ဓနဉ္စယသူဌေးကို သဘောကျလို့် စာရေးသူ ဆရာဘုန်းကြီးတစ်ပါး ငွေတစ်သိန်းအိပ်ထဲ ထည့်ကာ လို့အပ်သူများကို အိပ်ထဲမှ နှိုက်၍ နှိုက်၍ လှူဒါန်းရာ ပထမကြိပ်တွင် ကုန်သွားသည်ဟုဆိုသည်။ တတိယအကြိပ်မြောက်မှာတော့ အိပ်ထဲထည့်ထာသော ငွေတသိန်းကုန်မသွားပဲ အမြဲတန်း တသိန်းကျော်နေသည်ကို အံဩစွာ တွေ့ကြုံရသည်ဟု ပြောဖူးသည်။ စာရေးသူလည်း စမ်းကြည့်ရာ.. ဘဏ်မှ ငါးရာကို လှူဒါန်းလိုက်ရာ ယနေ့ အထိ ဘဏ်မှာ ငါးရာမက ရှိနေသည်ကိုလေ့လာ တွေ့ရှိရသည်။
***************************************************************************
အတိတ်ဘဝ -၁
“ရှင်မ… တို့ဒီနေ့က စလို့ ဆန်း၊စပါးတွေ ရသလောက် ဝယ်စုထားရအောင်”
“အို… ဘာလုပ်ဖို့လဲ .. အိမ်မှာ ဆံစပါး တစ်နှစ်စာ ဖူလုံနေပြီးမဟုတ်းလာ”
‘ဟုတ်တော့ ဟုတ်တယ်ဟ…ဒါပေမယ့်’
‘ဒါပေမယ့် ဘာဖြစ်လဲ ပြောပါဦး’
‘ဒီနေ့ ငါ ဘုရင်ထံ အခစားသွားတော့ လမ်းမှ ပရောဟိတ်ပုဏ္ဏားတစ်ယောက်နဲ့
တွေ့ခဲ့တယ်။ ဒီနှစ်မှာ ဂြိုလ် ၊ နက္ခတ် ၊ ရာသီဥတု အခြေအနေ ဘာထူးလဲလို့မေးတော့။ ဒီနှစ်မှစလို့
မိုးအကြီးအကျယ်ခေါင်ပြီး ငတ်မွတ်ခေါင်း ပါးဘေးကြီးဆိုက်မတဲ့ရှင်မ’
အတိတ်ဘဝက မဏ္ဍကသူဌေးလောင်းဟာ ဗာရာဏသီမှာ သူဌေးတစ်ယောက်ဖြစ်ခဲ့တယ်။ ပုဏ္ဏာရဲ့ ဟောပြောချက်ကြောင့် ဆန်းစပါးများကို ရသလောက်
စုဆောင်းထားသော်လည်း အိမ်းမှာ သားနှင့်ချွေမ၊ အခြားကျွန်များစွာရှိတာကြောင့် တကယ်မိုးခေါင်ရေခြား ငတ်မွတ်ခေါင်းပါတဲ့အခါ ကျွန်ပရိတ်များကို ရေရှည်စောင့်ရှောက် မထားနိုင်တော့။
ဒီတော့မှ သူဌေးက သင်တို့သွားလိုရာကို သွားလို့ရပြီ သင့်တင့်သလို အသက်မွေးကြဟုဆိုကာ
အိမ်ကျွန်များကို လွတ်လပ်ခွင့်ပေးလိုက်တယ်။
မိုးခေါင်းရေရှားပါးမှု နှစ်တွေကြာလာတော့ သူဌေးအိမ်
စပါးကျည်မှ စပါးများ ကုန်လုနီးပါး ဖြစ်သွားတယ်။ နောက်ဆုံး စပါးကျီကို ခြစ်ခြုပ် စုပေါင်းလိုက်တာ ဆန်းတစ်စလယ်မျှလောက်ရတယ်။
သူဌေးကတော်က မိသားစု လေးယောက်စားဖို့ ဒီဆန်းတစ်စလယ်ကို ချက်လိုက်တယ်။
မိသားစု စားဖို့ ပြင်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်
ပစ္စေကဗုဒ္ဓါတစ်ပါးက အိမ်ရှေ့ကို ဆွမ်းလာရပ်တယ်။
ဒါကို မြင်တော့သူဌေးကြီးက …
“ ငါဟာ ရှေးက ဒါနမျိုးစေ့နည်းခဲ့လို့ ယခုလို ငတ်မွတ်ခေါင်းပါးသော
ဘေးနဲ့ ကြုံတွေ့ရတယ်။ ငါဒီဘဝမှာ မဝတဝစားရမယ့် ဒီထမင်းကို ပါရမီဖြစ်စေဖို့ ပစ္စေကဗုဒ္ဓါအားလောင်းလှူလိုက်မယ်”ဟု
စဉ်းစားလိုက်တယ်။
ထိုနောက် သူဌေးကြီးက ပစ္စေကဗုဒ္ဓါအား အိမ်ထဲသို့ ပင့်ဆောင်က
သူ့အတွက် ဝေစု အနည်းမျှသော ထမင်း များကို လောင်းလှူကာ ..
