစာ၊ ပုလဲ၁၁-ကွမ်းစာ၊ သန္တာ -၃၂ ကွမ်းစာ၊ ပတ္တမြားက -၃၃ ကွမ်းစာ ၊ ထိပ်အလယ်မှာ ဥဒေါင်းရုပ်နဲ့ တန်ဖိုးက  ကိုးကုဋေတန်တဲ့ အမျိုးသမီးဝတ်စုံ တစ်ခုပါ။

ဒါမျိုး ထူးထူးဆန်းဆန်းကလည်း  တနိုင်ငံလုံးမှာမှ   ကျမရယ် ၊ ဗန္ဓုစစ်သူကြီးကတော် မလ္လိကာရယ်၊ ဗာရာဏသီ သူဌေးသမီး  ဒီသုံးဦးပဲ ဝတ်ရုံသုံးဆောင်နိုင်တာပါ။

ထိုမဟာလကာ တန်ဆာဝတ်ဆင်မြန်းပြီး ကောသလမင်းကြီးအပါအဝင် နှစ်ဖက်မိဘ ဆွေးမျိုးများနဲ့ 
ကျမ- မင်္ဂလာပွဲကို ခြိမ်ခြိမ့်သဲ ကျမတို့နေတဲ့မြို့ကလေး သာကေတမှာ ကျင်းပပြီစီးသွားပါတယ်။

မင်္ဂလာကိစ္စများပြီးတော့ ကျမ ..ခင်ပွန်းရှိရာ သာဝတ္ထိမြို့ ကိုလိုက်သွားရမှာဆိုတော့ ကျမ ဖခင်က အိမ်ရှင် ဇနီး တာဝန်ဝတ္တရားတွေ သင်ပေးလိုက်ပါတယ်။

၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။
၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော် ဖြစ်ပါတယ်။

ဒီဆုံးမစကားသံတွေ ကြားတော့ ဘာသာခြားဖြစ်တဲ့ ကျမယောက္ခမ မိဂါရကသူဌေးကြီးက  သဘောကျဟန် မရှိပါဘူး၊ သို့သော်လည်း သားရှင်ဆိုတော့ ငြင်းလည် မငြင်းသာဘူးပေါ့။

ကျမဖေကလည်း ပညာသားပါပါ… ခွဲခွာသားမယ့်သမီးကို .. ယောက္ခမတွေထံမှာ လုံးလုံးကြီး ဝကွက် မအပ်လိုက်ပဲ. ပြောဆိုဆုံးမစရာ ၊ တိုင်းတန်းစရာရှိလျှင် သူဌေးကြီး ( ၈) ယောက်ကိုသာ တိုင်တမ်းပြောဆိုဖို့ မှာကြားလိုက်ပါသေးတယ်။

ကျမ..မောင်တော်ဆီ

မတတ်သာလို့ ကျမ မိဘတွေနဲ့ ခွဲခွါရသော်လည်း ဖေဖေ၊မေမေတို့က တုန့်ဆိုင်းတုန့်ဆိုင်းပေါ့၊ ကျမအတွက် လှည်အစီးပေါင် ၁၅၄ -စီးနဲ့ ရွာပေါင်း ၁၄-ရွာကို အကောက်ခွန်များကို ကျမအတွက်ပေးလိုက်ပါတယ်။

