Thursday, April 1, 2010

ရင်ခုန်မိတာ.. အချစ်လား



"ဘုန်းဘုန်း သီတင်းဘယ်တော့ကျွတ်မှာလည်းဘုရား"

 သီတင်းကျွတ်လ အဝေးကြီး လိုသေးတယ်။ "ဘုန်းကြီးတွေ ဝါတောင်မဆိုရသေးဘူး။
 စက်တင်ဘာလလောက်ကြမှ သီတင်းကျွတ်မှာ တပည့်မရဲ့၊
ဘာတွေလုပ် မလို့လဲ တပည့်မ"

1)
သီတင်းဘယ်တော့ ကျွတ်မှာလဲလို့မေးနေသူကား... အိမ်သို့ ဆွမ်းစားကြွရန် ကားဖြင့်လာပင့်သော တပည့်မ Driver ရဲ့ မေးသောအသံပင်ဖြစ်ပါတယ်။  တပည့်မ တစ်ယောက် နိုင်ငံခြားမှာ အနေကြာတော့ မြန်မာလများကိုပင် ကောင်းကောင်း မမှတ်မိတော့ ဘုန်းကြီးကျောင်းမှာ မြန်မာ ရာသီ လစဉ်ပွဲများတော်များ ကျင်းပကြသော်လည် မြန်မာနိုင်ငံမှာကဲ့သို့ လပြည့်လကွယ်များတွင် မလုပ်ဖြစ် အားလုံး အလုပ်ပိတ်သော စနေ၊ တနင်္ဂနွေနေ့များ၌သာလုပ်ဖြစ်ပါတယ်။

"မေမေကပြောတယ် သတင်းကျွတ်ကျရင် တပည့်တော်မ မင်္ဂလာဆောင်ရမယ်တဲ့"
 သြော်ဟုတ်လား?
 "တပည့်မတောင် မင်္ဂလာဆောင်တော့မယ်နော်"
.. ဘုန်းဘုန်းကလည်း “ဒီအရွယ်မှ အမြီးမပေါက် ဘာမျောက်လဲလို့”
 မေးတော့မယ်ပေါ့ဘုရား။

မှန်ပါတယ်...။
ကိုယ့်ရှေ့မှာ ကြီးပြင်းလာသူတွေမို့ ကလေးလို့သာ ထင်မှတ်နေတာ။   သို့သော်လည်း တပည့်မတစ်ယောက်  ကျောင်းပြီး၍ အလုပ်ခွင်ဝင်နေပြီမဟုတ်ပါလား? စသည်ဖြင့် တပည့်မ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ ဟိုင်းဝေး ကားလမ်းမ တလျှောက် တပည့်မ မောင်းသောကားကို ငြိမ်းသက်စွာဖြင် စီးနင်းလိုက်ပါရင်း "အချစ်အကြာင်း" ကို အတွေးနယ်ချဲခဲ့ပါ၏။
2)
ဗုဒ္ဓစာပေတွေမှာတော့ “စက္ခု ရူပေန သံဝါသော” မျက်စိနှင့် အဆင်းရူပါရုံတို့ ပေါင်းဆုံလိုက်တဲအခါမှာ အချစ်ဖြစ်ပေါ်လာတယ် လို့ဆိုပါတယ်။ မြင်မြင်ခြင်းပဲ ချစ်မိတယ်ပေါ့လေ.... ဒါကိုပဲ စိတ်ပညာရှင်များက မျိုးရိုးဗိဇအရ အဆင်းနဲ့ အနံ့ဟာ တစ်စုံတရာကို တက်နှစ်သက်မိစေဖို့ “ခလုတ်”နဲ့တူတယ်တဲ့ ထိတွေ့မှု၊ ပေါင်းဆုံ မှု “ဖဿ” ဖြစ်လာချိန်မှာ “အချစ်” စတင်ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။

ဒီနေရာမှာ ထိတွေ့မှု ဖဿဆိုတဲ့ စကားကို အဘိဓမ္မာနည်းအရ. အနည်းငယ်ပြောချင်ပါသေးတယ်.. အဆင်းရူပါရုံနဲ့ စက္ခုပသာဒတို့ ထိတွေတယ်ဆိုတာ ..လက်နဲ့ကိုင်သလို ထိတွေ့မှု့မျိုးကို မဆိုလိုသေး ပါဘူး ။ ဓာတ်သဘောအရ တွေ့ထိခြင်းကစပါတယ်။ ဥပမာ.. ထင်ရှားအောင်ပြရရင်.. မိမိအနီးနာမှာ အချဉ်စား နေတဲ့ လူတစ်ယောက်ကို မြင်ရုံနဲ့ မိမိပါ ..သွားရေကျလာသလိုပါပဲ။

