‘ဟေ! ဟိုအိုးက ငါ့အိုး ငါအရင်မြင်တာနော် မိန်းမ’
‘ငါလည်းမြင်တယ်…။ အိုးထဲမှာပါတဲ့ ပစ္စည်း ငါပစ္စည်းသိလား’
ဂင်္ဂါမြစ်ဆိပ်ကမ်းမှ မိန်းမနှစ်ယောက် ရေမျှောလာသော အိုးကို
သူပိုင်တယ်၊ ငါပိုင်တယ်ဟု လုနေခြင်း ဖြစ်၏။
မိန်းမနှစ်ယောက် အိုးကို ဆယ်ယူ၍ ကြည့်လိုက်သောအခါ ချစ်စဖွယ်
ကလေးငယ်ကို တွေ့မြင်၍ သူပိုင်ငါပိုင် အငြင်းပွားရာမှ တရားရုံးကိုရောက်သွားကြသည်။ တရားသူကြီးက
ဥပဒေနှင့် လျှော်ညီစွာ “ အိုးထဲမှာပါတဲ့ ပစ္စည်း ငါ့ပစ္စည်” ဟု ပြောဆိုသော မိန်းမအား
အနိုင်ပေးလိုက်သည်။ ကလေးရသော မိန်းကလေးက ဝမ်းသာအားရ ကလေးကို ‘ ဇဋိလ’ ဟုအမည်ပေးကာ မွေးစားလိုက်သည်။
မြစ်ထဲအမျှောခံရခြင်း အတိတ်ကြောင်း..
ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ဗာရာဏသီမြို့သားတို့
ဘုရားဓာတ်တော်များကို ဌာပနာရန် ရွှေစေတီကြီး တစ်ဆူကို တည်ဆောက်ကြလေသည်။ထိုစဉ် စေတီကြီး
မြောက်မုဒ် အတွက် ရွှေများလိုအပ်နေသောကြောင့် ရဟန္တာမထေရ် တစ်ပါးက စေတီတော်အတွက် ရပ်ကွက်ထဲကို
တစ်အိမ်ဆင်း တစ်အိမ်တက် အလှူခံလေ၏။
ထိုအခါ ဇဋိလသူဌေးလောင်း
ရွှေပန်းထိမ်သည် လင်မယားချင်း စကားများနေချိန် ရောက်သွား၏ ၊ မထေရ်က စေတီတော်ကြီးအတွက်
ရွှေလိုအပ်နေ၍ အလှူခံလာခြင်း ဖြစ်ကြောင်း ပြောသောအခါ.. စိတ်ဆိုးနေသော ပန်းတိမ်သည်က
“ ရွှေလိုအပ်နေရင် စေတီ ဆက်မတည်ပဲ ဓာတ်တော်တွေကို
ရေထဲမျှောလိုက်ပါလား" ဟု ပြောမိလိုက်၏။ ထိုအခါ
မယားဖြစ်သူက “ရှင် ကျမကို စိတ်ဆိုးရင် ကျမကိုရိုက်ပေါ့ အကြောင်းမဲ့ ဘုရားရှင်ကိုတော့ မစော်ကားကောင်းပါဘူး”ဟု ပြောမှ ပန်းတိမ်သည် သူ့အမှားကို သတိရကာ ရဟန္တာအရှင်မြတ်ခြေရင်းမှာ
ဝတ်စင်းတောင်းပန်လေသည်။
“ ဒကာတော် ငါကိုတောင်းပန်စရာ မလိုဘူး ၊ ဘုရားကိုပြစ်မှားတဲ့အတွက်
ဘုရားကိုသာ တောင်းပန်ပါဟု မထေရ်မြတ်ကမိန့်ကြားတော်မူ၏။ မထေရ်၏ ညွှန်ကြားချက်ဖြင့် ရွှေအိုးသုံးလုံးနှင့်တကွ