ကျမတို့ မင်္ဂလာခရီးစဉ် သာဝတ္ထိမြို့ အဝင်မှာ မြို့သူ၊ မြိုးသားများဟာ မြို့လုံးကျွတ်နီးပါ လာကြိုကြပါတယ်။  အစပထမ ရိုးရိုးကလေး မြို့တွင်းကို ဝင်ဖို့ပါပဲ့ သို့သော်လည်း လူတွေရဲ့ ဆန္ဒ၊ ကျမရဲ့အလှ ၊ကျမရဲ့
ဂုဏ်ပကာသနတွေဟာ ဒိအချိန်မှာ ပြဖို့လိုအပ်တယ်လို့ ခံယူမိလို့ ကျမအဖို ကိုးကုဋေ ထိုက်တန်တဲ့ မဟာလကာတန်းဆာ ဆင်မြန်းပြီး လာကြိုတဲ့ လူအုပ်ကြီး လက်ဝှေယမ်းပြလိုက်ပါတယ်။ ဒီအခါမှာ ပရိတ်သတ် အားလုံးရဲ့ အကြည့်ဟာ ကျမဆီကိုသာ ကျရောက်လာပါတယ်။ မြို့သူ၊မြို့သားများ မင်္ဂလာလက်ဆောင် ပေးတာဟာလည် ကြောက်ခမန်းလိလိပါပဲ၊ ဒါပေမယ့် ကျမ. တချို့ယူ ၊ တချို့ပြန်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့လည်း မြို့သူ မြို့သားများနဲ့ ပိုမိုရင်းနှီးခွင့် ရသွားတာပါ။

မတူသော ကိန်းနှစ်ခု ပေါင်းစပ်လိုက်သောအခါ…

တခါတရံမှာ “မတူရာခြင်း ပေါင်းစပ်မိတတ်တယ်”ဆိုတာ မှန်ပါတယ်၊ ကျမနဲ့ ၊ ကျမယောက္ခတို့ ယုံကြည်  ကိုယ်ကွယ်မှုခြင်းက တခြားစီ၊ ကျမတို့က ကြင်နာသနားတတ်တယ်၊ သူတို့က အတ္တဆန်တယ်၊ ကျမအတွေ့အခေါ်အရ လူဆိုတာ ကြင်နာတတ်ခြင်း၊ အနင့်နာခံခြင်း၊ ရိုင်းပင်းကူညီခြင်းတို့ဖြင့်
 ပြည့်စုံမှ လူဘဝဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံယူပါတယ်။

 တစ်ခုသောညမှာ ကျမတို့အိမ်နောက်ဖေးမှာရှိတဲ့ အာဇာနည် မြင်းမ သားဖွားပါတယ်။ မည်သူမှ ကူညီဖေမ မည့်သူမရှိ ကျမနဲ့ ကျမအိမ်စေတို့ပဲ အာဇာနည်မြင်းကို သွားပြီး ရေချိုးသန့်စင်ပေးပါတယ်။

ဒါကိုလည်း ယောက္ခမကြီးက မကြိုက်၊ ဖွင့်လည်းမပြော ငုံထားလိုက်ပါတယ်။
နောက်တနေ့ ကျမတို့ မင်္ဂလာဆွမ်ကပ်မယ် ရဟန္တာတွေကို ပင်မယ်ဆိုတော့ ကျမ ဝမ်းသာ သွားပါတယ်။ အမှန်အတကယ် မြင်တွေ့လိုက်ရတော့ သူတို့ကိုးကွယ်တဲ့ ရဟန္တာဆိုတာ အဝတ်မဝတ် ကိုယ်လုံးတည်း
များဖြစ်တော့ ကျမရှက်လို့ လုံးဝထွက်မတွေ့တော့ပါဘူး။ ကိုယ်လုံးတည်းပုဂ္ဂိုလကြီးများကလည် သူတို့ကို ထွက်မတွေ့ရလေခြင်းဆိုပြီး ကျမကို နင်ထုတ်ခိုင်ပါတယ်။ ကျမလိုဆွေကြီး မျိုးကြီး ဘယ်နင်ထုတ်ရဲ ပါမလဲနော်။