“ ဤကောင်းမှုကြောင့် ဖြစ်လေရာ ဘဝတိုင်းမှာ ငတ်မွတ်ခေါင်းပါသော
ဘေးကြီးမှ ကင်းဝေရပါစေသား။ အလိုရှိလို့ တောင်းတတဲ့အခါ ကောင်းကင်ကို မော်ကြည့်လိုက်ရုံမျှဖြင့်
ဆန်း၊စပါးများ မိုးကဲ့သို့ ရွာချကာ စပါးကျီ အပြည့်ဖြစ်ပါစေသား၊ ဤချစ်ဇနီး၊သား၊သမီးတို့နှင့်လည်း
မကွဲမကွာ အတူဖြစ်ရပါစေသား” လို့ ဆုတောင်းလောင်လိုက်တယ်။
လင်ယောကျာ်းဆုတောင်ကို အားကျလို့ ဇနီးကလည်း အားကျမခံ
သူ့ဝေစုကို လှူဒါန်းကာ
“ ဤကောင်းမှုကြောင့် ဖြစ်လေရာ ဘဝတိုင်းမှာ.. တစ်စလယ်ချက်
ထမင်းအိုးမှ လာသမျှ လူတိုင်းကို စေစပ် အောင်ဝေငှသော်လည်း
မကုန်နိုင် မခမ်းနိုင်ဖြစ်ပါစေသား”လို့ဆုတောင်းလိုက်တယ်။
သားနှင့်ချွေမ၊ အိမ်ကျွန်များကလည်း မိဘတွေတောင် လှူကြတာပဲ
ငါတို့ဝေစုကိုလည်း လှူကြမယ်ဟု ဆိုကာ ပစ္စေကဗုဒ္ဓါအား လှူဒါန်းကြပြီး အသီးသီးဆုပန်ကြတယ်။
ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဆွမ်းခံပြီး ဂန္ဓမာတောင်ကို
ကောင်းကင်ခရီးဖြင့် ပြန်ကြွတယ်။
လောင်းလှူလိုက်သော တစ်စလယ်ချက်ကို သတင်းသုံဖော် တို့အား
ဝေငှ လှူဒါန်းရာ တန်းခိုးကြောင့် ပစ္စေကဗုဒ္ဓါ
၅၀၀ အား ဘုဉ်ပေးနိုင်သည်အထိ ပွားများသွားတယ်။
ညဉ်ဦးပေါက်ရောက်တော့ .. တစ်နေကုန် အစာမစားရသေးတာကြောင့်
သူဌေးကြီးက ဗိုက်ဆာတာနဲ့ ဇနီးအား ၊ နည်းနည်း
ထမင်းအိုးကပ်လေးများ ကျန်လိုကျန်ငြား သွားကြည့်ပါဦးရှင်မ လို့ပြောတော့ ဇနီးက သူကိုယ်တိုင် အိုးခွက် ပြောင်အောင်ဆေးထားပြီးဖြစ်၍
ဘာမျှ မကျန်းမှန်းသိသောလည်း လင်ယောက်ျား စိတ်ချမ်းသာအောင် သွားကြည့်ခိုက်မှာ ထမင်းအိုးမှာ ထမင်းများ ပြည့်ဖြိုးမောက်နေတာကို
တအံ့တဩတွေရတယ်။ ထိုနောက် မိသားစု အားရဝမ်းသာ စားကြပြီး ။ ထူးကဲတဲ့ အလှူဒါနအကျိုးကို
ပြချင်လို့ ဗာရာဏသီ မြို့သူ/သားများကို တစလယ်ဝင်အိုး ထမင်းများကို ခေါ်ကြွေးသော်လည်း လုံးဝ
ကုန်သွားခြင်းမရှိပေ။
အတိတ်အကြောင်း - ၂
ဝိပဿီမြတ်စွာဘုရားလက်ထက်တုန်းက
အဝရာဇသူဌေးက မြတ်စွာဘုရားအား ကြည်ညိုလို့ ဂန္ဓကုဋိ တိုက်ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းတယ်။