တစ်ထွာခန့်စီရှိသော ရွှေပန်းခိုင်းများပြုလုပ်၏။ ဖခင်ဖြစ်သူက သူရဲ့ မြတ်စွာဘုရား တောင်းပန်ကန်တောပွဲမှာ သားများကိုလည်း
ကုသိုလ်အတူပါဝင်ဖို့ဖိတ်ခေါ်သော် သားကြီးနှစ်ယောက်က ကိုယ့်အပြစ်ကိုယ်ခံသဘောမျိုးဖြင့်
ဘာမှအကူအညီ မရဘဲ သားငယ်တစ်ယောက်သာ အကူအညီရလေသည်။
ဤကုသိုလ်ကြောင့် သေလွန်သောအခါ လူပြည်၊ နတ်ပြည်ဘဝပေါင်းများစွာ
ကျင်လည်ကာ ဂေါမမြတ်စွာဘုရား လက်ထွက်တွင် ဘုံခုနစ်ဆင့်တွင် တစ်ယောက်တည်း နေသော သူဌေးသမီးတွင်
ကိုယ်ဝန်သွားတည်လေသည်။ ဖြစ်ပုံမှာ သူဌေးများက သူတို့သမီး လူတို့နှင့် ထိတွေ့မှာစိုးလို့
ထိမ်းသိမ်းထားရာမှ ဝိဇ္ဖာဓိုရ်တစ်ယောက်နှင့် ဖောက်ပြားကာ ကိုယ်ဝန်ရလားခြင်းဖြစ်၏။ သို့ဖြစ်၍
ကလေးမွေးသောအခါ မိဘများမသိအောင် ကျွန်မများအား ကလေးကို အိုးထဲထည့်ကာ ဂင်္ဂါမြစ်ထဲသို့
မျှောလိုက်ခြင်းဖြစ်၏။
ဤကဲ့သို လင်မယာနှစ်ယောက် စကားများခိုက် အမှတ်တမဲ့ ဘုရားအား
ပစ်မှားမိသော အကုသိုလ်ကံကြောင့် လူဖြစ်လာသောအခါ အိုထဲထည့်ကာ ရေမျှောခံရခြင်းဖြစ်၏။
ဇဋိလ ခုနစ်နှစ် ရှစ်နှစ်အရွယ်ရောက်သောအခါ မွေးစားအမေက
သူကိုးကွယ်ဆီးကပ်သော ရှင်မဟာကစ္စည်းထံ ရှင်ပြုရန် အပ်နှံလိုက်လေသည်။ ဆရာတော်က ကလေး၏
ဘုန်းကံ ပါရမီကို သိ၍ ငယ်စဉ်အခါ လောကီ ချမ်းသားများကို ခံစားစေဦးဟု ကြံရွယ်ကာ တက္ကသိုလ်တိုင်းပြည်မှ
ဒကာရင်း သူဌေးထံအပ်နှံလိုက်လေသည်။ သဌေးကလည်း
ကလေးအား ကောင်းစွာပြုစု စောင့်ရှောက်ကာ အတတ်ပညာများသင်ကြာပေးလေး၏။
ဇဋိလအရွယ်လောက်လာသောအခါ လိမ္မာရေးခြား၊ ပါးရေနပ်ရေရှိပြီး
သူဌေးရဲ့ အရောင်းအဝယ်ကိစ္စတွင် အားထားရသော လူငယ်တစ်ယောက်ဖြစ်လာသည်။
တစ်နေ့တွင် သူဌေးက ရောင်းချရန်ပစ္စည်းများကို ဇဋိလအားအပ်ခဲ့ပြီး အလုပ်ကိစ္စဖြင့်
ခရီးထွက်သွား၏ ။ သူဌေးခရီးက ပြန်လာသောအခါ ထားခဲ့သော ပစ္စည်းများ ကုန်လုနီးပါးဖြစ်နေ၍
တုန်လှုပ်ရှောက်ခြားသွား၏ ။ ‘မောင်ဇဋိလ ..ရောင်းဖို့ငါထားခဲ့တဲ့
ပစ္စည်းတွေ ဘယ်ရောက်ကုန်လည်း’ဟု မေးသောအခါ. သူဌေးမှာခဲ့တဲ့ ဈေးနဲ့ အကုန်ရောင်းလိုက်ကြောင်းပြောပြ၏။