နောက်တစ် နေ့လည် ဆွမ်းခံဝင်ချိန်လောက် ယောက္ခမ  ထမင်းစာနေတော့ ကျမဝတ္တရာအရ သူကို ယပ်ခတ်ပေးတုန်း  ရဟန်းတစ်ပါး  အိမ်ရှေ့ဆွမ်းလာရပ်ပါတယ်။ စောစောကတော့ ကျမယောက္ခမ ရဟန်းကို မမြင်ဘူးထင်လို့ ကျမဘေးဘယ်ပေးလိုက်ပါသေးတယ်။ နောက်တော့ ဆွမ်းမလောင်းချင်မှန် သိတာနဲ့  “ ကန်တော့ဆွမ်းပါဘုရား..
 ကျမယောက္ခက အဟောင်းစားသူဖြစ်ပါတယ်ဘုရား” လို့ ပြောလောက်တော့ ဒေါသထွက်ပြီး ချက်ခြင်း ဆိုသလို ကျမကို အိမ်ကဆွဲထုတ်ဖို့ အိမ်စေကျွန်မတွေကို အမိန့် ပေးလိုက်ပါတယ်။

သို့သော်လည်း ကျမကို ဘယ်သူမှ ဆွဲမထုတ်ရဲပါ။  နောက်တော့ သူကိုယ်တိုင် “ ဟေ! ဝိသာခါ ယခုချက်ခြင်း အိမ်ကထွက်သွားစမ်း”လို့  မောင်းထုတ်ပါတယ်။

ဒီတော့ ကျမက. ဒီအတိုင်း ထွက်မသွားနိုင်ပါ ကျမလိုက်လာတုန်းက ကျမအဖေက သူဌေးကြီး (၈) ယောက် အပ်လိုက်ပါတယ်။ ဒီသူဌေးကြီးတွေနဲ့ ဖြေရှင်းပြီးမှ ထွက်သွားမယ်လို့ ပြောလိုက်ပါတယ်။
များမကြာခင်မှာပဲ သူဌေးကြီးတွေရောက်လာတော့ ကျမယောက္ခမ ကျမကိုအငြိုးအတေးတွေနဲ့ စွဲးချက်တင်
ပါတော့တယ်။

၁)     စွဲချက်ကတော့ .. ကျမ..သူကို အဟောင်းစားလို့ ပြောတာဟာ သိပ်ယုတ်မာတယ်။ ဒါဟာ ကိုယ့်မစင်ကို ပြန်စားနေတယ်လို့ပြောတာဟု စွဲချက်တင်လိုက်ပါတယ်။  ကျမက ဤသို့ဆိုခြင်းမဟုတ် အဟောင်းစာ ဆိုတာက .. ကျမယောက္ခဟာ အတိတ်က ကုသိုလ်ကံဟောင်းကိုသာ ခံစားစံစားနေပြီး ၊ ပစ္စုပ္ပန်မှာ ဒါနမျိုးစေ့ ချဖို့စိတ်မကူးဘူးလို့သာ ဆိုလိုရင်ဖြစ်ပါတယ်လို့ ရှင်းပြတော့ သဘောကျသွားပါတယ်။

၂)     စွဲချက်ကတော့… ကျမကို အမျိုးသမီးတန်မဲ့.. ညတွင်မင်းကြီး အိမ်နောက်ဖေးကို အိမ်စေတွေနဲ့ ထွက်သွားတယ်တဲ့။ ဒါကလည်းရှင်းပါတယ် .. အိမ်နောက်ဘေးမှ ကလေးမွေးဖွားနေတဲ့ အာာဇာနည်မြင်းကို ဘယ်သူမှ စောင့်ရှောက်မည့်သူမရှိလို့ ကျမတို့မိန်းကလေးတစ်စု အကြင်နာတရားဖြင် ကူညီစောင့်ရှောက်တာပါလိုပြောတော့ ကျေနပ်သွားပြန်ပါတယ်။

၃)     စွဲချက်ကတော့.. ကျမ သာဝတ္ထိလိုက်လာတော့ ကျမအဖိုး ပေးလိုက်တဲ့ သြဝါဒ ( ၁၀) ချက်ပါ။ သူထင်တာက ဒါတွေဟာ လျို့ဝှက်ချက်တွေလို
ထင်နေတာကို။ ကျမက တစ်ခုချင်း နာလည်းအောင် ရှင်းပြလိုက်ပါတယ်။