တူဖြစ်တဲ့ မဏ္ဍကသူဌေးလောင်း စူဠအဝရောဇက သူလည်း ဦးလေးကျောင်းအလှူမှာ ပါဝင်လှူဒါန်းချင်တယ်လို့
ဆန္ဒပြုသော်လည်း ပါဝင်ခွင့်မရလို့ ၊ ကျောင်းဝင်းအလယ်မှာ သီခြား ဓမ္မသာလာဇရပ်တစ်ခုကို
ဆောက်လုပ်လှူဒါန်းတယ်။ ဒီဇရပ်ကို ရတနာ ခုနစ်ပါးနဲ့ စီခြယ်ထားပြီး အလယ်မှာ ရွှေဆိတ်ရုပ်ခံ
တရားဟောပလ္လင်တစ်ခု တည်ဆောက်တယ်။ ဓမ္မသာလာဇရပ် ရေးစက်ချပွဲကြီးကို လေးလတိုင်တိုင်ကျင်းပလို့
ရဟန်းသံဃာများအား အလှူဒါနပြုလုပ်ခဲ့တယ်။
ဤကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ်၊နတ်စည်းစိမ်အကြိမ်ကြိမ်ခံစားကာ
ဗာရာဏသီပြည်မှာ သူဌေး လားဖြစ်ရခြင်းဖြစ်တယ်။
ပစ္စုပ္ပန်အကြောင်း
ဂေါတမမြတ်စွာဘုရား လက်ထက်မှာတော့ ဘဒ္ဒိယမြို့မှာ လူသိများတဲ့ မဏ္ဍကသူဌေးဖြစ်လာပြန်တယ်။
ပါရမီဖြည့်ဖက် ဇနီးနာမည်က စန္ဒပဒုမတဲ့။
အတိတ်ဘဝက တရားပလ္လင်မှာ ရွှေဆိတ်ရုပ်ခံကာ လှူဒါန်ခဲ့တဲ့
ကုသိုလ်ကံကြောင့် အဲဒီမြို့မှာ ရွှေဆိတ်သူဌေး လို့ ထင်းရှားတယ်။ သူ့အိမ်နောက်ဖေးမှာလည်း
အင်မတန်ကြီးမားတဲ့ ရွှေဆိပ်ရုပ်တွေနဲ့ ပြည့်နှက်နေတယ်။ သူဌေးအလိုရှိတဲ့အခါ ဆိတ်ရုပ်ပါးစပ်နှိုက်လိုက်ရုံဖြင့်
အဝတ်အထည်၊အစားအစာ၊ ရွှေ၊ငွေ လိုတာ အကုန်ရ ဖြစ်လာတယ်။
သူဌေးကတော်မှာလည်း ဆန်တစ်စလယ်ချက်ဖြင့် လာသမျှလူတိုင်းကို
ကျွေးမွေးဧည့်ခံသော်လည်း လုံးဝကုန်သွားခြင်းမရှိပါ။ ထို့အတူ သူဌေးသား ဓနဉ္စယကလည်း အသပြာတစ်ထောင်အိပ်ကို
အလုပ်သမာများအား တစ်နေကုန်ထိုင်ပေးသော်လည်း အိပ်ထဲမှာ တစ်ထောင်လုံးဝ လုံးဝ ရော့သွားခြင်းမရှိ၊
ချွေးမ သုမနဒေဝီကလည်း လိုအပ်သူများကို စပါးတောင်ထဲမှာ
စပါးတွေ ထုတ်ပေးနေသော်လည်း စပါးများ လုံးဝလုံသွားခြင်းမရှိပါ။
မှတ်ဖွယ်….
ဤအထက်ဖော်ပြပါ ဓနဉ္စယသူဌေးကို သဘောကျလို့် စာရေးသူ ဆရာဘုန်းကြီးတစ်ပါး
ငွေတစ်သိန်းအိပ်ထဲ ထည့်ကာ လို့အပ်သူများကို အိပ်ထဲမှ နှိုက်၍ နှိုက်၍ လှူဒါန်းရာ ပထမကြိပ်တွင် ကုန်သွားသည်ဟုဆိုသည်။ တတိယအကြိပ်မြောက်မှာတော့ အိပ်ထဲထည့်ထာသော ငွေတသိန်းကုန်မသွားပဲ အမြဲတန်း
တသိန်းကျော်နေသည်ကို အံဩစွာ တွေ့ကြုံရသည်ဟု ပြောဖူးသည်။ စာရေးသူလည်း စမ်းကြည့်ရာ..