သူဌေးကြီးက ၁၂-နှစ်တာကာလ စုဆောင်းထာသော ပစ္စည်းများကို ၂ရက် ၃ ရက်ဖြင့် ကုန်လုနီးပါး ရောင်းချနိုင်စွမ်းကို
အသိမှတ်ပြုသောအားဖြင့် အသပြာငွေတစ်ထောင်ကို ချက်ခြင်းထုတ်ပေးလိုက်၏။ ထို့နောက် သူဌေးကြီးက
ဘုန်းရှင်ကံရှင် တစ်ယောက် လက်လွတ်မသွားအောင်
သူ့သမီးနှင့် လက်ထပ်ထိမ်းမြားပေးလိုက်သည်။
ထို့နောက် သမက်နှင့်သမီးတို့ နေ့ဖို အိမ်ဆောက်ရာ အပြီးမှာ
အိမ်နောက်မှ အတောင် ၈၀ ရှိသော ရွှေတောင်ကြီး အလိုလိုပေါက်လာလေသည်။ ဤအချိန်မှစ၍ တက္ကသိုလ်ပြည်တွင်
ဇဋိလသူဌေးဟု ထင်းရှာ ကျော်ဇောလာတော့၏။
၂)
မြတ်စွာဘုရာ
ဂန္ဓရတိုင်းရောက်သောအခါ ဇဋိလမြတ်စွာဘုရားထံ ချည်းကပ်၍ ဒါန၊သီလ၊ ဘာဝနာ တရားများ နာယူပွားများလေသည်။
သားသုံးယောက်လည်း အရွယ်ရောက်လာသည်ဖြစ်၍ အေးရားအေးကြောင်းသာသနာ့ဘောင်မှာ ရဟန်းပြုလိုစိတ်ဖြစ်လာ၏။
ဇဋိလသူဌေးကြီးက “လောကမှာ သူလို့ ချမ်းသာတဲ့လူ ရှိမှ
ရဟန်းပြုမယ်”ဟုဆုံးဖြတ်ကာ အမှုထမ်း ၅ယောက်တို့အား ရွှေအုပ်၊ ရွှေခြေနင်း၊ ရွှေနင်တံစသည်တို့ကို
ပေးကာ သူလို ချမ်းသာသူကို လိုက်လံရှာဖွေခိုင်း၏။
အမှုထမ်းတို့ ပါလာသော ရွှေများကို ရောင်းချဟန်ဖြင့် အမြို့အမြို့အနယ်နယ်
လှည့်ပတ်ကာ အင်္ဂတိုင်း ဘဒ္ဒိယမြို့ကို ရောက်သွားသည်။
ထိုမြို့တွင် မေဏ္ဍကသူဌေးက အလွန်နာမည်ကြီးကြောင်းသိရ၍ သူဌေးအိမ်ကို ဝင်ရောက်စုံစမ်းရာ
အိမ်နောက်ဖေးတွင် နွားလားခန့်ရှိသော ရွှေဆိတ်ရုပ်များ ပြားပျမ်းခတ် ပြည့်နှက်နေသည်ကို အံ့ဩစွာတွေ့ရသည်။
ထို့ကြောင့် အမှုထမ်းများ တက္ကသိုလ်တိုင်းပြည်သို့
ပြန်ကာ ဇဋိလသူဌေးအား အကြောင်းပြန် အစီအရင်ခံကြလေသည်။
ထို့နောက် တစ်သိန်းတန် ကမ္ဗလာအထည်ကို ပေး၍ ဒုတိအကြိမ်ထမ်မံ
စုံစမ်းခိုင်းပြန်၏။ ဤအကြိမ်တွင် ရာဇဂြိုဟ်က
ဇောတိကသူဌေးဆီကို ရောက်သွားကြ၏။ အမှုထမ်းများက ပါလာသော ကမ္ဗလာကို ရောင်းချရာ ၊ ဇောတိကက
ဝယ်ယူ၍ မုဒ်ဝ၌ အမှိုက်လှဲနေသော ကျွန်မအား ခြေသုတ်အဝတ်လုပ်ရန်
ပေးလိုက်လေသည်။