၁)     အိမ်တွင်းမီ အပြင်မထုတ်ရဆိုတာ.. အိမ်းတွင်းမှာရှိတဲ့ အိမ်တွေင်းရေးပြဿနာ ကိစ္စအဝဝကို အပြင် ဖောက်သည်မချနဲ့ဆိုလိုတာပါ။
၂)     အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည် အိမ်းတွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။
၃)     ပြန်ပေးမယ့်သူကို ပေးဆိုတာ.. ချေးငှားတဲ့အခါ ပြန်တောင်းရမည့်သူကိုသာ ချေးငှားလို့ဆိုတာပါ။
၎)    ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…ပစ္စည်ဥစ္စာချေးငှာတဲ့အခါ ပြန်တောင်းရမ်းလို့မရမည့်သူကို မချေးငှာနဲ့လိုဆိုလိုတာပါ။
၅)    ပေးသင့်သည်ဖြစ်စေ၊ မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ.. ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့ ဘာမှမျှော်လင့်တောင်းတမနေပဲ  ထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။
၆)    ချမ်းသာစွာထိုင်ပါဆိုတာ.. မိမိလင်ယောက်ျား၊ယောက္ခတွေရဲ့အထက်အရပ်၊လေညာအရပ်စသော မပြစ်မလွတ်သောနေမှာ မထိုင်ပဲ၊ အပြစ်ကင်းသော နေရာမှာထိုင်လို့ပြောတာပါ။
၇)   ချစ်သာစွာစဆိုတာ…မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို ရှေးဦးစွားကျွေးပြီးမှ နောက်မှစားပါလို့ ပြောတာပါ။
၈)    ချမ်းသာစွာအိပ်ပါဆိုတာ..  မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာ အိပ်ပါလို့ပြေတာပါ။
၉)    မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. ယောက္ခမတွေကို ကောင်းစွားစောင့်ရှောက်လို့ပြောတာပါ။
၁၀)    အိမ်းဦးနတ်ကိုရိုသေဆိုတာ.. မိမိလင်းယောက်ျားကို အိမ်ဦးနတ်ကဲ့သို ဆက်ဆံရမယ်လို့ ပြောတော့ သူဌေးကြီး (၈)နဲ့ ကျမ ယောက္ခမတို့လည်းး သဘောကျသွားပါတယ်။

တကယ်တော့ ကျမယောက္ခဟာ  ပါရမိရှင်ဖြစ်ပါတယ်။ သို့သော်လည်း ဆရာကောင်းနှင့် မတွေ့၍ အယူမှား၊ အမြင်မှား၊ အတွေးအခေါ်မှားနေခြင်းသာဖြစ်ပါတယ်။ ဒါကို ကျမ ကောင်းကောင်းနားလည်လို့ ကျမအခွင့် အရေးနှင့် သူ့ကို လမ်းမှန်ရောက်အောင်ကူညီဖို့ စိတ်ကူးပေါ်လာပါတယ်။

သူဌေးကြီးရှစ်ယောက်နှင့်အတူ ကျမယောက္ခမရဲ့ သံသယ၊ အထင်လွဲမှားမှုကို ရှင်းလင်းပြီးတာနဲ့ ကျမိဘများ ရှိရာ သာကေတမြို့ ပြန်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့ ကျမယောက္ခမက
 တောင်းတောင်း ပန်းပန်းနဲ့သူမှားကြောင်းနဲ့ မပြန်ဖို့အကြောင်း တောင်ပန်းပါတော့တယ်။ ကျမ အခွင့်ကောင်း ကြုံတာနဲ့ “ ကျမ ဒီမှာ မပြန်စေချင်ရင်  မြတ်စွားဘုရားနဲ့ သံဃာတော်တွေကို ဖူးမျှော်ခွင့်၊ ဆွမ်းလှူးဒါန်းခွင့်ရမှာ နေမယ်လို့” တောင်ဆိုလိုက်ပါတယ်။ ယောက္ခမကြီးလည်း  ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်။