ဓာတုဗေဒပညာရှင်တွေ သုတေသနပြုချက်အရတော့ အချစ်ပေါ် ပေါက်လာဖို့ အဆင့်လေးဆင့်ရှိတယ်လို့ဆိုပါတယ်။

* ၁။ အဆင်းရူပါရုံနဲ့ မျက်စိတို့ပေါင်းဆုံမိလို့ “အချစ်” ပေါ်ပေါက်လာပါတယ်။

* ၂။ စွဲလမ်း,တိမ်းညွတ်,ကပ်ငြီခြင်း
ဒီတော့ အသိမှတဆင့် ဦးနှောက်ကို ဆုံးဖြတ်ဖို့ပို့လိုက်ပါတယ်။ လက်ခံနိုင်သော အချစ်လား စသည်ဖြင့်ပေါ့။ ဓာတုဗေဒ ဝေါဟာရတွေနဲ့ ပြောရရင်တော့ “ဖီနိုင်းအီသာလမင်း”(PEA)တွေထုတ်ပေးတယ်။ အဲဒီ PEA နဲ့အတူ အာရုံကြောဆိုင်ရာ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ (Dompamine)နဲ့ Norepinephrine) ထုတ်ပေးပါတယ်။

ဒါတွေဟာ “သဘာဝရဲ့ အက်ဖတမင်” တွေပါတဲ့။ ဒီဓာတုပစ္စည်တွေဟာ ကြီးကျယ်သော ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ခြားခြင်း ဆိုတဲ့ ရသတို့သာမကဘဲ၊ စိတ်ကြီးဝင်ခြင်း (အထူးပျော်ရွင်ခြင်း) တွေကို အားပေးပါသတဲ့။

ဗုဒ္ဓစာပေနဲ့ပြောရင်တော့
“ဖဿ ပစ္စယာ ဝေဒနာ” မျက်စေနဲ့အဆင်းပေါင်းဆုံးခြင်းမှ စွဲလမ်းခြင်း။
“ဝေဒနာ ပစ္စယာ တဏှာ” စွဲလမ်းခြင်းမှာ တက်မက်ခြင်းတွေ ဖြစ်ပေါ်လာတယ်လို့ မြတ်ဗုဒ္ဓဟောတော်မူပါတယ်။

ဓာတုဗေဒပညာရှင်တွေက.. ဒီစွဲလမ်းခြင်းဟာ မမြဲပါဘူးတဲ့ အလွန်ဆုံး (၂)နှစ်မှ (၃)နှစ်သာခံတယ်လို့ဆိုပါတယ်။

 သွေးထွက်အောင် မှန်လိုက်လေ၊   ဗုဒ္ဓတော့ ခဏဖြစ် ၊ ခဏပျက်တဲ့။
ဒါကြောင့်မို့ပေါ့ ရှေးသူမများက သားသမီးမျာ ရည်းစားထားရင် သုံးနှစ်သုံမိုး စောင့်ပြီးမှ အိမ်ထောင်ပြုပါတဲ့ ၊ သုံနှစ်ကျော်လို့မှ ချစ်နေသေးရင် တဏှာချစ် သို့မဟုတ် အရှုးအမှုချစ်မဟုတ်ပဲ.. မေတ္တာချစ်ဖြစ်လာနိုင်လို့  ဆိုဆုံးမတာဖြစ်နိုင်ပါတယ်။