ဇောတိက၏ ကြွယ်ဝချမ်းသာမှုကို အမှုထမ်းတို့ ဇဋိလထံ ပြန်အကြောင်းကြားရာ
လောက၌ သူလိုချမ်းသာ သူတွေ အများကြီးဟု သိမြင်ကာ ရဟန်းပြုရန် ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် သားသုံးယောက်ကို ခေါ်၍ အမွေးပေးရန်ဆုံးဖြတ်ကာ
သားကြီးအား အိမ်နောက်ဖေးမှ ရွှေတောင်ကြီးကို သွားရောက်တူးခိုင်းလေ၏။ သို့သော်လည်း ရွှေတောင်ကြီးမှာ
ကျောက်တိုင်ကျောင်ခဲပမာ မာကျောလှ၍ ဘယ်လို့မှ တူးယူ၍မရပေ။ ထို့နောက် သားလတ်ကို အတူးခိုင်းရာ ရှေးနည်းအတူ ဘယ်လို့မှ
ရွှေတိုင်ကြီးကို တူးဆွလို့မရကြပေ။ နောက်ဆုံးသားငယ်ကို
တူးဆွခိုင်းမှ ရွှေတောင်ကြီးသည် မြေစိုင် မြေခဲများ ပမာ ရွှေစိုင်ရွှေခဲများ ပဲ့ထွက်လာလေသည်။
ဤအချင်းအရာကို မြင်သော ဖခင်ဇဋိလက.. “ ချစ်သားတို့
..ဤရွှေတောင်သည် ငါ့နှင့်ငါ့သားငယ် အတွက်သာ ဖြစ်ပေါ်လာရခြင်းဖြစ်၏ သင်တို့နှစ်ယောက်အတွက်
မဟုတ်” ဟုဆိုကာ ရွှေတော်ကြီးအား သာငယ်ပေး၍ ရဟန်ပြုသွားလေသည်။
ရဟန်းပြုပြီးနောက် ရက်အနည်းငယ်မှာပင် အာသဝေါကုန်ခန်း
ရဟန္တာအဖြစ်သို့ရောက်လေ၏။
ဗြဟ္မဏဝဂ်၊ ဇဋိလတ္ထေရဝတ္ထု ကိုမျှဝေခံစားပါသည်။
သင်ခန်းစာ
ကံတရားများ
ဆန်းကြယ်ပေစွ..။ “ဘုရားဓာတ်တော်မျာ ရေထဲမျှောလိုက်ပါ”
ဟု ပြောမိ၍ ၊ နောက်ဆုံးဘဝတွင် အိုထဲထည့်၍ ရေမျှောခံရခြင်းကိုလည်းကောင်း၊ သားသုံးရောက်အား အမွေခွဲဝေရာတွင်၊ ဘုရားစေတီ တည်ဆောက်စဉ်က
အကူအညီ မပေးခဲ့သော သားနှစ်ယောက်မှာ ဘယ်လိုမှ
ရွှေတောင်ကြီးကို တူယူလို့မရခြင်း မှာ မှတ်သားထိုက်ပေစွ၊
ထို့ကြောင့်
လောကတွင် ကိုယ်မသိနိုင်၊နားမလည်နိုင်သော အရာများစွာရှိနေ၍၊ ကိုယ်အသိပညာဖြင့် အရာအားလုံးကို
မဝေဖန်သင့်ကြောင့် ၊အပြစ်မတင်သင့်ကြောင်း သင်ခန်းစာရပေသည်။
ထို့အတူ တွေဝေစဉ်အခါက
.. ဘုရားစေတီများ၊ ဆရာသမားများ၊ ကျေးဇူးရှင်များအား ပြစ်မှားမိက ၊ သိတတ်၍ပြန်သတိရသောအချိန်တွင်
ပြန်လည်တောင်းပန်သင့်ကြောင်း သိသာထင်ရှားပေသသည်။
No comments:
Post a Comment