နောက်တစ်နေ့ ဘုရားအမှူးရှိသောသံဃာတော်များကို ပင့်ဖိတ်၍ ယောက္ခကြီးအိမ်မှာ ဆွမ်းကပ်ထား ပါတယ်။ ဒီသတင်းကို ကြားတဲ့ တတ္တိများလည်း သူဒကာ ၊ မြတ်စွားများရဲ့ သာဝကဖြစ်မသွားရေးအတွက် အိပ်ကိုကြွပြီး ယောက္ခမကိုကွယ်ထားပါတယ်။

  မြတ်စွားဘုရားနဲ့သံဃာတော်များ ဆွမ်းကပ်အပြီးမှာတော့ တရားနာဖို့ ယောက္ခမကိုဖိတ်ပါတယ်။

ပထမတော့ တိတ္တိတွေက တားထားလို့ ကျမပဲ နားလိုက်ပါလို့ ပြောပါသေးတယ်။ ကျမက မရမက ခေါ်တာနဲ့ နောက်ဆုံး တင်းတိမ်ကာထဲကနေပြီး တရားနာပါတယ်။

မြတ်စွားဘုရား တရားနာအပြီးမှာ ယောက္ခကြီးမိဂါတာသူဌေး
 သောတာပန်ဖြစ်သွားလို့ ဝမ်းသာပီတိများဖြင့်
 တင်တိမ်ကာမှ ထွက်ကာ  ကျမကိုဖက်လဲတကင်း “ ချစ်သမီး ဝိသာခါ .. မင်းဟာ ငါရဲ့ ဓမ္မမိခင် ကျေးဇူးရှင်
 ဖြစ်သွားပြီး”လို့  ဝမ်းသာအားရ
 ကျေးဇူးစကားဆိုပါတယ်။ ထိုအချိန်ကစ၍ ကျမလည်း နာမည်တခု ထပ်တိုးလာ တာက “ မိဂါရမာတာ” ဖြစ်ပါတယ်။

နောက်တစ်နေ့ ဗုဒ္ဓနှင့်သံဃာတော်များအား ဆွမ်းကပ်ရာ ကျမယောက္ခမလည်း သောတာပန်
 ဖြစ်သွားပါတယ်။ ယောက္ခမအထီးကော၊ အမပါ သောတာပန်ဖြစ်သွားလို့ ကျေးဇူးတင်ကြောင်း တဖွဖွ ပြော၍ နေပါတော့တယ်။  နောက်ဆုံးမှာတော့ ကျမယောက္ခအိမ်မဟာ သံဃာတော်များ အဝင်အထွက်ရှိတဲ့ ဘုရားဒကားအိမ် ဖြစ်သွားပါတယ်။

ကျမ ရည်မှန်းချက် အောင်မြင်ပွဲ ကျမ အတိုက်အခံ
များကြားမှ ကြိုးပမ်းခဲ့တဲ့  ယောက္ခမများ ဓမ္မလမ်းကြောင်းရောက်ရေး  ရည်မှန်းချက် လုပ်ငန်းစဉ်သည် အောင်မြင်သွားပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲ သူတို့က ကျမကို ထူထူကဲကဲ ပူဇော်ပွဲလေး တပွဲလုပ်ချင်နေပါတယ်။
ကျမမှာက  ကိုးကုဋေတန်တဲ့ မဟာလက တန်ဆာရှိပြီးသားပါ။ သို့သော်လည်းဒီအဝတ်အစားက
  နေရာတိုင်းမှာ ဝတ်သွား၍မရ နေရာတိုင်းမှာ ဝတ်လို့ ရတဲ့ ဃနမဋ္ဌက တန်ဆာကို လက်ဆောင်
အဖြစ်ပေးချင်နေပါတယ်။ ကျအဖို့တော့ ပစ္စည်းလက်ဆောင်ထက် ယောက္ခတွေ အယူလွှဲမှာနေရာမှာ အရိယာသူတော်စဉ် အဖြစ်မြင်တွေ့ရကိုပဲ အထူးကျေနပ်ဝမ်းသာလှပါပြီ။