ဘဏ်မှ ငါးရာကို လှူဒါန်းလိုက်ရာ ယနေ့ အထိ ဘဏ်မှာ
ငါးရာမက ရှိနေသည်ကိုလေ့လာ တွေ့ရှိရသည်။
တစ်နေ့သောအခါ မြတ်စွာရာဟာ နောက်ပါရဟန်းတော်များနဲ့အတူ
ဘဒ္ဒိယမြို့ကို ကြွရောက်လာတယ်။
မဏ္ဍကသူဌေးလည်း မြို့သူ/သားများနှင့်အတူ မြတ်စွာဘုးရားကို
သွားရောက် ခရီးဦးကြိုဆိုတယ်။ ထို့နောက် မြတ်စွာရာ
တရားကို နားကြားမှတ်သားရလို့ သူဌေးကြီးသောတာပန်တည်ကာ သာသနာ့ဒါကာဖြစ်လာတယ်။
သူဌေးကြီး မြတ်စွာဘုရားနှင့် စကားပြောရင်း…သူဌေးကြီးမူလ
ဆရာများဖြစ်ကြတဲ့ တတ္တိများက
မြတ်စွဘုရာထံမသွားဖို့ မြတ်စွာဘုရားဟာ အကြိရိယ- အကြောင်းမဲ့အယူရှိသူဖြစ်တယ်
မသွားနဲ့ ဟု တားမြစ်ဖူး ကြောင်း လျှောက်ထားရာ… မြတ်စွာဘုရားက
မဏ္ဍက …
သတ္တဝါတွေဟာ ကိုယ့်အပြစ်ကိုတော့ မမြင်တတ်ကြဘူး၊ သူတစ်ပါး
အပြစ်ကိုသာ မြင်တတ်ကြတယ်။
ငှက်ပစ်မုဆိုးဟာ သူ့ကိုယ်ကို ဖုံးလွမ်းဖို့ သစ်ခက်များနဲ့
ကာကွယ်သကဲ့သို့
လူတို့သည် သူတစ်ပါးအပြစ်ကို ပြောဆိုကာ ဖုံးအုပ်တတ်ကြတယ်လို့
မိန့်ကြားတော်မူပါတယ်။
မလဝဂ်၊မဏ္ဍကသေဋ္ဌိကို မျှဝေခံစားပါသည်။
သင်ခန်းစာ… ၁)
သူဌေးကြီး၏ စိတ်ဓာတ်မှာ အတုဖွယ်ကောင်းသည် အတိတ်ဘဝတစ်ခုတွင်
မြတ်စွာဘုရာ သီတင်းသုံးဖို့ ကျောင်းဆောက်ခွင့်မရသော်လည်း၊ သာမန်ဇရပ်တစ်ဆောင်ကို ဆောက်လှူခဲ့သည်။
ယနေ့ ခေတ်လူများ ငါ..ဒါကိုမှ မလုပ်ရလျှင် ငါ မပါတော့ဟု ခံယူချက်ရှိသူများ မှတ်သားထိုက်ပေစွ။
သင်ခန်းစာ ..၂)
လူတွေက ငတ်မွတ်ခေါင်းပါး
အစာရေစာ ရှားပါနေချိန် လုမည် ယက်မည် တကဲကဲဖြစ်နေချိန်တွင် အတ္တအတွက် မငဲ့ကွက်ပဲ… မိမိဝေစုကို ပစ္စေကဗုဒ္ဓါအား လှူဒါန်းလိုက်ပုံနှင့်
၊ နောက်လိုက် ဇနီး၊သားနှင့် ကျွန်တို့ကပါ စိတ်တူ ကိုယ်တူ မိမိဝေစုတွေကို လှူဒါန်းလိုက်ခြင်းမှာ
အင်မတန် ကြည်နူးဖွယ်ရာ မြင်းကွင် တစ်ခုပေ။ မိမိက ရှေ့က နေ၍ စွန့်လွတ်ပေးခြင်းအတွက်
နောက်မှာ စွန့်လွတ်မည်သူများစွာ ရှိနေတယ်ဆိုတာ သိသာထင်ရှားစေသည်။
သင်ခန်းစာ….၃)
လောကတွင် အချို့ လောကကောင်းကျိုးအတွက် လူတော်လူကောင်းဖြစ်အောင်
ကြိုးစားနေချိန်တွင် အဖျက်သမား၊ အနှောက်အယှက် တတ္တိတို့လို အဖွဲများ ရှိတတ်သည်ကိုလည်း
သင်ခန်းစာရပေသည်။
No comments:
Post a Comment