* ၃။စေးကပ်တွယ်ငြိ၊ သံယောဇဉ်ဖြစ်ခြင်း

“တနေ့ မတွေ့ရရင် အိပ်လို့မပျော်ဘူး၊ စားလို့မ၀င်ဆို”....စတဲ့ သီချင်းလိုပေါ့
အစုံအစုံသော ချစ်သူများရဲ့ ဦးနှောက်များထဲကနေ “ဖော်မင်”ဓာတ်လို အစွမ်းရှိတဲ့ “အင်ဒေါ်ဖင်” ဓာတ်တွေ လျှံလျှံကျနေရောတဲ့။ ကျသမှ အများကြီး တပုံကြီးတဲ့။ ဦးနှောက်ကိုဖြတ်သန်း စီးဆင်း “အင်ဒေါဖင် မြစ်ကြီးပေါ့လေ။ ဒီအခါမှာ လုံခြုံခြင်း ( အချစ်ဆိုတာ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကြီးပေါ့) ငြိမ်းအေးမျောလွင့်ခြင်း (အချစ်ဆိုတဲ့ နိဗ္ဗာန်ဘုံပေါ့) မုန်တိုင်း မဆင်းမိ ငြိမ်သက်နေတဲ့ လေတစ်မျှ သာယာလှပနေတဲ့( အချစ်ဆိုတာ လေပြေ လေညှင့်း) မောင်နဲ့သာဆိုရင်ကွယ် ဘယ်လိုပဲ အေးအေး မြောက်ဝန်ရိုးစွန်းတောင်းသွားနေမယ့်။ သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည် ချစ်သူရင်ခွင်ကြား နားနား နေနေ စတဲ့ မာမာအေး သီချင်းများလိုဖြစ်ကုန်ရော။

ဗုဒ္ဓကလည်း ဒါကို လေ့လာတွေ့ရှိပြီးသားပါ.. ဓာတုဗေဒ ဓာတ်ပေါင်းဖိုနဲ့တော့ မဟုတ်ပါဘူး ဉာဏ်မျက်စီနဲ့ပါ။
“တဏှာ ပစ္စယာ ဥပါဒါနံ”တဲ့
တက်မက်ခြင်းကြောင်း စွဲလမ်း ငြိတွယ် သံယောဇဉ်တွေဖြစ်ကုန်ပါတယ်တဲ့။

၎။   နယ်ကျွံခြင်း ( သို့မဟုတ်) နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခြင်းတဲ့

ဒီအဆင့်မှာတော့ “ပီကျုထရီဂလင်း” ဓာတ်တွေကနေ “အောက်စီတောက်ဆင်” အတွေ့ ဓာတုပစ္စည်းများ ဒလဟော သွန်ချပါလေရောတဲ့။

 ဗုဒ္ဓကတော့ “ဥပါဒါန ပစ္စယာ ဘဝေါ”တဲ့ စွဲလမ်းခြင်းမှစ၍ ဘ၀ပေါင်းဆုံကြရသတဲ့။

နောက်ဆုံး ဓာတုဗေဒ ပညာရှင်တွေ မှတ်ချက်ချတာကတော့
 “အချစ်ဆိုတာ ပေါင်းစပ်ထားတဲ့  ဓာတ်တွေပါပဲ" တဲ့
 ဗုဒ္ဓကတော့ သက်ရှိ/ သက်မဲ့အရာအာလုံးဟာ ဓာတ်ကြီး လေးပါးမျှသာ ဖြစ်တယ်    ယောကျာ်း/မိန်းမ မရှိတဲ့။
Queen ဆိုတဲ့ ကမ္ဘာကျော် အဖွဲ့ကြီးက Ads နဲ့ကွယ်လွန်သွားတဲ့ ဖရက်ဒီမာကျူရီ ဆိုခဲ့ပါတယ်။ “A Little Crazy Thing Called Love" အနည်ငယ်မျှ ရူးသွပ်ခြင်းကို အချစ်ဟုခေါ်သည်တဲ့။

မြတ်ဗုဒ္ဓက.. “ပုထုဇ္ဇနော ဥမ္မတ္တကော” ပုထုဇဉ်မှန်သမျှ အရူးတွေချည်းပဲတဲ့။ ပုထုဇဉ်မှန်သမျှ အချစ်ကိုယ်စီ ရှိကြလို့ဖြစ်မှာပေါ့။

ကဲ.... အချစ်အကြောင်း စဉ်းစားလိုက်တာ တပည့်မ အိမ်နားတောင် ရောက်သွားပြီ။ အမေဖြစ်သူက အိမ်ရှေ့မှ ထွက်ကြို၍ မင်္ဂလာပါ အရှင်ဘုရားတဲ့။ ဒီနေ့ဆွမ်းကတော့ တပည့်တော်မှ သမီးအတွက် “စေ့စပ် ကြောင်းလမ်း မင်္ဂလာဆွမ်းပါဘုရား” တဲ့။

အိမ်း... ကောင်းပြီး တပည့်မ အိမ်ထောင်ရေး ကောင်းမွန်အေးချမ်းသာယာမှုရှိပါစေလို့ စိတ်ထည်မှ   ရေးရွတ်ရင်းဖြင့်...။

No comments:

Followers

My Blog List