အဖိုးတသိန်းတန်တဲ့  ဃနမဋ္ဌကတန်ဆာ သွန်းလုပ်ပြီးတာနဲ့ ဘုရားအမှူးရှိသော သံဃာတော်တွေကို အိမ်မှာ ဆွမ်းပင့်ပြီး ကျမ- ကျေးဇူးတင်ပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ ကျမ ဃနမဋ္ဌကတန်ဆာကြီး လက်ဆောင် အဖြစ်ရလိုက်ပြန်ပါတယ်။

ကျမ ခွန်အားဗလ ကျမ သားသမီးများ သလောက် ခွန်အားဗလနှင့်ပြည်စုံသူလို့လည်းထင်းရှားပါတယ်။ ကျမ စွမ်းရည်က ဆင်ပြောင် ငါးစီးအားကို ဆောင်နိုင်ပါတယ်။ ဒါကို ကောသလမင်းကြီးက မယုံပါဘူး။

တစ်နေ့ ကျမတို့ အခြွေအရံတွေနှင့်အတူ  ဇေတဝန်ကျောင်းတော်မှ တရားနာပြန်လာတော့
 ကောသလမင်းကြီးရဲ့ နန်းရင်ပြင်ကဖြတ်ပါတယ်။

 မင်းကြီးကျမ ခွန်အားကို စမ်းသပ်လိုလို့ ဆင်ပြောင်ကြီး တစ်ကောင်း လွှတ်လိုက်ပါ တယ်။ ကျန်တဲ့ ကျမအခြွေအရံတွေကတော့ ထွက်ပြေးကြတယ်။ ကျမက ဆင်ကြီးကို လက်ကလေးနှင့် အသာတွန်းလိုက်ရာ
 နောက်သို့ဖင်ထိုင်းကျသွားပါတယ်။ ထိုအခါမှ  ကောသလမင်းကြီး ကျမခွန်အားဗလကို  ယုံသွားပါတယ်။
မဟလကာတန်ဆား ကျောင်းသို့လှူတစ်နေ့သောအခါ.  ကျမ-  နောက်လိုက်ကျွန်မနဲ့အတူ
 ဇေဝတန်ကျောင်းကို တရာနာသွားပါတယ်။

 ကျောင်းနား ရောက်တော့  မဟလကာတန်ဆာကို ချွတ်၍ ဃနမဋ္ဌကတန်ဆာကို လဲဝက်ခါ  ကျမနောက်ကပါလာတဲ့ကျွန်မအားကိုင်ခိုင်းထားလိုက်ပါတယ်။   မြတ်စွားဘုရားတရာတော်နာပြီအပြန်မှာ ကျွန်မက မဟာလကာတန်ဆာကြီး ကျောင်းမှာ မေ့ကျန်ခဲ့ပါတယ်။

ကျွန်မက ပြန်သွားယူမယ်ဆိုတော့ အကယ်၍ အရှင်အာနန္ဒာ ကောက်သိမ်းထားရင် ပြန်မယူခဲ့နှင့်တော လှူထားခဲ့လို့ မှာလိုက်ပါတယ်။

  ကျွန်မ ထွက်သွားပြီး များမကြာခင်မှာ ကျမစဉ်စားမိတာက ..

ဒီမဟာလကာတန်ဆာနဲ့ ဘုရားကျောင်းနဲ့ မသင့်တော်ပါဘူး ထုခွဲရောင်းချပြီး လိုအပ်တာတစ်ခုခု လှူမယ်ဆိုပြီး မဟာလကာတန်ဆားကြီးကို လေလံတင်ရောင်းလိုက်ပါတယ်။ ဘယ်သူမှာ ဝယ်သူမရှိတော့ ကျမဘဲ ပြန်ဝယ်လိုက်ပါတယ်။

ရောင်းရငွေနဲ့ ဘာလှူရရင်ကောင်းမလဲ့လို့ ဘုရားလျှောက်ထားကြည့်တော့ သာဝတ္ထိရဲ့ အရှေ့ဖက် မျက်နှာမှာ ကျောင်းတစ်ကျောင်းဆောက်လှူဖို့ အမိန့်ရှိပါတယ်။

 ဒါနဲ့ကျမလည်း သာဝတ္တိရဲ့ အရှေ့မျက်နှာဖက်မှာ မြေဖို့းက ကိုးကုဋေ
၊ကျောင်းအတွက်က ကိုးကုဋေ၊ ကျောင်းဖွင့်ပွဲအတွက် ကိုးကုဋေ
အားလုံးစုစုပေါင် ၂၇-ကုဋေ အကုန်အကျခံကာ လှူးဒါန်းလိုက်ပါတယ်။

ကျမ ပုဗ္ဗာရုံကျောင်းဆောက်တာ ကိုးလကြာပြီး မြတ်စွာဘုရား ကိုယ်စား အရှင်မဟာမောဂ္ဂလာန်က ဦးစီးဆောက်ပါတယ်။

 ပုဗ္ဗာရုံကျောင်းကြီးရဲ့အနေအထား အနည်ငယ်ပြောပြရရင် ဘုံ ၂-ဆင့်ရှိတဲ့
 ပြသာဒ်ကျောင်းဖြစ်ပြီး 

အထပ်မှာက အခန်း ၅၀၀ ၊အောက်ထပ်မှာ အခန်း ၅၀၀ နဲ့ စုစုပေါင်း  အခန်း ၁၀၀၀ ရှိပါတယ်။ ကျောင်းပတ်လည်မှာ ရှစ်ပယ် ကျယ်ဝန်းပြီး ဥယျာဉ်များ ၊ ပြဿဒ်ငယ်( ၅၀၀) ၊ကျောင်းငယ် ၅၀၀၊ ဇရပ် ၅၀၀တို့လည်းပါဝင်ပါတယ်။

ကျောင်းဆောက်ပြီးနောက် မြတ်စွာဘုရားနှင့်သံဃာတော်များ အား ပုဗ္ဗာရုံကျောင်းမှာ ဝါတွင်းသုံးလ သတင်းသုံးရန် ဖိတ်ကြားသောအခါ လက်ခံတော်မူသောကြောင့်  ပုဗ္ဗာရုံကျောင်း ရေစက်ချပွဲကြီး ခြိမ့်ခြိမ့်သဲ  ကျင်းပြီးသံဃာတော်များအား ဆွမ်းကပ်လှူပါတယ်။

ကျမကျောင်းရေစက်ချပွဲမှာ ပျော်လွန်း၍ ကျောင်းပတ်ခါအရွယ်နှင့်မလိုက်အောင် ကခုန်ပေါက် ပီတိများ တဖွားဖွားဖြစ်ခဲ့ရပါတယ်။

ကျမ ဂေါတမမြတ်စွာဘုရား သာသနာမှလည်း အလှူဒါနအရာမှာအမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် ဧကဒဂ်ဘွဲ့ထူးကို ရရှိ၍ ဆုကြီး ( ၈) ကိုလည်းရရှိခဲ့ပါတယ်။

ဒါကြောင့် ကျမတို့ သာသနာတွင်း လူဖြစ်ခိုက် ၊ ဆရားကောင်းသမားကောင်းများလည် ကြုံကြိုက်ခိုက် ဘဝတည်းဟူသော ပန်းဥယျာဉ်ကြီးမှ ကုသိုလ်တည်းဟူသော ပန်းလှလှလေတွေ ဆွတ်ခူး ဆင်းမြန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်…..။

No comments:

Followers

My Blog List